အသီးမှာ သရက်

manawphyulayJune 5, 20121min22420

အသီးမှာ သရက်

အိမ်က အပင်မှ သရက်သီးခူးရင်းနဲ့ ရိုက်ကြည့်ထားတာပါ။ အလုံးက ကြီးပေမယ့် အရသာ သိပ်မရှိပါဘူး။ မသိတဲ့သူတွေကတော့ အိမ်ခြံကနေဖြတ်သွားတိုင်း အပင်ကို မော့ကြည့်တဲ့သူတွေပါပဲ။ တချို့ဆို ခဲနဲ့ပစ်ချတဲ့သူတောင် ရှိပါတယ်။ မိုးတွင်းကြွေချိန်ဆို အိမ်နားက လူတွေတောင် လာမကောက်ကြပါဘူး။ အလုံးအဖန် ကြီးပြီး လှသလောက် စားရတာ အရသာမရှိလို့ပါပဲ။
အိမ်က အပင်က ခုတုန်းလေး ရိုက်ကြည့်ထားတာပါ

အလုံးတော့ အတော်ကြီးတယ်။ အရသာတော့ မရှိလှပါဘူး။

20 comments

  • snow white

    June 5, 2012 at 3:47 pm

    သရက်သီးပါလား အို်းတို့က မချစ်စုသရက်ဆိုပိုကြိုက်တယ် အရသာမရှိဘူးဆိုတော့ သရက်မျိုးမတောင်းတော့ဘူး နော် မမမနော။

    • manawphyulay

      June 5, 2012 at 4:03 pm

      တောင်းမှာစိုးလို့ ကြိုပြောထားတယ်လေနော် စနိုးလေးရေ အရသာမရှိတာကိုတော့ မျိုးမတောင်းနဲ့တော့ သိလား… 😛

  • ကိုရင်စည်သူ

    June 5, 2012 at 3:57 pm

    အသီးမှာ သရက် အဆီမှာဝက်
    ဝက်သားပေါင်းလေးနဲ့ ထမင်းစားပြီး
    မချစ်စုသရက်သီးနဲ့ အချိုတည်းလိုက်လို့ကတော့
    ရှလွတ်.. ဘိုက်ချာဒယ်… 🙁 🙁

  • may flowers

    June 5, 2012 at 4:01 pm

    အပေါ်ဆုံးပုံက သရက်သီးလေးစားချင်ထှာ။ မနောရေ ကျွေးမှာလား???????????????။

    • manawphyulay

      June 5, 2012 at 4:11 pm

      ကျွေးပါတယ်။ နောက်မှ မနော ကျွေးတာ အရသာလည်းမရှိဘူး မလုပ်နဲ့နော်။ စားလို့ရနေတဲ့အနေအထားမို့ ခူးလိုက်တာပါ။

  • Ma Ei

    June 5, 2012 at 4:17 pm

    မနောရဲ့သရက်သီးလေးက
    ပြောလို့သာ အရသာမရှိကြောင်းသိရတာ…
    မယုံနိုင်လောက်အောင်ပါဘဲ…
    ပုံလေးက စားခြင်စရာကောင်းနေတယ်…

  • အရင့်ရောင်

    June 5, 2012 at 4:46 pm

    အရွက်မှာတော့ လ္ဘက်
    အသီးမှာတော့ သရက်
    အရသာဆိုတာက
    လျှာဖျားကနေသိလာမှာပါလေ
    ဟီးးးးးးးးး
    တွဲလောင်းလေးနော်…….
    သရက်သီးလေးတွေ
    လှထှာ……..

  • ဦးဦးပါလေရာ

    June 5, 2012 at 5:06 pm

    နယ်ကအိမ်မှာ ဘင်္ဂလား သရက် ဆိုတာ ရှိဘူးတယ်။
    အစိမ်းမှာ အမှည့်မှာ အရသာမရှိပေမယ့် အကင်းဘဝမှာ ငါးပိရည်နဲ့တို့စားလို့ကောင်းတယ်။
    ခွဲပြီး အခြောက်လုပ်ထားရင်လဲ သရက်သီးသနပ်လုပ်တဲ့အခါ အချဉ်မစူးလို့ ပိုစားကောင်းတယ်။
    အခုပုံထဲကသရက်သီးနဲ့ ဆင်တူသလိုရှိလို့ သတိရတာနဲ့ မန့်လိုက်တာပါ…။

  • water-melon

    June 5, 2012 at 5:16 pm

    ဟာဗျာ အသီးမှာ သရက်မဟုတ်ပါဘူး
    အသီးမှာ ဖရဲသီးဗျ
    ဘာသိလို့လဲ

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 5:26 pm

    သရက်သီးတွေက စားချင်စရာ
    အရသာ မရှိဘူးဆိုလို့ စားတော့ပါဘူးဗျာ ..
    ဒီအတိုင်းပဲ ကြည့်သွားဒယ် …

  • ahnyartamar

    June 5, 2012 at 8:31 pm

    သရက်သီးကြိုက်တယ်။

  • MaMa

    June 5, 2012 at 9:35 pm

    တချို့အသီးအနှံတွေက ပင်မှည့်ဆိုရင် ပိုကောင်း ကြပေမယ့်
    သရက်သီးကတော့ အုပ်မှည့်မှ ပိုကောင်းတယ်လို့ ကြားဖူးတယ်။
    အရသာမရှိဘူး ပြောလို့သာပဲ
    ကြည့်ရတာတော့ စားချင်စရာ။
    ဦးပါပြောသလို အမှည့်မှာ စားမကောင်းရင်
    အစိမ်းမှာ သရက်ယိုထိုးစား ကြည့်ပါလား။
    မလုပ်တတ်ရင် နည်းပေးမယ်။
    လုပ်ပြီးရင် မြည်းပေးမယ်နော်။ 🙂

  • KoNyeinChan

    June 5, 2012 at 11:20 pm

    ဒီမလေးရှားမှာတော့ သရက်သီးက တစ်နှစ်ကို နှစ်ခါ သုံးခါလောက်သီးတယ်.. မိုးက အပတ်တိုင်းနီးပါးရွာတာကိုး.. လမ်းဘေးက သရက်ပင်အနိမ့်လေးတွေမှာ အသီးတွေကြီးကြီးငယ်ငယ်ရှိနေကြတာ ဒီက လူကြီးမပြောနဲ ့ ကလေးတောင် ခဲနဲ ့မထု ခူးမစား/ခိုးမစားကြဘူး… သရက်သီးကိုဈေးထဲမှာ တစ်နှစ်ပတ်လုံး နေ ့တိုင်းဝယ်စားလို ့ရတယ်.. ဒါပေမယ့် မစားရတာကြာပြီဖြစ်တဲ့ ရွာကမချစ်စုသရက်သီးအရသာကိုတေ့ာ ဘယ်သရက်သီးမှ မမှီသေးဘူးထင်တယ်

  • YE YINT HLAING

    June 6, 2012 at 2:57 am

    a: pay thwar par tal May Manaw. Sar gin seik lal pauk tal byar. Myanmar lo ma yae tet they loz
    dee louk ne yap p.

    Regards
    Ye Yint Hlaing

  • ကြောင်ကြီး

    June 6, 2012 at 10:27 am

    အဲလောက်ကောင်းတဲ့ သရက်သီးဆို တလုံး၂ဒေါ်လာတော့ ရှိမယ်။ အပေါဆုံး သုံးလုံးငါကျပ်ပဲ။ ဒီမှာရှိတဲ့သရက်သီးတွေက အစေ့ထူ အသားနည်းတယ်…စားဖို့တန်ဖူး..။ သက်သက်သာသာ သရက်ချိုရည်ပဲ ဝယ်သောက်တယ်။ (သရက်အနှစ်နည်းနည်း မန်ကျည်းရည်များများ ရောထားတာလေ)

  • ဂျမ်းဘုံ မ

    June 6, 2012 at 12:25 pm

    အခုမှဘဲ သိရပါတော့တယ်ရှင့် ။ တော်တော်ထူးဆန်းတာပါလားရှင့် ။

  • အလင်းဆက်

    June 6, 2012 at 12:31 pm

    ကျွန်တော်ကလည်း.သရက်သီးမှည့် ဆို အရမ်းကြိုက်..။
    အခု သရက်သီးတွေက …စာချင်စရာ..။
    ခူးယူလို ့မရလို ့.. …. စ်ိတ်ညစ်ပြီး.ပြန်သွားပါပြီ.။

  • myanmarcitizen

    June 6, 2012 at 2:09 pm

    အသီးမှာသရက် ဆိုပြီး စားမကောင်းရင်တော့ ခုပ်သာပစ်လိုက် နောက်ကောင်းတဲ့အပင်သာထပ်စိုက်လိုက် manawphyulay လေးရေ

  • mayjuly

    June 6, 2012 at 2:45 pm

    အသီးမှာသရက် ..
    အသားမှာ ဝက်..
    အရွက်မှာ လဖက် ..
    အရက်မှာ Red … 😀

Leave a Reply