ရွာသားတစ်ဦး၏ဖွင့်ဟချက်…

မိုးတိမ္June 5, 20121min21916

အင်းဟုတ်တယ် သူကြီး
ခင်ဗျားလုပ်တာမှန်တယ်၊ ဆဲတာတော့ ဆိုးလွန်းနေတယ်။
ဒေါသထွက်လွယ်တဲ့ကောင်တွေ ဖတ်ရင် ချက်ချင်းထသတ်ချင်စိတ်ပေါက်မှာ။
အဲဂလိုနဲ့ ရွာပျက်လိမ့်မယ်။ရွာထဲ ဘာသာမတူသူတွေလဲအများကြီးဗျ။
ကြိုက်တာကိုးကွယ်ပါ စော်ကားတာတွေ ဖျက်ဆီးတာတွေ ပူးသတ်တာတွေတော့ ဖျက်ပေးပါ။
စော်ကားရင် အေးဆေးမနေနှိုင်တဲ့ ရွာသားတွေရှိတယ်လေ။
အေးဆေးတခြားကြောင်းပြောရအောင်ဗျာ။ထရေ(ထန်းရေ)ပင်အောက် တူတူပြောကြမယ်။
တစ်ယောက်ကိုတစ်ယောက် မစော်ကားကြေး(ကတိ)
တူတူ ထရေသောက်မယ်။တူတူပျော်မယ်၊တူတူကမယ်ဗျာ။အေးဆေးပေါ့။
အမြုပ်လေးတစီစီနဲ့ ပင်ကျရေလေးမော့၊ကြွက်ကင်လေးစား လေကလေးကတဖြူးဖြူးနဲ့။
ဘယ်ဂယ် လောက် လောကစည်းစိမ်ရှိသဒုံးဟ၊ ဘာသာတွေ၊လူမျိုးရေးတွေနဲ့ အာရုံလာမနောက်စမ်းပါနဲ့။
ကိုယ်ဘာသာကြိုက်တာလုပ်၊ မဆဲနဲ့ မူးရင်၊အေးဆေးပြန်အိပ်။ထမ်းပါပို့ပေးမယ်။
ချစ်ချစ်ခင်ခင်ပေါ့ နင့်ညီမငါကြိုက်နေတာလဲ ပြောပေးဟာ။ယောက်ဖကလဲ ငါတိုက်ထားတာလေးတော့

ထောက်ဦးနော။ရွာအနောက်တောင်က ကောင်တွေက နည်းနည်းဆိုးသဟ။မဆိုးရင်လဲ သူတို့ ညီမပါမှာကြောက်သပေါ့လေကွာ။သွားစတဲ့ဟိုကောင်တွေကလဲ ထိကပါးရိကပါးသွားလုပ်သကိုးဟ။

ဟိုကထရိုက်တော့ ခေါင်းကွဲသွားဒယ်လေ။ငါတော့ သူကြီးရန်ကြောက်တော့ရှောင်လိုက်ပါဒယ်။

မဟုတ်ရင်နှလုံးပူးနဲ့ပစ် ဒုက္ခောဟ။ထိပ်တုံးလဲ ကြောက်သပေါ့လေ။သူကြီးတူမကို သွားလူပျိုလှည့်တုန်းက

ငါ့မှာတစ်ညအိပ်လိုက်ရဒယ်ဟ။ထိပ်တုန်းထဲ အပေါ့၊အလေးစွန့်မရဘူးရယ်။တော်သေးရေလာခိုးတိုက်တဲ့

သူတွေရှိဒေါ့ နာမှာနည်းနည်း ခံသာဒါ။

 

 

မှတ်ချက်။ အိပ်ချင်ပါပြီခင်ညာ။နောက်နေ့ အခန်းဆက်အနေနဲ့ အားတိုင်းရေးတင်ပေးမယ်။

စိတ်ကူးပေါက်တိုင်းရေးပေးပါ့မယ်။ ဟာသလေးပေါ့။အားပေးရင်တော့ ဆက်လာမယ်။

ရင်ထဲကခံစားချက်ကို ပျော်စရာရွာအသွင်ပြောင်းရေးပေးပါ့မယ်ဗျာ။

16 comments

  • ahnyartamar

    June 5, 2012 at 9:22 am

    ထန်းပင်အောက် ထန်းရေအတူတူသောက်ရင်း အတူတူဆဲနေတဲ့လူတွေရှိတော့ ရွာ ရုပ်ဆိုးတာပေါ့။

  • water-melon

    June 5, 2012 at 10:50 am

    ဟဲ့ဟဲ့ သူကြီးတူမကိုတော့ မထိနဲ့
    အသက်ချင်းလဲလိုက်မယ်
    အဟီ

    • ဘဲဥ

      June 5, 2012 at 11:51 am

      တဂျီးတူမက ဘယ်နှစ်ယောက်ရှိတာဒုံးဟ သများဒို့လည်းလူပျိုတွေပါနော် 😀

      • water-melon

        June 5, 2012 at 12:03 pm

        ဟဲ့ ဘဲဥမ
        ဘဲဥကိုသာ ခွဲစားမယ်
        အချစ်ကိုတော့ မဝေစားနိုင်ဘူး
        ဒါဘဲ

        • မဟာရာဇာ အံစာတုံး

          June 5, 2012 at 5:15 pm

          တို့ဂဒေါ့ ..
          ဖရဲသီးရော၊ ဘဲဥရော ခွဲစားပစ်မယ် ..
          သဂျီး တူမကို ..
          တစ်ယောက်တည်း သိမ်းမယ် ..
          ဒါဗြဲ …
          😀

        • ဘဲဥ

          June 5, 2012 at 5:23 pm

          ဖရဲသီးနဲ့ ဘဲဥ တွဲစားရင် မာလကီးယားသွားမယ်ဗျ စားကြစားကြ ဒါမှ
          တဂျီးတူမနဲ့ ဥဥလေးနဲ့ ဟိဟိ

  • may flowers

    June 5, 2012 at 2:39 pm

    အားပေးနေပါတယ် မိုးတိမ်ရေ။ ဟာသလေးတွေဖတ်ချင်လို့…စောင့်ဖတ်နေမယ်နော်။ အားမှ၊

    စိတ်ကူးပေါက်မှ မလုပ်နဲ့ ဆက်ဆက်ရေးတင်ပါဗျို့။

  • Yin Nyine Nway

    June 5, 2012 at 2:39 pm

    ဘဲဥလဲခွဲစားမယ် ဖရဲသီးလည်း ခွဲစားမယ် ဒါပဲ

  • Khaing Khaing

    June 5, 2012 at 3:19 pm

    မိုးတိမ်မှာ …… တို့တွေလေဟုန်စီးကြမယ်လေ …… အတူတူပေ့ါ ပျော်ပျော်ပါးပါး အိုကေနော် ……….

  • ဗိုက်ကလေး

    June 5, 2012 at 3:25 pm

    မိုးတိမ်
    ဖိုုးပိန်
    စိုးရိမ်
    ကြိုးလိမ်

  • manawphyulay

    June 5, 2012 at 3:31 pm

    သောက်တာကိုက ထန်းရေပါဆို… အမှားအမှန် မသုံးသပ်နိုင်ပဲ ဆဲကုန်ကြတော့ပေါ့ရှင်…. ထန်းရေမသောက်ပဲ အအေးပြောင်းသောက်ကြည့်ပါလား… 😛

  • manawphyulay

    June 5, 2012 at 3:34 pm

    မှုန်ဝါးဝါး လရောင်အောက်
    တိုးမပေါက်တဲ့ စိတ်တောနက်ထဲ
    ဆင်းရဲမှုများကို လွယ်ပိုးရင်း
    သည်းခံခြင်းကို လက်ကိုင်ထွန်းညှိ
    မျှော်လင့်ချက်ရှိရာ ဦးတည်
    ရောင်နီမလာခင်တော့ မှောင်နေဦးမှာပဲ…..
    ဟုတ်တယ်ဟုတ်…. 🙂

  • ကိုရင်စည်သူ

    June 5, 2012 at 3:38 pm

    စကားမစပ် ကိုမိုးတိမ်ရေ… မိုးတိမ်ဆိုတာ ကျနော် အကြိုက်ဆုံးထဲက
    နာမည်လေးတစ်ခုပါ။ တခါတလေ ကိုယ့်ကိုတောင် နစ်ခ်ကို
    မိုးတိမ်ဘေးက ထည့်တတ်ပါတယ်။ ကျနော်ရဲ့ အဗေတာ ဆောင်ပုဒ်လေးမှာလည်း
    မိုးတိမ်လို လွင့်မျောနေချင်တဲ့အကြောင့် ရေးထားတာ တွေ့ရပါလိမ့်မယ်…
    ကိုရင်မိုးတိမ်ကိုကြည့်ရတာလဲ မိုးတိမ်လို အတွေးမတိမ်သူ တစ်ယောက်ဖြစ်မယ်
    ထင်ပါတယ်….

    ((မနာလိုခြင်း ထက်…ကြီးမားသော မကောင်းမှုရယ်လို့ မရှိနိုင်တယ်.. မရောင့်ရဲနိုင်ခြင်း…ငတ်မွတ်ခြင်းရယ် လို့လဲမရှိနိုင်ပြင်းတယ်… လောဘရမ္မက်သည်…လေပြင်းမုန်တိုင်းထက် ပြင်းထန်တယ်..ရောင့်ရဲခြင်းသည် သာလျှင်… ကြွယ်ဝမှုကို ဖြစ်စေတယ်… မိုးတိမ်ပမာ လွင့်မျောနေဦးမယ့်… ကိုရင်စည်သူ)))

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 5, 2012 at 5:04 pm

    “သူကြီးတူမကို သွားလူပျိုလှည့်တုန်းက ငါ့မှာတစ်ညအိပ်လိုက်ရဒယ်ဟ”
    အောင်မငီးရင်တွေတုန်လိုက်ရတာ…….တော်သေးတယ်….
    ထိပ်တုံးကယ်လို့…..အင်း…….
    ဆရာမိုး (ရှောက်တစ်လုံးဝမ်းမှန်ဆေးရောင်းသော မုံရွာဆရာမိုးတော့ဟုတ်ပါဘူးနော်)ရယ်…..
    အသွားအနှောင့်လေးနဲ့ရေးလိုက်တော့ငြိသဗျ…….
    အဟဲ…စတာပါ….
    အားပေးနေပါတယ်….အခန်းဆက်တွေကိုမျှော်နေပါတယ်…..

  • မိုးတိမ်

    June 5, 2012 at 9:54 pm

    ဆက်ရေးပေးပါ့မယ်ခင်ဗျာ။
    အမှန်တော့ ရွာသူားတွေရဲ ့ကော်မန့်တွေဖတ်ပြီိး ဟာသအနေနဲ့ တင်ပေးပါ့
    စိတ်မဆိုးကြေးနော် (စတာလွန်သွားရင်)

  • မိုးတိမ်

    June 5, 2012 at 11:41 pm

    ရွာသူရွာသားတို့ ခင်ဗျား…
    အပေါ်က ကွန်မန့်တွေ ဖတ်ပြီး အပိုင်း၂ တင်လိုက်ပါပြီ။
    စိတ်ကလေးတွေ အပျင်းပြေပျော်ရွှင်ရအောင်ပါ။
    ဘယ်သူ့မှထိခိုက်စေလိုသော ဆန္ဒမရှိပါ။
    အခုတစ်လော ရွာထဲမှာစိတ်ညစ်စရာတွေချည်းများနေလို့ပါ။
    ခဏလောက် ရယ်သွားရင်ကို ကြေနပ်ပါ၏။
    စတာလွန်သွားရင်လဲ ဆက်မရေးတော့ပါဘူးဗျာ။အားလုံးကို ဒီနေရာက တောင်းပန်ပါတယ်။

Leave a Reply