Aperture, Shutter Speed and ISO ကြည့်နည်း

ムラカミJune 6, 20123min26818

ကိုယ့်ဆြာတို့ …

 

ရေးဂျဘာ ဆို မရေးဂျဘူး …

သများဘဲ ရေးပါတော့မယ် …. အင်တာနက်မှာ လျောက်သွားရင်း

liveview လေးတွေ တွေ့တာနဲ့ … ဆမ်ပယ်လ် ပြရင်း ရေးပါတော့မယ်ဗျာ…

 

ဓါတ်ပုံ ၁ပုံရဲ့ အသက် ဟာ ဒီ၃ခုပေါ်မှာ ပဲ မူတည်ရဲ့….။

သည် ၃ခု အကြောင်း သာ မသိရရင်တော့ ပုံတပုံကို အကဲဖြတ် ဖို့က

ကျင့်သားရနေတဲ့ မျက်လုံး ကလွဲရင် ဘာပေတံ စံနှုန်းမှ

မရှိဘူး ဆိုတာလေးပြောချင်ရဲ့ဗျာ ……။

ဒါတွေက ပုံ၁ပုံရဲ့ digital information တွေပဲဖြစ်ပါတယ်။

 

အဲဒီ ၃ခုကတော့

F-number (Aperture size)

Shutter Speed

ISO

တို့ဖြစ်ပါတယ်။

 

၁)

 

 

ဒီပုံမှာ ဘယ်ဘက် အပေါ်ထောင့်က P ဆိုတာကနေ စရှင်းပါ့မယ် …

P= program mode ဖြစ်ပါတယ်…

သူ့ဘေးက 60 ဆိုတာ shutter speed ကိုပြောတာပါ … 

f3.4 ကတော့ ရှင်းပါတယ်ဗျာ f-number ပေါ့ ….

ဘယ်ဘက်အောက်ထောင့်က လှိုင်းတွေက histogram ဖြစ်ပြီး ဒါကို မသိလည်း

ကျော်ခဲ့ပါ ရပါသေးတယ်။ ညာဘက်က 578 ဆိုတဲ့ ဂဏန်းကတော့ မန်မိုရီကတ်မှာ

ရိုက်လို့ရသေးတဲ့ ပုံ အရေအတွက် ကို ပြောတာပါ…။

သည်ပုံမှာ ISO ပြထားတာ မပါလို့ ..နောက်တပုံ ရှာကြည့်ပါတယ်…။

 

 

ဒါကတော့ DSLR တခုရဲ့ liveview screen ဖြစ်ပုံရပါတယ်။ (အရေးမကြီးပါ compact

တွေမှာလည်း အလားတူ ပေါ်ပါတယ်)

0″6 ဆိုတာ shutterspeed ကိုပြောတာပါ… 0.6 second ဆိုပါတော့

22 ကတော့ f-number ကို ဆိုလိုတာ ဖြစ်ပြီး ကွင်းစကွင်းပိတ်ထဲက [293]ဟာ

ရိုက်လို့ရသေးတဲ့ ပုံ အရေအတွက် ပါ .. ISO ကတော့ ISO400 လို့ ပြထားတာ မြင်မယ်

ထင်ပါတယ်။

ဒီ အောက်က ပုံ 3 ပုံမှာ အလားတူ လိုက်ရှာကြည့်ပါ…။

 

3

 

 

4

 

5

 

 

ကင်မရာ အမျိုးအစား မိတ်ကာ ကွာလို့ နေရာ အထားအသို ကွာမှာ ဖြစ်ပေမယ့်

အကုန်လုံး ဒါတွေကိုပဲ ဖော်ပြပါတယ်….။

အခု ပြတဲ့ ပုံတွေက liveview (ရိုက်နေတုန်း မြင်ရတဲ့ screen တွေဖြစ်လို့)

ပုံတပုံ ရိုက်မယ် ဆိုတာနဲ့ ဒီဂဏန်းတွေ မှတ် ။ ပြီးတာနဲ့ ရိုက် ..

သည်လိုလုပ်ရမယ် မဆိုလိုပါဘူး …။

 

ရိုက်ပြီးသားပုံတွေကို Play button နှိပ်ပြီး ပြန်ကြည့်တဲ့အခါမှာလည်း 

ဒီဂဏန်းတွေ ပေါ်ပါတယ်.. ပုံတွေ ပြန်ကြည့်တဲ့အခါတိုင်း ကျနော်တို့ 

သတိမပြုမိတဲ့ ပုံဘေးဘက် ထောင့်တွေက ဂဏန်းတွေဟာ ဒါတွေချည်းရေးထားတာပါ..။

Play button နှိပ်ပြီး ပုံပြန်ကြည့်လို့ မပေါ်ဘူး ဆိုရင် DISP ဆိုတဲ့ button ကို

ထပ်နှိပ်ပါ (ကင်မရာတိုင်းမှာ ပါပါတယ်) အဲ့ဒါဆိုရင် histogram နဲ့တကွ ပုံတပုံရဲ့

digital information အကုန် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

၂)

ဓါတ်ပုံဟာ ကင်မရာ ထဲမှာ မဟုတ်တော့ဘဲ ကွန်ပျူတာထဲ ရောက်သွားပြီ ဆိုရင်တော့

သည်လို သွားဖတ်နိုင်ပါရဲ့ဗျာ…

picture ကို right-click နှိပ်ပါ… ။ အောက်ဆုံးက properties ကို ဝင်ပါ။

နောက်ပြီး တတိယမြောက် tab ဖြစ်တဲ့ Details ကို သွားပါ …

အဲ့သည့်မှာ ရှာ ဖတ်နိုင်ပါရဲ့..။

၁ရော ၂ပါ အဆင်မပြေခဲ့ဘူး ဆိုရင်တော့ နီးစပ်ရာ ဓါတ်ပုံသမား တယောက်ယောက်

ဒါမှ မဟုတ် နီးစပ်ရာ ဓါတ်ပုံဆိုင် ကို မေးကြည့်ပေးပါခင်ဗျား..

 

၃)

ဒါကတော့ သည်လ တော့ပစ် အတွက်ပါ. .

တကယ်ကြီး child portrait photography ကို လိုက်စားမယ် ဆိုရင်ဖြင့်

ဒါလေးက အတော် သင့်တော်ပါကြောင်း…..

 

 

Children’s Portrait Photography Handbook by Bill Hurter

 

၄)

 

တခြား ရည်ညွှန်း ကိုးကား လိုကြတယ် ဆိုရင်ဖြင့် ကျနော်

ရေးဖူးတာလေးတွေ စုပေးလိုက်ပါတယ်…

ရဲရဲတောက်နေတဲ့ ကျနော့် ပိုစ့် အဟောင်းလေးတွေပါ..

ထက်မြသော ပုံရိပ်

https://myanmargazette.net/120980/travel/photography-pictures-galleries-wallpapers-photo-tips

ဒီတရာ

https://myanmargazette.net/121265/travel/photography-pictures-galleries-wallpapers-photo-tips

 

ဘိုခေဲး

https://myanmargazette.net/121235/travel/photography-pictures-galleries-wallpapers-photo-tips

 

Histograms တွေပြောတဲ့ဓါတ်ပုံ အကြောင်း

https://myanmargazette.net/120798/travel/photography-pictures-galleries-wallpapers-photo-tips

 

မိုင် ဂီယာ

https://myanmargazette.net/113110/travel/photography-pictures-galleries-wallpapers-photo-tips

 

အခြေခံ ၂၁

https://myanmargazette.net/111040/travel/photography-pictures-galleries-wallpapers-photo-tips

 

ဒီ အကြောင်း

https://myanmargazette.net/102248/travel/photography-pictures-galleries-wallpapers-photo-tips

 

ဓါတ်ပုံရိုက်ခြင်း အနုပညာ တွင် ဈာန်ဝင်စားကြည့် ခြင်း..

https://myanmargazette.net/95133/travel/photography-pictures-galleries-wallpapers-photo-tips

 

Rule of Thirds and Photography Tips

https://myanmargazette.net/73255/travel/photography-pictures-galleries-wallpapers-photo-tips

 

Mirrorless Cameraတွေရဲ့ခေတ် ရောက်တော့မှာလား..

https://myanmargazette.net/73160/computers-technology/consumer-electronics

 
အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ(၃) Personal Advice

https://myanmargazette.net/71187/computers-technology/consumer-electronics

 

အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ(၂) technical point of view

https://myanmargazette.net/71043/computers-technology/consumer-electronics

 

အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ (၁) the Basics

https://myanmargazette.net/70989/computers-technology/consumer-electronics

 

Photogr@phy on Children

https://myanmargazette.net/70608/travel/local-guides

 

တော်သေးဘီ

ခင်တဲ့

ဂီ

18 comments

  • MaMa

    June 6, 2012 at 8:36 am

    အခုမှ ဓာတ်ပုံပညာကို အ သုံးလုံးကျေ သင်တန်းတက်နေရတာမို့
    က ကြီး ခခွေး က စပြီး သင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ 🙂

  • mgwalone

    June 6, 2012 at 9:38 am

    ဒီပြိုင်ပွဲကို DSLR မဟုတ်ပဲ Compact Digital ကင်မရာအသေးစားနဲ့ ဝင်လို့ရတယ်လို့ ဆိုလိုတာပါလား။
    ကျွန်တော်က ကင်မရာ အသေးအစုတ်လေးပဲ ရှိတာဆိုတော့ မပြရဲတာနဲ့ မဝင်တာ။ (Sony, 7.2 mgpx ပဲ ရှိတာ အဟောင်း အစုတ်ကလေးပါပဲ။ အသစ်ကလဲ မဝယ်နိုင်သေးဘူး။ ဝင်ပြလို့ ရရင်တော့ ပြခြင်လို့ပါ။ ကျေးဇူးတင်ပါတယ်

    • Azzurri

      June 6, 2012 at 9:41 am

      ဟုတ်ကဲ့
      အိမ်သုံးတွေမှာလည်း ကြည့်လို့ရပါတယ်..

  • weiwei

    June 6, 2012 at 9:45 am

    ကင်မရာမသုံးပဲ ဖုန်းနဲ့ရိုက်တာကိုရော ဝင်ပြလို့ ရမရ သိချင်ပါတယ် …
    ဖုန်းနဲ့ရိုက်တဲ့ပုံကိုရော အဲဒီလို ကြည့်လို့ ရမရ သိချင်သေးတယ် …
    တစ်ခါတစ်လေကျတော့ အလွယ်တကူ ဖုန်းနဲ့ပဲ ရိုက်ဖြစ်လေ့ရှိတယ်လေ ….

    • Azzurri

      June 6, 2012 at 10:05 am

      ဟို၃ခု ဖတ်လို့ရရင် ရပါတယ်ဗျို့

  • Mလုလင်

    June 6, 2012 at 10:13 am

    အဲ့ ဖုန်း ပေါ့ …. ဖုန်းနဲ့ ရိုက်ထားတဲ့ ပုံ ပေါ့ … ပြော…ပြောချင်ပါဘူး … ဖုန်း ကင်မရာ များ … ပြောရင်း နဲ့ (ငိုချင်လာပြီ … 🙁 )

    • MaMa

      June 6, 2012 at 5:32 pm

      လွန်တာရှိရင် ဝန္ဒာမိ ပါ လုင်ရေ။
      အမှန်ကတော့ ကြက်ကန်းဆန်အိုးတိုး မိသွားတာပါ။ 😀

  • Thel Nu Aye

    June 6, 2012 at 12:28 pm

    exposure time ဆိုတာ shutter speed နဲ့တူပါသလား။ သိချင်ပါတယ်။

    • Azzurri

      June 6, 2012 at 12:56 pm

      ဟုတ်ကဲ့ အတူတူပါပဲ

  • Khaing Khaing

    June 6, 2012 at 2:00 pm

    ဖော်ပြပါသုံးခုကို ကိုယ့်စိတ်ကြိုက် နံပါတ်မှာထားရိုက်လို့ရပါသလား …….. ပြောချင်တာက Aperture, Shutter Speed and ISO တွေကို ကိုယ်လိုတဲ့အချိန်အဆကိုထားပြီးမှ ရိုက်ရင်ရလားဆိုတာပါ ….. အဲဒီ (၃) ခုထဲက တစ်ခုခုတိုင်ပင်အောက်ရင် ပုံရဲ့အရည်အသွေးကို ထိခိုက်မှုတွေရှိပါသလား …… သိပြီးသားသူတွေ ရှိမှာပါ ……. ကျွန်မကအတော်လေးတုံးတဲ့သူမို့ပါ ကျွန်မပို့တဲ့ပုံဆို 27 နဲ့ 2.7 မှားပို့မိပါတယ် 27ဆိုပုံရဲ့ဘယ် အပိုင်းမှာဘာတွေဖြစ်နေမလဲ 2.7နဲ့ဘာကွာသွားပါလဲ ………စိတ်တော့မရှိပါနဲ့နော်ဖြေပေးပါ…….. အဟဲ

    • Azzurri

      June 6, 2012 at 2:06 pm

      မောင့် ..မျက်ရည်ဝိုင်း…
      မောင့် ..မျက်ရည်ဝိုင်း…
      တွေးမိလေတိုင်း … ငိုဂျင်ဒယ် ….
      🙁

      • ရွာစားကျော်

        June 6, 2012 at 11:04 pm

        မောင့် မျက်ရည် မဝိုင်းနဲ့အုံး
        စဂါးစပ်တုံး အစပြန်ဖော်အုံးမယ်
        အိမ်သုံး compact digital camera တစ်လုံး အသုံးချနည်း.. နီ ဘယ်တော့တင်မလဲ စောင့်နေတာ
        ပြောထားပြီးဒေါ့.. ဟင်
        တွေးမိလေတိုင်း ချဉ်ပါဒယ်… အေ့

        • Azzurri

          June 7, 2012 at 12:04 am

          ကျနော့်မှာ ကွန်းပက် ကင်မလာ မရှိလို့ပါဗျာ …
          ကျန့်ကြာနေတယ်ဆိုတာ ….
          ၁လုံးလောက် ဝယ်မပို့ပေးဂျင်ကြဝူးလား ဟင်င်င်င်င်
          ကောင်းကောင်း ဖျက်ဆီး ..အဲ့လေ…
          စမ်းပီး ရေးတင်ပါ့မယ်…

          အရဂါးနောက်တာ ..ချစ်ချစ်ဆီက Fujifilm 550EXR လှမ်းမှာထားပါဂျောင်း….
          အဆင်ပြေရင် အမြန်ဆုံး ရေးတင်မယ် ကတိပေးပါကြောင်း..

          :mrgreen:

  • ချစ်ရင်ထူးနှစ်

    June 6, 2012 at 2:08 pm

    အဲဒါအတွက်ကတော့ သာမန် အပျော်တမ်း ကင်မရာနဲ့ ဆို အဆင်မပြေပါဘူး .. Prosumer Camera လောက်နဲ့မှ အစ်မ ရိုက်ချင်သလိုရိုက်လို့ ရနိုင်မှာပါ .. f/27 နဲ့ရိုက်မယ်ဆိုရင် ပုံမပေါ်တော့ပဲ မဲ နေမှာဖြစ်ပါတယ် .. အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကိုစိန်သော့ ရေးထားတဲ့ ပိုစ့်တွေ ကိုဂီ တို့ ရေးထားတဲ့ ပိုစ့်တွေကို သေသေချာချာ ပြန်ဖတ်ပြီးတော့မှ တိုင်ပင်သင့်ပါတယ် .. အခုအတိုင်းဆိုရင် အစ်မအတွက် အခက်အခဲ ရှိနိုင်ပါတယ် ..
    ခင်တဲ့
    ချစ်ရင်ထူး

  • ကြောင်ဝတုတ်

    June 6, 2012 at 2:29 pm

    တစ်ယောက်တော့ ပိုးဝင်သွားရှာပြီ….
    ကိုလုလင်ကတော့ ဝင်သွားတဲ့ပိုးကို သတ်ပေးရဦးမယ်…. ဖုန်းကင်မလာပိုး….ဖုန်းကင်မလာပိုး…
    ကျုပ်ကတော့….အားခဲထားတုန်းဗျာ…. DLSR နဲ့ပြန်လာခဲ့မယ်….

    အားခဲနေတုန်း-
    ကြောင်ဝတုတ်

  • ဗိုက်ကလေး

    June 6, 2012 at 4:37 pm

    ပေါက်ပြီ..ပေါက်ပြီ
    အခုလို လိုက်ဖ်ဗျူး ပြမှပဲ ပေါက်တော့တယ်..
    အရင်က ဘာတွေပြောနေမှန်းကို မသိတာ..
    ထီပေါက်ရင် ကင်မရာဝယ်ဖို ့ပဲ ကျန်တော့တယ်..

  • ကြက်အူလှည့်

    June 14, 2013 at 11:26 pm

    အင့်အင့်

Leave a Reply