ကာကွယ်ပေးမယ်၊ ကူညီပေးမယ် (To protect and serve)

asiamastersJune 6, 20121min1159

လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီးလုပ်ဆောင်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ကမ္ဘာတလွှားမှာ အတော့်ကို ကျက်သရေမင်္ဂလာရှိတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ တကယ်လည်း ကျက်သရေ မင်္ဂလာရှိခဲ့ပါတယ်။ ပြောင်းလဲမှုတွေ လုပ်ဆောင်လာကြတော့ ဖွံ့ဖြိုးတိုးတက်မှု အရိပ်အယောင်တွေကိုလည်း မြင်နေရပါတယ်။ ပြောင်းလဲမှုတွေလုပ်တဲ့အထဲမှာ အများအားဖြင့်တွေ့မြင်နေရတဲ့ ပြောင်းလဲမှုတွေကတော့ Education နဲ့ပတ်သက်တာတွေ၊ Economy နဲ့ပါတ်သက်တာတွေ၊ Political System နဲ့ပတ်သက်တာတွေပဲ များပါတယ်။ အဓိက ပြောင်းလဲရမဲ့ ကိစ္စတစ်ခုရှိပါတယ်။ ဒါကတော့ နိုင်ငံရဲ့ ရဲတပ်ဖွဲ့ (Police) ကို ပြောင်းလဲဖို့ပါပဲ။ ပြောင်းလဲဖို့ဆိုတာက အခုလုပ်နေတဲ့လူတွေကိုဖြုတ်ပစ်ပြီး အသစ်လုပ်ဖို့ပြောတာမဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်အားလုံးအတွက် ခံယူထားတဲ့ တာဝန် (Mission) နဲ့ လေ့ကျင့်သင်ကြားပေးမှု တွေကို အားလုံးပြောင်းလဲပစ်ဖို့လိုနေတာဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းဟာ ဒီနိုင်ငံရဲ့ ရဲတွေရဲ့အဆင့်အတန်းပဲဖြစ်ပါတယ်။ ရဲတွေဟာ ဘာလုပ်ရမယ်ဆိုတာ သေသေချာချာမသိတဲ့ Purposeless တွေ ဖြစ်သလိုဖြစ်နေတယ်။ တကယ်တော့ ရဲတွေရဲ့ ဖြစ်သင့်တဲ့ ခံယူထားတဲ့တာဝန် (Mission) က “To serve and protect” ဖြစ်လာဖို့ကောင်းတယ်။ ရဲတစ်ယောက်လုပ်ရမဲ့အလုပ်က လူသားတွေကို ကူညီဖို့နဲ့ အကာအကွယ်ပေးဖို့ ဖြစ်လာဖို့ကောင်းတယ်။ ပြည်သူလူထုကလည်း Police Officer ရဲအရာရှိလို့သိလိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်အကာအကွယ်ပေးမဲ့သူ၊ သမာသမတ်ကျတဲ့သူ၊ တာဝန်ကို တိကျစွာထမ်းဆောင်သူတစ်ဦးအနေနဲ့ မြင်လာရမှာဖြစ်ပါတယ်။ ရဲဝန်ထမ်းတွေဖက်ကလည်း မိမိရဲ့ ဝတ်စားဆင်ယင်မှုကအစ၊ မိမိရဲ့ နေပံထိုင်ပုံ၊ ပြောပုံဆိုပုံကအစ၊ ရဲရဲဝံ့ဝံ့နဲ့တာဝန်ယူတတ်သူ၊ မျှတမှုရှိသူ တစ်ဦးအဖြစ် ဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒီနေ့ရဲတပ်ဖွဲ့တွေရဲ့ ယူနီဖောင်းကိုပြောရရင် မြို့ပြထဲမှာ ဝတ်ဆင်သင့်တဲ့ယူနီဖေါင်းမျိုးမဟုတ်ပါ။ ဖွဲ့စည်းထားတဲ့ရည်ရွယ်ချက်တွေကလည်းပျောက်နေတဲ့အတွက် ကိုင်ထားတဲ့သေနတ်တွေကလည်း စစ်တပ်မှာ မသုံးတော့တဲ့ Assault Rifle တွေဖြစ်နေတယ်။ ရဲတပ်ဖွဲ့အမျိုးမျိုးရှိတဲ့အတွက်ရဲတပ်ဖွဲ့ရဲ့ ဝတ်စုံ ၊ ကိုင်ဆောင်တဲ့လက်နက်တွေက အမျိုးမျိုးရှိပါတယ်။ မြို့လယ်တွေမှာ Assault Rifle တွေကိုင်ပြီးစောင့်နေတာက Military ရဲ့ တာဝန်နဲ့ Police တာဝန်တွေက လွဲနေတယ်။ နောက် ရဲဆိုတာ သုံးလို့ကိုမရတဲ့ ဥပဒေတွေကို အသုံးချရင်း မိမိတို့ကိုယ်ကျိုးရှာသူတွေလို့လူတွေ မြင်လာတာဖြစ်တယ်။ ဒီတော့ ရိုသေလေးစားမှု၊ ယုံကြည်မှုတွေ ပျောက်ကွယ်သွားတာပါပဲ။ ရာဇဝတ်မှု မရှိတဲ့နိုင်ငံဆိုတာမရှိဘူး။ ဒါပေမဲ့ ရဲတွေကောင်းရင်၊ ရဲတွေကို ပြည်သူလူထုကလေးစားရင် ကြီးမားတဲ့ပြဿနာမျိုးဖြစ်ပေါ်လာစရာအကြောင်းမရှိဘူး။ တကယ်တမ်းကျတော့ ဒါတွေဟာ မလိုလားအပ်တဲ့ ပြဿနာတွေဆုံတွေ့ရတာဟာ ရဲတွေရဲ့ အရည်အသွေးက အလွန်ကို ညံ့ဖြင်းလို့ဖြစ်တယ်။ ဒီလိုဖြစ်ရတာကလည်း ယခင် မြန်မာလိုရေးသားခဲ့တဲ့ ဥပဒေတွေကြောင့်ဖြစ်တယ်။ ရဲတွေကို အင်္ဂလိပ်စကားသင်ပေးမှရမယ်။ ပိုပြီးကျယ်ပြန့်တဲ့အမြင်ရှိလာအောင်၊ မိမိရဲ့ (Mission) ကို သိလာအောင် Training တွေကို ကောင်းအောင်လုပ်ရမယ်။ ဒါမှ ဥပဒေစိုးမိုးပြီး၊ အတိုင်းအတာတစ်ခုထိ လုုံခြုံတဲ့နိုင်ငံဖြစ်လာမယ်။ ဒီလိုလုံခြုံမှ ဒီနိုင်ငံမှာနေထိုင်သူတွေ ကောင်းမွန်တဲ့ဘဝတွေရမယ်။

9 comments

  • ဗိုက်ကလေး

    June 6, 2012 at 5:39 pm

    ဟုတ်တယ်
    ပြည်သူတွေ ယုံကြည်အားထားရလောက်တဲ့ အနေအထားဖြစ်အောင် ပြောင်းလဲသင့်တယ်..
    အခုက ရဲဆိုတာနဲ ့မကူညီပဲ ဆက်ကြေးပဲ လိုက်ကောက်နေကြတာတွေ ့တော့ ချဉ်နေကြတာ..
    သေချာ..ဉာဏ်မမီလို ့..ပြောင်းလဲသင့်တယ်ဆိုတာလေးပဲ ဝင်ထောက်ခံခဲ့ပါတယ်..ခင်ဗျား..

  • Gipsy

    June 6, 2012 at 6:32 pm

    ဟုတ်…
    တကယ့်အရေးဆိုရင် သူတို့က လက်နှေးပြီးသားပဲ …
    အဲဒါ..အဲဒါ လေးတစ်ခု ခက်နေတာ…။

  • ဗိုက်ကြီး

    June 6, 2012 at 6:42 pm

    ဟာ ဒီကောင်တွေ အကြောင်းတော့ မပြောပါနဲ့ ၊ ဆက်ကြေးတောင်းမယ် အမှုဆင်ပြီး ငွေညှစ်မယ်
    ကူညီပါရစေ ဆိုတဲ့ ခုနှစ်ပဲတွေ ၊ ပြည်သူတွေကို ဒုတ်ခပေးနေတာ ဒီကောင်တွေ အဆိုးဆုံး ။

  • ahnyartamar

    June 6, 2012 at 6:54 pm

    ဟုတ်တယ်ဗျို့…ရဲစခန်းတိုင်းရဲ့အဝမှာ “ကူညီပါရစေ” လို့ရေးထားရုံနဲ့ လုံလောက်ပြီထင်နေကြတာလေ…

  • asiamasters

    June 6, 2012 at 7:41 pm

    အင်္ဂလိပ်လို May I help you? လို့ရေးထားတဲ့စာသားတွေဟာ အလွန်ရယ်စရာကောင်းတဲ့ ကလေးကလားလုပ်ရပ်တွေသာဖြစ်ပါတယ်။ ကူညီပါရစေဆိုတာမျိုးကို စာနဲ့ရေးဖို့မလိုပါဘူး။ ရေးလို့လဲမရပါဘူး။ ကူညီပါရစေဆိုတာ ပါးစပ်ကမေးရမဲ့စကားမျိုးဖြစ်တယ်။ ရဲအရာရှိတွေ၊ ရဲအဖြစ်တာဝန်ထမ်းဆောင်နေသူတွေ၊ ပြည်သူလူထုကို ဘာများကူညီပေးရမလဲလို့ ဘယ်နှစ်ခါမေးဘူးသလဲဆိုတာ ကိုယ့်ဟာ ကိုယ်ပြန်မေးကြည့်ဖို့လိုတယ်။ အပေါစားဟိုတယ်တွေ၊ ဖါခေါင်းတွေ၊ သူခိုးတွေ၊ ကာရာအိုကေတွေ၊ အနှိမ့်ခန်းတွေ ကရတဲ့ ဆက်ကြေးနဲ့ ချမ်းသာကြွယ်ဝမှုကို ခံစားနေတာထက် ဒီလုပ်ငန်းတွေကို တရားဝင်ဖြစ်လာပြီး၊ အရည်အသွေးကောင်းအောင်လုပ်လာဖို့လိုတယ်။

  • မောင်ပေ

    June 6, 2012 at 8:35 pm

    ဒီနေရာမှာ သဘောထားချင်း လုံးဝတိုက်ဆိုင်တယ်ဗျာ
    ဖာခန်းတွေ ကို တရားဝင် ဖွင့်ခွင့်ပေးရမယ် ။ ဒါမှ သန် ့သန် ့ရှင်းရှင်း ဖြစ်လာမယ် ၊ မရှိလို ့လုပ်စားတဲ့ ခလေးမလေးတွေ ဝင်ငွေ တိုးလာမယ် ။
    ထို ့အတူ အနှိပ်ခန်း ၊ ကေတီဗီ ၊ မာဆတ် အစရှိသဖြင့် ။
    ၁ လုံး ၂လုံး ၃ လုံး လဲ ၊ ထိန်းမရရင် ၊ အစိုးရ က တရားဝင် ဥပဒေထုတ်ပြီး အခွန်ကြီးကြီးကောက်လိုက် ၊ လောင်းတဲ့လူရော ၊ ဒိုင်ခံတဲ့လူပါ ။
    နိုင်ငံတိုးတက်ဖို ့အသေးစားနဲ ့အလယ်အလတ်တန်းစား စီးပွားရေးတွေ အပေါ်မှာ အများကြီး မူတည်နေတယ်လို ့ရှင်းလင်းပွဲတွေမှာ ပြောခဲ့ကြတယ် ။ လက်တွေ ့မှာ ၊ အကြီးစား လုပ်ငန်းတွေ တော်တော်များများ က အခွန်ဦးစီးမှူးတွေနဲ ့၂ပေါက် ၁ ပေါက် ရိုက်ပြီး အခွန်ရှောင်နေကြတယ် ။ အသေးစားနဲ ့အလတ်စား လေးတွေခဗျာတော့ တစ်နှစ်နှစ် ကို နာမည်၂မျိုးနဲ ့အခွန် ကို ၂ ခါ တိတိကောက်တယ် ။
    “ပြည်သူပိုင်သိမ်းမယ်” ဆိုတဲ့ စကား နဲ ့ခြိမ်းခြောက်ပြီး ၊ တောင်းတယ် ။

    • ကြောင်ကြီး

      June 7, 2012 at 9:02 am

      ဟိုးအရင်က အခွန်ဦးစီးဌာန အခုခေတ်လို ပုံပျက်ပန်းပျက် မစားရဲဘူး။ အရပ်သားတွေများတော့ အရှက်အကြောက်ရှိတယ်။ နောက်ပိုင်းတော့ မိုးကျရွှေကိုယ်တော်များ နေရာအသီးသီး အဆင့်အသီးသီးနဲ့ အခွန်ဦးစီးဌာနဂျီးကို ကယ်တင်ဖို့ ရောက်လာလိုက်တာ ဝေသာလီပြည် ဘီလူးစီးတာထက် ပိုဆိုးသွားပြီ။ မရှက် မကြောက် တတ်ကြဘူး။ အားလုံးက ပိုင်ရာဆိုင်ရာ အဘကိုယ်စီနဲ့… သူတို့နဲ့ ပေါင်းစားရတယ်။ သို့ပေသိ ပြသနာဖြစ်တဲ့အခါ အရပ်သားဝန်ထမ်းဆိုရင် ထိုးအကျွေးခံရတာဗဲ..။
      ရဲနဲ့ပတ်သက်လို့ကတော့ သူတို့ကို လူအထင်ကြီးအောင် လေယာဉ်ပျံ၊ ဟက်စကီး ရဟတ်ယာဉ်တွေ ရဲတပ်ဖွဲ့မှာ ထားပေးရမယ်ဗြ..။ အမှုအခင်းဖြစ်တဲ့အခါ ကောင်းကင်ကနေ လေထီးနဲ့ဆင်း.. ဟက်စကီးဃနေ ကြိုးလှေခါးနဲ့ ဆင်းချ…လူဆိုးဖမ်းမိတဲ့အခါတော့ စရိတ်စဃ သက်သာအောင် ဂုံနီကြိုးနဲ့ချည်တုပ်ပေါ့ဗျာ..။ ဒါဆို နိုင်ငံတကာမှာ ဗိုလ်မှူးပေါဒဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကမ္ဘာတလွှားမှာ ပိုပီးဒေါ့ ကျက်သရေမင်္ဂလာရှိလာမယ်…။

      • မောင်ပေ

        June 7, 2012 at 11:47 am

        အိမ်း ပြောမယ့်သာ ပြောရတာကွဲ ့
        ရပ်ကွက်ထဲက လက်ခွဲလေးတွေ ကော်မရှင်စားလေးတွေ က ဒိုင်လေးတွေဆီတင်
        ဒိုင်လေးတွေ က ဒိုင်လတ်တွေ ဆီ တင် ၊ ဒိုင်လတ်တွေ က ဒိုင်ကြီးတွေဆီ တင်
        ဆိုတော့
        အခုကျုပ်တို ့နိုင်ငံမှာ
        ဒိုင်ကြီး ဆိုတာ ဘယ်သူတွေပါလိမ့်
        သိချင်စမ်းပါဘိ

  • သားဦး၊မြေးဦး

    June 6, 2012 at 11:44 pm

    ကိုပေ့အကြိုက် အနော်တို ့လဲကြိုက်
    လုံးဝထောက်ခံပါ၏။
    ဟီးးးးအဖော်ရှာထားတာ။

Leave a Reply