ဘယ်တော့အရေးယူမှာလဲ ( ကလေးများမကြည့်ရ)

(၈)
(၁၀)
ခေါင်းဆောင် ဆရာ
ဇွန်လ(၄)ရက်နေ ့က အစ္စလာမ်ထုံးတမ်းစဉ်လာအရ သင်္ဂြိဟ်ပြီး စီးသွားခဲ့ပြီ ဖြစ်ပေမယ့် ခုလို ရက်စက်စွာ သတ်ဖြတ်ခဲ့သော

တောင်ကုတ်မြို့မှ လူသတ်ကောင်များကို အချိန်ဆွဲပြေးခွင့်ပေးထားသည်ကို စိတ်မကောင်းပါ။ယခုဖြစ်ရပ်တွင် အသက်မသေဘဲ

ကျန်နေရစ်သော ဗုဒ္ဓဘာသာဝင်(၂)ဦးဖြစ်သော ယာဉ်မောင်း နောင်နောင်၊ကားနောက်လိုက် လွတ်မြောက်နေပြီး၊အဓိက သက်သေ

ဖြစ်သော ယာဉ်မောင်းရော၊စပယ်ယာပါ တာဝန်ရှိသူများ ခေါ်ယူစစ်မေးခြင်းမရှိသလို၊အမှူကို ပေါ့စေရန်လုပ်ဆောင်နေသည်ဟု

သံသယ ဝင်မိပါသည်။အရေးယူဖို ့နှေးတာကို ပြောချင်တာကြောင့် ပြန်တင်ပေးတာ။အသုဘကိစ္စအဝဝက ပုံတွေကို ထပ်တင်

ပေးအုံးမည်။

(၁၄)

21 comments

  • ကျော်မျိုး ဦး

    June 6, 2012 at 2:12 pm

    ဟာဒေးတွေ ပြားဒေးပြီး နားဒေသွားပြီ

  • kai

    June 6, 2012 at 2:24 pm

    တရားဥပဒေအတိုင်းဖြစ်ပါလိမ့်မယ်..
    ဒီလိုကိစ္စက.. အမြန်ဖြေရှင်းလို့ရတဲ့.. ကိစ္စလည်း မဟုတ်ပါ..

    မွတ်ဆလင်ခေါင်းဆောင်များနဲ့.. အစိုးရအာဏာပိုင်တွေ.. ဗုဒ္ဓဘာသာခေါင်းဆောင်တွေ.. တိုင်ပင်ပြီး.. လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်..
    ဆန္ဒမစောစေလိုပါကြောင်းနဲ့.. ဒီပုံတွေကို.. ပို့စ်တင်သူက .. ကိုယ်တိုင်ရိုက်ယူထားတာဖြစ်ပါရင်.. editor@myanmargazette.net ကိုတိုက်ရိုက်ပို့ပေးစေလိုပါတယ်..

    တရာမျှတစွာဖြစ်အောင် တိုက်တွန်းပေးပါမယ်ဖြစ်ပါကြောင်း…။

    • ဗိုက်ကလေး

      June 6, 2012 at 3:31 pm

      သဂျီးခင်ဗျား..
      ဒီပို ့စ်လဲ ဖျက်
      knowledge seeker ပို ့စ်လဲ ဖျက်သင့်ပါတယ်.
      ဒီလိုရန်တိုက်ပေးတာတွေကြား..ဟိုကြည့် ဒီကြည့်နဲ ့ ကြားကနေတဲ့ကောင်တောင် သွေးကြွစေပါတယ်..
      တခြားနေရာမှာ တင်ကြစေချင်ပါတယ်..
      ပြီးရင် ဂေဇက်က နာမည်ဆိုးနဲ ့ကျော်ကြားလာပါဦးမယ်..
      အဲ့..ဒါ..အဲ့ဒါ..

      ပြောမရတဲ့ကောင်တွေ အကုန်ဘန်းပစ်ဗျာ..

      • amatmin

        June 6, 2012 at 3:53 pm

        ပြောရရင်တော့ ဗိုက်ကလေးနဲ့ သဘောတထပ်တည်းပါပဲ ခင်ဗျ..
        အခုမနက်ပဲ တချို့ကရေးလာကြပီ.. 🙁
        နောက်ဆုတ်လက်လျှိုနေဖို့ဖျက်စေချင်တာမဟုတ်ဘဲ..
        ဖျက်ထားလိုက်ပါပီ ပြောတဲ့ပုံတွေကို ထပ်တင်လာတဲ့အတွက်..
        အကြောင်းပြချက် ထပ်ပေးစရာမလိုဘဲနဲ့ကို ဖျက်သင့်ကြောင်း..
        ပုံတွေကို ကြည့်စေချင်တာထက်လွန်တွေးလိုက်ရင်..သွေးသံရဲရဲပုံတင်ပေးတဲ့..
        ရည်ရွယ်ချက်ကလည်း မြင်သာနေသလားလို့.. 👿

        • kai

          June 6, 2012 at 4:54 pm

          ပုံတွေဖျက်လိုက်ပြီဗျို့..
          လူလည်းအိပ်ပြီဗျို့..။

  • amatmin

    June 6, 2012 at 2:51 pm

    ပို့စ် ပိုင်ရှင်ရေ..
    သဂျီးမင်း ပြောတာမှန်ပါတယ်ဗျ..
    အခုလို ပို့စ်တွေကိုတင်ပြီး တရားမျှတမှုကို ဇွတ်တောင်းဆိုနေရအောင်လည်း..
    ဒီရွာက ဘာမှတတ်နိုင်တာမဟုတ်.. ဝိုင်းဝန်းတောင်းဆိုရုံက လွဲလို့..
    လုပ်နိုင်သူတွေလည်း သိလောက်ကြ..လုပ်နေလောက်ကြပါပီ..
    စိတ်ရှည် သည်းခံရင်း..စောင့်ကြည့်လိုက်ပါအုန်းး..

  • ဗိုက်ကလေး

    June 6, 2012 at 3:18 pm

    ဖြစ်ခဲ့တာတွေအတွက် စိတ်မကောင်းပါ
    နောက်ထက် ဒီလိုထပ်မဖြစ်အောင်
    ဆိုင်ရာ ခေါင်းဆောင်များက ကိုယ့်အချင်းချင်း ပြန်ထိမ်းကြဖို ့လိုပါဒယ်..
    ဘာသာခြား လူမျိုးခြားများအနေနဲ ့ ကြားဝင်ဖြောင်းဖျပေးဖို ့မလွယ်ဘူးထင်လို ့ပါ
    ပြောပါရစေ..
    ဒီလိုပုံတွေ မပေါ်မချင်းတင်ပေးနေယုံနဲ ့ ရလာဒ်ကောင်းထွက်လာမယ် မထင်ပါနဲ ့
    သွေးကြွအောင် တင်ပေးနေတယ်လို ့ပဲပြောပါရစေ.

    ပြုသူ ခံရသူ နှစ်ဘက်လုံးအတွက် စိတ်မကောင်းပါ
    နောက်မဖြစ်အောင်သာ အချင်းချင်း စည်းရုံးနားချပေးကြဖို ့ပဲ လိုမယ်ထင်ပါတယ်..
    ဒါပါဘဲ

  • water-melon

    June 6, 2012 at 3:36 pm

    ဟာဗျာ လာပြန်ပြီ ဒီနေ့လည်း ညစာပျက်ပါပြီ

  • kai

    June 6, 2012 at 3:37 pm

    ဝါရင့်ရွာသူားများက.. ဘာလုပ်သင့်တယ်.. မှတ်ချက်ရေးပေးစေလိုပါကြောင်း..
    အိပ်ရာကထလာရင်.. ရှင်းမယ်ဖြစ်ကြောင်း..

    လောလောဆယ်တော့.. ဒီပို့စ်ဟာ.. လော့ဂ်အင်လုပ်မှမြင်ရတဲ့..ပို့စ်ဖြစ်ပါကြောင်း…။ 😆

    • မဟာရာဇာ အံစာတုံး

      June 6, 2012 at 9:59 pm

      ဒို့သဂျီးကတော့ ပိုင်သကွာ …
      ချပစ်ဗျို့ …. ငခုတ်မတစ်ကောင်ကြောင့် တစ်လှေလုံးတော့ အပုပ်မခံနိုင်ဘူး ..
      ဒါနဲ့ သဂျီး …
      ကျုပ် ဂနေ့ စမ်းကြည့်မိတာ တစ်ခုရှိသဗျ ..
      အဲဒါက လော့အင် မဝင်ဘဲနဲ့ ပို့စ်ပေါ်ကို ရိုက်ကလစ် ထောက်ပြီး open in new tab ဆိုတာနဲ့ သုံးကြည့်တော့ ကိုယ်နှိပ်တဲ့ပို့စ် ပေါ်မလာဘဲ Must Read ဆိုတဲ့ နေရာကို ရောက်သွားသဗျ …
      အဲဒါ ဘယ်လိုဒုံး ..

  • nigimi77

    June 6, 2012 at 3:56 pm

    ကျွန်တော်ကတော့ မုဒိမ်းကျင့်တဲ့ လူသတ်သမား ၃ ယောက် ရော

    အပြစ်မဲ့ လူတွေကို အုပ်စုလိုက် ဝိုင်းပြီး ရိုက်သတ်လိုက်တဲ့

    တောင်ကုတ်က လူသတ်သမားတွေ ကိုရော အပြင်းထန်ဆုံး

    ပြစ်ဒဏ် ပေးသင့်ပါတယ် ။

    လျှပ်စစ် ကုလားထိုင် နဲ ့ ဒဏ်ပေးတာမျိုးပေါ့ ။

    ကြိုးကွင်းစွပ် သေဒဏ်လောက်နဲ ့တော့

    ဇ ရှိတဲ့ လူရမ်းကားတွေ ကြက်သီးတောင် ထမှာ မဟုတ်ပါဘူး ။

    မြန်မာနိုင်ငံမှာ မုဒိမ်း ကျင့်ရင် သေဒဏ် ၊ လူသတ်ရင် သေဒဏ်

    ဥပဒေ ပြဋ္ဌာန်းသင့်တယ် ။

    • htoosan

      June 6, 2012 at 9:24 pm

      လျှပ်စစ်ကုလားထိုင် နဲ့ ဒါဏ်ဆိုတာ သေဒါဏ်ကိုပြောတာလား

      ကြိုးကွင်းက ပို ခံရတာ မဟုတ်ဘူးလား ။ လျှပ်စစ်ကုလားထိုင်ဆို ပိုဇိမ်ကျလားလို့ ။ ဒါကြောင့် လူ့ အခွင့်အရေးအတွက် ပြောင်းလာတာ မဟုတ်ဘူးလား ။ မြန်မာပြည်မှာလို voltage မပြည့်လို့ ဆိုရင်တော့ မသိဘူး ဇန့်ငင်ဇန့်ငင်ဖြစ်နေမယ်ထင်တယ်နော် 😀

  • nozomi

    June 6, 2012 at 3:56 pm

    ဝါတော့ မရင့်ဘူး
    တင်ထားတာ အကျိုးရှိဘို့ထက် အကျိုးယုတ်ဘို့က ပိုများလို့
    အမြန်ဆုံး ဖျက်သင့်ပါကြောင်း

  • ကြောင်ဝတုတ်

    June 6, 2012 at 3:59 pm

    သဂျီးရေ-
    စာရေးသားတဲ့ အေးဝတီကြီးက အခုမှရွာမှာ အသစ်စက်စက်ပါ…
    သူက ရွာထဲမှာရွာသူရွာသားအဖြစ်နေမယ်လို့ စိတ်ကူးထားရင် ရွာရဲ့စည်းကမ်းနဲ့
    ရွာမှာရှိတဲ့အများရဲ့ဆန္ဒကို အလေးထားရမှာဖြစ်ပါတယ်…
    အခုဟာက Tag မှာရေးထားတာကိုကြည့်ခြင်းအားဖြင့် ဖျက်ရင်ထပ်တင်မယ်ဆိုပြီး
    ရွာကိုအထီမဲ့မြင်ပြုရွာကို စော်ကားထားရာရောက်ပါတယ်…
    ရွာထဲမှာနေရင် ရွာစည်းကမ်းကိုလိုက်နာရမှာပါ… ရွာကိုတန်ဖိုးထားရမှာပါ…
    ကျွန်တော့်အမြင်တော့ ပိုစ့်ကိုဖျက်ပြစ်ရုံတင်မကဘူး… အေးဝတီကြီးဆိုတဲ့အကောင့်ကိုပါ
    နောက်ဆုံးအကြိမ်သတိပေးသင့်တယ်လို့မြင်ပါတယ်…

    ရွာသား
    ကြောင်ဝတုတ်

    • we R one

      June 6, 2012 at 4:29 pm

      ကြောင်ဝတုတ် ရဲ့ အဆို ကို ၁၀ဝ % ထောက်ခံပါအိ

      • etone

        June 6, 2012 at 4:54 pm

        Bravo………… 100% Fatty Cat !!!!

  • etone

    June 6, 2012 at 4:45 pm

    ဟုတ်တယ် .. မတရားတာကို ဖော်ထုတ်ရမယ် … ။ ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးရမယ် … ။

    ဒါပေမယ့် .. အရင်သေတဲ ့ ရခိုင်မလေး အမှုကို စီရင်ပြီးမှ … ရှင်တို့ အစ္စလာမ် ဆယ်ယောက်သေတဲ့ အမှုကိုဖော်ထုတ်သင့်တယ် ……… ။ ဒါမှ မျှမျှတတဖြစ်မှာ ။

  • Foreign Resident

    June 6, 2012 at 5:30 pm

    အေးဝတီကြီးက ခံစားခဲ့ရသူတွေရဲ့ ဆွေမျိုး ဖြစ်လောက်ပါတယ် ။
    သူ့ရဲ့ ခံစားမှုကို ကိုယ်ချင်းစာ စိတ်မကောင်း ဖြစ်ရပါတယ် ။
    ဒါပေမယ့် ၊ ” ထပ်ဖျက်ရင် ထပ်တင်မယ် ” ဆိုတဲ့ Tag ကိုတော့ နဲနဲ တင်းသလိုပဲ ။
    ထားပါ ၊ သွေးဆူနေချိန် ဆိုတော့ ၊ မပြောလိုပါဘူး ။

    ဒါပေမယ့် ၊ အဲလို အမြင်မတင့်တဲ့ပုံတွေကို ၊ ဆန္ဒပြတဲ့ သဘောလို ၊
    MG မှာ နေ့စဉ် ရက်ဆက် လာတင်နေလို့တော့ မဖြစ်ဖူး ။
    လာကြည့်ကြတဲ့သူတွေ အော်ဂလီဆန်ပြီး ၊ MG လဲ နာမည်ဆိုးရသွားမယ် ။

    တခြား Web Site တွေမှာ အဲလို အပြင်လူက တင်ချင်တိုင်း တင်လို့မရတော့ ၊
    MG က email account ရှိတဲ့သူတိုင်း အချိန်မရွေး Post တင်လို့ရနေတော့ ၊
    Editor / Admin ရဲ့ ၂၄ နာရီ Moderation မရှိတဲ့ အားနည်းချက်ကို ဝင်နင်းပြီး တင်တာပါ ။

    အကြံပေးချင်တာကတော့ ၊

    ၁ ။ ဒီ Account ကိုပိတ်လိုက်ရင် နောက် Account တစ်ခုလုပ်ပြီး ထပ်တင်မှာပဲ ။

    ၂ ။ အဲတော့ ၊ ဒီလို အနဲဆုံး သွေးဆူနေတဲ့ နောက် ၂ ပါတ်လောက်ကိုတော့ ၊
    အခု လက်ရှိ ဝါရင့် ရွာသူသား လူဟောင်းကြီးတွေကလွဲရင် ၊
    လူသစ် Account များရဲ့ Post တွေကို ၊
    Moderation စစ်စီပြီးမှ တင်ပေးတဲ့ စံနစ်ကို ပြောင်းထားရမှာပဲ ။

    ၃ ။ MG ရဲ့ အလှတစ်ပါးတော့ ခေတ္တ ယုတ်လျော့သွားသလိုရှိပေမယ့် ၊
    မတတ်နိုင်ဘူး ။ နေ့တဓူဝ ၊ ဒီလိုပုံတွေပဲတင်နေလို့ ဘယ်ဖြစ်မှာလဲ ။
    အလှ ခေတ္တ ယုတ်လျော့တာကအရေးမကြီးဘူး ၊
    ပက်ပက်စက်စက်ကို ရုပ်ဆိုးမယ့် အခြေအနေ နှင့် ရင်ဆိုင်နေရတာလေ ။

    ၄ ။ ဝါရင့် ရွာသူသား လူဟောင်းကြီးတွေရဲ့ Account ကို ဖွင့်ထားခိုင်းတာက ၊
    အဲလို စီစစ် နေတုန်းမှာ Post တွေ အတက်နည်းပြီး ၊
    အလှအားနည်းသွားမယ့် MG အတွက် ၊
    ရွာသူသား လူဟောင်းကြီးတွေက ဒီရက်ပိုင်းမှာ ၊
    စိတ်လက် အေးဆေးစေမယ့် ၊ အေးချမ်းစေမယ့် ၊
    Post ကောင်းကောင်းလေးတွေကို သေချာရေးပြီး ဝိုင်းတင်ကြပြီး ၊
    MG ကို Replenish ဝိုင်း အားဖြည့်ပေးကြဖို့ပါ ။

    ၅ ။ အဘ ရဲ့ အခုအကြံကို လက်ခံရင် ၊
    Comment လေးတွေ ပေးခဲ့ကြပါအုန်း ။

    ၆ ။ ဒီ Post ထဲမှာ ဝင်ပြီး အကြံပေးနိုင်တဲ့ Status ရထားမယ့် ၊
    တခြား MG ဝါရင့် ရွာသူသား လူဟောင်းကြီးတွေ ကိုလည်း ၊
    လာရောက် အကြံပေး ဝိုင်းဝန်းကြဖို့ နီးစပ်ရာ လက်တို့လိုက်ပါဦး ။

    ရ ။ နောက်ဆုံး ပြောလိုတာကတော့ ၊
    အဘရဲ့ ဒီ Comment ကို မအေးဝတီကြီး နှင့်
    တခြား မွတ်ဆလင် ညီနောင်များလည်း ဖတ်လို့ရမယ် ထင်မိတယ် ။
    အခု တောင်ဂုတ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုများအတွက် ၊

    ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တွေက ( အထင် ) ၊
    အပြစ်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို သတ်မိကြတဲ့အတွက် ၊
    အဘ လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ( တာဝန် ရှိတယ်လို့ ယူဆမိလို့ )
    အနူးအညွတ် ( အနူးအညွတ် ) တောင်းပန်ပါတယ်ကွယ် ။

    ဟိုအရင် မအေးဝတီကြီးရဲ့ Post မှာကတည်းက တောင်းပန် မလို့ပါ ။
    ဆဲဆိုသံတွေ မိုးမွန်နေပြီး ၊ သူကြီးက Comment ပိတ်လိုက်လို့ပါ ။
    နောက်တော့ ၊ ဆန္ဒပြတဲ့ Post ထဲမှာတော့ တောင်းပန် ထားပါတယ်ကွယ် ။

    ကျေနပ်ပါလို့ မပြောရက်ပေမယ့် ၊
    စိတ်ကိုရှည်ရှည်ထားပြီး အစိုးရရဲ့ ဖြေရှင်းမှုကို ၊
    စောင့်ကြည့်ပေးပါအုန်းကွယ် ။

    ပူလောင်မှုတွေ လျော့ပါးနိုင်ပါစေကွယ် ။

    • kalar lay

      June 10, 2012 at 4:23 pm

      အဘရေ …အဘရဲ့ပြောဆိုမှု့တွေအားလုံးကိုကျွန်တော်လက်ခံပါတယ်…အမှန်တိုင်းပြောရရင်တော့ ဖြစ်တဲ့ပြသနာတိုင်း အထက်က လူကြီးတွေကပဲဆုံးဖြတ်ရမှာပါ…ဒါပေမဲ့ ဒီပြသနာမှာမဆိုင်တဲ့လူတွေအသတ်ခံရတဲ့အတွက်ကိုကျွန်တော်အရမ်းပဲစိတ်မကောင်းဖြစ်မိတယ်…ဒီအမှုအမြန်ဆုံးပေါ်ပါစေလို့ကျွန်တော်ကတော့ဆုတောင်းပါတယ်။

  • သားဦး၊မြေးဦး

    June 6, 2012 at 7:22 pm

    အဘဖောရေ. နောက်ဆုံးအချက်လေးအတွက် အင်မတန်မှ ဝမ်းသာကျေးဇူးတင်မိပါ
    တယ်။
    ရ ။ နောက်ဆုံး ပြောလိုတာကတော့ ၊
    အဘရဲ့ ဒီ Comment ကို မအေးဝတီကြီး နှင့်
    တခြား မွတ်ဆလင် ညီနောင်များလည်း ဖတ်လို့ရမယ် ထင်မိတယ် ။
    အခု တောင်ဂုတ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုများအတွက် ၊
    ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တွေက ( အထင် ) ၊
    အပြစ်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို သတ်မိကြတဲ့အတွက် ၊
    အဘ လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ( တာဝန် ရှိတယ်လို့ ယူဆမိလို့ )
    အနူးအညွတ် ( အနူးအညွတ် ) တောင်းပန်ပါတယ်ကွယ် ။
    ဟိုအရင် မအေးဝတီကြီးရဲ့ Post မှာကတည်းက တောင်းပန် မလို့ပါ ။
    ဆဲဆိုသံတွေ မိုးမွန်နေပြီး ၊ သူကြီးက Comment ပိတ်လိုက်လို့ပါ ။
    နောက်တော့ ၊ ဆန္ဒပြတဲ့ Post ထဲမှာတော့ တောင်းပန် ထားပါတယ်ကွယ် ။
    ကျေနပ်ပါလို့ မပြောရက်ပေမယ့် ၊
    စိတ်ကိုရှည်ရှည်ထားပြီး အစိုးရရဲ့ ဖြေရှင်းမှုကို ၊
    စောင့်ကြည့်ပေးပါအုန်းကွယ် ။
    ပူလောင်မှုတွေ လျော့ပါးနိုင်ပါစေကွယ် ။
    —–ပို ့စ်ပိုင်ရှင် မြင်နိုင်ပါစေဗျား။ခံစားရသမျှ ထပ်တူထပ်မျှပါဘဲ။

  • htoosan

    June 6, 2012 at 9:44 pm

    စာပေစီစစ်ရေး နဲ့ လွတ်လပ်ခွင့်တွေကို ပြင်းပြင်းထန်ထန် အော်ခဲ့ကြတယ်။ နောက်ဆက်တွဲ ရလဒ်က မထိန်းသိမ်းတဲ့ သူတွေကြောင့် ဒီလိုဖြစ်ရ မြင်လာကြရတယ်။
    လွတ်လပ်ခွင့်ကိုတောင်းဆိုတယ် လိုချင်တယ် မြတ်နိုးတယ် ဆိုရင်တော့ မစောင့်ထိန်းသူများကြောင့် ဒီလိုမျိုးတွေလည်း တွေ့မြင်ကြရမှာဘဲ ။ ရှောင်လွဲလို့ မရပါဘူး ။
    တင်တဲ့ အေးဝတီကြီး အနေနဲ့လည်း မခံနိုင်လို့တင်တယ် ဆိုပေမဲ့ အများသူငါ မြင်သင့် ကြည့်သင့်ရဲ့လားဆိုတာတော့ ကိုယ့်ပိုက်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။
    ဓါတ်ပုံတွေ ဟာ သတင်း အမှန်အကန်ဖြစ်တဲ့ အတွက် မပိတ်ပင်သင့်ဘူးလို့ ထင်ပါတယ် ။ တင်သူကလည်း ကလေးများ မကြည့်ရ လို့ သတိပေးထားတဲ့ အတွက်ကြည့်သူရဲ့ တာဝန်ပါ ။
    ဖျက်သင့်တာကတော့ ဆော်ဪမူ့ ပါခဲ့ရင်ပါတဲ့စာ၊ ကွန်မန့် ၊ ဆဲဆိုမှု့ စသည်တို့ဖြစ်ပါသည်။

Leave a Reply