အဆောင် 4

Yin Nyine NwayJune 4, 20121min1449

ကပ်ပါးကောင်ဘဝကနေ နေလာရင်း အားနာလာတာနဲ့ အဆောင်တခုကို အားရင်လိုက်ရှာရပါတော့တယ်
အဆောင်ရှာတာ လွယ်တယ် သာ ပြောတာ
တကယ်တမ်းရှာတော့ အဆင်မပြေတာများရော
အရင်ဆုံး ရောက်ခဲ့တာကတော့ အဆောင်များစုဝေးရာ လှည်းတန်းပါ
တလ ကို 15000 တန်တွေက ရေမီး မစုံမလင်
စုအိပ်ရတာများပြီး ၊ နေဖို့ခတ် အဝတ်လှမ်းဖို့ခက်နဲ့ တော်တေ်ာ့ကို အဆင်မပြေတဲ့နေရာတွေပါ
လူမသန့်တဲ့ အရောတွေပါတွေ့ရတော့ တော်တော် အဆင်မပြေဖြစ်ရပါတယ်
လူမသန့်တာကလဲ စပွန်စာတွေနဲ့ အပြင် ညပိုင်းအဆိုတော် လုပ်တဲ့သူတွေပါ ရှိတော့
နေရင်ဖြစ်ပေမဲ့ ကိုယ်ပါ ယုန်ထင်ကြောင်ထင်ခံရပြီး ဈေးမမေးခံရတာတောင် ကံကောင်း
ရွှေဟင်္သာလမ်းမှာတော့အဆောင်တွေပေါပေမဲ့ သူကလည်း စပွန်စာတွေများတယ်လို့ ပြောကြပါတယ်
ဦးထွန်းလင်းခြံလမ်းမှာ တော့ သန့်ပေမဲ့ ဈေးက ခေါင်ခိုက်နေပါတယ်
တလကို 25000 ပေးရတဲ့အပြင် ဖုန်းဖိုး (ပြောပြောမပြောပြော )စပေးငွေ 5000ကျပ်နဲ့
မီးပူ၊ ကွန်ပြူတာ (လက်တော့) အတွက် 3000 ထပ်ပေးရပါတယ်
တလကိုပဲ 4သောင်းနီးပါးရှိနေပြီ
အဆောင်က တက္ကသိုလ်ကျောင်းသူတွေကြီး ဆိုပေမဲ့ ဈေးက ဒီလောက်ခေါင်ခိုက်နေတာ
ဒီလိုနဲ့ပဲ ရျမ်းစာပေနဲ့ ယဉ်ကျေးမှု နဘေးက တိုက်ခန်းလေးမှာ Ocean က ကောင်မလေးတွေ စုနေတဲ့အဆောင်ဆီရောက်သွားပါတော့တယ်
စနေစက တော်တော် အဆင်ပြေလှပါတယ်
ထမင်းချက်စားလို့ရလို့ လည်းအဆင်ပြေ
ကိုးမိုင်ဆိုတော့လဲ ကားပေါ တော့ အလုပ်နဲ့လည်း အဆင်ပြေပါတယ်
အိမ်ရျင်လို့ခေးရမဲ့ အမကြီးက အပျိုကြီး သူက 6လစာ ကြိုပေးပြီး တယောက် 15000 နဲ့ ပြန်တင်ထားတာပါ
အဲံဒီ အပျိုကြိး အကြောင်းပြောပြရရင်တော့ သူက အစကတော့ တော်တေ်ာလေး စိတ်စေတနာကောင်းပါတယ်
ဘုရားတရားတွေသာလုပ်ပြီး နေ့တိုင်း ဥပုဒ်စောင့်တာတော့ တွေ့တာပဲ
အဲဒီမှာ အိုးရှင်းမှာလုပ်တဲ့ကောင်မလေး 2ယောက်နဲ့ ဂျမ်းရှင်းစကွဲမှာလုပ်တဲ့ကောင်မလေး 1ယောက်
ပေါင်း 5ယောက် အတူတူနေတာပေါ့
အရင် ရင်ငြိမ်းမရောက်ခင်မှာကောင်မလေး တယောက်နေပါတယ်
သူက 1လလောက်ပဲနေပြီးထွက်သွားပါတယ်
သင်္ကြန်မတိုင်ခင်ပေါ့ သင်္ကြန်မှာ ကိုယ်စီ အိမ်ပြန်ကြတော့ ရင်ငြိမးနဲ့ အိမ်ရှင် အမကြီးသာကျန်ပါတယ်
အဲဒီရက်တွေမှာတော့ သူက စက်ချုပ်တော့ အကျင်္ီတွေကိုချုပ်ပေးပေါ့
တော်တော် အဆင်ပြေခဲ့ပါတယ်
သင်္ကြန်ပြီးလို့ ကိုယ်စီ ပြန်လာကြတဲ့အခါမှာ ပြဒနာက စတော့တာပါပဲ
အရင်က ရင်ငြိမ်းနဲ့ အပျိုကြီးကတတွဲ အိုးရှင်း2ယောက်ကတတွဲ ဂျမ်းရှင်းစကွဲကတော့ တယောက်ထည်း သီးသန့်ပေါ့
အရင်က မပြောင်းသေးတဲ့ကောင်မလေးက အိုးရှင်းကကောင်မလေး 2ယောက်မှာ တယောက်က 9 ..9 လို့ခေါ်တဲ့ နေ့ 9နာရီ ည9နာရီ အလုပ်ဆင်းတဲ့အခါ
သွားကြိုပေးဖို့ နောက်တယောက်ကို အဖော်လိုက်ပေးပါတယ်
သင်္ကြန်ပြန်ရောက်လာတော့ သူက မရှိတော့တာနဲ့ ရင်ငြိမ်း ညတိုင်းလိုက်ကူရတော့တာပါပဲ
မိန်းကလေးတယောက်ထည်း သွားကြိုရတာထက် 2ယောက်ဆို ပိုအားရှိတာကြောင့် လိုက်ကူပေမဲ့ အိမ်ရှင် အပျိုကြီးက ကြိုက်ပုံမပေါ်ပါဘူး
ဒီလိုနဲ့ ဧပရယ် 30မှာတော့ လစာတွေထုတ်လာကြပြီး အိမ်လခ ပေးဖို့ ပြင်ဆင်ကြပါတယ်
ဖြစ်ချင်တော့ အဲဒီအမက ရင်ငြိမ်းတို့ ပြန်ရောက်တော့ အိပ်ပျော်နေပြီ
မနက်မှပေးလည်း ရတာမလို့ ရင်ငြိမ်းတို့ လည်း မနိုးတော့ဘဲ ပေါက်တက်ကရတွေလျှောက်ပြောပြီး ရီနေကြတာပေါ့
ဖြစ်ချင်တော့ အိုးရှင်းရဲ့ စတပ်ပါတီမှာ တီဗီတလုံးရလာတယ် ..
တီဗီသာရတာပါ ကြည့်ဖို့ ဆေ့ကပ်လိုမယ်
အက်ဗာတာလိုမယ် ဒီဗီဒီလိုမယ် ဒါကြောင့် တယောက်စီ စုပြီး ဝယ်ကြဖို့ ပြောရင်း
ဆုကြေးတွေလုပ်မယ် 4ယောက်ဆိုတော့ 2သိန်းနဲ့ ဖုန်းဝယ်မယ် ဘာညာ လျှောက်ပြောကြရင်း မနက်ဖြန်သွားမဲ့
ပန်းတနော်အတွက် ပြင်ရင်း ရင်ငြိမ်းလည်း အိပ်ရာဝင်ခဲ့တယ်
သူတို့ကတော့ ရလာတဲ့ လခတွေကို တလလောက်အောင်သုံးဖို့ စရိတ်တွေ ခွဲရင်း အိမ်ပို့ဖို့ ခွဲရင်းနဲ့ စကားပြောရင်း ကျန်ခဲ့ကြတယ်
1နာရီလောက်မှာ ရင်ငြိမ်းရဲ့ ခြင်ထောင်ကို ပင့်ပြီး ရင်ငြိမ်းကိုခြေထောက်နဲ့ လှုပ်နိုး အပျိုကြီးက အိမ်လခ တောင်းပါတော့တယ်
စဥင်္းစားကြည့်ပေါ့ အရမ်းအိပ်ပျော်နေတဲ့အချိန် ခြေထောက်နဲ့ လှုပ်နိုးပြီးတောင်းရအောင် ရင်ငြိမ်းက အလကားနေခဲ့တာမဟုတ်သလို
အခုမှ 30ရက်ပဲရှိသေးတဲ့အတွက် ဒေါဒက ထိန်းမရဖြစ်သွားပြီး မနက်မှ ပေးနိုင်မဲ့အကြောင်းပြောပြီး ဆက်အိပ်လိုက်ပါတယ်
မနက်ကျတော့ ပန်းတနော်ခရီးသွား ပျော်ခဲ့တာလဲ မပြောနဲ့တော့
အိမ်ရောက်တော့ 8နာရီကျော်နေပြီ လျှာလျှာရှည်ရှည် အင်တာနတ်င်ပြီး ရိုက်လာတဲ့ ဓါတ်ပုံတွေရယ်
သူငယ်ချင်းတယောက်အတွက်လှူခဲ့ပေးတာမလို့ သူ့အတွက် ဖြတ်ပိုင်းလေး မေလ်းပို့ရင်း 9နာရီမှာ အိမ်ပြန်ရောက်ခဲ့တယ်
အိမ်ရောက်တော့ ရင်ငြိမ်းရဲ့ အဝတ်တွေ အသုံးအဆောင်တွေက အိမ်ပြင်ရောက်နေပြီ
တော်တေ်ာလေးကြောင်သွားခဲ့တယ်
အိမ်သန့်ရှင်းရေးလုပ်တာများလားထင်ပြီး အထဲဝင်သွားတော့ မင်းကိုပေးမနေနိုင်ဘူးဆိုပြီးမောင်ထုတ်ပါတော့တယ်
ခုညတွင်းချင်းပဲ ပြောင်းပေးရမယ်တဲ့
တော်တော်ဒေါဒလည်းထွက် စိတ်လည်းမကောင်းသလို အားကိုးဖို့လူတောင်ရှာမရဖြစ်သွားတော့တယ်
ဘေးအိမ်က အမတယောက်ထွက်လာပြီး သူ့အိမ်မှာ တည အိပ်ဖို့နဲ့ ဘာမှ ပြန်မလုပ်ဖို့
ဒေါဒမထွက်ဖို့ တားရင်း သူလည်း အသုံးအဆောင်တွေ သယ်ကူနဲ့ တော်တော်လေး အလုပ်ရှုပ်သွားခဲ့တယ်
ကောင်မလေးတွေ ပြန်လာတော့ အပျိုကြီးနဲ့ ရန်ဖြစ်ကြပါလေရော
သူတို့ကိုပါမောင်းချတာမလို့ မနဲတောင်းပန်ပြီး ကိုယ်ကပဲအလျော့ပေးလိုက်ရပါတော့တယ်
မနက်ရောက်တော့အိမ်ရှင် (အပျိုကြီးကို ဌားထားတဲ့ အိမ်ရှင်) က ထပ်ရောက်လာပြီး
အပျိုကြီးနဲ့ မတည့်တဲ့သူကို သူ့အိမ်မှာ မထားလိုကြောင်းပြောတာနဲ့ပဲ
အရင်နေခဲ့တဲ့ သူငယ်ချင်းအိမ်ပြန်ရောက်သွားပါတော့တယ်
ဒီလိုနဲ့ ကမ္ဘာဇဘဏ်မှာလုပ်နေတဲ့ သူငယ်ချင်းတယောက်နဲ့ လမ်းမှာတွေ့ရင်း သူနေတဲ့ အဆောင်ဆီခေါ်သွားပါတော့တယ်
ဒီအဆောင်ကတော့ ရင်ငြိမ်းအတွက် နောက်ဆုံးလို့တော့ ထင်တာပါပဲ
အဆောင်ကတော့ စံရိပ်ငြိမ်က ရတာနာမြိုင်လမ်းမှာပါ
အဆောင်က 3ထပ်ကို 1ထပ်မှာ 10ခန်းနဲ့ ဘေး2ခု တထပ်ကို 20
10ခန်းကို ရေချိုးဖို့ ရေကန်တခုနဲ့အိမ်သာတလု့းရှိပါတယ်
တယောက်ခန်းတွေကြီးဖြစ်တဲ့အတွက် ကိုယ့်အခန်းနဲ့ကိုယ် ပိတ်ပြီးနေချင်သလိုနေ
စိတ်ချလက်ချ နေလို့ရပါတယ်
အဆောင်ပိတ်ချိန်ကို 9နာရိသတ်မှတ်ထားပြီး 8ခွဲမှာ အဆော်ငမှုး စစ်ပါတယ်
ညအိပ် ညနေအတွက် ကြိုတင် ပြောထားရပြီး တညမအိပ်တာနဲ့ မပြောမိရင် သတိတခါပေးပြီး 3ခါဆိုရင်တော့ အဆောင်က ထုတ်တယ်လို့ပြောပါတယ်
ဘာပဲဖြစ်ဖြစ် ကို်ယ့်အခန်းနဲ့ကိုယ်ဆိုရင်တော့ တော်တေ်ာလေး အဆင်ပြေပါတယ်
တလကို 18000ကျပ်ပေးရပြီး စပေးတလစာ ကြိုပေးရပါတယ်
6လပြည့်လို့ ပြောင်းချင်ရင်တော့ ပြောင်းမဲ့လကိုမပေးပဲ စပေါ်နဲ့နေနိုင်ပါတယ်တဲ့
ချက်စားလို့ရပါတယ် ခတ်တာက မီးပေးသုံးပါဘူး
ချက်စားချင်ရင်တော့ မီးသွေးနဲ့ချက်စားနိုင်ပါတယ်
လပြည့်လကွယ် ဥပုဒ်ရက်မှာ ပဌန်းရွက်ရပါတယ်
အဆင်ပြေတယ်လို့တော့ ပြောနိုင်ပေမဲ့
နေတဲ့သူတွေက စည်းကမ်းမရှိတဲ့အခါ …. တခါတခါတော့ စိတ်အနှောင့်ယှက်ဖြစ်ရပါတယ်
ဥပမာ အမှိုက်ဝင်အောင်မပစ်လို့ ရေချောင်း ရေလျှံတာမျိုး
အတွင်းပစ္စည်းတွေကို သေသေချာချာ မပစ်တာမျိုးကတော့အဆောင်တိုင်းကြူံရတဲ့ အဖြစ်တွေပါ
ီဒီင်္တခါနေရတဲ့ အဆောင်လေးကတော့ ရင်ငြိမ်းအတွက် နောက်ဆုံး အဆောင်လို့တော့ထင်ထားတာပါပဲ
ရန်ကနြ်ကို ရောက်လာကတည်းက ဆွေမျိုးဆိုတာမရှိပဲ တယောက်ထည်း ကြိုးစားချင်တဲ့ စိတ်လေးကြောင့်သာ ရောက်လာခဲ့တာပါ
မာနဆိုတာ ထားသင့်တဲ့နေရာမှာ ထားရတယ်ဆိုပေမဲ့
အမျိုးတွေက လုံးဝ အဆင်ပြေတယ်ဆိုတာ မရှိပါဘူး
တလဆိုတဲ့အချိန်မှာတော့ ပြုံးနိုင်ပြီး ကြာလာရင် ညူဆူလာတက်ကြပါတယ်
စားရေးသောက်ရေး ခတ်လှတဲ့ ရန်ကုန်မှာ လူတယောက်ကို ခေါ်တင်ကျွေးထားဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး
လူတယောက်ရဲ့ နေစရိတ်က တော်တေ်ာလေး ခက်ခဲလှပါတယ်
ဒါကြောင့် ရန်ကုန်ကိုလာပြိး အလုပ်လုပ်ချင်ရင်တော့ ရန်ကုန်အကြောင်လေးကို သိမှရမယလို့တော့ ထင်ပါတယ်
5နှစ်တာကာလမှာ အားလုံးက ရန်ကုန်ပါးဝပြီလားလို့တော့ မေးကြပါတယ်
ရန်ကုန်ပါးဝတယ်ဆိုတာ ဘာလဲမေးတော့ အားမနာတက်တော့တာဆိုပဲ
ဟုတ်ပါတယ်
အခုဆိုရင် အားမနာတက်တော့ပါဘူး
အားနာရင် ခါးပါရုံသာမက ရရင်ယူမဲ့သူတွေကြီးမလို့ ရန်ကုန်ပါးဝအောင်
အားမနာ လျှာမကြိုးတဲ့အကျင့်ေ့တွ ကိုပါ ပြင်ဆင်လာဖို့ တိုက်တွန်းလိုက်ပါရစေ

9 comments

  • water-melon

    June 4, 2012 at 8:12 pm

    အမနေရာမှာ ကျွန်တော်သာဆိုရင် ခြေထောက်နဲ့ကန်တဲ့ ဘွားတော်ကြီးကို တစ်ခုခုလုပ်မိမှာသေချာတယ်
    အဆောင် ၁ ၂ ၃ ကိုဖတ်လည်းပြီးရော
    ရန်ကုန်ကို အလုပ်လာလုပ်ချင်စိတ်ပျောက်သွားပြီဗျာ

    ကျွန်တော်ကတော့ ခုထိအားနာတတ်တယ်ဗျ
    အားနာတတ်လွန်းလို့လည်း ခါးတွေရော ဘာညာသရကာတွေရောပါဘူးပါကြောင်း
    စိတ်ထဲတော့ ဘယ်လိုမှမနေပါဘူး
    ကိုယ့်အပေါ်ဘယ်လောက် ယုတ်ယုတ်
    ပြုံးပြုံးလေးနဲ့ ဆက်ဆံတတ်တဲ့
    မန်းလေးက ဖရဲ

  • water-melon

    June 4, 2012 at 8:17 pm

    အမကြီး အဆောင် ၃ က ခေါင်းစဉ်မှားနေတာလား
    ၂ ပို့စ်ဖြစ်နေတယ်

  • ဦးဦးပါလေရာ

    June 5, 2012 at 10:58 am

    တူမလေးက ရန်ကုန်မှာ ၅ နှစ်ရှိပြီဆိုတော့ အထိုက်အလျှောက်အောင်မြင်နေလောက်ပြီလို့ ခန့်မှန်းမိပါတယ်။

    ဦးလေး အကြံပေးချင်တာက ဒီတဆောင်မှ အဆင်မပြေရင် ရပ်ကွက်သန့်သန့်မှာ ကိုယ်ဘာသာ တိုက်ခန်းတခန်း ငှားနေလိုက်ပါ။ သဘောမနောကောင်းလောက်တဲ့ အိမ်ရှင်ကို သေသေချာချာရွေးပြီးမှ ငှားပါ..။ ပြီးတော့ စားရိတ် အထိုက်အလျှောက်သက်သာအောင် ကိုယ့်လို ဘဝတူ အဆောင်နေချင်သူ လေးယောက်လောက် အငှားပြန်တင်လိုက်ပါ။
    အဲဒါဆို ကိုယ့်လက်ကိုယ့်ခြေ ဖြစ်သွားရော..။

    အဆင်ပြေလာတဲ့တနေ့မှာ ကြည့်မြင်တိုင်/ အလုံ/ ကျောက်မြောင်း/ တနေရာရာမှာ ကိုယ်ပိုင်တိုက်ခန်းလေးတခု ဝယ်လိုက်ပါ။ အဲလို ဝယ်ပြီးတဲ့အခါ စိတ်ထဲမှာ အရမ်းလုံခြုံသွားတဲ့ ခံစားမှု့မျိုး တွေ့ရပါမယ်။
    အဲဒီတိုက်ခန်းမှာလဲ ၂ ခန်း ထပ်ကန့်ပြီး အငှားလေးယောက် လောက် တင်လိုက်ပါ။ တစ်လ ရှစ်သောင်း အနဲဆုံး ပြန်ရပါမယ်။

    ယနေ့ ရန်ကုန်မှာ မိန်းကလေးတဦးအဖို့ လုံခြုံ ၊ သိက္ခာရှိ၊ သွားရလွယ်ပြီး လူငါးယောက်ကို အိမ်သာရေချိုးခန်းတစ်ခု နှုံးသုံးနိုင်တဲ့နေရာဟာ အနည်းဆုံးတော့ တစ်လ နှစ်သောင်းလောက်တော့ တန်ပါတယ်။

    ဒီလိုရှည်ရှည်ဝေးဝေးအကြံပေးရတာက-
    ဦးလေးကိုယ်တိုင်က နယ်ကပါ
    ရန်ကုန်ကို ခြေပြန်ချကာစက သူများဆီမှာ ကပ်နေရတာပါ။
    မနက် မိုးလင်းတာနဲ့(အိမ်ရှင်တွေမနက်စာမစားမီ)အလိုက်တသိ အိမ်ပြင်ထွက်ပြီး ညမိုးချုပ်(အိမ်ရှင်တွေညစာစားပြီးလောက်)မှ အလိုက်တသိ ပြန်အိပ်ပါတယ်။
    အလုပ်လုပ်တော့ အလုပ်မှာနေပါတယ်။
    ဒါကြောင့် လစဉ် ငွေပိုလေးရှိလာတဲ့အခါ အရင်ဆုံးလုပ်ဖြစ်တာက လှည်းတန်းနားမှာ အဆောင်တခန်းကို တကယ်သွားမနေပဲ ငှားထားလိုက်တာပါ။
    ကျောတနေရာစာအတွက်ရူးသွပ်လွန်းလို့ ဈေးအပေါဆုံးတွေရှာပြီး ဝယ်ဖို့ကြိုးစားတာ ခဏခဏ အလိမ်ခံရပါတယ်။
    ယုဇနဥယာဉ်မြို့တော်တောင် ပါသေး…။
    ကြာလာတဲ့အခါ တချိန်မှာတော့ ကြည့်မြင်တိုင်မှာ တိုက်ခန်းလေးတခု စဝယ်ဖြစ်ပါတယ်။
    အဲဒီတိုက်ခန်းဝယ်ဖြစ်တဲ့နေ့မှာ စိတ်ထဲအေးသွားပြီး၊ စိတ်ချမ်းသာသွားပြီး၊ ပျော်လွန်းလို့ တစ်ညလုံး အိပ်မပျော်ပါဘူး။

    နယ်က လာတဲ့သူချင်းမို့ အကြံလေး ဝေမျှလိုက်တာပါ ယဉ်ငြိမ်းနွေးရေ..

  • Yin Nyine Nway

    June 5, 2012 at 1:57 pm

    ကျေးဇူးပါ ဦးဦးပါလေရာ…
    ဌားပြီးပါပြီ
    အဆောင် 2နဲ့ 3မှာ ဌားပြီးနေတဲ့အကြောင်းလေးရေးထားပါတယ်
    တယောက်တပေါက်နဲ့ပြောင်းကုန်တာမလို့
    ဒီလိုပဲ ဆက်မဌားနိုင်ပဲ ဖြစ်နေတာပါ
    ပြီးတော့ အခုနေတဲ့အဆောင်လေးက လူသန့်တော့ အဲဒီမှာပဲ နေဖို့ လုပ်နေတာပါပဲ ဦးဦးရေ

  • pooch

    June 5, 2012 at 2:09 pm

    ရင်ငြိမ်းရေ ဘနဲ့ ဝ က နှစ်လုံးထဲ ရှိလို့သာပါပဲ။ ဒီအဆောင်လေးမှာ အဆင်ပြေနိုင်ပါစေလို့ ။

  • Yin Nyine Nway

    June 5, 2012 at 2:45 pm

    ကျေးဇူး Pooh လေးရေ

  • Phaung Phaung

    June 5, 2012 at 3:41 pm

    ရင်ငြိမ်းရဲ့ အဆောင်ကိုဖတ်လိုက်ရတာ နယ်ကလာတဲ့သူတွေကို တော်တော်လေးကိုယ်ချင်းစာတတ်သွားပြီ။
    အမကတော့ ရန်ကုန်မှာမွေး/ရန်ကုန်မှာကြီးခဲ့လို့ ဒီလောက်ဒုက္ခရောက်ကြတာကိုမသိဘူး။ ခုမှပဲသိတော့တယ်။

  • etone

    June 5, 2012 at 4:25 pm

    ယဉ်ငြိမ်းရေ … ဖတ်ပြီး စိတ်မကောင်းလိုက်တာဟယ် … ။ 🙁
    ဒီလောက် ဒုက္ခတွေရောက်ရတာတောင် ….. ကြံ့ကြံ့ခံပြီးနေနိုင်တာ အံ့ဩမိတယ် ။
    ရန်ကုန်မြို့ကြီး အကျယ်ကြီးဆိုပေမယ့် …. တစ်ယောက်တည်းရုန်းကန်ရသူအဖို့ … အတော်ခက်ခဲခဲ့မှာပဲနော် … ။

    ယဉ်ငြိမ်းရေ … သူများ လခစား လုပ်နေသမျှတော့ ကိုယ့်အိမ်ကိုယ့်ယာ အပိုင်ဆိုင်ဖြစ်ဖို့က လုံးဝကို မလွယ်ပါဘူး …. ။ ကိုယ်ပိုင်လုပ်ငန်းအသေးစားလေး လုပ်နိုင်အောင် ကြိုးစားပြီး ရပ်တည်ဖို့တော့ အကြံပေးချင်တာပါပဲ … ပြောမယ့်သာပြောတာ … ကိုယ့်ဘာသာကိုယ်တောင် .. ထိုင်ရာက မထနိုင်သေးလို့ .. လခစား ဘဝမှာ တဝဲ လည်လည်နဲ့ ……… ဟူးးးးးးးးးးးးးး စိတ်မောတယ် ။

  • Ma Ei

    June 5, 2012 at 4:30 pm

    ရင်ငြိမ်းရေ…
    လူသန့်သန့် အဆောင်လေးမှာ
    စိတ်အေးချမ်းသာ နေနိုင်ပါစေလို့
    ဆုတောင်းပေးရင်း အားပေးလိုက်ပါတယ်…

Leave a Reply