Google Home page တွင် မိမိစိတ်ကြိုက်နောက်ခံပုံများဖြင့် အသုံးပြုနိုင်ပြီ…

lu ta loneJune 21, 20103min590

(၆.၆.၂၀၁၀)တွင် Google မှ feature အသစ်တစ်ခုကို သုံးစွဲသူများထံ ချပြခဲ့ပြန်ပါပြီ Google Home page အား နောက်ခံအဖြူရောင်ကြီးအဖြစ်သာ အသုံးပြုခဲ့ရသော အသုံးပြုသူများအား ယခုအခါမိမိစိတ်ကြိုက် နောက်ခံပုံများ ဝေဝေဆာဆာဖြင့်အသုံးပြုနိုင်ရန် Google မှ ထိုသို့သော feature အသစ်တစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်ကအသုံးပြုခဲ့ရသော Google Home page

အသုံးပြုရန်မှာလဲ အလွန်လွယ်ကူလှပြီး မိမိစိတ်ကြိုက်ပုံများကို Google Home page မှာလှလှပပ တွေ့မြင်ရတော့မည် ထိုကဲ့သို့ပြုလုပ်နိုင်ရန် အတွက် အောက်ပါနည်းများအတိုင်း လွယ်ကူစွာပြုလုပ်နိုင်ပြီ

၁) ပထမဦးစွာ မိမိ Gmail အား Sign In ဝင်ရောက်လိုက်ပါ

၂) Sign In ဝင်ရောက်ပြီးသည်နှင့် Google Home page သို့သွားရောက်ကာ Change background image ဟူသော ဘယ်ဘက်ထောင့်ရှိစာတန်းလေးကို တွေ့မြင်နိုင်ပါမည် ကလစ်တစ်ချက်နှိပ်ကာ ဝင်ရောက်လိုက်ပါ

၃) ဝင်ရောက်လိုက်သည်နှင့် အောက်ပါအတိုင်း ဘောက်လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ် ပေါ်လာတဲ့ Box လေးပေါ်မှာ မိမိစိတ်ကြိုက်ပုံများကို ရွေးချယ်နိုင်ပါတယ် ရွေးချယ်ဖို့ကလဲ လှပသောပုံများစွာ အဆင်သင့်ရှိယုံ သာမက မိမိကွန်ပြူတာအတွင်းရှိသော မိမိနှစ်သက်ရာပုံများကိုလည်း ရွေးချယ်နိုင်ပါတယ် ပထမဦးစွာ  မိမိကွန်ပြူတာမှ မိမိစိတ်ကြိုက်တင်နိုင်ရန် From my computer ကိုကလစ်နှိပ်ပြီး Browse မှတစ်ဆင့် မိမိကွန်ပြူတာထဲရှိ ဖိုင်များကို မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ် မိမိစိတ်ကြိုက်ရွေးချယ်ပြီးပါက အောက်ပါပုံမှ မျှားပြထားသော Upload ကိုကလစ်နှိပ်ကာတင်နိုင်ပါတယ်။

၄)နောက်တစ်ခုကတော့ သင်သည် ဘလောခ့်ကာတစ်ယောက်ဖြစ်နေပါသလား သင့်ဘလောခ့်အတွင်းရှိ ပုံများကို သင့်စိတ်ကြိုက် Google Home page တွင်တင်နိုင်ပါသေးတယ် အဲ့လိုတင်ဖို့ My Picasa web photos ဟူသော စာတန်းလေးကိုကလစ်လိုက်ပါ အဲ့ဒီ့နောက်မှာ မိမိဆိုဒ်ထဲမှာရှိတယ် ပုံတွေ ကျလာမှဖြစ်ပါတယ် စိတ်ကြိုက်ရွေး ချယ်ပြီး Select ကိုကလစ်ကာ Google Home page ပေါ်တင်နိုင်ပါတယ်

၅)နောက်တစ်ခုအနေနဲ့ Public gallery မှပုံများစွာကို ရရှိနိုင်ပါသေးတယ် ပုံများကို Google Search မှရှာနိုင်သလို အရန်သင့်အသုံးပြုရန်ပေးထားသော ပုံများစွာကိုလဲတွေ့ရမှာဖြစ်ပါတယ် ထိုသို့တွေ့ရှိနိုင်ရန် Public gallery ဟူသောစာတန်းကိုကလစ်တစ်ချက်နိုပ်လိုက်ပါက အရန်သင့်ပုံများပေါ်လာမှာပါ

ထိုပုံများမဟုတ်ပဲ တခြားမိမိစိတ်ကြိုက် Google မှရှာဖွေချင် ပါက Search တွင်မိမိရှာချင်သော ပုံများကို ရိုက်ထည့်ကာ  Google မှစိတ်ကြိုက် ရှာဖွေနိုင်ပါသေးတယ် ရှာဖွေပြီးပါက ပုံကိုရွေးချယ်ပြီး Select ကိုကလစ် လိုက်ပါက Google home page တွင် မိမိစိတ်ကြိုက်နောက်ခံပုံလှလှလေးရမှာဖြစ်ပါတယ်

၆)နောက်တစ်ခုကတော့ Google ကအရည်အသွေးကောင်းမွန်သော အဆင့်သင့်အသုံးပြုနိုင်ရန် ပုံများစွာကို စုပေးထားတာပါ Editor’s picks လေးပါ Google ကလက်ရွေးစင် ပုံလေးတွေလို့လဲပြောလို့ရပါတယ် ဒါတွေကို ယူသုံးချင်တယ်ဆိုရင်တော့ Editor’s picks ဆိုတာလေးကိုကလစ်နှိပ်ပြီးရွေးချယ်လိုက်ပါ ရွေးချယ်ပြီး သွားပါက Google ၏လက်ရွေးစင်ပုံများကို မိမိစိတ်ကြိုက်ရွေးချယ်ကာ Select ကိုကလစ် လိုက်ပါက Google home page တွင် Google ၏လက်ရွေးစင် နောက်ခံပုံလှလှလေးရမှာဖြစ်ပါတယ်။

အဆင့်တိုင်းအဆင့်တိုင်းမှာ မိမိစိတ်ကြိုက်ပုံများရွေးချယ်ပြီး Select ခလုပ်လေးအား ကလစ်လိုက်ပါက Image Loading တက်လာမည်ဖြစ်ပါတယ် စက္ကန့်အနည်းငယ်မျှစောင့်ဆိုင်းလိုက်ပါ

ထိုအဆင့် ပြီးမြောက်ပြီးရင်တော့ Google Home page တွင်နောက်ခံပုံထည့်နည်းကို မိမိကိုယ်တိုင် လွယ်ကူစွာ ပြုလုပ်ပြီးပြီဖြစ်ပါတယ် ထိုအခါမှာတော့ မိမိကိုယ်ပိုင် Google Home page ကို မိမိစိတ်ကြိုက်ပြောင်းထားသော ပုံလေးဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါတယ်

ယခု Google မှ feature အသစ်ဖြင့် Google Home Pageတွင်နောက်ခံပုံထည့်သွင်းထားခြင်း

မိမိတစ်ယောက်တည်းအသုံးပြုသော ကိုယ်ပိုင်ကွန်ပြူတာတွင်ပဲဖြစ်ဖြစ် ရုံးသုံးကွန်ပြူတာများတွင်ပဲဖြစ်ဖြစ် အင်တာနက်ကဖေးများတွင်ပဲဖြစ်ဖြစ် ထိုနည်းလမ်းများအတိုင်း လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ပြီဖြစ်ပါတယ် ဒါလေးကိုဒီနေ့မနက်ကတွေ့လိုက်တာပါ ဒါနဲ့ ဆိုဒ်ကသူငယ်ချင်းများ မသိရမရှိလေအောင် ပုံပေါင်းများစွာ နဲ့ပြုလုပ်ပုံပြုလုပ်နည်းအဆင့်ဆင့်ကို သတင်းတစ်ပုဒ် Update အနေနဲ့ တင်ပေးလိုက်ပါတယ်။