သဘာဝနဲ့ စိတ်နေစိတ်ထား(၂)

tharli karJune 6, 20121min771

မိဘနှစ်ပါးကပေါက်ဖွားလာကြသော…လူနှင့်လူသားပတ်ဝန်းကျင်ရှိ သတ္တဝါများသည်…သဘာဝမှ

မွေးဖွားလာသည်ဟု ဆိုထိုက်ပါသလား…။ ဒါမှမဟုတ်..လူဖြစ်လာခြင်း..တိရိစ္ဆာန်ဖြစ်လာခြင်းတို့သည်…

သဘာဝနှင့်..လုံးဝသက်ဆိုင်ခြင်းမရှိ…ဟုဆိုရမည်လား…။ မည်သို့ပဲဆိုသည်ဖြစ်စေ….

သဘာဝနှင့်တရားကိုပေါင်းစပ်ပြီးသကာလ…သဘာဝတရားဆိုသည်မှာ…သူ့သဘောအလျောက်..

စီးဆင်းလျက်ရှိသော..မှန်ကန်မှုဟုယူဆမည်ဆိုလျှင်ကော….မည်သို့ပြောကြမည်နည်း…။

အကယ်၍များ…လူနှင့်လူ့ပတ်ဝန်းကျင်တို့ရှိ…သက်ရှိသက်မဲ့…အရာဝတ္ထုများသည်…. သဘာဝနှင့်

ဆန့်ကျင်နေသည်ဟုပြောကြလျှင်..မည်သို့သော…ပြောင်းလဲမှုတို့က..သဘာဝနှင့်ဆန့်ကျင်နေသနည်း..။

သို့တည်းမဟုတ်…မည်ကဲ့သို့သောစိတ်နေစိတ်ထားတို့က…သဘာဝနှင့်..ဆန့်ကျင်နေသနည်း..။

ဥပမာ..လူတွေထမင်းစားခြင်း၊ အလုပ်တွေလုပ်ကိုင်ကြခြင်း၊ အဝတ်အထည်တွေကို လှပအောင်ဝတ်ဆင်

ကြခြင်း၊ ပန်းများပွင့်ကြခြင်း၊ တောမီးလောင်ခြင်း၊ ရေများခမ်းခြောက်ကြခြင်း၊ အုပ်ချုပ်သူတို့ပေါ်လာခြင်း..၊

အုပ်ချုပ်ခံတို့ရှိနေကြခြင်း၊ ကမ္ဘာကြီးလုံးနေခြင်း…စသည်များသည်…သဘာဝဟုတ်ပါသလား..။

ဒါမှမဟုတ်…သဘာဝနှင့်ဆန့်ကျင်နေပါသလား..။

တကယ်လို့…ဥပမာပေးချက်က..သဘာဝတွေပါဆိုရင်လည်း…

သဘာဝမဟုတ်သောအရာတွေ..လူနှင့်လူ့ပတ်ဝန်းကျင်ရှိ..သက်ရှိသက်မဲ့အားလုံးမှာ..ရှိပါသလား..။

ရှိခဲ့မယ်ဆိုရင်လည်း…ဘယ်အရာတွေက ဆန့်ကျင်နေပါသလဲ..။ ဘယ်လိုပုံသဏ္ဍန်နဲ့ဆန့်ကျင်

နေပါသလဲ။

အထူးသဖြင့်…ဝိုင်းဝန်းပေးစေချင်မိတာကတော့…လူတွေမှာဖြစ်ပေါ်လေ့ရှိတဲ့…သဘာဝစိတ်နဲ့…

သဘာဝမဟုတ်သော စိတ်ကို…ကွဲပြားစွာ..ဖေါ်ဆောင်ကြစေချင်ပါတယ်..။

ဥပမာ..လူတစ်ယောက်…ထမင်းစားနေချိန်မှာဖြစ်နေတဲ့…စိတ်ဖြစ်စဉ်တိုင်း…သဘာဝစိတ်….

ဖြစ်နေသလား…ဒါမှမဟုတ်…ဘယ်အချိန်မှာ..ဆန့်ကျင်နေပါသလဲ…။ ဒီလိုပဲ..အိမ်ထောင်ပြုကြတဲ့..

အမျိုးသားနဲ့အမျိုးသမီးတို့ရဲ့စိတ်တွေဟာ..သဘာဝစိတ်ပဲလား…။ ဒါမှမဟုတ်…ဘယ်အချိန်ဟာ…

သဘာဝမဟုတ်တဲ့စိတ်အဖြစ်..သဘာဝကို ဆန့်ကျင်နေပါသလဲဆိုတာ……လူပတ်ဝန်းကျင်နဲ့…

အခြားသက်ရှိသက်မဲ့…များစွာများထဲမှ…ထုတ်နှုတ်လျက်…လူကိုအသားပေးကာ………

မပြောင်းလဲသော..သဘာဝနဲ့စိတ်နေစိတ်ထား (သို့) ပြောင်းလဲနေတဲ့…သဘာဝနှင့်ဆန့်ကျင်ဘက်

(သဘာဝလွန်) စိတ်နေစိတ်ထားဖြစ်တယ်ဆိုတာ…..ကိုယ်တိုင်နားလည်မိသမျှ..ရင်ဖွင့်ပေးကြပါရန်…

တိုက်တွန်းနှိုးဆော်အပ်ပါသည်…။

One comment

  • မောင်ပေ

    June 6, 2012 at 8:04 pm

    လောကကြီးကို စိတ်နာနေပါသလား
    ဆန္ဒရှိတဲ့အတိုင်း ဖြစ်မလာလို ့စိတ်ညစ်နေပါသလား
    ဝမ်းနှုတ်ဆေးကောင်းကောင်းစားပြီး
    ဗမာအနှိပ်သည် နဲ ့ကောင်းကောင်း အနှိပ်ခံလိုက်ပါ ။
    အဲဒါကတော့ သဘာဝနဲ ့တူညီအောင် ပြန်ကပ်နည်းလေးပါ

Leave a Reply