“ချစ်စရာ့အရွယ်” (ဓာတ်ပုံပြပွဲ -၂) 2012 June

ကျွန်တော့် စိတ်ကူး လေး အောင်မြင်စွာပြီးဆုံးသွားလို့ အတိုင်းမသိဝမ်းသာမိပါတယ် ။ ယခုလအတွက်ခေါင်းစဉ် ကိုလည်း ရွေးချယ်ပြီးပါပြီ ။ July အတွက်ကိုတော့ ကိုမှော်ဆရာ က မပေးသေးတော့ ကိုစိန်သော့နဲ့ ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး ။ ဆိုတော့ ရိုက်ချင်သပါ့ဆိုရင် ဘဝ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြိုတင်ရိုက်ကူးထားနိုင်ပါတယ်။ ဒါ့ထက် ပြပွဲ အတွက် လိုအပ်နေတဲ့ ဆုရဓာတ်ပုံ ရွေးချယ်ဖို့အတွက်ကိုလည်း အကူအညီ အကြံဉာဏ် တောင်းခံအပ်ပါတယ် ။ ကဲ ..
ဒီ လ(June) အတွက်ပါဗျာ .. . တစ်ယောက်ကို တစ်ပုံ ပဲ ပေးပို့ရမှာဖြစ်ပါတယ် ။

ခေါင်းစဉ် ………………. ချစ်စရာ့အရွယ်
အမျိုးအစား …………….. ဆေးရောင်စုံ
အငယ်ဆုံးအရွယ်အစား ……….800 x 600 px
ဖိုင် အမျိုးအစား ……………JPEG
(သီးခြား)ဖော်ပြရန်…………. f number, shutter speed, ISO
ကန့်သတ်ချက် ……………..ရေစာ ၊ ဘောင် ၊ လက်မှတ် ထည့်သွင်းခြင်း မပြုရ
ဓာတ်ပုံလက်ခံ ပိတ်ချိန် …………၂၀၁၂ ဂျွန်လ ၂ရရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ
ပေးပို့ရမည့်လိပ်စာ ……………mgazettephotoshow@gmail.com

* ဒီနေရာမှာ Aperture , Shutter Spee , ISO စတဲ့ ဒေတာ တွေ မပါ( ထည့်မပေး) တဲ့ ပုံကို ဓာတ်ပုံပြပွဲမှာ ဖော်ပြ ပေးမှာ မဟုတ်ပါဘူး *
ဒေတာ တွေကို ဘယ်နေရာမှာ ရနိုင်တယ် ဆိုတာကို ကျွန်တော်တို့ ရွာထဲက ဓါတ်ပုံဆရာ များမှ အသေးစိတ် ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ် ၊ ယခင်ကလည်း ကိုမှော်ဆရာ တို့ ကိုဂီ တို့က မကြာမကြာ ပြောဖူးတာတွေ ရှိပါတယ် ၊ မရှင်းလင်းတာ ရှိရင်လည်း မေးမြန်းနိုင်ပါတယ် ။ ချစ်စရာ့အရွယ် ကတော့ ရိုက်လို့ လွယ်မယ်ထင်ပါတယ် .. ဘယ်အရွယ်က ချစ်စရာ ဖြစ်မလဲ ? ဘယ်သူတွေက ဘယ်လိုပုံမျိုးနဲ့ ဘယ်ဆုကို ရမလဲ ?ဆိုတာ ဒီလ ကုန်ရင် အတူတူကြည့်ကြရအောင်နော် ..
အကောင်းဆုံး လက်စွမ်ပြနိုင်ကြပါစေ.
ချစ်ရင်ထူး.

84 comments

  • ချစ်ရင်ထူးနှစ်

    June 6, 2012 at 12:44 am

    ဒါနဲ့ ဆုရရှိတဲ့သူများက ရေးပေးကြပါဦးနော် .. နောက်တစ်ပွဲ ရှိသေးတော့ အရမ်းနီးသွားမှာ စိုးလို့ပါ ..

    • Thel Nu Aye

      June 6, 2012 at 11:51 am

      ကြည့်လို့ရဘူးရယ်။ ဖွင့်တာမပွင့်ဘူး။ လုပ်ပါအုံးဂိဂိရေ။ f number, shutter speed, ISO အဲဒါတွေက ဘယ်မှာဘယ်လိုကြည့်ရမှာတုန်း။ အရင်ကရိုက်ထားတဲ့ပုံတွေဆိုရင်ကော ပြန်ကြည့် လို့ရလား။ သွားရင်းလာရင်းကြုံလို့ရိုက်ထားတာတွေရှိနေလို့ပါ။

  • Azzurri

    June 6, 2012 at 7:47 am

    သည်လ ပြပွဲ ပေါ်လစီ ပိုင်း နည်းနည်း ပြောပါရစေ..
    သည်တခါ ကျနော် နည်းနည်း ပုံစံပြောင်းပါမယ်…

    အရင်တခေါက်က (aperture, shutter speed, ISO)ကို
    မေးမြန်းထားပေမယ့် အဆိုပါ ဂဏန်းတွေကြည့်ပြီး ပုံကိုချဉ်းကပ်မှာစိုးလို့
    ချက်ခြင်း မရေးခဲ့ဘဲ ပြပွဲ သတ်မှတ်ချိန်ပြီးတော့မှ ကျနော် ရေးတင်ခဲ့ပါတယ်…

    သည်တော့ ခံစားချက်သက်သက် ဘက်ကလာတဲ့ ကောမန့်တွေ ဗုတ်တွေ
    သာ တက်ခဲ့ပါတယ်။ (နည်းစနစ် ရှုထောင့် က ချဉ်းကပ်တာ နည်းခဲ့ပါတယ်)

    သည်တခါ အဆိုပါ digital information ကို ပုံရဲ့ caption အနေနဲ့ ထည့်ရေးမယ်
    ဖြစ်ပါတယ်။

    ဒုတိယ အပြောင်းအလဲကတော့ .. ပြပွဲ သတ်မှတ်ချိန်အတွင်း ကျနော် ဘာမှ
    ဝင်မပြောခဲ့တာပါ … သည်တခါ အထက်က ပြောခဲ့တဲ့ နည်းစနစ် ရှုထောင့်တွေကနေ
    ဝင်ပြောမယ် လို့ တွေးမိပါတယ်။

    ဒါတွေ အပြောင်းအလဲ လုပ်တယ်ဆိုတာ ..ကျနော်တို့ မူလရည်မှန်းတဲ့အတိုင်း
    ပိုကောင်းအောင် ရိုက်တတ်လာနိုင်ဖို့ အတွက် အထောက်အပံ့ဖြစ်စေမယ် ထင်လို့
    လုပ်တာဖြစ်ပါကြောင်း…

    တတိယ တခုကတော့ လက်တလော ဟော့တော့ပစ် နဲ့ ဆိုင်ပါတယ်..
    ဘာသာခြား လူမျိုးခြား ကလေး ဒါ့ပုံတွေ
    ပါချင် ပါလာနိုင်မှာ ဖြစ်လို့ လူလူချင်း ခွဲခြားမှု အရောင်တွေ
    သည်ကဏ္ဍမှာ မစွန်းထင်း စေလိုပါကြောင်း …
    ရွာသူားတွေကို တောင်းဆိုချင်တာပါ..

    တော်သေးဘီ
    ခင်တဲ့
    ဂီ

    • Khaing Khaing

      June 6, 2012 at 9:40 am

      ကိုဂီပြောတာထောက်ခံပါတယ် ……… သများသမီးလေးက အသားမဲတယ် …… သများတို့ကို ခွဲခြားဆက်ဆံရဝူးနော် ……….

    • kai

      June 6, 2012 at 4:50 pm

      ဘိုကလေးတွေရိုက်ဖို့အကြံထုတ်နေတာ…
      ဆိုတော့..
      ကပ္ပလီလေးတွေပြောင်းရိုက်လိုက်ရ..
      ကင်မရာနဲ့ပြောတာနော… 🙂

      • Azzurri

        June 6, 2012 at 5:22 pm

        ဗျို့ သဂျီး ..ခင်လို့ လက်တို့မယ် ….
        ကလေး တွေရိုက်ရင် တကယ့် ..မုဒ် မပျက်ဘဲ ..သဘာဝကျကျ ဟန်ပန်လိုချင်ရင်
        ဝေးဝေးပြေးပြီး ပစ် ဗျို့ ….၂၇ဝမမ ကို ခရော့ပ်ဖက်တာ ၁.၅ နဲ့ မြှောက် ၄၀ဝမမ လောက်
        ရှိတာပဲဗျာ ..အေးချေး အေးချေး …
        အဲ…
        ဘက်ဂရောင်း ဘလားချင်ရင် အပါချာ အကျယ် ကိုသုံး…
        ဖိုးကပ်စ် ကတော့ မျက်လုံးပေါ်မှာ ပေါ့…

        ကပ္ပလီ လေးဒွေ မျက်လုံး သိပ်လှတယ် သဂျီး ..
        အပေါ်ဘက် ခပ်စောင်းစောင်းကနေ တူရူငေးနေတာကို ရိုက်နိုင်ရင် …
        ရှယ်….
        😀

    • တရဲလေး အောင်ချိန်

      June 8, 2012 at 9:13 am

      တစ်ခုလောက်အကြံပေးချင်လို့ပါ.. အခုပုံတွေလက်ခံရရှိနေပြီဆိုရင် ရတဲ့ပုံတွေကို အရင်တင်ထားပေးပါလားနော်.. poll ကသတ်မှတ်ထားတဲ့ရက်မှ ထည့်လိုက်လို့မရဘူးလား.. ဒါဆို အရင်ပုံတွေကြည့်ထားလို့ ရတာပေါ့နော်.. vote ပေးတာကတော့ အဲဒီရက်ရောက်တော့မှ ပေးကြတာပေါ့ ကောင်းဘူးလား

  • Red Devil

    June 6, 2012 at 8:46 am

    တစ်ယောက်တစ်ပုံဆိုတော့ မနည်းဘူးလားဟင်.. ၃ ပုံလောက်တော့လုပ်ပါဂျာကျွန်တော့မှာ ကလေး ၃ ယောက်ရှိလို့ပါ..:P

    • kyarphyu

      June 8, 2012 at 10:56 am

      ဘယ်တုန်းက ၃ ယောက်တောင် မွေးလိုက်ပါလိမ့်….:D

  • MaMa

    June 6, 2012 at 8:48 am

    ဒီနေရာမှာ Disc အပြည့်စုံဆုံးဖြစ်တဲ့ ဒို့သဂျီးကို အတုယူရမယ်။ 😀

  • nozomi

    June 6, 2012 at 10:20 am

    ကိုဂီ ရေ
    အကျန်လေး တစ်ခု အဲ အကြံလေး တစ်ခု ပေးကြည့်ချင်ပါတယ်

    ကိုဂီပြောတဲ့
    ဒုတိယ အပြောင်းအလဲကတော့ .. ပြပွဲ သတ်မှတ်ချိန်အတွင်း ကျနော် ဘာမှ
    ဝင်မပြောခဲ့တာပါ … သည်တခါ အထက်က ပြောခဲ့တဲ့ နည်းစနစ် ရှုထောင့်တွေကနေ
    ဝင်ပြောမယ် လို့ တွေးမိပါတယ်။

    ပုံတွေ ပြထားတဲ့ ကာလ ကိုဂီ အဲဒီလို ပြောလိုက်ရင် ဗုတ်တဲ့ သူတွေ အမြင်မှာ ကိုဂီ ပြောထားတာတွေ ပါနေမှာ လွှမ်းမိုးသွားမှာ စိုးမိတယ် အဲဒါဆို သူတို့ခံစားချက်အမှန်ကို မသိနိုင်တော့ဘူး

    ဖြစ်နိုင်ရင် ( ဖြစ်နိုင်ရင် ) အခုလ လိုပဲ ပထမပိုင်း (သူကြီးစီစဉ်တဲ့ ) ရွာသူားတွေ ကပဲ ဗုတ်လို့ ရအောင် လုပ် ၊ သူတို့ ခံစားချက်အတိုင်း ရွေးကြပါစေ ( အဲဒီမှာ ပရို ရော မပရို ရော ပြ ချင်တဲ့ သူတွေ အားလုံး ဝင်ပြနော် ၊ ခွဲခြားမထားဘူး ) ပရိတ်သတ် အကြိုက် အစဉ်လိုက်ထွက်လာမယ်

    ပြီးမှ အဲဒီပုံတွေကိုပဲ ကိုဂီတို့ ကိုစိန်သော့ ကိုလုလင်တို့ မှော်ဆရာတို့ နဲ့ တခြား ရွာထဲက ပရိုတွေ တိုင်ပင် ပြီး ဓါတ်ပုံပညာ ရှုထောင့်အရ သုံးသပ်ပြပြီး အကောင်းဆုံး ပုံတွေ ရွေးပေး

    အဲဒါဆို ရွာသားတွေလဲ သူတို့ကြိုက်တာ ရွေးလို့ရမယ်
    ကိုဂီ တို့ ဆီက အမြင်တွေ အကြံပြုချက်တွေ သိရလို့လဲ ရွာသူားတွေ ဓါတ်ပုံပညာ တိုးလာမယ်

    အကြံပြုရုံသက်သက်ပါနော၊ ကျန်တာတော့ အားလုံးသဘောပါ

    • Mလုလင်

      June 6, 2012 at 10:25 am

      ကျွန်တော် နဲ့ မှော်ဆရာ လဲ အဲလို လေးတွေးမိတယ် .. နဲနဲအချိန် ပေးရမှာမို့ .. သင့်မသင့် ..စဉ်းစား ရမယ် ဦး နို ရေ ….။

    • Azzurri

      June 6, 2012 at 10:46 am

      သည်လိုဗျာ ..
      ဟိုဆြာတွေက လည်း သူတို့ပုံတွေပါတော့
      တခြားပုံတွေကို နည်းစနစ် အရ မဝေဖန်ဘူး
      ကျနော် ကလည်း မပြောဘူး ဆို မပြောဘဲနေတော့…
      ခံစားချက်သက်သက် ချည်း လို ဖြစ်သွားတယ်..

      သည်တခါ ဝင်ပြောမယ် ဆိုတာ … နည်းစနစ်ပိုင်း ပံ့ပိုးချင်လို့ပါ…
      ကြည့်တဲ့လူကတော့ နည်းစနစ် နောက်လိုက်တဲ့လူ..
      ခံစားချက်နောက်လိုက်တဲ့လူ .. ၂ဖွဲ့ ကွဲ သွားမယ်ပေါ့လေ…
      အဲ့ဒါလေးပါ …

      ဘယ်သူ့ပုံမှန်း မသိဖို့အတွက်တော့ ရိုက်ထားတဲ့လူ ကို
      မေးခွန်းထုတ်တာမျိုးတွေ တော့ မပါဘူးပေါ့ဗျာ …

      နောက် ဗုတ်စနစ်ကို နည်းနည်း ပြန်သုံးသပ်မယ် လို့ တွေးနေပါတယ်…

      ခင်တဲ့

  • Mလုလင်

    June 6, 2012 at 10:20 am

    ကျွန်တော် က ချစ်ရင်ထူး စီက အိတ် တစ်လုံးရပါလိမ့်မယ် …။ အဲဒါ အိတ်မယူပဲ ပိုက်ဆံ ပဲတောင်းလိုက်ပါတယ် … ဟဲ ..ဟဲ..ဟဲ ….. အဲ့ပိုက်ဆံ နဲ့ memory stick ဝယ်ပြီး အခုလ ချစ်စရာ့အရွယ်မှာ .. လက်ဆောင် တစ်ခု အဖြစ် ပေးမယ် စိတ်ကူးပါတယ်။ အဲ့ဒီတော့ ဒီလ ချစ်စရာ့ အရွယ် အတွက် .. Mလုလင် က memory stick တစ်ချောင်းပါလို့ ….။ vote ကြသူတွေကို နဲနဲလေးပြောချင်တာက .. ဒီ vote တွေက member တွေရဲ့ ပုံရိပ် .. Mandalay Gazette ရဲ့ ပုံရိပ် မို့ …….. အဲဒါလေးပါ …
    လေးစားစွာဖြင့်
    Mလုလင်

  • Azzurri

    June 6, 2012 at 10:52 am

    ကိုမှော်ရေ ..
    ကျနော့် ဆီက SD Card နည်းနည်း စောင့်ပေးပါဗျာ..
    သည်လကုန်လောက်မှ လူကြုံရှိမှာ မို့လို့ပါ…
    နီးရင် ကျနော် ထပ်ပြောပါ့မယ်နော…

  • ဘဲဥ

    June 6, 2012 at 12:30 pm

    တိုတိုဂီ
    ချစ်စရာ့အရွယ်ချိုဒါ ကောင်မလေး အတက် နှစ်ဆယ်ဝန်းကျင်ကိုပြောဒါရား 😆

    • Thel Nu Aye

      June 6, 2012 at 1:53 pm

      ဘယ်အရွယ်ဖြစ်ဖြစ်ရမှာပေါ့။ ကိုယ်ကချစ်နေရင် အရွယ်တိုင်းဟာချစ်စရာ့အရွယ်ချည်းပဲပေါ့။ ဟုတ်ဘူးလား။ ဟီဟိ ပြေးပြီ ဒေါက်ဂလက်ဒေါက်ဂလက်။

  • တရဲလေး အောင်ချိန်

    June 6, 2012 at 4:32 pm

    ပထမဆုအတွက် ကန်နွံ ဖိုက်ဒီမတူး
    ဒုတိယဆု အတွက် နီကွန် ဒီ၇၀၀၀
    တတိယဆုအတွက် နယူးအိုင်ပတ်
    နှစ်သိမ့်ဆု အတွက် ဆမ်ဆောင်း ဂလက်ဆီ အက်စ် တူး
    ဆုမရသူများကတော့ တစ်ယောက် ၁ သိန်း ချီးမြှင့်မယ်တဲ့

  • manawphyulay

    June 6, 2012 at 4:44 pm

    ချစ်ချာ့အရွယ် ချိုတော့ မီးဘာသာပဲ သရုပ်ဆောင်ပြီး ချစ်ချာ့အရွယ်ကချားဂျမယ်… ပုံလေး ရိုက်ပို့ရင် ကောင်းမလားဟင်… ရွာထဲမှာရှိတဲ့ ဦးဦး ကိုကို မမ ဘကြီး ဒေါ်ကြီး ဦးကြီးတို့ ကျောကျပါရို့…:P

  • ကြောင်ကြီး

    June 7, 2012 at 8:25 am

    ကျမ်းဂန်အလိုရတော့ မိန်းခလေး ၁၆နှစ် ယောက်ျားလေး ၂ဝနှစ်..။ နတ်ပြည်က နတ်သမီးနတ်သားတွေဆို စုတေစိတ်ကျချိန်အထိ အဲဒီအရွယ် မပြောင်းဘူးဆိုဘဲ…။ သမီးလေးတွေပုံ ကြည့်ရသေးသပ…။

    • မောင်ပေ

      June 9, 2012 at 11:06 am

      ကိုချစ်ရင်ထူးနှစ်ရေ..
      အူးကြောင်ကြီး နဲ ့ဆန္ဒ ထပ်တူဘဲ ဖြစ်ကြောင်း ရယ်ပါ
      ထို ့အတူ
      မိုက်ကယ်ပု ဆန္ဒအတိုင်း လဲ ဖြစ်စေချင်ကြောင်း ရယ်ပါလေ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 7, 2012 at 9:57 am

    ဝင်ပါယဉ်ပြိုင်သူတွေရဲ့ ပုံတွေကို ဘယ်သူ့ဟာလည်းဆိုတာ
    မပြောပြထားသင့်ဘူးလို့ အကြံပြုပါတယ်ခင်ဗျ
    နောက်ဆုံး ရဒဲ့သူကိုမှ ထုတ်ပြန်သင့်ဘာဒယ်
    ဓာတ်ပုံပေးပို့သူတွေအနေနဲ့ မိမိတို့ရဲ့ ချစ်စရာလေးတွေကို ဘယ်လိုသဘောလေးစိဒယ်
    ဆိုဒါ စာကြောင်းလေးဒွေရေးပြီးပေးပို့မယ်ဆိုရင်ဒေါ့
    သူ့ပုံရဲ့ အဒိတ်ဘယ်ဂို လေ့လာသူဒွေ နားလည်နိုင်ဂျမှာဖြစ်သလို
    သဘာပတိ အကဲဖြတ် လူဂျီးမင်းများလည်း လက်ကြောတင်းအောင်ရေးဇရာ မလိုဒေါ့ဒဲ့အတွက်
    အားအားယားယား အချိန်တွေပိုလာနိုင်ဘာဒယ်လို့
    အကြံပေးတင်ပြအပ်ပါသှ်ခမြ
    ဓာတ်ပုံပြပွဲဂျီး စည်ပင်တိုးတက်အောင်မြင်ကျော်ကြားဇေလိုသူ

  • ba gyi

    June 7, 2012 at 3:22 pm

    ကို ချစ်ရင် အဲ ကိုထူးနှစ် အာ– ဘယ်လိုခေါ်ရမလည်း ၊
    ဟိုဒင်း F number , Shutter speed ပဲပါပြီး Iso မပေါ် ရင် ရော၊ Iso အစားဘာထည့်ပေးရင်ရမှာလည်း။
    ဈေးစစ်တာ– ဈေးစစ်တာ။

    • Azzurri

      June 7, 2012 at 3:24 pm

      အိုင်အက်စ်အို မပါလည်း
      သည်တိုင်းသာ ပေးလိုက်ပါတော့ဗျာ…

      ခရထ-၂ ရေ …၁ဝပုံ ပျော့ပျော့လောက်တော့
      လက်ခံရရှိထားကြောင်း သံချောင်းခေါက်ပါတယ်ဗျို့ …
      :mrgreen:

  • ba gyi

    June 7, 2012 at 4:07 pm

    ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ပါဗျား။

  • chityimhtoo

    June 8, 2012 at 9:18 am

    ဒဂျီးအားရင်တော့မဆိုးဘူး ..တဂျီးကိုချိုလိမ်တတ် ကလေးသေးခံဘောင်းဘီဝတ်ပြီး ချစ်စရာအရွယ်
    မှာဝင်ပြိုင်ချင်လို့ပါ။ရွာသားတွေအတွက် ဒါလေးတော့လိုက်လျှောပေးပါ။

  • Thel Nu Aye

    June 8, 2012 at 8:17 pm

    စာဖတ်သူတွေကောဝင်ပြိုင်လို့ရပါသလား။

    • Azzurri

      June 13, 2012 at 1:49 pm

      ရပါတယ်ဗျ
      ပီးခဲ့တဲ့လ ကတောင် စာဖတ်သူတွေ ဝင်ပြသေးတယ်…
      အဲ .. ဘယ်သူဘယ်ဝါတော့ မိတ်ဆက်ပေးပေါ့ ..
      စာဖတ်သူပါ နာမည် ဘယ်လို ခေါ်ပါတယ် အစရှိသဖြင့် …

      ဗျို့ သဂျီး ..
      ဒီနေ့ထိ ဒါ့ပုံတွေ ပို့ပေးနေကြတုန်းပဲ…ဗျ…
      သည်လ မရွှေ့ဘဲ ၂၄ရက်နေ့ တင်မလား လို့ ….
      ခုတလော ဟိုပုံဒွေချည်း ကြည့်နေရတာ
      အပြောင်းအလဲ ဖြစ်အောင်လို့ ပါ…

      လက်တလောတော့ ..၁၃-၄ ပုံလောက် ရထားရဲ့ဗျာ..
      ဒါတောင် မပို့ပေးသေးတဲ့ ..အမာခံတွေ ကျန်သေးရဲ့ ..

      ကျန်တဲ့ ဆြာတွေ ပြောကြပါဦး … ဘယ်လိုလုပ်ရမယ် ဆိုတာ …

      :mrgreen:

      • MaMa

        June 13, 2012 at 2:39 pm

        ခုထိ မရိုက်ရသေးကြောင်း အကြောင်းကြားပါတယ်။
        ရက်တော့ မရွှေ့စေလိုပါ။
        အချိန်မီတောင် ရိုက်ဖြစ်ပါ့မလား မသိ။ 🙁

      • manawphyulay

        June 13, 2012 at 2:53 pm

        မြန်မြန် တင်ပေးရင် ကောင်းမယ်… မကောင်းသတင်းတွေပဲ တက်နေတော့ ကြည်နူးစရာ မြင်ကွင်းလေးတော့ မြင်ချင်မိတာအမှန်ပါပဲ။

        • Azzurri

          June 14, 2012 at 7:03 am

          မြန်မြန်တော့ တင်လို့ မဖြစ်ပါဘူးခင်ဗျား ..
          ရထားသလောက်လည်း အရင် တင် မပေးနိုင်ပါဘူး ..
          ဟို အပေါ်က တယောက် မေးတာနဲ့အတူ ပေါင်းဖြေလိုက်ပါတယ်…

          ဘာကြောင့်လဲဆို အရင်တင်ထားတဲ့ပုံတွေကို
          ရွာသူားအပေါင်းက မျက်စိထဲစွဲသွား ပြီး
          နောက်ပုံတွေကို အကဲဖြတ်တဲ့အခါမှာ အစွဲတခု ကို အခြေခံပြီး
          ချိန်ထိုးတာ မျိုး မဖြစ်စေချင်လို့ပါ…။

          ထို့အတူ နောက်မဆုတ်ဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျား…။

          ခုရက်ပိုင်း ပို့လာကြတဲ့ …
          ပုံရထားပြီး စာမပြန်ရသေးသူတွေ ကိုလည်း သည်နေ့ အပြီး စာပြန်ပေးလိုက်ပါတယ်လို့

          ခင်တဲ့

  • Wunna Aung

    June 14, 2012 at 4:59 am

    ဘယ်သူ့ကို တိုင်တည်လို့ ဘယ်ကိုမေးရမလဲ မသိတော့ ကွန်မန့်မှာပဲ ဝင်မန့်လိုက်ပါတယ်….. ချစ်စရာ့အရွယ်ကို စိတ်ဝင်စားတယ် ပို့ပေးဖို့လဲ အစီအစဉ်ရှိတယ်…. ဒါပေမယ့် မန်ဘာက လုံးဝ အသစ် ဒီနေ့မှ ဝင်တာ ဖြစ်နေတယ် ဆိုဒ်အကြောင်းဘာမှမသိဘူးဖြစ်နေတယ်…. ပြီးတော့ အရင်လက ဈေးသည်မှာလဲ ဘယ်သူဆုရလို့ ပုံတွေကို ဘယ်မှာကြည့်ရမလဲ ဆိုတာလဲ ရှာမတွေ့ဘူးဖြစ်နေတယ်…. ဘယ်လိုတွေ မန့်ကြလဲဆိုတာလဲ မတွေ့သေးဘူးဖြစ်နေတယ်ဗျာ… လုပ်ကြပါဦး ဆိုဒ်အကြောင်း ….. ဓါတ်ပုံပြပွဲ အကြောင်းလေးတွေပေါ့…. သေချာသိချင်ပါတယ်ဗျာ…… မန်ဘာ အသစ်လေး….

    • အရီး Khin Latt

      June 14, 2012 at 5:12 am

      ခေါင်းစဉ် ………………. ချစ်စရာ့အရွယ်
      အမျိုးအစား …………….. ဆေးရောင်စုံ
      အငယ်ဆုံးအရွယ်အစား ……….800 x 600 px
      ဖိုင် အမျိုးအစား ……………JPEG
      (သီးခြား)ဖော်ပြရန်…………. f number, shutter speed, ISO
      ကန့်သတ်ချက် ……………..ရေစာ ၊ ဘောင် ၊ လက်မှတ် ထည့်သွင်းခြင်း မပြုရ
      ဓါတ်ပုံလက်ခံ ပိတ်ချိန် …………၂၀၁၂ ဂျွန်လ ၂ရရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ
      ပေးပို့ရမည့်လိပ်စာ ……………mgazettephotoshow@gmail.com
      * ဒီနေရာမှာ Aperture , Shutter Spee , ISO စတဲ့ ဒေတာ တွေ မပါ( ထည့်မပေး) တဲ့ ပုံကို ဓါတ်ပုံပြပွဲမှာ ဖော်ပြ ပေးမှာ မဟုတ်ပါဘူး *

      Aperture , Shutter Spee , ISO အကြောင်းသိချင်ရင် ဒီမှာဖတ်ကွဲ့။
      http://myanmargazette.net/127905/travel/photography-pictures-galleries-wallpapers-photo-tips

      ဒါက ” ဈေးသည်” ခေါင်းစဉ် နဲ့ ပုံတွေ။
      http://myanmargazette.net/125764/travel/photography-pictures-galleries-wallpapers-photo-tips

      ဒါက “ဈေးသည်” ပုံ ဆုရ စာရင်း
      http://myanmargazette.net/127563/uncategorized-other/copypaste

    • အရီး Khin Latt

      June 14, 2012 at 5:27 am

      နောက် တစ်ခု သတိရလို့ ။ ဒါက ပြိုင်ပွဲဝင် ဓာတ်ပုံ တွေ အကြောင်းကို ဓာတ်ပုံပညာရှင် ဒိုင် တစ်ယောက်က ရေးထားတာ။
      သူ့ရဲ့ သုံးသပ်ချက်ပေါ့။
      အဲဒါက နေ အိုင်ဒီယာ ကောင်းလေးတွေ ပိုရနိုင်မှာပါ။

      http://myanmargazette.net/127467/uncategorized-other/copypaste

      Enjoy!!! 🙂

      • Wunna Aung

        June 14, 2012 at 6:07 am

        အရီး Khin Latt ကျေးဇူးပါ……..ခုလို ကူညီပေးတဲ့အတွက် …. ဒါနဲ့ ဒီဆိုဒ်မှာက ချက်ဘောက်လေး မရှိဘူးလားဗျ….. ပြီးတော့ ခုုဆိုဒ်ထဲမှာ ဘယ်သူတွေရှိနေတယ် ဆိုတာကိုကော ဘယ်လိုသိနိုင်မလဲဗျ

        • Azzurri

          June 14, 2012 at 7:07 am

          မေးချင်တာ ရှိရင် သည်ပိုစ့်မှာ မေးခဲ့ပါဗျ…
          ချက်ဘောက်စ်တော့ မရှိပေမယ့် .. response မြန်တာမို့…
          ဆိုင်ရာ တယောက်ယောက်က မကြာခင် …ဖြေပေးပါလိမ့်မယ်…
          အဆင်ပြေမယ် ထင်ပါကြောင်း…

          စကားမစပ်
          ကိုယ့်ကိုကိုယ် ဖားသတ္တဝါ လို့ ထင်နေတဲ့
          ဂျုလော နဲ့ တူတဲ့ ဒါ့ပုံဆြာ တယောက် ကတော့
          နည်းနည်း ကြပ် ပေးတတ်လို့ သူ့ကို တော့ သတိထားစေချင်ပါဂျောင်း…
          :mrgreen:

          တော်သေးဘီ
          ခင်တဲ့
          ဂီ

  • ချစ်ရင်ထူးနှစ်

    June 14, 2012 at 11:28 am

    အောင်မ၄၄၄ .. ရဲရဲကိုနီလို့ပါလား .. ကျွန်တော် ခုမှ ရောက်လာ ရလို့ တောင်းပန်ပါတယ် ..
    ကို Wunna Aung ရေ mandalaygazettemembers@im.partych.at ကို Gtalk မှာ Add ရင်လည်း ရပါတယ် .. ကျွန်တော် ကတော့ ည ပိုင်းပဲ ထိုင်ဖြစ်တာ များပါတယ်.. ကြိုဆိုပါတယ်နော်
    ခင်တဲ့
    ချစ်ရင်ထူး

  • ညလေး

    June 14, 2012 at 11:32 am

    မန်ယူအသင်းကျော်ငြာဝင်နေသလားအောက်မေ့ရတယ်နော်…
    ဖြစ်နေကြပါ….ချစ်ရင်ထူးရယ်……

  • k19

    June 14, 2012 at 3:40 pm

    ပြိုင်ချင်တယ်ဗျာ….
    အော်…
    တခုမေးလိုရမလား..
    ဆုကဘယ်လောက်လဲ…(ဟီး…)
    မက်မောလိုတောမဟုတ်ပါဘူး..လိုချင်လိုပါ…

    • Azzurri

      June 14, 2012 at 3:44 pm

      ပြိုင်ပွဲ ဆိုတာထက် ပြပွဲပါဗျ..
      သည်တော့ ဆု ဆိုတာ ထက် လက်ဆောင် ပါ…
      ဘာ ပေးမှာလဲ ဆိုတော့ …
      သဂျီးတူမ တဲ့ခည..
      :mrgreen:

  • Wunna Aung

    June 14, 2012 at 7:03 pm

    တော်ပြီ သဂျီးတူမဆို မပို့တော့ဘူး……. စတာနော် သဂျီး စိ်တ်မဆိုးနဲ့…..ပြန်ပေးလို့ရတယ်မဟုတ်လား 😛

  • ချစ်ရင်ထူးနှစ်

    June 15, 2012 at 11:44 am

    လက်ဆောင်က လောလောဆယ်တော့ ကိုလုလင် က Memory Stick သေချာပါတယ်.. ကျန်တဲ့ ဘယ်သူ ရှိဦးမလဲ တော့ မသိသေးဘူး ..
    ကို မှော်ဆရာ ကလည်း နောက်လ အတွက် ခေါင်းစဉ် မပေးသေးဘူး ..

  • ချစ်ရင်ထူးနှစ်

    June 15, 2012 at 12:51 pm

    ခုတော့လည်း စိမ်း လို့ပါလား .. သူတို့ဟာကလည်း .
    ( တော်ကြာ ပြောတော့မှ ပြန်နီ သွားရင်လည်း ဒွတ်ခ )..

  • Myo Min Oo

    June 15, 2012 at 4:42 pm

    ကျွန်တော်လဲ ပါဝင်ချင်ပါတယ် ဒါပေမယ့် ဓါတ်ပုံကို ဘယ်မှာ တင်ရမလဲ မသိလို့ပြောပြပေးကြပါ

  • ပေးပို့ရမည့်လိပ်စာ ……………mgazettephotoshow@gmail.com
    ဒီကိုပို့လိုက်ဗျာ
    ရပြီ ကျပ်တစ်ဆယ် ယူသွား 2ကျပ်
    နောက်ဆိုရင်စာသေချာဖတ် သူကြီးက ကြားထဲက ပိုက်ပိုက်ကုန်တယ်

  • မမ အညာသူ

    June 16, 2012 at 9:33 am

    စိတ်ဝင်စားစရာပဲနော်…………

  • cum min

    June 16, 2012 at 9:55 am

    အင်း..သားလဲ မမညာကို ဆိတ်ဝင်စားထယ်….
    ပေး…10

  • ညလေး

    June 16, 2012 at 11:05 pm

    ချစ်ရင်ထူးရဲ.ပိုစ့်လေး…….ခုတော့ စိမ်းလန်းစိုပြေဥယဉ်လားလို……
    အောက့်မေ့ရပြန်တယ်…..
    အပြောင်းအလဲကလည်းမြန်ပါ့….

  • MaMa

    June 18, 2012 at 10:02 am

    သတ်ပုံအဖွဲ့ အလုပ်လုပ်တာကို သက်သေပြတဲ့အနေနဲ့ …
    ဓ မှာ ရေးချ ကို မောက်ချ (- ါ) မသုံးပဲ ဝှိုက်ချ (- ာ) ပဲ သုံးရပါတယ်။
    အက္ခရာတွေထဲမှာ မောက်ချ သုံးတာဆိုလို့
    ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ တွေလောက်ပဲ ရှိပါတယ်။
    (မှားနိုင်၊ ကျန်နိုင်ပါတယ်၊ မှားရင် ကျန်ရင် ပြင်ပေးပါ)

    • kai

      June 18, 2012 at 10:32 am

      တကယ်ကြီးလား..
      တသက်လုံးမှားခဲ့တာ..အခုမှသိတော့တယ်..။ 😕

      • Thel Nu Aye

        June 18, 2012 at 5:53 pm

        ဟီဟိ ဟုတ်ပသဂျီးရေ။ အခုမှပဲ အန်တီမမပြောမှ အခုမှတကယ်ကြီးသိတော့တာ။ ဓါတ်ပုံပဲမှတ်နေတာ။ ဓာတ်ပုံဆိုတာခုမှသိတာ။ ကျေးကျေးပါမမရေ။ မှတ်ထားလိုက်ပါ့မယ်။

    • laypai

      June 26, 2012 at 12:16 pm

      ရေးချ အတို ( -ာ ) နဲ့ အရှည် ( -ါ ) လို့ ဘဲ သိထားတာ။ ဝှိုက်ချ ( -ာ ) နဲ့ မောက်ချ ( -ါ ) လို့ ခု မှ သိ ရတော့
      ကိုယ့် ကို ကိုယ် မြန်မာစာ နဲ့ ပတ် သက် ပြီး ပြန် ရှက် မိရ သေး တယ်။

  • Azzurri

    June 18, 2012 at 5:57 pm

    ပုံ၂ဝလောက် ရပီ ဖြစ်ပါသည်…
    ဒန်တန့်တန် ….

    အဲ့၂ခုလုံး မမှန်ဝူးဗျ…
    တကယ့် အမှန်က ဒါ့ပုံ
    😀

  • ချစ်ရင်ထူးနှစ်

    June 19, 2012 at 9:41 am

    ကျွန်တော်လည်း ရိုက်မလို့ အပြင်ထွက်ရင်း မိုးရွာတာနဲ့ တိုးရင်း ဖြစ်နေလို့ ခုထိကို မရိုက်ဖြစ်သေးဘူး.. နောက်လ ခေါင်းစဉ်ကို မိုးရာသီနဲ့ ပတ်သက်တာဆိုရင် ရော ဘယ်လို သဘောရလဲမသိ..

    • MaMa

      June 19, 2012 at 8:36 pm

      ခုတပတ် ချစ်စရာ့အရွယ်ဆိုတဲ့ ခေါင်းစဉ်တောင် ဈေးသည်နဲ့စာရင် ဘောင်ကျဉ်းနေသလားလို့။
      ိမိုးရာသီနဲ့ ပတ်သက်တာဆိုရင် ရိုက်ရခက်မယ် ထင်ပါတယ်။

      • Azzurri

        June 19, 2012 at 10:51 pm

        ဟာဗျာ ..
        သည်လူတွေ နဲ့တော့ ခက်တော့တာပဲ …
        မိုး .. မပါဂျေး လေဗျာ …. မိုးကိုထိရင် ..အဲ …မိုးကိုထိရင်..

        ဘာမှ မီဟုတ်လော့ပါဝူး
        ကိုကိုကြောင် စိတ်ဆိုးလိမ့်မယ်လို့….

        အာ.ဟိ
        ဒက်ဂလောက်…

  • Wunna Aung

    June 19, 2012 at 12:46 pm

    မိုးရာသီနဲ့ပါတ်သတ်ရင်တော့ ကင်မရာကို သတိထားရမယ်…… ဟီးဟီး မိုးစိုသွားမှာစိုးလို့

  • cum min

    June 19, 2012 at 3:52 pm

    ပြပွဲဆိုပြမယ်ဗျာ..ကိုင်….

  • kai

    June 19, 2012 at 11:22 pm

    တိရိစ္ဆာန်ရုံသွားရိုက်ခဲ့တယ်..
    ပို့မဟေ့.. 🙂

  • သုနောင် မန်း

    June 22, 2012 at 2:53 pm

    ဓာတ်ပုံပြိုင်ပွဲတော့ ဝင်ချင်တယ် ခတ်တာက ကင်မရာ မရှိတာပဲ.. ပြိုင်ပွဲ ကျင်းပရေးက ပြိုင်ပွဲ မကျင်းပခင် ဆုအရင် ပေးပါလား..

  • anybody

    June 25, 2012 at 3:26 pm

    ချစ်ချရအရွယ်ချိုတော့ နော့ချစ်သူလည်းချစ်ချရာကောင်းတယ် အဲပုံရိုက်ပီးပြိုင်မယ်ဂျာ…

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 3:48 pm

    ချစ်စရာ့အရွယ်မှာ..
    မိုက်လေး..တို့ရောဝင်ပြိုင်လို့ရမလားဟင်..
    ဟိဟိ..စိတ်ဝင်စားလို့ပါ…:P

    • Azzurri

      June 25, 2012 at 3:49 pm

      ရပါတယ်ဗျ…
      အတည်ဆိုရင်တော့ …ပိတ်ရက် ကပ်နေပြီမို့
      မြန်မြန်လေး ပို့ပေးစေချင်ပါကြောင်း…

      ခင်တဲ့
      ဂီ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 4:53 pm

    တကယ်အတည်ပါ..
    ဘယ်နှစ်ရက်လောက် လိုသေးလဲဟင်…
    နောက်ပြီး ဘယ်လိုလုပ်ရမလဲသိဘူးးးးးးး
    မိုက်လေး…ကခုမှ ရွာသူအသစ်ဆိုတော့…
    မလုပ်တတ်ဘူး ဖြစ်နေတယ် ..
    ပုံတွေကရော ဘယ်လိုပို့ရမလဲ….
    မိုက်လေး…အလုပ်တစ်ဖက်နဲ့ဆိုတော့…
    ဘယ်လိုလုပ်ရမလဲ မသိဘူး….
    ဟွန့်….စိတ်ညစ်ပါတယ်…
    ဆုကတော့ ရမှာမဟုတ်ပါဘူး..
    ဒါပေမယ့် ..ဘာပဲဖြစ်ဖြစ် ဝင်ပြိုင်ချင်တယ်..
    အတွေ့အကြုံပေါ့နော်…စိတ်ဝင်စားလို့ပါ….။

  • aye.kk

    June 25, 2012 at 6:55 pm

    ပို ့လိုက်ပြီ။

Leave a Reply