ပုံကတော့ ကွန်နက်ရှင် မကောင်းလို့  သဂျီးကွန်းမန့် က မ.လာတာ

 

နိုဗယ်ဆုများရှင် အန်တီကြီး

ထင်ပေါ်ထိုက်တဲ့ အန်တီကြီး

နာမည်ကောင်းနဲ့   အန်တီကြီး

ကောင်းသတင်းများနဲ့  အန်တီကြီး

ကျော်ကြားခြင်းများနဲ့ အန်တီကြီး

စာနာတတ်တဲ့ အန်တီကြီး

ကြင်နာတတ်တဲ့ အန်တီကြီး

ဂရုဏာရှင် အန်တီကြီး

ပညာတွေတတ်တဲ့ အန်တီကြီး

အနစ်နာခံပေးခဲ့တဲ့ အန်တီကြီး

ကိုယ်ကျိုးမငဲ့တဲ့ အန်တီကြီး

အများအကျိုးသယ်မဲ့ အန်တီကြီး

မြန်မာကို ကမ္ဘာသိစေမဲ့ အန်တီကြီး

ကမ္ဘာကို ငြိမ်းချမ်းစေမဲ့ အန်တီကြီး

ပြည်သူတွေနဲ့  တစ်သားတည်းရှိတဲ့ အန်တီကြီး

အမှန်တရားအတွက် ကျည်ဆန်ပုန်းတွေ မကြောက်တဲ့ အန်တီကြီး

လွတ်လပ်မှုအတွက် အန္တရာယ်အလုံးစုံ မကြောက်တဲ့ အန်တီကြီး

တရားမျှတမှုအတွက် ကိုယ်ကျိုးစွန့် မဲ့ အန်တီကြီး

ဘိုးအောင်ဆန်းလို အန်တီကြီး

ဒို့ အတွက် အလင်းရောင် အန်တီကြီး

 

ဒို့ချစ်တဲ့ အန်တီကြီး

ဒို့ ကို ချစ်တဲ့ အန်တီကြီး

ကမ္ဘာကချစ်တဲ့ အန်တီကြီး

မြန်မာကို တင့်စေတဲ့ အန်တီကြီး

အသေချာဆုံးကတော့………..

 

ပြိုင်စံရှားတဲ့ အန်တီကြီး.

ကမ္ဘာရှားတဲ့ အန်တီကြီး..

စံယူထိုက်တဲ့ အန်တီကြီး

အတုမရှိတဲ့ အန်တီကြီး

လူတကာမမီတဲ့ အန်တီကြီး..

 

အန်တီကြီး…..

အန်တီကြီး..

အရင်ကတော့ ထောင်ဆန်းတွေပွင့်လို့ 

ဝင့်ချိန်မှာ အညှာခုတ်ခံရသလို

မဟုတ်တရုတ် လုပ်ကြံဇာတ်တွေနဲ့ 

အန်တီကြီးရဲ့ စာနာခြင်းတွေ

သံတိုင်တွေကြားထဲ မှာ အလဲလဲအပြိုပြို

လူထုလဲ သွေးယိုခဲ့ ပေမဲ့

ပတ္တမြားမှန်ရင် နွံမနစ်

အန်တီကြီးရဲ့…

မစုတ်မနစ်တဲ့ စိတ်ဓာတ်နဲ့ 

စစ်မှန်တဲ့ နှလုံးသားကြောင့်

အာဏာရှင်တွေကျဆုံး

အကျင့်ယုတ်တွေ အကုန်လုံး

မျိုးတုန်းကုန်ကြတော့မယ်..

မကြာခင်..

ထွန်းလင်းလာတော့မဲ့ မြန်မာ

ကမ္ဘာက အသိအမှတ်ပြုတော့မဲ့ မြန်မာ

ကမ္ဘာက အတုယူကြမဲ့ မြန်မာ

ဒို့  မြန်ပြည်သူတစ်စုလုံး

ကျေးဇူးတင်မဆုံး

ပျော်မဆုံး မော်မဆုံး…………။

 

 

ဟီးဟီး.

ခုမှ တရေးနိုး ထရေးမိတာ..

မနေ့ က ဒီလှိုင်းဂျာနယ် တစ်ခုဖတ်မိရင်း ဂျာနယ်နောက်ကျောဖုံးမှာ ထိုင်းဝန်ကြီးချုပ်နဲ့  အန်တီကြီး

လက်တွဲနုတ်ဆက်နေတာ ကြည့်မိပါတယ်..

ထိုင်းဝန်ကြီးချုပ်ကတော့ ရှိုးစမိုးနဲ့  ခေတ်မီမိပ်ကပ်၊ သူ့ ဖက်ရှင် ဒီဇိုင်းနဲ့  လန်းနေတုန်းပေါ့။

အန်တီကြီးအရွယ်ကောင်းတုန်းမှာ ခုလို လွတ်လပ်ခွင့်မရှိ၊ ဖိနှိပ်ချုပ်ချယ်ခံခြင်းတွေနဲ့  အကျည်းတန်ခဲ့တာလေး

သွားပြေးမြင်ယောင်မိတာနဲ့  အမှတ်မထင် စိတ်ထဲပေါ်ရာ လျှောက်ရေးပလိုက်ခြင်း ဖြစ်ပါတယ်ဗျား..။

 

အန်တီကြီးရဲ့ စွန့် လွှတ်အနစ်နာခံမှုများနဲ့   သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ လမ်းကြောင်းဖွင့်ပေးမှုအပေါ် သားသားဗိုက်ကလေးမှ အထူးပဲ ကျေးဇူးတင်မိပါကြောင်း..။

 

အားလုံးပဲ စော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ကြစေသတည်း။

လူသားအားလုံးကို လေးစားဘာဒယ်..။

သားဗိုက်ကောင်..အဲလေ..သားသားဗိုက်ကလေး..။

 

အန်တီကြီးလို့ ခေါ်လို့  ချိတ်ချိုးရင်တော့ ဒွတ်ခ

:)

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး