ဆူးလေဗလီနားက ဆန္ဒထုတ်ဖော်ကြသူများ (5.6.2012)

amatminJune 5, 20121min26641

ကျနော်ဆူးလေဘုရားအဝိုင်းနားကို သွားရင်းနဲ့ဘေးနားက ဆူးလေ ဗလီရှေ့မှာ မွတ်ဆလင်အမျိုးသားများ

ဆိုင်းဘုတ်လေးတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်နေကြတာကို တွေ့ခဲ့မိလို့

ရွာသူားတွေအတွက် သတင်းဓါတ်ပုံအဖြစ်တင်ပေးလိုက်ပါတယ်..

အမှန်တော့ အခုရက်ပိုင်းအတွင်း ဖြစ်နေတာတွေက လူမျိုးရေး ခွဲခြားမုန်းတီးမှုကို ကူးပြောင်းသွားနိုင်တဲ့ဖြစ်ရပ်မို့..

ကွန်မန့်လည်းမပေးဘဲ နေတာတောင်.အခုဒီသတင်းဓါတ်ပုံတွေကိုတော့ သဂျီးပြောနေတဲ့

စီဂျေဆိုတဲ့ထုံးစိတ်ကိုနှလုံးမူပြီး ရေပန်းစားဖြစ်ရပ်ရဲ့ နောက်ဆက်တွဲသတင်း အဖြစ်တင်လိုက်ပါတယ်ဗျ..

သူတို့ပြော.တောင်းဆိုနေကြတာတော့ တရားဥပဒေ ကိုယုံကြည်ချင်ကြတဲ့ပုံပဲဗျ..


လူအုပ်ပေါ်ဖို့ အဝေးရိုက်ချက်.


သူတို့တောင်းဆိုတဲ့ စာတချို့ပေါ်လွင်ဖို့ အနီးကပ်ရိုက်ချက်


လုံခြုံရေးလည်း အသင့်ပါပဲ


ပြန်ကုန်ကြတဲ့ တချို့တဝက်


ဆူးလေတံတားပေါ်က ရိုက်ချက်

ပုံနည်းရင်.. ဝါးနေခဲ့ရင် သည်းခံကြည့်ပေးကြပါလို့တောင်းဆိုရင်း..ဓါတ်ပုံအတော်များများတော့ကြုံသလို ရိုက်မိခဲ့ပေမဲ
ဆိုးရွားတဲ့ ကွန်နက်ရှင်ကြောင့် ဖြစ်ရပ်ကိုပေါ်လွင်စေလောက်မဲ့ ပုံတွေကိုပဲ တင်လိုက်ပါတယ်..နော်.

41 comments

  • Moe Z

    June 5, 2012 at 3:02 pm

    စီဂျေ ဦးမတ်ပါလား မြန်လိုက်တာ ..
    ဟိုဘက်မှာ ကိုကြောင်ဝတုတ်ပြောသလို
    မြန်မာပြည် ငြိမ်းချမ်းပါစေလို့ပဲ ..

  • Khaing Khaing

    June 5, 2012 at 3:02 pm

    ကိုမတ်ရေ ……… သတင်းupdateတင်ပေးတာ ကျေးကျေးပါ ……. ကြည့်လည်းရိုက်ဦး ပြုတ်ကျဦးမယ်နော် … တံတားပေါ်ကနေ …….

  • amatmin

    June 5, 2012 at 3:05 pm

    အချိန်လေးပြောဖို့ ကျန်ခဲ့လို့.. 🙂
    ကျနော်ဓါတ်ပုံရိုက်ခဲ့တာက ၂ နာရီဝန်းကျင်လောက်ဖြစ်ပီးတော့
    အခုလည်း လူစုကွဲပုံမပေါ်သေးဘဲ..ဆူးလေဘုရားဘေးပတ်လည်က ဝိုင်းကြည့်နေတဲ့.
    လူတွေက ပိုများလာပုံပဲဗျ..

  • etone

    June 5, 2012 at 3:05 pm

    လက်သွက်တယ် … ကိုမတ်ကွ … MG CJကြီး ကွ …. ချီး ယား စ် ..

    (သဂျီးမင်းသို့ … မှတ်ချက် …. မြှောက်ပေးခြင်းမဟုတ်ပါ … သတင်းဓါတ်ပုံလျှင်မြန်စွာ ရယူနိုင်ခြင်းအပေါ် … အားတက်ခြင်းသာဖြစ်သည် ) 😀

  • မောင်ပေ

    June 5, 2012 at 3:06 pm

    အမျိုးထိတော့ ဆန္ဒတွေပြကုန်ဘီပေါ့
    စီဂျေ အမတ်ရဲ့သတင်းထူးကို ဓါတ်ပုံများနဲ့တွေ့ရလို့ ရှဲရှဲ

  • kai

    June 5, 2012 at 3:06 pm

    တရားဥပဒေစိုးမိုးရေး.. လို့ဆိုင်းဘုတ်ကိုင်ထားတာ.. ဖတ်မိပါတယ်..

    အေးချမ်းစွာပြီးသွားပုံရတာမို့.. ဆိုင်ရာသူအားလုံးကို.. သာဓုခေါ်လိုက်ပါကြောင်း..။
    အနောက်ကမ်းရိုးတမ်းဒေသမှာ.. ဖြစ်ခဲ့တဲ့.. အရေးအခင်းအားလုံး.. တရားဥပဒေအတိုင်း.. ဖြစ်လာမယ်လို့.. ယူဆမိပါကြောင်း.. 🙂

    • char too lan

      June 5, 2012 at 3:42 pm

      သဂျီးမင်းရယ်…
      တည်တည်တံ့တံ့ယူဆပါ ပျောင်ချော်ချော်မလုပ်ပါနဲ့ 😆

  • pooch

    June 5, 2012 at 3:06 pm

    ကျမက the voice ကတင်တာတွေ ဖတ်နေတုန်း ဒီဘက်ပြန်လာတော့ တင်ပြီးနေပြီ ။ မြန်လိုက်တာ။
    သတိတော့ ထားပါ ကိုအမတ်ရေ။

  • ဦးဦးပါလေရာ

    June 5, 2012 at 3:12 pm

    ဘယ်က ပြီးရမှာလဲ..။
    အခုမှ အစပဲရှိသေးတယ်..
    အစ ဆိုတာကတော့ ဒီလိုပဲပေါ့နော..။

    တိုက်တွန်းချင်တာကတော့ ကုလားဖြစ်ဖြစ် ဗမာဖြစ်ဖြစ် ရခိုင်ဖြစ်ဖြစ်
    အားလုံး စိတ်ထိန်းကြပါ။
    ဒါကြီး ကြီးလာရင် အားလုံးကို ကျိန်းသေ ထိခိုက်မှာပါ။

    မကြီးလာစေချင်ရင် လွတ်အောင်နေကြပါ။
    ဘယ်သူရဲ့ ဘယ်လိုလှုပ်ရှားမှု့မျိုးကိုမှ မပူးပေါင်းကြပါနဲ့…။

    • amatmin

      June 5, 2012 at 3:53 pm

      ဦးပါပြောတဲ့အတိုင်း..
      ဘယ်သူတွေက ဘယ်လိုခြေလှမ်းတွေနဲ့
      နောက်ကိုပြန်ရောက်ချင်နေကြတယ်ဆိုတာ..
      အကုန်သိထားကြပီး..
      ဘကြီးစိန် စကားအတိုင်း ဘာအကြောင်းနဲ့မှ နောက်ကိုပြန်မလှည့်ဘူး ဆိုတာကို..
      ယုံကြည်ရင်း..သတိလေးတွေရှိကြစေချင်ပါတယ်

      • ချစ်ရင်ထူးနှစ်

        June 6, 2012 at 12:16 am

        ဦးမတ် .. ရဲကားက တာယာ အသစ်ဗျ နော် ..

  • ဗိုက်ကလေး

    June 5, 2012 at 3:18 pm

    ဗယာကြော် စီဂျေ အူးမင်းမတ်
    ဒါနဲ ့
    သူတို ့ဘာများတောင်းဆိုကြတာလဲဗျ..
    ငြိမ်းငြိမ်းချမ်းချမ်း မြင်ချင်ပါတယ်ဗျား..

  • R Ga

    June 5, 2012 at 3:22 pm

    ကိုမတ်ရာ အဟီး ကျွန်တော် ကတော့ သူများဆိုဒ်တွေက ပုံတွေ နဲ့ အခုလေးတင် တင်လိုက်မိတယ်ဗျာ.. ။ ဆော်ရီးဗျာ..။ ဒါပေမဲ့ နည်းနည်းတော့ ကွဲမယ်တော့ထင်တာပါပဲဗျာ။။။။ နောက်မှတွေ့မယ်။

  • ကိုရင်စည်သူ

    June 5, 2012 at 3:31 pm

    အေးအေးချမ်းချမ်းပြီးသွားတာပဲ ဝမ်းသာရမှာပါ။
    ဆန်ဒပြသူတွေကကော တကယ်တရားဥပဒေစိုးမိုးစေချင်တာလား
    ကိုယ့်ဘာသာတူတွေကြောင့် မခံချင်စိတ်နဲ့
    ဝင်ညှောင့်နေတာလားဆိုတာ တွေးစရာပါ။
    မူစလင်တွေ ဘာသာရေးစိတ်ဓါတ် အရမ်းပြင်းထန်တာ
    တစ်ကမ်ဘာလုံးသိပါတယ်။
    သက်ဆိုင်ရာအနေနဲ့ ဒီကိတ်စကနေပြီး အာရုံတစ်ဘက်လှည့်လို့ရတဲ့
    အာရုံပြောင်း ဆိုက်ကိုနိုင်ငံရေး တစ်ကွက်လောက် ထပ်သုံးမယ်လို့
    မြင်မိပါကြောင်း…. 🙂 🙂

  • မှော်ဆရာ

    June 5, 2012 at 3:36 pm

    လက်သွက်သော အမတ်မင်း … ဟီ ဟီ ဟိ … 🙂
    CJ ပီသတာ ချီးကျူးပါသဗျာ

  • blackchaw

    June 5, 2012 at 3:53 pm

    လတ်လတ်ဆတ်ဆတ် သတင်း ကို
    ဓါတ်ပုံနဲ့တကွ တင်ပြပေးနိုင်တဲ့အတွက်
    သတင်းတန်ဘိုးလည်း ကြီးပါတယ်။
    လက်မထောင်ပြီးအားပေးသွားပါတယ် ဗျာ။
    :mrgreen:

  • ကြောင်ဝတုတ်

    June 5, 2012 at 4:03 pm

    သတင်းကို အမြန်ဆုံးတင်ပေးတဲ့အတွက်… ကျေးဇူးတင်ပါတယ် ကိုအမတ်မင်း….

    ရွာသားကြောင်ဝတုတ်
    ၂၀၁၂

  • Kyi Lwin

    June 5, 2012 at 4:04 pm

    မပြီးသေးပါဘူး။ခုထိ ရှိနေကြတုန်းပါ။
    မီးမွှေးသလားသေချာမသိပေမယ့် ဒီမီးကို မသတ်တာတော့ သေချာတယ်။ ခုပဲ သွားကြည့်ပြီးပြန်လာတာ။ လူ ၅ /၆ ယောက်လောက် က တောင်ဂုတ်မှာ အသတ်ခံရတဲ့ ပုံတွေကိုင်ထားတယ်။ ဗလီဖက်မှာ ကပ်ပြီးရပ်နေကြတယ်။ ဘေးကနေ ရပ်နေပေးတဲ့ ကုလားလူမျိုးတွေရှိတယ်။ အသက် ၅ဝ လောက် လူကြီးတစ်ယောက်က ဘ.ယ်မှာလဲ တရားဥပဒေစိုးမိုးတယ် ဆိုတာ ဘယ်မှာလဲ တရားဥပဒေစိုးမိုးတယ်ဆိုတာ ဆိုပြီးအော် နေတယ်။ သတင်းထောက်တွေတော့ တော်တော်များတယ်။ လမ်းပြ မော်တော်ပီကယ်တွေရှိတယ်။ ကျောက်တံတားရဲစခန်းက ရဲတွေ သွားတာမတွေ့ဘူး။
    ရဲကားရပ်ထားတာတွေ့တယ်။

  • Shwe Tike Soe

    June 5, 2012 at 4:32 pm

    ဆရာက ဆရာမို.လို. ဆရာကို ဘာမှမပြောလိုတော့ပါဘူးဆရာ… ဆရာရိုက်ချက် တယ်လန်းသကိုးဆရာရဲ.
    ဆရာ ကိုအားပေးသွားပါတယ်ဆရာ…….
    လက်ရင်းတပည့် ရွှေတိုက်စိုး

  • amatmin

    June 5, 2012 at 4:34 pm

    အခု ၄း၁ဝ ခန့် နောက်ဆုံးမြင်ခဲ့တာကတော့ ..
    မွတ်ဆလင်အမျိုးသားများကလည်း လူစုမခွဲသလို..
    မြန်မာလူမျိုးအတော်များများလည်း ဝိုင်းအုံလာကြတဲ့အပြင်..
    အသတ်ခံရတဲ့ ဓါတ်ပုံတွေကို ဘာကြောင့်ကိုင်ဆောင်ပြီး ..
    တောင်းဆိုသလဲဆိုတာကိုမေးခွန်းထုတ်ကြတဲ့အပြင် အသတ်ခံရတဲ့ရခိုင်မိန်းကလေးငယ်..
    ဖြစ်ရပ်ကိုလည်း ဝိုင်းဝန်းအော်ဟစ်လာကြပါတယ်..
    ပြည်ထဲရေးမှ တာဝန်ရှိပုဂ္ဂိုလ်တယောက်ရောက်လာပြီး..
    ရှင်းလင်းပြောဆိုတာကို တွေ့လိုက်ရသလို..သူပြောသွားတဲ့
    မီဒီယာတွေက အစဆွဲထုတ်တယ် ဆိုတဲ့
    စကားတခွန်းကိုလည်း နားထောင်နေတဲ့ဒီယာသမားတွေကဒေါသထွက်နေတာကို တွေ့ရပါတယ်…
    အခုလက်ရှိလည်း ကိုယ့်အုပ်စုအလိုက် စုဝေးနေကြသလို အဆင့်မသင့်ရင် ခိုက်ရန်ဖြစ်ပွားနိုင်တယ်လို့
    ထင်ကြောင်းပါဗျ….

  • blackchaw

    June 5, 2012 at 4:38 pm

    ကိုမတ်ရေ။
    ဒီအချိန်မှာ ဒီကွန်းမန့်သာ
    အကောင်းဆုံးဗျ…။

    ဦးဦးပါလေရာ says:
    ဟိုဘက်ပိုစ့်မှာလဲ မန့်ပြီးပြီ
    အခုလဲ ထပ်ပြီးပြောဦးမှာပဲ…
    သွေးပူပြီးလျှောက်လုပ်ရင် အမှားတွေပဲဖြစ်မှာပါ။
    တကယ်က တရားဥပဒေအတိုင်း ဘက်မလိုက် ငွေမစား ပဲ တိတိကျကျ စီရင်ဘို့သာ တွန်းအားပေးရမှာ..။
    အခုလိုလုပ်တော့ ဘာအကျိုးရှိသလဲ..
    ကမ္ဘာမှာ မြန်မာတွေ နာမည်ပျက်တာပဲရှိတယ်။
    တကယ်ဆန့်ကျင်တိုက်ဖျက်ရမှာက-
    ကုလားလူမျိုး တရုတ်လူမျိုး ကိုမဟုတ်ဘူး
    အစ္စလာမ်ဘာသာဝင် ခရစ်ယာန်ဘာသာဝင်ကိုမဟုတ်ဘူး
    မကောင်းတဲ့သူ (လူဆိုး) ဆိုရင် ဘာဘာသာ ဘာလူမျိုးဖြစ်ဖြစ် ဆန့်ကျင်တိုက်ဖျက်ရမှာ..။

  • etone

    June 5, 2012 at 4:41 pm

    အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရတော့မယ် …. ။
    ထိရောက်တဲ့ အမြန်မချနိုင်လျှင် … အခြေနေတွေ ပိုဆိုးကုန်တော့မှာပဲ ………. ။ 🙁

  • kai

    June 5, 2012 at 4:47 pm

    ကျုပ်ဆီမှာ.. ဒီဖြစ်ရပ်တွေဟာ.. စနစ်တကျနဲ့..ဖန်တီးထားပုံရတယ်လို့.. ယူဆစရာ.. အထောက်အထားတချို့ရှိတယ်..

    မေ၂၅မှာ.. အနောက်ဖက်ကမ်းရိုးတမ်းက.. မွတ်စလင်တယောက်ကပဲ.. အယ်လ်ကိုင်ဒါတွေသံတွဲလာမယ်ဆိုပြီး..ပို့စ်တင်ခဲ့တယ်..
    အဲဒီပို့စ်ထဲပဲ.. တယောက်က.. အယ်လ်ကိုင်ဒါမဟုတ်ပဲ.. မွတ်စလင်ကလေးငယ်တွေကိုယဉ်ကျေးလိမ္မာအောင်ဆုံးမသင်ကြားပေးတဲ့သူတွေဖြစ်တယ်လို့..ကော်မန့် ပြန်ရေးခဲ့တယ်..

    တကယ်လို့သာ…
    တကယ်လို့သာ..

    အခုရက်ရက်စက်စက်အသတ်ခံရသူတွေဟာ.. အဲဒီသူတွေသာဖြစ်မယ်ဆိုရင်…

    ..
    နောက်တခုက…
    အခု..ဆူးလေစေတီနား ဆန္ဒပြနေသူတွေကိုင်ထားတဲ့..ဓါတ်ပုံတွေဟာ.. ဘယ်ကပုံတွေလည်း.. မန္တလေးဂေဇက်မှာ.. တင်ထားခဲ့တဲ့ပုံတွေလား.. သိချင်မိတယ်..

    အဆက်အစပ်တချို့.. မြင်သာမှာပါ…

    • amatmin

      June 5, 2012 at 5:04 pm

      သဂျီးစကားကို..
      ထောက်ခံလိုက်သဗျ…
      တောင်ကုတ်ကိစ္စမတိုင်ခင် တင်တဲ့ပို့စ်ရော..
      အဲ့ဒီဖြစ်ရပ်အပြီး ပို့စ်မှာပြောဆို မန့်ကြတဲ့ပုံတွေ အရရော..
      မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး…
      တကယ်လို့သာ ဆက်စပ်နေခဲ့မယ်လို့များ ထင်သာလာခဲ့ရင်တော့..
      သဂျီးဆီက စည်းမျဉ်းအသစ်တွေ မြင်ရဦးမဲ့ပုံပဲ ရယ်.. 🙁

    • ကိုရင်စည်သူ

      June 5, 2012 at 5:08 pm

      ဟုတ်တယ် သဂျီးရေ… ကျနော်လည်း မှတ်မှတ်ရရပဲ
      အဲ့ပို့စ်မှာ အရမ်းဆဲနေတာ မြင်တာနဲ့ အမြင်မတော်လို့
      ဆိုပြီး ဝင်တရားဟောလိုက်သေးဒလယ်….
      ဆားပုလင်းဦးခိုင်ရေ… အိုင်ပီတော့… တဖြည်းဖြည်း
      ဂွင်းဆက်တွေကို ဆက်မိလာပြီ…။
      အဖြေပေါ်ဖို့ ဘီအီးတစ်ပက်လောက် သွားကစ်လိုက်ဦးမယ်.. ဟီးး.. 😀 😀 😀
      အူးဗိုက်ရေ… လိုက်ဦးမလား.. နင့်ကို ၂ ပက်တိုက်မယ်လေ…

    • သားဦး၊မြေးဦး

      June 5, 2012 at 6:21 pm

      ကျနော့်ဘဝ သမိုင်းမှာ အရုပ်ဆိုးအကျဉ်းတန်ဖြစ်အောင် ပြောခံရတဲ့ ပို ့စ်ဖြစ်လို ့
      သူ ့အကြောင်းအတော်သိချင်တယ်ဗျာ။အဲ့တုန်းက အကောင့်(၂)ခုက အဓိကပါ။
      adular /Tun Tunနဲ ့Thu Thu ပါဘဲ။Thu Thu ကကွန်မန် ့ပေးသူပါဘဲ။
      တောင်ကုတ်ကိစ္စမှာ သေဆုံးသွားသူတွေဟာ ဒီလ(၂၅)ရက်နေ ့ကတင်တဲ့ပို ့စ်နဲ ့
      တော့ မပတ်သက်ပါဘူး။အဲ့ဒီပို ့စ်တင်သူကို သူကြီး ပြောပြသင့်တယ်ထင်ပါတယ်။
      ဒီလ (၂၅)ရက်နေ ့တင်တဲ့ပို ့စ်က ဂျမာအသ်အဖွဲ ့သားများမှာ ကိုယ်ပိုင်ကားများဖြင့်
      လာရောက်၍ အေးဆေးစွာ ပြန်သွားကြခဲ့ပြီးပါပြီ။

  • Khin Kha

    June 5, 2012 at 4:47 pm

    အခုကြားရတာက သံတွဲကားမှာ အသတ်ခံရတဲ့သူတွေက အဲဒီဆူးလေနားက ဗလီကတာဝန်ခံပြီး
    စေလွှတ်ခေါ်တာမို့ အခုလိုဖြစ်တဲ့ကိစ္စမှာ ဆူးလေနားကဗလီကတာဝန်ခံမှု့အားနည်းလို့ ဗလီကိုဆန္ဒပြတာလို့ ပြောနေကြတယ်။ ဟုတ်မဟုတ် သိတဲ့သူများအတည်ပြုပေးပါ။

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 4:58 pm

    Oo မတ်က ..
    CJ ပီသပါ့ ..
    ဂုဏ်ယူပါတယ်ဗျ ..
    ဓါတ်ပုံတွေနဲ့ သတင်းအတွက် ကျေးကျေးပါနော့ …

  • ညလေး

    June 5, 2012 at 6:54 pm

    ဝါး….
    သတင်းထူးလေးကြည့်လိုက်ရလို………
    .ကျေးဇူးအများရီးတင်ပါဂျောင်း

  • MaMa

    June 5, 2012 at 7:11 pm

    ရွာထဲက အမတ်မင်းကတော့ သတင်းတွေကို ရွာထဲမှာ အချိန်နဲ့ တပြေးညီ တင်ပေးပြီး အမတ်အလုပ် (စီဂျေတွေ နားထား) ကို တာဝန်ကျေပါပေတယ်။
    ဗရာကြော်ပါ။
    ဆက်ကြော်ပါ။

  • ကိုရင်မောင်

    June 5, 2012 at 8:29 pm

    ဦးဦးဖျားဖျား သတင်းပို့ပေးတဲ့
    တို့ရွာသားအမတ်မင်းကိုဂုဏ်ယူပါတယ်…
    နောက်လဲများများရိုက်ပို့ပေးပါအုံးနော်
    ဒီဇာတ်လမ်းဒီမှာတင်ပြီးမှာမဟုတ်သေးဘူးထင်တယ်…

  • htoosan

    June 5, 2012 at 10:06 pm

    ဘာယာကြော်ပါ အမတ်မင်းရေ .. အသိတစ်ယောက်က မြို့ထဲ မသွားဖို့ လှမ်းသတိပေးတော့ မဟုတ်ဘူးလို့ထင်ခဲ့တာ။ ကောလဟာလ လို့ထင်ခဲ့တာ။ အခုမှ သတင်းစုံသိရတော့တယ်ဗျို့ ။

    ဒီနေ့ သံတွဲ ကို တောင်ကုတ်က လူတွေ ဆင်းလာတယ် ဆိုပြီး နေ့လည် ၃း၃ဝ လောက်မှာ သံတွဲ အဝင်လမ်းတွေ အားလုံးပိတ်ခဲ့တယ် ။ ဈေးကိုလည်းပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ် ။ ဒါပေမဲ့ ဘာမှ မဖြစ်ကြဘဲ ညနေ ၅ နာရီလောက်မှာတော့ ပြန်လည် သွားလာခွင့်ပေးခဲ့တယ်လို့ သိရပါသည်။

  • padonmar

    June 5, 2012 at 10:53 pm

    ဘရာကြော်ပါ အမတ်မင်း
    ဘရာကြော်ပါ ဆားပုလင်းသူကြီးမင်း

    ဒီကိစ္စတွေ နောက်ကွယ်ကကြိုတင် ဖန်တီးချက် ပါမပါစဉ်းစားကြဖို့လိုပါတယ်။
    ၈၈ ကိုမြအေးကလည်း ထောင်ချောက်ထဲမဝင်ဖို့ပြောသွားပါတယ်။
    ရွာသူရွာသားတွေလည်း လူမျိုးရေး ဘာသာရေး အစွဲတွေ ထည့်ပြီး မဝေဖန်ကြဖို့လိုပါတယ်

  • padonmar

    June 5, 2012 at 10:58 pm

    ဗုဒ္ဓဘာသာဝင်စစ်စစ်က လူမသတ်ပါဘူး။
    မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေက အစ္စလာမ်ဘာသာဝင်တွေကို သတ်မိကြတဲ့အတွက်
    ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်။

    ကျူးလွန်တဲ့ ၂ဖက်စလုံး သူတို့တရားသူတို့စီရင်ကြပါလိမ့်မယ်။

    • kai

      June 6, 2012 at 1:45 am

      ဗုဒ္ဓဘာသာဝင်စစ်စစ်က ဘယ်အကြောင်းပြချက်နဲ့မှ(ဘယ်အကြောင်းပြချက်နဲ့မှ) လူမသတ်ရတဲ့အပြင်.. သတ်သူ/သတ်ရန်ကြံစည်နေသူတွေကိုလည်း ဖြောင်းဖျတားမြစ်ရပါမယ်..။

      လူသားဖြစ်တည်မှုအတွက်.. တာဝန်ယူမှုလေးပါထည့်ပြီး..
      .. အဲဒီလိုပြန်ဖွင့်ချင်ကြောင်းပါ.. :mrgreen:

    • Foreign Resident

      June 6, 2012 at 5:57 am

      ” မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေက အစ္စလာမ်ဘာသာဝင်တွေကို သတ်မိကြတဲ့အတွက်
      ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ် ”

      အဘ လည်း ၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်ကွယ် ။
      ဟိုဖက် Post တစ်ခု မှာလည်း ကိုအောင်ပု တောင်းပန်ထားတာတွေ့တယ် ။
      ပြန်ရှာအုန်းမှ ။

  • သားဦး၊မြေးဦး

    June 5, 2012 at 11:16 pm

    ဒေါက်တာရေ. ကျနော်တို ့သံတွဲမှာ ဘာသာပေါင်းစုံအေးဆေးစွာနေထိုင်လာခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။
    ကျနော့်အသက်ထိအရွယ် (၃၀)နားထိမှာ ဘာသာရေးနဲ ့ပတ်သက်ပြီးဘာအဓိကရုဏ်းတစ်ခုမှမဖြစ်ဖူးပါဘူး။
    သံတွဲမှာ ကဈေးကြီးမီးလောင်လို ့နစ်နာဆုံးရှုံးသူတွေ နေရာတကျမလုပ်ကိုင်နိုင်သေးတာ၊မိုးရာသီဖြစ်လို ့ချောင်း
    ရေကြီးမှာရယ်၊အရောင်းအဝယ်မကောင်းကြတာရယ်၊ခုလို သတ်ကြ၊ဖြတ်ကြနဲ ့ရုတ်ရုတ်သဲသဲမို ့အားလုံး လုပ်ကိုင်
    စားသောက်ရတာတွေ ပျက်ရပါရောလား။
    သံတွဲမြို ့လူဦးရေမှာ ၅၀%က ဗုဒ္ဓဘာသာ၊၃၀%က အစ္စလာမ်၊၁၅%က ခရစ်ယန်၊၅% ကဟိန္ဒူတွေပါ။အားလုံး
    ညီရင်းအကိုတွေလို အတူတူနေလာကြတာ နှစ်ပရိစ္စတ မနည်းတော့ပါ။

  • ကြောင်ကြီး

    June 6, 2012 at 9:59 am

    ဒီမိုကရေစီမှာ အများစုဆန္ဒကို လိုက်နာရပီး အနည်းစုအမြင်ကို လေးစားဂျရဒယ်။ အဂုလည်း မွတ်စလင်များရဲ့ အမြင်သဘောထား ထုတ်ဖော်ပြမှုကို နားလည်လက်ခံပေးရဗာမယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် အားနည်းသူကို အားကြီးသူဂ ဖိနှိပ်ကြေးဆိုရင် ကိုယ့်အလှည့်လည်း ပိုအားကြီးသူရဲ့ ဖိနှိပ်မှုခံရပါလိမ့်မယ်။ အခြားနေရာတွေမှာ အနည်းစုဖြစ်နေတဲ့ မွတ်စလင်မဟုတ်သူများအတွက်လည်း အမြင်ကျယ်ကျယ်နဲ့ စဉ်းစားပေးဂျပါ၊ မွတ်စလင်များကလည်း တဖက်အမှားတခုထဲ ကြည့်တာထက် ကိုယ့်ချို့ယွင်းချက်များကို အခွင့်သင့်တုံး ဆင်ခြင်သုံးသပ်ကြဗာလို့…။

  • kyaw zin

    June 6, 2012 at 10:21 am

    ကျွန်တော်ကတော့ ချမ်းချမ်း ရဲ့ သီချင်းလိုပဲ တကယ်ဆိုရင်အချစ်ပဲလိုတယ်လို့ပဲ ပြောချင်မိတယ်ဗျာ
    1942 နှစ်လို စစ်တွေမှာဖြစ်သွားတဲ့ ကုလား ဗမာအဓိကရုဏ်မျိုးထပ်မဖြစ်စေချင်တော့ပါဘူးဗျာ
    လူသားအားလုံးကိုလေးစားပါတယ်

  • SkyHeart WinKo

    June 6, 2012 at 11:09 am

    ဗိုလ်ချူပ်ပြောခဲ့သလို သောက်ကျင့်တွေ ပြင်ကြပါ။ သေချာစဉ်းစားပြီးမှ ရေးကြပါ၊
    ဝေလေလေနဲ့ ထင်ရာတွေကိုပြော ထင်ရာတွေကိုရေး နေရင် တိုင်းပြည်အတွက် အမှိုက်တွေပါ။
    ဒို့ဗိုလ်ချူပ်ကိုလည်း မုဒိန်းကောင်တွေခေါ်လါတယ်ဆိုပြီး သောက်ရူးတွေ ပြောခဲ့ဘူးပါတယ်။
    ဗမာပြည်လွတ်လပ်ရေးအတွက် အာဇာနည် တွေထဲမှာ အားလုံးပါကြပါတယ် သတိရကြမှာပါ။ တိုင်းပြည်တိုးတက်ရန်အတွက် လက်တွေလိုနေတာပါ။ ပါးစပ်တွေမဟုက်ပါဘူးကွာ။
    ၈နစ်ရှိပြီ ငါစောင့်နေပါတယ်။ တိုင်းပြည်ကိုတစ်ကယ်တိုးတက်စေချင်လျှင်
    ( ရှေ့ကသွားလျှင် အီးမပေါက်နှင့် နောက်ကလိုက်လျှင် ဖိနပ်မနင်းနှင့် )
    မည်သည့်ဘာသာမဆို မျက်လုံးမှိတ်ပြီးမကိုးကွယ်ပါနှင့်ဘာသာဆိုတာ ယုံကြည်ချက်နှင့် သက်ဆိုင်တဲ့အတွက် ဘာသာပြောင်းတိုင်း လူမျိုးပြောင်းသွားတယ်လို့ထင်နေသမျှ ဒို့ဗမာတွေအလိမ်ခံနေရမှာပါ။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈)

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    June 6, 2012 at 11:57 am

    အနိစ္စ၊ ဒုက္ခ ၊ အနတ္တ ။
    ဘယ်အရာမှ မမြဲပါလား။

Leave a Reply