စည်းကမ်းရှိပါ ညီညွတ်ကြပါ…။ Solidarity

ဒီနေ့တော့ သူများမဦးခင် လတ်တလော ထူးခြားသတင်းဖြစ်စဉ်များကို ပြောဂျင်တယ်။ နံပါတ်တစ်က ဂေဇက်ရွာနဲ့ ပတ်သက်တဲ့သတင်း မိုးမခမီဒီယာမှာ ဖတ်ရတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မူဆလင် ဆယ်ဦးအသတ်ခံရဒါနဲ့ ဆက်နွယ်တယ်။ ကောက်နှုတ်ပြရရင် “တောင်ကုတ်မြို့မှာ အခင်းဖြစ်ပွားမယ့် မနက်ပိုင်းက ေကျာက်နီမော်ကိစ္စအကြောင်း မန္တလေးဂေဇက်လို့ အမည်ရှိတဲ့ အွန်လိုင်း ဝက်ဆိုက်တခုမှကူးယူသူက ကူးယူပြီး လှုံ့ဆော်စာတွေ ဝေထားပါတယ်။ အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ရေးက မထုတ်ပြန်ပဲထားတော့ အဲဒီ ဝက်ဆိုက်က လှုံ့ဆော်တဲ့ သတင်းက လူတွေရဲ့ စိတ်ခံစားမှုကို မြင့်တက်စေခဲ့တာလည်း ဖြစ်ပါတယ်။” လင့်ခ်ဂဒေါ့ http://moemaka.com/2012/06/than-soe-hlaing-%E1%80%9C%E1%80%B0%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%BB%E1%80%95%E1%82%86%E1%80%94%E1%80%AC%E1%80%80%E1%80%AD%E1%80%AF-%E1%80%98%E1%80%9A/ ။ စာရေးသူအမည်က သန်းစိုးလှိုင် ဖြစ်ပီး ပြည်တွင်းဃလား ပြည်ပဃလား မသဲကွဲပါ။ ဟုတ်ခဲ့ရင်တော့ သဂျီးနောက်ကို အယ်ကေးဒါးအကြမ်းဖက်အဖွဲ့ လိုက်နေပါပီ။ သူ့ဆီဃ အကြွေးရရန်ရှိသူများ အမြန်ယူထားဂျဗာ။ ကြောင်ကြီးဂတော့ သူ့သမီးတော်လေးနဲ့ မနေ့ဂဗဲ မကြောက်ဖို့၊ အားကိုးစရာရှိ ရဲရဲအားကိုးဖို့၊ သူ့အဖေသဂျီးကို မဟာမြိုင်တောထဲပို့ ခေါင်းတုံးပီး ဖိုးသူတော်ဝတ်ပေးဖို့ အကြံပေးထားပါဒယ်။ အန်တီဆူးဂ ခရီးစရိတ်၊ အန်တီဝေဂ ဖိုးသူတော်ဝတ်စုံဖိုး တာဝန်ယူမယ်လို့ ကတိခံထားတာလည်း ရှိလို့ပါ။
နောက်တခုဃ ဂရင်းရိုင်ရယ်အရက်စက်ရုံသပိတ်မှာ ဦးဆောင်ဆန္ဒပြသူ အလုပ်သမား ၁ရဦး အလုပ်ထုတ်ခံရဂျောင်းဗာ။ သစ်ထူးလွင် http://www.thithtoolwin.com/2012/06/grand-royal.html သတင်းထဲမှာရေးထားတာတော့ အလုပ်ရှင်ဃ အလုပ်သမားတချို့နဲ့ဗဲ ဆွေးနွေးပီး သပိတ်ကိုဖြိုခွဲတယ်။ သဘောတူညီချက်ထဲမှာ အဓိကတောင်းတဲ့ လုပ်ခလစာနဲ့ အခြားအချက်များ မပါလို့ အလုပ်သမားအများစု ဆက်လက်ဆန္ဒပြတော့ သုံးရက် အလုပ်မဆင်းရင် အလုပ်ဖြုတ်ပိုင်ခွင့် အကြောင်းပြပီး ခေါင်းဆောင်၁ရဦးကို အလုပ်ဖြုတ်လိုက်တယ်။ ဒီနေရာမှာ အလုပ်မလုပ်ခင် အလုပ်သမားနဲ့ အလုပ်ရှင်တို့ ချုပ်ဆိုထားတဲ့ သောက်စည်းကမ်းဂျက်တွေကို ဖယ်ထားလိုက်။ အဲဒါတွေ ခေတ်ဟောင်းမှာ ကျန်ခဲ့ပီ။ ကျုပ်တို့ရွာထဲဃ ကစော်သမား အရက်သမား အမူးသမား မိတ်ဖြစ်ဆွေဖြစ် ဆေးဖြစ်ဝါးဖြစ်သမား ခွက်ပုန်းသမားတွေလည်း ဂရင်းရိုင်ရယ်အရက်ကို သပိတ်မှောက်ကြပါ။ ကျန်သူများလည်း အဲဒီစက်ရုံထွက် အခြားအဖျော်ယမကာ သောက်ရေသန့် အခြားပစ္စည်းများကို ရှောင်ကြဉ်ဂျပါ။ အလုပ်သမားဂျင်း အဖိနှိပ်အခံဂျင်း လွတ်လပ်မှုလိုလားသူတိုင်း စည်းလုံးညီညွတ်မှု ပြဂျဗာ။ မတရားဖိနှိပ်တဲ့ စည်းကမ်းဂျက်တွေကို သီးမခံနိုင်လို့ ဆန္ဒပြဒယ်ဆိုမှ ရူးသလို ပေါသလို leeလိုလို မှိုလိုလို လာမလုပ်ပြနဲ့။ နောက်ဆုံး ပေါက်ကွဲထွက်လာတဲ့ အခြေအနေ ရောက်လာရင် ကုမ္မဏီသူဌေး စက်ရုံသဌေးတွေပိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေအားလုံး အဲဒီသောက် ဥပဒေ စည်းမျဉ်းတွေလိုဗဲ အတိတ်မှာ ထားဂဲ့ရလိမ့်မယ်လို့ မြန်မာပြီအလုပ်သမား အထွေထွေသပိတ် တာဝံခံ အာဠာဝကသခင်ကြောင်ကြီး ဒီနေရာဂ ရဲရဲဝံ့ဝံ့ သေးပန်းပြဒယ်။

အတိတ် အရိပ်ဆိုဗေမဲ့ သပိတ် ပိုအရေးကြီးဒယ် နာနာရေ..

နောက်ဆုံးတချက်အနေနဲ့ မြန်မာ့နိုင်ငံရေးလောက ဦးဆောင်မှုနေရာမှာရှိနေတဲ့ အန်အယ်လ်ဒီနဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကို အကြံပေးဂျင်ဗာဒယ်။ အဂု ဖြစ်သွားတဲ့ ရခိုင်-မွတ်စလင် အရေးအခင်းဆိုတာ ဟိုးအရင်ထဲက တအုံနွေးနွေး ရှိနေတာဗာ။ ထပ်ချဲ့ပြောရရင် ရခိုင်တပြည်ထဲမဟုတ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှိနေပါတယ်။ ဘယ်သူ ဘာကြောင့်ဆိုတဲ့ ပြသနာရင်းမြစ် ရှာတာလည်းရှာ.. ရေတိုမှာ ထပ်ဖြစ်လာမည့် အဓိကရုဏ်းများကို တားဆီးနိုင်ဖို့ နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုထောက်ခံမှု ရထားတဲ့ အန်အယ်ဒီနဲ့ ၈၈အဖွဲ့တို့ ကော်မတီများဖွဲ့ပီး ကြိုတင်ပြင်ဆင်ထားရမယ်။ အဲဒီအဖွဲ့တွေအတွက် တိုးတက်တဲ့အမြင်ရှိပီး လုပ်ကိုင်နိုင်စွမ်းရှိသူ မွတ်စလင်များကို ရွေးချယ်မွေးယူဂျဗာ။ ၈၈အဖွဲ့မှာတော့ ကိုမြအေးလို ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းရှိထားတယ်။ သူ့ကို ဝိုင်းဝန်းမြှင့်တင်ပေးရမယ်။ ကိုမိုးသီးဘလော့ဂ်မှာ http://komoethee.blogspot.com/2012/06/blog-post_6448.html သူနဲ့မက်ဆင်ဂျာ ဂျာနယ် အင်တာဗျူးလုပ်ထားတာကို တင်ထားတဲ့အထဲဂ ကောက်နှုတ်ပြရရင် “ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆ဝ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို စ္စလာမ်အရေးလိုု့လုပ်နေတဲ့သူတွေရဲ့အန္တရယ်ကိုလည်းကျွန်တော်တို့ကာ
ကွယ်တာဆီးရမှာဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသောအစ္စလာမ်ဘာသာဝင်တွေကို စည်းခြားဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။”
မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ်ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေးကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့က မြန်မာပြည်မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့စိတ်ပူပန်မှုပါ။” အားကိုးပါဒယ် ကိုမြအေးခင်ဗျား။ ဗိုလ်ချုပ်အောင်ဆန်းခေတ်မှာ အာဇာနည်ခေါင်းဆောင် မူဆလင်ဘာသာဝင် ဆရာကြီးဦးရာဇတ် ရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ခေတ်အတွက် ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေး အဆင်သင့်ရှိပေးနေမယ်လို့ ယုံကြည်ပါတယ်။ ကိုမြအေးသာ ခွင့်ပြုမယ်ဆိုရင် ရဲရဲတောက် သမီးလေး ဝေနှင်းပွင့်သုန်နဲ့ ကြောင်ကြီး အတူလက်တွဲပီး မတူကွဲပြား နှစ်တူပဲများ အလှူပွဲသွား ပါရစေလို့.. 😳

21 comments

  • chityimhtoo

    June 6, 2012 at 9:19 am

    ခုဖတ်လိုက်ရမှဘဲ ကိုမြအေးကိုလေးစားဒယ်။သိုင်းကျူး…သင့်ခရု…သိုင့်အလော့…

  • amatmin

    June 6, 2012 at 9:38 am

    အော် ဒို့ဂေဇတ် နာမည်ကြီးဖို့ ဖန်လာချင်တော့လည်း..
    ဓါးခုတ်ရာလက်ဝင်လျှိုရတဲ့ အပေါက်မျိုး ကြမှပဲ. 🙁
    သဂျီးကတော့ ဘယ်ဘက်ကပဲ နာမည်ကြီးကြီး ..
    ကြီးဖို့သာ လိုရင်းမို့ ခပ်ပြုံးပြုံးကြီး လုပ်နေမှာ မြင်ယောင်သေး.. 😛

  • မောင်ပေ

    June 6, 2012 at 10:04 am

    ဂရင်း အရက် ကိတ်စ နဲ့ ပတ်သက်ပြီး / အဲဒီအရက်ဟာ ဒီနိုင်ငံရှိ အခြေခံလူတန်းစားအားလုံး ရဲ့၇ဝ ရာနှုန်းနီးပါးရဲ့အားပေးမှု ရှိပါတယ် ။

  • Foreign Resident

    June 6, 2012 at 10:18 am

    အဘလဲ အဲဒီ Post တွေမှာ Comment တွေ ပေးခဲ့ပါတယ် ။
    အဲလို အစွန်းရောက်အောင် မြှောက်ပေးတဲ့ သဘောမျိုး မဖြစ်စေချင် လို့ကို ၊

    ” အဘ ၊ ဘယ် ဘာသာဝင်ကို ပြောရမယ်လို့ ၊ မရေး မပြောပါဘူး ” ဆိုပြီးတော့ ။

    ရာဇဝတ်သားကိုသာ ပြောတာဖြစ်ပြီး ၊ လူမျိုး ဘာသာကို မဆိုလိုတဲ့ အကြောင်း ၊
    Comment ရဲ့ အဆုံးမှာ သေသေချာချာ ကို Remark သဘော ထပ်ရေးလိုက်ပါသေးတယ် ။
    အခုတော့ ။

    Quote.
    Foreign Resident says:
    ဟုတ်တယ် ၊ စဉ်းစားကြည့်အုန်း ။
    ၁ ။ မုဒိန်းကျင့်တယ် ။
    ကောင်မလေးက ဖြူဖြူ ချောချောလေး ။ အဲဒီ ဘက်မှာ ရှားမယ် ။
    OK မပြောလိုသေးဘူး ။
    – – – – – – – – – – – – – – – – – –
    ၄ ။ မိန်းမ ကိုယ် / အင်္ဂါ ကို ဓါးနှင့် မွှန်းတယ် ။
    ၅ ။ မုဒိန်းကျင့် ၊ လူသတ် တာကို ဗီဒီယိုပါ ရိုက်ထားတယ် ။

    ၄ နှင့် ၅ ကိုတော့ လုံးဝ လုံးဝ ကို လက်မခံနိုင်ဘူး ။
    မဆဲ ဘယ်သူ နေပါ့မယ် ။
    ( အဘ ၊ ဘယ် ဘာသာဝင်ကို ပြောရမယ်လို့ ၊ မရေး မပြောပါဘူး )
    Unquote.

  • ဦးဦးပါလေရာ

    June 6, 2012 at 10:35 am

    ဒါကတော့ မန်းဂေဇက်ကို လာဖတ်ကြည့်ရင်သိနိုင်ပါတယ်။
    ဒီက မန်ဘာတွေကလူမျိုးရေး ဘာသာရေးခွဲခြားမှု့ကို ဆန့်ကျင်လေ့ ကန့်ကွက်လေ့ရှိတာ အထင်အရှားပါ။

    ဒါနဲ့ဆက်စပ်ပြီး သူကြီးမင်းကို ပြောချင်တာတော့ရှိတယ်..။

    ဒီဆိုက်ကြီးကို သူကြီးမရှိချိန်မှာ ပက်လက်ကြီးပစ်ထားပြီး ရေးချင်တာဝင်ရေးတာကို ဒီလိုပဲကြည့်နေမှာလား…။
    စည်းကမ်း နဲ့မညီ ဆိုက်ထဲမတင်သင့်တဲ့ စာတွေကွန်မင့်တွေကို အနည်းဆုံး (ဆိုင်းငံ့ထားပါသည်) လို့ဖေါ်ပြပြီး delay လုပ်ပေးဘို့ စိတ်ချရသူနှစ်ယောက်လောက်ကို တာဝန်မပေးချင်ဘူးလား..??

    • nozomi

      June 6, 2012 at 5:22 pm

      သူကြီးက အဲဒီလူတွေ ရှာနေတာ
      နှစ်ယောက်ရွေးမယ်ဆို တစ်ယောက်က ဦးပါ ဖြစ်သင့်ကြောင်းပါ
      မြှောက်ပေးတာ မဟုတ်ပဲ ရွာအတွက် စိတ်ရင်းနဲ့ ပြောခြင်းသာဖြစ်ပါသည်

      • ဦးဦးပါလေရာ

        June 6, 2012 at 10:54 pm

        😀 😀

        နောက်နေတာလား ကိုနိုဇိုမီရယ် 😀

        ကျုပ်က ကိုယ့်ပိုစ့်တောင် ကိုယ် ကံကောင်းလို့ ဖတ်ခွင့်ရနေတာ… 😀

        အင်း…. စိတ်ချ ကိုနို်ရေ….
        ကျုပ်တို့သူကြီးက ဒါမျိုး မလုပ်ရေးချမလုပ်… 😀

  • char too lan

    June 6, 2012 at 10:54 am

    ကျနော်လဲ ကျနော်တို့ရွာနာမည်ကြီးနေတာတွေ ့ရတယ် မနေ့ကနေ့လည် ဒီဆိုက်မှာစတွေ ့တာပဲ http://www.kaladanpress.org/burmese/
    ညနေရုံးပြန်တော့ ဗိုလ်ကလေးဈေးမှတ်တိုင်နားလိုင်းကားစောင့်နေရင်း ကွမ်းယာဆိုင်က ဖော်ရိန်နာကောင်လေးနှစ်ယောက်ပြောတာကြားမိတာကတော့ `ညနေလိုင်းပေါ်ရောက်ရင်လင့်ပေးလိုက်မယ် မန်းတလေးဂေဇက်တဲ့ မင်းအဲ့မှာဖတ်ကြည့်လိုက်တဲ့´ လေ…. 🙁

  • ba gyi

    June 6, 2012 at 11:21 am

    ဒါ့ ကြောင့် သ္ခင်ကြောင်ဂျီးလို့ ခေါ်ပေဒဂိုး——-။
    ဘယ်အချိန်မှာ ဘယ်လိုလူဒွေအတွက် ၊ ဘယ်လိုအမြင်ဒွေရှိသင့်ဒယ်၊ဘယ်လိုခံယူရမယ်၊ဘယ်လိုအကျိုးအပြစ်ဒွေဆိုဒါ ၊တစ်ခါတည်း ကွင်းကနဲ၊ ကွက်ခနဲ — ၊ 88 ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမြအေး ရဲ့အမြင်ဟာ၊အလွန်ပဲ အမျိုးသား အကျိုး၊ ညီညွတ်ရေးအခြေခံ ပါလှပါတယ်။မနေ့ကလည်း ဆူးလေကိစ္စမှာ သူသါွးပြီးမေတ္တာ ရပ်ခံနေ တာတွေ့ ရတယ်။
    ဘာသာရေး အစွန်းရောက်တာပဲဖြစ်ဖြစ်–၊
    လူမျိုးရေးအစွန်းရောက်တာပဲဖြစ်ဖြစ်—–၊
    အာဏာတည်မြဲရေးအစွန်းရောက်တာပဲဖြစ်ဖြစ်—–၊
    မိမိ အဖွဲ့စည်းမှဆိုပြီး အစွန်းရောက်တာဖြစ်ဖြစ်—-၊
    နောက်ဆုံး ချစ်လွန်းလို့အစွန်းရောက်ရင်တောင် — ဆရာဝန်မကလေးအဖြစ်ဆိုးတွေရင်နာစရာပါ။
    အစွန်းရောက်တာမှန်သမျှ ရဲ့နောက်ဆုံးရလဒ်ဟာ — ရင်နာထိတ်လန့်စရာ၊ကျေကွဲစရာတွေနဲ့ပဲဆုံးရှုံးရတာတွေနဲ့၊အဆုံးသတ်ကြရတာများပါတယ်၊ နိုင်ငံတော်မှာနေထိုင်ကြသူမှန်သမျှ ၊ကိုယ့်နိုင်ငံ၊ကိုယ့်ရေမြေ၊ကိုယ့်နိုင်ငံသားများ အတွက်ရှေတန်းတင်ပြီး ကြည့် မှ နိုင်ငံရဲ့ပြည်သူကောင်းတွေဖြစ် မှာပါပဲ။
    နိုင်ငံ ရဲ့ပြည်သူပြည်သားကောင်းတွေများလာမှ ၊သည်နိုင်ငံတော်ကြီးတိုးတက်ပါ့ မဗျား။
    ကတော့ ကိုကြောင်ဂျီး သာဓု သာဓု သာဓု ။

  • ဗိုက်ကလေး

    June 6, 2012 at 11:46 am

    ဂယ်တော့ ရွာထဲက သတင်း၊ အတင်း အစုံပလုံကို အနံ ့ခံပြီး အဝှာပြုနေကြတာပါ
    အဲမှာ ကောင်းတဲ့အနံ ့ဆို ဖြတ်ညှပ်ကပ်လုပ်ပြီး ကိုယ်တိုင်ရေးလိုလို ပြန်ဖွမပေါ့ဗျာ
    မကောင်းတဲ့ အနံ ့ဆိုတော့လဲ ရွာဘက်ကို ဘော်လီဘောပုတ်ထုတ်သွားတာနေမပေါ့..
    ဒီအထာတွေ သဂျီးက နပ်နေလောက်ပါဘီ..နော်..အူးလေး.. 😀

  • moe kaung

    June 6, 2012 at 11:51 am

    ဂုဏ်လင်းထိန်ထိန် ရဲ့ မီဒီယာများသို့ အသိပေးပန်ကြားလွှာ

    မီဒီယာများသို့ အသိပေးပန်ကြားလွှာ ( သတင်း ဆောင်းပါး ) ….ဂုဏ်လင်းထိန်ထိန်

    ၃-၆-၂၀၁၂ ညနေတွင် တောင်ကုတ်မြို့၌ သံတွဲမြို့မှ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားကို တောင်ကုတ်မြို့သား တစ်ချို့မှ တားဆီးရပ်တန့်စေပြီး ကားပေါ်တွင် လိုက်ပါလာသော မွတ်စလင်အမျိုးသား (၁၀)ဦးအား ကားပေါ်မှ ဆင်းခိုင်းကာ ဝိုင်းဝန်းရိုက်နှက်ထိုးခုတ်ကြသဖြင့် (၁၀)ဦးစလုံး သေဆုံးခဲ့ကြရ ပါသည်။

    စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို စတင်အရှိန် ယူဆောင်ရွက်နေစဉ်၌ပင် ပထမဦးဆုံး အဆိုးရွားဆုံး မင်းမဲ့စရိုက်ဆန်စွာ ပြည်တွင်းအကြမ်းဖက် ရမ်းကားမှုတစ်ရပ်ပင်ဖြစ်ပါသည်။
    ထိုဖြစ်စဉ်၏ အကြောင်းပြချက်မှာ ကျောက်နီမော်ကျေးရွာတွင် မသီတာထွေးအမည်ရှိ
    ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မွတ်စလင် လူငယ်(၃)ဦးက မတရားပြုကျင့်ခဲ့သည်ဟု မကျေနပ်သဖြင့် လက်တုန့်ပြန် ခြင်းဟု ….

    ဆိုပါသည်။ထိုပြစ်မှုကျူးလွန်သူ (၃)ဦးအား ကျောက်ဖြူမြို့ ရဲစခန်း၌ ဖမ်းဆီးထားချိန်တွင် ဤဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။

    မိမိဘာသာဝင် အမျိုးသမီးတစ်ဦး မတရားပြုကျင့်ခံရခြင်းကို မခံမရပ်နိုင်ဖြစ်ကြခြင်းမှာ သဘာဝကျပါသည်။ သို့ရာတွင် ထိုမခံမရပ်နိုင် သော ခံပြင်းစိတ်ကို အကြောင်းပြု၍ ကျူးလွန်မှုတွင် မပါဝင်သော ဘေးလူများကို အသိဉာဏ် မဲ့စွာ လက်စားချေ တိုက်ခိုက်ခြင်းသည် သဘာဝမကျရုံသာမက လူမဆန်သောလုပ်ရပ်တစ်ခု လည်း ဖြစ်ပါသည်။

    ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအား စော်ကားသဖြင့် ကျန်သော ဗုဒ္ဓဘာသာဝင်များက
    လူမိုက်ဆန်ဆန် လူရမ်းကားဆန်ဆန် ပြုကျင့်မည်ဆိုပါက ဗုဒ္ဓနည်းမကျသည့်ပြင် ဗုဒ္ဓဘာသာကိုပါ စော်ကားမှုပြုရာရောက် ပေတော့မည်။

    အကြောင်းသော်-
    အကြင်သူသည် ငါးပုပ်ကို သမန်းမြက်ဖြင့် ထုတ်၏။ ထိုသူ၏ သမန်းမြက်တို့သည်လည်း အပုပ်နံ့ လှိုင်သကဲ့သို့ သူမိုက်တို့ကို မှီဝဲသူတို့သည်လည်း ဤအပုပ်နံ့လှိုင်ကုန်၏။ (သုခပတ္တနာသုတ်)
    ဗုဒ္ဓဘာသာအမည်ခံ လူမိုက်တို့၏ အပုပ်နံ့ကြောင့် ဗုဒ္ဓဘာသာကြီးအဖို့ အများအထင်သေးစရာဖြစ်ကာ အကျည်းတန်မှုဘက်သို့ ယိမ်းယိုင်သွားနိုင်ပါသည်။

    မျက်ကန်းမျိုးချစ်စိတ်နှင့် အရူးဆန်သော ဘာသာ သာသနာချစ်စိတ်များသည် ပညာရှင်တို့၏ ရပ်ဝန်းနှင့် လူတော်ကောင်းတို့၏ အဝန်းအဝိုင်းအတွက် ဆိုပါမူ အထင်ကြီးစရာ တစ်ပြားဖိုးမှ မရှိနိုင်ပါ။

    ၃-၅-၂၀၁၂ ညအချိန်တွင် အသက်(၃)နှစ်သာရှိသေးသည့် လူမမယ်အရွယ် သမီးကလေးတစ်ဦးအား အောင်နိုင် (၃၅နှစ်)က လူမဆန်စွာ မုဒိမ်းကျင့်ပြီးနောက် ပဲခူးမြို့၊ မဇင်းချောင်းရေစပ်နား၌ ပစ်ချထားခဲ့သော ပြစ်မှုတစ်ခု ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းအပိုင်၌ ပေါ်ပေါက်ခဲ့ပါသည်။ (ဤအကြောင်းကို ထိုအချိန်က ထုတ်ဝေခဲ့သော ဂျာနယ်တစ်ချို့၌ တွေ့ရပါသည်။ ဥပမာ-စောင့်ကြည့် ၁၅-၅-၂၀၁၂) သို့သော် ဤ အဖြစ်အပျက်၌ မုဒိမ်းပြုကျင့်ခံရသူ သမီးငယ်လေးမှာ အသက်(၃)နှစ်သာ ရှိသေးသည့်အပြင် လူမဆန်စွာ ကျူးလွန်သူ ကိုအောင်နိုင်မှာလည်း ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ရာ မည်သူကမျှ
    “ဒီလူတွေကြောင့် ဗုဒ္ဓဘာ သာ သိက္ခာကျရတယ်။ အများအထင်သေးစရာ ဖြစ်ရတယ်”ဟု အရေးတယူ ပြောဆိုရေးသားခြင်း မျိုးကို မဖတ်လိုက်ရ။ မကြားလိုက်ရသလို ပဲခူးမြို့ရှိ မည်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးကမျှ ကိုအောင်နိုင်နှင့် သူ့အိမ်ရှေ့သွား၍ “အသားထဲကလောက်ကောင်”၊ “နင့်ကြောင့် ဗုဒ္ဓဘာသာ ဗမာလူမျိုး ဘယ်လောက်ထိခိုက်ရသလဲဆိုပြီး ရှုတ်ပြောဆိုမှုကိုလည်း မခံစားလိုက်ကြရပါ။ တရားခံအောင်နိုင်ကိုသာ လျှင် ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းသာ ရှိပါသည်။

    အလားတူပင် ၃-၁၁-၂၀၀၉တွင် ရန်ကုန်မြို့မှ (၃၆)မိုင်သာ ကွာဝေးသော ပဲခူးတိုင်း၊ အင်းတကော် ကျေးရွာ တွင် အသက်(ရနှစ်)အရွယ် မအေးနှင်းလှိုင်အမည်ရှိ Grade-2 ကျောင်းသူ သမီးငယ်လေးတစ်ဦး လူမဆန် သော သူနှစ်ဦး၏ ဖမ်းဆီး အဓမ္မပြုကျင့်မှုကို ခံခဲ့ရသဖြင့် မိဘများက ပြန်တွေ့ချိန်တွင် သမီးငယ် လေးမှာ သတိလစ်နေသဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ခဲ့ရာတွင် သမီးငယ်လေး အခြေအနေမှာ စိုးရိမ် စရာဖြစ်နေလို့ ရန်ကုန်ဆေးရုံကြီးကိုသာ သွားသင့်ကြောင်း ပြောသဖြင့် ရန်ကုန် အမျိုးသမီးဆေးရုံကြီးသို့ ခေါ်ဆောင်လာခဲ့ကြပါသည်။ (ရနှစ်)အရွယ်ရှိ မအေးနှင်းလှိုင်မှ
    မွတ်စလင်သမီးကလေး တစ်ဦးဖြစ်ပြီး လူမဆန်သော မုဒိမ်းကောင် နှစ်ဦးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြရာ ဘယ်မွတ်စလင်ကမှ တစ်ခြားမဆိုင် သော ဗုဒ္ဓဘာသာဝင်များကို ရန်ရှာခြင်း၊ ပုတ်ခတ်စော်ကားခြင်းများ မရှိခဲ့ကြပါ။

    တည်ဆဲဥပဒေအရသာ ထိုလူမဆန်သူ နှစ်ဦးသည် ထောင်ဒဏ် (၈)နှစ်၊ ထောင်ဒဏ်(၇)နှစ် အသီးသီး ကျသွားခဲ့ကြပါသည်။ အံ့ဩစရာကောင်းတာလား၊ နတ်စောင့်တာလားတော့ မသိပါ။ ထိုလူမဆန်သော သူနှစ်ဦး၏ သတင်းကို ဘယ်သတင်း၊ ဘယ်ဂျာနယ်၌မှပင် မပါရှိခဲ့ပါ။ ယုတ်စွအဆုံး “မှုခင်း”ဂျာနယ်များ၌ပင် မပါရှိပါ။

    “သူတော်ကောင်းကို နတ်စောင့်သည်”ဟူ၍သာ ကြားဖူးပါသည်။
    “စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ အလစ်ကိုချောင်း တစ်ဖက်သားရဲ့ အငိုက်ကို—”
    ပင်ကိုယ်အားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကိုယ် စတေးရရှာတယ်။ သေတပန်ပြောင်းဘဝကို အရိုင်းပန်းငယ် မလွန်ဆန်နိုင် ဆက်သရုံပဲ”
    စိုင်းထီးဆိုင်၏ ကျော်ကြားလှသော တေးတစ်ပုဒ်ဖြစ်သည့် “မောင့်အရိုင်းပန်း”
    သီချင်းသည် ရှမ်းအမျိုးသမီး လေးများ Rape လုပ်ခံရသည့် ကိစ္စနှင့် ပတ်သက်နေသည်ဟု ယူဆပြောဆိုကြပါသည်။ တပ်မတော်သား တစ်ချို့က ပြုခဲ့ကြတာပါဟု ပြောကြပါသည်။ တပ်မတော်သား တစ်ဦးစ၊ နှစ်ဦးစ ထိုသို့သော အမှုမျုးိကိုလုပ်
    ကောင်းလုပ်နိုင်ပါသည်။ သို့ရာတွင် ထိုတစ်ဦးစ၊ နှစ်ဦးစကိုသာ ကွက်ကြည့်ပြီး ပြည်သူတို့၏ အသက်၊ စည်းစိမ်နှင့် အမိမြန်မာနိုင်ငံတော်ကြီးကို အကာအကွယ်ပေးနေသော တပ်မတော်သား အားလုံးအား မုန်းတီး မည်ဆိုပါက အဓိပ္ပာယ်လုံးဝ ရှိမည်မဟုတ်ပါ။

    လူမျိုးမရွေး၊ဘာသာမရွေး၊ ပြစ်မှုကျူးလွန်သူ အရပ်သားများအတွက် အရပ်ဖက်ထောင်များရှိသလို၊ တပ်မတော်သားများ ကျူးလွန်သော အမှုများအတွက် လည်း စစ်ဘက်ထောင်ရှိပါသည်။ တည်ဆဲဥပဒေများအရသာ အရေးယူအပြစ်ပေးရပါမည်။

    ဤ အဖြစ်မျိုး ရှိခဲ့သည့်တိုင် ရှမ်းတို့က ဗမာအားလုံးကို မုန်းမည်ဆိုပါက အညှိုးထားမည်ဆိုပါက အဓိပ္ပာယ် မရှိသော လုပ်ရပ်နှင့် တစ်ဖက်သတ်ဆန်သော စိတ်ထားသာဖြစ်ပါလိမ့်မည်။

    ယခုကျွန်ုပ် ဤစာလွှာကို ရေးသားရခြင်းအကြောင်းကို ရေးပါတော့မည်။ လူကြီးမင်းတို့ တာဝန်ယူဆောင် ရွက်နေသော မီဒီယာအပိုင်းနှင့် ပတ်သက်၍ပါ။ မီဒီယာသမားတစ်ဦး၌ Media Ethic, Media ကျင့်ဝတ်သိက္ခာ ရှိရပါမည်။ “မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းခြင်း”ဟူသည် အမှန်ကို အမှန်အတိုင်း
    ရဲဝံ့စွာ ဘက်မလိုက်ဘဲ တင်ပြခြင်းပါ။ “မီဒီယာကျင့်ဝတ်သိက္ခာကို လေးစားခြင်း”ဟူသည် အမှန်အတိုင်း မဖော်ပြရဲလင့်ကစား ဘက်လိုက်၍ သော်လည်းကောင်း၊ မဟုတ်တာကို ဟုတ်သယောင် မပြောမိ၊ မရေးမိဖို့ပါ။

    ၂၀၁၂-ဧပြီ သင်္ကြန်တုန်းက ကံမမြို့၌ ဖြစ်ပွားခဲ့သော ဒေသတွင်း အကြမ်းဖက်မှုကို လူကြီးမင်းတို့ မီဒီယာ များက သိကြပါသော်လည်း လုံးဝ ဖော်ပြခြင်းမရှိခဲ့ကြပါ။ ထိုနည်းတူ ယခုတောင်ကုတ် အကြမ်းဖက် ရမ်းကားမှုကိစ္စတွင်လည်း လူကြီးမင်းတို့ မီဒီယာများမှ ဖော်ပြရန် ရှိလာသော် မီဒီယာကျင့်ဝတ်သိက္ခာကို မစောင့်ထိန်းရင်တောင်မှ လေးစားပေးဖို့ပါ

    “ဤလောက၌ လူမိုက်တို့သည် ငါတို့သေကြလိမ့်မည်ဟု မသိကြကုန်။
    ထိုမသိမှုကြောင့်ပင် ခိုက်ရန် ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင် ကြကုန်။” (ဓမ္မပဒ – ၆)

    “အနှစ်ရှိသော တရားကို အနှစ်မရှိဟုလည်းကောင်း၊ အနှစ်မရှိသော တရားကို အနှစ်ရှိဟုလည်း အယူရှိသူ တို့သည် မှားသော ကြံစည်မှု၌သာလျှင် အာရုံရှိကြရာ အနှစ်ရှိသော တရားကို မရနိုင်ကြကုန်။ (ဓမ္မပဒ-၁၁)

    ကံ-ကံ၏ အကျိုးကို ယုံကြည်မှုသည် ဘာသာတရားတိုင်း၌ ရှိပါသည်။ ဘာသာတရားများကိုပင် မဆိုထားဘိ၊ သိပ္ပံပညာသဘော အရလည်း အကျုံးဝင်မှုရှိပါသည်။

    သိပ္ပံ – “သက်ရောက်မှုတိုင်း၌ ပမာဏတူညီပြီး လားရာဆန့်ကျင်သော တန်ပြန်သက်ရောက်မှုရှိလေသည်။”(နယူတန်၊ ဒြပ်ဆွဲအား ဆိုင်ရာ တတိယနိယာမ)

    ဗုဒ္ဓ- “မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော်လည်းကောင်း၊ သမုဒ္ဒရာအလယ်၌
    တည်နေ သော်လည်းကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း
    မကောင်းမှုမှ မလွတ်ရာ။”

    အစ္စလာမ်-“အို-ချစ်သား၊ အပြုအမူတစ်စုံတစ်ရာသည် မုန်ညှင်းစေ့ခန့်မျှသာရှိပြီး ကျောက်ဆောင်တစ်ခုခု၌ တည်နေသည်ဖြစ်စေ၊
    မိုးကောင်းကင်များ၌ တည်နေသည်ဖြစ်စေ၊ ကမာ္ဘဂြိုဟ်၌ တည်နေသည်ဖြစ်စေ အသင်၏
    ရှေ့တော်မှောက်သို့ အသင့်ရောက်ရှိစေမည်။ (ကုရ်အာန် ၃၁း၁၆)

    ခရစ်ယာန်- “လူတိုင်းအဖို့ မိမိတို့၏ ကျင့်ကြံမှုနှင့် လျော်ညီသော
    အကျိုးအပြစ်ကို ဘုရားသခင်က ပေးတော်မူပေမည်။” (ရောမဩဝါဒ ၂း၇)

    ဟိန္ဒူ-“အကြင်သူသည် မိမိကိုယ်ကို ကာကွယ်လိုသည်ဖြစ်အံ့၊ ဒေါသဖြစ်ခြင်းမှ ကာကွယ်ပါလေ။ ဒေါသကို မကာကွယ်နိုင်လျှင် ဒေါသက ထိုသူအား ပြန်သတ်လိမ့်မည်။ (သိရုကုရယ်လ်ကျမ်း)

    လူကြီးမင်းများခင်ဗျား-
    အမှန်တရားရှေ့မှောက်ရောက်သည်နှင့်တစ်ပြိုင်နက် အလိမ်အညာအားလုံးဟာ ခေါင်းငုံ့ကာ မျက်နှာမပြရဲ တော့ပါ။ (အရှက်မရှိသူများအဖို့ ချွင်းချက်ရှိပါသည်။) အားရှိတာက အမှန်တရားပါ။

    “မဟုတ်မမှန် ပြောသောသူကို၊ အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။” (ဓမ္မပဒ -၂၂၃)

    ပညာရှင်ကြီးတစ်ဦးကို သမိုင်းကိုဘာဖြစ်လို့ သင်ရမှာလဲ လို့မေးတော့ သူ့အဖြေက “သမိုင်းသင်တာ မ အအောင်လို့ပေါ့တဲ့။ ဖြည့်ပြီးပြောချင်ပါသည်။
    “အဟုတ်အမှန်သမိုင်းကို သင်မှ မ အ တဲ့အပြင် ကမာ္ဘတန်းရောက်မှာပါ။”
    “လုပ်ကြံသမိုင်းကို သင်က အ တဲ့အပြင် အလှခမ်းခြောက်မှာပါ။”

    “မှားယွင်းသော အယူအဆ၊ အမြင်အသိရှိနေသူသည် မြတ်သောအကျင့်ကို အားထုတ်
    ကျင့်သုံးသည် ဆိုသော်လည်း အကျိုးမရှိနိုင်။” (သုညတဝဂ်၊ ဘူမိဇသုတ်)

    လက်ရှိ မီဒီယာသတင်းတွေဆိုတာ အနာဂတ်မှာ သမိုင်းမှတ်တိုင်တွေ ဖြစ်လာကြမယ့် အရာတွေပါ။ အဲဒီအချိန်ကျရင် ဘယ်သတင်းဌာန၊ ဘယ်စာနယ်ဇင်း၊ ဘယ်သတင်းသမားက
    အားကိုးထိုက်တဲ့ သတင်းသမားလား၊ နှစ်ပြားဖိုးမထိုက်တဲ့ သတင်းသမားလားဆိုတာ
    မှတ်ကျောက် အတင်ခံရပါလိမ့်မည်။

    ဂုဏ်လင်းထိန်ထိန်

  • YE YINT HLAING

    June 6, 2012 at 11:53 am

    ” Wai Hnin Pwint Thone ”
    ” Pretty Myanmar Great Girl “

  • ချာလီဂဇက်ဒလဝမ်

    June 6, 2012 at 12:35 pm

    ကံ ကံ၏ အကျိုးသာ ဖြစ်ပါကြောင်း နှင့် ပြုသူထံသို့ ကံကြမ္မာတစ်ပါတ်
    ပြန်လည်လာပါလိမ့်မည်သာတည်း ။

  • အလင်းဆက်

    June 6, 2012 at 12:39 pm

    အောင်ကြူးက
    ဒေါင်ချုးနေတာတောင်
    ချောင် (ဂျောင် ) ထူးမှာ..
    ဆောင်တော် ကူးချင်သေးတာကို….
    ကြောင်တော်ရူးရယ်…
    အမှောင်တော်စူးစူးမှာ…
    ထောင်တော်..ဒူးသာ.နေလိုက်ပါတော့…လား…ကွယ်…..

    အဟိ ။
    ချစ်လိူ့စတာ…

  • kai

    June 6, 2012 at 1:08 pm

    မန္တလေးဂေဇက်ဝက်ဘ်ဆိုက်က..ရနှစ်သက်တန်းရှိတဲ့.. ပုံနှိပ်သတင်းစာကျောထောက်နောက်ခံနဲ့.. သတင်းနဲ့..သုံးသပ်ချက်..ရသ..ဓါတ်ပုံပါမကျန်ခြုံငုံမိအောင် (အမာခံ.. မန်ဘာ၈ထောင်ကျော်နဲ့)တင်နေဝင်ထွက်ဖက်ရှုရေးသားနေတဲ့.. ဖေ့စ်ဘုတ်လို ဝက်ဘ်ဆိုက်ပါ..။
    ဒီရက်ပိုင်းတော့.. ဆာဗာအဝင်အထွက်ထဲ.. တရက်နဲ့..ပုံမှန်၂သောင်းဝန်ကျင်ကနေ.. ၄သောင်း၈ထောင်းအထိတက်သွားတယ်..။ တက်နေဆဲပဲ..။ ဆာဗာဖိုးနည်းနည်း.. မျက်ခုံးလှုပ်နေမိပါရဲ့..။

    ဆိုတော့…
    အာရပ်စပရင်းကို.. ဖေ့စ်ဘုတ်တွစ်တာနဲ့.. စပြီးတွန်းတင်လုပ်ကြတယ်ပြောကြတာပဲ..
    အင်း..
    မြန်မာပြည်ရဲ့.. ထင်ရှားတဲ့..အဖြစ်အပျက်ကြီးတွေကို.. မန္တလေးဂေဇက်က.. ထပ်တူပါဝင်စီးမျောနေရတာ..သဘာဝကျပါတယ်..
    သဘာဝကျကျပဲ… နေချင်တာမို့.. စည်းကမ်းတွေကို.. ထပ်ထပ်ကျပ်လာဖို့..မရည်ရွယ်ပါဘူး..
    လျှော့လျှော့သွားဖို့ပဲရည်ရွယ်ထားကြောင်း..

    အမြင် ကြည်လင်သူ/မကြည်လင်သူများ..ကိုယ်တိုင်ရွာသူားအဖြစ်ခံယူပြီး.. ကိုယ်တိုင်ကိုယ့်စာကိုယ်..တာဝန်ယူ.. ဖြန့်ဝေနိုင်ကြောင်း.. ဝေဖန်နိုင်ကြောင်း.. (အခြေခံစည်းကမ်းလိုက်နာမယ်ဆို) လုပ်ချင်တာလုပ်နိုင်ကြောင်း..။ :mrgreen:

    • Azzurri

      June 6, 2012 at 1:13 pm

      တိန်….

      တနေ့သေကြရမည် ..
      မသေခင် လုပ်ချင်တာ လုပ်ကြ…
      :mrgreen:
      ဒက်ဂလောက်…ဒက်ဂလောက်..

  • ahnyartamar

    June 6, 2012 at 3:07 pm

    ကိုမြအေး ကိုတော့လေးစားပါတယ်။

  • myanmarcitizen

    June 6, 2012 at 4:56 pm

    ကိုမြအေးနဲ့ အင်တာဖြူး ဖတ်လိုက်ရပါတယ်။ လေးစားပါတယ် ကိုမြအေး။
    ဒါနဲ့ ကိုကြီးညောင် တို့ကတော့ သဂျီး သမီးတော်လေးလဲချိန်ရဲ့ … နောက်ဆုံး ကိုမြအေးသမီးလေးတောင် မချန်တော့ပါလား ကိုညောင် ရယ်။ 🙂

  • MaMa

    June 6, 2012 at 7:11 pm

    တစ်သက်လုံး ဖုံးသမျှ ကုန်းကာမှ ပေါ် ဆိုတဲ့စကားလိုပါပဲ။
    တစ်ပုဒ်လုံးဖတ်သမျှ ပြီးကာမှ…… ကြောင်ကြီးဟာ ကြောင်ကြီးပါပဲ :mrgreen:
    စာတွေကို နားလည်အောင် မနည်း အားစိုက်ဖတ်ရတယ်။
    စကားဆုံတုန်း ပြောရမယ်ဆိုရင်ဖြင့်- သတ်ပုံအဖွဲ့ Retire ယူသွားပြီ ဖြစ်ပါကြောင်းးးးးးးးးးး 😆

  • nature

    June 7, 2012 at 8:21 am

    ကိုမြအေးပြောသွားတာကောင်းပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို မှန်ကန်တိကျတဲ့ ဥပဒေ ရှုဒေါင့်ကပဲ ဥပဒေနဲ့အညီ အရေးယူသင့်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဘာသာရေးရှုဒေါင့်က ကြည့်ပြီး ဘာသာရေးအဓိကရုန်းတွေဖြစ်မှာစိုးမိပါတယ်။

  • kyeemite

    June 7, 2012 at 8:35 am

    ကိုကြောင်ဂျီး ပို့စ်ဂို အပြည့်အဝ ထောက်ခံဘာဒယ်
    စိတ်ဓါတ်မှန်ကန်ရဲရင့်တဲ့ ကိုမြအေး ကိုလည်း လေးစားချီးကျူးပါဒယ်
    အင်မတန်ကောင်းတဲ့ ကွန်မန့် ဝင်ပေး အားဖြည့်ထားသူ moe kaung` အားလည်း
    ကျေးဇူးတင်ပါဂျောင်း..

Leave a Reply