ဆရာတော် အသျှင်ဝီရသူ၏ သဘောထား

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “ဝီရသူ” သဘောထား ထုတ်ပြန်ချက်.. “ဝီရသူ” သဘောထား (၃/၇၄) by Ashin Vicittabhivamsa on Tuesday, June 5, 2012 at 5:24am · ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိ၀ံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော်ကြေညာအပ်ပါသည်။ … (က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။ (ခ) မသီတာထွေး အကျင့်ခံ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံအစစ်အမှန် ဖော်ထုတ်ပေးဖို့၊ ဥပဒေ အတိုင်းတိကျစွာ အရေးယူပေးဖို့ ရဲစခန်းရှေ့တွင် ရွာသူရွာသားများက လာရောက်တောင်းဆို ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့ တောင်းဆိုသည့် ရွာသူရွာသူများတွင် မူဆလင်များလည်း ပါဝင်တောင်းဆိုကြကြောင်း သိရပါသည်။ (ဂ) ပြစ်မှုကျူးလွန်သော တရားခံမူဆလင်(၃)ယောက်ကို ရဲစခန်းက ဖမ်းမိခဲ့ကြောင်း၊ အရေးယူ ဆောင်ရွက်ဖို့အတွက် အပူတပြင်းစီစဉ်နေကြောင်းနှင့် တရားခံ(၃)ယောက်ကို ဖမ်းဆီးရာတွင် မူဆလင်များက ဝိုင်းကူဖမ်းပေးခဲ့ကြောင်းလည်း သိရပါသည်။ (ဃ) 2-6-2012 ရက်နေ့တွင် သံတွဲမှရန်ကုန်သို့ ထွက်ခါွလာသော ရိုးမသစ္စာ ခရီးသည်တင်ကားဖြင့် လိုက်ပါလာသော မူဆလင်(၁၀)ယောက်ကို တောင်ကုတ်ဒေသခံများက ဝိုင်းဝန်းသတ်ဖြတ်လိုက်ကြောင်းလည်း သိရပါသည်။ (င) ထိုသို့ သတ်ဖြတ်ခြင်းမှာ 28-5-2012-ရက်နေ့တွင် အဓမ္မအကျင့်ခံ၊ အသတ်ခံလိုက်ရသော ရခိုင်သမီးပျိုလေး မသီတာထွေး အမှုနှင့် စပ်ဆက်နေကြောင်းလည်း တွေ့ရပါသည်။ (စ) မသီတာထွေးအား မတရားပြုကျင့်ခဲ့သော မူဆလင်(၃)ဦးကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ပြင်ဆင်နေကြောင်းနှင့် မူဆလင်(၁၀)ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော တောင်ကုတ်ဒေသခံ ရခိုင်လူမျိုးတို့ကိုလည်း တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေကြောင်း နိုင်ငံတော်အစိုးရက အတိအလင်း ကြေညာခဲ့သည်ကိုလည်း တွေ့ရပါသည်။ (ဆ) ဤဖြစ်စဉ်တွင် အမှားကို အမှားနှင့် တုံ့ပြန်ခဲ့ကြသည်ကို တွေ့ရပါသည်။ အမှားကိုအမှားနှင့် တုံ့ပြန် ခြင်းဖြင့် အမှန်မထွက်ပါ။ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရမည်ဖြစ်ပါလျက် လက်တုံ့ပြန်သတ်ဖြတ်ခြင်းသည် နှစ်းဦးနှစ်ဘက်များစွာ နစ်နာစေနိုင်ပါသည်။ (ဇ) မုဒိမ်းမှုနှင့် လူသတ်မုဒိမ်း၊ မုဒိမ်းလူသတ်အမှုများကို ကျူးလွန်သူများတွင် မူဆလင်များက ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရပါသည်။ ဤသည်မှာ ဘာသာရေးအစွန်းရောက် ဂိုဏ်းဆရာများ၏ သွေးခွဲသပ်လျှိုမှု၊ သွေးထိုးလှုံ့ဆော်မှု၊ မြှောက်ပင့်ပေးမှုတို့ကြောင့် ဖြစ်သည်ဟု ရှုမြင်ပါသည်။ စိတ်မထိမ်းနိုင်၍ဖြစ်စေ၊ အပျော်သဘောကျူးလွန်မိ၍ ဖြစ်စေ၊ လူမျိုးနှင့် ဘာသာသာသနာကို ပစ်မှတ်ထား စော်ကားခြင်းဖြစ်သည်ဟု နစ်နာသူများဘက်မှ မှတ်ယူသွားနိုင်ပါသည်။ မူဆလင်များသည် သီလရှင် ဆရာလေးများကိုပင် မတရားပြုကျင့်ဖူးသည့် ဖြစ်စဉ်များလည်း ခိုင်လုံစွာရှိနေသောကြောင့် ထိုသို့ မှတ်ယူမည်ဆိုလျှင်လည်း မှတ်ယူနိုင်ဖွယ် ဖြစ်ပါသည်။ (ဈ) ထို့ကြောင့် မူဆလင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက မြန်မာ ပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊ ရန်လိုရန်စသည့် အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍ ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက ရွံရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။ (ည) ရခိုင်အမျိုးသားများအနေဖြင့် တရားခံအစစ်အမှန် ပေါ်ပေါက်ဖို့နှင့်၊ ထိရောက်စွာ အရေးယူနိုင်စေ ဖို့အတွက် ရဲစခန်းကို ဖိအားပေးခြင်း၊ ဥပဒေဘောင်အတွင်းမှ စည်းလုံးညီညွတ်တက်ကြွစွာ ရဲရင့်ပြတ်သားစွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အာဏာပိုင်များက တရားဥပဒေကို မျက်ကွယ်ပြုခြင်း အဂတိလို်က်ကာ မတရားဆုံးဖြတ်ခြင်း၊ လူမျိုးခြားနှင့် ပေါင်းကာ ကိုယ့်လူမျိုးကို ပြန်လည်အနိုင်ကျင့်နေခြင်းတို့ ရှိမှသာလျှင် အင်အားသုံးခြင်းကို စဉ်းစားရမည် ဖြစ်ပါသည်။ မူဆလင်(၃)ယောက် ကျူးလွန်သည်ကို အပြစ်မရှိသော၊ အမှုနှင့်မသက်ဆိုင်သော မူဆလင်များကို လက်တုံ့ ပြန်ခြင်းဖြင့် အစ္စရေး ပါလက်စတိုင်းလို မငြိမ်းချမ်းသော စစ်မက်ဇုံကြီးဖြစ်သွားနိုင်သည့် အရေးအရာများကိုလည်း ငြိမ်ချမ်းလို သူတိုင်းက လုံးဝမလိုလားကြပါ။ လူ(၃)ယောက် အပြစ်ရှိသည်နှင့် လူမျိုးတစ်မျိုးလုံးကို ပစ်မှတ်ထားပြီး လူမျိုးတုံး သတ်ဖြတ်မှုမျိုးကို လုံးဝအားမပေးနိုင်ပါ။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ မတူကွဲပြားသော ဘာသာတရားပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နို်င်မှသာ ရင့်ကျက်၊ ပြည့်ဝ၊ စံမီသော ဒီမိုကရေစီရွှေနိုင်ငံကြီးသုိ့ အရောက်ချီတက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပျိုမျစ်နုနယ် အသိမကြွယ်သေးသော မွေးဖွားစ ဒီမိုကရေစီကလေးသူငယ်လေးကို ဝိုင်းဝန်းထိန်းကျောင်း ပြုစုစောင့်ရှောက်ကြဖို့နှင့်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အကြမ်းဖက် လုပ်ရပ်များကို ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံတောင်ပန်တိုက်တွန်း နိုးဆော်အပ်ပါသည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားသူ
ဦးပဉ္စင်း ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက မစိုးရိမ်တိုက်သစ် မဟာအောင်မြေမြို့နယ်၊ မန္တလေး။ 5.6.2012(၁၃၇၄-နယုန်လ္ဆုတ် ၁-ရက်၊ တနင်္လာနေ့) Email- wirathu2012@gmail.com
 — 

20 comments

  • သားဦး၊မြေးဦး

    June 5, 2012 at 10:31 pm

    အားလုံး ဖတ်ပြီးနိုင်ပေမယ့် ဆရာတော့်အတွေးနဲ ့အမြင်က ဒီမိုကရေစီဆန်တာမို ့
    ဒီမိုဝေယံ ဖေ့စ်ဘွခ်စာမျက်နှာမှ ကူးယူတင်ပြလိုက်ပါတယ်။
    https://www.facebook.com/photo.php?fbid=459026007445761&set=a.173177339363964.49625.100000150984325&type=1

  • ဦးဦးပါလေရာ

    June 5, 2012 at 11:04 pm

    ဆရာတော် အရှင်ဝီရသူ သာသနာ့ခေါင်းဆောင် တာဝန်ကျေတာကို ကျေးဇူးတင်ပါတယ်။
    အခုအချိန်မှာ ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေရဲ့ တာဝန်သိ ဖြန်ဖြေမှု့မျိုး လိုအပ်ပါတယ်။

  • marblecommet

    June 6, 2012 at 12:07 am

    အရှင်ဘုရားထောက်ပြတာ
    အရမ်းကို တန်ဖိုးရှိပါတယ်ဘုရား…

  • မောင်ပေ

    June 6, 2012 at 1:18 am

    အင်မတန် ကောင်းမွန် သင့်မြတ်သော အဆိုပြုချက်ပါ
    သာဓု သာဓု သာဓု

  • minn zaw

    June 6, 2012 at 8:05 am

    ဆရာတော်ရဲ့ အတွေးအမြင်က ပညာရှိပီသပါတယ်။ ကျွန်တော်အမျိုးသားထု အများစုပြောချင်တဲ့
    စကားတွေကို သိမ်မွေ့ ညင်သာစွာနဲ့ ထိရောက်အောင်ပြောသွားတယ်လို့ မြင်ပါတယ်။
    တပည့် ဦးသုံးကြိမ်ချပြီး ရှိခိုးပါတယ် ဘုရား။

  • သားဦး၊မြေးဦး

    June 6, 2012 at 9:49 am

    ဟုတ်ပါတယ် ကိုမင်းဇော်ရေ…..ကျနော်အကြိုက်ဆုံးစာသားက

    မူဆလင်(၃)ယောက် ကျူးလွန်သည်ကို အပြစ်မရှိသော၊ အမှုနှင့်မသက်ဆိုင်သော မူဆလင်များကို လက်တုံ့ ပြန်ခြင်းဖြင့် အစ္စရေး ပါလက်စတိုင်းလို မငြိမ်းချမ်းသော စစ်မက်ဇုံကြီးဖြစ်သွားနိုင်သည့် အရေးအရာများကိုလည်း ငြိမ်ချမ်းလို သူတိုင်းက လုံးဝမလိုလားကြပါ။ လူ(၃)ယောက် အပြစ်ရှိသည်နှင့် လူမျိုးတစ်မျိုးလုံးကို ပစ်မှတ်ထားပြီး လူမျိုးတုံး သတ်ဖြတ်မှုမျိုးကို လုံးဝအားမပေးနိုင်ပါ။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ မတူကွဲပြားသော ဘာသာတရားပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နို်င်မှသာ ရင့်ကျက်၊ ပြည့်ဝ၊ စံမီသော ဒီမိုကရေစီရွှေနိုင်ငံကြီးသို့ အရောက်ချီတက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပျိုမျစ်နုနယ် အသိမကြွယ်သေးသော မွေးဖွားစ ဒီမိုကရေစီကလေးသူငယ်လေးကို ဝိုင်းဝန်းထိန်းကျောင်း ပြုစုစောင့်ရှောက်ကြဖို့နှင့်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အကြမ်းဖက် လုပ်ရပ်များကို ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံတောင်ပန်တိုက်တွန်း နိုးဆော်အပ်ပါသည်

  • MTY

    June 6, 2012 at 10:40 am

    တိုင်းပြည်မှာ ဘာဆူပူသောင်းကျန်းမှုမှမလိုချင်ဗျာ။
    အေးချမ်းစေချင်တယ်၊တိုးတက်စေချင်တယ်၊ချမ်းသာစေချင်တယ်။
    ဒါဘဲရင်ထဲ၊စိတ်ထဲမှာရှိတယ်။

    အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရင်အဆင်ပြေ မှာပါ။

  • သားဦး၊မြေးဦး

    June 6, 2012 at 11:54 am

    အမှန်ပါဘဲဗျာ။ဥပဒေက လက်ပိုက်တော့ကြည့်မနေပါဘူးနော်။
    အမှန်တိုင်း စီရင်နိုင်ဖို ့ဝိုင်းဝန်းထောက်ကန်ပေးဖို ့ဘဲလိုပါတယ်။

  • moe kaung

    June 6, 2012 at 12:05 pm

    တရားဆိုတာ ရေအေးလိုပဲ အားလုံးကို အပူတွေကင်းစေပီး အေးမြစေပါတယ်။ အမှုကိစ္စအရာတွေကို တိကျဘက်မလိုက်တဲ့ ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်နိုင်ဖို့ပါပဲ။ တိုင်းပြည်တိုးတက်မယ်မကြံသေးဘူး..ရှေးခေတ်ဟောင်းအယူအဆတွေနဲ့ပဲ ဆက်သွားနေရင် ရန်ကိုရန်ချင်းတုံပြန်နေရင် ဒီမိုကရေစီရလည်း ဘာမှမထူးနိုင်ပါဘူး။

  • mical chan

    June 6, 2012 at 3:36 pm

    မုဒိန်းမှုတွေမှာဘယ်ဘာသာဝင်တွေပိုများတာကိုသိချင်ရင် ပြစ်မှုမဂ္ဂဇင်းကိုဖတ်ကြည့်လိုက်ပါဗျာ။
    ဘယ်ဘာသာမှမှမကောင်းမှုလုပ်ဖိုတိုက်တွန်းတာမရှိပါဘူး၊သေသေချာချာလေ့လာကြည့်ပါ၊
    အစ္စလာမ်ဘာသာမှာဆိုသူများနဲ့မဒိန်းမှုကျူးလွန်ရင်သေဒဏ်သတ်မှတ်ပြီးသားပါ။
    လူနည်းစုဆိုတာထစ်ကနည်းဆိုကြောက်နေရတာ၊ပြသနာဖြစ်လို့သူတွေထိုးချပြီးအပုတ်ချတာ
    တွေများပါတယ်၊စဉ်းစားကြည့်ပေါ့ဗျာ ။တစိမ်းတွေထဲခင်ဗျားရောက်သွားရင် လေသံကျယ်ကျယ်ပြော
    မလားဗျို၊ ခင်ဗျားကိုသာမကျေနပ်တဲ့သူတွေကအပြစ်ပုံချဖို့လုပ်ကြမှာ ၊ဒါကိုလူတိုင်းနားလည်ပါတယ်
    နော်၊အခုလဲတရားခံပေါ်လာပါလိမ့်မယ်၊အခုတောင်သတင်းရပါတယ်၊ခင်ဗျားတို့လူသတ်ပြီးကိုယ်ရွာမှာ
    နေရဲ့လို့လား၊အခုကသတ်သူကတခြားနေရာကသတ်ပြီးရွာနားသူတောင်းစာလေးတွေကိုအပြစ်ပုံချ
    တာပါ၊အပြစ်ရှိရှိမရှိရိုက်ပြီးဝန်မခံရင်အသေဘဲဆိုတာခင်ဗျားတို့သိလောက်ပါတယ်၊သတ်သူရမ်းဗြဲသား
    ရခိုင်ကထွက်ပြေးနေတာ သေသေချာချာလေ့လာပါ၊တရားခံဘယ်သူလဲ..တကယ်အပြစ်ရှိရင်သတ်ပြစ်
    ပါကျုပ်လဲတောင်းဆိုတယ်၊မဟုတ်ဘဲမရမ်းပါနဲ့။ပြသနာမရှာကြပါနဲ့၊ထစ်ခနဲ့ဆိုမဒိန်းကျင့်တယ်ပြော၊
    တော်တော်ကြာဘုန်းကြီးရိုက်တယ်ပြောနဲ့၊ဒါမျိုးသွေးထိုးတာတွေရိုးနေပါပြီ။သတိရှိကြပါဗျာ

    • သားဦး၊မြေးဦး

      June 6, 2012 at 7:17 pm

      ကို michal chan လိုပြေပြစ်တဲ့ အပြောအဆို အယူအဆနဲ ့သံတွဲသားတစ်ယောက်
      ဝင်ကွန်မန် ့ပေးဖတ်ရှုသွားတာ ဝမ်းသာရပါ၏ သို ့သော်တစ်ချိန်များမကြာသေးမှီက—
      အပြောင်းအလွဲတွေရှိနေသလားလို ့။သူကြီးရေ ရုပ်ပြောင်းရုပ်လွဲတွေဖမ်းရ တယ်လွယ်
      လှသကိုး။
      ဂျီမေးလ် အလိမ်တွေ—-အလိမ်တွေ ရေးထားတာ သံတွဲသားတွေပါလား။ဟားးးးးးးးးး

  • Tin Tin

    June 6, 2012 at 4:36 pm

    အရှင်ဘုရားရဲ့ တိုက်တွန်းနှိုးဆော်ချက်များက
    တန်ဘိုးရှိလှပါသည် ဘုရား…

  • moe minthar

    June 6, 2012 at 6:50 pm

    သားဦးမြေးဦးရေ…..

    ဆရာတော်ဘုရားရဲ ့တရားတော်ကို….
    face bookမှပြန်တင်ပြပေးတဲ ့အတွက်……
    ထာဝရကျေးဇူးတင်လျှက်ပါ……………။

  • Gipsy

    June 6, 2012 at 6:53 pm

    အွန်လိုင်းကိုတက်
    သတင်းဖတ်ပြီး
    စိတ်ဓါတ်တွေပျက်
    သွေးကတက်ပြီ
    ဖတ်မိသတင်း
    … မကောင်းခြင်းမို့
    အပေါင်းသင်းတို့ရေ…
    ကောင်းသတင်းတွေ မျှကြဦး..။

  • ဗိုက်ကလေး

    June 6, 2012 at 7:01 pm

    သွားရောက် ဗျူးပေးသူနဲ ့ တင်ပေးသူတွေ အားလုံး သာဓုပါဗျား..
    ဆရာတော် ပြောတာ အားလုံးမှန်ပါကြောင်း..

  • Gipsy

    June 6, 2012 at 7:05 pm

    ကျန်ခဲ့လို့ … ကဗျာလေးက ဖေ့ဘုတ်ထဲမှ ဖိုးသကြားရဲ့ ကဗျာလေးပါ ….
    သွေးရင်းသားရင်း မောင်နှမတွေလို ပြဿနာများ အမြန်ဆုံး ပြေလည်ပါစေဗျာ…။

  • ဗိုက်ကြီး

    June 6, 2012 at 7:25 pm

    ဟုတ်ပါသကော ကိုယ့်ဆရာတို့
    ကြေအေး ပြေလည် နိုင်ကြပါစေ
    တရားဥပဒေ သက်ရောက်မှု မှန်ကန်ပါစေ
    အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရွေ့ အဆင်ပြေကြပါစေ ။

  • သားဦး၊မြေးဦး

    June 6, 2012 at 11:27 pm

    ဥပဒေအတိုင်းဆောင်ရွက်နေကြတာမို ့ စောင့်ကြည့်ယုံသာ၊
    ဉာဏ်မျက်စိပွင့်လင်းကြဖို ့သာလိုပါတယ်။

  • သားဦး၊မြေးဦး

    June 7, 2012 at 1:27 pm

    (၁)ကျောက်နီမော် ကိစ္စနဲ ့ပတ်သက်၍ထိရောက်စွာ အမြန်အရေးယူပေးဖို ့
    (၂)တောင်ကုတ်မှအစုလိုက်သတ်ဖြတ်မှုအတွက်လဲ အဖြစ်မှန်ပေါ်ပေါက်
    ၍တရားခံများကို အရေးယူပေးဖို ့တောင်းဆိုပါတယ်။

    ပြီးခဲ့တာတွေပြီးခဲ့ပြီ့ဖစ်ပေမယ့် နောက်ထပ်ဆက်မမှားဖို ့ဘဲလိုပါတယ်။

Leave a Reply