မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းသည်

 

 

အော်… ဦးပါလေရာတို့များ..

ကိုယ့်အသက်မှ ကိုယ်အားမနာ..

ပိုစ့်လေးတင် ကွန်မင့်လေးရေးပြီဆိုမှဖြင့်

ဟိုလိုစောင်းရတာနဲ့…  ဒီလိုချိတ်ရတာနဲ့…

သရော်တဲ့စာနဲ့…  ကော်တဲ့စာနဲ့…

အသက်ကြီးပြီး  အချိန်က သိပ်မစီးချင်တာ…။

ဒါပေသိ

ပတ်ဝန်းကျင်က တော်ရှာပါတယ်။

အရိပ်တကြည့်ကြည့်နဲ့  အလိုက်သိကြပါပေတယ်..။

 

အခုလဲကြည့်လေ-

ဟိုနားကဆူ…  ဒီနားကပွက်…

စာတွေများ .. ဖတ်ရဲစရာမရှိ….

ဓါတ်ပုံတွေလဲ  ကြည့်ရဲစရာမရှိ….

ခက်တာက  ဒီအဖိုးကြီးက  စပ်စပ်စုစုရယ်..

ချွတ်ကနဲကြားတိုင်း  နဖူးကြီးလက်အုပ်ပြီး  ဟိုမော့မော့ ဒီမော့မော့လုပ်တတ်တယ်..။

ပြီးတော့မှ  – ဘုရား ဘုရား..တို့။  ဒုက္ခပါပဲ..တို့ ။ မကြည့်ရဲစရာတွေ..တို့  လုပ်တတ်တာ..။

ဒါဖြင့်  မကြည့်ပဲနေပါလား ဆိုတော့လဲမနေနိုင်..။

စိတ်လှူပ်ရှားစရာတွေနည်းအောင်  အပြင်မထွက်စေချင်လို့  သားသမီးတွေက  ခရုလင့် အင်တာနက်လေးဝယ်ပေးမိတာကို  စူဠလိပ်ရေထဲလွှတ်သလို..

တနေ့တနေ့  မော်နီတာကြီးကိုစိုက်စိုက်ပြီး  မထော်မနန်း စာတွေပုံတွေ လျှောက်ကြည့်နေတာ..။

မတော် နှလုံးလေရိုက်ပြီး ခေါက်ကနဲဖြစ်သွားမှဖြင့်…..။

ဒါပေမယ့်

ကိုယ့်ကိုယ်ကို  မထိန်းတော့လဲ  အရပ်ကတော့ထိန်းပေးပါတယ်..

 

ဒီနေ့ပဲကြည့်…

နေ့လည်စာစားပြီးကတည်းက  ဂေဇက်ကြီးဖွင့်ပြီး  အဟော့ဆုံးဖြစ်မယ့် ပိုစ့်တွေ  တန်းစီဖွင့်တယ်-

ပတ္တမြားမော်မှ ကောင်လေးရဲ့ ဖြစ်ရပ်မှန်…တို့

အရာကြီးတွေလဲ ဆန္ဒပြနေတယ်..တို့

ဘယ်တော့ ဆွမ်းကြီးလောင်းမှာလဲ…တို့

ဖက်ထုပ်ကရတဲ့သတင်းပါ…တို့

ချွေးဒီးဒီးကျအောင်သာ  ထပ်ပြန်တလဲလဲဖွင့်တယ်

ဘာမှ ပွင့်မလာ

ဘာမှမမြင်ရ

ဒီတော့ ဘာမှ စိတ်ဖိစီးမှု့မဖြစ်

အော်… ကျေးဇူးကြီးပါပေ့  သူကြီးမင်းရယ်…

လူတိုင်းမမြင်သင့်တဲ့ဟာလေးတွေကို  ကွန်ဒီရှင်လေးတွေထားပြီး

(ဥပမာ  အသက်ကြီးတဲ့လူတွေ ကြည့်ခွင့်မရှိ..ဆိုတာမျိုးထင်တာပဲ…. 😀 )

သတင်းလဲလွတ်လပ်စေ၊ ဘေးထွက်ဆိုးကျိုးလဲနည်းစေဖြစ်အောင်

ဆောင်ရွက်နိုင်စွမ်းပါပေရဲ့…. လို့…. ကြိတ်ပြီးချီးကျူးထောမနာပြုရင်း

သူကြီးမင်းရဲ့  ဇီဝိတ ဒါနကို သာဓုသုံးကြိမ်ခေါ်လိုက်ရပါကြောင်း……

 

 

 

 

 

37 comments

  • amatmin

    June 6, 2012 at 5:00 pm

    ဦးဦးပါလေရာပြောမှဘဲ..သတိထားမိတော့တယ်..
    မြွှေမသေ တုတ်မကျိုး …သဂျီး
    ရှဉ့်လျှောက်သာ ပျားစွဲလွယ်..လုပ်ပေးတတ်တဲ့ သဂျီး
    ကြက်မော…ယာညက်.စဉ်စားတတ်တဲ့..သဂျီး
    အဆိုပါ သဂျီးမင်းအား ထီပေါက် နိဗ္မာန်ရောက်ပါစေကြောင်း… 🙂

    • ဦးဦးပါလေရာ

      June 7, 2012 at 9:43 am

      နင့်ဆုတောင်းမှာ `စော်ကြည် ” ကျန်ခဲ့တယ်… ဟဲ့
      ဒီလောက် အရေးကြီးတာကိုမှ…… 😀 😀
      (လူကြီးဆိုတာ ကလေးတွေက အလိုက်သိရတယ်…)

  • ဗိုက်ကလေး

    June 6, 2012 at 5:13 pm

    အဲသလိုမှ မလုပ်ရင် ရှုပ်ကုန်တော့မယ် အူးပါးရဲ့
    နင်တို ့တင်ရင် နာတို ့လဲ တင်မယ်.နင်တို ့ပြရင် နာတို ့ပြမယ်..ဆိုတာချည်းပဲ (တစ်ကယ်လဲ အများကြီးပါ )
    ဖေ့စဘုတ်တို ့ဘာတို ့မှာ စနေပြီ..ဒီမှာ လက်ခံဖော်ပြလိုက်ရင် ရှင်းရမှာ မဟုတ်တော့ဘူး
    ကန်တော့ပါရဲ့
    ဆွပေးတိုင်း ဖင်မယားကြဖို ့လိုတယ်..
    ူယားရင်တော့ ကိုယ့်ဘဝကိုယ်တွေးကြ
    ငါးဆယ်ဖိုးလောက် သွားကစ်လိုက်ဦးမယ်..
    တတ်တာ..

    • ဦးဦးပါလေရာ

      June 7, 2012 at 9:45 am

      ကျုပ်သိတဲ့ထဲမှာ ဖိုတိုရှော့လုပ်နေကြတာ ။
      စာစီနေကြတာ ပွနေတာပဲ…။

      စကားမစပ်-
      ငါးဆယ်ဘိုးတော့ မရောင်းတတ်ဘူး
      အကြွေးသာသောက်သွားတော့…. 😀

  • MaMa

    June 6, 2012 at 5:35 pm

    အမှန်တော့လည်း အခုလို ရွာကြီးစည်ပင်တိုးတက်လာတယ်ဆိုတာ သဂျီးရဲ့ အမျှော်အမြင်ရှိရှိ ထိန်းကျောင်းမောင်းနှင်မှုတွေရဲ့ ရလဒ်ပါ။ 🙂

  • Foreign Resident

    June 6, 2012 at 6:44 pm

    ဦးဦးပါလေရာ ရေ ၊
    သူ့ဖာသာသူ ငြိမ်းနေတဲ့ ကိလေသာလေးကို
    နဲနဲ ဆွပေးလိုက်ဦးမယ် ။ ဟီဟိ ။

    ” ဘယ်တော့အရေးယူမှာလဲ ” Post မှာ ၊
    ကျနော် ဒီလို ပြောထားတယ် ။
    ဦးပါရဲ့ မှတ်ချက်လေး ကြားချင်တယ် ။

    Quote.
    Foreign Resident says:

    အေးဝတီကြီးက ခံစားခဲ့ရသူတွေရဲ့ ဆွေမျိုး ဖြစ်လောက်ပါတယ် ။
    သူ့ရဲ့ ခံစားမှုကို ကိုယ်ချင်းစာ စိတ်မကောင်း ဖြစ်ရပါတယ် ။
    ဒါပေမယ့် ၊ ” ထပ်ဖျက်ရင် ထပ်တင်မယ် ” ဆိုတဲ့ Tag ကိုတော့ နဲနဲ တင်းသလိုပဲ ။
    ထားပါ ၊ သွေးဆူနေချိန် ဆိုတော့ ၊ မပြောလိုပါဘူး ။

    ဒါပေမယ့် ၊ အဲလို အမြင်မတင့်တဲ့ပုံတွေကို ၊ ဆန္ဒပြတဲ့ သဘောလို ၊
    MG မှာ နေ့စဉ် ရက်ဆက် လာတင်နေလို့တော့ မဖြစ်ဖူး ။
    လာကြည့်ကြတဲ့သူတွေ အော်ဂလီဆန်ပြီး ၊ MG လဲ နာမည်ဆိုးရသွားမယ် ။

    တခြား Web Site တွေမှာ အဲလို အပြင်လူက တင်ချင်တိုင်း တင်လို့မရတော့ ၊
    MG က email account ရှိတဲ့သူတိုင်း အချိန်မရွေး Post တင်လို့ရနေတော့ ၊
    Editor / Admin ရဲ့ ၂၄ နာရီ Moderation မရှိတဲ့ အားနည်းချက်ကို ဝင်နင်းပြီး တင်တာပါ ။

    အကြံပေးချင်တာကတော့ ၊

    ၁ ။ ဒီ Account ကိုပိတ်လိုက်ရင် နောက် Account တစ်ခုလုပ်ပြီး ထပ်တင်မှာပဲ ။

    ၂ ။ အဲတော့ ၊ ဒီလို အနဲဆုံး သွေးဆူနေတဲ့ နောက် ၂ ပါတ်လောက်ကိုတော့ ၊
    အခု လက်ရှိ ဝါရင့် ရွာသူသား လူဟောင်းကြီးတွေကလွဲရင် ၊
    လူသစ် Account များရဲ့ Post တွေကို ၊
    Moderation စစ်စီပြီးမှ တင်ပေးတဲ့ စံနစ်ကို ပြောင်းထားရမှာပဲ ။

    ၃ ။ MG ရဲ့ အလှတစ်ပါးတော့ ခေတ္တ ယုတ်လျော့သွားသလိုရှိပေမယ့် ၊
    မတတ်နိုင်ဘူး ။ နေ့တဓူဝ ၊ ဒီလိုပုံတွေပဲတင်နေလို့ ဘယ်ဖြစ်မှာလဲ ။
    အလှ ခေတ္တ ယုတ်လျော့တာကအရေးမကြီးဘူး ၊
    ပက်ပက်စက်စက်ကို ရုပ်ဆိုးမယ့် အခြေအနေ နှင့် ရင်ဆိုင်နေရတာလေ ။

    ၄ ။ ဝါရင့် ရွာသူသား လူဟောင်းကြီးတွေရဲ့ Account ကို ဖွင့်ထားခိုင်းတာက ၊
    အဲလို စီစစ် နေတုန်းမှာ Post တွေ အတက်နည်းပြီး ၊
    အလှအားနည်းသွားမယ့် MG အတွက် ၊
    ရွာသူသား လူဟောင်းကြီးတွေက ဒီရက်ပိုင်းမှာ ၊
    စိတ်လက် အေးဆေးစေမယ့် ၊ အေးချမ်းစေမယ့် ၊
    Post ကောင်းကောင်းလေးတွေကို သေချာရေးပြီး ဝိုင်းတင်ကြပြီး ၊
    MG ကို Replenish ဝိုင်း အားဖြည့်ပေးကြဖို့ပါ ။

    ၅ ။ အဘ ရဲ့ အခုအကြံကို လက်ခံရင် ၊
    Comment လေးတွေ ပေးခဲ့ကြပါအုန်း ။

    ၆ ။ ဒီ Post ထဲမှာ ဝင်ပြီး အကြံပေးနိုင်တဲ့ Status ရထားမယ့် ၊
    တခြား MG ဝါရင့် ရွာသူသား လူဟောင်းကြီးတွေ ကိုလည်း ၊
    လာရောက် အကြံပေး ဝိုင်းဝန်းကြဖို့ နီးစပ်ရာ လက်တို့လိုက်ပါဦး ။

    ရ ။ နောက်ဆုံး ပြောလိုတာကတော့ ၊
    အဘရဲ့ ဒီ Comment ကို မအေးဝတီကြီး နှင့်
    တခြား မွတ်ဆလင် ညီနောင်များလည်း ဖတ်လို့ရမယ် ထင်မိတယ် ။
    အခု တောင်ဂုတ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုများအတွက် ၊

    ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တွေက ( အထင် ) ၊
    အပြစ်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို သတ်မိကြတဲ့အတွက် ၊
    အဘ လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ( တာဝန် ရှိတယ်လို့ ယူဆမိလို့ )
    အနူးအညွတ် ( အနူးအညွတ် ) တောင်းပန်ပါတယ်ကွယ် ။

    ဟိုအရင် မအေးဝတီကြီးရဲ့ Post မှာကတည်းက တောင်းပန် မလို့ပါ ။
    ဆဲဆိုသံတွေ မိုးမွန်နေပြီး ၊ သူကြီးက Comment ပိတ်လိုက်လို့ပါ ။
    နောက်တော့ ၊ ဆန္ဒပြတဲ့ Post ထဲမှာတော့ တောင်းပန် ထားပါတယ်ကွယ် ။

    ကျေနပ်ပါလို့ မပြောရက်ပေမယ့် ၊
    စိတ်ကိုရှည်ရှည်ထားပြီး အစိုးရရဲ့ ဖြေရှင်းမှုကို ၊
    စောင့်ကြည့်ပေးပါအုန်းကွယ် ။

    ပူလောင်မှုတွေ လျော့ပါးနိုင်ပါစေကွယ် ။
    Un Quote.

    • MaMa

      June 6, 2012 at 6:55 pm

      FR ရေ-
      ကျမရဲ့ Draft ထဲမှာ လပေါင်းများစွာ အိပ်ပျော်နေတဲ့ မိဝေး ဖဝေး လေး ရှင်သန်နိုးကြားလာရတာလည်း
      (ရွာသူသား လူဟောင်းကြီးတွေက ဒီရက်ပိုင်းမှာ ၊
      စိတ်လက် အေးဆေးစေမယ့် ၊ အေးချမ်းစေမယ့် ၊
      Post ကောင်းကောင်းလေးတွေကို သေချာရေးပြီး ဝိုင်းတင်ကြပြီး ၊
      MG ကို Replenish ဝိုင်း အားဖြည့်ပေးကြဖို့ပါ )
      အဲဒီရည်ရွယ်ချက်ပါပဲ။

      • ဦးဦးပါလေရာ

        June 7, 2012 at 9:39 am

        မမရဲ့ ရည်ရွယ်ချက်ကို ပိုစ့်တက်ကတည်းက ရိပ်မိပါတယ်..
        ကျေးဇူးလဲတင်တယ်…
        ဒီလိုပဲ ကိုယ်နိုင်တဲ့ဘက်က ပါရတာပေါ့နော…..

  • ahnyartamar

    June 6, 2012 at 7:31 pm

    သဂျီးရေ…လွှတ်တော်မတက်တဲ့ အမတ်မင်း ဘာလိုချင်နေလဲမသိဘူး။ သဂျီးတူမကိုတော့ သော့ပိတ်သိမ်းတော့နော်။ ခင်လို့သတိပေးတာ။

    • ဦးဦးပါလေရာ

      June 6, 2012 at 10:39 pm

      အနံ့ရတာ အဲလေယောင်လို့ အသံကြားရတာ ဝမ်းသာပါတယ်ကိုအညာတမာရေ…. 😀

      (ကိုကျီးမိုက်လက်ထောက်ချထားလို့နော်… 😀 )

  • မောင်ပေ

    June 6, 2012 at 8:09 pm

    အခုရက်ပိုင်းအတွင်း
    အကောင့်သစ် လုပ်လာတဲ့ ဟာ အားလုံးကို သေချာ စီစစ်သင့်တယ် လို ့ထင်တာဘဲဗျာ..
    ကျုပ်ကတော့ ရှင်းရှင်းပြောရရင် ဂေဇက်ကို ဝင်လာတာ အန်းတားတိန်းမင့် တစ်ခုအနေနဲ ့ဝင်လာခဲ့တာပါ ။
    အခုတော့ ဂေဇက်ဟာ ၊ အရေးအခင်းတွေအတွက် မီးအစပျိုးဖို ့ပစ်စာ ပို ့တဲ့ ဆိုက်တစ်ခုလို ဖြစ်လာတော့မှာ ကို အရမ်းစိုးရိမ်မိတယ် ။ ပြောတဲ့လူတွေကလဲ ပြောနေဘီ။
    သဂျီး သဂျီး

  • ဦးဦးပါလေရာ

    June 6, 2012 at 10:34 pm

    ကိုဖေါရင်း ရေ….

    ရိုးရိုးသားသားပြောရရင်
    မနက်က တံခါးမှူးကြီးက လှမ်းသတင်းပေးလို့
    မန်းဂေဇက်ကို လှုံ့ဆော်တဲ့ဆိုက်တခုပမာ ရေးထားတာကို သိလိုက်ရပါတယ်။
    ဒါကြောင့် ဂေဇက်ကို နာမည်မပျက် ရုပ်မပျက် စေချင်ဇောနဲ့ ကွန်မင့်လေးတောင် ပြေးရေးလိုက်သေးတယ်။
    (လမ်းမှာ ဆောင်သွားတဲ့ laptop နဲ့ရေးရတာမို့ စာတလုံးကို ပျှမ်းမျှ ဆယ်ခါလောက်ရိုက်ပြီး ရေးရတာပါ)

    နေ့လည်ပိုင်း ဝင်ကြည့်တော့ တချို့ပိုစ့်တွေမှာ ကျွန်တော်ဝင်မရတော့မှ
    status ခွဲပြီး ကြည့်ခွင့် မန့်ခွင့် ခွဲခြားလိုက်တယ်ဆိုတာရိပ်မိပြီး စိတ်အေးသွားပါတော့တယ်။
    ဒါကြောင့် ဒီပိုစ့်လေး ရေးပြီး ဩဘာပေးလိုက်တာပါပဲ…။

    အခု ကိုဖေါရင်းရဲ့ ကွန်မင့်ကို ဒီမှာ လာဖေါ်ပြတာဟာ
    ရိုးရိုးမန်ဘာတွေ ကြည့်ခွင့်သိခွင့်ရသွားတာမို့
    အခြေအနေအချိန်အခါနဲ့ ကိုက်ညီပြီး အကျိုးများလှပါတယ်။
    ဒီအတွက် ကိုဖေါရင်းကို ကျေးဇူးတင်ရပါတယ်။

    ကိုဖေါရင်းရဲ့အကြံကိုလဲ (သူကြီးလက်မခံမှာသိပေမယ့်) ကျွန်တော့်အနေနဲ့ တထပ်တည်း သဘောတူညီပါတယ်။

    ဒီဆိုက်ရဲ့ တင်ချင်သလိုတင်လို့ရတဲ့ အားနည်းချက်ကြောင့်
    အရုပ်ဆိုးအကျည့်တန်ရုံမက နာမည်ပျက်ရုံမက
    တရားခံအရှာခံရမှာစိုးရိမ်ပါတယ်။

    ရှေ့က ပိုစ့်တွေအတွက်တော့ Face Book ကယူတင်တာ/ တခြားဆိုက်မှာ အရင်ပါတာ စသည်ဖြင့် ဖြေရှင်းနိုင်ပေမယ့်-
    နောက်ထပ်တင်လာနိုင်တဲ့ (ဦးဦးဖျားဖျားတင်လာနိုင်တဲ့) လှုံ့ဆော်ရေး စာတွေ ပုံတွေအတွက်တော့ ဒီဆိုက်ကို လက်ညှိုးထိုးသွားနိုင်ပါတယ်။ အပြင်မှာတော့ အများကြီး ပွနေပါပြီ။

    ဒါဟာ ရိုးရိုးနာမည်ပျက်ရုံမဟုတ်ပါဘူး…။ အလကားနေရင်း သမိုင်းဆိုးသွားမယ့်ကိစ္စမျိုးပါ…။

    သူကြီးမင်းနဲ့တကွ ရွာသားများလဲ ကျွန်တော်တို့ရဲ့စိုးရိမ်မှု့ကို နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

    နောက်ဆုံးအနေနဲ့-
    အစ္စလာမ်ဘာသာဝင်များကို ပြောလိုတာက-
    (ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တွေက ( အထင် ) ၊
    အပြစ်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို သတ်မိကြတဲ့အတွက် ၊)…
    ကျွန်တော်လဲ ကိုဖေါရင်းနှင့်အတူ (တကယ့်စိတ်ရင်းနဲ့) ဗုဒ္ဓဘာသာဝင်များကိုယ်စား
    အနူးအညွှတ်တောင်းပန်ပါတယ်….။
    ကျေနပ်ကြပါလို့ မပြောထိုက်ရင်တောင်
    ခေတ္တသည်းခံကြပါ…လို့…

  • အရီး Khin Latt

    June 7, 2012 at 3:25 am

    မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းသည် ဆိုတဲ့ ကိုပါ ရေ။
    ဒါဆို ကျွန်မ အားပေးမိတဲ့ မောင်စေတန် ဆိုတာ ရှင်ရောသိလား? 😉
    ရွယ်တူချင်း မို့သာ မေးကြည့်တာ။
    ရှင့်ကြည့်ရတာ သိမဲ့ပုံ မရှိပါဘူး။ 😀 jk

    • Foreign Resident

      June 7, 2012 at 4:31 am

      အရီး ၊ အရီး ။
      အခုတော့လည်း ဟိုနားလည်း မောင်စေတန် ၊ ဒီနားလည်း မောင်စေတန် နှင့် ၊
      မောင်စေတန် ဆိုတဲ့ စကားလုံးကို ပါးစပ်က မချနိုင် တစ်ဖွဖွ ဖြစ်နေပြီပေါ့လေ ။
      ဟီဟိ ။

      ကျနော့်အပြစ်ပါ အရီး ရယ် ။
      အရီး က ကျိုးကျိုးစားစား ရှာဖွေ ကိုးကား Quote လုပ်တဲ့ ၊
      အဆိုအမိန့် ပိုင်ရှင်ကြီးက ” မောင်စေတန် ” ဖြစ်နေတော့ကာ ၊
      ကျနော်လဲ ကြည့်ရင်း ဘယ်လိုမှ မထိန်းနိုင်လို့ စ လိုက်တာပါ ။

      အရမ်း Respond မြန်တဲ့ ဂီဂီ့ ဆီကလည်း ” အာဟိ ” ဆိုပြီး
      အသံ တစ်ချက် ထွက်လာလိုက်သေးတယ်လေ ။
      အဲဒါတောင် အရီးလတ်က မရိပ်မိ လိုက်ဘူးကိုး ။ ဟီဟိ ။

      ဦး ပါ ကိုသွားမေးမနေနှင့် ၊
      ဦး ပါ က တိုနေတဲ့ အံသွားတွေ ဖြဲပြပြီး ၊
      ” မောင်စေတန် ” ဆိုတာ မြေးတပည့်ထဲမှာတောင်မှ ၊
      အငယ်ဆုံး တပည့် အဆင့်ပဲ ရှိသေးတယ်လို့ ပြောလွှတ်လိုက်လိမ့်မယ် ။

      မှန်တာပြောရရင် ” မောင်စေတန် ” က တော်တော် ယဉ်ကျေးပါသေးတယ် ။
      ကိုဘုန်းကျော် က အရီးလတ် ကို ထပ်ကိုးကားလိုက်တဲ့ ၊
      ” Dr. Chat Gyi ” site ကိုတော့ သွားမကြည့်မိစေ နှင့် ။
      အဘ တို့တောင်မှ သွားကြည့်မိတဲ့အခါ ၊
      မေးရိုးတွေ ပြုတ်ပြုတ်ကျလို့ ပြန်ပြန်ကောက်တပ်နေရတယ် ။

      အင်းးး ၊ သတိသာ ပေးနေရတယ် ။
      အခုလောက်ဆို အကုန်ကြည့်ပြီးရောပေါ့ ။
      သူတို့ဆီက Connection တွေက စိတ်သွားတိုင်း ကိုယ်ပါ ၊ မြန်မှမြန် ။
      ဟီဟိ ၊ စိတ်မဆိုးနှင့်နော် ။

    • ဦးဦးပါလေရာ

      June 7, 2012 at 9:37 am

      မခင်လတ်ရေ..
      ကိုဖေါရင်းပြောတာ မယုံပါနဲ့..
      အဲဒီဆိုက်တွေနဲ့ပတ်သက်ရင် ကျုပ်က အံမတိုပါဘူး..
      အံကပ်တွေတပ်ထားတာ….။ 😛

      အင်း… မခင်လတ်ကုတ်တဲ့စာက ကလဲ မောင်စေတန်က တခြားကယူတာဖြစ်မှာပါ..။
      နောက်ချင်တဲ့ ကိုဖေါရင်းနဲ့ တွေ့သွားတာ…..။ 😀

      ဘာပဲဖြစ်ဖြစ်… ရယ်လိုက်မောလိုက်ရတော့လဲ အခုဖြစ်နေတဲ့ စိတ်ညစ်ညူးမှူ့တွေ ပေါ့သွားတာပဲ…. 🙂

      • မဟာရာဇာ အံစာတုံး

        June 7, 2012 at 2:03 pm

        မောင်စေတန် ဆိုတာ
        အဘဖောလားဗျ …
        မနေ့ညကတော့ အရီးနဲ့ ဘဖော ပြောနေတာတော့ တွေ့ရတယ် ..
        ခုမှ မေးကြည့်တာ …
        (ဘာမှ ဟုတ်ဘူး၊ အံ ဆိုတာပါလို့ စိတ်ဝင်စားလို့ လာကြည့်မိဒါ .. 😀 )

      • Foreign Resident

        June 7, 2012 at 2:44 pm

        ” မောင်စေတန် ဆိုတာ အဘဖောလားဗျ ”

        အောင်မလေး မောင် အံစာတုံး ရယ် ။ အထင်မကြီးပါနှင့်ကွယ် ။
        အဘဖေါ ဘက်ကတော့ မောင်စေတန် ဖြစ်ချင်လိုက်သမှ ၊
        တပိုင်းတင်မကဘူး ၊ နှစ်ပိုင်း လောက်သေနေတာ ။
        ဒါပေမယ့် ၊ ဒါမျိုးဖြစ်ဖို့ဆိုတာ သမီးလေးတွေ ၊
        Celebrity တွေနှင့် တော်တော် နီးစပ်မှ ဖြစ်တာကွယ့် ။

        အခု လက်ရှိ အဘ ဘဝက မိန်းမ ရဲ့ ၊
        စဉ်ဆက်မပြတ် စောင့်ကြည့်မှုအောက်မှာ ၊
        ငြိမ်ဝပ် ပိပြားစွာ နေနေရတာ ။ မနီးစပ်ပါဘူးကွယ် ။

        အဟင့် ၊ ဒီမိန်းမကို စိတ်နာတယ် ။
        ဝန်ကြီးကတော့ ပြောတာပဲ ။
        မော်တော်ကား ဆိုရင်တော့ ၊ မော်ဒါယ် အဟောင်းတွေ ကို ၊
        မော်ဒါယ် အသစ်တွေနှင့် ပါမစ် မလိုပဲ လွတ်လပ်စွာလဲနိုင်ပြီတဲ့ ။
        တွေ့မယ် ၊ နောက်တစ်ခါကြရင် ဝန်ကြီး ၊
        ဘာတွေကိုပါ ထပ်ခွင့်ပြုမလည်း မသိ ။ ဟီဟိ ။
        😛

  • kai

    June 7, 2012 at 3:46 am

    နေပါဦးခင်ဗျ…
    ဦးပါကို.. မမြင်အောင်လုပ်ထားတဲ့..ပို့စ်ဆိုပြီးမရှိပါဘူး..။
    ဦးပါမမြင်ရရင်.. တခြားရွာသူားတွေလည်း.. မမြင်ရပါဘူး..

    အခုလုပ်ထားတာက.. ရွာသူားနဲ့.. ဒီအတိုင်းအလွတ်ဖတ်သူတွေ( Login မလုပ်သူတွေ) ကို ခွဲထားတာပါ..။

    ဆိုတော့..
    ကိုယ့်လိုင်းနဲ့ကိုယ်..ကိုယ့်လက်ပ်တော့နဲ့ကိုယ်.. မမြင်ရသာတာဖြစ်ပါလိမ့်မယ်..

    သရဲလည်းဖြစ်နိုင်တာပဲ..
    :mrgreen:

    • ကြောင်ကြီး

      June 7, 2012 at 8:16 am

      ကျနော်လည်း မနေ့ဂ ဒေါ်အေးကေကေ လတ်တလော ရေးထားတဲ့ ပို့စ်တွေပြန်ရှာတာ မတွေ့ရဘူး။ ဦးပါလေရာဂ တော်သေးတယ် ပြုစုမည့် သားသမီးတွေရှိတယ်..ကြောင်ကြီးမှာ တယောက်ထဲ.. သနားရင် သမီးတယောက်လောက် ပေးမလား.. 😳

  • weiwei

    June 7, 2012 at 8:10 am

    ကျွန်မဆီက အင်တာနက်က တစ်ပတ်လောက် ဒုက္ခပေးလိုက်လို့ ရွာထဲမဝင်ဖြစ်လိုက်တာနဲ့ အလိုလို မမြင်ရလေတော့ ကိလေသာလဲ သူ့ဟာသူငြိမ်းနေပါတော့တယ် …
    မနေ့ကမှ အင်တာနက်ပြန်ကောင်းလို့ ပြန်ဝင်ကြည့်ဖြစ်တော့ ပို့စ်တွေအကုန်လုံးမကြည့်အားတော့ဘူး … ကြည့်လဲ မကြည့်ချင်တော့ပါဘူး …

    • ဦးဦးပါလေရာ

      June 7, 2012 at 9:29 am

      မကြည့်ဖြစ်တာ ခပ်ကောင်းကောင်းပဲ မဝေဝေရေ…

      မတွေ့တာကြာလို့ ခရီးရှည်သွားနေတယ်တောင်ထင်နေမိတာ… 🙂

  • Moe Z

    June 7, 2012 at 9:43 am

    ဦးဦးပါလေရာလေ ..
    ဒီရက်ပိုင်းပို့စ်တွေ ကွန်မန့်တွေဖတ်ပြီးတော့
    သဂျီးရဲ့သည်းခံနိုင်စွမ်းကို ဒီကပဲဦးညွှတ်လိုက်ပါတယ်
    ဪ .. သဂျီးမင်းကျန်းမာပါစေ …

    • ဦးဦးပါလေရာ

      June 7, 2012 at 9:47 am

      သူပြောဘူးတယ်လေ…
      ငှက်ကုလားအုတ်တောင် ကျောင်းဘူးတယ်ဆိုလား…. 😀 😀

      • စိန်ဗိုက်ကလေး

        June 7, 2012 at 10:09 am

        သဂျီးကိုများ ပေါ့သေးသေးမှတ်လို ့
        မှတ်ထား..
        တစ်ပိဿာလောက်ရှိတယ်… (ဦးနှောက် ကိုပြောဒါ )

  • ba gyi

    June 7, 2012 at 1:49 pm

    အော် ဟော်ဟော် ၊မမြင်၊မကြား၊မထိ၊မနံ/မမွှေး၊ မတွေး၊မပြော၊ အားလုံးမရှိ လျှင် ပိုလို့တောင်ငြိမ်းသေး သဗျား။ ဟတ် ဟတ်– ကျုပ်တို့ ဂိုဂ မငြိမ်းချင်ကြတာ ကလား ဦးပါလေခင်ဗျား။
    အဲ (ကလား) လို့ရေးတာနော်—- ကုလား လို့ရေးတာမဟုတ်ဘူး။
    သူဂျီးချီးမွမ်းခန်းတော့ ပြောလို့ကုန်ဘောင်ဗျား။
    သူကြီးနေရာ ရွာထဲမှာ အစွန်းမထွက်သင့်
    သူကြီးနေရာ ရွာလယ်မှာ မျှအောင်/သမကျင့်
    သူကြီးနေရာ တစ်ခါ၊တစ်ခါ ဘောင်နှင့် စည်းနှင့် ချင့်—–၊
    အိမ်း ဒါ့ကြောင့် တို့ ဒဂါ သူဂျီး ခဗျာ တို့စရာတစ်စည်းသာကိုင်တဲ့ပြီး ၊ဟိုတို့လိုက်၊သည်တို့လိုက် နှင့်
    မောင်ကြံ တစ်တို့ လုပ်ကာ၊ရွာထိန်းကြီး သာ လုပ်နေရရှာပေတည်း။ (မျှ အမျှ )အဲ သာဓု သာဓု သာဓု။

  • blackchaw

    June 7, 2012 at 2:09 pm

    ဘယ်လိုပဲ ဖြစ်ဖြစ် ကိုပါလေရာ ကွန်းမန့်ကြီးကို
    ကော်ပီပေ့စ်လုပ်ပြီး ကျွန်တော်မန့်ထားတဲ့ ကွန်းမန့်က
    Best Comment ဖြစ်သွားတော့ မူရင်းကွန်းမန့်ပိုင်ရှင်ကို
    မျက်နှာပူမိပါတယ်ဗျာ။
    အစပြန်ဖေါ်လိုက်ဦးမယ်…။
    ဒီအချိန်မှာ ဒီကွန်းမန့်သာ အကောင်းဆုံးပါဗျို့…။
    :mrgreen:

    ဦးဦးပါလေရာ says:
    ဟိုဘက်ပိုစ့်မှာလဲ မန့်ပြီးပြီ
    အခုလဲ ထပ်ပြီးပြောဦးမှာပဲ…
    သွေးပူပြီးလျှောက်လုပ်ရင် အမှားတွေပဲဖြစ်မှာပါ။
    တကယ်က တရားဥပဒေအတိုင်း ဘက်မလိုက် ငွေမစား ပဲ တိတိကျကျ စီရင်ဘို့သာ တွန်းအားပေးရမှာ..။
    အခုလိုလုပ်တော့ ဘာအကျိုးရှိသလဲ..
    ကမ္ဘာမှာ မြန်မာတွေ နာမည်ပျက်တာပဲရှိတယ်။
    တကယ်ဆန့်ကျင်တိုက်ဖျက်ရမှာက-
    ကုလားလူမျိုး တရုတ်လူမျိုး ကိုမဟုတ်ဘူး
    အစ္စလာမ်ဘာသာဝင် ခရစ်ယာန်ဘာသာဝင်ကိုမဟုတ်ဘူး
    မကောင်းတဲ့သူ (လူဆိုး) ဆိုရင် ဘာဘာသာ ဘာလူမျိုးဖြစ်ဖြစ် ဆန့်ကျင်တိုက်ဖျက်ရမှာ..။

    • kai

      June 7, 2012 at 2:10 pm

      ကိုကိုဘလက်ချော…
      စာမူတောင်းထားတယ်နော..
      အကြောင်းပြန်ပါဦး.. 🙂

    • ဦးဦးပါလေရာ

      June 7, 2012 at 5:54 pm

      ဘယ်ဟုတ်မလဲ ကိုဘလက်ရဲ့…
      ဒီလို ဆီလျှော်တာလေးဖြတ်ကနဲဆွဲထုတ်ပြနိုင်တဲ့ အရည်အချင်းကို BC ပေးထိုက်တာပေါ့…။ 😀

  • kyeemite

    June 7, 2012 at 4:17 pm

    “မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းသည် ”
    အဲဒီခေါင်းစဉ်တော့သဘောကျသဗျို့…
    ဒါပေမဲ့…မြင်မြင်နေရတော့ ကိလေသာလောင်မြိုက်နေရပါသဗျာ…

    • ဦးဦးပါလေရာ

      June 7, 2012 at 5:57 pm

      ကိုကြီးလိမ္မာရေ-
      ကျုပ်တော့ မနေ့ကတရက်ထဲနဲ့ တော်တော်စိတ်ညစ်ညူးသွားလို့
      ဒီနေ့တော့ အခန်းအောင်းပြီး ဟာသတွေလျှောက်ဖတ်နေတာ…
      လက်တို့လိုက်ဦးမယ်..
      ကျုပ်တို့ကိုဖြူချောကြီး မာဆတ်ဖွင့်ထားတယ်ဆိုပဲ…
      ခေါင်းသွားဆေးရအောင်…. 😀 😀

  • padonmar

    June 7, 2012 at 9:15 pm

    ဦးပါရေ
    ကွန်မကောင်းလို့ဖွင့်မရတာနေမှာပါ။
    ကျမတောင် ဦးပါ ပို့စ် တွေဖတ်လို့ မန့်လိုက် ပျောက်သွားလိုက်နဲ့ စိတ်လေတယ်။
    ဒါထက် ကြယ်၃ပွင့်ဖြစ်တာ ဂုဏ်မပြုရသေးဘူး။
    ကွန်ဂရက်က ကြူကြူလိပ် လိုက်ပါတယ်နော်။

    သဂျီးက ဦးပါပြောသလောက်တော့ အမြော်အမြင်မကြီးရှာပါဘူးတဲ့။
    ဒါပေမယ့် သူ့ခမျာ မအိပ်နိုင်ဘဲ အနောက်ဖက်ကမ်းကို စောင့်ကြည့်နေရရှာတာ ကျမတို့ အသိအမှတ်ပြုပေးပါတယ်နော်။

    • ဦးဦးပါလေရာ

      June 7, 2012 at 11:29 pm

      မပဒုမ္မာရေ-
      အခုလိုဆိုတော့လဲ ကွန်နက်ရှင်ကိုဖြစ်ဖြစ် သရဲ ကိုဖြစ်ဖြစ် လွှဲချရတော့မှာပဲ… 😛

      အဲဒီကြယ်တွေကတော့ အနိစ္စသဘောပါ မပဒုမ္မာရဲ့
      ခဏနေ ပျောက်ချင်ပျောက်သွားဦးမှာ…
      ပိုစ့်အဟောင်းတွေပြန်ကြည့်ရင် ကျွန်တော့်ကွန်မင့်တွေ ရဲရဲတောက်နေတာမလား…
      (အဲလို လူချစ်လူခင်များတာ… 😀 )

      အင်း… ကြယ် ဆိုလို့
      သူကြီးဆော့ဝဲတော့ တခုခု ကျိန်းသေဖြစ်နေပြီ
      ဟိုးခေတ်တုန်းကဆို ကြယ်တပွင့်ရတာ တော်တော်ထူးဆန်းတာ
      သူကြီးတောင် တပွင့်တိုးလာလို့ဆိုပြီး ရွာပတ်ကြွားတာ မှတ်မိသေး… 😀

  • ကိုရင်စည်သူ

    June 8, 2012 at 12:02 am

    ဦးဦး ပါလေရာရေ့… တားတားလည်း ဦးဦးလိုပဲ အသက်သာငယ်တာ
    သွေးရဲရဲ သံရဲရဲဆို သိပ်ကြည့်ရဲတာမဟုတ်ဘူး.. တရားသမားလေ.. တရားသမား.. ဟိ.. 😀
    ဟိုနေ့က အဘဖောနဲ့ အရီးလတ်တို့ အညွှန်းကောင်းတာနဲ့
    မောင်စေတန်ကို မန်ဘာပစ်ဝင်ပလိုက်ပီ…
    ဦးဦးပါလေရာရေ.. ဘာမှ လုပ်မနေနဲ့ ခေါင်းပေါ့သွားအောင်
    ကိလေသာ နည်းသွားအောင်.. အကြောပြေ စိတ်နုကိုယ်နုသွားအောင်
    မာဆပ်နဲ့ အထာနဲ့ သွားနှပ်ကြရအောင်.. 😳 😳
    (ခင်လို့ နောက်တာနော့.. ချိတ်မချိုးရဘူး…)

    • ဦးဦးပါလေရာ

      June 8, 2012 at 12:24 am

      မာဆပ်ခေါ်တာ စိတ်ဆိုးစရာလားကိုရင်ရယ်… 😀

      ထားခဲ့မှ စိတ်ဆိုးစရာ….. 😀

      • အရီး Khin Latt

        June 8, 2012 at 3:15 am

        ကိုပါ
        မောင်စည် ပြောတဲ့ “ချိတ်မချိုးရဘူး” ဆိုတာက ရှင့်ကို “စိတ်နု ကိုယ်နု သွားအောင်” လို့ ပြောလိုက်လို့။
        တိုက်ရိုက် သဘောကတော့ရှင် “စိတ်အို ကိုယ်အို” နေတဲ့သူ လို့ အဓိပ္ပါယ်ပေါက်သပေါ့။ အဟိ။ 😛

        • ဦးဦးပါလေရာ

          June 8, 2012 at 11:20 am

          အော…. ဒီလိုလား….
          ဒီကောင်လေးတော့ ကုန်ပေါ်ပြန်ရောက်ပစေဦး…
          ဆီဒိုးနားမှာ နှစ်ဆက်ရှင်လောက် ဒကာခံခိုင်းတဲ့နည်းနဲ့ ကောင်းကောင်းဆုံးမပစ်လိုက်မယ်… 😀

Leave a Reply