မှော်ဆရာ့ ပန်းသည်

ေမွာ္ဆရာJune 6, 20123min34958

မန်းဂေဇက် ဓါတ်ပုံပြပွဲကို စတင်တော့မယ်ဆိုထဲက ကျွန်တော် တော်တော် စဉ်းစားရပါတယ် ..။ဒီလို ပြပွဲမျိုးဆိုတာ ပရိုတွေအတွက် အခက်အခဲ ရှိတဲ့ ပြပွဲမျိုးပါ ..။ မှန်တဲ့စကားဆိုရရင် ပရိုသမားတွေအတွက် ဒီပြပွဲမျိုးဆိုတာ တန်းဆင်းပြီးကန်ရတဲ့ ဘောလုံးအသင်းလိုပါပဲ ….။နောက် ဝိုင်းအကဲဖြတ်ပေးမယ့် ပရိတ်သတ်ဆိုတာ ဓါတ်ပုံပညာနဲ့ အကျွမ်းတဝင်မရှိတဲ့ ပရိတ်သတ်ဆိုတော့ ဘောလုံးစကားနဲ့ပြောရရင် အိမ်ကွင်းမဟုတ်ဘူးလို့လဲ ဆိုလို့ရပါတယ်..။ ဆုဆိုတာကို မရည်မှန်းခဲ့ကြပဲနဲ့ ဂေဇက်ရွာသူ ရွာသားတွေကို ဓါတ်ပုံပညာနဲ့ အကျွမ်းတဝင် ရှိစေချင်တဲ့ စိတ်စေတနာနဲ့ ရွာသူရွာသားထဲက ပရိုသမား အားလုံး ပြပွဲကို ဝင်ရောက်ပြသခဲ့ပါတယ်..။
ကျွန်တော့်အတွက်လဲ ဒီလို ဝင်မယ်လို့ ဆုံးဖြတ်လိုက်ကတဲက အားလုံးအတွက် တစ်ခုခု ကျန်ခဲ့နှိုင်တဲ့ ပုံမျိုးကို ပြသနှိုင်ဖို့ စဉ်းစားရပါပြီ..။ပညာကို အထူကြီး ပြလို့ မရသလို ပေါ့တန်တန် လုပ်လို့လဲ မရပါ…။
ပထမဆုံး အိုင်ဒီယာ ထုတ်ရပါတယ် ..။ ဘာကို ရိုက်မလဲ ..။ဘယ်လိုရိုက်မလဲ …။ဒဲ့ရိုက်ပြမလား ..။သွယ်ဝိုက်ပြမလား …။
ဈေးသည်တွေက များပေမယ့် အနုပညာ တစ်ရပ်အနေနဲ့ ရင်ဘတ်ထဲကို စွဲကျန်ခဲ့ဖို့ဆိုတာ ခံစားချက်ပါမှ ဖြစ်မှာပါ …။ဒီတော့ ပထမဆုံး ဝမ်းစာရေးအတွက် ပင်ပန်းတာကို အလေးမထားနှိုင်ပဲ ရုန်းကန်ရတဲ့ ဈေးသည်ရဲ့ အားမာန်ကို ရိုက်ပြဖို့ စဉ်းစားခဲ့ပါတယ်..။

F-13 - Shutter 1/125 - ISO 200

ကျွန်တော် စိတ်ကြိုက်မရပါဘူး … ကွာလတီအရ သင့်တော်ပေမယ့် ဆွဲဆောင်မှုအားနည်းနေသလို ခံစားရပါတယ် ..။
နောက်ထပ်ပုံကိုတော့ ကျွန်တော် ကျွန်တော်တို့ မြို့နဲ့ ၆ မိုင်လောက်ကွာတဲ့ ရွာဘက်ကို အောက်ဒိုးထွက်ရိုက်ခဲ့ပါတယ် …။ပထမတုံးကတော့ အိုးဖုတ်ရောင်းတဲ့ သူတွေကို အိုးတွေနေလှန်းနေတုန်း ရိုက်မလို့ စိတ်ကူးနဲ့ပါ ..။ကျွန်တော်ရောက်တဲ့အချိန်က အိုးတွေဖုတ်နေတဲ့ အချိန်ဖြစ်တဲ့အတွက် ရိုက်မရခဲ့ပါဘူး..။ဒါပေမယ့် တခြားဓါတ်ပုံကောင်းလေးတွေ တော်တော်များများတော့ ရခဲ့ပါတယ်..။ဈေးသည်ခေါင်းစဉ်အောက်က မဟုတ်ပါဘူး..။ ဒါပေမယ့် အပြန်ခရီးမှာ ပုံတစ်ပုံတော့ ရခဲ့ပါတယ်..ထန်းတောထဲက ထန်းရွက်အကျွေတွေကို လိုက်ကောက်ပြီး အိုးဖုတ်တဲ့သူတွေကို ပြန်ရောင်းတဲ့ သူနှစ်ယောက်ရဲ့ ပုံပါ…။
F-13 - Shutter 1/125 - ISO -200

စိတ်ကြိုက်မရပြန်တဲ့ အတွက် နောက်ရက်မှာ ဈေးထဲကို ဝင်မွှေရပါတယ် ။။။။

F-9 - Shutter 1/125 - ISO 200

ဓါတ်ပုံပညာအရ စိတ်တိုင်းကျတဲ့ ပုံတစ်ပုံပါ …။ဒါပေမယ့် သာမန်လူကြိုက်ဖို့ မဖြစ်နှိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ် …။
စိတ်ကြိုက်မရတဲ့ နောက်ဆုံး ဆင်ရိုက်ဖို့ပဲ ကျွန်တော် တွေးပါတော့တယ် …။ ပထမဆုံး မော်ဒယ်ရှာရပါတယ်။ နောက် ရိုက်ကွင်းရှာရပါတယ်..။
မော်ဒယ်ကတော့ ကျွန်တော့ကွန်ပျူတာ သင်တန်းတက်နေတဲ့ သင်တန်းသူထဲက တစ်ယောက်ကို အကူအညီတောင်းလိုက်ပါတယ် …။စိတ်ကြိုက်ရိုက်ကွင်းရဖို့ကတော့ ကျွန်တော် နှစ်ရက်ရှာရပါတယ်…။
ရိုက်ဖို့အချိန်ကို ကျွန်တော် ညနေလေးနာရီမှာ သတ်မှတ်ပါတယ် … ။ နေရောင် မပြင်းလွန်း မလျှော့လွန်းတဲ့ အချိန်ပါ..။ နောက်က ပန်းခင်းကို နေရောင်ထိုးတဲ့အချိန် ရိုက်ဖို့ပါ .. ဒါပေမယ့် မော်ဒယ်နေရာမှာ နေရောင်မပြင်းစေဖို့ မော်ဒယ်ကို ဘူးစင်အောက်မှာ ထားပြီး ဘူးစင်ကြားက ကျလာတဲ့ နေရောင်တန်းနဲ့ပဲ ရိုက်မယ်လို့ တွေးပါတယ် .. မော်ဒယ်မျက်နှာ မမဲစေဖို့ ရှေ့ကနေ REFLECTOR နဲ့ ထိုးပါမယ် ..။ကံဆိုးချင်တော့ အဲဒီနေ့က မိုးအုံ့နေတဲ့အတွက် ဘယ်လိုမှ နေရောင်ကို သုံးရိုက်လို့ မရတော့ပါဘူး ..။ REFLECTOR လဲ မကယ်နှိုင်တော့ပါ ..။ဒီတော့ ဘာလုပ်ရလဲ ။။ ဖလက်ဂန်း သုံးပြီး ရိုက်ရပါတော့တယ်….။ဖလက်ဂန်းသုံးပြီး ရိုက်ရတော့ သဘာဝကျတဲ့ပုံထွက်မလာတော့ပါ … အဲဒီ့ပုံတွေကို ပါ ပယ်လိုက်ရပါတော့တယ်…။
F8 - Shutter 1/30 - ISO 200

ဒီကြားထဲ ကလေးမလေး ဝတ်ထားတဲ့ လုံခြည်က အရောင်အရမ်းတောက်နေတဲ့ အတွက် လဲခိုင်းရပါသေးတယ် …။

ပုံတွေအောက်က စာတွေကို သတိထားကြည့်ရင် ဆက်တင်တွေ ကွာခြားသွားတာကို သိနှိုင်ပါတယ် …။ပြပွဲဝင်တဲ့သူတွေကို အဲဒီ့ဆက်တင်တွေ ပေးခိုင်းတယ်ဆိုတာ အလကားတော့မဟုတ်ပါဘူး .. ဘယ်လိုနေရာမှာ ဘယ်လိုဆက်တင်သုံးရိုက်သွားရင် ဘယ်လိုပုံထွက်တယ်ဆိုတာ သိစေချင်လို့ပါ …။ကျွန်တော်ပေးထားတဲ့ ဆက်တင်တွေကို နားမလည်တာရှိရင် မေးနှိုင်ပါတယ် ..။
F5.6 - Shutter 1/30 -  ISO 320

ဒီပုံကတော့ ပြပွဲမှာ တင်ခဲ့တဲ့ပုံပါ …။ F 5.6 နဲ့ ရိုက်ပါတယ် ..။ ဘူးစင်အောက်က ပုံတွေက F8 နဲ့ ရိုက်ပြီး ဒီပုံမှ ဘာလို့ 5.6 နဲ့ ရိုက်လဲမေးရင်တော့ နောက်ဝါးအောင် (ဘိုခေးပေါ်အောင်ပေါ့) ရိုက်တာပါ…။ ဘူးစင်အောက်မှာကျတော့ မော်ဒယ်မျက်နှာရော နောက်က ပန်းခင်းရော ကြည်အောင် F8 ကို သုံးတာပါ ..။ Shutter ကတော့ နှစ်ခုစလုံးက 1/30 နဲ့ ရိုက်ရပါတယ်.. ။ ဟိုးအပေါ်က ပုံတွေက 1/125 နဲ့ ရိုက်ပြီး ခုကျတော့ ဘာလို့ 1/30 နဲ့ ရိုက်လဲမေးရင် နေရောင်မရှိတော့လို့လို့ ဖြေပါမယ်..။ အလင်းတံခါးကို တစ်စက္ကန့်ရဲ့ ၃ဝ ပုံ တစ်ပုံ ကြာအောင် ဖွင့်လိုက်တဲ့အတွက် နေရောင်ပိုရလာတာပါ..။ ဒါပေမယ့် လက်သင်တွေအနေနဲ့ကတော့ အနိမ့်ဆုံး 1/60 လောက် ပဲ ထားသင့်ပါတယ်… ။ 1/30 နဲ့ဆိုရင် အလင်းတံခါး ဖွင့်ချိန်များသွားတဲ့အတွက် လက်သင်တွေဆိုရင် လက်လှုတ်ပြီး ဝါးသွားနှိုင်လို့ပါပဲ..။
နောက်တစ်ခုက ပန်းသယ်လေးရဲ့ ခေါင်းပေါ်က ပန်းတွေ အပြည့်မပေါ်ဘူးလို့ ဆိုကြပါတယ် ..ကျွန်တော် တမင် ဖြတ်ထားတာပါ ကျွန်တော့အမြင်ပြောရရင် ပန်းကို အပြည့်ပေါ်အောင် ထားလိုက်ရင် ပန်းသည်လေးရဲ့ မျက်နှာပေါ်ကို အာရုံမရောက်ပဲ ခေါင်းပေါ်က ပန်းဗန်းကိုပဲ အာရုံရောက်သွားတယ်လို့ မြင်ပါတယ် .. ဓါတ်ပုံဆရာတစ်ယောက်နဲ့ တစ်ယောက်တော့ ကိုယ်သန်ရာ သန်ရာ အမြင်ကွဲကြပါတယ် ..

ဘယ်လိုပဲ ဆိုဆို ကျွန်တော် ကိုယ့်ကိုကိုယ် ပရိုဓါတ်ပုံသမားတစ်ယောက်လို့ ခံယူထားမိတဲ့အတွက် ရွာသူရွာသားတွေအပေါ် တတ်နှိုင်သလောက် ဓါတ်ပုံပညာ မျှဝေရမယ်လို့ ခံယူပါတယ် ..။ ရွာရဲ့ ဓါတ်ပုံအဆင့်အတန်း တိုးတက်ရေးအတွက်လဲ ကျွန်တော့အနေနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်နှိုင်ရမယ်လို့လဲ သတ်မှတ်ထားပါတယ်။ကျွန်တော် တာဝန်ကျေခဲ့ပြီလို့ပဲ ကျွန်တော် သတ်မှတ်လိုက်ပါပြီ …။
ပုံကောင်းပုံသန့်များစွာ ရိုက်ကူးနှိုင်ကြပါစေ .. လေးစားစွာဖြင့် ….မှော်ဆရာ ..

အမှတ်တရ ပန်းသည်

58 comments

  • water-melon

    June 6, 2012 at 7:35 pm

    ကိုမှော်ရေ နားလည်သဘောပေါက်တယ်လုို့ ခံစားရပါတယ်
    ပုံတွေကို ကစ်သွားပါကြောင်း

  • ဗိုက်ကလေး

    June 6, 2012 at 7:42 pm

    ကမှော်ရီး
    ပန်းသည်က နာမည်ဘယ်လိုခေါ်လဲဗျ..အဲလေ..ယောင်လို ့..ပန်းသည်ဖြစ်ဖို ့အတော်ကြိုးစားပြီး ရိုက်ပေးထားတာပဲနော..
    ဓာတ်ပုံသမားကောင်း တစ်ယောက်ဖြစ်ဖို ့မလွယ်ဘူးဆိုတာ ပေါက်မိသွားတယ်ဗျာ..
    ကျနော်တို ့က အလှထက် ဘဝကို ဦးစားပေးပြီး ကြိုက်နေမိတယ်ဗျာ…အဲတာပါ.
    နောက်ပြပွဲတွေမှာတော့ ပညာရှင်က တစ်ဗုတ် ကျနော်တို ့ ဓာတ်ပုံပညာနားမလည်တဲ့ လူတွေက တစ်ဗုတ်(Vote) စနစ်တော့
    ကိုချိုကြီး တောင်းဆိုထားတာတွေ ့မိပါတယ်..
    ကျနော်တို ့ကဒေါ့
    ဝေဘန်ရေးနဲ ့ လေကန်ရေး ရားပါဒယ်..
    ကိုယ်တိုင်မရိုက်တတ်သလို ကင်မလာလဲ ချိပါဘူး.
    ဝါသနာပါသူတွေကို ခုလိုတွဲခေါ် မျှဝေပေးတာ ကျေးကျေး အလော့ထ်

  • သားဦး၊မြေးဦး

    June 6, 2012 at 7:48 pm

    ကိုမှော်ဆရာရေ အမှတ်တရ ပန်းသည်လေး တကယ်ကို ချောလှပါဘိသနှယ့်။
    အချောအလှလေးနဲ ့မှော်ဆရာ့လက်ရာကောင်းကောင်း(ဓါတ်ပုံပညာပါနော်)
    ပိုလှသွားပါ၏

  • မောင်ပေ

    June 6, 2012 at 7:56 pm

    တောက်.. ဘိုင်ပြတ်နေတာ နာသကွာ
    နို ့… မှော်ဂျီး တို ့မြို ့မှာ တစ်လလောက် သွားပြီး
    ချစ်စရာပန်းဒိုင် သွားလုပ်မယ် ။ အဲဒီပန်းသည်လေး ရောင်းသမျှ ပန်းအားလုံးသိမ်းမယ် ။
    နေစရာ စားစရာ သွားစရာ မှော်ဂျီး ဒကာဘဲ ။

    • Thel Nu Aye

      June 6, 2012 at 8:49 pm

      ကိုပေရေစိတ်ထိန်းစိတ်ထိန်း။ ကျောက်ပွဲစားကနေ ပန်းပွဲစားပြောင်းတော့မလို့လား။

    • မှော်ဆရာ

      June 6, 2012 at 9:09 pm

      လာခဲ့ ကိုပေ
      ဂယ်ပြောတာ
      ငွေရေးကြေးရေး ပြဿနာ မရှိဘူး
      ပိုက်ဆံ ပါလာရင် ပြီးရော … 🙂

      • မောင်ပေ

        June 6, 2012 at 9:11 pm

        ရှင်းရှင်းပြောနော်
        ပိုက်ပိုက်ပါရင်
        အေမီ လေး နဲ ့
        ခင်ခွင့်ရမယ် ဆိုတဲ့ သဘောရားဟင်
        ပြောနော် ဖြေနော်
        သဂျီးဆီက ရမယ့်ပိုက်ပိုက်အားလုံး ထုတ်ပြီး
        အမြန်ဆုံး လာပစ်မှာ

  • MaMa

    June 6, 2012 at 8:05 pm

    ဓာတ်ပုံကောင်းတစ်ပုံရဖို့ သေသေချာချာ အချိန်ပေးပြီး ကြိုးစားရမယ်လို့ မှတ်သားသွားပါတယ်။ 🙂

  • မှော်ဆရာ

    June 6, 2012 at 8:17 pm

    ချစ်စရာ့ ပန်းသည်လေး နာမည်ကတော့ အေမီ ပါတဲ့နော် …

    • မောင်ပေ

      June 6, 2012 at 9:07 pm

      အောက်ဆုံးက ပုံထဲမှာ
      အေမီလေး က အသေရယ်ပြနေတော့
      ရင်ခုန်သံတွေ ဒိန်းတပ်တပ်နဲ ့
      ပေ မပလီတော့ပါဘု … လို ့
      ပြောပေးစမ်းဘာ

  • ကိုရင်စည်သူ

    June 6, 2012 at 8:18 pm

    တယ်… ဘိုင်ပွတ်နေတာ.. နာသဗျာ… အရင်းအနှီးလေးရှိလို့ကတော့
    ကိုမှော်ဆီသွားပြီး ပန်းဒိုင်ထောင်စားမယ်ဗျာ…
    အူးဗိုက် နင်ဘာလိုက်ခဲ့… ရှယ်ယာတစ်ဝက်ပေးမယ်… ဟီးးး 😀 😀 😀
    ဒါနဲ့ စကားအတင်းမစပ်…. ကိုမှော်ရေ…
    အဲ့ပန်းသည်လေးက အပျိုလား အအိုလားဟင်… 😳
    ကျေးဇူးပြုပြီး တွေ့ရင် ပြောပေးဘာ… ကိုရင်က ပြောဒယ်လို့
    ပန်းလေးတွေလည်း ရောင်စုံလှဒယ်…
    ပန်းခူးနေသူလေးလည်း အလှစုံဒယ်လို့… ခိခိ… 😳

    • water-melon

      June 6, 2012 at 8:43 pm

      အမလေး တိုရင်နော်
      သများပန်းသည်လေးကို လာမလုနဲ့
      ကိုရင်အကြောင်းတွေအများကြီးကြားထားတယ်
      အဟိ

  • ရွှေထီး

    June 6, 2012 at 8:22 pm

    ကိုမှော်ကြီးအားပေးတယ်ဗျို့…ကျွန်တော်တို့ကိုလည်း လက်တွဲခေါ်ပါနော်…ဓါတ်ပုံဝါသနာရှင်လေး ရွှေထီးပါ။

  • စိန်ဗိုက်ကလေး

    June 6, 2012 at 8:23 pm

    မေအီ..အဲလေ.အေမီတဲ့လား..
    သေပြီဆရာ..
    ကရင်စိသူး..
    နင်နေခဲ့
    သင်္ဘောတက်စရာရှိတက်…ပန်းဒိုင်အလုပ်တွေ နာပဲဦးစီးလိုက်မယ်
    နပေ့ ကိုပါခေါ်တွား..
    သူ ့လဲ စိတ်မချရဘူး

    • ကိုရင်စည်သူ

      June 6, 2012 at 9:25 pm

      တော်ပီ.. နင်တို့ ဒွေကို စိတ်မချတော့ဘူး.. အေမီလေးကို…
      ကိုရင် ဒီကနေပဲ အာကြီး သီချင်းနဲ့ ဖိုသံပေးလိုက်တော့မယ်…
      (( မြန်မာဆန်တယ်.. အိဒရေရှင်လေးရယ်… သိမ်မွေ့နုနယ်…
      ကဗျာလေးလား… စာတွေအလားကွယ်.. မယ်ယဉ်ကျေးရယ်..
      သူလာရင် အဝေးက ရတဲ့ သနပ်ခါးရနံ့လေးကိုကွယ်…
      ဒီတစ်သက်စာ ကိုရင်လေမွှေးချင်တယ်… 😳 😳
      အတိုကြီးတိုမှော် တားလည်း အတိုကြီးဆီမှာ
      ကန်ပျူတာ သင်တန်းလာတက်လို့ ရမလားဟင်….
      သင်တန်းခတော့ မပေးနိုင်လို့
      ဝိုင်းလုပ်ဝိုင်းစားပေးပါမယ်နော့်.. အဟီးးး 😀 😀 😀

  • water-melon

    June 6, 2012 at 8:46 pm

    အော် အေမီရယ်
    ဖရဲလေ အေမီနဲ့ အတူတူပန်းတွေကောက်ချင်တယ်
    အေမီနဲ့အတူတူ ပန်းဒိုင်က ကိုပေ(ခေါ်)ပြောင်ကြီးဆီမှာ ပန်းတွေရောင်းချင်တယ်
    ပိုက်ဆံအများကြီးစုပြီးရင် သင်္ဘောဝယ်ပြီး တိုရင်စည်သူကို မောင်းခိုင်းရမယ်
    စိန်ဗိုက်ကလေးဆိုတဲ့ကောင်လေးကို သန့်ရှင်းရေးလုပ်ခိုင်းရမယ်
    အေမီနေတောင်းအောင်နေနော်
    ကိုမှော်ရယ် အလည်လာမယ်နော့

    • မှော်ဆရာ

      June 6, 2012 at 9:08 pm

      ကြိုဆိုပါတယ် ခင်ဗျာ …

      • MaMa

        June 6, 2012 at 9:34 pm

        မှော်ဆရာ ကြိုဆိုတာ အပေါ်က စာတွေကိုလည်း ဖတ်ဦး 😆

  • ချစ်ရင်ထူးနှစ်

    June 6, 2012 at 8:54 pm

    ဟဲ့ …. ဟဲ့ နင်တို့ကလည်း ဘယ်လိုတွေ ဖြစ်နေတာလဲ .. ဒါနဲ့ ဂိုဏ်းချုပ်ကြီး မပါသေးပါလား ..
    နာ့ဖို့လည်း ထားကြဘာအုန်းအေ .. ကမှော်လုပ်လိုက်မှဖြင့် ..

    • မှော်ဆရာ

      June 6, 2012 at 9:00 pm

      မောင်ချစ် …. နင့်ပုံ နင့်ပုံကို ဘာလို့ လုလင် မကြိုက်ဘူးပြောတာ သိပြီမလား
      ဖလက်သုံးရင် အလင်းက ရှေ့ကနေထိုးတဲ့ (သဘာဝမှာ မရှိတဲ့)အလင်း ဖြစ်နေလို့ လေ…

  • အရီး Khin Latt

    June 6, 2012 at 9:11 pm

    မှော်ဆရာရေ
    ဆုရပုံလေး အတွက် Congratulations! ပါ။
    အခုတင်ထားတဲ့ အထဲ မှာ အောက်ဆုံးက ရီနေတာလေး က အရမ်းချစ်ဖို့ကောင်းတယ်။
    အတော်ကြိုးစားရိုက်ထားရတာဘဲကိုး။

    • မှော်ဆရာ

      June 6, 2012 at 9:22 pm

      အရီးရေ …. ပန်းဝယ်ရတာတင် ၆၀၀ဝ ကျော်ပါတယ် ..ကျန်တာ ဘာညာစရိတ် မပါသေးဘူး .
      ဆုရဖို့ အတွက် လုပ်တာတော့ မဟုတ်ပါဘူး ..။ ဓါတ်ပုံကောင်းကောင်းလေးတွေ ကြည့်စေချင်တာပါ ..။
      ကျွန်တော့်ပုံကို ကြည့်တဲ့သူတွေ စိတ်ချမ်းသာတယ်ဆိုရင် ကျေနပ်ပါတယ်ဗျာ

      • ချစ်ရင်ထူးနှစ်

        June 7, 2012 at 9:47 am

        သိပါပြီတော် .. နောက်ဆို ဆင်ခြင်ပါ့မယ် .. ကျေးကျေးပါ
        ဒါနဲ့ — ကျန်တာ ဘာညာစရိတ် ဆိုတာ ဘာကိုပြောတာလဲဟင်င်င်င် .

  • ငပွကြီး

    June 6, 2012 at 9:20 pm

    ပုံတွေအားလုံးလှတယ်ဗျာ..ရှင်းပြပေးတဲ့အတွက် တိုးရှဲ့ပါ..ကျနော်တို့လိုဓါတ်ပုံပိုးဝင်သူတွေအတွက် တော်တော်ပညာရပါတယ်..များများသင်ပြပေးပါဗျာ……ဆရာတင်ပါတယ်..

  • Mလုလင်

    June 6, 2012 at 9:25 pm

    ဟဲဟဲ .. ရန်ကုန် သားတွေလက်သွက်တယ် ဆိုတာယုံပြီမလား … … ?????

    • မှော်ဆရာ

      June 6, 2012 at 9:28 pm

      ယုံပါပြီ ဆရာ …
      လိုက်မမှီပါဘူး ..

      • amatmin

        June 7, 2012 at 9:32 am

        အလဲ့ ..လက်သွက်တယ်ဆိုပဲ 🙂
        ကိုမှော်..ကျနော်တော့ ဘာမှ ဝင်မပြောတော့ပါဘူးနော်
        ဒါနဲ့ ပန်းသည်မလေးကို ခင်ဗျားဆိုင်ထဲမှာ တွေ့လိုက်မိသေးလားလို့.. 😆

  • မှော်ဆရာ

    June 6, 2012 at 9:26 pm

    စကားမစပ် ထန်းသီးသည်နဲ့ ပန်းသည် ဘယ်ပုံကို ပိုကြိုက်ကြပါသလဲ
    ပုံကို မေးတာပါနော် …
    ထန်းသီးသည်နဲ့ ပန်းသည် ယှဉ်ခိုင်းတာ မဟုတ်ပါဘူး .
    ကိုပေတို့ ကစည်တို့ ဖရဲတို့လဲ ကြောက်ရသေး .

    • အရီး Khin Latt

      June 6, 2012 at 9:30 pm

      အမှန်ပြောရရင် – ထန်းသီးသည် က ပိုပြီး ဈေးသည် သရုပ်ပီတယ် ထင်မိတယ်။
      ဓာတ်ပုံပညာ မှာတော့ ဘာမှမသိ လို့ စိတ်ထဲ ရှိရာ ပြောတာနော်။ 🙂

      • Mလုလင်

        June 6, 2012 at 9:33 pm

        ဟုတ်တယ် အရီးရဲ့ .. အဲ့ အလယ်က ထောင်နေတဲ့ ဝါးလုံးကြီး ချိုးလွှင့်ပစ် လိုက်ရမှာ … အဲ့ဒါ ဖျက်နေတာ ..

        • အရီး Khin Latt

          June 6, 2012 at 9:54 pm

          ဟဲ့ ဟဲ့ မောင်လုလင်
          အဲဒီကြီး ကို ချိုးပြီး လွှင့်ပစ်လိုက်တော့ အမိုး ကို ထောက်ထား တာဖြစ်လို့ ဆိုင်များပြိုသွားရင် ခြောက်ထောင် မက လျော်ပေး နေရဦးမယ်။

          ဓာတ်ပုံဆရာတို့
          ချစ်စရာ့ အရွယ်မှာ တော့ ဒါမျိုး အကြံတွေ ရှိရင် အန္တရာယ်ကြီးသကွဲ့။
          တော်ကြာ နှိပ်စက်မှု နဲ့ တရာ စွဲခံ နေရဦးမယ်။
          နောက်တာနော်။ 😉
          ဟိုတစ်ယောက် (မောင်အံ) ကျေးဇူး နဲ့ နာ့မှာ တိုတို မမန့် ရဲ လို့ လျှောက်ရေးနေရတယ်။ 😀

        • Mလုလင်

          June 6, 2012 at 9:59 pm

          အဟီး .. ကြပ်ပေးတာပါ အရီးရဲ့ .. ဘာပဲပြောပြော … ဘယ်လောက် မောမော .. ဒီ ပိုစ့် လေးကြည့်ရတာ အမောကိုပြေ သွားတာပဲ …

        • မှော်ဆရာ

          June 6, 2012 at 10:12 pm

          နင်အမောပြေတာ ထန်းသီးသည်ကို ကြည့်မိလို့မလား…
          တောက်စ်…
          ဓါတ်ပုံဆရာခြင်းတူတူ သူက လက်တစ်ဖက် ပိုသွက်သွားတာ နာသကွာ ..

  • မဟာရာဇာ အံစာတုံး

    June 6, 2012 at 9:31 pm

    တောက်စ် …
    နာ တော်တော် နောက်ကျ သွားပီကွာ ..
    အေမီလေးရယ် ..
    ချစ်စရာလေးပါလားကွယ် ..
    နောက်ကျ အပေါက်ဝ ဆိုပေမယ့် ..
    အေမီ အချစ်အတွက်ဆိုရင်တော့ တို့ကိုလေ .. ထိပ်ဆုံးမှာ ထားပေးပါတော့ကွယ် …
    အဟိ .. 😀
    အုမှော်ရေ …
    ကျုပ်လည်း ဝင်ပွားကြည့်၊ ဝင်ပြီး ရင်ခုန်ကြည့်ဒါဘာ ..
    အုမှော် ရိုက်ချက်တွေက တအား လန်းတယ်ဗျာ …
    ဒုတိယမြောက် ပုံက ကျုပ်တို့ရွာက မြင်ကွင်းအတိုင်းပဲ ….

  • ရွာစားကျော်

    June 6, 2012 at 10:36 pm

    ကိုမှော်ရဲ့ ဈေးသည်ပုံကို ဆင်ရိုက်ထားတာလေး ကိုလည်း အမှတ်ပေးမိတယ်ဆိုတာ ပြပွဲပို့စ်မှာကတည်းက ကျနော် မန့်လိုက်သေးတယ်
    ဒါပေမယ့် ဒီလောက် အားထည့်ထားမယ်လို့ ထင်မထားခဲ့ပါဘူး..
    ကိုမှော်ရဲ့ ဓါတ်ပုံပညာရော၊ ဝါသနာရော၊ အားထုတ်မှုလုံ့လကိုပါ ဆရာခေါ်သွားပါတယ်ဗျာ..

    စကားအတင်းစပ်လို့
    မိဖြဲ၊ အုပေ၊ အုဗိုက်၊ တိုရင်စီတူ၊ တိုအံစာ စသော ကစားသမား အားလုံးကို အနီကဒ်ပြ ထုတ်ပယ်ကာ
    Aမီ အလှကလေးအား .. ထိုင်စား..အဲ အဲ ကိုကိုရွာစားမှ ဒိုင်စားသွားပါသည်.. ဟီဟိ
    … ဒက်ဂလောက် ဒက်ဂလောက်

  • mgwalone

    June 6, 2012 at 11:42 pm

    Pro ကင်မပရာကလည်း မကိုင်နိုင်၊ ကိုင်ထားတာက Digital အစုတ်ကလေးနဲ့ဆိုတော့ ဝင်မပြခဲ့ပေမဲ့ ပညာတွေ အတော် ရပါတယ်။ စတင်စိတ်ကူး အကောင်အထည်ဖေါ်သူများကို ကျေးဇူးတင်ပါတယ်။ ပညာပိုင်ဆိုင်ရာတွေကို ရှင်းလင်း ဝေငှပေးသူများကိုလည်း ကျေးဇူးပါ။
    ကိုမှောဆရာ ပြောသလို ပန်းသည်ပုံမှာ ပန်းတွေ အပြည့်မပေါ်တာ ကျွန်တော် လည်း ပိုကြိုက်ပါတယ်။ ခေါင်းစဉ်က ဈေးသည် ဖြစ်တဲ့အပေါ်မှာ ရောင်းကုန်ထက် ရောင်းသူရဲ ့ အနေအထားကို ပိုမို ပေါ်လွင်စေတဲ့သဘော လို့ ကျွန်တော်နားလည်မိပါတယ်။ နောက်ပြီး Foreground နဲ့ Background ကို ဝါးလိုက်တာ (ဘိုခေးဆိုတာကို ရွာထဲရောက်မှ သိတာပါ) က ဈေးသည် (Subject) ကို ပိုပြီး ကြွသွားစေတယ် လို့ မြင်မိပါတယ်။ ဝါသနာရှင်တစ်ယောက်အနေနဲ့ ဆွေးနွေးတာပါ။ ပညာရှင် မဟုတ်ပါ။ မှားတာရှိရင် တောင်းပန်ပါတယ်။ ဝေဖန်အကြံပြုပေးဖို့လည်း ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။

  • Azzurri

    June 6, 2012 at 11:51 pm

    ဗရာကြော် …
    ကိုယ့်ဆြာ …
    ဒုတိယ နောက်ဆုံးပုံလေး ကို တို့ရင် ကြွတက်လာမှာဗျာ.. …
    ကျုပ်သာဆို ..ကန်းချင်ကန်း စွေချင်စွေ ..
    ၅နာရီလောက် အချိန်ပေး တို့လိုက်ချင်ပါရဲ့အေ….

    ကိုယ့်ဆြာ
    ကွန်ပူတာ သင်တန်းလည်း ပေးသကိုး …
    ကောင်းလေဇွ …

    ပြောင်း အကြောင်းနဲ့ …ဘယ် မမ မှာ ရိုက်တယ် ဆိုတာလေး
    သိရရင် အကောင်းသားဗျာ..

    ခင်တဲ့
    ဂီ

    • မှော်ဆရာ

      June 7, 2012 at 12:04 pm

      18-105 နိုက်ကွန် ED _ VR ဗျ …
      ပန်းရွေးနေတဲ့ပုံကတော့ ၁၈ တစ်ဆုံးပဲ …
      ပြပွဲတင်လိုက်တဲ့ပုံကျတော့ ၁၀၅ …. အဲ သူလဲ တစ်ဆုံးပဲ …

  • ရွှေ မင်း သား

    June 7, 2012 at 6:48 am

    ဆရာ မှော်…….
    ပန်းသည် ပုံလေး ဖြစ်လာပုံ ကို ဆရာမှော ် ပြောပြမှဘဲ ရှင်းသွားတာဘဲဗျာ။ နောက်ပြီး ဆရာမှော် ရဲ့ ဂေဇက်ပေါ် ထားတဲ့ စိတ်သဘောထားလေးကို မြင်လိုက် ၊ သိလိုက်ရလို့ အရမ်းကို သဘောကျမိတယ်။ ကျနော် အကြိုက်ဆုံးစာသားလေးက
    “ရွာရဲ့ ဓါတ်ပုံအဆင့်အတန်း တိုးတက်ရေးအတွက်လဲ ကျွန်တော့အနေနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်နှိုင်ရမယ်လို့လဲ သတ်မှတ်ထားပါတယ်။”

  • ကြောင်ဝတုတ်

    June 7, 2012 at 9:39 am

    ကျွန်တော်ကြိုက်တဲ့ဟာလေးပါ…ကိုမှော်…. (ဓာတ်ပုံကိုပြောတာနော်)
    အပင်ပန်းခံရိုက်ထားတဲ့ပုံလေးမှန်း အရင်ကတည်းက ရိပ်မိပါတယ်…
    ကိုမှော်ရဲ့လာရာတွေကို ဆက်လက်စောင့်မျှော်ဆဲ…

    ခိုက်ခဲ့သူ-
    ကြောင်ဝတုတ်

    • မှော်ဆရာ

      June 7, 2012 at 9:44 am

      ကျွန်တော့ လာရာ ဆိုတာ ဘာလဲဟင် … 🙂
      ပုံလေးကြည့်ပြီး စိတ်ချမ်းသာရင် ကျေနပ်ပါတယ်ဗျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 7, 2012 at 9:46 am

    ဟုတ်ဒယ်
    ပေါက်ကွဲထိုက်တယ်
    ဖေါက်ခွဲဘလိုက်ဗျာ
    ပြေးဘီ
    ဂွီဂွီဂွမ်ဂွမ်

  • ahnyartamar

    June 7, 2012 at 9:52 am

    ဓာတ်ပုံတွေကတော့ တကယ့် မှော်အစွမ်းရှိပါတယ်။ မှော်ဆရာရဲ့ ပန်းခင်းထဲ မှာ ပန်းသယ်လေး ပန်းခူးချိန်၊ လာလည်ချင်ရင်ဘယ်လိုလုပ်ရမလဲ ဦးဦးမှော်ဆရာရေ…….

    • မှော်ဆရာ

      June 7, 2012 at 8:05 pm

      အသံလေးသာ ပြုလိုက်ပါဗျာ..
      ရေမီးအစုံ ဖြစ်စေရပါ့မယ်

  • shwe kyi

    June 7, 2012 at 11:04 am

    အမှတ်တရ ပန်းသည်ဆိုတဲ့ပုံလေးကိုကြည့်ပြီး ကြည်နူးရပါတယ်။
    ဓါတ်ပုံ ကောင်းတစ်ပုံထွက်ဖို့အတွက် အချိန် နေရာ အနေအထားတွေအားလုံး တွက်ချက်ပြီးရိုက်ရတယ်ဆိုတာ
    နားလည်သွားပြီ။

  • မှော်ဆရာရေ ဆုရတယ်လို့ မသုံးချင်ပါဘူး ။
    ကြည့်သူတွေအများကြီးကြိုက်တယ်လို့ ပြောချင်ပါတယ်။
    ဂုဏ်ယူ
    ကျနော့်ကတော့ သဘာဝကို ကြိုက်တော့ ထန်းသီးသည်လေးပုံကိုကြိုက်ပါတယ်။
    ခင်ဗျားပုံလေးတွေရတော့ တကယ်ကိုကြိုးကြုးိစားစားနဲ့လိုက်ရှာပြီးရိုက်ထားတာကို တွေ့ရတော့
    အမှန်တိုင်းပြောရင် ကျနော်က ကရှက်သွားတယ်ဗျ။.
    အခုကျနော်တင်လိုက်တဲ့ပုံက 2011 က ရိုက်ထားတာလေး။
    သတင်းဓါတ်ပုံလိုအတွေးတွေပါတဲ့ပုံလေးဆိုတော့ သဘောကျမိပါတယ်။
    အစက ရှမ်းပြည်အောင်ပန်းက ပုံတွေတင်မယ်စိတ်ကူးတာ။
    တော်ကြာ ကျနော်မှန်းသိသွားမှာစိုုးလို့မတင်မဘဲ ပုံပြောင်းတင်ဘို့ဆုံးဖြတ်လိုက်ပါတယ်.
    ါဒါပေမယ့်
    ခင်ဗျားတို့က အသစ်ကို အားစိုက်ပြီးရှာတယ်။
    ကျနော်ကတော့အသစ်မရှာဘဲ အပျင်းထူပြီးအဟောင်းပြန်ရှာတင်တယ်။
    အဲတော့ ပြီးစလွယ်သဘောဆောင်သွားတဲ့ ကျနော် နည်းနည်းလေးတော့ရှက်သွားပါတယ်ဗျို့။

    • မှော်ဆရာ

      June 7, 2012 at 12:59 pm

      ဆုဆိုတာကို မရည်မှန်းခဲ့ကြပဲနဲ့ ဂေဇက်ရွာသူ ရွာသားတွေကို ဓါတ်ပုံပညာနဲ့ အကျွမ်းတဝင် ရှိစေချင်တဲ့ စိတ်စေတနာနဲ့ ရွာသူရွာသားထဲက ပရိုသမား အားလုံး ပြပွဲကို ဝင်ရောက်ပြသခဲ့ပါတယ်..။
      စေတနာသာ အဓိကပါ ဦးပေါက်ရယ် ..

  • blackchaw

    June 7, 2012 at 2:00 pm

    ပုံကောင်းတစ်ပုံရဖို့ ဘယ်လို
    အပင်ပန်းခံခဲ့တယ်ဆိုတာ
    ဝေမျှပေးတဲ့ အတွက် ကျေးဇူးပါ မှော်ဆရာရေ့…။
    :mrgreen:

  • manawphyulay

    June 7, 2012 at 2:41 pm

    အင်း ဒီလိုမှန်းသိ မော်ဒယ်ဖြစ်လည်း နည်းလား မှော်ဆရာဆီမှာ သင်တန်းလာတက်ပါတယ်။ မော်ဒယ်ဖြစ်ချင်လို့ပါ။ 😛
    မှတ်ချက်။ ။ မယ်တော် မဖြစ်ချင်ပါ။ 🙂

  • kai

    June 7, 2012 at 3:04 pm

    ထန်းသီးသည်ပုံလေးကြိုက်တယ်..
    နေရောင်မျက်နှာဖြတ်ထွက်နေတာလေးတောင်ပါသေး..
    အရောင်တော့မစုံဘူး..
    အဖြူအမဲပြောင်းပြီး… အလင်းအမှောင်တင်လိုက်ရင် ဘယ်လိုနေမယ်မသိဘူး.. 🙂

    • မှော်ဆရာ

      June 7, 2012 at 4:03 pm

      mid tone များပြီး ကွန်းထရပ် နဲတယ် သူကြီးရဲ့ …
      အဖြူအမဲဆို မကောင်းဘူး …
      အခုပုံတောင် ဘေးက ဖက်ရွက်အစိမ်းရောင် ပါသွားလို့ ခံသာတာ ..

  • Shwe Ei

    June 7, 2012 at 3:59 pm

    မှော်ဆြာလဲ တော်တယ် မော်ဒယ်လဲ ချောတယ်။
    တော်သေဘီ၊ အိပ်လိုက်အုံးမယ် Zzzz
    😡

  • မှော်ဆရာရေ ညီလေးပြောတဲ့သဘောကို နားလည်ပါတယ.်။
    ဆု ဆိုတဲ့ စကားလုံးကို သုံးရင် ဖွ လာတဲ့ သူတွေရှိလာမှာစိုးလို့ကြိုပြောထားတာပါ။
    ကျနော်အနေနဲ့ကတော့ ဆုတွေဘာတွေ ခေါင်းထဲမှာမရှိပါ။
    အခုတလော ဘာမဟုတ်တာလေးကို ဖွ ဖွနေလို့ စကားအသုံးအနုံးကို ပြင်ပေးတာပါ။
    စေတနာအဓိကမှန်းသိပါတယ်။
    စေတနာမပါရင် ပုံတင်တာ စာရေးတာ ဘယ်သူမှ မလုပ်တာ သေချာပါတယ်။.

    • မှော်ဆရာ

      June 7, 2012 at 6:06 pm

      ကျွန်တော် ဦးပေါက်ကို ပြောတာ ဆုကို ပြန်ပြောတာ မဟုတ်ဘူး ဦးပေါက်ရဲ့
      ဦးပေါက်က ၂၀၁၁ တုန်းက ပုံကို ပြန်တင်တယ်ဆိုလို့
      ဦးပေါက်ရဲ့ စေတနာကသာ အဓိကပါလို့ …
      ဦးပေါက်လဲ ရှက်စရာ မလိုပါဘူးလို့ ပြန်ပြောတာပါ ဦးပေါက်ရယ် ..
      ဦးပေါက် ဂေဇက်အပေါ် ထားတဲ့ စေတနာကို သိပြီးသားပါ ..
      ဆုကိစ္စ သတိပေးတာတော့ ကျေးဇူးတင်ပါတယ် ဦးပေါက်ရယ် .
      လေးစားစွာဖြင့် မှော်ဆရာ .

  • ညလေး

    June 7, 2012 at 4:45 pm

    တကယ့်ကိုမှော်ဝင်နေတဲ.လက်နဲ.များရိုက်တာလားနော်……
    ဦးဦးမှော်ရဲ.ရိုက်ချက် ရိုက်ကွတ်လေးကိုလေ့လာ မှတ်သားသွားပါတယ်…..
    ခုလိုတင်ပေးလို.လဲကျေးဇူးအများရီးတင်ပါတယ်……..
    ညလေးတို.လို……..အတွေ.မြင်အတတ်သင်သမားတွေအတွက်အရမ်း ကို
    အရေးပါအရာရောက်တဲ.ပိုစ့်လေးဖြစ်ပါတယ်….

  • Crystalline

    June 8, 2012 at 9:49 am

    ဦးဦးမှော်ဆရာကိုသနားလိုက်တာ…သူ့ခမျာ ဓါတ်ပုံပညာသင်ခန်းစာပေးလိုက်ရတာ ဖတ်ဖတ်ကိုမောလို့…အဲဒီအချို့လူကြီးတွေကလေ…ပေးတဲ့ပညာထက်…မော်ဒယ်လေး ကိုပိုပြီ်းစိတ်ဝင်စားဆွေးနွေးနေကြတယ်…အဲဒါပြောတာပေါ့ ခံစားချက်နောက်ကိုလိုက်တဲ့ သူများပါတယ်လို့

  • သကြားလုုံးကြော်

    June 8, 2012 at 12:08 pm

    စိတ်ကြိုက်မရမချင်း ရိုုက်တဲ့ လုုံံ ့လဝီရိယကိုုလေးစားပါတယ်။ snapshot မဟုုတ်ဘဲစီဆင်ပြီးရိုုက်ထားတာနည်းတဲ့ commitment မဟုုတ်ပါ။ ဒါ့ကြောင့် ပြပွဲတင်ထားတဲ့ပုုံတွေထဲမှာ ဒီပုုံအကြိုက်ဆုုံးပါ။ member အသစ်ဆိုုတော့မတရားမှာစိုုးလိုု ့မ vote လိုုက်ပါ။ ပုုံထဲကကောင်မလေးရဲ့ ညာဖက်တံတောင်ဆစ်ကလိမ်မနေရင် ပိုုကြည့်ကောင်းမယ်ထင်ပါတယ်။

  • snow white

    July 4, 2012 at 6:48 pm

    colour ကလန်းတယ် ဓာတ်ပုံရိုက်ချက်ကလည်း တကယ့်ပညာရှင်လက်ရာမြောက်တယ် တကယ် ကို ကြိုက်ပါတယ် မန်းရွာထဲမှာဓာတ်ပုံဆရာတော်တော်များတယ် ဒါကြောင့်ဓာတ်ပုံပြိုင်ပွဲလုပ်ပေးတာ အရမ်းမကောင်းတဲ့ အစီစဉ်ပါဘဲ ။။။။။

Leave a Reply