ဒီအတိုင်းပဲ သွားတော့မှာလား

phone_kyawJune 6, 20121min24423

ဒီအတိုင်းပဲနေပြီး ၂၀၁၅-အထိစောင့်မှာလား။ ထောင်ထဲက ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအရေးတွေကို မေ့သွားပြီလား။ တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး မလုပ်ပဲ ဆွေးနွေးနေတဲ့ပွဲတွေကို ထောက်ခံတော့မှာလား။

ဆန္ဒပြပွဲတွေ ဟိုတစ်စု ဒီတစ်စုကို စုစည်းပြီး နိုင်ငံရေးတောင်းဆိုသံ တစ်ခုအဖြစ် ပြောင်းလဲသင့်နေပြီ။ ဒါကတော့ ကြံ့ဖွတ်အစိုးရကို အယုံအကြည်မရှိတဲ့ အသံဖြစ်ပါတယ်။ ရွေးကောက်ပွဲအသစ်ကို ကျင်းပပြီး အစိုးရအသစ် တစ်ခု တင်သင့်တယ်လို ့မြင်တယ်။ အစိုးရဟာ အရည်အချင်းနဲ ့အရည်အသွေးမရှိတဲ့အတွက်ကြောင့် နှစ်နှစ်အတွင်းမှာ ထင်သလောက်ခရီးမရောက်ခဲ့ဘူး။ အောင်မြင်မှုမရခဲ့ဘူး။ သူတို ့ဘာတွေများ သိသိသာသာပြောင်းလဲခဲ့လဲဆိုတာကို ရှာကြည့်ပါတယ်။ ဘာမှ မရှိသလောက်ပဲ။ ဒါကို ကျနော်တို ့အတိုက်အခံတွေက ပူးပေါင်းဆောင်ရွက်ရေးဆက်ပြီး လုပ်အုံးမှာလားလို ့မေးရမဲ့အချိန်ရောက်နေပြီ။

ဦးသိန်းစိန်က လာပြီးပူပေါင်းဆောင်ရွက်ရင် နေရာပေးမယ်လို ့မပြောခဲ့ဘူး။ ပေးလည်းမပေးခဲ့ဘူး။ ကိုယ့်ဘက်ကပဲ ပူးပေါင်းဆောက်ရွက်ခဲ့ရတယ်။

အမေစုနဲ ့အန်အယ်ဒီတို ့လွှတ်တော်ထဲကို ရောက်နေလို ့ အစိုးရကို အားနာနေသလားလို ့တောင် ထင်မိတယ်။ ဒါ့ကြောင့် ပွင့်လင်းလူ ့အဖွဲ ့အစည်းကန်ပိန်းနောက်ကိုပဲ အသည်း အသန်လိုက်ပြီး ထောင်ထဲက ကိုယ့်မိတ်ဆွေအတွက် မေ့နေသလိုဖြစ်နေပြီ။ အလုပ်သမားတွေက ဆန္ဒပြလည်း သူတို ့ပါတယ်။ ပွင့်လင်းတာလည်း မလွတ်ဘူး။ ကုလားနဲ ့ရခီး သတ်ကြလည်း ဝင်ပြီး အာတယ်။ လယ်သမားကိစ္စမှာလည်း လယ်သမားက ဦးမဆောင်ရပဲ ဘာမဟုတ်တဲ့ လူက ဝင်ပြီး မိုက်ကိုင်တာက သဘာဝမကျဘူး။ ကိုယ့်အသံကို ကိုယ်က မပြောပဲ သူများတွေ အုပ်စုအုပ်စုလုပ်တိုင်း ဝင်ပါတာက နိုင်ငံရေးသမား (သို ့) အတိုက်အခံမဟုတ်တော့ပဲ Role ပျောက်နေသလိုဖြစ်နေပြီ။ အပြစ်တင်နေတာမဟုတ်ပါဘူး။ မြင်တွေ ့နေရတာကို ပြောနေတာပါ။

အတိုက်အခံဆိုတာ အစိုးရရဲ  ့ပေါ်လစီအမှား လုပ်ရပ်အမှားတွေကို ထောက်ပြပြီး ကိုယ်အာဏာရလာအောင်လုပ်ရတယ်။ ဒါက အတိုက်အခံရဲ  ့အလုပ်။ အတိုက်အခံက အစိုးရဝန်ကြီးနဲ ့တွေ ့ပြီး သူတို ့အလုပ်ကို အောင်မြင်လာအောင် ကူညီနေတာကတော့ အင်မတန်မှားတယ်။

လက်ရှိအနေအထားမှာ ပြည်သူလူထုက မရဘူးတဲ့အခွင့်အရေးလေးရလာတော့ မပြရဲပြရဲနဲ ့ဆန္ဒတွေပြလာတာက အင်မတန်ကောင်းပါတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး အစိုးရကို ဖြုတ်ချလို ့တောင် ရတယ်လို ့ထင်တယ်။ အယုံအကြည်မရှိတဲ့အဆိုကို ဆန္ဒပြတဲ့လူတွေပါးစပ်ထဲကိုသာထည့်

ပေးလိုက်နိုင်ရင် အရမ်းကောင်းမယ်။ အဓိကအစိုးရရဲ  ့အရည်အချင်းမရှိတာကြောင့် အခုလိုဖြစ်နေတာပါ။ ငြိမ်းချမ်းရေးလည်းမဖြစ်စလောက်လုပ်တယ်။ အကျဉ်းသားဆိုလည်း မဖြစ်စလောက်လွှတ်တယ်။ အစိုးရအဖွဲ ့ထဲမှာလည်း လူလည်ကျပြီး အာဏာယူထားတယ်။ အရင်တုန်းကလူတွေကြီးပဲ။ ဒါ့ကြောင့် အစိုးရသက်တမ်းနှစ်နှစ်အတွင်းမှာ ဒေါ်စုကိုပဲ အပါချိုင်လိုက်နိုင်တာပဲ အဓိက အောင်မြင်မှု ့လို ့ပြောရမလိုဖြစ်နေပြီ။ ဒါ့ကြောင့် အတိုက်အခံတွေလည်း အတိုက်အခံမဟုတ်တော့ပဲ အကုန်ကုန်းခံတဲ့လူတွေလို ဖြစ်သွားခဲ့တယ်။ ဦးသိန်းစိန်နာမည်ရလာတာပဲ အဖတ်တင်တယ်။

ဒီအတိုင်းသာဆက်ဖြစ်နေရင် ဒီအတိုင်းသာဆက်သွားနေရင် အချိန်ကာလတိုတိုအတွင်းမှာ လိုချင်တဲ့ ပန်းတိုင်ကိုမရောက်ပဲ လိပ်ကို ချိုင်းထောင့်တပ်သလိုဖြစ်နေမှာပဲ။ နဂိုကတည်းက နှေးနေပါတယ်ဆိုမှ အတိုက်အခံက မြန်လာအောင်တွန်းအားမပေးပဲ ချိုင်းထောင့်တပ်နေတယ်။ ဘယ်မှာလဲ ပေါ်လစီအမှားတွေကို ပါလီမန်ထဲမှာ ထောက်ပြပြီး ပြင်နိုင်ခဲ့လဲ။ ဘယ်မှာလည်း တစ်တိုင်းပြည်လုံးအပစ်ရပ်နိုင်ပြီး ငြိမ်းချမ်းရေးရခဲ့တာရှိလဲ။ ဦးအောင်မင်းလုပ်တာ အချိန်ကုန်တာပဲ အဖတ်တင်နေတယ်။ တယ်တမ်း ရိုးသားတယ်ဆိုရင် တစ်တိုင်းပြည်လုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်တယ်။ အပစ်ရပ်သင့်တယ်။ ဒါပဲ ကြေငြာစရာရှိတာပဲမဟုတ်ဘူးလား။ ဒါကိုတောင်မလုပ်နိုင်ပဲ ဝေ့လည်ကြောင်ပတ်ဖြစ်နေတဲ့ကိစ္စကို အတိုက်အခံတွေက တွန်းအားမပေးပဲ သူတို ့အလုပ်တွေကို ကူညီနေတာက ဘာနဲ ့တူသလဲဆိုရင် အစိုးရရဲ  ့ဘောကို ဝိုင်းပြီးမနေသလိုပဲ။ အားရပါးရ မ နေတယ်လိုပဲပြောချင်တယ်။

ပြည်ပ မီဒီယာကဆိုရင် ပိုလို ့တောင်ဆိုးသလားပဲ။ ဖေ့ဘွတ်စ်ပေါ်မှာ ဝန်ကြီး ဝန်လေးတွေကို ပြုံးပြပြီး အလွမ်းသည်နေသလားတောင် ထင်မိတယ်။ သိက္ခာမရှိတဲ့ လူတွေဘဝကို အလိုလိုရောက်သွားပြီ။

ကျနော်တို ့ဘာလုပ်သင့်လဲဆိုတာကို ကျနော်ပြောချင်တယ်။ ဒါကတော့ အစိုးရလုပ်ရမဲ့အလုပ်ကို ကျနော်တို ့ဘာမှ ကူညီပေးစရာမလိုဘူး။ သူ ့အလုပ်ကိုမှ သူနိုင်အောင်မလုပ်နိုင်တဲ့လူတွေကို ကျနော်တို ့ကအစိုးရအဖြစ် အသိအမှတ်ပြုစရာ အကြောင်းကိုမရှိဘူး။ ကျနော်တို ့အလုပ်က တစ်ခုပဲရှိတယ်။ အခုဖြစ်နေတဲ့ မငြိမ်မသတ်မှု  ့ကို အခွင့်ကောင်းယူပြီး အစိုးရကို အယုံအကြည်မရှိ အဆိုဘက်ကိုသာလှည့်ပေးလိုက်ယုံပဲ။ ဘာမှ သွားပြီး နေရာတိုင်းမှာ ပွင့်လင်းလူ ့အဖွဲ ့အစည်းနဲ ့ကြည်နှုးနေစရာအကြောင်းကို မရှိဘူး။ တော်ဝင်နှင်းဆီမှာ ပျော်ရွှင်ကြည်နှုးနေတာကိုလည်းရှောင်သင့်ပြီ။

အရင်တုန်းက ကျနော်ပြောဘူးတယ်။ ဒါကတော့ ဦးသိန်းစိန်အစိုးရ ဒီအတိုင်းပဲ ဆက်ရွေ  ့ပါ။ ကျနော်တို ့ပါတီစီပေးရှင်းလုပ်ပေးမယ်လို ့ပြောဘူးတယ်။ ဒီပုံစံကိုထောက်ခံတယ်လို ့ပြောဘူးတယ်။ ဒါတော့ဟုတ်ပါတယ်။ ဒါပေမဲ့ထောက်ခံတယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲ ရှိပါတယ်။ အတိုက်အခံခေါင်းဆောင်ပြောတိုင်း ခေါင်းငြိမ့်တဲ့လူစားမျိုးတွေတော့ မဖြစ်ဖို ့လိုတယ်။ ဒေါ်စုက သူ ့အလုပ်ကို သူလုပ်နေတယ်။ သူပြောတိုင်း ဖြစ်ရမယ်ဆိုတာကတော့ မကောင်းဘူးပေါ့။ အခုအတိုက်အခံတွေအားလုံးက အဲဒိအတိုင်းဖြစ်နေလို ့ အခုလိုပြောနေရတာပါ။

23 comments

  • water-melon

    June 6, 2012 at 10:10 am

    အူးလေး ပျောက်ချက်ကောင်းလှချိလား
    မိုင်းတွင်းမှာဂန့်ပြီထင်နေတာ
    အဟီ

    • ဘဲဥ

      June 6, 2012 at 10:33 am

      ဂန့်ပါဘူးအေ အူးလေးဂျီးဂ မပြောချင်လို့ကြည့်နေတာကြာဘီဒဲ့
      ပြေးဘီ ဝှီးးးးးးးးးးးးးးးးးးးးးးးးးးးး

    • ဘဲဥ

      June 6, 2012 at 12:05 pm

      ဖြဲဒီးက ရှာကီရာလိုကနေတော့ ရှာကီဖြဲပေါ့နော်

    • ချာလီဂဇက်ဒလဝမ်

      June 6, 2012 at 12:29 pm

      ကျုပ်အထင် ဟို ဆယ်ယောက်ထဲမှာများ ရောပါသွားသလားလို့ ။
      သတိရနေတာ ။ ကျန်းခန့်သာလို့ မာပါစေ ။

  • YE YINT HLAING

    June 6, 2012 at 11:40 am

    Long time no see your posts. Good Luck!

  • Thel Nu Aye

    June 6, 2012 at 12:09 pm

    နိုင်ငံခြားခရီးစဉ်ရှိနေသေးလို့ အမေက ထိုးမဲ့ဆင်တလှမ်းဆုတ်ထားတယ်လို့မြင်မိပါတယ်။ လွှတ်တော်ဆို တာကလဲ တရက်တောင်မပြည့်ပဲတက်ထားတော့ အတွင်းပိုင်းခြေအနေလေ့လာနေတယ်လို့ သုံးသပ်မိ ပါတယ်။ လွှတ်တော်ထဲဝင်ပြီးမှ အမေက စကားနဲသွားတာသတိထားမိပါတယ်။ အခုတလောမှာလဲ အခြေအနေတွေတအားရှုပ်ထွေးနေတော့ အမှားမခံတဲ့ကာလ ဖြစ်နေတာမို့ စောင့်ကြည့်ပေးပါ။ အမေ ဖြေရှင်းပါလိမ့်မယ်။ ကာလကြာရှည်နေပြီဖြစ်တဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားပြသနာ အမေ တခေါက်ထဲနဲ့ဖြေရှင်းနိုင်ခဲ့တာ သက်သေပြခဲ့ပြီးပြီမို့ ယုံကြည်စွာနဲ့ခဏစောင့်လိုက်ကြရအောင်လား ကိုဘုန်းကျော်။ စစ်တပ်ကလဲ လိုအပ်ရင် လွှတ်တော်ထဲက ၂၅ % ကိုလျော့ပေးမယ်ဆိုတာကလဲ အမေနဲ့ ဦးသိန်းစိန်တို့ရဲ့ပူးပေါင်းမှု့ရလာဒ်ဆိုတာ ယုံမှားသံသယရှိစရာမရှိပါဘူး။ စောင့်ပေးပါ။ နှစ်ပေါင်းများ စွာ စောင့်လာပြီးမှ ဒီ နှစ်နှစ် သုံးနှစ်လောက် ဘာလို့မစောင့်နိုင်ရမှာလဲ။ အခြေခံအုပ်မြစ်အသားသေဖို့ လိုအပ်ရင်စောင့်ရမှာပါပဲ။ နှစ်ပေါင်းများစွာမရလာတဲ့အခွင့်အရေး အခုမှစရခါစမှာ လောဘမတက်မိဖို့ အထူးသတိထားရမယ်လို့ထင်ပါတယ်။ စောင့်ကြပါစို့။

  • ဗိုက်ကလေး

    June 6, 2012 at 12:32 pm

    အူးဖုန်းကျော်..
    မိန်းမကို ပေါက်ကရလျှောက်ပြောလို ့သနပ်ခါးတုံးနဲ ့အထုခံရပြီး အတိတ်မေ့သွားပြီထင်နေတာ 😆
    အူးလေးပြောတာနဲ ့ပတ်သတ်လို ့..အတိုက်အခံလဲ လုပ်..ကူညီတာလဲ ကူညီပေးကြစေချင်သဗျား..
    ဆင်သွားရင် လမ်းဖြစ်တယ်..ဆိုကလား..
    ဒါကြောင့် ပုရွက်ဆိတ်တွေကို အကောင်ကြီးကြီးက ဦးဆောင်ပေးသင့်တယ် ထင်ပါဒယ်..

  • ဘဲဥ

    June 6, 2012 at 12:32 pm

    ဘယာကြော် မသဲနု အားပေးပါဒယ်နော်

    • Thel Nu Aye

      June 6, 2012 at 1:56 pm

      ကျေးဇူးပါ ကိုဘဲဥ။

  • myanmarcitizen

    June 6, 2012 at 1:43 pm

    မောင်ရင် ဘုန်းကျော်တစ်ယောက်ပျောက်ချက်သားကောင်းနေလိုက်တာ ခုမှပဲပေါ်လာတော့တယ်ဗျို့။

  • ရွှေညာသား

    June 6, 2012 at 3:12 pm

    မမြင်တာကြာပြီ အချစ်ဆုံး ဘုန်းကျော်လေး (မှတ်ချက် စိုင်းထီးဆိုင်လေသံဖြင့်ဖတ်ပါရန်)

  • ahnyartamar

    June 6, 2012 at 3:21 pm

    ဆန္ဒပြပွဲတွေ ဟိုတစ်စု ဒီတစ်စုကို စုစည်းပြီး နိုင်ငံရေးတောင်းဆိုသံ တစ်ခုအဖြစ် ပြောင်းလဲသင့်နေပြီ။ ဒါကတော့ ကြံ့ဖွတ်အစိုးရကို အယုံအကြည်မရှိတဲ့ အသံဖြစ်ပါတယ်။ ရွေးကောက်ပွဲအသစ်ကို ကျင်းပပြီး အစိုးရအသစ် တစ်ခု တင်သင့်တယ်လို ့မြင်တယ်။ အေး ဒီအတိုင်းပဲ သွားတော့မယ်ဗျို့။ ရွာဆူအောင်လုပ်တာအားမရလို့၊ တိုင်းပြည်ပါဆူအောင်လုပ်ချင်နေတာလား…အလုံးစုံပြောင်းလဲဖို့ဆိုတာ လုံလောက်တဲ့အချိန်လိုတယ်။ ဝုန်းဒိုင်းကျဲလို့မရဘူးလေ။ စိတ်ရှည်မှပေါ့။

  • kaung kin pyar

    June 6, 2012 at 3:22 pm

    ကိုဘုန်းကျော်တို့က ရွာသူ/ရွာသားတွေ ပို့သတဲ့ မေတ္တာကြောင့် အမြဲကျန်းမာပါတယ်….။ စိုးရိမ်ပါနဲ့ရှင်..။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 6, 2012 at 6:02 pm

      ရောမမြို့ကြီးကိုတစ်နေ့တည်းဆောက်တာမဟုတ်ဘူး…
      မှန်တယ်သူကြီးရေ…..
      ဒါပေမယ့်နှစ်ပေါင်းနှစ်ဆယ်ကျော်ကဖုတ်လှိုက်ဖုတ်လှိုက်နှိုးခဲ့ရတဲ့……
      ဒီမိုကရေစီမီးစက်ကလေး…..ဘင်လာဒင်တစ်ရက်တည်းဖြိုချပစ်လိုက်တဲ့
      ကမာ္ဘ့ကုန်သွယ်ရေးစင်တာကြီးလို…..ဘာမဟုတ်တဲ့ကိစ္စတွေကြောင့်
      အလင်းရောင်မပေးနိုင်တော့မှာစိုးသဗျ……..
      ဇဂါးမစပ်ဦးဖုန်းကျော်နေရာသစ်မှာဦးလေးသမီးလေးတွေကျန်းမာကြရဲ့လားဗျ….
      ပျောက်တာကြာလို့ကျွန်တော့်ယောက္ခမတစ်ယောက်
      ကျန်းမာပါစလို့စိတ်ပူနေသေးသဗျ…….
      ကိုလုလင်လဲပျောက်တာနဲနဲကြာပြီ….
      ကိုစွယ်တော်ရွက်လဲမမြင်ရတော့ဘူး……
      ရွာထဲမှာကောရှိကြသေးရဲ့လား…..မသိ….

      • ရှမ်းပြည်သား (တောင်ပိုင်း)

        June 6, 2012 at 6:05 pm

        :angry: 😡 😥

  • phone_kyaw

    June 6, 2012 at 3:34 pm

    Perth ကနေ Leinster လို ့ခေါ်တဲ့ တောမြို ့လေးကို ပြောင်းရတယ်။ အင်တာနက်လည်း မရသေးဘူး။ အိမ်ထောင် ပစ္စည်းတွေတောင် လမ်းမှာပဲ ရှိနေသေးတဲ့ဘဝ။ အခုသုံးနေတဲ့အင်တာနက်က Samsuang Glaxy SII ဖုန်းကို မော်ဒန်လုပ်ပြီး ဝိုင်ယာလက်စ်နဲ ့ဖမ်းပြီး သုံးရတော့ လိပ်လိုပဲ။ အင်တာနက်ကောင်းကောင်းရတော့မှ ခင်ဗျားတို ့နဲ ့တွေ ့ကြတာပေါ့ဗျာ။ ဒါနဲ ့စကားမစပ်…ခင်ဗျားတို ့ရဲ ့ပို ့သတဲ့ မေတ္တာကြောင့် ကျန်းမာပါတယ်။ ဒါပေမဲ့ ရွာမှာနေရတာတော့ ပျင်းတယ်ဗျို ့။

    • water-melon

      June 6, 2012 at 5:05 pm

      အူးလေး အူးလေး ပျင်းနေရင်
      သများနဲ့အတူတူလာကပါလား
      အဟီ

  • ahnyartamar

    June 6, 2012 at 7:14 pm

    ဪ…ကိုဘုန်းကျော် တောပြောင်းသွားတာကို။

    ဆန္ဒပြပွဲတွေ ဟိုတစ်စု ဒီတစ်စုကို စုစည်းပြီး နိုင်ငံရေးတောင်းဆိုသံ တစ်ခုအဖြစ် ပြောင်းလဲသင့်နေပြီ။ ဒါကတော့ ကြံ့ဖွတ်အစိုးရကို အယုံအကြည်မရှိတဲ့ အသံဖြစ်ပါတယ်။ ရွေးကောက်ပွဲအသစ်ကို ကျင်းပပြီး အစိုးရအသစ် တစ်ခု တင်သင့်တယ်လို ့မြင်တယ်။

    အေး…ဒီအတိုင်းပဲ သွားတော့မယ်ဗျို့။ ရွာဆူအောင်လုပ်တာအားမရလို့၊ တိုင်းပြည်ပါဆူအောင်လုပ်ချင်နေတာလား…အလုံးစုံပြောင်းလဲဖို့ဆိုတာ လုံလောက်တဲ့အချိန်လိုတယ်။ ဝုန်းဒိုင်းကျဲလို့မရဘူးလေ။ စိတ်ရှည်မှပေါ့။

  • MaMa

    June 6, 2012 at 7:55 pm

    စိ်တ်ရှည် ဇွဲသန် သည်းညည်းခံ
    တို့တိုင်းပြည် ကောင်းရန်။။။။

  • ကိုရင်စည်သူ

    June 6, 2012 at 8:30 pm

    အကာသယဉ်မှုး ဖြစ်ချင်ခဲ့တဲ့ အူးလေးဖုန်းကျော်ဂို သဒိရလို့ ရောင်စုံကာတွန်းထဲမှာတောင်
    ထည့်ပေးထားတယ်… အဟီးးး 😀 😀
    http://myanmargazette.net/127661/uncategorized-other/copypaste

  • htoosan

    June 7, 2012 at 8:07 am

    “ဘယ်အခြေအနေမျိုးမှာ မဆို အကြမ်းမဖက်တဲ့ တိုက်ပွဲကိုကျွန်မအားပေးတယ်။ ကျွန်မတို့
    အကြမ်းမဖက်တဲ့ လမ်းစဉ်ကနေ လုံးဝသွေဖယ်မသွားတဲ့အကြောင်းကတော့ အကြမ်းမဖက်တဲ့ တိုက် ပွဲဟာ ရေရှည်မှာ ပိုကောင်းလို့ပဲ။ ဒီလမ်းစဉ်က အချိန်ပိုကုန်ချင်ကုန်မယ်။ ဒါပေမဲ့ သူနဲ့အတူ တွဲပါလာ မယ့် ဒဏ်ရာတွေလည်း ပိုနည်းလိမ့်မယ်”
    ဒေါ်အောင်ဆန်းစု ကြည်

Leave a Reply