ရွာသားတစ်ဦး၏ဖွင့်ဟချက်…၂

မိုးတိမ္June 5, 20121min15916

အေးဟ ငဒို့ ထရည်ဝိုင်းက လူတော့စည်လာဘီ။သဂျီးကလဲသိတော့သိမှာပါ။မူးရင်ရွာမှ မဆဲသဂိုးဟ။

ဒါပေမယ့်ကွာ ငါကလဲ လူဘဲလေ သူတော်စင်မှမဟုတ်ဒါ။ငါဒို့ဆီလာဆဲတဲ့ ဟိုဘက်ရွာက အုပ်စုတော့

မုန်းသပေါ့လကွာ။ဟိုတစ်နေ့ကပဲ ရွာဦးကျောင်းနားလာ ကျင်ငယ်စွန့်တဲ့ကောင်တော့ ငါ့လဂွ(လေးဂွ၊လောက်လေး)နဲ့တီးလိုက်တယ်။ဟကောင် ယောက်ဖ ahnyartamar ရ ငါဒို့ ထရေတူတူ

သောက်ပေမယ့် ဘယ်သူ့မှ မစော်ကားဘူးလကွာ။မင်းကလဲ ထည့်၊သောက်စမ်းတစ်ခွက် တူတူပျော်ရအောင်ဟ။ပြီးရင် နတ်ပွဲသွားကရအောင်။အဲဂဒီမှာ ပိုက်ဆံရအောင်စုစမ်းကွာ။

ညရောက်ရင်မနေ့ကသေသွားတဲ့ ရွာလယ်က မဟာရာဇာ အံစာတုံး ရဲ  ့အသုဘမှာ ဖဲသွားရိုက်ရအောင်ဟေ့။ ဒီလူကြီးကလဲကွာ ပညာရှိလိုလိုဘာလိုလိုနဲ့ ဖရဲသီး နဲ့ ဘဲဥ တောင်တွဲစားသတဲ့။

ဒါပေသိ တကယ်တော့ ပညာရှိအစစ်ကြီးဟ။ငဒို့ဖဲရိုက်ရအောင် သူကဆောင်ပေးသဂိုး။

ဟေ့အခု မေလဆိုတော့ မိုးရွာဘီလေ ပန်းလေးတော့ ရွာထိပ်က ခူးခဲ့ဦးဟ။ဒါမှနတ်ပွဲ မှာ ဝင်ပြီးငွေရှာဖို့လွယ်မှာလေ။

ရွာမြောက်ဘက်က Yin Nyine Nway ကတော့ သူလေးစားရတဲ့ မဟာရာဇာ အံစာတုံး ပညာရှိကြီးဟာ

ဘဲဥ နဲ့ ဖရဲ စားပြီးသေတာဘယ်လို့ မှမဖြစ်နှိုင်ဘူး။အဲဒါကြောင့်တော့ မယုံဘူး ကိုယ်တိုင်စားပြမယ်တောင်

လုပ်နေလို့ သူ့မိဘတွေ ဆွေမျိုးတွေက ရွာလယ်က စုံစီနဖာ (ပါလေရာ) ဆိုင်မှာလာဝယ်ရင် မရောင်းနဲ့ဆို

သွားပိတ်ထားရသဒဲ့။ငါကဒေါ့ ဘဲဥလဲ သမျောဒယ်၊ ဖရဲလဲ သမျာ၊ သူလေးလဲ သမျောဒေါ့ အဲသဒင်းသွားပေး

တာ ငါမလွန်လောက်ပါဘူး ရောင်းရင်းတို့ရာနော။

မနေ့က ငါဒို့နဲ့ တူတူသောက်နေတဲ့ Khaing Khaing လေ မူးကြောင်ကြောင်နဲ့ လေဟုန်စီးချင်ဒယ်ဆိုပြီး

မပြောမဆို ထပင်ပေါ်တက်ပြီး ခုန်ချသဒဲ့ အံ့ရောဟေ့။တော်သေး ခြေတင်ကျိုးသွားလို့ တော်ကြာမပြော

ကောင်းဆိုကောင်း အကုန်ကျိုးသွားရင် ဒုက္ခော။ငါ့ကောင်တွေလဲ မူးရင် လျှေက်မလုပ်နဲ့နော။

ဟကောင်ဒွေ ဆြာတွတ် တပည့် ဗိုက်ကလေး ကလဲ တို့ဆီတူတူလာသောက်ပြီး ပါးစပ်က ဘာတွေရွတ်နေမှန်းမသိပါဘူးကွာ။ အဲလိုရွတ်တာကို သူသဘောကျနေတဲ့manawphyulay ကလဲ

ဟိုမရောက်ဒီမရောက် ဘာမသိညာမသိကြိုက်နေတာဂိုးဟ။ဖြစ်ချင်တော့ တစ်နေ့ကဘာမှန်းမသိတာတွေ

ကို ရွာဦးကျောင်းက ကိုရင်စည်သူ ရှေ ့ထုံးစံအတိုင်းသွားရွတ်သဟ။ကိုရင်စည်သူ ကလဲအသက်ကြီးမှ

ဝတ်တဲ့ကိုရင် လူပုစိတ်တိုဆိုတော့ ဟေ့ကောင်ဘာတွေရွတ်နေတာဒုန်းဆိုမေးသဒဲ့။အဲတာသူ့ဈာန်ဝင်စား

နေတာပါပြန်လဲဖြေရော ဟိုက ထရေသမားကများ ဈာန်ဝင်စားသလေးဘာလေးဆိုပြီး နားရင်းကို ဗျင်းလိုက်တာ ခုထိကောင်းကောင်းမကြားရသေးလို့ ဒို့ဝိုင်းမလာတာဆိုဂဘဲဟ။ကိုရင်စည်သူ ကဆက်ပြော

သေးတာကောင်းကောင်းတော့မကြားရတော့ဘူးဒဲ့ဟ။နားစွန်နဖျားကြားလိုက်တာက ငါ့ရွာဦးဆရာတော်ကြီးတောင် ဈာန်မဝင်စားနှိုင်ဘူး ဆိုကဘဲဟ။

အေးကွာ နောက်ဆုံးပိတ် ပြောရရင် ရွာအရှေ  ့ဘက်က ရှမ်းပြည်သား ဆိုတဲ့ကောင်လဲ ငဒို့ဆီက ထရေ

သောက်ပြီး ရှောက်သီးစားသတဲ့ဟ။ ချီးစိမ်းတွေပန်းနေလို့ လမ်းတောင်မလျှောက်နှိုင်ဘူးဆိုဘဲ။

မဟာရာဇာ အံစာတုံး ပြီးရင် သူ့အလှည်ဖြစ်နှိုင်သဒဲ့ဟ။ငဒို့ ကြိုတင်ငွေစုရအောင် လာသတင်းပေးတဲ့သူက

ပြောသွားသဟ။

ကဲကဲနောက်ဆုံးခွက်မော့ ထကြ သွားမယ်။

မမေ့နဲ့နော် သယ်ဂျင်းဒို့ ရွာထိပ်မှာ ပန်းခူးရဦးမှာ။

ပြီးရင်နတ်ပွဲသွားပိုက်ဆံရှာရမှာ၊ အသုဘအိမ်မှာ ဖဲရိုက်ရင်းရှာမှ ငဒို့တွက် နောက်နေ့ ထရေဖိုးရမှာဟ။

တစ်ဝက်ကတော့ သူကြီးတူမတောင်းဖို့ ငါယူဒယ်ကွာ။ငါငွေစုနေရဒါဟ။

မင်းဒို့ထရေအလားကားသောက်ရဒါဘဲ။တရားပါဒယ်ကွ ညှင်းညှင်းညှင်းးးးးးးးး

 

မှတ်ချက်။ ဘာမှမဟုတ်ပါ။အပိုင်း(၁) ကော်မန့်များကြည့်ပြီး ချက်ချင်းခံစားရေးဖွဲ့ထားခြင်းသာ။

စိတ်မဆိုးကြေးနော် ရွာသားတို့။စိတ်ဆိုးရင်လဲပြောပါ။ထပ်မရေးတော့ပါဘူးဗျ။

16 comments

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 6, 2012 at 8:03 am

    အူးလေးအူးလေးရှေ့နေတွေသေရင်ပါးစပ်ထဲငါးမူးစေ့ထဲ့ရုံနဲ့မရဘူးနော်…
    အနဲဆုံးငါးသိန်းတန်ချက်လက်မှတ်ခေါက်ပြီးထဲ့မှ….ရှေ့နေပါးစပ်ဟတယ်….
    မဟုတ်ရင်အူးလေးမိုးတိမ်ကိုချိုးပိန်ဖြစ်အောင်အနော်သောက်တဲ့ထရေနဲ့ဝက်သားကျွေးပလိုက်မှာ..
    ပြီးမှကနခိုတွေလှိမ့်ကျွေးမယ်……
    ဟိဟိဆက်သာရေးဆရာရေ……အားပေးနေတယ်…..သေအောင်ကိုပေးတယ်ဗျာ…..
    (ကိုယ့်ဆရာဝမ်းလျှောပြီးကြွခိုင်းတော့လဲ….အဟင့်ဒီဂျေရေအဲလေ…ရွာစားရေ…..ဇါတ်ဆရာအလိုကျတဲ့ဟေ့)

    • မိုးတိမ်

      June 7, 2012 at 1:05 am

      ဆက်ရေးဖြစ်ရင်နင့်ကို မသေခိုင်းပါဘူးဟ
      ပါဝင်ရမယ့် အခန်းဆက်လေးတွေကို ထရေသောက်ရင်းတွေးပေးမယ်။
      ဘယ်အခန်းကပါချင်လဲပြော………..

  • ahnyartamar

    June 6, 2012 at 9:54 am

    ဟကောင် ယောက်ဖ ahnyartamar ရ ငါဒို့ ထရေတူတူ
    သောက်ပေမယ့် ဘယ်သူ့မှ မစော်ကားဘူးလကွာ။မင်းကလဲ ထည့်၊သောက်စမ်းတစ်ခွက် တူတူပျော်ရအောင်ဟ။ပြီးရင် နတ်ပွဲသွားကရအောင်။အဲဂဒီမှာ ပိုက်ဆံရအောင်စုစမ်းကွာ။

    မိုးတိမ်ရေ…နတ်ပွဲမှာဘယ်လို ‘က’ ရမှာလဲ၊ အမေဂျမ်းလိုလား၊ မနှဲလေးလိုလား၊ ကိုကြီးကျော်လိုလား၊ ဒါမှမဟုတ် ထ(ထန်း)ရေမှုးအကလားဗျာ။

    • မိုးတိမ်

      June 7, 2012 at 1:12 am

      အဲ တကယ်တော့ နတ်ဆိုအပြင်မှာ လုံးဝ(လုံးဝ)မကိုးကွယ်ပါဘူး။
      နတ်ပွဲတော့ သွားကြည့်ဖူးပါတယ် ငယ်ငယ်ကပါ။
      ခင်ဗျားကကော ဘယ်လိုကတာကြိုက်လဲ။
      ကျွန်တော်ကတော့ ကိုကြီးကျော် ကြိုက်သဗျ။
      ပျော်စရာကောင်း မုန့်တွေ(ကြက်ကြော်)ကျွေးသကိုး။
      ခုတော့ ကိုးကွယ်စရာမဟုတ်မှန်းကိုယ်တိုင်သိလို့
      အသံကြားရင်တောင် ဝေးဝေးကရှောင်နေပါတယ်။

  • က်ိုကိုအိုဗာ

    June 6, 2012 at 10:00 am

    ဟလူး
    ဓပုံဆာယာဒွေ ကျံသေးတယ်

  • minn zaw

    June 6, 2012 at 11:24 am

    ထို ထရေဝိုင်းနားသို့ ကိုယ့်ကိုကိုယ် ပညာရှိယောင်ယောင် လူလိမ္မာယောင်ယောင် နှင့် ရုပ်ရည်အင်မတန်
    တင့်တယ်လှသော ပျိုးဒိုင်းကြိုက်တဲ့ နှင်းဆီပင်လေး တစ်ယောက် ပဲဂျီးလှော် တထုပ်ကိုင်လျှက်
    မယောင်မလည် ကပ်လာလေသည်။

    • မိုးတိမ်

      June 7, 2012 at 1:00 am

      မလာနဲ့ မှားမယ် ခိခိ……

  • ဗိုက်ကလေး

    June 6, 2012 at 11:27 am

    ဟာရေး..ဟာရေး…
    ညက အရှိန်လေးနဲ ့ ဖတ်ထလိုက်တာ…ပိုမူးသွားဒလယ်…ကမိုးတိမ်ရယ်..

  • mayjuly

    June 6, 2012 at 11:42 am

    သူ မူးပီး ဖွင့်ဟ ဝန်ခံ တာကလည်း စုံစီနဖာ အကုန်ပါလေရာဖစ်ကုန်ပီ …:D

  • မိုးတိမ်

    June 6, 2012 at 12:14 pm

    ဟိဟိ ပျော်စေချင်လို့ စထားတာတွေပါဗျ။
    စိတ်မဆိုးကြပါနဲ့ ရွာသူားတို့ရာ။
    စိတ်ဆိုးရင်လဲပြောကြဘာာာ

  • may flowers

    June 6, 2012 at 3:42 pm

    ဆက်ရေးပါ..အားပေးနေပါတယ်။

    အော်..ဒါနဲ့ နတ်ပွဲမှာ ဘီလိုများပိုက်ပိုက်ရှာမှာလဲဟင်။ နတ်ကတော်တွေတောင် ဝေစုမလောက်လို့

    ဖိုက်နေကြတယ်ကြားတယ်နော်………..တော်ကြာနတ်ကတော်တွေလက်စာမိလို့ ထရေသမားတစ်

    အုပ် ထရေမသောက်နိုင်ပဲ ဆန်ပြုတ်သောက်နေရမယ်..ဟိ။ နောက်တာနော် စိတ်မဆိုးကြေး။

  • water-melon

    June 6, 2012 at 6:27 pm

    အူးလေးမိုးတိမ်
    ဘဲဥနဲ့ ဖရဲကို တွဲမစားခိုင်းနဲ့
    ဘဲဥမက ရေချိုးတာမဟုတ်ဘူး
    သူကနံတယ်ချင့်
    စိတ်မဆိုးဘူးနော် ဆက်ရေးဆက်ရေး

  • မိုးတိမ်

    June 6, 2012 at 10:40 pm

    ”သူများတကာကို discrimination လုပ်ပြီး ဟာသလုပ်ရေးတတ်တဲ့ သူတွေကို မြင်ရင်”
    ”သိပ်မုန်းတာပဲ” ရှိအကောင်းဆုံး ကော်မန့် ဆိုသောကော်မန့် တစ်ခုအား ဖတ်မိရင်း

    ဆက်ရေးရမှာတောင် ကိုယ့်ကိုယ်ကိုယ်ပြန်စဉ်းစားနေစဉ်၊

    မဟာရာဇာ အံစာတုံး ရဲ ့”Comment ပေးတဲ့အခါ”ကိုဆက်ဖတ်ရတော့လဲ စတာများလွန်သွားပြီလားတွေးမိပါရဲ ့ခင်ဗျာ။

    ဆရာမ မနောဖြူအပါအဝင် အားလုံးခဏပျော်ရင် စိတ်နည်းနည်းသက်သာစေလိုတဲ့ စေတနာနဲ့
    အပြောင်အပျက်ရေးခဲ့တာပါ။

    ခုတော့ ထရေသမားတစ်သိုက် မူးရစ်ရန်ဖြစ်ရင်း အချင်းချင်းသတ်တဲ့ အတွက်သေဆုံးသွားပါကြောင်း

    • pooch

      June 7, 2012 at 12:07 am

      အီး ….ကိုမိုးတိမ်ရေ အဲ့ဒီစာက ဒါမျိုး ခင်လို့ မင်လို့ ပျော်စေလိုတဲ့စိတ်နဲ့ ရေးတဲ့စာမျိုးကို ပြောတာမဟုတ်ရကြောင်းပါရှင်။
      စိတ်မကောင်း ဖြစ်သွားရတယ် ဆိုရင် တောင်းပန်ပါတယ်။ တော်သေး…ကော်မန့်တွေ ဖတ်တုန်း တွေ့လို့ ။

      အဲဒီစာက ရွာထဲမှာတင်မဟုတ် ရွာပြင်မှာပါ လိုက်ရန်စတတ်တဲ့ ပြောမနာဆိုမနာ ဉာဏ်ကြီးရှင် ချဉ်ဖတ်တယောက်ကို ကြုံတုန်း ပြန်ပက်တာပါ။ :mrgreen:

  • မဟာရာဇာ အံစာတုံး

    June 10, 2012 at 2:38 pm

    အလို …
    ကိုမိုးတိမ်ရယ် …
    ခင်ဗျား ကျုပ်ရဲ့ Comment ပေးတဲ့အခါ .. ဆိုတဲ့ ပို့စ်မှာ ပြောသွားတာနဲ့ ပတ်သက်ပြီး ပြောချင်လို့ပါ ..
    ခင်ဗျား ဖွင့်ဟချက်တွေကို ဆက်ရေးပါဗျာ ..
    ကျုပ်ရေးတဲ့ ပို့စ်ကလည်း ဘာကိုမှ ရည်ရွယ်တာ မဟုတ်ဘူးဗျ ..
    အင်တာနက်ပေါ်က နည်းပညာဝက်ဘ်ဆိုက်တွေကို လိုက်ဖတ်ရင်းနဲ့ ..
    တွေ့လာတဲ့ အကြောင်းလေးကိုပဲ ပို့စ်အနေနဲ့ တင်လိုက်တာပါဗျာ …

    ကျုပ်ပြောချင်တာကတော့ …
    ခင်ဗျား ဖွင့်ဟချက်တွေ ဆက်ရေးပါလို့ ….

    ခင်မင်စွာဖြင့်
    အံစာတုံး

  • ကိုရင်စည်သူ

    June 10, 2012 at 2:57 pm

    သူ့ဟာနဲ့ သူတော့ ဖတ်ရတာ ဟုတ်နေတာပဲ…
    ပို့စ်ဖတ်ရင်း ထန်းရည်နဲ့ ဘီယာတောင် ဖားကြွပ်ကြော်နဲ့
    တွဲကစ်ချင်လာပီ… ရှလွတ်… 😛 😛

Leave a Reply