ကျွန်တော့် စိတ်ကူး လေး အောင်မြင်စွာပြီးဆုံးသွားလို့ အတိုင်းမသိဝမ်းသာမိပါတယ် ။ ယခုလအတွက်ခေါင်းစဉ် ကိုလည်း ရွေးချယ်ပြီးပါပြီ ။ July အတွက်ကိုတော့ ကိုမှော်ဆရာ က မပေးသေးတော့ ကိုစိန်သော့နဲ့ ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး ။ ဆိုတော့ ရိုက်ချင်သပါ့ဆိုရင် ဘဝ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြိုတင်ရိုက်ကူးထားနိုင်ပါတယ်။ ဒါ့ထက် ပြပွဲ အတွက် လိုအပ်နေတဲ့ ဆုရဓာတ်ပုံ ရွေးချယ်ဖို့အတွက်ကိုလည်း အကူအညီ အကြံဥာဏ် တောင်းခံအပ်ပါတယ် ။ ကဲ ..
ဒီ လ(June) အတွက်ပါဗျာ .. . တစ်ယောက်ကို တစ်ပုံ ပဲ ပေးပို့ရမှာဖြစ်ပါတယ် ။

ခေါင်းစဉ် ………………. ချစ်စရာ့အရွယ်
အမျိုးအစား …………….. ဆေးရောင်စုံ
အငယ်ဆုံးအရွယ်အစား ……….800 x 600 px
ဖိုင် အမျိုးအစား ……………JPEG
(သီးခြား)ဖော်ပြရန်…………. f number, shutter speed, ISO
ကန့်သတ်ချက် ……………..ရေစာ ၊ ဘောင် ၊ လက်မှတ် ထည့်သွင်းခြင်း မပြုရ
ဓာတ်ပုံလက်ခံ ပိတ်ချိန် …………၂၀၁၂ ဂျွန်လ ၂၇ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ
ပေးပို့ရမည့်လိပ်စာ ……………mgazettephotoshow@gmail.com

* ဒီနေရာမှာ Aperture , Shutter Spee , ISO စတဲ့ ဒေတာ တွေ မပါ( ထည့်မပေး) တဲ့ ပုံကို ဓာတ်ပုံပြပွဲမှာ ဖော်ပြ ပေးမှာ မဟုတ်ပါဘူး *
ဒေတာ တွေကို ဘယ်နေရာမှာ ရနိုင်တယ် ဆိုတာကို ကျွန်တော်တို့ ရွာထဲက ဓါတ်ပုံဆရာ များမှ အသေးစိတ် ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ် ၊ ယခင်ကလည်း ကိုမှော်ဆရာ တို့ ကိုဂီ တို့က မကြာမကြာ ပြောဖူးတာတွေ ရှိပါတယ် ၊ မရှင်းလင်းတာ ရှိရင်လည်း မေးမြန်းနိုင်ပါတယ် ။ ချစ်စရာ့အရွယ် ကတော့ ရိုက်လို့ လွယ်မယ်ထင်ပါတယ် .. ဘယ်အရွယ်က ချစ်စရာ ဖြစ်မလဲ ? ဘယ်သူတွေက ဘယ်လိုပုံမျိုးနဲ့ ဘယ်ဆုကို ရမလဲ ?ဆိုတာ ဒီလ ကုန်ရင် အတူတူကြည့်ကြရအောင်နော် ..
အကောင်းဆုံး လက်စွမ်ပြနိုင်ကြပါစေ.
ချစ်ရင်ထူး.

About ချစ်ရင်ထူး II

has written 38 post in this Website..