ဆူးလေဘုရားအနီးရှိ ဘင်္ဂ ါလီ ဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင်တချို့ ယခုဆန္ဒဖော်ထုတ်လျှက်ရှိ

အာဂJune 5, 20121min799

ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားအနီးရှိ ဘင်္ဂ ါလီ ဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင်တချို့ ယခုဆန္ဒဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိသည်။ ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ သတင်းစာတွင် မွတ်ဆလင်ကုလားဟူသည့်အသုံးအနှုန်း သုံးနှုန်းခဲ့ခြင်းကြောင့်လည်းကောင်း ဆန္ဒဖော်ထုတ်မှုပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒဖော်ထုတ်သူမှာ ၁ဝ ဦးခန့်ရှိပြီး တရားဥပဒေစိုးမိုးရေးဟူ သည့် စာတမ်းများကို ကိုင်ဆောင်ထားကြ ကာ တောင်ကုတ်မြို့နယ်တွင် သတ်ဖြတ်ခံရသူတို့၏ အလောင်းဓာတ်ပုံများကိုလည်း ကိုင်ဆောင်ထားကြ သည်ဟု ထိုနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက် က ပေးပို့သည်။


ဆန္ဒပြမှုဖြစ်ပွားနေသော အစ္စလာမ်ဘာသာဝင်းများကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး လာရောက်ဖြန်ဖြေပေးနေစဉ်။ photo The Voice Weekly


http://a4.sphotos.ak.fbcdn.net/hphotos-ak-snc7/s720x720/599329_424593754227556_158797964140471_1440947_1918662590_n.jpg
http://a8.sphotos.ak.fbcdn.net/hphotos-ak-ash3/s720x720/579554_424588394228092_1201501635_n.jpg
http://a2.sphotos.ak.fbcdn.net/hphotos-ak-ash3/s720x720/551730_424587904228141_158797964140471_1440876_602932335_n.jpg
http://a6.sphotos.ak.fbcdn.net/hphotos-ak-ash4/s720x720/197715_424586820894916_2133752973_n.jpg
http://a3.sphotos.ak.fbcdn.net/hphotos-ak-ash4/s720x720/283753_424586080894990_453315712_n.jpg
http://a5.sphotos.ak.fbcdn.net/hphotos-ak-snc6/s720x720/8098_424585617561703_158797964140471_1440870_887513557_n.jpg
http://a2.sphotos.ak.fbcdn.net/hphotos-ak-snc7/s720x720/576582_424585270895071_2146075212_n.jpg

မှတ်ချက် ။ The Voice Weekly Facebook မှပေါ်ပြအပ်ပါသည်။ ကူးယူဖေါ်ပြခြင်းဖြစ်သော်ငြား လက်တစ်လောဖြစ်နေတသော သတင်းဓာတ်ပုံများကို ရွာသားများသိစေ ချင်သော ဆန္ဒဖြင့်ဖေါ်ပြပေးအပ်ပါသည်။ အဆိုပါ ကိစ္စနှင့် ပါတ်သက်၍ သတင်းအစုံသိစေချင်ပါက အောက်ပါလင့်များမှ ကြည့်ရှုနိုင်ပါသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=13947:2012-06-04-06-21-15&catid=42:2009-11-10-07-36-59&Itemid=112
http://www.news-eleven.com/index.php?option=com_content&view=article&id=13952:2012-06-04-19-30-58&catid=42:2009-11-10-07-36-59&Itemid=112

43 comments

  • ဗိုက်ကလေး

    June 5, 2012 at 3:42 pm

    မှားတဲ့ဘက်က စမှားတယ်
    ဂလဲစားချေတဲ့ဘက်က ပြန်ချေတယ်..
    နှစ်ဘက်စလုံး လွန်ခဲ့ကြပြီးပြီ
    ကိုယ့်အမှား ကိုယ်ခံ ကိုယ့်အပြစ် ကိုယ်ခံကြယုံပဲ..
    အဲဒါမှာ ဘယ်သူမှ ထပ်မမှားကြဖို ့လိုတယ်ဗျ
    သွေးကြွရင် တစ်ပူပေါ် နှစ်ပူ ဆင့်ကုန်လိမ့်မယ်..
    သတိတော့ ထားကြ
    ဝိုင်းဝန်း ဖြေရှင်း ညှိနိုင်းပေးကြ..
    ဝိုင်းတော့ မကြပ်ပေးသင့်ဘူးပေါ့နော..
    ကျနော့ အမြင်ပါ

    • honey phyo

      June 5, 2012 at 8:31 pm

      မှားတဲ့ဘက်က စမှားတယ် ဆိုတာတော့ မဟုတ်သေးဘူး ထင်ပါတယ် မသီတာထွေးအမှုကို ကျူးလွန်သူတွေက အစလာမ်ဘာသာဝင်တွေ အားလုံးမဟုတ်ပါဘူး ပြစ်မှုကျူးလွန်သူများကိုသာ ဥပဒေက ထိထိရောက်ရောက် အပြစ်ပေးရမယ့် ကိစပါ ဒီလိုပြစ်မှုမျိုးဆိုတာကလည်း ဘယ်ဘာသာ ဘယ်လူမျိုးမှာပဲဖြစ်ဖြစ် ယုတ်မာတတ်တဲ့သူက ယုတ်မာတာပါပဲ ကျူးလွန်သူတွေက ဘာရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့မှန်း မသိပေမယ့် အစလာမ်ဘာသာမှာ ဒါမျိုးမရှိပါဘူး ဘယ်ဘာသာမှာမှလဲ ဒါမျိုးမရှိပါဘူး အဓိကတရားခံများကသာ အပြစ်ခံရမယ့် ကိစမှာ အပြစ်မရှိသူတွေ သေဆုံးခဲ့ရပါတယ် ဒီလိုမင်းမဲ့စရိုက် ဖြစ်သွားတာသာ နိုင်ငံအတွက် နစ်နာတာပါ

  • shwe kyi

    June 5, 2012 at 3:48 pm

    ကုလားလို့သုံးတာမကျေနပ်ရင် ဗမာလို့ပြန်ခေါ်ဟာ။ ရှုပ်တယ်။
    ဦးဗိုက် ပြောတာထောက်ခံပါတယ်။ ဒီရန်ကုန်အထိ ပြသနာကိုသယ်မလာစေချင်ဘူး။
    အားလုံးပဲ သည်းခံကြပါ။

    • Mg Shwe

      June 5, 2012 at 5:22 pm

      no bro we r not kalar
      we r muslim so we want to call us muslim

  • may flowers

    June 5, 2012 at 3:58 pm

    ကုလားခေါ်တာ မကြိုက်ရင်ဘယ်လိုခေါ်ရမလဲဟင်။ မြန်မာဝေါဟာရ စကားလုံးသစ်ပြန်ထွင်ရမလို

    ဖြစ်နေပြီ။ ဖူးးးးးးးးးးး။

    • kai

      June 5, 2012 at 4:08 pm

      ကုလားနဲ့..တရုတ်လို့ရေးကြ..ပြောကြတာကို.. ကာယကံရှင်တွေ ကြိုက်မကြိုက်.. နို်င်ငံအဆင့်.. Pollတင်သင့်တယ်..
      မကြိုက်ကြရင်..မသုံးဖို့ပါပဲ..
      ဥပဒေလုပ်ထုံးထုတ်ပြီးမှ.. သုံးစွဲပြောဆိုသူတွေကို.. နှိမ့်ချခွဲခြားမှုကာကွယ်ဥပဒေ(Anti-discrimination law) ထုတ်ပြီး..အရေးယူဖို့ပဲ..။

      ဒါကို..တလောလေးကတင်.. ကျုပ်ရေးခဲ့ဖူးတယ်..။
      ပြည်ထောင်စုနိုင်ငံမျိုးမှာ.. မြန်မာစကားအသုံးအနှုံးတွေ.. တော်တော်များများ.. ခေတ်နဲ့လျှော်ညီအောင် ပြင်သင့်နေပါပြီ…
      အဲ..
      ဓလေ့..ထုံးတမ်း..ယဉ်ကျေးမှုတွေရောပေါ့.. :mrgreen:

      အဲဒါတွေက.. မကြာခင်နှစ်တွေမှာ..နိုင်ငံအနှံ့.. Conflict တွေအကြီးအကျယ်ဖြစ်စေလိမ့်မယ်..။

      • Knowledge Seeker

        June 5, 2012 at 4:19 pm

        Dear Kai,
        Out of my curiosity, please may I bother you to let me know why my post below is not showing and instead the rules are appearing. Did I made any wrong steps to post it.

        “The clash between the soliders and the police in Nyaung U”

        It looks like hearsay but it is a true statement and in deed it is deepening more and more inside. No body know it now but it is happening as a growing concern. Please let me know what happened to my post.

        Thank you so much for your kind clarification in advance.

        Best Regards,

        Knowledge Seeker

        • kai

          June 5, 2012 at 4:31 pm

          … မြန်မာပြည်အနောက်ဖက်ကမ်းရိုးတန်းက.. အိုင်ပီလိပ်စာနဲ့တင်တဲ့… ပို့စ်တွေစိစစ်နေပါတယ်..
          တချိန်ထဲ.. စနစ်တခုစမ်းသပ်နေပါတယ်..
          စနစ်အရ.. တချို့ပို့စ်တွေဟာ.. ရွာသူားတွေပဲ.. အဆင့်အလိုက်.. ဖတ်နိုင်မြင်နိုင်မှာပါ..
          Knowledge Seeker အရင်တင်တဲ့ ပို့စ်ဟာ.. ရွာသူားအဖြစ် လော့ဂ်အင်လုပ်မှ မြင်နိုင်..ဖတ်နိုင်တာ… ဖြစ်နေတာပါ..။
          =
          အခုပို့စ်တော့..အားလုံးအတွက်.. ပြန်ဖွင့်ပေးလိုက်ပါကြောင်း..။

        • Foreign Resident

          June 5, 2012 at 6:39 pm

          သူကြီး Kai ရေ ။

          တစ်ချို့ Post တွေကို ကျနော် ဝင်ကြည့်လို့မရဖြစ်နေတယ် ။
          တခြား ရွာသူားတွေတော့ မန့်နေတာတွေ့နေရတယ် ။
          ကြည့်လုပ်ပါဦး ။

    • we R one

      June 5, 2012 at 4:20 pm

      ရိုဟင်ဂျာ လို့ အခေါ်ခံချင်နေကြတာလေ….

      • Mg Shwe

        June 5, 2012 at 5:34 pm

        no frd we r not kalar
        we r muslim so we want to call us muslim
        1thing i want to clear
        Kalar is not religion name
        is racial name

    • ကိုရင်စည်သူ

      June 5, 2012 at 4:25 pm

      မကြိုက်ရင်လည်း ကုလားလို့ မခေါ်ဘူး… ကီလားလို့ခေါ်မယ်..
      တရုတ်လို့ ခေါ်တာမကြိုက်ရင် ဝီလုပ်လို့ ပြောင်းခေါ်မယ်… ဟီးး.. 😀 😀
      အမည်ဆိုတာ ပညတ်ချက်ပဲဟာ လွယ်လွယ်ပြောင်းလို့
      ဘယ်လွယ်ပါ့မလဲ…
      စကားတစ်ခွန်းရှိတယ်… ဘာတဲ့
      ပညတ်သွားရာ ဓါတ်သက်ပါဆိုလား….
      ကိုရင်က ဓါတ်သမား… ဓါတ်ခဏခဏ ချုပ်တတ်လို့… အဟွတ်… 😎 😎

      • kai

        June 5, 2012 at 4:40 pm

        ယူအက်စ်မှာ.. Black တွေကို.. နီးဂရိုးလို့ခေါ်ခဲ့ဖူးတယ်..
        နောက်ပိုင်း..အဲဒီအမည်ကို.. တရားဝင်ပေးမသုံးဘူး..။ ခေါ်လို့.. တရားစွဲခံရတာ.. အသတ်ခံရတာတွေတောင်ရှိတယ်..
        During the American Civil Rights movement of the 1950s and 1960s, some African-American leaders in the United States, notably Malcolm X, objected to the word, preferring Black,[4] because they associated the word Negro with the long history of slavery, segregation, and discrimination that treated African Americans as second class citizens, or worse.

        အမည်ဆိုတာ.. ပညတ်ချက်ပေမဲ့.. ကာယကံရှင်တွေမကြိုက်ရင်.. မခေါ်ဖို့ပါပဲ..
        ကိုယ်ဖက်အင်အားကောင်းတာနဲ့.. အနိုင်ကျင့်ခေါ်တာဟာ.. Hate Crime ဖြစ်ဖို့ဦးတည်သွားစေပြီး.. အကျိုးမဲ့စေတာပါ..
        ကိုရင်.. ယူအက်စ်ရောက်ရင်.. အမဲ(ကပ္ပလီ)တွေ့ရင်.. နီဂရိုးသွားမခေါ်နဲ့နော..
        ဓါတ်သမား.. ဓါတ်ရိုက်ခံရမှာ.. :mrgreen:

        ဂွီ.. (ဝမ်းလျှောချင်သလိုလို..)…

  • marblecommet

    June 5, 2012 at 4:34 pm

    ကုလားက ကုလားလို့ခေါ်တာမကြိုက်
    တရုတ်က တရုတ်လို့ခေါ်တာမကြိုက်
    အင်း ..အဲဒါကိုများ
    စစ်တမ်းကောက်ပြီး ဝေါဟာရရွေးရဦးမယ့်ပုံပဲ…
    ချဉ်ထှာ…..

    • က်ိုကိုအိုဗာ

      June 5, 2012 at 7:20 pm

      တုတ်ထိုးကြွေးလိုက်ပေါ့
      ဒါဆိုရင် သိသာကွဲပြာပါလိမ့်မယ်

  • blackchaw

    June 5, 2012 at 4:36 pm

    ဒီအချိန်မှာ
    ဒီကွန်းမန့်သာ
    အကောင်းဆုံးဗျ…။

    ဦးဦးပါလေရာ says:
    ဟိုဘက်ပိုစ့်မှာလဲ မန့်ပြီးပြီ
    အခုလဲ ထပ်ပြီးပြောဦးမှာပဲ…
    သွေးပူပြီးလျှောက်လုပ်ရင် အမှားတွေပဲဖြစ်မှာပါ။
    တကယ်က တရားဥပဒေအတိုင်း ဘက်မလိုက် ငွေမစား ပဲ တိတိကျကျ စီရင်ဘို့သာ တွန်းအားပေးရမှာ..။
    အခုလိုလုပ်တော့ ဘာအကျိုးရှိသလဲ..
    ကမ္ဘာမှာ မြန်မာတွေ နာမည်ပျက်တာပဲရှိတယ်။
    တကယ်ဆန့်ကျင်တိုက်ဖျက်ရမှာက-
    ကုလားလူမျိုး တရုတ်လူမျိုး ကိုမဟုတ်ဘူး
    အစ္စလာမ်ဘာသာဝင် ခရစ်ယာန်ဘာသာဝင်ကိုမဟုတ်ဘူး
    မကောင်းတဲ့သူ (လူဆိုး) ဆိုရင် ဘာဘာသာ ဘာလူမျိုးဖြစ်ဖြစ် ဆန့်ကျင်တိုက်ဖျက်ရမှာ..။

  • chityimhtoo

    June 5, 2012 at 4:46 pm

    ဘာလည်းကွာ ဘာထဖြစ်ရတာလည်း။မင်းတို့အမျိုး တွေလုပ်လို့စဖြစ်တာကွ။

    • honey phyo

      June 5, 2012 at 8:37 pm

      မသီတာထွေးအမှုက လူမျိုးချင်း ပြသနာ မဟုတ်ပါဘူး လူလူချင်း ပြသနာပါ ယူမှားနေတယ်

  • etone

    June 5, 2012 at 4:53 pm

    အခုနေများ … လူထုရဲ့ခေါင်းဆောင်ဖြစ်တဲ့ … အမေစုက … ပြည်တွင်းမီဒီယာတွေကနေတဆင့် …. လူထုကို …. စကားပြောပေးလျှင်ကောင်းမှာပဲ ဆိုတဲ့စိတ်ဖြစ်မိတယ် …. ။ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာလျှင် လူအင်အားလည်း များလာပြီး .. ဆုံးရှုံးမှုတွေလည်း ပ ိုကြီးနိုင်တယ် …. 🙁

    • ကို ကြီးဇာ

      June 5, 2012 at 6:19 pm

      ဒါအမှန်ပဲ—တကယ်ပြောတာပါ—အမေစု အပါအဝင်
      ကိုဇာဂနာ –ကိုမင်းကိုနိုင်—တို့ ဝိုင်းဝန်း ပြောကြားမှ ဖြစ်တော့မယ်—

  • nozomi

    June 5, 2012 at 4:53 pm

    သမ္မတရုံးက တာဝန်ရှိသူ တစ်ယောက်ရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားတာပါ-

    သတင်းစာများပါ ရခိုင်ပြည်နယ်သတင်းများရဲ့ အရေးအသားအချို့နဲ့ပတ်သက်ပြီး သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက မနက်ဖြန်ထုတ်သတင်းစာများမှာ ပြင်ဆင်ဖော်ပြပေးဖို့ စီစဉ်နေကြောင်း အသိပေးအပ်ပါတယ်။ ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့ စိတ်ဆန္ဒမရှိဘဲ အရေးအသားမှားယွင်း မှု သက်သက်သာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဘက်များကို ခွင့်လွှတ်နားလည်ပေးဖို့ သူတို့ ကိုယ်စား တောင်းပန်ပါတယ်။

  • Ar Ri

    June 5, 2012 at 4:58 pm

    တောင်ဂုတ်တွင် မှုဆလင်ကုလားများ အသတ်ခံရခြင်းအပေါ်အလွန်တရာဝမ်းနည်းမိပါသည်။ တောင်ဂုတ်မှလာသောသတင်းများအရ ထိုမှုဆလင်ကုလားများသည် လူသတ်တရားခံများ ဆုတော်ငွေများပေးအပ်ရန် အရာရှိများလဘ်လာဘများ ပေးအပ်ရန် ရန်ကုန်မှာ ငွေထုပ်ထမ်းလာကြောင်း ၊ ထိုအကြောင်အား သံတွဲမြို့မှ တောင်ကုတ်သို့ အကြောင်းကြားရာ ယခင်ကတည်းက မသီတာထွေးအား ရက်စက်စွာသတ်ပစ်ခဲ့မှုအပေါ် ဒေါသထွက်နေသော လူအပ်ကြီး မပြုလုပ်သင့်သည်များကို ပြုလုပ်မိခြင်းဖြစ်သည်။ ထိုမှုဆလင်ကုလားများသည် မိမိဘာသာအရ တောင်ကုတ်အနီးတဝိုက်တွင် ဝတ်ပြုခြင်းများပြုလုပ်ခဲ့ကြောင်း ကားအားတားပြီးမေးမြန်းရာတွင်လည်း သသနာလာပြူတာ စသည့်များပြောဆိုကြောင်း ၊ ထိုသို့ အခြေအငံပြောဆိုမှုများမှာ မိနစ် ၃ဝ ခန့်လောက်ပင်ကြာကြောင်း၊ အနီးအနားရှိ စစ်သား ရဲသားများလည်း လူအုပ်အား ဝင်မထိန်းကြောင်းကြားသိရပါသည်။

    တောင်ကုတ်မြို့သည်ကုလားအဝင်မခံသောမြို့ဖြစ်ပါသည်။ မသီတာထွေးအား မဒိန်းကျင့်လျက် လူမဆန်သော သတ်ပြစ်ခဲ့မှုများ နှင်ပတ်သတ်လျက် လှုံဆော်စာများသည် လူထုကိုဒေါသထွက်စေသည်။ နောက်တစ်ခုမှာ ပြည်ပမှ ရိုဟိန်ဂျာဆိုသူကုလားများ၏ ရခိုင်ပြည်ရလိုမှုသတင်းများသည် တောင်ဂုတ်လူထုအား မှုဆလင်များ အမုန်းပွားစေပါသည်။ ယခု လူသေမှုတွင် ရိုဟိန်ဂျာဆိုသည့် ဘင်ဂလီကုလားများ ပယောဂမကင်းပါ……ယခုကဲ့လူထုသွေးပူနေချိန်တွင် ထိုဒေသသို့ မှုဆလင်များ ခရီးသွားခြင်းများရှောင်ရှားခဲ့သင့်သည်။

    စတာက ရိုဟိန်ဂျာ… ပြဿနာဖြစ်ပြီးခံရတာ မြန်မာမှုဆလင်တွေ နှင့် ရခိုင်တွေ ဖြစ်နေပါသည်။ မြန်မာမှုဆလင်များနှင့် ရခိုင်လူမျိုးများပူပေါင်းလျက် ရိုဟိန်ဂျာဆိုသူများအား အပြစ်ပြတ်သုတ်သင်ရှင်းလင်းသင့်ပါကြောင်း……

    မှုဆလင်ကုလား (၁၀) ယောက်အသတ်ခံရမှုအပေါ် ဓာတ်ပုံကိုင်ပြီးဆန္ဒပြလျှှင် ရန်ကန်ုရောက်ရခိုင်များနှင့် မြန်မာမိတ်ဆွေးများပေါင်းလျက် မှုဆလင်ကုလားလက်ချက်ဖြင့် မရေတွက်နိုင်အောင် ရက်စက်စွာ အသတ်ခံခဲ့ရသော ရခိုင်လူမျိုး၊ ရဟန်း မိန့်မ ဓာတ်ပုံကောင်ဆောင်လျက်ဆန္ဒပြမည်ဖြစ်ကြောင် …

  • Ar Ri

    June 5, 2012 at 5:00 pm

    ရန်ကုန်တွင် ရခိုင်လူမျိုး ၄ သိန်းနေထိုင်လျှက်ရှိပါသည်။ တောင်ဂုတ်နှင့်ရမ်းဗြဲမှပိုများသည်။ တန်ပြန်ဆန္ဒပြမှုများ ကြုံတွေ့ရမည်။

    • kai

      June 5, 2012 at 5:05 pm

      သွေးတက်လာအောင် ..သွေးဆူလာအောင်.. လုပ်တာမျိုးရှောင်စေချင်ပါတယ်…
      တိုင်းပြည်အတွက်ရော.. လူမျိုးအတွက်ရော.. ဘယ်လိုမှအကျိုးမရှိပါ…
      ဒီခေတ်ဟာ.. ကမ္ဘာရွာဖြစ်တာမို့.. ရန်ကုန်ကတောမီးစလောင်ရင်.. တကမ္ဘာလုံးကူးနိုင်တယ် သတိထားစေလိုပါတယ်..

      အင်း.
      ကျုပ်လည်း မအိပ်နိုင်ဖြစ်နေပြီ..
      အနိစ္စ…။

    • honey phyo

      June 5, 2012 at 8:41 pm

      ဒီလိုဘာသာရေးကို စော်ကားတဲ့ စကားလုံးမျိုးတွေ ပြောနေမယ်ဆိုရင် ဘယ်သူအတွက်မှ မကောင်းပါဘူး

    • Ar Ri

      June 5, 2012 at 5:36 pm

      ဒီလူတွေ ကုလားဆီက ပိုက်ဆံစားလာတာ ကြာပါပြီ၊ သတင်းရေးတာကိုကြည့်ပါလာ.. ရခိုင်မလေး မသီတာထွေးကို မှုဆလင်ကုလားတွေ ရက်ရက်စက်စက်မဒိန်းကျင့်ပြီး စိတ္တဆန်ဆန် အင်္ဂါစတွေကို ဓားနဲ့မွေပြီးသတ်သွားတာ တစ်လုံးတစ်ပါဒပါမလာဘူး…… ရခိုင်ကို ကုလားသတ်တော့ ဘာမှမပြောဘူး၊ ကုလားကို ရခိုင်သတ်တော ပါးစပ်ကို ငရုတ်သီး (၂၀)လောက် ထည့်လိုက်သလိုဘဲ ပြောလိုက်ကြတာ၊ မြန်မာပြည်သားဖြစ်ရတာရင်နာတယ်…

  • သားဦး၊မြေးဦး

    June 5, 2012 at 5:22 pm

    ကျနော့်ခံယူချက်က အမှုမှန်ပေါ်ပေါက်ဖို ့တွန်းအားပေးကူညီကြဖို ့၊တရားသဖြင့် ပြစ်ဒဏ်ချမှတ်ဖို ့ကို
    ဘဲ ဖြစ်လာအောင်အားပေးထောက်ကူကြဖို ့။ကျနော်တို ့ဒေသမှာ ဗုဒ္ဓဘာသာဝင်များရော၊အစ္စလာမ်
    ဘာသာဝင်များပါ ယခုကိစ္စများကို ရှုံ ့ချပါကြောင်း။

  • R Ga

    June 5, 2012 at 5:26 pm

    မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးမူ (၅) ချက်

    မဟာသမယသုတ်တော်မှာ ဟောကြားခဲ့တော်မူသော် မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးမူ လေးတွေကို ပြန်ဖော်ပြအပ်ပါတယ်။
    ကျွန်တော်တို့အတွက်လိုအပ်မယ်ထင်
    လို့ ပါ။

    ၁။ အရာမဟုတ်သည် ၌ အငြင်းအခုံမပြုသင်။့

    ၂။တဆင့် စကားဖြင့် အငြင်းအခုံမပြုသင့်။

    ၃။အားရှိသူတိုင်း အားငယ်သူကို နိုင်မည်မဟုတ်။

    ၄။စည်းလုံးမှုမရှိလျင် ပျက်စီးတက်သည်။ စည်းလုံးမှုရှိမှ ကြီးပွားမည်။

    ၅။မိမိကိုယ် မိမိ နစ်မွန်းသော ဒုက္ခ မပေးသင့်ခြင်း။

  • Ar Ri

    June 5, 2012 at 5:29 pm

    Sai Zaw
    ဘူးချွန်
    လူသတ်မှုကျူးလွန်တာကိုတော့ အရေးယူရမယ်။ ဖြစ်စဉ်ကတော့ မနေ့က သံတွဲမြို့ခံတစ်ယောက်ဆီဖုန်းဆက်မေးကြည့်တယ်။ ရိုးမသစ္စာကားကိုမောင်းလာတာက ချင်းကုလား၊ ချင်းလူမျိုး ကုလားမနဲ့ရပြီး ချင်းကုလားဖြစ်သွားတာ။ မော်လဝီနယ်လှည့်တရားဟောဆရာတွေက ၈ ယောက်တဲ့။ သံတွဲက လိုက်ပို့တဲ့ ကုလားက ၂ ယောက်။ စုစုပေါင်း ၁ဝ ယောက်ပေါ့။ တောင်ကုတ်မှာ ကျော်နီမော်ကိစ္စနဲ့ပတ်သက်ပြီး ကုလားမဝင်ရဆိုတဲ့စာတွေတမြို့လုံးမှာဆွဲထားတယ်တဲ့။ အဲတော့ တောင်ကုတ်ကားဂိတ်ကမြို့ပြင်မှာပါ။ ဂိတ်မှူးကပြောတယ်။ ကားသမားကို မြို့ထဲမဝင်ဘဲ မြို့ပြင်လမ်းကပဲတခါတည်းမောင်းသွားဖို့ပေါ့။ ကားသမားက ပြောမရဘဲအတင်းမောင်းဝင်သွားတယ်။ မြို့ထဲမှာ လူအုပ်က ပထမတော့ နည်းနည်းပဲတဲ့။ အသေသတ်ဖို့အထိမဟုတ်ဘူးပေါ့။ အဲဒီမှာ ကားရပ်ပြီး ဗမာတွေကားပေါ်ကဆင်းခိုင်းတယ်။ အဲဒီမှာပဲ လိုက်ပို့တဲ့သံတွဲမြိုကခံလူက မိုက်မိုက်ရိုင်းရိုင်းဆဲတော့တယ်တဲ့။ အဲဒီမှာ လူတွေကဒေါသထွက်ပြီးတမြို့လုံးထွက်လာတော့တာပဲ။ မသေသင့်ပဲဧည့်သည်လုပ်တဲ့ လူတွေသေရတာကို စိတ်မကောင်းပါဘူး။ အဲဒါမှာ မနေ့က သံတွဲမှာ GTC ကျောင်းတက်နေတဲ့တောင်ကုတ်ကကျောင်းသားတွေကို သံတွဲကကုလားတွေက သတ်မလို့လုပ်တာမှာ ကျောင်းအုပ်ကြီးက ရဲ၊ စစ်တပ်နဲ့ တောင်ကုတ်ကကျောင်းသားတွေကို အိမ်ပြန်ပို့လိုက်ရတယ်။ သံတွဲမှာ တောင်ကုတ်သားခေါင်းတလုံး ၅ သိန်း၊ ၁ဝ သိန်းဆိုပြီး လုပ်နေကြတယ်။ အမှောင့်ပယောဂကင်း၊ မကင်းတော့ သက်ဆိုင်ရာက ဆက်လက်စုံစမ်းကြပေါ့လေ။ နောက်ထပ်တော့ မဆိုင်တဲ့လူတွေ မသေစေချင်တော့ပါဘူး။ ဘာလူမျိုး၊ ဘာ ဘာသာပဲဖြစ်ဖြစ်ပါ။ သံတွဲမြို့က ရခိုင်တွေ အိမ်ပြင်မထွက်ကြဘူး။ သံတွဲမြို့ကကုလားတွေကတော့ ဓါးတွေ တုတ်တွေနဲ့လမ်းပေါ်မှာ သွားနေကြတယ်တဲ့။ သံတွဲမြို့က ကုလား ၃ ပုံ ၂ ပုံပါ။ အမှား အမှန် ဆက်လက်ဝေဖန်ကြပါ။ ဘက်မလိုက်မျှတစေချင်တယ်။ လူသတ်မှုကို အရေးယူရမှာကတော့ ဘာလူမျိုးကိုဖြစ်ဖြစ်အရေးယူရပါမယ်။ သတင်းတွေမှာတော့ ဘက်လိုက်ရေးတာတွေ မဖြစ်စေချင်ဘူးပေါ့။ တကယ့်တကယ်အရေးကြီးလာရင်တော့ သွေးနီးရတာထုံးစံပါလေ။

  • သားဦး၊မြေးဦး

    June 5, 2012 at 5:44 pm

    လုပ်ကြံလီဆယ် ရေးနေကြတာတွေ မဖတ်ချင်တော့ဘူး။မိတ်ဆွေတို ့ရေးနေကြ၊ပြောနေကြတာ
    အမှားကများများ၊ရန်ဖြစ်ဖို ့လီဆယ်ရေးနေကြတာ ကပိုနေပီ။သတင်းက အတင်းဖြစ်နေပီ။

  • hein htet

    June 5, 2012 at 5:45 pm

    ar ri ပြောသလို ဆို တော ့ကာ ..သံတွဲဆိုတဲ ့မြန်မာ မြို ့မှာ ကုလား တွေက ဓါးတွေ ဒုတ်တွေနဲ ့လမ်းလျှောက်သွား နေတယ်ဆိုတော့ .. သူတို ့က ဘာဖြစ်ချင်တာလဲ..ထပ် သေချင်လို ့လား .. ဒါမြန်မာ နိုင်ငံလေ..မြန်မာ တွေ သွေးဆူပြီဆိုရင်…ဘာညာ ကြည့်တာမှတ်လို ့…. ပြီးမှာ သာ အားလုံး ပြသနာတက်တာ.. အဲတော့ .. ဒီသောက်ချိုး တွေကိုလည်း ကုလားတွေ က ပြင်သင့်တယ် ထင်တာပဲ..ဖြစ်သွားရင်တော့ .. ကျူပ်တို ့က ရှင်းရှင်းဘဲ… မြန်မာလူမျိုး.. တရားတာတွေ. မတရားတာတွေ လာပြောနဲ ့.. မြန်မာ လူမျိုး ဘက် ကဘဲအားပေးမှာ…

  • ကိုရင်မောင်

    June 5, 2012 at 5:49 pm

    (ဦးဦးပါလေရာ says:
    ဟိုဘက်ပိုစ့်မှာလဲ မန့်ပြီးပြီ
    အခုလဲ ထပ်ပြီးပြောဦးမှာပဲ…
    သွေးပူပြီးလျှောက်လုပ်ရင် အမှားတွေပဲဖြစ်မှာပါ။
    တကယ်က တရားဥပဒေအတိုင်း ဘက်မလိုက် ငွေမစား ပဲ တိတိကျကျ စီရင်ဘို့သာ တွန်းအားပေးရမှာ..။
    အခုလိုလုပ်တော့ ဘာအကျိုးရှိသလဲ..
    ကမ္ဘာမှာ မြန်မာတွေ နာမည်ပျက်တာပဲရှိတယ်။
    တကယ်ဆန့်ကျင်တိုက်ဖျက်ရမှာက-
    ကုလားလူမျိုး တရုတ်လူမျိုး ကိုမဟုတ်ဘူး
    အစ္စလာမ်ဘာသာဝင် ခရစ်ယာန်ဘာသာဝင်ကိုမဟုတ်ဘူး….
    မကောင်းတဲ့သူ (လူဆိုး) ဆိုရင် ဘာဘာသာ ဘာလူမျိုးဖြစ်ဖြစ် ဆန့်ကျင်တိုက်ဖျက်ရမှာ..။ )
    ။။။ကော်မန်းထဲမှာ ဒီကွန်မန်းအကြိုက်ဆုံးဘဲ။။။

  • သားဦး၊မြေးဦး

    June 5, 2012 at 5:50 pm

    ဘယ်ကောင်လဲကွ. အနီပေးတာ မင်းတို ့ရေးနေ၊ပြောနေကြတာ မှားလို ့မှားတယ်
    ပြောတာ။ကိုယ့် သိက္ခာကိုချ ကိုယ့်အရှက်ကိုခွဲမယ့် စစ်ခွေးလက်ဝေခံ သူတောင်းစား
    တွေရေ။ချဉ်လိုက်တာ။ထွီ———-ထွီ

    • t t

      June 5, 2012 at 9:44 pm

      ဟေ.ရောင်စောက်ရူး မင်းညီမကိုအဲ.လိုလုပ်သွားရင် မင်းကောဘာလုပ်မှာလဲ ဒီတိုင်းကြည်.နေမှာလား ဒါကုလားပြည်မဟုတ်ဘူး ကွ ငါတို.ကမြှောက်ပေးတာမဟုတ်ဘူး မျိုးချစ်စိတ်ကြောင်.သူ.အလိုလိုဖြစ်လာတာ နားလည်လား။ မင်းတို.ကုလားတောင် အမျုိုးထိလို. ရမ်းကြသေးတာပဲ…

  • ကို ကြီးဇာ

    June 5, 2012 at 6:17 pm

    မကောင်းဘူး –ရင်လေးတယ်–ရင်လေးတယ်

  • snow white

    June 5, 2012 at 6:19 pm

    ကြီးတဲ့ကိစ္စသေးပါစေ သေးငယ်တဲ့ကိစ္စ လုံးဝပပျောက်ပါစေလို့ ဆုတောင်းပါတယ် အမိမြေ သာသာယာယာ စိတ်ချမ်းသာစရာအရာများနဲ့ သာနေနိုင်ပါစေလို့ ဘဲဆုတောင်းပါတယ် ။

    • ကို ကြီးဇာ

      June 5, 2012 at 6:23 pm

      အပြုသဘောဆောင်ကြပါစေဗျာ
      ကုလားလည်းလူ–မြန်မာလည်းလူ ပါပဲ
      လူ ကို လူ လို မြင် အောင် ကြည့်တတ်ပါစေဗျာ

  • chityimhtoo

    June 5, 2012 at 6:46 pm

    စောက်မျိုးထိတော့နာပြီးဆန္ဒပြတယ်။သေသေချာချာတွေးကြည့် ခုဟာက မွေးကထဲက မြန်မာပြည်မှာ
    ကြီးလာတာဆိုလက်ခံတယ် တစ်ဝက်လောက်က ရိုဟင်ဂျာကနေဖြစ်လာတာ။အင်္ဂလန်မှာမွေး
    အင်္ဂလန်မှာကြီးနောက်ဆုံးအင်္ဂလန်ကိုဗုံးခွဲ။ထိုင်းမှာလည်း ၁၀% ပြည့်တော့လက်နက်ကိုင်တော်လှန်တယ်။
    မြန်မာပြည်မှာကော…..ခုရခိုင်တွေခုလိုလုပ်တာ အများအမြင်မှာ လူမဆန်ဘူးလို့ထင်ရပေမဲ့၊အဲ့လောက်
    ဟန့်ထားမှ၊နောက်ဆိုခင်ဗျားတို့ကျုပ်တို့ အမျိုးတွေပါ ပါကုန်မယ်။ကုလားလည်းလူမှန်ပေမဲ့ တစ်ခြားလူတွေ
    က လူလူချင်းဒုက္ခမပေးဘူး။ဒီကောင်တွေက လှန်လို့ရတာနဲ့ အားလုံးကိုအမျိုးပါဖြုတ်ပစ်မှာ။သိချင်ရင်ဘူးသီး
    တောင်မောင်တော သွားကြည့်ကျ။

  • SkyHeart WinKo

    June 5, 2012 at 9:56 pm

    ဗိုလ်ချူပ်ပြောခဲ့သလို သောက်ကျင့်တွေ ပြင်ကြပါ။
    အာဇာနည် တွေထဲမှာ အားလုံးပါကြပါတယ် သတိရကြမှာပါ။
    သေချာစဉ်းစားပြီးမှ ရေးကြပါ၊
    ဝေလေလေနဲ့ ထင်ရာတွေကိုပြော ထင်ရာတွေကိုရေး နေရင်
    တိုင်းပြည်အတွက် နာဂစ်မုန်တိုင်းလို အမှိုက်တွေပါ။
    ဒို့ဗိုလ်ချူပ်ကိုလည်း မုဒိန်းကောင်တွေခေါ်လါတယ်ဆိုပြီး သောက်ရူးတွေ ပြောခဲ့ဘူးပါတယ်။
    တိုင်းပြည်တိုးတက်ရန်အတွက် လက်တွေလိုနေတာပါ၊ ပါးစပ်တွေမဟုက်ပါဘူးကွာ။
    ၈နစ်ရှိပြီ စောင့်နေပါတယ်။
    လူသားအကျိူးပြုဂီတဥယျာဉ်
    DMB (Studio)
    Win Ko(၀၉၅ဝ ၈၂၈၀၈)

  • ahnyartamar

    June 5, 2012 at 9:58 pm

    ကုလားဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ အခေါ်အဝေါ်တွေက ပညတ်ပါ၊ ယဉ်ကျေးမူတွေနဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းထဲမှာ ချစ်ချစ်ခင်ခင်၊ ဖေးဖေးမမ၊ တန်းတူရည်တူ၊ အတူနေထိုင်သွားကျရင်ဖြင့် အရာအားလုံး ငြိမ်းချမ်းနေမှာပါဗျာ။

  • မိုးတိမ်

    June 6, 2012 at 12:54 am

    တော်ဘီ သူကြီး ခင်ဗျားကကြံရာပါမဟုတ်ရင် ဒီပို့(စ်)၊ကော်မန့်တွေအားလုံးဖျက်ပေးပါ။
    ရွာဆူတယ်။ထရေ သွားသောက်တော့မယ်။
    မူးလာရင်တော့ ရွာက ကာလသားတွေပါခေါ်ပြီး အကုန်ဆဲရင် ခင်ညားတူမကလဲ ရန်တွေ့ဦးမယ်။
    မောထှာဗျာ။တော်ပါတော့ အကုန်ဖျက်ပေးပါတော့။
    တူတူသွားသောက်ရအောင်ပါ သယ်ရင်းတို့ကလဲ။အချင်းချင်းဖြစ်မနေနဲ့။

  • s l

    June 6, 2012 at 12:54 am

    ရေးချင်တိုင်းရေးပြီး အမှားပြင်ဆင်ချက် ဆိုတာနဲ.ပြီးရောလား။တခြားတိုင်းပြည်တွေမှာ ဆိုရင်တော. ဒီစာသားကိုရေးတဲ. ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူက နှုတ်ထွက်ပေးရတယ်။ဒီမှာရော ဒီစာသားတွေကို ဘယ်သူတွေံကတာဝန်ယူပြီး ဖြေရှင်းပေးမှာလဲ။ဘယ်သူကနှုတ်ထွက်ပေးမှာလဲ။

Comments are closed.