ရင်ခုန်သံများနဲ့ …

ムラカミJune 5, 20121min20720

ယူရို ၂၀၁၂

အော်… ယူရို ယူရို …နီးလာပြန်ပီပေါ့လေ. ..။

ကိုယ် ဘယ်အသင်းဘက်က အားပေးရမတုန်း ကွယ် …။

ကိုယ့်မှာ စားလည်း ဒီစိတ် …

အိပ်လည်း ဒီစိတ် …အလုပ်လုပ်လည်း ဒီစိတ်..

ရှက်ကီထုလည်း ဒီစိတ် နဲ့ပါကွယ်…

 

ကိုယ်တော့ သည်လိုလေး တွေးမိတယ်ကွယ်…

 

ထမိန်ပေါင်ပြီး စပိန် ကောင် တွေ ဘက်ကပဲ နေရမလား …လို့ ..

ဆေးလ်ဗား လို အတွေးပွား နေရပါတယ် ခေးရယ်.. အဲ့လေ .အိသဒ္ဒါမိုး ရယ်…

မရဏ အုပ်စု က ၂ စု တောင်ပါသတဲ့ …။ ညကတော့ ကာဆီးလက် ကို လျှာကြီးထွက် နေတယ်လို့

အိပ်မက်မက်သတဲ့ …။ ရင် မောထှာ….။

 

ကိုယ့်မှာ တော့လေ. … ပိုလန် က ဘယ်လိုကန် မယ် .. ခရိုအေးရှား က ဘယ်လိုလေးကစား မယ်ဆိုတာ

မြင်ယောင်နေရင်းကနေ ဂနာ မငြိမ်နိုင်တာလည်း ကြာပြီပေါ့ ..။

 

ဒီတနှစ်တော့လေ ...ပြင်သစ် လို တမင်ညစ်မယ့် အသင်း မရှိလောက်ဘူး ထင်ပါတယ် နော..

ကောင်းကောင်း ကစားဖို့ ဆိုရင်လေ …. ကျုပ် ပိုက်ဆံနဲ့ ကျုပ် ..ကုန်ချင်ကုန် ခမ်းချင်ခမ်း..

မာလူဒါ ကို ဖာလူဒါ တိုက်ပြီး ကို စည်းရုံးလိုက်ချင်ရဲ့ …။

 

အဲ့ … သည်ဘက် ကြည့်ပြန်တော့ .. ဟော်လန် ကတော့ အပျော်မကြံ လောက်ဘူး ထင်ရပါတယ်နော်..။

ဗန်ပါစီ ကို မန်ဒါလီ လည်လိမ်ထားတဲ့ ရုပ်နဲ့ ..မမြင်ပါရစေနဲ့တော့ တဖွဖွ ဆုတောင်းမိတာ အမှန်..။

ရှနိုက်ဒါ ရဲ့ စနိုက်ပါ လို တိကျတဲ့ အဝေးကစ်တွေ တွေ့ချင်မိသလို

ကူရစ် ကို လူညစ် လို့ မမြင်အောင် ဒိုက်ဗင်လေးတွေ ရှောင်စေချင်တယ်ကွယ်.. …။

 

 

ဒိုလေး ကို လျှိုပေး နေရတာနဲ့ပဲ .. နာနီ တယောက် ဗလာချီ အခွင့်ကောင်းတွေ ဆုံးရှုံးမှာလည်း မလိုလားဘူးကွယ်…

အပျော်တူညီခြင်း အတွက် ပေါ်တူဂီအသင်း ဆောင်ယူလာနိုင်ပါစေသား ….။

 

အုပ်စုပွဲ ၂ပွဲ ပါခွင့် မရပေမယ့် … လူစီအောင် တော့ ရူနီ တကောင် လုံး ခေါ်လာခဲ့သေးတဲ့ အင်္ဂလန်ရယ်ပါ…။

ဝဲလ်ဘတ် က ပွဲထွက် ဆိုပဲ …။ အေးပါလေ… ဂျာရတ် ကို တခါထပ် ကြိုးစားကြည့်ပေးဖို့တော့ ပြောပေးပါနော..။

ပါကား ကို ဒါလား မင့်ခြေစွမ်းအကုန် လို့ အကဲဖြတ်ကြလိမ့်မယ်ထင်ပါ့ ..။ ရှုံးပွဲတွေ ကြုံလာနိုင်တယ်ဆိုလည်း…

ဂိုးမပြတ်အောင် ဂျိုးဟတ် ကို အားကိုးချင်ရဲ့လေ…။

 

 

ဂျာမနီ ဘက်ကြည့်ပြန်တော့ မကြာမီ အဆက်ဆက်မှာတုန်းက တတိယ ဆုတွေ ဆက်တိုက်ရထားတာ

မမေ့စကောင်းဘူး ..အိသဒ္ဒါမိုးရယ်…။ ရှဝိန်း စတိုင်ဂါ ကတော့ ဖလားကို တစိမ်း မကိုင်ပါ ရစေဘူးလို့.. အာမခံရဲ တယ်ခည ..။

ပိုဒေါစကီး ဟာ ဂလို အပြောကြီး တာမဟုတ်ဘူး ဆိုတာ မြင်ချင်စမ်းဘာဘိတောင်း..။

 

ယူကရိန်း ကတော့ လူတစိမ်း တွေ များတဲ့အသင်းဖြစ်သလို ကိုယ့်အတွက် ကတော့ ဒိန်းမတ် ကလည်း

အစိမ်းသက်သက် ပါဘဲ အိသဒ္ဒါမိုး ရယ်…။ နာမည်ကြီးတွေ နည်းသွားလို့ .. အိုင်ယာလန် ကို မှိုင်ကာပြန်မယ့်

အသင်းလို့ လျှော့တွက်ရင်တော့ မှားမယ် အမိရယ်..။

 

တသက်လုံး အားပေးလာတဲ့ ..အီတလီ အသင်း ကတော့ အဆီအဆီ တဝင်းဝင်း ပေမယ့်

သဲတရှပ်ရှပ်ဖြစ်တာတော့ အမှန်ပါကွယ်…။

ကာဆာနို ဟာ အခါခါငို တတ်ပေမယ့် .. ဘာလိုတေလီ လိုတော့ ..ဒါဆိုသေဘီ ဆိုတဲ့အချိုးမျိုး

ချိုးမပြလောက်ဘူး ထင်ပါရဲ့…။ ဘူဖွန် ဟာ လူစွံ မဟုတ်ပေမယ့် လူကျွံ ဘောတွေတော့ တားဆီးနိုင်ကောင်း

ပါတယ်လေ..။

မိုဗစ်ချ် ဘယ်လိုဖြစ်နေမယ် ဆိုတဲ့ အခြေအနေကို မှီခိုနေရမှာလား ..အပြီအပြင် ဆွီဒင် ကို မြင်တွေ့ရမှာလား

စောင့်ကြည့်နေပါတယ်။ မဲလ်ဘတ် ရဲ့ စွဲမက်ဖွယ် ကောင်းတဲ့ ကစားဟန် ကိုပြန်မြင်ခွင့်ရဦးမပေါ့ …။

ရုရှား ကို တခါသား တုန်းက နာမည်ကျော် ဂိုးသမားနဲ့ ပါတ်သတ်ပြီး ကြားဖူးနားဝ ရှိသပေါ့ဗျာ..။

ကိုယ် အားပေးတဲ့ အသင်းမဟုတ်ပေမယ့် ဂိုးသွင်းတဲ့အခါ တခါတခါ မဝင်တဲ့ အာရှာဗင် ရေ….။

ကံကောင်းပါစေနော…။

ဂိုးသမား နဲ့ အသင်း နာမည်တူနဲ့ တချက်တည်း ချက် တာကတော့  ချက် အသင်းခည..

နာရီတလုံးလို တချက်ချက်နဲ့ အသက်ဆက်နိုင်ပါစေနော်….။ ရိုဆစ်စကီး ကို အပိုဖြစ်ပြီး သွားပြီလို့

ထင်သူတွေ စောင့်ကြည့်နေကြောင်းလေး …ပါ။

 

တခါတခါ ကျုပ်တို့ မေ့လျော့တတ်ကြတယ် အိသဒ္ဒါမိုး …။ သူတို့ ကိုပေါ့ … ၂၀၀၄ ခုနှစ်ကမှ

ချန်ပီယံ ဖြစ်ထားတဲ့ …မသိခြင်းများ နဲ့ ဂရိအသင်းသားတွေ ကိုပေါ့ကွယ်…။

 

လျက်ဆားပဲ ရောင်းတာလိုလို..

လူပြက် ခွန်းထောက်လိုလိုတော့ ဖြစ်သွားဘီ..

တတ်နိုင်ဝူး …ရေးပီးဘီ ဆိုတော့ တင်ဦးမှ ….

အော်.. ယူရို ယူရို …ဟိုလူဒွေ ပြောသလို ၂၀၁၂ ကမာ္ဘပျက်ရင်တော့

နောက်ဆုံးကြည့်ရတဲ့ ဥရောပဖလား ဖြစ်မလားပဲဗျာ …

အားပေးဦးမှပါလေ…

 

အိုဘယ့် … အိသဒ္ဒါမိုး …

အဲ့လေ ..

အိုဘယ့် ရင်ခုန်သံများနဲ့ ယူရို ၂၀၁၂

 

20 comments

  • Azzurri

    June 5, 2012 at 10:53 am

    Zဂါး မစပ်
    သဂျီးရဲ့ အန်တာ တိန်းမန့်အောက်က
    ကတ္တဂိုရီတွေထဲမှာ စပိုတ့်စ် မပါသေးဘူးပဲဗျ….
    ဆော်ကာ ဆို ပိုဆိုး …
    🙁

  • Moe Z

    June 5, 2012 at 11:00 am

    ဟော်လန်ကွ Cheers! 😀

    • Azzurri

      June 5, 2012 at 11:03 am

      စပိန် မဟုတ်ဝူးလားကွဲ့…??

    • Moe Z

      June 5, 2012 at 11:11 am

      အန်တာတိန်းမန့်နဲ့မရောနဲ့
      ယူရိုကတော့ ဟော်လန်ပဲ အားပေးပါ၏။

      • Azzurri

        June 5, 2012 at 11:20 am

        စပိုတ့်စ် ကို အန်တာတိန်းမန့်ထဲ မထည့်လို့
        ပေါ်လက်တစ်တို့ ဘစ်ဇနက်တို့ အက်ဂျူကေးရှင်း တို့ ထဲ
        ထည့်ရမှာ လား ဟင်င်င်င်င်

        • Moe Z

          June 5, 2012 at 11:28 am

          စပိန်မဟုတ်ဘူးလားဆိုလို့လေ ..
          ဟိုစပန်းနစ်ရှ်အဆိုတော်ကို ကြိုက်တာကသတ်သတ် အဲလိုပြောတာ
          သဂျီးရဲ့ကတဂိုရီကိုပြောတာမဟုတ်ဘူး
          မောလိုက်တာ 🙁

  • ကိုရင်စည်သူ

    June 5, 2012 at 1:24 pm

    ယူရိုဆို… အင်္ဂလန်ပဲ အားပေးရမှာဗြဲ…
    တကယ်တော့ အားသာပေးရမယ်…
    ဖလားမရမှာတော့ သေချာသလောက်ရှိနေသား….
    ပလိမီယားတွေကတော့ကောင်းပါတယ်.. (အရက်မဟုတ်ပါ)
    လက်ရွေးစင်အသင်းက ထင်သလောက်မဖြစ်လာတာ
    ဆယ်စုနှစ်တစ်ခုလောက်ရှိနေပြီ…
    ဂျာရတ်နဲ့ ပိုက်ဘောအဖမ်းကောင်းတဲ့ အူးဗိုက်ကလေးကိုပဲ
    အားပေးရမှာပဲ… ဟီးးဟီး.. 😀 😀 😀

    • Azzurri

      June 5, 2012 at 1:40 pm

      လွန်ခဲ့တဲ့ ၃ရက်လောက်က တီဗီ ကြည့်ဖြစ်တော့
      ဂငယ် ကစားသမားတွေ (ရှင်ဂျီ ကာဂါဝါ) အပါအဝင်
      အားလုံးက ဂျာမနီ ကို ၁ ပေးကြတယ်ဗျ..၂ပေးတာကတော့
      စပိန်တွေ အဲ …၃ ကိုတော့ ဟောလန် နဲ့ ပြင်သစ်ကို ရွေးကြလေရဲ့…

      ဟုတ်တော့ဟုတ်တယ်.. ဂျာမန်ဘောလုံး က စည်းစနစ်ကြီးတာ
      စိတ်ဓါတ်ကောင်းတာ ကွင်းလယ်နဲ့ ခံစစ် မာကျောတာ အစဉ်အဆက်ပဲလေ..
      ဇဂါးအတင်းစပ် ဂျာမန်ကွင်းလည် ခံစစ် ..ခါဒီရဲယ်ရာ (ဘိုများ ခီဒီယာ ဟုဖတ်)
      ကို အတော်လေး နှစ်သက်မိတယ်ဗျာ …

      စပိန် နဲ့ ဟော်လန် ရေပန်းစားပေမယ့်
      သည်နှစ်မှာ ဂျာမန်တွေ ဗိုလ်စွဲခဲ့မယ်ဆိုရင် လည်း
      အထူးအဆန်းတော့ မဟုတ်ပါကြောင်း…

      ခင်တဲ့
      😀

      • Azzurri

        June 5, 2012 at 1:45 pm

        အင်္ဂလိပ် တွေရဲ့ ရှေ့တန်း ကို လုံးဝ အားမရဘူးဗျာ …
        ဟို အရက်သမား မြင်းမြီး က ခြေရူး ရူနီလွဲမယ့် ၂ပွဲက
        ပြင်သစ် နဲ့ ဆွီဒင် နဲ့ ကန်မယ့်ပွဲတွေ .. ခါတိုင်း ချောင်ထိုး ခံထိတဲ့
        ဒီဖိုး သာ ခြေမမှန်ရင် … အတွေ့အကြုံမရှိတဲ့ ဝဲလ်ဘက် တယောက်ပဲ
        ဂိုးသွင်းတာဝန် ထမ်းဆောင်ရမလို ဖြစ်နေလေရဲ့…

        ကွင်းလည်နဲ့ နောက်တန်းလည်း မထူးပါဘူးဗျာ ..လူသစ်တွေများပြီး
        နည်းပြပါ အသစ်မို့ …စုဖွဲ့မှု အတွက် စိုးရိမ်စရာပါ…။
        တကယ်တော့ လက်ရှိမျိုးဆက်(အသက် 30တန်းလောက်ပေါ့ ) ရဲ့ အတောင့်တင်း ဆုံး အင်္ဂလန်အသင်းဟာ
        ၂၀၀၆ခုနှစ်မှာ ကျန်ခဲ့ပြီလို့ပဲ ထင်ပါတယ်ဗျာ…

        တော်သေးဘီ
        ခင်တဲ့
        ဂီ

        • Azzurri

          June 5, 2012 at 2:01 pm

          ကျုပ်အားပေးတဲ့ အီတလီ အသင်းအကြောင်း ပြောရဦးမယ်…
          နောက်တန်းက ချီယေလီနီ (ဘိုများ ချီလီနီ လို့ဖတ်ကြ)၊ ဘဇာဂလီ၊ ဘိုနျူချီ
          (၃ယောက်လုံး ဂျူဗီ) က တချိန်က မာလ်ဒီနီ၊ နက်စတာ၊ ကန်နာဗာရိုး အတွဲကို
          သွားသတိရစေတယ်ဗျာ ..။ ကွင်းလယ် အင်ဂျင် ပီယာလို (ဘိုများ ပါလို ဟုဖတ်)
          ဒီရော့စီ နဲ့ မွန်တိုလီဗို ကိုလည်း အလွန်နှစ်သက်ပါရဲ့ …။ အဲ .. ပြောစရာက
          ရှေ့တန်းရောက်မှဗျာ … ကမာ္ဘ့ဘောလုံးလူဆိုးစာရင်း ကို ထိပ်ဆုံးက ဝင်တဲ့
          ကာဆာနို နဲ့ ဘာလိုတေလီ တွဲကစားမှာ တဲ့ ..
          ဟုတ်တယ်နော… အီတလီ ဘောလုံးက ရှေ့တန်း မျိုးဆက်ပြတ်သလို ဖြစ်နေပြီ။
          ၂၀၀၄ အိုလံပစ် နောက်ပိုင်း လောက်လောက်လားလား ဂျီလာဒီညို (ဘိုများ ဂျီလာဒီနို ဟုဖတ်)
          နဲ့ ဂျီ.ရော့စီ (ယခု ၂ယောက်လုံး ပါမလာ) ကလွဲရင် အရင့်အရင်ခေတ်တွေလို
          နည်းပြ အုံးစားရလောက်အောင် တိုက်စစ်သမားကောင်းတွေ မပေါတော့တာ
          အမှန်ပဲဗျို့ ….

          ဇိုလာ-ဘဂ္ဂီယို-ဗီယာလီ-ရာဗင်နယ်လီ-ဒီမက်တီယို-ဒီကာနီယို-ဒယ်လ်ပီယာရို-အင်ဇာဂီ-ဗီယာရီ-တော့တီ-ဒီဗိုင်းယို-မွန်တဲလား-အီယာကွင်တာ
          လွမ်းထှာ …
          အိုဘယ့် အနှစ်၂၀….

          ဒီတခါ တကယ်တော်သေးဘီ

  • pooch

    June 5, 2012 at 2:20 pm

    ရင်ခုန်သံဆိုလို ဘာထပ်ဖောက်လဲ ဝင်လာတာ ။ လတ်စသတ်တော့ ဘောအကြောင်းဖြစ်နေတာကိုး။
    it’s beyond me မို့ ဘာမှ မပြောတတ်ပါ။

    သိပါဘူး ကျိကျိလာမဲ့ သောကြာနေ့များ မှန်းပြီး ကြိုတင် ရင်ခုုန်နေသလားလို့ :mrgreen:

  • ကြောင်ဝတုတ်

    June 5, 2012 at 2:22 pm

    ရင်တမမနဲ့ အီတလီကို ဆက်အားပေးရဦးမယ်….

    အီတလီပိတ်သတ်
    ကြောင်ဝတုတ်

    • Azzurri

      June 5, 2012 at 2:30 pm

      ဟို၂ကောင် စိတ်မဖောက်ရင်
      ဆီမီးလောက်တော့ ရောက်ကောင်းပါရဲ့လေ…
      😀

  • Khaing Khaing

    June 5, 2012 at 3:07 pm

    အာ …….. ရင်ခုန်သံများဆိုလို့ အချစ်တွေအနှစ်တွေလားဝင်ဖတ်မိပါတယ် ဘောလုံးအကြောင်းပဲ …. တော်ပီအေ အိပ်ရေးပျက်တဲ့ ဘောပွဲတွေအကြောင်း …………..

  • ahnyartamar

    June 5, 2012 at 3:19 pm

    ဟော်လန်ဖလားဖြစ်မယ်ထင်တယ်။

  • marblecommet

    June 5, 2012 at 4:27 pm

    အာစိ
    ဖျက်မြင်းတစ်ကောင်လောက်လောက်
    ပီပီပြင်ပြင်မှန်းပေးစမ်းပါဗျာ
    မြန်မြန်လေး…
    ကျုပ် ဂွင်တစ်ဂွင်ချိလို့
    ဟဲဟဲ..
    မြန်မြန်လေးနော် ကိုယ့်ဆြာ…..

    • Azzurri

      June 6, 2012 at 6:58 am

      ၂သင်းလောက်တော့ လုပ်ဗျာ ….
      ဂလု အေဘီ ဘက်က ဆို ရုရှား ..
      ဂလု စီဒီ ဘက်ကဆို ခရိုအေးရှား

      အနှီ ရှား ၂သင်းမှာ ၁သင်းတက်မယ် ထင်တာပဲ..
      😀

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 7:14 pm

    ဒီနှစ် ယူရိုမှာ
    အင်္ဂလန်ကို အားပေးရမှာ ခပ်လန့်လန့်ရယ် ..
    ချန်ပီယံ ၂ နှစ်မဆက်တဲ့ ယူရိုမှာ ..
    စပိန်ကိုတော့ စောင့်ကြည့်ရဦးမယ် …
    သေချာတာတော့ အဲ့အခါ အိပ်ရေးပျက်ဦးမလား မသိ …

  • marblecommet

    June 5, 2012 at 8:00 pm

    တစ်ခါသေဖူး ပျဉ်ဖိုး နားမလည်တေး
    ဘူးလား ကိုကို အံစာချင့်…

  • ကြက်အူလှည့်

    June 14, 2013 at 11:26 pm

Leave a Reply