ခေါင်းစီးကြိုးတွေကို သတိထားကြပါ

ဘဲဥJune 5, 20123min29026

[Image: th_144119897_Ribbon1_122_386lo.jpg]

စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။

ပြည်သူလူထု ကြီး ခင်ဗျာ….
ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူ အဆင်ပြေတယ် ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ် ကျရောက်နိုင်တာ၊ သုံးစွဲရ သင့်တော် မသင့်တော် ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ဝယ်ယူသုံးစွဲ သင့်ပါတယ်။

ဘေးဒုက္ခ ရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရ တာတွေ မဖြစ်စေချင်ပါ။

ယခုဖေါ်ပြတဲ့ ဆံပင် ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။
ဒီ ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ ့ရောင်းချသလို ဝယ်ယူသုံးစွဲကြသူ အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ ့မို ့ ကြိုက်နှစ်သက် ကြပါတယ်။

ဒါပေမယ့် ဒီဆံပင် ခေါင်းစည်းကြိုးကို သေသေချာချာ သတိပြု မိသူကတော့ အတော့်ကို ရှားပါလိမ့်မယ်။

အောက်ဖေါ်ပြပါ ပုံတွေ ကြည့်ရအောင်–

[Image: th_144121404_Ribbon2_122_453lo.jpg]
[Image: th_144122709_Ribbon3_122_424lo.jpg]
[Image: th_144123239_Ribbon4_122_39lo.jpg]

တွေ့တဲ့ အတိုင်းဘဲ – ဒီဆံပင် ခေါင်းစည်း ကြိုးတွေကို အရောင်လှလှ ချည်မျှင်လေးတွေနဲ့ ပတ်ထားတာကို ဖြေကြည့် လိုက်တဲ့ အခါ– အတွင်းမှာ ကွန်ဒုံ (Comdom) တွေကို ထည့်သွင်းထားတာ တွေ ့ရပါတယ်။

ဘယ်လောက်အန္တရာယ်ကြီးမားလှလည်းဆိုတာ တွက်ဆကြည့်ပါ။
ဒီ ဆံပင်စည်းကြိုးထဲမှာ သုံးတဲ့ ကွန်ဒုံတွေဟာ အသစ်စက်စက်တွေ မဟုတ်ဖူးလို့ သိရပါတယ်။

သုံးစွဲပြီးသား ကွန်ဒုံတွေဖြစ်လို ့ ရောဂါပိုးတွေ ကပ်တွယ် နေနိုင်ပါတယ်။
ကိုယ်ခံစွမ်းအား ကျဆင်းစေတဲ့ အေအိုင်ဒီအက်စ်ရောဂါလို အခြားသော လိင်ပိုင်း ဆိုင်ရာ ရောဂါတွေ ကူးစက်နိုင်ပါတယ်။

တစ်ခါတစ်ရံကြရင် အမျိုးသမီးတွေဟာ ဒီဆံပင်စည်းကြိုးကို သုံးစွဲတဲ့နေရာမှာ ဆံပင်စည်း နေတုန်း လက်နှစ်ဘက် မအားတဲ့ အခါမှာ ဒီဆံပင် စည်းကြိုးလေးတွေကို ပါးစပ်မှာ ခဏ ကိုက်ထားကြတာမျိုး လုပ်လေ့ ရှိပါတယ်။
ဈေးပေါပေါနဲ ့ ရတဲ့ ပစ္စည်း တစ်ခုကြောင့် အင်မတန် တန်ဖိုးကြီးလှတဲ့ မိမိဘဝ အသက် ထိခိုက်မှာကို တွေးမိတိုင်း… ရင်လေးစရာ ကောင်းလှပါတယ်။

မြန်မာပြည်မှာ ဒီလို ဆံပင်ခေါင်းစည်းကြိုးလေးတွေ တရုတ်ပြည်ကနေ ဘယ်လောက် များများ ရောက်နေလို ့ သုံးစွဲထားကြပြီလည်း မပြောတတ်တော့ပါဘူး။
မိမိနှင့်နီးစပ်ရာ..ဆွေမျိုး၊မိတ်ဆွေ၊သူငယ်ချင်း အသိုင်းအဝိုင်းများကိုလက်ဆင့်ကမ်းဝေမျှပေးကြရန်တိုက်တွန်းပါတယ်….

ဒီ ဆံပင် ခေါင်းစည်းကြိုး အကြောင်း ရေးသား ထုတ်ပြန်ထားတဲ့ သတင်း မူရင်းမှာ ဒီလို ရေးသား ဖေါ်ပြ ထားပါတယ်။

BEIJING (AFP) – Used condoms are being recycled into hair bands in southern China threatening to spread sexually-transmittable diseases they were originally meant to prevent, state media reported Tuesday

In the latest example of potentially harmful Chinese-made products, rubber hair bands have been found in local markets and beauty salons in Dongguan and Guangzhou cities in southern Guangdong province, China Daily newspaper said.

‘These cheap and colorful rubber bands and hair ties sell well ….. threatening the health of local people,’ it said..

Despite being recycled, the hair bands could still contain bacteria and viruses, it said.

‘People could be infected with AIDS, (genital) warts or other diseases if they hold the rubber bands or strings in their mouths while waving their hair into plaits or buns,’ the paper quoted a local dermatologist who gave only his surname, Dong, as saying. A bag of ten of the recycled bands sells for just 25 sen (three cents), much cheaper than others on the market, accounting for their popularity, the paper said.

A government official was quoted as saying recycling condoms was illegal. China ‘s manufacturing industry has been repeatedly tarnished this year by a string of scandals involving shoddy or dangerous goods made for both domestic and foreign markets.

In response, it launched a public relations blitz this summer aimed at playing up efforts to strengthen monitoring systems.

26 comments

  • ဗိုက်ကလေး

    June 5, 2012 at 3:16 pm

    ဟိုက်စ်..
    နာအရင်တုန်းက အဲဒါတွေ စည်းဖူးတယ်
    အခုမှ ဆံပင်ကို ဝမ်းဝေး ထားလိုက်လို ့ မစည်းဖြစ်တော့တာ.
    ဂစ်.ဂစ်..ဂစ်..

    • မဟာရာဇာ အံစာတုံး

      June 5, 2012 at 5:18 pm

      ဒါဆို အရင်တုန်းက
      နင့်ခေါင်းပေါ် ဟိုဟာတွေ တင်ထားသလို ဖြစ်နေမှာပေါ့နော့ ..

      • Davit

        June 5, 2012 at 6:22 pm

        အေးဟယ်……… ရွံထှာ ………… တင်စရာရှားလို့ ဗိုက်ဗိုက်ရယ်….. ဟိုဟာမှရွေးတင်ခဲ့ရတယ်လို့

        • ဗိုက်ကလေး

          June 5, 2012 at 6:29 pm

          ရီဆိုက်ကယ်တဲ့
          အဆင့်မမီလို ့ ရောင်းမရတဲ့ဟာတွေကို ပြန်လုပ်တာဒဲ့
          ညှင်း..ညှင်း..ညှင်း..
          တော်တေးတာပေါ့နော် 🙄

  • မောင်ပေ

    June 5, 2012 at 3:27 pm

    တော်တော်လေးကို စုတ်ပဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါလား…
    ဘဲဥ ရေ သေသေချာချာ မှတ်သွားတယ်ဗျို့
    လက်ဆင့်ကမ်းလိုက်ပါမယ်နော

  • ကြောင်ဝတုတ်

    June 5, 2012 at 3:41 pm

    ရီဆိုက်ကယ်ပေါ့ဗျာ…
    စနစ်တကျသာ ရီဆိုက်ကယ်လုပ်ရင်ဖြင့် အားပေးရမလိုတောင်ဖြစ်နေပြီနော်…

    ရွာသားငရှုပ်
    ကြောင်ဝတုတ်

    • water-melon

      June 5, 2012 at 5:11 pm

      တိုဖတ် ရီဆိုက်ကယ်က ခေါင်းစီးကြိုးမဟုတ်ဘဲ
      လေမှုတ်တဲ့ပူဖောင်းဆိုဘယ်လိုလုပ်မလဲဟင်
      အဟီ

  • Mon Kit

    June 5, 2012 at 3:49 pm

    ဟုတ်တယ်.. ဒီသတင်းကို ကြားထားတာ ကြာပီပေါ့…
    ခုတော့ မျက်မြင်ကိုယ်တွေ့ တွေ့ရပီ..
    ကျေးဇူးပါ ဘဲဥလေးရေ…

  • may flowers

    June 5, 2012 at 3:51 pm

    ဟေ…………..မစဉ်းတောင်မစဉ်စားမိလောက်အောင် ယုတ်မာတဲ့တရုတ်ကောင်တွေပါလား။

    ဒီကောင်တွေတော့ ဘယ်သူသေသေငတေမာပြီးရော ဆိုတဲ့စိတ်နဲ့ ထုပ်လုပ်လိုက်ပေမဲ့ သုံးမိသူ

    တွေခင်မျာမှာတော့………….ဟင့်။

    တော်သေး..ကိုယ်ကဆံပင်တိုနေလို့ မထိမိခဲ့လောက်ဘူးထင်ပါတယ်။

  • Phaung Phaung

    June 5, 2012 at 3:52 pm

    လုပ်လိုက်ရင် တရုတ်ကကြီးပဲ။ မဟုတ်တာအကုန်လုပ်တယ်။ ဒါကြောင့် တရုတ်ကိုအထင်ကိုမကြီးဘူး။
    ကလေးတွေသောက်တဲ့နို့မှုန့်မှာလည်း မယ်လမင်းတွေထည့်လိုထည့် …. ကလေးအသေနဲ့အားဆေးတွေ ကိုရီးယားကိုပို့လိုပို့… အခုလည်းမြန်မာဘက်ကို မူဆယ်ဘက်ကစားအုန်းဆီအညံ့စား (အဲဒီကစက်ရုံတွေရဲ့
    ဘေးထွက်ပစ္စည်းတွေ) တွေ ဝင်နေတယ်။ ဒါကြောင့် တရုတ်ဟာ မြန်မာနိုင်ငံအတွက် အိမ်နီးနားချင်းကောင်း
    လုံးဝမဟုတ်ပါ။

  • kyi saung

    June 5, 2012 at 3:59 pm

    အကျင့်ယုတ်လွန်းလို့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး၊

  • etone

    June 5, 2012 at 4:15 pm

    2008 တုန်းက အီးမေးလ်တစ်ခုမှာ .. အဲ့ဒီအကြောင်း ဖတ်လိုက်ရတယ် .. နောက်ပိုင်း ခေါင်းစည်းတွေဆို … အဲ့လိုပုံတေ ွမဝယ်ဖြစ်တော့ဘူး .. အဟီး … ထင်သာ မြင်သာ ရှိတဲ့ ဖုန်းကြိုးလို ခေါင်းစည်းတွေပဲ ဝယ်တော့တယ် …. ။

    အကြံဖန်လုပ်သူတွေများ .. တကယ့်ကို .. အံ့ဩတယ် … ။ မရွံမရှာဟယ် …

  • Shwe Tike Soe

    June 5, 2012 at 4:19 pm

    အော်ဒုတ်ခ ဒုတ်ခ စီးပွားရေးကို ဘာလို. အဲဒီလောက် ယုတ်မာတဲ့နည်းနဲ.လုပ်ကြပါလိမ့်.. ဒါပေမယ့်လဲ အဲလိုထုတ်တဲ့ကောင်တွေ အရင် အဲဒါတွေ ကိုင်ရတာဆိုတော့ သူတို.အရင်ကူးမှာပါ… သူ.အားနဲ.သူသွားလိမ့်မယ်…
    သိထားစရာပေါ့…. သတိထားရအောင် တင်ပေးတာ ကျေးဇူးပါ

    • water-melon

      June 5, 2012 at 5:12 pm

      အူးရွှေတိုက် အုပ်အုပ်ကို အဲလိုအပေါစားတွေဝယ်မပေးနဲ့နော်
      အဟိ

    • etone

      June 5, 2012 at 7:04 pm

      ရွှေတိုက်ရေ … အဲ့ဒီထက်ယုတ်မာတဲ နည်းနဲ့ လုပ်စားနေတာတောင် ကိုယ်တွေ့မြင်ခဲ့သေးတယ် … ပို့စ်တင်ပါဦးမယ် … ဓါတ်ပုံရိုက်ခွင့်မရသေးလို့ပါ …. ။

  • ကိုရင်စည်သူ

    June 5, 2012 at 4:20 pm

    တီလုပ်ကြီး ပစ်စည်းဆို ဘာမှမသုံးတော့ဘူး…
    တီလုပ်မလေးတွေ …… ဆိုမှ သုံးတော့မယ်… 😀 😀 😀

    • water-melon

      June 5, 2012 at 5:13 pm

      အူးလေးစည်သူ
      တလုပ်မတွေကလည်း ရီဆိုက်ကယ်လုပ်ထားတာဗျ
      ယူချင်ရင်ပြောလေ
      အဟိ ပို့ပေးမယ်

  • kai

    June 5, 2012 at 4:56 pm

    နိုဝင်ဘာ.. ၂၀၀ရ ကသတင်းပါ…
    ချိုင်းနားက.. သူတို့လုပ်တာ.. သုံးထားတဲ့.ကွန်ဒုံတွေမဟုတ်ပါဘူးတဲ့..
    အဆင့်မမှီတဲ့..ဟာတွေကို.. သုံးတာပါတဲ့.. လေ..

    ဘာအဆင့်မမှီလည်းတော့မသိ.. :mrgreen:

  • သားဦး၊မြေးဦး

    June 5, 2012 at 5:30 pm

    အင် ဒုက္ခပါလားကွယ်။အင်း အရည်အသွေးစံမမှီတဲ့ ပစ္စည်းတွေ
    ကြောင့်မောမိပါတယ်။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 5, 2012 at 5:42 pm

    ဘာအဆင့်မမှီလဲဆိုတော့သူကြီးရဲ့ဟာသတစ်ခု…
    သိပ်တောင်မမှတ်မိချင်တော့ဘူး…ဖတ်ဖူးတယ်တော်တော်တော့ကြာပြီ…
    စက်ရုံတစ်ရုံတဲ့…..ဘာစက်ရုံတုန်းဆိုတော့…
    နို့ဘူးမှာတပ်တဲ့နို့စို့ချိုလိမ်နဲ့ကွန်ဒုံးတွေထုတ်တဲ့စက်ရုံတဲ့…..
    အဲမှာသမ္မတဘုရှ်(ထင်တာပြောပါတယ်)ကသွားစစ်တယ်တဲ့…..
    စက်ရုံပိုင်ရှင်ကအရင်ဆုံးချိုလိမ်ထုတ်တဲ့နေရာကိုခေါ်သွားတယ်….
    ဘယ်လိုအဆင့်မှီအောင်ဘယ်လိုအရည်အသွေးရှိတဲ့ရာဘာကိုသုံးပါတယ်….
    ပြီးတော့ဘယ်လိုသန့်စင်ပါတယ်ပေါ့….နောက်ဆုံးအဆင့်မှာစစ်တဲ့အခါကျတော့….
    ရွီး…..လိုအသံမြည်သွားတော့ရုတ်တရက်သမ္မတကြီးလန့်သွားသတဲ့…ဘာသံတုံးဟေ့ဆိုတော့…
    ချိုလိမ်ခေါင်းကိုဖောင်းလိုက်တဲ့အသံပါတဲ့…ပြီးလဲပြီးရော…ဖောက်ခနဲအသံထွက်လာတော့…
    ဟာဘာဖြစ်တာလဲမေးပြန်ရော….နို့ဘူးစို့ရာမှာပိုက်သဘောမျိုးစုပ်တာဖြစ်တဲ့အတွက်ချိုလိမ်ခေါင်းလေး
    ကိုဖောက်တဲ့အသံဖြစ်ပါတယ်….ဒီလိုလဲပြောလိုက်ရော….
    သမ္မတကြီးက……..မှတ်ချက်ပေးတယ်…ဟာတကယ်ကိုအဆင့်မြင့်မြင့်
    ချိုလိမ်ခေါင်းကိုထုတ်တာပါလားကောင်းမွန်နဲ့ကွာလတီတွေနဲ့ထုတ်တာဖြစ်တဲ့အတွက်…
    နို့စို့ကလေးများအတွက်အမှန်တကယ်ကိုသုံးသင့်တဲ့နိုင်ငံတကာအဆင့်မှီချိုလိမ်ပေပဲလို့ပေါ့…
    နောက်ကွန်ဒုံးထုတ်တဲ့နေရာကိုခေါ်သွားပြန်တော့အဆင့်ဆင့်ရှင်းပြပြန်တယ်….
    နောက်ဆုံးအဆင့်ရောက်တဲ့အထိပေါ့…သမ္မတကြီးကြည့်နေရင်းရှုးလို့အသံကြားတယ်…
    ဘာသံလဲပေါ့…အိတ်ရှည်သဏ္ဍာန်လုပ်ရမှာဖြစ်တဲ့အတွက်လေမှုတ်တဲ့အသံပါ…အင်းအင်းဖြေတုန်း
    ဖောက်ဖောက်နှစ်ချက်ကြားရပြန်တယ်….ဒီတစ်ခါကျဘာလို့ဖောက်ကနှစ်ချက်ကြားရပြန်သဒုံးဟ
    ဒီလိုမေးတော့စက်ရုံပိုင်ရှင်ကဒီလိုပြန်ဖြေတယ်….
    ချိုလိမ်ခေါင်းအဆင့်မှီကြောင်းကိုဒီပစ္စည်းနဲ့သက်သေပြမှာပါ…..
    သမ္မတကြီးမျက်လုံးပြူးသွားတော့သတည်း….
    သူကြီးပြောတဲ့အဆင့်မမှီဘူးဆိုတာချိုလိမ်ခေါင်းအဆင့်မှီကြောင်းသက်သေပြလိုက်လို့ထင်တယ်နော်..
    အဟတ်ဟတ်…….

  • rain pricess

    June 5, 2012 at 6:17 pm

    စိတ်ပျက်စရာကောင်းလိုက်တာ……..

  • Thel Nu Aye

    June 6, 2012 at 12:14 pm

    အင်းဒီသတင်းက ကြာတေ့ာကြာပါပြီ။ လွန်ခဲ့တဲ့နှစ်လောက်ကတဲက အင်တာနက်မှာတွေ့ဖူးပါတယ်။ အခုသူ့ထက် ဆိုးတာက ဝက်နားရွက်အတုတွေလုပ်နေတာပါ။ ရာဘာနဲ့ ကယ်မီကယ်တွေနဲ့ ပေါင်းပြီး ဝက်နားရွက်အတုလုပ်နေတာတရုတ်ပြည်ရဲ့ နောက်ဆုံးပေါ် မကောင်းမှု့ပါ။ ဒီကဝက်နားရွက်စားသူတွေ လဲနယ်စပ်ကဝင်လာနေအုံးမယ်။ သတိထားစားကြပါ။ ပြုတ်လိုက်ရင် ရာဘာနံ့ထွက်တယ်တဲ့။

  • ဂျမ်းဘုံ မ

    June 6, 2012 at 12:26 pm

    အခုမှဘဲ သိရတော့တယ် ။ တော်ပြီ ၊ ဒီနေ ့က စပြီး အဲ့ဒါတွေ မသုံးတော့ဘူး ။

  • mayjuly

    June 6, 2012 at 12:29 pm

    မဟုတ်တရုတ်…
    အစုတ်ပလုပ်..
    ထင်တိုင်းလျှောက်လုပ် …

    အထူးသတိပြု ..

  • ချာလီဂဇက်ဒလဝမ်

    June 6, 2012 at 12:50 pm

    ရွံထှာအေ ။
    ကိုကိုဂီရဲ့ အသံဖြင့် ( ရွံထှာအေ )
    တရုတ် (င်္လရှုပ်) ပစ်စီး သတိထား ရတော့မယ်အေရယ် ။

Leave a Reply