“ချစ်စရာ့အရွယ်” (ဓာတ်ပုံပြပွဲ -၂) 2012 June

ကျွန်တော့် စိတ်ကူး လေး အောင်မြင်စွာပြီးဆုံးသွားလို့ အတိုင်းမသိဝမ်းသာမိပါတယ် ။ ယခုလအတွက်ခေါင်းစဉ် ကိုလည်း ရွေးချယ်ပြီးပါပြီ ။ July အတွက်ကိုတော့ ကိုမှော်ဆရာ က မပေးသေးတော့ ကိုစိန်သော့နဲ့ ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး ။ ဆိုတော့ ရိုက်ချင်သပါ့ဆိုရင် ဘဝ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြိုတင်ရိုက်ကူးထားနိုင်ပါတယ်။ ဒါ့ထက် ပြပွဲ အတွက် လိုအပ်နေတဲ့ ဆုရဓာတ်ပုံ ရွေးချယ်ဖို့အတွက်ကိုလည်း အကူအညီ အကြံဉာဏ် တောင်းခံအပ်ပါတယ် ။ ကဲ ..
ဒီ လ(June) အတွက်ပါဗျာ .. . တစ်ယောက်ကို တစ်ပုံ ပဲ ပေးပို့ရမှာဖြစ်ပါတယ် ။

ခေါင်းစဉ် ………………. ချစ်စရာ့အရွယ်
အမျိုးအစား …………….. ဆေးရောင်စုံ
အငယ်ဆုံးအရွယ်အစား ……….800 x 600 px
ဖိုင် အမျိုးအစား ……………JPEG
(သီးခြား)ဖော်ပြရန်…………. f number, shutter speed, ISO
ကန့်သတ်ချက် ……………..ရေစာ ၊ ဘောင် ၊ လက်မှတ် ထည့်သွင်းခြင်း မပြုရ
ဓာတ်ပုံလက်ခံ ပိတ်ချိန် …………၂၀၁၂ ဂျွန်လ ၂ရရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ
ပေးပို့ရမည့်လိပ်စာ ……………mgazettephotoshow@gmail.com

* ဒီနေရာမှာ Aperture , Shutter Spee , ISO စတဲ့ ဒေတာ တွေ မပါ( ထည့်မပေး) တဲ့ ပုံကို ဓာတ်ပုံပြပွဲမှာ ဖော်ပြ ပေးမှာ မဟုတ်ပါဘူး *
ဒေတာ တွေကို ဘယ်နေရာမှာ ရနိုင်တယ် ဆိုတာကို ကျွန်တော်တို့ ရွာထဲက ဓါတ်ပုံဆရာ များမှ အသေးစိတ် ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ် ၊ ယခင်ကလည်း ကိုမှော်ဆရာ တို့ ကိုဂီ တို့က မကြာမကြာ ပြောဖူးတာတွေ ရှိပါတယ် ၊ မရှင်းလင်းတာ ရှိရင်လည်း မေးမြန်းနိုင်ပါတယ် ။ ချစ်စရာ့အရွယ် ကတော့ ရိုက်လို့ လွယ်မယ်ထင်ပါတယ် .. ဘယ်အရွယ်က ချစ်စရာ ဖြစ်မလဲ ? ဘယ်သူတွေက ဘယ်လိုပုံမျိုးနဲ့ ဘယ်ဆုကို ရမလဲ ?ဆိုတာ ဒီလ ကုန်ရင် အတူတူကြည့်ကြရအောင်နော် ..
အကောင်းဆုံး လက်စွမ်ပြနိုင်ကြပါစေ.
ချစ်ရင်ထူး.

84 comments

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 10:51 pm

    သူများတွေတော့ ပို့ပြီးနေပြီ…
    မိုက်လေး…တော့ဘာမှမရှိသေးဘူး…
    စိ်တ်ဝင်စားပေမယ့်….
    အချိ်န်ကမရ…
    လုပ်လည်းမလုပ်တတ်ဆိုတော့…
    ပို့တော့ပါဘူး…:(

  • Azzurri

    June 26, 2012 at 1:12 pm

    ၂၅ပုံရထားပါတယ်. ..
    ၁ပုံ က B/W ဖြစ်နေလို့ ပြန်ပို့ထားပါတယ်…
    ပို့မယ်ပြောပြီး မပို့သေးသူတွေ ပို့ပေးကြပါဦး …
    :mrgreen:

    နက်ဖြန်နောက်ဆုံးမို့ပါ…ဗျ..

    • kai

      June 26, 2012 at 2:22 pm

      အခုတင်ပို့ထားတယ်..
      .. ထုံးစံအတိုင်း.. ခပ်ညံ့ညံ့ပဲ..
      ရိုက်လိုက်တာ.. နေရောင်ထဲ..အကုန်ဖြူထွက်ကုန်တာ…
      နေနည်းနည်းကျလို့.. ရိုက်မဟေ့လည်းဆိုရော.. ဓါတ်ခဲလည်းကုန်ရော.. 😕

      စကားအတင်းစပ်..
      ဟိုတပွဲက.. နိုင်တဲ့..ဆရာမဆီ.. ပိုက်ဆံမပို့ရသေးဘူး..
      အကြွေးခဏမှတ်ထားနော..
      နည်းနည်းလေးဆို.. ဟိုက..မပို့ပေးဘူးတဲ့လေ..။

      • Azzurri

        June 26, 2012 at 2:30 pm

        ရောက်ရှိပါကြောင်း
        သည်မှာပြောပြီးပြီမို့
        အဲ့ဘက်ကနေသီးခြားစာမပြန်တော့ပါကြောင်း
        ပြောပါရစေ

      • Khaing Khaing

        June 27, 2012 at 3:25 pm

        ဦးဦးသူကြီး သများကအကြွေးဆို အတိုးနဲ့ပေါင်းမှတ်တတ်တယ်နော် …….. ဒေါ်လာဆိုတော့ ဘယ်လိုအတိုးမှတ်ရမလဲမသိဘူး …… မြန်မာငွေနဲ့တွက်ရင် အတိုးပိုတက်မှာနော် ….. အခုဒေါ်လာဈေးကတက်နေတာ ……..

        ချစ်စရာအရွယ်မှာတော့ဝင်မပြနိုင်တော့ပါဘူး သများသမီးပုံလေးတွေကို လူသိအောင်မကြေငြာ ချင်လို့ …… ခစ်ခစ်ခစ် ကစားကွင်းသွားတုန်းကလည်း ကင်မလာမယူသွားမိဘူး ကလေးတွေ ကစားတာကိုရိုက်ချင်တာ အခုရက်ပိုင်းက လုံးဝကိုမအားဘူးချင့် ……..

  • ရွာစားကျော်

    June 26, 2012 at 4:10 pm

    ပြပွဲအတွက် သီးသန့် ကြိုးစားရိုက်ပြီး ပို့မယ်လို့ဟာ
    ဘယ်လိုမှ ကြိုက်တဲ့ပုံ မရဘူးဗျာ…
    ဂျူနီယာ ငယ်ငယ်တုန်းက အမှတ်တရရိုက်ထားတာတွေထဲက အဆင်ပြေမယ့် တပုံရွေးလိုက်တော့မယ်..
    ဟူး..

  • ညလေး

    June 27, 2012 at 10:58 am

    ဒီတစ်လတော့…..တတာပါဗျို………
    အချိန်မမှီတော့ဝူး…..

  • Azzurri

    June 27, 2012 at 1:24 pm

    ပုံ ၃ဝ ကျော်လာပါပြီ …
    နောက်ဆုံးရက်မှာ တင် ၁ဝပုံကျော် လက်ခံရရှိလိုက်ပါတယ်..
    URL ချိတ်ပီး တင်လို့ရတဲ့ နေရာရှိရင် ပြောပြပေးကြပါ…
    mail ကနေ တိုက်ရိုက် လင့်ချိတ် တင်လို့ ရမရလည်း ပြောပြ ပေးကြပါ…
    မေးလ်ထဲက တခါ ပီစီထဲ ဒေါင်း ပီး ပီစီထဲကနေ တခါပြန်တင်တဲ့နည်း ပဲ သိသေး လို့ပါ….
    FB ကနေပြီးတော့ တော့ ချိတ်လို့ မရပါ ကျနော် https သုံးပါတယ်….

    (လက်ရှိရထားတဲ့အထဲမှာ) ပြိုင်ပွဲစည်းကမ်း နဲ့ မညီတာ ၃-၄ ပုံ ပါနေပါတယ်..။
    စာပြန်ပို့ပြီး မေးထားသော်လည်း အကြောင်းမပြန်ပါ..။ ပြန်စာရော ဖတ်မိရဲ့လား မသိ..
    ခရီးတွေဘာတွေများ သွားနေလားလည်း မပြောတတ်…။ ပြင်မယ်ဆိုရင်တောင်
    အချိန် မမီလောက်တော့ဘူး ထင့် …… သည်တော့ …သည်ပုံတွေကို vote ထဲမပါတဲ့
    သပ်သပ်လစ်စ် တခု နဲ့ အောက်ကနေ တင်မယ် လို့ တွေးထားပါတယ်..။

    ကာယကံရှင်က ပိုစ့် တက်လာရင် မျှော်နေမှာ မို့ရော.. စည်းကမ်းနဲ့ ညီတဲ့ ပုံတွေကို အနှောက်အယှက်
    မဖြစ်အောင်ရော.. သည်လို စဉ်းစားထားတာပါ … ဝိုင်းပြောပေးကြပါဦး..။

    ခင်တဲ့.

    • kai

      June 27, 2012 at 2:15 pm

      ဂီဂီရေ..
      http://myanmargazette.net/photos

      အဲဒီမှာ.. ပုံတွေတင်ဖို့လုပ်ထားတယ်..။ ပီစီကနေ.. တိုက်ရိုက်လည်း တင်နိုင်တယ်…
      http://www.PhotosMyanmar.com

      ပုံတွေအဲဒီမှာတင်ပေးလိုဖြစ်နိုင်မလား..

      • Azzurri

        June 27, 2012 at 2:33 pm

        http://www.photosmyanmar.com
        မှာ Registry လိုက်ပါပြီ
        PiwigoMedia ကနေ ဆွဲယူပြီး Gazette ပေါ်မှာ ပိုစ့် တင်တဲ့အခါ
        လင့်ခ် ချိတ်ယုံ ပဲ ဟု မှတ်ပါသည်…
        ဟုတ်လားဗျ….

        ကွန်မြူနတီ ကလွဲလို့ ဖိုလဒါ ရွေးလို့ မရပါ…
        အဲ့ဒါလေး..

        • kai

          June 27, 2012 at 3:02 pm

          ဂီဂီ့အကောင့်နဲ့ ဆိုင်ရာပြပွဲအယ်လ်ဘမ်ထဲဝင်လို့ရသွားမယ်လို့ထင်တယ်..
          ပြင်လိုက်တယ်..။

          ပုံတွေကို… Gazette ကနေလှမ်းဆွဲလို့ရတယ်လို့ထင်တာပဲ..

          ဝင်ဒိုးစ်ကနေ.. ပုံတင်ကြည့်တာတော့ အရမ်းမြန်တယ်…

  • we R one

    June 27, 2012 at 2:03 pm

    ရောက်ပြီလား ဗျို့ အခုလေးတင်ပို့လိုက်တာ

    • Azzurri

      June 27, 2012 at 2:04 pm

      တစောင်ရောက်တယ်.. နာမည် က ခု နာမည်နဲ့ မဟုတ်…
      အဲ့ မေးလ်ကနေပဲ ..နာမည်ပြန် ကွန်ဖမ်းပေးပါလား.

      • we R one

        June 27, 2012 at 2:28 pm

        tds.jpg file name နဲပို့လိုက်တာ.. အခု လက်ခံရရှိတယ်လို့ Reply ပြန်လာပြီ…။ ကျေးဇူး.. မေလ် ထဲ က နာမည် က ကျွန်မ မှတ်ပုံတင်ထဲက နာမည်…။ 😀

  • သကြားလုုံးကြော်

    June 27, 2012 at 2:50 pm

    ဟီဟိ ကြည့်ရတော့မယ်။

  • we R one

    June 27, 2012 at 3:18 pm

    မနက်ဖန်မှ ကြည့်ရမှာလား ဒီနေ့ ၅ နာရီနောက် ပိုင်းကြည့်ရမှာလား

  • Novy

    June 27, 2012 at 3:22 pm

    ပို့လိုက်ပြီနော်
    ရလား

  • Khaing Khaing

    June 27, 2012 at 4:25 pm

    ဒီပို့စ်ကိုတင်ထားတဲ့ အူးအူးချစ်ရင်ထူးနှစ်က ပို့စ်ထဲမှာ တော်တော်တန်တန် ဝင်ဆွေးနွေး Replyမလုပ်ဘူးနော် ……. ဘာပဲဖြစ်ဖြစ်အူးအူးချစ်ရင်ထူးနှစ်ကလည်း ဖြေပေးစေချင်ပါတယ် ……

    အခုဒုတိအကြိမ် July လ “ချစ်စရာအရွယ်” ပြပွဲမှာရော ဘယ်လိုစနစ်နဲ့ ဓာတ်ပုံတွေကို အကဲဖြတ်သွားမယ် အမှတ်ပေးသွားမယ်ဆိုတာလေးကို တိတိကျကျသေသေချာချာလေးပြောစေချင်သေးတယ် ပထမပွဲတုန်းက လိုပဲ Vote စနစ်ပဲလား ပြပွဲပြီးမှ ဝေဖန်အကြံပြုတာထက် ပြပွဲမပြီးခင်မှာ သေချာစဉ်းစားတာလေး ဆုံးဖြတ် တာလေးကိုလုပ်စေချင်တယ် ……. မနက်ဖြန်ဆို ပြပွဲစတင်တော့မှာမို့လို့ပါ …….

Leave a Reply