N+050612 ဒါနဆိုတာသံသရာရှည်တယ်ဆိုတဲ့လူမိုက်များအတွက်

ကြံကြံဖန်ဖန်တရားနာရင်း ကြားခဲ့ရတာကတော့ ဒါနကသံသရာရှည်သတဲ့။ဒီလိုတရားမျိုးဟောပြီး ဒီလိုပုံစံမျိုးနဲ့ အမဲရိုးနှယ်ဟင်းအိုးမှအားမနာဆိုသလို တရားဟောချင်သေးတယ်။ ကိုယ်ဥာဏ်လေးတထွာတမိုက်နဲ့ ကိုယ်ထင်တာကိုလျှောက်ချဲ့ပြောတော့ ဗုဒ္ဓဘာသာအခြေခံ အားနည်းသူတွေ အတွက်ထင်ယောင်ထင်မှားဖြစ်ကုန်တာပေါ့။
မှားမယ်ဆိုလည်းမှားလောက်ပါတယ်။ တော်တော်လေးဖြေရှင်းရခက်တဲ့ အချက်တချက်ပါပဲ။ ဒါနနဲ့သံသရာက မလွတ်မြောက်နိုင်ဘူးဆိုတာကတော့ မှန်ပါတယ်။ဒီတော့လွယ်လွယ်ပဲဆုံးဖြတ်ချက်ချလိုက်တာကတော့ ဒါနကသံသရာရှည်တယ်ပေါ့။

ကောင်းပြီ။ ဒါနကသံသရာရှည်တယ်ဆိုရင် သံသရာပြတ်အောင်ဒါန မလုပ်ပဲနေပါ။ ဒါနမလုပ်ရင်သံသရာပြတ်သွားမှ ဒါနကသံသရာရှည်တယ်ဆိုတဲ့စကားကမှန်မှာဖြစ်ပါတယ်။ မြတ်စွာဘုရားဟော ကြားထားတာကတော့ သံသရာရှည်ရခြင်းဟာ တဏှာနဲ့အ၀ိဇ္ဇာကြောင့်လို့ ဟောထားပါတယ်။ ဒါနက တိုတိုပြောရရင်ချမ်းသာတယ်ဆိုပေမဲ့ လိုက်နာကျင့်သုံးရမဲ့ အင်္ဂါရပ် တွေအများကြီးလေ့လာစရာလိုပါသေးတယ်။ သံသရာဆိုတာကတော့ ဒါနနဲ့ မဖြတ်နိုင်ပေမဲ့ ဒါနကြောင့်သံသရာရှည်တယ်ဆိုတာကတော့ မိုက်မဲတဲ့အယူအဆတခုလို့သာထင်မြင်မိပါကြောင်း။

ပြောရရင်တော့ ကြားဖူးတဲ့ ကျူံးသွင်းမေးတဲ့ လော့ဂျစ်ကလေးတခုလို ကျီးကန်းသည်မဲသည်။ ကျီးကန်းသည်ငှက်ဖြစ်သည်။ ထို့ကြောင့်ငှက်တိုင်းသည်မဲသည်ဆိုတဲ့တလမ်းသွားမှားယွင်းတဲ့ လော့ဂျစ်တခုလိုပါပဲ။

ဒါမျိုးခပ်ဆင်ဆင် ကျူံးသွင်းမေးမြန်းထားတဲ့ နောက်တခုရှိပါသေးတယ်။ ဗုဒ္ဓဘာသာဟာသမ္မာဒိဌိ ၀ါဒဖြစ်တယ်။ သင်ဟာသမ္မာဒိဌိဖြစ်ပြီးလား။ သမ္မာဒိဌိမဖြစ်သေးရင်ဗုဒ္ဓဘာသာမဟုတ်သေးဘူးလို့ ဆိုတာလေးလဲ ဖတ်လိုက်ရဘူးပါတယ်။

ဘုရားတရားသံဃာ ရတနာသုံးပါးကိုယုံကြည်စွာဆည်းကပ်ကိုးကွယ်ရင် ကံ နဲ့ကံရဲ့ အကျိုးကို ယုံကြည်ရင် ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီလို့ဆိုရပါမယ်။ ဗုဒ္ဓဘာသာဝင်ဆိုရာမှာလည်း အခြေခံကောင်းတဲ့ဗုဒ္ဓဘာသာဝင်နဲ့ အဆင့်မြင့်ဗုဒ္ဓဘာသာဝင်ဆိုပြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်မှာ သမ္မာဒိဌိဆိုတာ အဆင့်မြင့်တဲ့ဗုဒ္ဓဘာသာဝင်တွေမှရှိတာပါ။

တရားသိလျှက်အကျင့်ခက်တဲ့။ ခက်တဲ့တရားကိုစွမ်းနိုင်တဲ့သူတွေကျင့်ကြပါစေ။ ခက်လို့ဆိုပြီးကိုယ်ကျင့်နိုင်ဖို့အတွက်လွယ်အောင်မပြင်သင့်ပါဘူး။

သဘာဝတရားအစစ်အမှန်ကတော့ မြတ်စွာဘုရားဟောကြားခဲ့တာကတော့ဖြစ်တည်ပျက်ဆိုတာပါပဲ။ သဘာဝဆိုတာကတော့ကျယ်ပြန့်ပါတယ်။ လူ့သဘာဝ ဆိုတာကတော့ ကာမတဏှာ ရဲ့အာရုံကြောင့်ဖြစ်တဲ့ သဘာဝပါပဲ။ လူ့သဘာဝ ၊ နတ်သဘာဝ ၊အမူးသမားသဘာဝ၊တိရိစ္ဆာန်သဘာဝ စသည်ဖြင့် ဘယ်အရာနဲ့မဆိုတွဲဖက်နိုင်တဲ့ လေးနက်ကျယ်ပြန့်တဲ့သဘောရှိပါတယ်။ တွဲဖက်ထားတဲ့ အပေါ်မူတည်ပြီး အဓိပါယ်အမျိုးမျိုး ကွဲပြားတတ်ပါတယ်။ ဥာဏ်မမှီတဲ့သူတွေအတွက်ကတော့ ရောထွေးသွားတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ်လူတိုင်း မုသာဝါဒကံကိုလုံအောင်ထိမ်းကြဖို့လေးနက်စွာ တိုက်တွန်းပါတယ်။ ဒါမှသာလိမ်ညာကျူံးသွင်းပြီး မီးလောင်တိုက်သွင်းမဲ့ဝါဒက လွတ်ကင်းနိုင်မှာဖြစ်ပါတယ်။ ဒီဘ၀မှာ မုသာဝါဒကံ ကျူးလွန်တဲ့သူတွေကတော့ ကိုယ့်ကို မီးလောင်တိုက်သွင်းမဲ့ဝါဒကြီးဖြစ်တဲ့ မီးပုံကြီးကိုရွှေပုံကြီးလို့မျက်စိထဲမှာမြင်နေမှာဖြစ်ပါတယ်။

သာသနာတော်သန့်ရှင်းရေးပို့စ် တင်လိုက်တာ အကျိုးကျေးဇူးတခုရလိုက်ပါတယ်။ ဒါကတော့မိုးပြာတွေရဲ့အရှိုက်ထိသွားတယ်ဆိုတဲ့အချက်ကို သူတို့ရဲ့ကွန်မန့်တွေကတဆင့် သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သူတို့က ဦးအောင် ၀ီကီမှာအရင်ပြင်ထားပုံရပါတယ်။ဒါကြောင့်ဝီကီကို ကိုင်ကိုင်ပြီးငြင်းနေတာထင်ပါတယ်။ ထေရ၀ါဒက ပြင်မယ်ဆိုတာတော်တော်လေး(တော်တော်လေး ) စိုးရိမ်ထိတ်လန့်သွားပုံရပါတယ်။

ကိုကြောင်ကြီးပြောသလို ပြင်ရင်လည်းသီတဂူဆရာတော်၊ ပါမောက္ခချူပ်ဆရာတော်၊ မြန်မာနိုင်ငံသံဃာ့မဟာနာယကအဖွဲ့မြန်မာနိုင်ငံသံဃာယနာထေရ၀ါဒမူလို့ထည့်ရင်

ကျန်တဲ့သူများလည်းကျေနပ်လောက်မယ်ထင်ပါတယ်။

 

http://myanmargazette.net/69826/creative-writing

http://myanmargazette.net/90448/creative-writing

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)