“သိပ်မုန်းတာပဲ”

TTNUJune 5, 20121min23643

သိပ်မုန်းတာပဲ

 

“သိပ်မုန်းတာပဲ” ဆိုတဲ့စကားလုံးလေးကို ဘယ်အခါမှာသုံးပါသလဲ မိတ်ဆွေ။

မိမိစိတ်နဲ့ အစပ်မတည့် .. အဆီအငေါ်မတည့်တာမျိုးတွေ တွေ့ရရင်၊

“ဒါမျိုးတော့ သဘောမတွေ့ပါဘူး၊ မနှစ်မြို ့ပါဘူး၊ မကြိုက်ပါဘူး” လို့ ပြောရရင်နည်းနည်း

ပေါ့နေတယ်။ ပါးစပ်နဲ့ တလုံးကြီး အားရပါးရ ပြောပစ်လိုက်တာကတော့ “ အဲဒါမျိုး

သိပ်မုန်းတာပဲ” လို့ပဲ ဖြစ်မှာပါ။ ဘိုလိုတော့ “My pet peeves” ပေါ့ ။ တစ်ချို ့လည်း

(ချဉ်ထှာ) လို့ သုံးသလားပါပဲ။

 

ကျမတို့ အပျင်းပြေ လက်လှမ်းမှီသလောက် မုန်းစရာကြီးတွေရှာကြည့်ကြရအောင်နော်။

 

(၁) တစ်ချို ့တွေလေ လမ်းလျှောက်သွားရင်း ဘေးဘေးဘီဘီ ဂရုမစိုက်အားဘဲ မိုဘိုင်း

ဖုန်းနဲ့ (Text message) ပို့နေတာလေ။ တိုနေဒိုး ဝင်လာရင်တောင် သိမဲ့ လက္ခဏာမပေါ်ပါ။

 

(၂) အခမ်းအနားတစ်ခုခု၊ သို့မဟုတ်၊ အစည်းအဝေးတစ်ခုခု ကျင်းပနေတုန်း မိုဘိုင်းလ်ဖုန်း

ထ မြည်တာမျိုး ရှိသေးတယ်။ အသံတိတ်ခဲ့ဖို့ မေ့တယ်ဆိုရင်လည်း၊ ခပ်သုတ်သုတ်ပိတ်လိုက်

တယ်ဆိုတော်ပါသေးရဲ ့၊ ring tone မဆုံမချင်း ဟိုကြည့် ဒီကြည့်လုပ်နေလိုက်တာ။ အစည်း

အဝေး ရပ်ပြီးစောင့်ရမဲ့သဘောပါပဲ။

 

(၃) စားရာသောက်ရာမှာလည်း အမြင်တင့်တယ်ဖို့လိုပါတယ်။ ပလုပ်ပလောင်းစားနေ၊ ဝါးနေ

ဆဲ ပါးစပ်ကြီးနဲ့ စကားတွေပြောနေလိုက်တာလေ ပါးစပ်ထဲက စားဖွယ်သောက်ဖွယ် အမယ်

မယ်ကိုတောင်မြင်ရပါတယ်။

 

(၄) ဈေးသွားဝယ်ပါတယ်။ ဈေးရောင်းတဲ့ ကလေးမ မနေ့ညကလာတဲ့ ကိုရီးယား ကား

အကြောင်းတဝကြီးပြောလိုက်တာ ပြောလိုက်တာ  အမလေး ဈေးဝယ်ကိုတောင် ဂရုမစိုက်

နိုင်လောက်အောင် Busy ပြနေပါတော့တယ်။

 

(၅) နေ့လည်စာစားချိန်တွေဆို တစ်ခါတစ်လေ အချိန်လု စားရပါတယ်။ ကိုယ်အားသလား

မအားသလား ဘာမှမမေးဘဲနဲ့ ဖုန်းထဲကနေ မရပ်မနား၊ အကြာကြီး၊ အရှည်ကြီး လေရှည်

နေတတ်တဲ့ သူငယ်ချင်းမျိုး၊  မအားသေးဘူးနော်လို့ပြောလိုက်ရင်လည်း စိတ်ကောက်သွား

တတ်တာမျိုး။

 

(၆) ဈေးဝယ်ငွေရှင်းတဲ့အခါ တန်းစီ ရပါတယ်။ ကိုယ့်ရှေ ့ ကငွေရှင်းတဲ့ အမျိုးသမီးလေ ဝယ်တာက

ပီကေတစ်ထုပ်ရယ်၊ ငွေရှင်းကောင်တာမှာအိုးအိမ်ထူထောင်နေတာမျိုး။

 

(၇) တစ်ချို ့ကျတော့လည်း ငွေပေးချေမဲ့အရေး အိပ်ကြီးထဲက အိပ်ငယ်ထုပ်၊ အိပ်ငယ်ထဲက

အထုပ်ကလေးထုပ်ပြီးဖြေ၊ ငွေထုတ်၊ အိပ်ငယ်ပိတ် ၊ အိတ်ကြီးထဲထည့်၊ ဇစ်ပိတ်၊ အမလေး

နော်၊ ရာဇဝင်ဇာတ်လမ်း ရှည်ကြီးတစ်ပုဒ် ကနေတာမျိုး။

 

(၈) ဓာတ်လှေကားအတူတူစီးကြရာမှာ သွားမဲ့ အထပ်ချင်းအတူတူ ကိုယ်ခလုတ်နှိပ်ပြီးသားကို

ကမန်းကတန်း ထပ်နှိပ်ပြီး သူနှိပ်လိုက်မှ ဓာတ်လှေကားပိုမြန်တော့မှာလိုလို။

 

(၉) မတွေ့တာ ကြာပြီမို့လို့ ပြန်ဆုံကြတဲ့အခါ ညစာလိုက်ကျွေးမယ်၊ ဘယ်မှာစားကြမှာလဲ လို့

မေးတော့ (ရပါတယ် အရေးမကြီးပါဘူး၊ ဖြစ်ပါတယ်) လို့ပြောပြီး ကိုယ်က (ဒီဆိုင်ကောင်းတယ်

သွားကြမယ်) လို့လည်းပြောရော ထိုင်းစာမစားဘူး၊ ရှမ်းစာမစားချင်ဘူး၊ ဝက်မစား၊ အမဲမစားတွေ ထွက်ကျလာပါရော။

 

(၁၀) မိုက်ကိုင်စွဲပြီး အလှူခံတဲ့အရပ်ထဲက ပုဂ္ဂိုလ်ကြီးများရှိပါသေးတယ်။ မူလအသံကိုက

decibel မြင့်ရတဲ့အထဲကိုင်စွဲထားတဲ့ မိုက်ထဲမှာ အသံကုန်အော်အလှူခံတာ၊

(လှူကိုမလှူချင်ဘူး) ၊ ဒီလို အသံကုန်အော်ပြီးနှိပ်စက်လို့အားမရသေးပါ၊

မိုက်နဲ့ ချောင်းဆိုးချွဲဟပ်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေပြန်ပါတယ်။

 

(၁၁) အိမ်မှာ Doorbell တပ်ထားပါရက်နဲ့ အိမ်ရှေ ့ကနေ ဆိုင်ကယ်ဟွန်း၊ ကားဟွန်းတို့ကို

အဆက်မပြတ်တီးခေါ်တာမျိုး၊ သခင်ပြန်အလာကို ဂိတ်စောင့်ပြေးဖွင့်ပေးရတာမျိုး သိပ်မုန်းတာပဲ။

 

(၁၂) Doorbell ကိုလည်း တစ်ချက် နှစ်ချက် နှိပ်ရင်ရပါရက်နဲ့ အချက်ပေါင်းများစွာ ရွာပျက်

သူပုန်ဝင်သလိုမျိုး၊ button ပေါ်မှာ တစ်ကိုယ်လုံးတက်ဖိထားသလို ထင်ရလောက်အောင်

လက်သံပြင်းတတ်ကြပါတယ်။

 

(၁၃) ကလေးငယ်ရှိတဲ့ အိမ်နီးချင်းရှိဖူးရင်သိကြမှာပါ။ ကလေးအမေက သူ့ကလေး မအိပ်လို့

သားချော့တေး (lullaby) ဆိုသိပ်ပါတယ်။ တစ်ချို ့အမေတွေ အရှိန်လွန်ပြီး ဆိုလိုက်တဲ့ အဆို

ကလေးကအိပ်ပျော်နေတာကြာပြီ၊ သူကဆိုကောင်းနေတုန်း။ မဆုံးတမ်းတေးသီနေလိုက်တာ

ကြာတော့ ခိုငြီးသံနဲ့ တူလာပြီး ကိုယ်ပါအိပ်ချင်လာရော။

 

(၁၄) စားသောက်ဆိုင်ကို သားသမီးတစ်ပြုံကြီးနဲ့ လာစားတတ်တဲ့ မိသားစုတွေ ရှိပါတယ်။

မဆုံးမတတ်တဲ့ မိဘရဲ ့ အဖွဲ့ဆိုရင်တော့ စားရသောက်ရတာ ပွဲပျက်ပြီ။ စားဝိုင်းအသီးသီးမှာ

အခြားသူတွေစားသောက်နေကြတာ ဒီကလေးတွေက ကစားကွင်းလို ဟိုပြေးဒီပြေးဆော့နေ

ကြတယ်။ ရွှေမိဘတွေကလည်း တစ်လွဲဆံပင်ကောင်း၊ ကလေးဆိုတာလွတ်လွတ်လပ်လပ်

နေရမယ်တဲ့ ၊ တစ်စက်ကလေးမျှ ဟန့်တားခြင်းမရှိ၊ စိတ်ကုန်လိုက်တာ။

 

(၁၅) တစ်ချို ့များ သူများပြောတာဆုံးအောင်နားမထောင်ဘဲ ငါချည်းပြောမယ်လို့ စိတ်ကူး

ထားတယ်ထင်ပါရဲ ့။ ကိုယ့်သမိုင်း ကိုယ့်အကြောင်း၊ ကိုယ်တိုင်ရေးအတ္ထုပတ္တိ ကိုပြောနေ

လိုက်တာလေ ခေါင်းလိုက်ငြိမ့်ဖို့ မနိုင်တော့ဘူး။

 

“သိပ်မုန်းတာပဲ”တွေသိပ်များသွားပြီ။ သူများကို မကြိုက်တာတွေရှိသလို ကိုယ့်ကိုမကြိုက်

တာတွေလည်း အများကြီးနေမှာပါ။  ဒါမှ တရားမှာပေါ့။

 

မိတ်ဆွေအားလုံး.. မည်သူမဆို မိမိအသိုင်းအဝိုင်း နှင့် အတူတကွ ချမ်းသာပါစေ၊ ဝမ်းမြောက်

ရွှင်ပြုံး နှလုံးချမ်းမြေ ့ကြပါစေ။

 

 

43 comments

  • Moe Z

    June 5, 2012 at 11:32 am

    တီချာရေ …
    (မုန်းစရာကြီး) ဆိုတဲ့စကားကို တစ်နေ့ဘယ်နှခါပြောမိမှန်းမသိဘူး :mrgreen:
    အခုတီချာ့စာလေးဖတ်ပြီး ပြန်ဆင်ချင်လိုက်ဦးမယ် ..

    • Azzurri

      June 5, 2012 at 11:35 am

      ဆင်ခြင် လိုက်ဦးမယ် လို့ ပြောမှ အမှန်ဗျ။
      :mrgreen:

      • MaMa

        June 5, 2012 at 6:59 pm

        တော်လိုက်တဲ့ တစ်ဦးတည်းသော သား။
        သတ်ပုံအမွေဆက်ခံ ခိုင်းရမယ်။ 😆

    • TTNU

      June 5, 2012 at 12:35 pm

      မိုးစက်ရေ…
      ကနဦး စာဖတ်သူအဖြစ် ကျေးဇူးတင်ပါရစေ။
      သိပ်ချစ်မိရင်လည်းမုန်းသွားတတ်သတဲ့။ 😆

  • Azzurri

    June 5, 2012 at 11:36 am

    တီချာကြီးရေ …
    မုန်းစရာ ကောင်းတာတွေ ကတော့ များလွန်းလို့ …
    မှန်တောင် မကြည့်တာ ကြာပါပကော …
    လူချောကြီးတယောက် ထွက်ထွက်လာပြီး ပြုံးပြုံးပြတတ်လို့လေ…
    ချဉ်ထှာ …

    အာဟိ
    ဒက်ဂလောက်
    😀

    • TTNU

      June 5, 2012 at 12:08 pm

      ကြယ်(၃)ပွင့်ပိုင်ရှင်။ ချဉ်ထှာ ။
      မောင်ရင် အရင်ဘဝက ဘယ်သူလဲဟင်။
      လေယူလေသိမ်းနဲ့၊ (၃၄၁၉) ဆိုတဲ့ အထောက်အထားများအရ
      ဒက်ကလောက် ဆိုတာ မင်းဥစ္စာ မဟုတ်လား ၊ အာဟိဆိုတာ မင်း TR မဟုတ်လား။
      မင်း မောင်ဟိုဒင်းမဟုတ်လား။ 😛

  • blackchaw

    June 5, 2012 at 12:16 pm

    တီချာကြီးရေ
    အဲဒီသိတ်မုန်းတာပဲ ဆိုတာကိုပဲ
    ချစ်သူနှစ်ဦးကြားမှာ
    သိတ်ချစ်တဲ့အကြောင်း ပြောချင်လို့ သုံးတာမျိုးလည်း ရှိမယ်ထင်ပါတယ်…။
    ချစ်စရာမျက်စောင်းလေးထိုးပြီး
    သိတ်မုန်းတာပဲ လို့ ပြောတတ်တဲ့
    မိန်းကလေးမျိုးတွေ ရှိတယ်လို့ ထင်ကြောင်း (အထင်)
    မတူတဲ့ အတွေးနဲ့ လေးလေး စားစား ဝင်မန့်သွားပါတယ် ခင်ဗျာ။

    • TTNU

      June 5, 2012 at 12:46 pm

      ကိုချောရေ…
      မတွေ့တာကြာလို့ အိမ်ကအဖွဲ့တွေရဲ ့ ကျန်းမာရေးစိတ်ပူပြီး
      ဒီညနေဖုန်းဆက်ဦးမယ်လို့ တွေးနေတာ။

      ကိုချောပြောတဲ့ ချစ်မျက်စောင်းလေးကိစ္စမှာ
      ဘာသာစကားတစ်ခုကိုသုံးတဲ့နေရာမှာ
      (1) Language … ဘာသာစကားအသုံးအနှုံး
      (2) Facial Expressions … မျက်နှာပေး
      (3) Gesture … လက်ဟန်ခြေဟန်
      (4) Body Language … ခန္ဓာကိုယ် ဟန်ရေး
      စသဖြင့် စသဖြင့် စသဖြင့် တွေပါသကိုး။
      ဆိုတော့ ကိုချောပြောတဲ့ “ချစ်မျက်စောင်းနှင့်သိပ်မုန်းတာပဲ” ဇာတ်လမ်းမှာ
      Same language, different function. ဖြစ်သွားတာပေါ့။

      ဒါထက် စကားမစပ် ကိုချောရေ… အဲဒါ Atomic Bomb ထက် အစွမ်းထက်တယ်နော်။
      Watch out!!! 😆

      • Azzurri

        June 5, 2012 at 1:13 pm

        သွေးထွက်အောင် မှန်တာ ပေါ့ တီချာကြီးရယ်…
        အဲ့ဒါတွေ သိပ်သိပ် အရေးကြီးတာ ….
        ကိုယ်နေဟန်ထားဆိုလို့ ….
        Heads and Shoulders(ခေါင်းလျှော်ရည် မဟုတ်ပါ) သက်သက် တောင်
        စာအုပ် သီးသန့် ထုတ်ထားတာ ဖတ်ဖြစ်သေး ….
        http://www.amazon.com/Smiths-Shoulders-Portraits-Professional-Photographers/dp/1584282568/ref=sr_1_1?ie=UTF8&qid=1338878582&sr=8-1

        အင်း …အချိန်တန်တော့လည်း ..
        ရင်ဘတ် ဟောင်းလောင်းပေါက်ဖြစ်..
        သွေးတွေ ဒလဟော စီး ..
        ရလိုက်ပါရဲ့ ..သံဝေဂ …
        မှတ်သလား ဆိုတော့ …မမှတ်ဘူးလေ..

        အသည်းနာဒယ်…
        🙁
        အသည်း ဆိုတာ နာရင် ယောင်သွားတယ်..
        ယောင်တော့ ကြီး လာတယ်… ကြီးလာတော့ ..အဲ အဲ့ ..ကြီးလာတော့..
        အဟီး ..နောက်တယောက် ထပ်ဆန့်သွားတယ်…
        :mrgreen:

  • pooch

    June 5, 2012 at 12:51 pm

    ကျန်သေးတယ် တီချယ်

    ကိုယ့်ကိုယ်ကို လစ်ဘရယ် အရေခြုံပြီး ပြောတိုင်းတင့်တယ်တယ်လို့ ထင်နေတဲ့သူတွေကို မြင်ရင်

    သူများတကာကို discrimination လုပ်ပြီး ဟာသလုပ်ရေးတတ်တဲ့ သူတွေကို မြင်ရင်

    ကွန်ဆာဗေးတစ် နဲ့ လစ်ဘရယ်ကြား နှစ်ဖက်မျှကြည့်တတ်တဲ့လူတွေကို မမြင်ဟန်ဆောင်ပြီး ကိုယ်နဲ့ မတူတိုင်း ကွန်ဆာဗေးတစ်တွေလို့ ထထယောင်တတ်တဲ့သူတွေကို မြင်ရင်

    ဒီမိုကရေစီ ခေါင်းစီးတပ်ပြီး အနောက်ခေါင်းပေါ်တင်ထားတတ်တဲ့သူတွေကို မြင်ရင်

    ဘာသာရေး လူမျိုးရေး အရေခြုံပြီး လူသတ်ခြင်းမှာမွေ့လျော်နေတဲ့သူတွေ

    “All human beings are born free and equal in dignity and rights.” ဆိုတဲ့စကားရဲ့ အနက်ကို ဖတ်ကောင်းရုံရွတ်ပြီး အသက်ဝင်အောင် မကြိုးစား မလိုက်နာတဲ့သူတွေကို မြင်ရင် (ကိုယ်တိုင်အပါအဝင်)

    “My pet peeves” လို့ပြောချင်တယ်။

    အနော့်မှာလည်း သူများတကာတွေ My pet peeves လို့ပြောချင်လောက်အောင် ရှိတဲ့ အချက်တွေလည်း အများကြီး အများကြီး ရှိပါတယ် တီချယ်။

    • Azzurri

      June 5, 2012 at 12:59 pm

      Zဂါးမစပ်….
      စတိုင်းယား နဲ့ ကာရီကေးချား အကြောင်း ဘာသာပြန်စာအုပ်ကောင်းလေးများ
      ရှိလားမသိဝူး….
      😀

    • TTNU

      June 5, 2012 at 10:00 pm

      မပုချ်လေးရေ…
      အချစ်တွေများလာရင်လည်းလျှော့လျှော့…
      အချစ်တွေများလာရင်လည်းလျှော့လျှော့…
      လျှော့ချင်စိတ်မရှိတဲ့အခါ ငိုချလိုက်။ 😛

      ဒီတစ်ပါတ်ရဲ ့ BC ပါ ရှင့်။
      မေတ္တာဖြင့်
      တီချာ

  • water-melon

    June 5, 2012 at 1:23 pm

    ချစ်သူနှစ်ဦးကြည်နူးနေချိန်မှာလဲ သိပ်မုန်းတာပဲလို့
    ပြောလေ့ပြောထရှိပါကြောင်း

  • Ma Ei

    June 5, 2012 at 1:25 pm

    တီတီနုရေ…
    ခုတလော MG Post တစ်ချို့ဖတ်ရင်းနဲ့
    အဲ့ဒီစကား ခဏခဏပြောမိပါတယ်…
    တီတီနု ပေးသောဆုနှင့်ပြည့်ပါရစေ…
    တီတီနုလဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း
    ဆုမွန်ကောင်းဖြင့်…

  • etone

    June 5, 2012 at 1:27 pm

    တီချယ်ကြီး ပြောမှ … သိပ်မုန်းတာပဲ / ချဉ်ထှာအေ ဆိုပြီး ပြောစရာနေရာတွေ အတော်များတာ တွေ့တော့တယ် … ဟိ … ။ 😀

    ဒါနဲ့ လေ … တီချယ်ကြီးရယ် .. သမီး ဒီပို့စ်ကိုဖတ်ကတည်းက …. အင်္ဂလိပ်စာ သင်ခန်းစာတွေပါမယ်ထင်ပြီး … တဖြည်းဖြည်း ဖတ်လာလိုက်တာ … စာဆုံးသွားတော့မှ သိတယ် … စာသင်တဲ့ပိုစ် ့ ဟုတ်ဘူး ပဲ … .. ။ စာသင်တဲ့ ပို့စ်လေးတွေလည်း … အဆင်ပြေလျှင် ရေးပေးပါလို့ တောင်းဆိုလိုက်ပါတယ်နော် .. ဟီး 😀

  • ကြောင်ဝတုတ်

    June 5, 2012 at 2:27 pm

    တီချာကြီးရေ-
    အမြဲတမ်းတွေ့နေကျမို့ သတိမထားမိပေမယ့် စိတ်ထဲမှာ သိပ်မကြိုက်တာတော့ အမှန်ပါဗျာ…

    ရွာသားကြောင်ဝတုတ်

  • Khaing Khaing

    June 5, 2012 at 2:59 pm

    တီချယ်ရေ …… အမှန်တရားတွေ ဖြစ်လေ့ဖြစ်ထရှိတာတွေကို တီချယ်ကြီးထောက်ပြမှပဲ ကွက်ကွက်ကွင်းကွင်းပေါ်ပီး တော်တော်ဟာသဖြစ်ခဲ့ရပါတယ် ……. ချဉ်တာ ……….

  • သားဦး၊မြေးဦး

    June 5, 2012 at 5:58 pm

    တီချယ်ကြီးရေ တကယ်ကိုအမြင်ကတ်စရာတချို ့ထဲက ဒီတစ်ခုက ဆိုးသဗျ။

    (၁၄) စားသောက်ဆိုင်ကို သားသမီးတစ်ပြုံကြီးနဲ့ လာစားတတ်တဲ့ မိသားစုတွေ ရှိပါတယ်။
    မဆုံးမတတ်တဲ့ မိဘရဲ ့ အဖွဲ့ဆိုရင်တော့ စားရသောက်ရတာ ပွဲပျက်ပြီ။ စားဝိုင်းအသီးသီးမှာ
    အခြားသူတွေစားသောက်နေကြတာ ဒီကလေးတွေက ကစားကွင်းလို ဟိုပြေးဒီပြေးဆော့နေ
    ကြတယ်။ ရွှေမိဘတွေကလည်း တစ်လွဲဆံပင်ကောင်း၊ ကလေးဆိုတာလွတ်လွတ်လပ်လပ်
    နေရမယ်တဲ့ ၊ တစ်စက်ကလေးမျှ ဟန့်တားခြင်းမရှိ၊ စိတ်ကုန်လိုက်တာ။

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 6:21 pm

    သားက သားချစ်ချစ်လေးကို
    ဘုကလန့်လေး ပြောကြည့်တဲ့အခါ ..
    သူကလေ ..
    “သိပ် မုန်းတာပဲ” .. တဲ့ …
    အဲ့ဂလို ပြောတတ်တယ်ဂျ .. 😀
    ( မှတ်ချက် ။ ။ အရင်တုန်းဂ )

  • ညလေး

    June 5, 2012 at 6:22 pm

    တီချယ်နုရယ်………“သိပ်မုန်းတာပဲ”လို.1to 15ကတော့လုံးဝကွတ်တိဖြစ်နေပါတယ်တီချယ်ရယ်………
    ညလေးအတွက်တော့…..နေ့တိုင်းလိုလို……..1to 15 ကမပါမနေရဖြစ်နေပါပြီ…..
    အားပေးရင်း……….လက်မအကြီးကြီးထောင်သွားပါတယ်ရှင်

  • marblecommet

    June 5, 2012 at 6:45 pm

    ချယ်…
    ချယ်ပြောတဲ့အချက်တွေ အားလုံး
    သားလည်း တောက်ညင်ကတ်တယ်…..
    ခင်ဗျ…..

  • MaMa

    June 5, 2012 at 7:13 pm

    တီချာကြီးရေ-
    ကိုယ့်ကို ဘယ်တုန်းက တွေ့သွားပါလိမ့်လို့တောင် နောက်ကျောမလုံ ဖြစ်သွားတယ်။ 😀
    အိမ်က ကလေးတွေနဲ့ စားသောက်ဆိုင်တွေ အခမ်းအနားတွေ သွားရင် …
    ကလေးတွေက စင်ပေါ်တက် ပန်းကုံးစွပ်ချင်တာနဲ့
    ကလေးတွေ စုမိတုန်း ပြေးကြ လွှားကြ ခုန်ပေါက်ကြနဲ့
    လူကြီးတွေကလည်း ဆွေတွေ မျိုးတွေ ကြုံတုန်း ဆုံတုန်း လေပစ်ကြနဲ့
    အခြားလူတွေ ဘယ်လောက်များ သိပ်မုန်းတာပဲ လို့ ပြောသွားမယ် မသိဘူး။ 🙁

  • မောင်ပေ

    June 5, 2012 at 7:28 pm

    အမျိုးသမီးတွေ သုံးသော စကားဖြစ်မည် လို ့ဘဲ မှတ်ယူသွားပါတယ် ခင်ဗျ ။

  • ahnyartamar

    June 5, 2012 at 8:27 pm

    (၁၄) စားသောက်ဆိုင်ကို သားသမီးတစ်ပြုံကြီးနဲ့ လာစားတတ်တဲ့ မိသားစုတွေ ရှိပါတယ်။
    မဆုံးမတတ်တဲ့ မိဘရဲ ့ အဖွဲ့ဆိုရင်တော့ စားရသောက်ရတာ ပွဲပျက်ပြီ။ စားဝိုင်းအသီးသီးမှာ
    အခြားသူတွေစားသောက်နေကြတာ ဒီကလေးတွေက ကစားကွင်းလို ဟိုပြေးဒီပြေးဆော့နေ
    ကြတယ်။ ရွှေမိဘတွေကလည်း တစ်လွဲဆံပင်ကောင်း၊ ကလေးဆိုတာလွတ်လွတ်လပ်လပ်
    နေရမယ်တဲ့ ၊ တစ်စက်ကလေးမျှ ဟန့်တားခြင်းမရှိ၊ စိတ်ကုန်လိုက်တာ။

    ကျတော့်မှာတော့ ကလေးကနှစ်ယောက်ထဲပါ။ တီချယ်ပြောသလိုပဲ ကျတော့့် ကလေးနှစ်ယောက် ၈နှစ် နဲ့ ၅နှစ် လောက်တုန်းက စားသောက်ဆိုင်ကို ကစားကွင်းလို ဟိုပြေးဒီပြေးဆော့ကြတာပဲ။ ကျတော့့် ကလေးနှစ်ယောက် ဆောင့်တာကိုမြင်ပြီး ရေးလိုက်သလားထင်တယ်။ အခုတော့ အစားပဲအာရုံစိုက်တော့တယ်။ သိပ်မဆော့တော့ဘူး၊ နောက်ဆိုရင်လည်း ဆုံးမပါ့မယ် Teacher.

  • aye.kk

    June 5, 2012 at 8:49 pm

    သိတ်မုံးတာပဲ…
    ဆိုတဲ့စကားလေးကိုပေါ့နော်..
    ပြောဘို ့ဖြစ်လာ,လိုအပ်လာတဲ့ခါတိုင်း..
    လူတိုင်းသုံးမိဖြစ်ကြမှာပါလို ့ထင်မြင်မိပါတယ်..
    သူ ့ဘက်, ကိုယ့်ဘက်..
    မျှယူတွေးတတ်ရင်တော့အကောင်းဆုံးပါ..
    တခါ တခါ,ကျရင် အလိုက်ကန်းဆိုးမသိလိုက်မိတာလေး
    ကိုယ်ကိုတိုင်လည်းဖြစ်ဘူးတာပေါ့နော်..
    အဲဒီလိုခါကျရင်ကိုယ့်ကိုလည်းသိတ်မုံးတာပဲလို ့ဖြစ်တာရှိမှာအမှန်ပါပဲ…
    တီချယ်ရေ,ကျမကမိဘတွေနဲ ့နေခဲ့စဉ်အခါတုံးက..
    ကိုယ်သိချင်တာကိုမရမကအရဇွတ်မေးတတ်လို ့..
    အမ,မကြီးကျယ်က ကျမကို“သိတ်မုံးတာပဲ”လို ့ဆိုပြီးပြောဘူးတာပါ..
    ကျမကလည်းညီအစ်မအရင်းဖြစ်နေပါလျှက်အဲဒီစကားသုံးရမလားဆိုပြီးတော့
    အမ,မကြီးကျယ်ကိုသိတ်မုံးတာပဲဆိုပြီးအမေ့ကိုပြန်ပြောပြရင်..
    အမေကညီအစ်မနှစ်ယောက်ကြားစိတ်ညစ်ရတာပေါ့နော်..
    မျှတွေးပြီး,မျှယူနားလည်မှုရှိကြရင်တော့အရာရာဟာ..
    အကောင်းဆုံးဖြစ်စေမှာပါပဲလို ့ထင်မြင်မိပါတယ်။။။

  • Shwe Ei

    June 5, 2012 at 9:03 pm

    စကားပြောတာဖြစ်ဖြစ် ရီတာဖြစ်ဖြစ် သူများ မျက်နှာတံတွေးစင်အောင်လုပ်တတ်တဲ့သူတွေကိုလဲ သိပ်မုန်းတာဘဲ။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 5, 2012 at 10:02 pm

    ရုပ်ရှင်ရုံထဲ ဟယ် အိုက်ဂအိုက် လူဂကြပ် ဇာတ်ကားဂကောင်းနေဒုန်း ( ပူ……………… ) နံလိုက်ဒါ
    သိပ်မုန်းဒါဘဲ

  • TTNU

    June 5, 2012 at 10:15 pm

    ဖရဲရေ…
    မောင်ရင့်ကိုရော သူမက ဤသို့ ပြောတယ်လား။
    ပြောမှာပေါ့။ မင်းက စကားမှမပြောတာကိုး။

    မအိရေ…
    ဆုမွန်ကောင်းလေးတောင်းပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်။

    အိတုန်လေးရေ…
    အင်္ဂလိပ်စာသင်ခန်းစာလေးတွေ ရေးနေဆဲပါကွယ်။
    အခုတစ်လော အလုပ်လေးတွေပိနေလို့ပါ။စောင့်မျှော်နေပါနော်။

    ကြောင်ဝတုတ်ရေ…
    ရှင်ပြောတာတီချာနားမလည်ဘူးတော့။
    (အမြဲတမ်းတွေ့နေကျမို့ သတိမထားမိပေမယ့် စိတ်ထဲမှာ သိပ်မကြိုက်တာတော့ အမှန်ပါဗျာ)
    ဆိုတာ ဘာကို မကြိုက်တာပါလဲ ရှင်။

    ခိုင်ခိုင်ရေ…
    “ချဉ်ထှာ” တွေများလာရင် ကင်မ်ချီလုပ်စားကြစို့။
    “ချစ်လိုက်ထှာတွေ” များလာရင် အုန်းနို့ခေါက်ဆွဲချက်စားကြစို့။:P

  • TTNU

    June 5, 2012 at 10:40 pm

    သားဦးမြေးဦးရေ…
    ဟုတ်တယ်တော့။ တီချာ ကိုယ်တွေ့မို့။

    ကိုအညာတမာရေ…
    တီချာကြီးရှင့်ကလေးတွေမှန်းသိရင် မျက်လုံးပြူးပြလိုက်မှာပါ။
    နောက်တာပါတော်။ အလိုလိုက်တဲ့ မိဘတွေ ကိုပဲ ရိုက်ချင်တယ်။

    မောင်အံစာရေ…
    သူမုန်းတယ်ပြောတော့ ရှင်ပြုံးနေခဲ့တာပေါ့။ ဟုတ်လား။

    ညလေးရေ..
    Thumb up အတွက် Thank you ပါတော်။

    မာဘယ်ရေ…
    တောက်ညင်ကူကပ်ပေးတဲ့အတွက် မုန့်ကျွေးပါမယ်။

    မမရေ…
    တိုက်ဆိုင်မှုတွေရှိရင် ခွင့်လွှတ်ပါ….
    မတိုက်ဆိုင်မိတဲ့ အခါ ချစ်လိုက်ပါနော်။ 😛

    မောင်ပေရေ…
    လေသံကီးတင်လိုက်ရင် အမျိုးသားတွေလည်းသုံးပါတယ်ကွာ။

  • TTNU

    June 5, 2012 at 10:50 pm

    မအေးကေရေ…
    အင်္ဂလိပ်ကားတွေထဲကလို ညီအစ်မအချင်းချင်း
    “I hate you.” လို့ ပြောရင်း ရန်ဖြစ်ကြတာမျိုးနော်။
    မအေးကေပြောသလို မျှတကြဖို့ သိပ်အရေးကြီးပါတယ်။

    ရွှေအိရေ…
    တံထွေးစင်တာရော၊ ကွမ်းသွေးစင်တာရော 😈
    မျက်နှာလာစင်ရင် ပို စိတ်ညစ်တာ။

    ကိုပုရေ…
    ဟုတ်ပါ့တော်။ တီချာတရားစခန်းထဲမှာ ဝင်လေထိသိ၊ ထွက်လေထိသိ၊
    လုပ်နေတုန်း ရှေ ့တည့်တည့်က ဘွားတော်ကြီးပူပြစ်လိုက်တာလေ
    အသက်ရှူတောင်မှားပါတယ်ဆို။ သွေးတွေတက်လာသလိုလို၊
    အနိစ္စရှူ၊ အနိစ္စမှတ်၊ အနိစ္စသိ ဆိုတာဘယ်ရောက်သွားမှန်းကိုမသိလို့
    ၁၉၁ ခေါ်ရတော့မတတ်ပါပဲ။ 🙁

  • htoosan

    June 5, 2012 at 10:58 pm

    သိပ်မုန်းတာပဲ ရေးတဲ့ ဆရာမကြီးကိုတော့ မမြင်ဘူးပေမဲ့
    သိပ်ချစ်ဖို့ကောင်းမဲ့ ဆရာမကြီး ဖြစ်မှာ သေခြာတယ်လို့
    ဆရာမကြီး ရဲ့စေတနာပို့စ်များ ဖတ်ပြီး သိနေပါတယ်ခင်ဗျ။

  • padonmar

    June 5, 2012 at 11:21 pm

    တီချယ်ကြီးပို့စ်ဖတ်ရတော့ အမြဲ BC ရတဲ့ အရီးလတ်ပျောက်နေတာ သတိထားမိပါတယ်။
    ကြယ်၃ပွင့်က မလတ်နဲ့ မောင်ဂီဘဲရှိတာလေ။

    တီချယ်ကြီးရယ် သိပ်မမုန်းမိအောင် ကိုယ့်ကိုကိုယ်ပြုပြင်နေပါတယ်။
    အဲဒီတော့လည်း ပျော့ညံ့တယ်လို့ပြောကြပြန်ရော။

    • အရီး Khin Latt

      June 6, 2012 at 4:03 am

      အစ်မပဒုမ္မာ – ပျောက်နေတာ သတိတရ ရှိတာ မို့ ချယ်ချယ်ကြီး ရဲ့ ခေါင်းစဉ်ကို ဆန့်ကျင်ပြီး ပြောမယ်။
      ကိုယ့်အစ်မကို “သိပ်ချစ်တာဘဲ”

    • Foreign Resident

      June 6, 2012 at 5:46 am

      ” တီချယ်ကြီးရယ် သိပ်မမုန်းမိအောင် ကိုယ့်ကိုကိုယ်ပြုပြင်နေပါတယ် ”

      တီချယ်ကြီး ရေးထားတာတွေသာ အားလုံး အမှန်ဆိုရင်တော့ ၊
      တီချယ်ကြီး မုန်းတာတွေက သိပ်များမနေဘူးလားဟင် ။
      တီချယ်ကြီး ရယ် ၊ မိကျောင်းမင်း ရေကင်းပြ သလိုဖြစ်မိရင်တောင်းပန်ပါတယ် ။

  • အရီး Khin Latt

    June 6, 2012 at 4:01 am

    တီချယ်ကြီးရှင့်

    ထုံးစံအတိုင်း မလတ်တစ်ယောက် အတန်းနောက်ကျပါတယ်။
    ဒီတစ်ပါတ် ဒီမှာအင်္ဂလန်ဘုရင်မကြီး ရဲ့ နန်းသက် ၆ဝ စိန်ရတု ပွဲ မို့ ၄ရက်ဆက်တိုက် အားလပ်ရက်ရ တယ် တီချယ်ကြီး။
    စနေ၊ တနင်္ဂနွေမှာ အိမ်ကို “ဆေးသုတ်ပွဲ” ကျင်းပနေတာရယ်၊
    တနလာင်္ နဲ့ ဒီနေ့ (အင်္ဂါ) မှာ diamond jubilee စိန်ရတု ပွဲတော်ကြီး ကို (အဝေးက) ဝင်နွှဲ နေတာရယ် နဲ့ ရွာထဲ ကို မဝင်ဖြစ်တာပါ။
    အဲဒါကို ကြည့်ရင်း ပေါ်လာတဲ့ အတွေးတွေ ကို စာစီ နိုင်မလား လို့ ကြိုးစားနေပါတယ်။

    {{{ သူများကို မကြိုက်တာတွေရှိသလို ကိုယ့်ကိုမကြိုက် တာတွေလည်း အများကြီးနေမှာပါ။ ဒါမှ တရားမှာပေါ့။ }}}
    ဒီတော့ တီချယ် အိမ်စာလုပ်ခိုင်းတာလို့ တွေးပြီး လုပ်လိုက်ပါတယ် ရှင့်။

    သူများ က ကိုယ့်ကို မမုန်းခင် ကိုယ့်ဟာကိုယ် ဘဲ အရင် မုန်းကြည့်လိုက်မယ်။

    (၁) ဒီတစ်ခါ အိမ်စာလုပ်စရာ မလိုတဲ့ အတန်းဖြစ်သွားလို့ ဝမ်းသာအားရဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကို “သိပ်မုန်းတာဘဲ”။ 😉

    (၂) ကိုယ့်စိတ်ထဲ ပေါ်လာတာ တွေကို လက်က ချ မရေး နိုင်တဲ့ ကိုယ့်ကိုယ်ကို “သိပ်မုန်းတာဘဲ”။ 😉

    (၃) ဒီနေ့မနက်က diamond jubilee အတွက် “St Paul’s Cathedral” မှာ “Thanksgiving Service” လုပ်ပါတယ်။
    အဲဒီမှာ နိုင်ငံတဝန်း က ကျောင်းတွေ က ၁ဝနှစ် က နေ ၁၃နှစ် ကြား ကလေးတွေ ကွိုင်ရာ (choir) ဆိုပါတယ်။
    အဲဒီလို ဆိုနေတဲ့ ကလေးတွေကို ကြည့်ပြီး “ဒီ ကလေးတွေ က အားလုံး အဖြူလေးတွေချည်းဘဲ၊ ဒါပေါ့လေ ဒီလို ပွဲမျိုးမှာ အရောင်ရှိတဲ့ ကလေးတွေ ကို ဘယ်ခေါ်ပါ့မလဲ” လို့ ပြောနေရင်းမှာ ဘဲ အာဖရိကန် ခလေး တစ်ချို့ နဲ့ အာရှ ကလေးတစ်ချို့ ပါ အားပါးတစ်ရ သီဆိုနေတာ တွေ့လိုက် ရပါတယ်။
    ဒီလို အပြောစောလိုက်မိတဲ့ ကိုယ့်ကိုယ်ကို “သိပ်မုန်းတာဘဲ”။ 😉

    (၄) ဒီလို သူများ နိုင်ငံတွေမှာ
    လူမျိုး၊ ဘာသာ၊ ကျားမ၊ အသားအရောင် ခွဲခြားခွင့် မရ အောင်၊
    လူသားချင်းစာနာ စိတ်ရှိအောင်၊
    ကျောသား ရင်သား မရွေး တရားဥပဒေ စိုးမိုးနိုင်အောင် အုပ်ချုပ်သူ များက လုပ်ဆောင်ပေး နေတာတွေ ကို ကြည့်ရင်း ၊
    ကိုယ့်ပြည် ကိုယ့်ရွာမှာ
    လူမျိုး၊ ဘာသာ၊ ကျားမ၊ အသားအရောင် ခွဲခြားချင်နေတာတွေ၊
    လူသားချင်းစာနာ စိတ် ပျောက်ဆုံးနေတာတွေ၊
    ကျောသား ရင်သား ရွေးပြီး တရားဥပဒေ ကို ကစား နေတာတွေ အတွက်
    ဒီလို အသုံးမကျ ဘဲ၊ အဆင့်မရှိဘဲ၊ တကိုယ်ကောင်းဆန်စွာ၊ ကိုယ်တစ်ကိုယ် ကောင်းစားရေး အတွက်
    အာဏာ ကို လက်မလွတ်တန်း ဆွဲထား သူတွေ ကိုလဲ
    “သိပ်မုန်းတာဘဲ” * Infinity ∞ တီချယ်ကြီးရာ။ 👿

  • kai

    June 6, 2012 at 4:11 am

    အင်္ဂလန်ဘုရင်မကြီး ရဲ့ နန်းသက် ၆ဝ စိန်ရတု ပွဲတွေထဲ.. ရှေးက..ဘုရင်မအဖြစ်ခံယူစဉ် ဓါတ်ပုံတွေ့လိုက်ရတယ်..
    အဲဒီမှာ. ‘Black Prince’s Ruby’ ပါတဲ့.. ခရောင်းကြိးနဲ့..

    ဆိုတော့..
    မြန်မာ့ပတ္တမြားတွေနဲ့လုပ်ထားတဲ့.. ခရောင်းလည်း ..သူ့မှာရှိတယ်တဲ့..

    ဆိုတော့..
    မြန်မာ့ရတနာ.. ငမောက်ပတ္တမြားကြိး.. ဘယ်သူခိုးသွားသလည်း.. ဘယ်သူ့လက်ထဲမှာလည်း.. သိချင်လာပြန်ရော.
    ဘာပဲဖြစ်ဖြစ်.. ပတ္တမြားမြင်တိုင်း..
    .. “သိပ်မုန်းတာပဲ”.. သူတို့ကို… :mrgreen:

    • အရီး Khin Latt

      June 6, 2012 at 4:27 am

      သူကြီး
      ဒီနေ့ ခေတ် ရဲ့ ဘုရင်မကြီး က ဘာ ခရောင်း ကိုမှ မဆောင်းဘဲ ရိုးရိုး ဦးထုပ် လေးနဲ့ ဘဲရှင့်။
      အရမ်းချစ်ဖို့ကောင်းတယ်။
      မြန်မာ့ပတ္တမြားတွေ နဲ့ ခရောင်း ဆောင်းထားရင် အခုကို ဒါဏ်ရာဟောင်းတွေ ဆွပေး သလိုဖြစ်မှာစိုးလို့ ထင့်။ 😉

      ဒါထက် အဲဒီ မြန်မာ့ပတ္တမြားတွေ သူတို့လက်ထဲ ရှိလို့ ရှင်ပြန်မြင်ရသေးတာ။
      မြန်မာပြည်ထဲ မှာ ရှိလို့က တော့ ဒီလိုတောင် မြင်ဘူးလိုက်မှာ မဟုတ်ဘူး။
      ဒီတော့ တစ်ချိန် ကျွန်မတို့ ပြန်တောင်းနိုင်မယ် လို့ အိမ်မက်မက်ထားစို့။ 🙂

    • အရီး Khin Latt

      June 6, 2012 at 4:33 am

      မနေ့ညက ချားလ်စ် နဲ့ အင်တာဗျူးမှာ အဲဒီ ခရောင်းကြိး အကြောင်းပြောသေးတယ်။
      တစ်အားကို လေးတာ ဆိုဘဲ။
      အဲဒါ သူ့အမေမှာ လမ်းလျှောက်နေရင်း လက်လေးနှစ်ဖက် နဲ့ မပြီး ချွတ်လိုက်လို့မရဘူးလား လို့ ကို မေးလိုက်တာတဲ့။
      တကယ်တော့ ဘုရင်မ လုပ်ရတာလဲ စားသာတာ မဟုတ်ဘူး။
      ဒါတောင် အဲဒါကြီးကို စွပ်ပြီး အသေ ထရိမ်း လုပ်ပေးထားတာဆိုဘဲ။ 😆

      • kai

        June 6, 2012 at 5:28 am

        မြန်မာတွေရဲ့.. စိတ်ကူးယဉ်အိပ်မက်ထဲက.. ဘုရင်တွေ.. ဘယ်မှီမလဲ..
        သူ့ ၆ပေါင်လောက်.. ခရောင်း..သနားတယ်တဲ့..
        .. ကိုင်တဲ့.. သံလျှက်တင် အချိန်၂ဝတဲ့..
        ထုလိုက်မယ်..
        ဒုံး..

        ဆိုတော့.. တီချယ့်တော့ပစ်နဲ့ကိုက်အောင်..မုန်းလိုက်ဦးမယ်..
        အဲဒီ..
        … ရာဇတွေသဘောဝင်အောင်.. ရာဇဝင်ရေးခဲ့တဲ့….မင်းမြှောင်တွေကို… “သိပ်မုန်းတာပဲ”… :mrgreen:

        • အရီး Khin Latt

          June 6, 2012 at 5:31 am

          လာပြီ။ နောက်ဆုံး ဒီဘူတာ ဆိုက်ပါပြီခင်ဗျား။ 😀

  • soe myint su kyi

    June 6, 2012 at 10:34 am

    အိမ်မှာသီချင်းနားထောင်နေတုန်းနေပဲ ဖြစ်ဖြစ်…ဇာတ်လမ်းတွဲ ကြည့်ကြည့်နေတုန်းပဲ ဖြစ်ဖြစ်…အိမ်ရှေ့ကနေ…ထီသည်ကြီးကသူ ့အသံဩေဩေကြီးနဲ ့ သူတစ်ဘက်သားစိတ်ဝင်စားမသိ…မဝင်စားလားမသိပဲနဲ ့…ဘရိတ်ပေါက်နေသလို … အသာကုန်လွှတ်နေတာမျိုးတွေ ့ရင်လည်း…သိပ်မုန်းတာပဲ

  • Sonny

    June 6, 2012 at 10:10 pm

    ွွှှTTNU ရေ..
    မန်းလေးမှာ
    လမ်းပြောင်ပြန်ဝင်တဲ့ဆိုင်ကယ်ကားတွေ သိပ်မုန်းတာပဲ…
    ဆိုင်ကယ်ကားစီးရင်းရှေ့ကကွမ်းထွေးလိုနောက်ကများလိုက်မိရင် ကွမ်းသိုင်း နင်း ရတဲ့
    အဖြစ်ကိုု သိပ်မုန်းတာပဲ..
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…

  • ကြောင်ကြီး

    June 7, 2012 at 9:57 am

    တရားအားထုတ် တရုတ်အားထား တရိုးအားကုတ် တရုတ်အားကို တရိုသရှုပ် တရုတ်သလျှို ကြေးမုံဂျီးကိုလည်း သိပ်မုန်းဒါဗဲ…။

Leave a Reply