ရွာသားသစ်လေး ရွှေထီး…..

ေရႊထီးJune 6, 20122min22529

 

ရွာသူ/ရွာသားများအားလုံး မင်္ဂလာပါနော်..

ကျွန်တော်က မနေ့တစ်နေ့ကမှ ရွာထဲကိုရောက်လာတာပါ…၊ရောက်လာတဲ့အကြောင်းကတော့ ရွာထဲက ဓါတ်ပုံပြပွဲ ဆိုတာရယ်..၊ကိုယ်ကိုတိုင်က ဝါသနာပါတာရယ်ကြောင့်ပါ…၊ရွာထဲက ဓါတ်ပုံဆရာတွေ၊ ဓါတ်ပုံဝါသနာရှင်တွေ အားပေးဝေဖန်ပေးကြပါဦးနော် …၊ ပညာသင်လေးမို့ ..ရွာသားအသစ်လေးမို့ မှားတာရှိရင် ခွင့်လွှတ်ကြပါနော်…

 

 

 

ကိုယ်တစ်ယောက်ထဲ ရိုက် ၊ကိုယ်တစ်ယောက်ထဲကြည့်

ဘယ်လိုမှကို တိုးတက်လာမှာ မဟုတ်ဘူး…အဲဒီတော့ ရွာထဲက ဓါတ်ပုံဆရာတွေနဲ့

ဆွေးနွေး၊ အကြံအဉာဏ်ယူ တာပါ..၊ ဓါတ်ပုံ ဝါသနာရှင်တွေလည်း ဝေဖန်အကြံပေးပါနော်..

ခင်တဲ့ …ရွှေထီး

29 comments

  • Khaing Khaing

    June 6, 2012 at 3:04 pm

    ကိုရွှေထီးကြိုဆိုပါတယ် ဒါ့ပုံလေးတွေကတေ့ာအတော့်ကိုကောင်းပါတယ် ……. ဆရာတွေလာပါလိမ့်မယ် ဝေဖန်လက်တွဲခေါ်ယူသွားပါလိမ့်မယ် …….. ရွာသားသစ်လေးကိုကြိုဆိုပါတယ် ……ဒါ့ပုံပြပွဲတွေမှာလည်း ကိုရွှေထီးလက်ရာလေးကို မျှော်နေပါကြောင်း ……..

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 6, 2012 at 3:18 pm

    ပညာသင်သာဆိုတယ် …. ဓါတ်ပုံကြည့်ရတာ တစ်ကယ့် ဆရာကြီးပဲ ….

  • water-melon

    June 6, 2012 at 3:33 pm

    အမလေး လက်ရာတွေကရေလယ် မိုက်တယ်တော့
    ဆရာကြီးနောက်တစ်ယောက်ဝင်လာပြီတော့
    အဟိ ကြိုဆိုပါတယ်

  • ရွှေထီး

    June 6, 2012 at 3:40 pm

    တကယ့် ပညာသင်ပါ..ကိုမှော်တို့ ကိုဂီတို့ ကိုစိန်သော့တို့ ကိုMလုလင် တို့လို ကင်မရာသက်တမ်း၊ အတွေ့အကြုံမရှိသေးပါဘူး…အဟီး…ကျွန်တော့ပုံ လေးတွေကို အားပေးတဲ့ အတွက် ကျေးဇူးနော်…

  • mayjuly

    June 6, 2012 at 3:47 pm

    ့ှုhi …
    Hello …
    Welcome …. 😀

  • ဗိုက်ကလေး

    June 6, 2012 at 4:15 pm

    ဓာတ်ပုံဆရာ တစ်ယောက် တိုးလာပါပကောဗျား..

    ရွှေထီး
    ဗေတီး
    လေရွှီး
    ငတေကြီး
    အခြေကြီး

    ပုတ်သင်ညို ခုန်နေတဲ့အချိန် ရိုက်ထားတာလား
    သို ့မဟုတ်
    ပေါင်ကားပြီး အီးပါနေတဲ့အချိန် ခိုးရိုက်ထားတာလား

    • ရွှေထီး

      June 6, 2012 at 8:51 pm

      ရွှေထီး
      ဗေမတီး
      လေမရွှီး
      ငတေကြီး
      အခြေမကြီး..
      ပုတ်သင်ညို ပျားတွေစားဖို့ချောင်းနေတုန်း ရိုက်ထားတာပါ…

  • Tin Tin

    June 6, 2012 at 4:26 pm

    ကိုရွှေထီးရေ…ကြိုဆိုပါတယ်..
    နောက်ဆိုရင် ဓါတ်ပုံကောင်းတွေ ပိုပြီးကြည့်ရတော့မယ်…
    ဆရာကြီးနောက်တယောက်တိုးလာပြီ….

  • Azzurri

    June 6, 2012 at 5:03 pm

    အားပေးပါတယ်ဆြာရယ်..
    လုပ်ပါ ….
    မကြာခနလည်း တင်ပါဦးဗျာ

    ဇဂါးအတင်းစပ်
    ဘော်ဒီနဲ့ ပြောင်း အမျိုးအစားလေးများ
    သိရမလား ခည…

    ခင်တဲ့

    • ကိုရင်စည်သူ

      June 6, 2012 at 11:50 pm

      အဟိ… ဘော်ဒီကတော့ ၃၅ ပါ.. ဆြာ..
      ပြောင်းကတော့ ပြောင်းတို ၂.၅ မမ ပါ ဆြာ…
      သိတာလေ ရမ်းပြောသွားပါတယ်.. 😀 😀 😀

  • ရွှေထီး

    June 6, 2012 at 6:21 pm

    အဟီး ပညာသင်လေးပါဆိုမှ ကင်မရာက entry လည်ပဲ ပဲရှိပါတယ်၊ Nikon ကိုင်ပါတယ် ကြုံတဲ့ပြောင်းနဲ့တက်ရိုက်ပါတယ်…
    မှတ်ချက်။ ။ မီးပြောင်းမဟုတ်ပါ

  • ညလေး

    June 6, 2012 at 6:22 pm

    ဝါးရိုက်ချက်တွေကလန်းတယ်တော့်……….ကြိုဆိုပါတယ်ဘဘရွှေထီးရယ်……
    ရွှာထဲမှာဓါ့ပုံဆြာအသစ်ဆက်ဆက်ကလေးတစ်ယောက်……..ရောက်လာပါပြီဗျို……..

  • moe minthar

    June 6, 2012 at 6:37 pm

    ရွှေထီးရေ…..
    တကယ် ့ကိုကြိုဆိုပါတယ်နော်……

    ဘာလို ့လည်းဆိုတော ့…….ကိုယ်တို ့လည်း…အသစ်ကလာတာလေ….

    ရွာသူ ရွာသားအားလုံးက..သဘောကောင်းကြပါတယ်…။

    ခက်တာက…ကိုယ်ကဓါတ်ပုံမရိုက်တတ်ဘူး….ဒါပေမဲ ့ဝေဖန်တတ်တယ်…..

    ရွှေထီးရဲ ့ဓါတ်ပုံတွေကအရမ်းလှတော ့……ရွှေထီးကိုဆရာလို ့တောင်ခေါ်ရမလိုဖြစ်နေပြီ….။

  • ရွှေထီး

    June 6, 2012 at 7:01 pm

    ကျွန်တော့်ကို အခုလို မြှောက်ပေး အဲလေ…ကြိုဆို ကြတဲ့ အတွက်ကျေးဇူးပါနော်…..
    ကျွန်တော် က ဓါတ်ပုံလေးတွေပြချင်တာ အခုမှအတော် ဖြစ်သွားတယ်…
    ကင်မရာမကိုင်ဖြစ်တာကြာပြီ အခုလိုရွာသူရွာသားတွေက ကြိုဆိုတဲ့အတွက် တစ်နေ့ တစ်ပုံလောက်တော့
    ရိုက်ပြီး ကောင်းတယ်လို့ထင်တဲ့ ပုံလေးတွေ တင်ကြည့်မယ်နော် အားပေး၊ဝေဖန်၊ အကြံပေးပါနော်..

  • MaMa

    June 6, 2012 at 7:14 pm

    ကိုယ်တိုင်လည်း ဓာတ်ပုံရိုက်တာ ဝါသနာပါပေမယ့်
    ဓာတ်ပုံပညာတော့ ခုမှ ရွာထဲက ဆရာ့ဆရာကြီးတွေဆီကနေ
    အ သုံးလုံးကျေ သင်တန်း တက်နေတုန်းပါ။
    အားပေးပါတယ် ရွှေထီးရေ။ 🙂

  • ahnyartamar

    June 6, 2012 at 7:39 pm

    ပညာသင်သာဆိုတယ် ဓါတ်ပုံတွေကြည့်ရတာကတော့ ပညာရှင်အဆင့်ပါ။ ကြိုးစားထားဗျို့၊ အားပေးပါတယ်။

  • etone

    June 6, 2012 at 8:00 pm

    ဓါတ်ပုံဆရာတစ်ယောက် ရွာထဲရောက်လာတာ ….ဝမ်းသာစရာပါပဲ … ။ ဓါတ်ပုံတွေကိုကြည့်ရတာ …. တကယ့်ပါရမီရှင်တယောက်လိုပါပဲ …။
    ရွာသားသစ်လေးကိုရွှေထီးရေ … ကြိုဆိုပါတယ်နော် ။

  • မောင်ပေ

    June 6, 2012 at 8:07 pm

    ရွှေထီး ရေ မာကလာပင်
    ရှေ ့ဆက် တင်လာမယ့် ဓါတ်ပုံတွေကို ကြည့်မယ်ဗျား ။

  • ရွှေထီး

    June 6, 2012 at 8:26 pm

    ဟုတ်ကဲ့ ကျေးဇူးပါ ..ကျွန်တော် ပုဂံသွားတုန်းက အမှတ်တရ အမှတ်တမဲ့ ရိုက်ထားတဲ့ ပုံလေးတွေရှိပါသေးတယ်…အားပေးပါနော်….

  • မဟာရာဇာ အံစာတုံး

    June 6, 2012 at 9:21 pm

    ရွှေထီးကို
    ဗုံးတီးပြီး ကြိုပါဒယ် ..
    ပက်ပေ့ .. ပက်ပေ .. ဂျိ .. ဂျိ ..
    😀

    ကိုယ့်လူက ဒါ့ပုံ ဝါသနာပါတယ်ဆိုတော့ …
    ဒီရွာထဲက ဒါ့ပုံဆြာဂျီးတွေနဲ့ ကျုပ်က မိတ်ဆက်ပေးလိုက်ဦးမယ် ..
    ကိုဂီ ခေါ်တဲ့ Azzurri, ကိုပေါက် (မန္တလေး)၊ မှော်ဆရာ၊ Mလုလင်၊ ချစ်ရင်ထူးနှစ်၊ အုစိန်သော့ … စတဲ့ စတဲ့ လူဒွေပါဘဲ ..
    ကျန်တဲ့လူဒွေတော့ ရွာထဲ အနေကြာလာရင် သိသွားဘာလိမ့်မယ်ဂျို့ …

    • ရွှေထီး

      June 7, 2012 at 6:30 am

      ကိုမဟာရေ ကျွန်တော်ကရွာထဲကိုသာမန်ဘာမဝင်ဖြစ်တာ တစ်နေ့တစ်ခေါက်လောက်တော့ရောက်တယ်…အဟီး..ရွာသူ/ရွာသား တော်တော်များများ ရဲ့
      ဝါသနာ၊ စိတ်ရင်း၊ သဘောထား၊အယူအဆ ၊ အတွေ့အကြုံ စတာလေးတွေကို သူတို့ရဲ့ ကွန်မန့်
      တွေ၊ ပို့စ်တွေက ဖော်ပြပေးထားလို့ အတော်ရင်းနှီးတယ်ဗျ၊ အခုမှဘာလို့ဝင်တာလဲဆိုတော့ မိုးတွင်းရောက်တော့ အလုပ်ကလေးနည်းနည်းအားတယ်လေဗျာ၊ ပြီးတော့ ဝါသနာတူတွေကလည်း တစ်ဖြည်းဖြည်းများလာတယ်လို့ ယူဆတယ်..ဒါကြောင့်မို့ ပါ…ပျော်တယ်ဗျ…

  • မှော်ဆရာ

    June 6, 2012 at 10:06 pm

    အခုမှ ဖတ်မိတယ်ဗျာ ..
    ကိုရွှေထီးဟာက လက်သင်မှ မဟုတ်ပဲ
    ပရိုရိုက်ချက်တွေပဲ ..
    အော်တို နဲ့ ရိုက်ရင် နစ်ကွန်က ဒါမျိုးမထွက်ပါဘူးဗျာ …
    အရွက်ခြောက်လေးကို သံပန်း လေးထောက်ကွက် ကြားထဲက ရိုက်သွားတာ ..
    ပြူတင်းပေါက်ကို တစောင်းရိုက်သွားတာ ကြည့်ရင် မညံ့ဘူးဆိုတာ သိသာပါတယ်ဗျာ
    အယူအဆအရကိုပဲ ဆရာတင်သင့်နေပါပြီ ။။
    ကြိုဆိုပါတယ်ဗျာ … ဂေဇက်ရွာ ဓါတ်ပုံအဆင့်အတန်း တိုးတက်ဖို့ အတူ လက်တွဲ လုပ်ကြတာပေါ့

    • မှော်ဆရာ

      June 6, 2012 at 10:08 pm

      နစ်ကွန်သမား တစ်ယောက်တိုးလာလို့ ဝမ်းသာတယ်ဗျို့
      ရွာထဲမှာ ဦးစိန်သော့ရယ် ကျွန်တော်ရယ် နောက်ပေါက်ကလေး ညလေးရယ်ပဲ နီကွန်ကိုင်ကြတာ
      ကျန်တာတော့ သူကြီးက အစ အမြှောက်ကိုယ်စီနဲ့
      ကင်မရာ မော်ဒယ် သိချင်တယ်ဗျာ .. ပြောင်းရောပဲ

      • Azzurri

        June 6, 2012 at 11:43 pm

        ဟာ … ကိုယ့်ဆြာ..
        သဂျီး ကနိုက်ကွန် ဒီ၅၁၀ဝ နဲ့ခည….
        ယိုးဒယားဒွေက ဘိရုမာ သန်းနဲ့ချီ အလုပ်ပေးထားလို့တဲ့..
        မိတ်ဒ် အင် ယိုးဒယား အားပေးသွားတာပဲ….

        သူဝယ်ပီးမကြာခင် ဒီ၅၂၀ဝ ထွက်လာတဲ့ သတင်း သဂျီး လုံးဝ (လုံးဝ)
        ြ့ပန်မကြားစေရ…..

        အာဟိ
        ဒက်ဂလောက်…

  • Mလုလင်

    June 6, 2012 at 10:25 pm

    ကျွန်တော့ နံမည်ကလဲ ပါနေလေတော့ … ကင်မရာသက်တမ်းရှည်တယ်ဘာတယ် ပြောနေတော့ .. ကိုယ့်အကြောင်းလဲ ကိုယ်အသိဆုံးဖြစ်နေလေတော့ .. မန့်ရမှာ စိတ်မရဲတာအမှန်ပါ။ ရွာထဲမှာ Nikon နဲ့ Canon နှစ်မျိုးအများဆုံး သုံးကြရာက .. ဦးစိန်သော့၊ မှော်ဆရာ၊ ညလေး၊ ရှမ်းပြည်သားတောင်ပိုင်း နဲ့ အခု ပိုစ့်ပိုင်ရှင် က Nikon သုံးကြတယ်လို့ သိရပြီး။ ဦးပေါက်(မန္တလေး)၊ကိုရွှေမင်းသား၊ကျွန်တော်၊ အင်ဇာဂီ နဲ့ ချစ်ရင်ထူး၂ က Canon သုံးကြပါတယ်။ ရွာထဲမှာ senior/junior ဆိုတာမရှိပါဘူး …။ သူ့ကို ကိုယ်တွဲခေါ်၊ ကိုယ့်ကို သူလက်တွဲ သဘော နဲ့ သွားကြတာပါ။ ဒါပေမယ့် ကြီးသူကို ရိုသေ ဆိုသလို ရွာထဲမှာ ပညာရှင် တန်းဝင် တွေ လဲရှိပါတယ်။ အခု ဓာတ်ပုံရိုက်ကြတဲ့ ဆရာသမားတွေ အကုန်လုံးကို ကျွန်တော် အပြင်မှာ ဆုံဖူးပါတယ်…(ညလေးက လွဲလို့)။ အသက် နဲ့ စဉ် လိုက်ရင် … အာဟိ .. ကြိုက်မှန်းမသိ .. မကြိုက်မှန်းမသိ …။ ပြောရရင် ဘောင်ခတ်တယ်။ opticity လျှော့ပြီးရေစာရေးတယ်။ Framing ကို သိထားတယ်။ Cropping ကို သေချာလုပ်တယ်။ Photoshop လဲ ကျွမ်းကျင်ပုံရပါတယ်။ လက်သင် ဆိုရင်ဖြင့် (ဟုတ်တယ်ဆိုရင်) Image Editing Software တွေ သိပ်မသုံးစေချင်ပါဘူး …။ အဲဒါတွေက လက်တက်သင့် သလောက် မတက် တတ်တာကြုံဖူးလို့ပါ။ ဈေးကွက်ဝင် အလှပုံ ရိုက်မယ် ဆိုရင်တော့ တမျိုးပေါ့လေ။ “ဓါတ်ပုံဆရာတွေနဲ့ ဆွေးနွေး၊ အကြံအဉာဏ်ယူ တာပါ” ဆိုတော့ ဆွေးလဲဆွေးနွေး.. မိတ်လဲမိတ်ဆက်.. အကြံဉာဏ်လဲပေး … 😎
    လေးစားစွာဖြင့်
    Mလုလင်

    • Azzurri

      June 7, 2012 at 12:00 am

      အမှတ်မမှားဘူးဆိုရင် လိုက်ရွမ်းမ် သုံးထားတာပဲဗျ..
      အတွေ့အကြုံတွေ ရှယ် ပါဦးဗျာ …
      အောက်ဆုံးက ပြတင်းပေါက်ပုံရဲ့
      ခရော့ပင် က အဆင့် ကို ဖော်ပြနေတာပဲဗျာ …
      လေးစားပါတယ်ဆြာ…

      ဇဂါးအတင်းစပ်…
      ရွာ့ ကန်နွန် ရှူတာ စာရင်းမှာ ဟောင်ကောင်းက ကိုအောင်လည်း
      ကန်နွန် ပဲဗျ …(သူခုတလော ပျောက်နေလေရဲ့)

      ဆြာ ရွှေထီးရေ …သည်လကုန် လုပ်မယ့်
      ချစ်စရာ့ အရွယ်မှာ ဝိုင်းဝန်း အားဖြည့်ပါဦးလို့….

      ခင်တဲ့…

      • ရွှေထီး

        June 7, 2012 at 6:45 am

        ကိုဂီရေ လိုက်ရွမ်းဆိုတာကို အင်တာနက်စာမျက်နှာမှာဖော်ပြထားတော့ အရမ်းကောင်းဆိုပဲ
        ကျွန်တော်သွားဝယ်အုန်းမယ်..မသုံးဖူးတာအမှန်ပါ…ဖိုတိုရှော့ကတော့ သုံးတယ်ဗျ..သူများတွေ
        လုပ်ရင်လိုက်လုပ်ကြည့်တာပါပဲ..ဟဲဟဲ၊ အခုလို ကိုမှော်၊ ကိုဂီ၊Mလုလင် စတဲ့ ဓါတ်ပုံဆရာတွေက
        ဆွေးနွေး အကြံပေးကြလို့ ကျေးဇူးပါ..၊ နောက်လအတွက် ချစ်စရာ့အရွယ်ဆိုတဲ့ ခေါင်းစဉ်နဲ့
        ကိုက်ညီတဲ့ ပုံကိုတော့ အခုထိမရသေးဘူးဗျို့ စိတ်ကြိုက်ရရင်တော့တင်ပါ့မယ်…အဟီး..

  • ကိုရင်စည်သူ

    June 6, 2012 at 11:52 pm

    ဓါတ်ပုံမှာ ပညာသင်လေး၊ ဝါသနာရှင်လေးမို့သာပဲ…
    ပညာရှင်အဆင့်သာဆိုရင်တော့ လွယ်ဝူး… ဟူးးး
    ဘဲရီးဂွတ်.. ဘဲရီးဘတ်ဒ်…
    ဘဲရီးဂွတ်က ရိုက်တာတော်လို့ အမှတ်ပေးတယ်…
    ဘဲရီးဘတ်ဒ်က ကျနော်အဲ့လိုမရိုက်တတ်လို့ ….

    ဂွတ်တမောနင်း … ဂွတ်တနိုက်ဒ်ဗျာ

  • ကြောင်ကြီး

    June 7, 2012 at 9:19 am

    ရွှေထီး
    ဂွေတီး
    မြွေကြီး
    ရှည်ပီး
    ထွေဖီး
    ခွေငြီး..။

Leave a Reply