သားသားတို ့ရဲ့ အန်တီကြီး :)

ဂ်စ္စူJune 5, 20121min48943

ပုံကတော့ ကွန်နက်ရှင် မကောင်းလို ့ သဂျီးကွန်းမန် ့က မ.လာတာ

 

နိုဗယ်ဆုများရှင် အန်တီကြီး

ထင်ပေါ်ထိုက်တဲ့ အန်တီကြီး

နာမည်ကောင်းနဲ ့  အန်တီကြီး

ကောင်းသတင်းများနဲ ့ အန်တီကြီး

ကျော်ကြားခြင်းများနဲ  ့ အန်တီကြီး

စာနာတတ်တဲ့ အန်တီကြီး

ကြင်နာတတ်တဲ့ အန်တီကြီး

ဂရုဏာရှင် အန်တီကြီး

ပညာတွေတတ်တဲ့ အန်တီကြီး

အနစ်နာခံပေးခဲ့တဲ့ အန်တီကြီး

ကိုယ်ကျိုးမငဲ့တဲ့ အန်တီကြီး

အများအကျိုးသယ်မဲ့ အန်တီကြီး

မြန်မာကို ကမ္ဘာသိစေမဲ့ အန်တီကြီး

ကမ္ဘာကို ငြိမ်းချမ်းစေမဲ့ အန်တီကြီး

ပြည်သူတွေနဲ ့ တစ်သားတည်းရှိတဲ့ အန်တီကြီး

အမှန်တရားအတွက် ကျည်ဆန်ပုန်းတွေ မကြောက်တဲ့ အန်တီကြီး

လွတ်လပ်မှုအတွက် အန္တရာယ်အလုံးစုံ မကြောက်တဲ့ အန်တီကြီး

တရားမျှတမှုအတွက် ကိုယ်ကျိုးစွန် ့မဲ့ အန်တီကြီး

ဘိုးအောင်ဆန်းလို အန်တီကြီး

ဒို ့အတွက် အလင်းရောင် အန်တီကြီး

 

ဒို ့ချစ်တဲ့ အန်တီကြီး

ဒို ့ကို ချစ်တဲ့ အန်တီကြီး

ကမ္ဘာကချစ်တဲ့ အန်တီကြီး

မြန်မာကို တင့်စေတဲ့ အန်တီကြီး

အသေချာဆုံးကတော့………..

 

ပြိုင်စံရှားတဲ့ အန်တီကြီး.

ကမ္ဘာရှားတဲ့ အန်တီကြီး..

စံယူထိုက်တဲ့ အန်တီကြီး

အတုမရှိတဲ့ အန်တီကြီး

လူတကာမမီတဲ့ အန်တီကြီး..

 

အန်တီကြီး…..

အန်တီကြီး..

အရင်ကတော့ ထောင်ဆန်းတွေပွင့်လို ့

ဝင့်ချိန်မှာ အညှာခုတ်ခံရသလို

မဟုတ်တရုတ် လုပ်ကြံဇာတ်တွေနဲ ့

အန်တီကြီးရဲ့ စာနာခြင်းတွေ

သံတိုင်တွေကြားထဲ မှာ အလဲလဲအပြိုပြို

လူထုလဲ သွေးယိုခဲ့ ပေမဲ့

ပတ္တမြားမှန်ရင် နွံမနစ်

အန်တီကြီးရဲ့…

မစုတ်မနစ်တဲ့ စိတ်ဓာတ်နဲ ့

စစ်မှန်တဲ့ နှလုံးသားကြောင့်

အာဏာရှင်တွေကျဆုံး

အကျင့်ယုတ်တွေ အကုန်လုံး

မျိုးတုန်းကုန်ကြတော့မယ်..

မကြာခင်..

ထွန်းလင်းလာတော့မဲ့ မြန်မာ

ကမ္ဘာက အသိအမှတ်ပြုတော့မဲ့ မြန်မာ

ကမ္ဘာက အတုယူကြမဲ့ မြန်မာ

ဒို ့ မြန်ပြည်သူတစ်စုလုံး

ကျေးဇူးတင်မဆုံး

ပျော်မဆုံး မော်မဆုံး…………။

 

 

ဟီးဟီး.

ခုမှ တရေးနိုး ထရေးမိတာ..

မနေ ့က ဒီလှိုင်းဂျာနယ် တစ်ခုဖတ်မိရင်း ဂျာနယ်နောက်ကျောဖုံးမှာ ထိုင်းဝန်ကြီးချုပ်နဲ ့ အန်တီကြီး

လက်တွဲနုတ်ဆက်နေတာ ကြည့်မိပါတယ်..

ထိုင်းဝန်ကြီးချုပ်ကတော့ ရှိုးစမိုးနဲ ့ ခေတ်မီမိပ်ကပ်၊ သူ ့ဖက်ရှင် ဒီဇိုင်းနဲ ့ လန်းနေတုန်းပေါ့။

အန်တီကြီးအရွယ်ကောင်းတုန်းမှာ ခုလို လွတ်လပ်ခွင့်မရှိ၊ ဖိနှိပ်ချုပ်ချယ်ခံခြင်းတွေနဲ ့ အကျည်းတန်ခဲ့တာလေး

သွားပြေးမြင်ယောင်မိတာနဲ ့ အမှတ်မထင် စိတ်ထဲပေါ်ရာ လျှောက်ရေးပလိုက်ခြင်း ဖြစ်ပါတယ်ဗျား..။

 

အန်တီကြီးရဲ့ စွန် ့လွှတ်အနစ်နာခံမှုများနဲ ့  သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ လမ်းကြောင်းဖွင့်ပေးမှုအပေါ် သားသားဗိုက်ကလေးမှ အထူးပဲ ကျေးဇူးတင်မိပါကြောင်း..။

 

အားလုံးပဲ စော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ကြစေသတည်း။

လူသားအားလုံးကို လေးစားဘာဒယ်..။

သားဗိုက်ကောင်..အဲလေ..သားသားဗိုက်ကလေး..။

 

အန်တီကြီးလို ့ခေါ်လို ့ ချိတ်ချိုးရင်တော့ ဒွတ်ခ

🙂

 

43 comments

  • water-melon

    June 5, 2012 at 1:15 pm

    မြန်မာပြန်လာပြီကွ
    အာရှရဲ့ ကျားတစ်ကောင်
    အန်တီကြီး ကျန်းမာပါစေ
    တိုင်းပြည်အကျိုးသယ်ပိုးနိုင်ပါစေ

    • ဗိုက်ကလေး

      June 5, 2012 at 1:18 pm

      အန်တီကြီးကို အတုယူကြဘာ..
      ပုံ
      အန်တီလေး…အဲအဲ..ဗိုက်ကလေး..

      • ရှမ်းပြည်သား (တောင်ပိုင်း)

        June 6, 2012 at 8:07 am

        အန်တီကြီးကတော့တကယ်ကိုကြီးကျယ်
        မြင့်မြတ်တဲ့အမျိုးသမီးမို့အန်တီးကြီးပါ
        အန်တီလေးကရော…..လေးလေးပင်ပင်နဲ့မို့
        လေးတာလားငင်…..
        အန်တီလေးက…ကျန်တဲ့နေရာမလေးပဲ
        ဗိုက်ကပဲကွက်လေးတာလားငင်…….ဒါ့ကြောင့်…
        အန်တီလေး…မှတ်ချက်…“ဗိုက်” “က” “လေး”
        ဝမ်းစမိုးအားလုံးသဘောတူရင်ဦးဗိုက်ကိုနာရင်းအုပ်ပါ…
        ဖြောင်းဖြောင်းဖြောင်း……

        • စိန်ပေါက်ပေါက်

          June 6, 2012 at 12:10 pm

          အီးပန်းလို ့ဗိုက်တောင် ကွက်ပြီး မလေးနိုင်တော့ဘူး အူးလေးရ
          ပါးပါးပဲ ကျန်တော့တယ်..
          ပြောရင်းဆိုရင်း မုန် ့ဟင်းခါး တန်ခိုးတွေ ပြန်ပြန်ဘီ
          လစ်ပြီဗျိုး..
          ဗျစ်..စ်..ဘဒစ်…ဗစ်..

        • Thel Nu Aye

          June 6, 2012 at 8:08 pm

          အောင်မယ်နဂိုမူလ ဘဝပြန်ရသွားပါလား ဒေါ်စိန်ပေါက်ရေ။ ဒါမှခေါ်လို့ကောင်းတာအေ့ ညီးနှယ်။

        • စိန်ဗိုက်ကလေး

          June 6, 2012 at 8:13 pm

          ရပါတယ်အေ့
          ကြိုက်သလိုခေါ်ပါအေ့.
          ဗျစ်..ဗျစ်..ဂလု..ဂွီ
          စိန်ပေါက်ပေါက်နဲ ့ ဗိုက်ကလေးနဲ ့ပေါင်းထားတော့ ဗျစ်.ဗျစ်..ဂွီ ဖြစ်သွားတယ်..

  • ဘဲဥ

    June 5, 2012 at 1:23 pm

    အန်တီကြီးအကြောင်းတွေက ပြောလို့မဝနိုင်အောင်ပဲဗျာ ၊
    ချီးမွှန်းလို့မဆုံးနိုင်အောင်ပဲ။ ရင်ထဲက လေးစားရတဲ့သူဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အန်တီကြီးပဲရှိတယ်

  • Azzurri

    June 5, 2012 at 1:24 pm

    ဘယ်သူများ မှတ်တယ် ဒို့ကြီးမေ အကြောင်းပဲ..
    ဘရာကြော် အူးဗိုက်….

    အဲ အဲ … နိဗ္ဗာန်တော့ နောက်မှ ရောက်ပါရစေဗျာ ..
    ထီ ပေါက်ထားတဲ့ ပိုက်ပိုက်နဲ့ ကြည်တဲ့ စော်ကလေးတွေနဲ့ပဲ ..
    အသာအယာ နှပ်ပါရစေဦး …
    :mrgreen:

  • PaLote Tote

    June 5, 2012 at 1:25 pm

    ကမ္ဘာ့အလယ်ဂုဏ်ဝင့်ထယ်တဲ့ သားသားတို့ရဲ့အန်တီးကြီး ။

  • myanmarcitizen

    June 5, 2012 at 1:36 pm

    အန်တီကြီး ကျမ်းမာပါစေဗျား။

  • ကိုရင်စည်သူ

    June 5, 2012 at 1:39 pm

    တားတားတို့ကတော့ မြန်မာပြည်မှာ
    အန်တီကြီး အဖေနဲ့ အန်တီကြီးကို…
    အရမ်းချစ်တယ်။။ အရမ်းလေးစားတယ်၊
    အန်တီကြီးကြောင့် တို့ဗမာတွေ
    ဂုဏ်ရောင်ထွန်းပြောင်လာတော့မယ်…. ဟေးးး 🙂

  • kai

    June 5, 2012 at 1:51 pm

    သူ့ကိုချစ်ရင်.. သူဘာတွေလုပ်နေလည်း.. သေသေချာချာလေ့လာ.. အတုယူဖို့ကောင်းတယ်..
    မြန်မာပြည်အနှံ့.. အလုပ်သမားတွေဆန္ဒတွေပြနေချိန်မှာ.. သူက… ထိုင်းက.. ရွေ့ပြောင်းမြန်မာအလုပ်သမားတွေဆီသွားအားပေး.. အခက်အခဲတွေပြေစေကြောင်း… စီစဉ်ပေးတယ်လေ….
    အဲဒီလိုလေးတွေလည်း.. မြင်တတ်.. အားပေးတတ်ဖို့.. လိုတယ်ထင်ပါကြောင်း.. 🙂

  • pooch

    June 5, 2012 at 2:01 pm

    ဗိုက်ကလေးရဲ့ ငါဟိုတနေ့ကမှ အမေစု ခွေ ကြည့်ရတယ် ။ အော်ရဂျင်နယ် သူများပါးပေးခဲ့လို့ပါ။
    ကြည့်ပြီး ငိုလိုက်ရတာမှ။ ဒါတောင် တကယ့်အဖြစ်တွေ မပါသေးဘူး။ ရှိတာလေးနဲ့ ရိုက်ထားကြတာ။

    အမျိုးသမီးတယောက်အနေနဲ့ သားနဲ့ အိမ်ဦးနတ်ကို စွန့်ပြီး နေရတဲ့ ဘဝ ၊ ဖိအားတွေအောက်က ဘဝ ၊သူဒီလိုတွေ စွန့်လွှတ်အနစ်နာခံခဲ့ စေတနာမှန်ခဲ့လို့လဲ ခုလိုချိန်မှာ ကိုယ့်အမျိုးတွေအတွက် အလုပ်လုပ်ရင်း မျက်နှာပွင့်ပြီး လူတကာလေးစားတာခံရတာပါ။

  • Khaing Khaing

    June 5, 2012 at 2:13 pm

    သားဗိုက်ကောင် …… အားပေးတွားတယ်နော် …… အန်တီကြီး ကျန်းမာပါစေလို့ပဲ ဆုတောင်းပေးနေပါတယ်……

  • shwe kyi

    June 5, 2012 at 2:14 pm

    အရမ်းကောင်းပါတယ်။ ကိုယ်တိုင်မရေးတတ်တော့ သူများရေးတာကိုပဲအားပေးတော့မယ်။
    အရမ်းထိမိပါတယ်။
    အန်တီကြီးကိုထာဝရအားပေးနေမယ်။

  • Thel Nu Aye

    June 5, 2012 at 2:35 pm

    နိုင်ငံတကာမှာမြန်မာသာမသိရှိရမယ်။ ဒို့အမေကတော့မသိသူမရှိပဲ။ ဂုဏ်ယူပါတယ်။ ဂုဏ်တက်ရပါတယ်။ မြန်မာဖြစ်ရတာဒီတခါဂုဏ်အရှိဆုံးပါပဲ။

  • ဗိုက်ကလေး

    June 5, 2012 at 3:12 pm

    ♦ကို အူးလေး ဖျဲသီးရေ
    အူးလေးပြောသလို အာရှရဲ့ ကျားတစ်ကောင် ဖြစ်လာဖို ့ လူတိုင်းမှာတာဝန်ရှိသဗျား..
    အန်တီကြီးပဲ အားကိုးနေလို ့မရဘူးနော..

    ♦ကို အူးလေး ဘဲဥရေ
    အန်တီစုဟာ တစ်ကယ်ပဲ ချီးမွန်းလို ့မဆုံးနိုင်တဲ့ ရှားပါပုဂ္ဂိုလ်ပါဗျာ..

    ♦ကို အူးလေး အဇူရီရေ..
    ကျနော်လဲ တူတူပဲဗျား..နိဗ္ဗာန် မရောက်ချင်သေးဘူး.လူ ့ပြည်မှာပဲ ကဲချင်သေးတာကလား..
    ပါးစပ်က ဘုရားဘုရား လက်ကကားယားကားယား အာဟား..အာဟား.. 😆

    ♦ကို အူးလေး ပလုတ်တုတ်ရေ
    အူးလေးရဲ့ စာသားလေး ကြိုက်တယ်ဗျား..ဗယာကြော်ပါ..

    ♦ကို အူးလေး မြန်မာစီတီဇန်မန်းရေ..
    ကျနော်တို ့လဲ အူးလေးလိုပဲ ဆုတောင်းလျက်ပါ..

    ♦ကို အူးလေး ကိုရင်စည်သူရေ
    ဂုဏ်ရောင်ထွန်းပြောင်အောင် ဝိုင်းဝန်းရပါဦးမယ်နော..အူးလေးလဲ ဘီအီးရှော့သောက်ပါ
    ကျနော်တော့ အသဲကျွမ်းနေပြီမို ့ ဆေးမမီတော့ဘူးဗျား

    ♦ကို သဂျီး အူးခိုင် ခင်ဗျား.
    တားတားတို ့က ဟုတ်တဲ့နေရာမှာ မမြင်တတ် မကြည့်တတ်ပေမဲ့ မဟုတ်တဲ့နေရာတော့ ကွက်ကျော် မြင်တတ်ကြတာမိုလို ့ ကိုယ်ပေါင် ကိုယ်ပြန်မထောင်းချင်တာနဲ ့ပဲ အူးလေးဖြစ်စေချင်သလို မြင်တတ် အားပေးတတ်အောင် ကြိုးစားကြည့်ပါဦးမယ် ခင်ဗျား.

    ♦ကို အူးလေး ဒေါ်ပူးချ်ရေ
    အန်တီစုလို စိတ်ဓာတ်ရဖို ့ မလွယ်ဘူးဆိုတာ ဒီလိုနေရာတွေမှာ ကိုယ်ချင်းစာကြည့်တာနဲ ့ အဖြေပေါ်သပေါ့ဗျား…အူးလေးပြောတာ မှန်ပါတယ်..ခုချိန်ထိလဲ ကိုယ်ကျိုးမကြည့်သေးသလို
    သူ ့လက်အောက်ငယ်သားတွေကိုလဲ ကိုယ်ကျိုးအတွက်မဟုတ်ပဲ အများအတွက် လုပ်ကြဖို ့ ဩဝါဒပေးတာ မကြာခဏ သိရပါတယ်ဗျား..အူးလေးတို ့စက်ရုံတွေမီးမှန်မှန်ရပါစေ ဆုတောင်းပေးပါတယ်..

    ♦ကို အူးလေး ဒေါ်ခိုင်ခိုင်ရေ
    အူးလေးလိုပဲ ဆုတောင်းလျက်ပါဗျား..

    ♦ကို အူးလေး ဒေါ်ရွှေကြည်ရေ.
    အရမ်းကောင်းတယ် မပြောပါနဲ ့ဗျား..မဆိုးပါဘူးလောက်ပဲ မြှောက်ပေးပါ.မြောက်နေပါပြီ..အဲလေ..ကျေနပ်ပါပြီ

    ♦ကို အူးလေး ဒေါ်သဲနုအေးခင်ဗျား.
    အတော်ပျောက်နေတယ်နော..သားရေးသမီးရေးအိမ်ထောင်ရေး များကြားမှ ဝင်ရောက်အားပေးတာ ကျေးဇူးပါဗျား..အန်တီစုကြောင့် မြန်မာ့ဂုဏ်ရည်လေး ကျန်နေသေးတယ်လို ့ပြောရင်လဲ မမှားပါဘူးဗျား..

    ကျနော်လဲ ဆိုက်ကားတစ်ဘက်နဲ ့မအားမလပ်ဖြစ်နေသမို ့ အားပေးသူများကို အချိန်မီ အကြောင်းမပြန်နိုင်တာ ခွလွှတ်ပါဗျား..
    ဆိုက်ကား နင်းကောင်းနေသမျှတော့ ရွာထဲရှိနေမယ် မျှော်လင့်ပါတယ်..
    ဆိုက်ကား အော်ဒါကောင်းအောင် အူးဗိုက်ကလေးကို ဆုတောင်းပေးကြဘာဦး..အရပ်ဂဒို ့ရယ်..

    • Thel Nu Aye

      June 6, 2012 at 11:55 am

      ဗိုက်ဗို်က်ရေ အရှုပ်တွေလုပ်နေလို့မအားတာပါ။ အလုပ်တွေလဲရှုပ်တာပေါ့။ ဖတ်တော့ဖတ်ပါတယ်။ ပိုစ့်တွေကို။ ပြန်မန့်ရလောက်အောင်အချိန်မရလို့။ နောက်မှတွေ့မယ်ဟေ့။

  • nozomi

    June 5, 2012 at 3:38 pm

    ကိုဗိုက်ပြောတာ ထောက်ခံပါတယ်
    တကယ်တော် တကယ် အရည်အချင်းရှိ တဲ့ အန်တီကြီးပါ
    ( အန်တီကြီး၊အန်တီစု၊အမေစု အားလုံးတော့ ခေါ်လို့ကောင်းသား ..)
    အားပေးထောက်ခံပါတယ်

    ဒီနေ့ သတင်းစာမှာ ဆောင်းပါးလေး တစ်ခုပါတယ်
    သူကြီးတို့ဆီမှာ နေတဲ့ ပညာတတ် တစ်ယောက်က ရေးထားတဲ့ ဆောင်းပါးလေးပါ
    မြန်မာ့မျှော်လင့်ချက်ခေါင်းဆောင်ကြီးများသို့- မောင်အေးချမ်း(ဟားဗတ်တက္ကသိုလ်)

    ဘက် တစ်ဖက်က မဟုတ်ပဲ မြန်မာပြည်သား တစ်ယောက်အနေနဲ့ တိုင်းပြည်ကို တိုးတက်ချင်တဲ့စိတ်ကြောင့် ခေါင်းဆောင်းနှစ်ယောက်ကို သတိပေး တိုက်တွန်းထားတာလေးပါ ၊ ခေါင်းဆောင်တွေ တခြားသက်ဆိုင်သူတွေ ဖတ်မိစေချင်ပါတယ်

    အန်တီကြီးကို မရဲတရဲ နဲ့ မေတ္တာရပ်ခံကြည့်ချင်တာက
    ဆောင်းပါးမှာ ပါတဲ့ အချက်လေး တစ်ခုဖြစ်တဲ့
    မြန်မာကို ဘားမားလို့ မသုံးတော့ပဲ မြန်မာလို့ သုံးပေးစေချင်ပါတယ်
    ဘားမားလို့ သုံးနေတာကိုက ခေါင်းဆောင်နှစ်ယောက်ကြားက မညီညွတ်မှုတစ်ခုလို့ ခံစားရလို့ပါ
    ကျွန်တော်ကိုယ်တိုင်လဲ မြန်မာ လို့ သုံးရတာ ကြားရတာကို ပိုသဘောကျလို့ပါ

    • ကြောင်ကြီး

      June 7, 2012 at 9:45 am

      ပိုပီး တသားထဲကျသွားအောင် အန်တီဂျီးကို ဗိုလ်ချုပ်ရာထူးနဲ့ စစ်တပ်ထဲ ဝင်ခိုင်းလိုက်ပါလား…။ 🙄

  • blackchaw

    June 5, 2012 at 3:47 pm

    ကို အူးလေး ဗိုက်ကလေးရေ။
    ကိုနိုကြီးပြောသွားတဲ့ ဘားမားနဲ့ မြန်မာကိစ္စကို
    ဒို့ ဘကြီး အနေနဲလည်း ဘားမားလို့ ပြောင်းသုံးလိုက်ရင်
    အန်တီကြီးနဲ့ ညီညွတ်မှု ရသွားမယ်လို့ ယူဆရမှာဖြစ်ကြောင်း
    မတူတဲ့ အမြင်နဲ့ မန့်သွားပါတယ် ကိုအူးလေး ဗိုက်ကလေးရေ။
    :mrgreen:

  • ဗိုက်ကလေး

    June 5, 2012 at 4:20 pm

    ကို အူးလေး ချိုကြီးနဲ ့
    ကိုအူးလေး ကျောင်းဒဂါ ဆရာချော ခင်ဗျား..
    ဒို ့ဘကြီးနဲ ့ ဒို ့အန်တီကြီး ဗလောင်တောင်တောင်ချပြီး နိုင်တဲ့လူရဲ့ အသုံးကို အတည်ပြုကြေး ပေါ့ဗျား.. 😆
    မြန်မာဆိုတာကို အဓိပ္ပါယ်ရှိရှိ၊ မှည့်ပြီး ခေါ်တွင် သမုတ်တယ်လို ့သိရတယ်ဗျာ
    မြန်မာ ဆိုတဲ့နာမည်မှာ အဓိပ္ပါယ်တွေ ရှိသပေါ့ဗျာ..
    မြန်မာစာ မေဂျာက ဆရာတို ့ ပိုသိမယ်ထင်တယ်.

  • char too lan

    June 5, 2012 at 4:22 pm

    ကျေးဇူးပဲဟေ့…. ကူးယူသွားတယ် 🙂

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 5:30 pm

    ဟိုဟာဂျီး တစ်ချောင်းထောင်ပြီး
    ဗိုက်ကလေးရဲ့ လက်စွမ်းအား အားပေးသွားပါကြောင်း …
    အန်တီကြီး တစ်ယောက်
    ဝေဒနာတွေ ပျောက်လို့
    ကျမ်းမာရွှင်လန်း ချမ်းသာ ဘဝင်လန်းနိုင်ပါစေဗျာ …

  • သားဦး၊မြေးဦး

    June 5, 2012 at 5:34 pm

    အူးဗိုက်ရေ. အန်တီကြီးက မြန်မာပြည်ရဲ. ့နွံမနစ်တဲ့ တစ်ခုထဲ
    သော ပတ္တမြားခဲကြီးနော်။

  • amatmin

    June 5, 2012 at 5:55 pm

    ပတ္တမြားမှန်ရင် နွံမနစ်ကြောင်း ရှေ့ကနေဦးဆောင်ပြရင်း..
    လမ်းလျှောက်နေတဲ့ အန်တီကြီးကို ဂုဏ်ပြုစာပုဒ်အတွက်..
    အူးဗိုက်ကလေးကို အားပေးပါဒယ်..
    ကျုပ်တို့ရဲ့ တဦးတည်းသော မျှော်လင့်ချက်ဖြစ်တဲ့
    အမှန်တရားများကြားက အန်တီစု. နေကောင်းကျန်းမာစေဖို့ ..
    ထာဝစဉ် ဆုတောင်းပါတယ်ဗျ..
    သူခင်းကျင်းပေးမဲ့ နိုင်ငံရဲ့လမ်းကိုလည်း
    နိုင်သလောက်လေးတော့..လျှောက်လိုက်ချင်သား… 🙂

  • ဗိုက်ကလေး

    June 5, 2012 at 6:06 pm

    ♦ကို အူးလေး မချာတူးလန်ခင်ဗျား..
    ကူးယူသွားလို ့ကျေးဇူးပါခင်ဗျား..

    ♦ကို အူးလေး မဟာရာဇာအံ ဓါးငမြောက် ခင်ဗျား
    အူးလေးတို ့ကျနော်တို ့မေတ္တာစွမ်းနဲ ့ အန်တီကြီး မြန်မာ့အကျိုး ကမ္ဘာ့အကျိုးကို
    ကျန်းမာရွှင်လန်း ဘဝင်လန်းစွာဖြင့် ထမ်းဆောင်နိုင်ပါစေဗျား..

    ♦ကို အူးလေး သားဦး၊ မြေးဦးခင်ဗျား..
    ပတ္တမြားမှန်လို ့ ပေါ်ထွက်လတယ်လို ့ မှတ်ပါတယ်ဗျား..ကျေးဇူးပါ.

    ♦ကို အူးလေး စီဂျေ အူးမင်းမတ် ခင်ဗျား..
    အန်တီကြီးရဲ့ ကြိုးစားအားထုတ်ပေးမှု အသီးအပွင့်ကို အားလုံးပဲ ခံစားသွားကြရပါစေ ဆုတောင်းပါတယ်ဗျား..
    ကျေးဇူးပါ..စကားမစပ်..ဘီအီးမသောက်ရတာ ကြာပနော.. 😀

  • ညလေး

    June 5, 2012 at 6:12 pm

    အန်တီအမေကြီးလဲကျမ်းမာပါစေဆုတောင်းပေးပါတယ်……
    အန်တီလေး ဗိုက်ဗိုက်လဲ ကျမ်းမာပြီးဘီအီးအဝတိုက်မယ့်သူပေါပါစေကွယ်….

    • ဗိုက်ကလေး

      June 5, 2012 at 6:18 pm

      ကို အူးလေး ဒေါ်ညလေးခင်ဗျား..
      ပေးတဲ့ ဆုနဲ ့ ပြည့်စုံရပါလို၏ ခင်ဗျား..

  • မောင်ပေ

    June 5, 2012 at 7:13 pm

    ဟဲ့ အူးဗိုက်ကြီးရဲ ့ နင့်ကဗျာက ကောင်းလှချီလား ။ +1 ဘဲ ။
    ဒါနဲ ့စော်ကြည်ထီပေါက် လို ့ပြောထားပြန်တော့ ၊ ဖတ်တဲ့သူ က စော်ဆိုရင် ဘယ်နှယ့်လုပ်ကြမတုန်း ။

    • မဟာရာဇာ အံစာတုံး

      June 5, 2012 at 7:19 pm

      ဒီဂမာ မေးနေပီ ..
      ပြန်ဖြေလိုက်ဦး ..
      နာဂဒေါ့ ဖြေတတ်တော့ဘူး ..
      ဒီလူဂျီးက နင်နဲ့မှ အကိုက် …
      နာဒေါ့ .. လစ်ပီ ..

      • ဗိုက်ကလေး

        June 5, 2012 at 7:21 pm

        မိန်းကလေးဆိုရင်..
        အုပေ ဒူးရှည်နဲ ့ မတွေ ့ပါစေနဲ ့ဗျား.. 😆

  • htoosan

    June 5, 2012 at 10:25 pm

    အခုဘဲ သစ်ထူးလွင်မှာ ဖတ်မိတာ လေး။ တားတားတို့အန်တီကြီး

    http://www.thithtoolwin.com/2012/06/blog-post_5947.html

    ဗြိတိန်ဝန်ကြီးချုပ် David Cameron က ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်ခဲ့သည့် ဧပြီလတွင် တွေ့ဆုံစဉ်က လန်ဒန်သို့ လာရောက်လည် ပတ်ရန် ဖိတ်ကြားခဲ့။
    မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် ဗြိတိန်နိုင်ငံက နိုင် ငံ့ခေါင်းဆောင်များသာ မိန့်ခွန်းပြောကြားခွင့်ရသည့် သမိုင်းဝင် နာမည်ကျော် ဝက်စ္စ်မင်စတာ ခန်းမကြီးတွင် လာမည့် ဂျွန်လ ၂၁ ရက်၊ ကြာသာ ပတေးနေ့၊ ညနေ ၃ နာရီတွင် မိန့်ခွန်းပြောကြားရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
    ကနဦး၌ ထိုသို့ ဖိတ်ခေါ်မှုကို ဗြိတိန်နိုင်ငံ၏ ထုံးတမ်းအစဉ်အလာမဟုတ်သဖြင့် အထက်လွှတ်တော် အမတ်များ၏ ကန့်ကွက်မှုများ ရှိ ခဲ့သော်လည်း ဗြိတိန် ဝန်ကြီးချုပ် David Cameron နှင့် နိုင်ငံခြားဝန်ကြီး William Hague တို့၏ထောက်ခံ မှုဖြင့် အောက် လွှတ်တော် အမတ် John Bercow က အဆိုပါ ကန့်ကွက်မှုများကို ပယ်ချခဲ့သည်။
    ဗြိတိန်နိုင်ငံ၏ ဓလေ့ထုံးစံများအရ ဝက်စ္စ်မင်စတာခန်းမကြီးတွင် မိန့်ခွန်းပြောကြားခွင့် ရရှိသူများမှာ နိုင်ငံ့ခေါင်းဆောင်/နိုင်ငံ့အကြီး အကဲ များသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ့သမိုင်းတွင် နိုင်ငံ့အကြီးအကဲတစ်ဦး မဟုတ်သည့် ပုဂ္ဂိုလ်များအနက် ပထမဦး ဆုံးသော မိန့် ခွန်းပြောကြားခွင့်ရရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
    အဆိုပါ ဝက်စ္စ်မင်စ တာခန်းမကြီးတွင် နောက်ဆုံး မိန့်ခွန်းပြောကြားခွင့်ရရှိသူမှာ နိုင်ငံ့အကြီးအကဲမှာ အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်ခ် အိုအားမား ဖြစ်ပြီး ယမန်နှစ် (၂၀၁၁) က သူ၏ ခရီးစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

  • YE YINT HLAING

    June 6, 2012 at 2:37 am

    ” APPRECIATE ! Ko Bike ” Today busy . So, I’m late. Sorry about that.

    With Best Respect ,
    Ye Yint Hlaing

  • အရီး Khin Latt

    June 6, 2012 at 4:07 am

    အဲဒီ အန်တီကြီး ကိုလဲ “သိပ်ချစ်တာဘဲ” 🙂

  • ဇောက် ထိုး

    June 6, 2012 at 7:16 am

    ပါးစပ်ကတင် ချစ်မနေကြပါနဲ့.. ချစ်တာနဲ့ တူအောင် ချစ်ပြကြပါ။
    ချစ်တာကို သက်သေပြကြပါ။
    ဘယ်အောင်မြင်ကျော်ကြားတဲ့ ဘောလုံးအသင်မှ တစ်ယောက်ထဲကောင်းရုံနဲ့ မလုံလောက်ဘူး။ ဂိုးရှူးနိုင်အောင် တင်ပေးတာတွေလုပ်ရတယ်။
    လက်သယ်ကို အားကိုသလို ကိုယ်တိုင်လဲ ညစ်ကြဦး။
    ဒါဘဲ.. ဟိုဟာ ကျက်။

  • aye.kk

    June 6, 2012 at 8:56 am

    ရင်ထဲကအမေ..
    မြတ်နိုးရတဲ့အမေ..
    တန်ဘိုးထားရတဲ့အမေ..
    ဒီအမေကိုမျှော်လင့်ရှင်သန်ရင်းနဲ ့သာ..
    ခြေနှစ်ဖက်ရပ်တည်နေခဲ့ရတာကြာညောင်းလွန်းခဲ့ပါပြီ..။
    အမေ(ဒေါ်အောင်ဆန်းစုကြည်)ရှိနေတာဟာ…
    ဘဝကိုရပ်တည်နေထိုင်ရှင်သန်နိုင်ဘို ့အတွက်ခွန်အားတွေ..
    အားမာန်တွေဖြစ်တည်မွေးဖွားနိုင်ခဲ့ရပါတယ်..
    မျှော်လင့်ရင်း..
    ရောင်ချည်တွေသန်းလာတာမြင်ခဲ့ရလို ့…..
    အမေဟာကျမရဲ ့အားဆေးတခွက်ဖြစ်ခဲ့ရပါတယ်..
    ဘဝဟာအမေ့ကြောင့်ရှေ ့ဆက်လက်ရပ်တည်ရှင်သန်စေနိုင်တဲ့အားကိုးရာတောင်ကြီးတခုသဖွယ်ပါပဲ..။။

  • ကြောင်ကြီး

    June 6, 2012 at 10:16 am

    အန်တီဂျီး
    မြန်ပြည်ဟီး
    ပုဂံစည်တီး
    လျှံကြည်မငြီး..။

  • ဗိုက်ကလေး

    June 6, 2012 at 12:06 pm

    ♦ကို အူးလေး ထူးဆန်းခင်ဗျား
    အန်တီကြီး ခုလို မိန် ့ခွန်းပြောကြားခွင့်ရတာ ဝမ်းသာဂုဏ်ယူမိပါကြောင်းခင်ဗျား..

    ♦ကို အူးလေး ရဲရင့်လှှိုင်ခင်ဗျား..
    မအားလပ်တဲ့ကြားထဲက လာရောက်အားပေးတာ အတိုင်းမသိ ဝမ်းသာမိပါ၏ ခင်ဗျား..ကျေးဇူးတင်တယ်ခင်ဗျား

    ♦ကို အူးလေး အန်တီ အရီးလေး ဒေါ်ခင်လတ်ခင်ဗျား..
    ကျနော်တို ့အားလုံး ချစ်ကြပါတယ်..ခင်ဗျား..အန်တီလဲ ချစ်တယ်ကြားလို ့ဝမ်းသာပါတယ်ဗျား..

    ♦ကို အူေးလး အူးဘဇင်း ကိုကိုဇောက်ခင်ဗျား..
    အူးလေး ပြောတာလေး မှန်ပါတယ်ဗျား..နဲနဲတော့ ညှစ်ကြပါဦးလို ့ပဲ..

    ♦ကို အူးလေး အန်တီအေး ခင်ဗျား
    အန်တီ့ရဲ့ ဂုဏ်ပြုကဗျာလေး.အင်မတန်ကောင်းမွန်လှပါတယ်ဗျား..ကျနော် သိပ်ကြိုက်တယ်..ကျေးဇူးပါ

    ♦ကို အူးလေး ဒေါ်ကြောင်ဂျီးခင်ဗျား..
    မြန်ပြည်ဟီးတဲ့ အန်တီကြီး ဆိုပြီး ပို ့စ်တစ်ပုဒ်လောက်ရေးပြီး ဂုဏ်ပြုပေးပါဦးခင်ဗျား..
    ကျေးဇူးတင်ပါတယ်.ငါးကြော်ကျွေးမယ်..ထီပေါက်အောင် ဆုတောင်းပေး.

  • ဂျမ်းဘုံ မ

    June 6, 2012 at 12:28 pm

    အရမ်းကောင်းတဲ့ ကဗျာလေးပါရှင် ။ ကြိုက်မိသွားပါပြီ ။ ကဗျာကို ပြောတာပါရှင့်

    • စိန်ပေါက်ပေါက်

      June 6, 2012 at 12:36 pm

      များလဲ အရမ်းရမ်းကြိုက် 😆
      များများတို ့ရဲ့အကြိုက် အူးအူးဗိုက်
      ဗျစ်..ဘဒစ်..ဗျစ်.

  • Phaung Phaung

    June 6, 2012 at 12:35 pm

    အန်တီကြီးလို့ခေါ်တာထက် အမေစုလို့ခေါ်တာက ပိုနွေးထွေးပါတယ် အူးဗိုက်ကလေးရယ်။
    တို့ကတော့ အမေစုဘဲခေါ်မယ်………. ဒါဗြဲ….. ကျေနပ်လား။

  • ဗိုက်ကလေး

    June 6, 2012 at 12:40 pm

    ကိုအူးလေးဒေါ်ဖောင်းရေ
    ကျေနပ်လို ့ အားလုံးခေါ်နေကြသို ့ ကျေနပ်ပါရဲ့ဗျား..
    ကြောက်ပါဒယ်…ကျေနပ်ပါဒယ်..
    ဒါဗျဲ.

Leave a Reply