ဝါရင့် စာနယ်ဇင်းသမားဆိုတာ တဲ့

လင်းဝေJune 21, 20101min602

အောက်က စာကလေးက လည်း မေးလ်ထဲ ကိုပို့လာတာပါ။ သူကိုယ်တိုင်ကြုံလာတာကို ပို့လာတာပါ၊ ပို့လာတဲ့သူကတော့ ဆွေမျိူးအရင်းခေါက်ခေါက်ကြီး နောက်ပြီး ကိုယ်တိုင်လည်း အတူတူ ဝိုင်းနေကြဆိုတော့ မှန်တယ်ဆိုတာ ထောက်ခံပါတယ်။

( ၁၇.၆.၁ဝ ) နေ.က ပုဇွန်တောင်-ဗိိုလ်ချုပ်လမ်းမ ပေါ် ၅၁-လမ်းထိပ်တည့်တည့်မှာရှိတဲ့ Woody House ဆိုတဲ့ စားသောက်ဆိုင်မှာ ဂျာနယ်တစ်ခုက ဒု-အယ်တီတာချုပ်ဖြစ် တဲ့သူငယ်ချင်း တစ်ယောက်နဲ.ထိုင်ပြီး ဘီယာသောက်ရင်း အာဂျင်တီးနားနဲ. တောင်ကိုရီးယား တို.ရဲ. ဘော်လုံးပွဲကို ထိုင်ကြည်.နေခဲ့ပါတယ်။ ဆိုင်ထဲမှာတော့ အားလုံးသိကြတဲ့အတိုင်း တိုက်ဂါးဘီယာက Promotion Girl လေးက ဘီယာသောက်သူတွေကို လက်ဆောင်ပစ္စည်းနဲ.လဲလှယ်ရမယ့် ကူပွန်ကဒ်ပြားပေါ်မှာ စတစ်ကာလေးတွေလိုက်ကပ်ပေးနေပါတယ်


ဒီနေရာမှာ ဘီယာမသောက်တတ်သူတွေနဲ. ပြင်ပကလူတွေနားလည်အောင် တိုက်ဂါးဘီယာရဲ.World Cup Promotion ပုံစံကို ရှင်းပြချင်ပါတယ် ။ promotion ကဒ်ပြားလေးတစ်ကဒ်ပေါ်မှာ sticker ကပ်ဖို. ကွက်လပ် ( ၁ဝ ) ခုပါပါတယ်။ တိုက်ဂါးစည်ဘီယာ ၂ ခွက် (သို. ) ပုလင်း ၁ လုံး သောက်ရင် ခုနပြောတဲ. Promotion Girl လေးတွေက sticker ၁-ခုကပ်ပေးပါတယ်။ ကဒ်ပြားတစ်ခု ပြည့်ဖို. sticker ၁၀-ခုလိုတယ်ဆိုတော့ စည်ဘီယာခွက် ၂၀-သောက်ရမယ့်သဘောပါ။ ( ဒီကိစ္စမှာ စည်ဘီယာနဲ.ပဲဆိုင်လို. ပုလင်းကိုထည့်မပြောတော့ပါဘူး )ကဒ်ပြားတစ်ခုပြည့်ရင် တီရှပ်တစ်ထည်ရပါတယ်။ ၄ ကဒ်ဆို ဘော်လုံးသမားပုံတူအရုပ်တစ်ရုပ်၊ ၆ ကဒ်ဆိုရင် လက်ပတ်နာရီတစ်လုံး ပေးပါတယ်။ ဇာတ်လမ်းဆက်ပါ့မယ်………
အာဂျင်တီးနား နဲ.တောင်ကိုရီးယားပွဲ ပြီးလို.နောက်တစ်ပွဲ စောင့်နေချိန်မှာပဲ ဆိုင်ကောင်တာ မှာ ပြသနာတစ်ခုတက်နေတာလှမ်းတွေ.နေရပါတယ်။ အတူရှိနေတဲ့သူငယ်ချင်းက ” ပြသနာတက်နေတာ..ဆရာချစ်စံဝင်းနဲ.ဆရာမောင်သွေးသစ်ပဲ ..ဘာဖြစ်တာလဲမသိဘူးဗျ” လို.ပြောပါတယ်။ ဒါနဲ. ကျနော်လဲ ကောင်တာနဲ.မလှမ်းမကမ်း ကနေ သွားအကဲခတ်ပါတယ် ။
အဲဒီမှာ ကောင်တာထိုင်နေတဲ့လူလတ်အရွယ်အမျိုးသားက ” ခင်ဗျား အဲဒီလိုမခြိမ်းခြောက်နဲ.လေ..ခင်ဗျားတို.မကျေနပ်ရင် သူတို.ကုမဏီကိုရေး…ကျုပ်တို.ဆိုင်နာမယ်ထည့်ရေးစရာမလိုဘူး ” လို.ပြောတာကြားရပါတယ်။ အဲဒီမှာ ဆရာချစ်စံဝင်း က ” ဒါခင်ဗျား တို.ဆိုင်မှာဖြစ်တာ..ခင်ဗျားတို.ရှင်းပေးရမယ်..” လို.ပြန်ပြောပါတယ်။ ကောင်တာကလူကလည်း..” ရှင်းပေးဆိုရှင်းပေးမယ်..ဒါပေမယ့်ခြိမ်းခြောက်တာတော့လက်မခံဘူး..” လို.ပြောပါတယ်..အဲဒီမှာ ကောင်တာကလူရဲ.မိန်းမကဝင်တောင်းပန်ပြီး ကောင်မလေးကိုလဲအစဉ်ပြေအောင်လုပ်ပေးလိုက်ဖို. နားချပါတယ်။ အဲဒီနောက် ကောင်မလေးက တရှူံ.ရှူံ.ငိုနေတဲ့ကြားက sticker တွေထုတ်ကပ်ပေးပါတယ်။ ကဒ်ပြား ပြည့်သွားတော့ ချစ်စံဝင်းက ” ဘယ်မှာလဲအကျင်္ီလို. ” ခပ်မာမာတောင်းပါတယ်။ ကောင်မလေးကလဲ တီရှပ်တစ်ထည်ထုတ်ပေးလိုက်ပါတယ်။ သူတို.ကျေနပ်ပြီးပြန်ထွက်သွားမှ promotion Girl ကောင်မလေးနဲ. စားပွဲထိုးကောင်လေးတွေကို အဖြစ်အပျက်အစုံအလင်မေးကြည့်တော့………သူတို.ကလာထိုင်သောက်တယ်။ ကောင်မလေးက စတစ်ကာတွေကပ်ပေးနေတယ်။ ကောင်မလေးကစ ကပ်မပေးခင်ရှင်းပြတာလဲသေချာနားထောင်ပုံမရဘူး ၊ အဲဒီနောက် သူတို. ( ၃ )ယောက်  ( နောက်တစ်ယောက်ကလည်း ချစ်စံဝင်းနဲ.လုပ်ဖော်ကိုင်ဖက် ဂျာနယ်လောက ကပဲလို.သိရပါတယ် ၊ နာမည်မမှတ်မိပါ ) သောက်ပြီးသွားတော့ ကောင်မလေးကို ခေါ်ပြီး စတစ်ကာတွေပြကာ အကျင်္ီတောင်းပါတယ်။ သူတို.သောက်ထားတာ စုစုပေါင်း ( ၁၅ ) ခွက်ပဲရှိပါတယ် ၊ ကောင်မလေးက ကဒ်ပြားပြည့်မှပေးလို.ရမယ် ရှင်းပြတာကိုလက်မခံပဲ အကျင်္ီမပေးရကောင်းလားဆိုပြီး ကောင်တာကလူတွေကိုပါ..စာနယ်ဇင်းကဘာညာ..ထည့်ရေးလိုက်လို. နာမည်ပျက်သွားမယ် စသဖြင့် ပြောဆိုပြီး စည်းကမ်းချက်နဲ.မညီတာကိုတောင်းဆိုတာပါ။ တော်တော်ဆိုးတဲ့လူတွေပါ ။ အသက်လဲကြီးပါပြီ။ချစ်စံဝင်း ဆိုတဲ့လူဆိုရင် ဆံပင်တောင်တစ်ခေါင်းလုံးဖြူနေပြီ။ ဘာမဟုတ်တဲ့ တီရှပ်လေးတစ်ထည် အတွက် ပြသနာ ဖြစ်တယ်ဆိုတာ ကြားမကောင်းပါဘူး ဒီအသက်အရွယ်ကြီးနဲ.။ဒါထက်ပိုဆိုးတာက စာနယ်ဇင်း ဆိုပြီးအစွယ်ထုတ်ပြတာ..။ ဘီယာ ကြော်ငြာတီရှပ်မရလို. စာနယ်ဇင်း ဝိတ်သုံးတာ ကောင်းပါရဲ.လား ။ တကယ်ဆို နောက်တက်ဂျာနယ်လစ် လူငယ် တွေက လုပ်နေရင် သူတို.ကဆုံးမ ရမှာပါ ၊ အခုတော့…ကျနော့်သူငယ်ချင်း ဂျာနယ်လစ် လူငယ်က သူတို.အစားရှက်လို.ပုန်းနေရတယ် ။ ကျနော်တို. ဘယ်လိုလူတွေကိုလေးစားရတော့မှာလဲ ။
သူတို.နဲ.ပုဂ္ဂိုလ်ရေး ဘာပြသနာမှမရှိပေမယ့် စာနယ်ဇင်း ကဆိုပြီးလူတွေကိုအနိုင်ကျင့်တာ မခံနိုင်လို.တင်ပြလိုက်တာပါ။

2 comments

  • yannaingech

    June 21, 2010 at 10:50 am

    ယုံရမလား…မယုံရမလားမသိတော့ပါဘူး။ နာမည်ကျော်တစ်ယောက်ပဲ။ သူ့စာမဖတ်ဖူးပေမယ့် နာမည်တော့ သိနေတယ်…

  • သတင်းလူသား

    June 21, 2010 at 4:47 pm

    ခုလိုကိစ္စမျိုးတွေများစွာကို စာနယ်ဇင်းလောကထဲမှာ တွေ့ကြုံနေရတာရှိပါတယ်။ စာနယ်ဇင်းစုန်းပြူးတွေလို့ ပြောရမှာပါ။ အဲလိုစုန်းပြူးဖြစ်နေသူတွေဟာလည်း မျိုးဆက်သစ်လူငယ်တွေထဲက ရှုားပါတယ်။ လူကြီးပိုင်းတွေထဲက အများစုကို ကျွန်တော်လည်းကြုံဖူးပါတယ်။ ဘုန်းကြီးတစ္ဆေတွေ(ခေတ်ဆွေးစာနယ်ဇင်းသမားယောင်ယောင်တွေ)လို့ပဲပြောချင်ပါတယ်။ ဒီလိုလူမျိုးတွေကြောင့်လည်း စာနယ်ဇင်းလောက နာမည်ပျက်နဲ့ကြုံကြရတာပါ။ စာနယ်ဇင်းလောကထဲမှာ ချဉ်ဖတ်တစ်ယောက်လည်း ရှိပါသေးတယ်။ အခမ်းအနားပွဲတွေ၊ စာနယ်ဇင်းပွဲတွေ၊ ဖျော်ဖြေရေးပွဲတွေကို ဂုတ်စီးလုပ်စားနေတဲ့ စာနယ်ဇင်းဘိုးအေကြီးလို့ သူ့ကိုသူ ခံယူထားသူတစ်ယောက်ပါ။ အဲလိုလူတွေကြောင့်လည်း စာနယ်ဇင်းလောကနာမည်ပျက်စာရင်းက ပိုဆိုးရွားနေတာပါ။ နောက်တစ်ခုပြောချင်တာက ခုလို ပြဿနာဖြစ်တယ်ဆိုရာမှာလည်း ဖြစ်တဲ့နေရာက ဘီယာဆိုင်လို့သိရပါတယ်။ အဲလိုဆိုင်မျိုးမှာ အမျိုးသမီးလေးတွေကို လုပ်ခိုင်းစေခြင်းကလည်း အဲလိုပြဿနာတွေဖြစ်လာမယ်ဆိုတာ ကြိုသိဖို့လိုပါတယ်။ အရက်ဆိုင်ဆိုတာ ရှင်းရှင်းပြောရရင် လူကောင်းတွေအတွက်နေရာမဟုတ်ပါဘူး။ (မှတ်ချက်။ ။ လူကောင်းဟု သုံးနှုန်းခြင်းသည် ယင်းဆိုင်တွင်း ရှိသူများသည် အရက်လာသောက်သူများဖြစ်သည့်အတွက် အရက်၏စွမ်းအားကြောင့် အရက်ဝင်လို့ စိတ်ဓာတ်ပြောင်းလဲခြင်း၊ သာမန်လူတစ်ယောက်၏ ထိန်းချုပ်မှု အနေအထားမရှိခြင်းကို ဆိုလိုပါတယ်)အဲဒီ့အတွက် ခုဖြစ်တဲ့ပြဿနာမှာ မိမိကုန်ပစ္စည်း ရောင်းအားမြင့်တက်ရေး Promotion ပြုလုပ်သည့် ကုမ္ပဏီကလည်း ယခုကဲ့သို့ ပြဿနာများကို ကြိုတင်သိရှိထားရမှာဖြစ်သလို ရောင်းချသည့်ဆိုင်အနေနဲ့ကလည်း အရက်ဆိုင်နှင့် မိန်းကလေးတွဲဖက်လာတဲ့အခါမှာ မဖြစ်သင့်တာတွေဖြစ်လာမယ်ဆိုတာ ကြိုသိထား၊ ကြိုတင်ပြင်ဆင်ထားဖို့ အထူးလိုပါတယ်။ နောက်ဆုံးအချုပ်ပြောရရင်တော့ အားလုံးမှားသည်လို့ပဲဆိုရမှာပါ။

Leave a Reply