The Queen’s Diamond Jubilee

အမှန်က အေးအေးဆေးဆေး ရေးပြီးမှတင်မလို့ ပါဘဲ။
ဒါပေမဲ့ ရွာထဲ မှာ အပြောင်းအလဲပုံလေးတွေများ ကြည့်ချင်ကြမလားလို့။ 🙂
ဒီလို ခေတ်ကြီးထဲ မှာ သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတာ မရှိသင့်တော့ဘူးလို့

ပြောလိုသူများ ရှိနိုင်ပေမဲ့

ဒီ အဲလိဇဘက်ဘုရင်မကြီး နဲ့

သူမ ကချစ်သော ပြည်သူများ၊

သူမကို ချစ်သော ပြည်သူများ ရဲ့ ရုပ်ပုံမြင်ကွင်း တွေကို မြင်နိုင်ပါတယ်။
မိုးတွေရွာနေတဲ့ ကြားထဲ က ကို သူတို့ ဘုရင်မကြီး အတွက် အားပေးနေကြတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေပါ။
တိုးရစ်စ် တွေ လဲအပြည့်ပါဘဲ။

“Elizabeth the Great” ဆိုတဲ့ ဆိုင်းဘုတ် တွေ ကိုင်ထားကြတာ ဘယ်သူမှ ခိုင်းလို့ မဟုတ်ပါဘူး။

လူဆိုတာ က မေတ္တာတရား ရဲ့ အောက်မှာ ရှင်သန်နေသင့်ပါတယ်။
ကိုယ့်ကိုချစ်စေချင်ရင် သူ့ကိုလဲ ချစ်ရပါမယ်။
တိုင်းပြည် အကြီးအကဲ ဆိုတာ ပြည်သူ ကို စိတ်ချမ်းသာစေရအောင် အမြဲ ကြံဆောင်ရပါမယ်။
ဒါမှ သာ သူတို့ ရဲ့ အားကိုးတဲ့၊ လေးစားတဲ့၊ ချစ်ခင်တဲ့ အကြီးအကဲ ဖြစ်ပြီး ပြည်သူ့ မေတ္တာကို ခံယူရရှိနိုင်မှာပါ။
လူတစ်ယောက်ကို ရင်ထဲက အမှန်အကန် ချစ်တယ် ဆိုတာ အလကား နဲ့ မရပါဘူး။
အာဏာ နဲ့ မရပါဘူး။
မေတ္တာ ကို မေတ္တ္တာ နဲ့ ဘဲ လဲ လို့ရပါတယ်။
ရွာသူ/သား များ ဒီ ပုံလေးတွေ ကြည့်ပြီးမေတ္တာကူးကာ ပျော်ရွှင်ကြပါစေ။ 🙂

ဒီပုံတွေကို telegraph က နေ ကူးယူ တင်ပြပါတယ်။
http://www.telegraph.co.uk/news/uknews/the_queens_diamond_jubilee/

queen-carriage towards Buckingham Palace

queen-Guardsmen
queen-Westminster Hall
queen-balcony
flypast-overhead (red arrows)
queen-crowd-mall

လူတွေအရမ်းများပေမဲ့ အတော် စည်းကမ်းရှိကြတာ ပါဘဲ။ အတုယူစရာပါ။

 

 

27 comments

  • ဗိုက်ကလေး

    June 6, 2012 at 8:03 pm

    အကို အူးလေး အန်တီ ဂျီးဒေါ် အရီးလတ် ခင်ညား..
    ပုံလေးဒွေကြည့်တွားပါဒယ်..
    အပေါ်က စာသားတွေကတော့ ရပိထ် ဖြစ်နေတယ်ခင်ည
    တင့်ခရု..
    အရီးလေးနဲ ့ အမျိုးမတော်တဲ ့ဗိုက်ကလေး..

    • အရီး Khin Latt

      June 6, 2012 at 8:11 pm

      ဦးဦးဖျားဖျား အားပေးတာ ကျေးဇူးပါ မောင်ဗိုက် ကလေး ရယ်။
      ကိတ်မစ်ဒ်လ်တန် လိုဟာလေး အနားမှာ အပူအအေးကမ်းဖို့ ရပါစေ တော်။ 🙂
      Repeat တွေပြင်ပြီးကြောင်း သတင်းပို့။ 😉

  • ဒတ်ခင်လော် ဒေါ်ခင်လတ်ရေ
    အခုရက်ပိုင်းအတွင်း ရွာထဲဝင်ပြီး ဖတ်ရတဲ့ စာတွေက သိပ်စိတ်ရှုပ် သိပ်စိတ်ပျက်စရာကောင်းတာဘဲ ဗျာ
    တင်မယ်လုပ်ထားတဲ့ ပို ့စ်အတိုလေးတွေ ၊ ရေးဖို ့စိတ်ကူးထားတဲ့ အတိုအထွာလေးတွေတောင် ၊ ရွာထဲရောက်လို ့စာဖတ်ဖြစ်သွားရင် တင်ချင်စိတ် ရေးချင်စိတ် ပျောက်သွားရော ။
    အခုလို ညစ်စရာတွေကြားမှာ
    အရီးလတ် ရဲ ့ပို ့စ် လေးဟာ စိတ်ချမ်းသာစရာကောင်းလိုက်တာဗျာ ။
    ကျုပ်တို ့မြန်မာနိုင်ငံမှာလဲ ၊ အဲဒီလို ဖြစ်ဖို ့ဆိုရင်
    ဘယ်နှနှစ် ဘယ်နှနှစ်

  • etone

    June 6, 2012 at 8:45 pm

    အရီးလတ်ရေ … ဘုရင်မကြီးက အသက်ခြောက်ပြည့်မွေးနေ့ကို လေးရက်ကျင်းပမယ်တဲ့လေ …. ။
    သူတို့နိုင်ငံက ဘုရင်စနစ်က အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခြင်းမျိုးမဟုတ်ဘူးထင်ပါရဲ ့နော် …. ။
    အားလုံးကလည်း ပြုံးလို့ ပျော်လို့….. 🙂

    • အရီး Khin Latt

      June 6, 2012 at 9:00 pm

      တုံကလေး

      မှတ်ချက်လေး အတွက် ကျေးဇူးနော်။
      အခုပွဲ က ၂၀၁၂ – ဘုရင်မ နန်းတက် သက်တမ်း ၆ဝပြည့် စိန်ရတုပေါ့။
      သူ့အသက် က ၈၆နှစ် ရှိပြီ။
      ၂၀၀၂ တုန်းက နန်းတက် သက်တမ်း ၅ဝပြည့် ရွှေရတု။
      နောက် ၁ဝနှစ် ၂၀၂၂ ကျလို့ သူရှိသေးရင် “နန်းသက်တမ်း ၇၀” ပလက်တီနန် ရတု (Platinum Jubilee) တဲ့။
      လူတိုင်း က သူ့ကို အသက်ရှည်ပါစေ ဆုတောင်းကြပါတယ်။
      ဘုန်းကြီးလို့ သက်ရှည်၊ လူချစ်လူခင် လဲများပေါ့။
      ဒါပေမဲ့ သူ့ကြင်ယာတော် ဖိလစ် မင်းသားကြီး က ဆေးရုံမှာ။
      ပထမ ရက် ပွဲ တစ်ပွဲ ကိုဘဲ ပါနိုင်တယ်။

      ဒါနဲ့ စကား အတင်းစပ် – ထိုင်းဘုရင် က ၂၀၁၆ မှာ “နန်းသက်တမ်း ၇၀” ပလက်တီနန် ရတု Platinum Jubilee ကျင်းပမှာ။
      အသက် ၈ရ မှာဖြစ်မယ်တဲ့။

      • pooch

        June 6, 2012 at 11:33 pm

        ၂၀၁၆ ရဲ့ ပလက်တီနမ်ရတုမှာ သွားလည်နိုင်ရင် သိပ်ကောင်းမှာပဲ။ ဘုရင့်မွေးနေ့ တွေ အထိမ်းအမှတ်နေ့တွေမှာ ပစ္စည်းတွေ ဈေးလျော့ရောင်းလေ့ ရှိတယ်ပြောကြတယ်။ အခမ်းအနားတွေ အပြင်အဆင်တွေလည်း လှမှာပဲ ။ အထူးသဖြင့် သစ်ခွတွေပေါ့ ။ အဲ့ဒီနှစ် သူတို့တိုင်းပြည် ခရီးသွားတွေ တိုးအုန်းတော့မှာပဲ။

        အရီးရေ The king’s speech ကိုကြည့်တုန်းက ဘုရင်မဇာတ်ရုပ်က ကလေးဘဝလေးပဲ ပါတယ်မှတ်တာပဲ။ ဟိုးအရင် ဘုရင်မကြီး အကြောင်းတော့ ကြည့်ဖူးတယ်။

        ဒီလိုစည်းကမ်းရှိတာလေး မြင်ရတော့ အရီးရယ် ကိုယ့်မြေကိုယ့်ရေက ကိုယ့်အမျိုးတွေရော ကိုယ်တိုင်ကိုရော ပြန်ကြည့်ပြီး စိတ်မကောင်းဖြစ်လိုက်တာ။

        • အရီး Khin Latt

          June 7, 2012 at 2:29 am

          Pooch လေးရေ
          မှတ်ချက်လေးအတွက် ကျေးဇူးနော်။
          ၂၀၁၆ ဆိုတော့ ၄ နှစ်အတွင်း ထိုင်းနိုင်ငံ က ဘယ်လောက် ထူးပြီး ပြောင်းလဲမယ် မသိဘူး။
          အရီး တို့တိုင်းပြည် ကတော့ လမ်းမှန်ပေါ် ရောက်သွားလို့ ကတော့ အများကြီး တိုးတက်ပြောင်းလဲ သွားမယ်လို့ ယုံကြည်တာပါဘဲ။
          အားလုံး အသိမှန်မှန်၊ စိတ်ဓာတ်မှန်မှန်၊ စည်းစည်းလုံးလုံး ရှိဖို့ ဘဲလိုပါတယ်။
          တို့ မြန်မာပြည်သူ/သား တွေ မညံ့ကြပါဘူး မဟုတ်လား။ 🙂

  • water-melon

    June 6, 2012 at 8:53 pm

    ဒါနဲ့ အင်္ဂလန်ဘုရင်မကြီးနဲ့
    သားသားနဲ့မွေးနေ့မွေးရက်တူတယ်ချင့် 21.4.1991
    အဟီ
    ကျေးဇူး အူးလေးခင်လတ်

    • ကိုဖရဲက ကျနော့်ညီ အလတ်ကောင်နဲ ့အသက်တူတာပေါ့။
      အရီးလတ်ရေ ဘုရင်မကြီးက အသက်နဲ ့မလိုက်အောင် နုပျို
      တုန်းနော်။

  • Thel Nu Aye

    June 6, 2012 at 8:55 pm

    အားကျလိုက်တာ အရီးလတ်ရေ။ မြန်မာပြည်လဲ ဖြစ်စေချင်ပါတယ်။ ပြည်သူချစ်သော ပြည်သူလို လားသော နိုင်ငံ့ခေါင်းဆောင်ကို အခုလိုပဲ ခမ်းခမ်းနားနားဂုဏ်ပြုချင်ပါတယ်။

  • အရီး Khin Latt

    June 6, 2012 at 9:08 pm

    ကပေ၊ “အတွဲလေးနဲ့ မောင်ဖရဲ”၊ သဲနု တို့ရေ

    မှတ်ချက် လေးတွေ အတွက် ကျေးဇူးပါ။
    အမှန် က ခေါင်းဆောင်ကောင်း ကျင့်ဝတ် ပီသ မယ်၊ အရာရာကို မျှတတဲ့ အမြင်နဲ့ကြည့်မယ်၊ ပြည်သူကို ရင်ဝယ်သားလို စောင့်ရှောက်မယ် ဆိုရင် ဘယ်ခေါင်းဆောင်မဆို ချစ်ဖို့ကောင်းမှာပါဘဲ။
    အရီးတို့ ပြည်မှာက အုပ်ချုပ်သူ ဆိုပြီး ပြည်သူ ဆိုတာကို လူတွေလို့ကို မထင်လို့ ခက်နေရတာပါ။

  • MaMa

    June 6, 2012 at 9:39 pm

    ကြည့်ရတာ ကျက်သရေ ရှိလိုက်တာ။
    မင်္ဂလာ ရှိလိုက်တာ။
    ဘုန်းကြီးလို့ အသက်ရှည်တယ်ဆိုတာ တကယ့်လောကချမ်းသာပါပဲ။ 🙂

  • မဟာရာဇာ အံစာတုံး

    June 6, 2012 at 9:41 pm

    အရီးလတ်ခင်ဗျာ ..
    ပုံလေးတွေကို ကြည့်သွားပါတယ်နော် ..
    ပုံတွေကို ကြည့်ရင်းနဲ့ ..
    ဟို Jonny English ဆိုတဲ့ ဟာသ ဇာတ်ကားကို သွားပြီး သတိရလိုက်မိသေးတယ် ခင်ဗျာ့ ..
    ပီးဒေါ့လည်း မဆီမဆိုင် တွေးလိုက်မိသေးတယ် ..
    ရှည်လွန်းတဲ့ သံသရာမှာ …
    ငါရော အဲ့လို ဘုရင်ဂျီး ဖြစ်ခဲ့မှာဘဲလို့ .. အဟီး … 😀

  • ဇောက် ထိုး

    June 6, 2012 at 10:01 pm

    သဒိတံ ပါကံ ဇနေတိ..တဲ့။ တူမျှတဲ့ အကျိုးကိုရတယ်တဲ့။ မေတ္တာပေးလို့ မေတ္တာ ရတာ.. ဒါသဘာဝပါ။ ဗြဟ္မစိုရ် တရား ၄=ပါးကို အမြဲကြားနာနေရတဲ့ နိုင်ငံပါ။ အထင်မစမောပါနဲ့။ ကြည့်ထား သူတို့ နိုင်ငံမှာ ဗြဟ္မစိုရ်တရားဆိုတာ သိရဲ့လား… ဒါပဲ။ တော်ဘီ။

  • ahnyartamar

    June 6, 2012 at 10:05 pm

    တအိမ်တစ်ယောက် မလာမနေရ ခေါ်ထားတာလားများ…ဟင်….

  • အရီး Khin Latt

    June 7, 2012 at 3:01 am

    မောင်ဖရဲ – အခု မှ ၂၁နှစ် ဘဲ ရှိသေးတယ်။ မိန်းမယူဖို့ကြံနေပြီလား။ 😀

    ဦးနှစ်ဦး ရေ – ၈၆နှစ် ဆိုပေမဲ့ တွဲစရာ မလို၊ သူ့ဟာသူ အတက်အဆင်း ကောင်းကောင်း လုပ်နိုင်သေးတယ်။
    တို့များ ရဲ့ အဖွားတွေ အများစုကတော့ ဘေးကတွဲပေးမှကြိုက်ကြသလားဘဲ။
    မှတ်ချက်လေးအတွက် ကျေးဇူးပါ။ 🙂

    မမရေ – ဘုန်းကြီး တာက တော့အတိတ်ကံ လို့ ပြောရမလား။ (သူကြီးမင်း မဖတ်ရ။)
    သက်ရှည် တာက တော့ အတိတ်ကံ နဲ့ သူ့ရဲ့ လက်ရှိ ကျန်းမာရေး ဂရုစိုက်မှုတွေပေါ့။
    လူချစ်လူခင်များ ရတာကတော့ သူရဲ့ လူတွေ အပေါ် ထားရှိတဲ့ စိတ်စေတနာ နဲ့ဘဲ ဆိုင်နိုင်ပါတယ်။
    ထင်တာဘဲ။
    မှတ်ချက်လေးအတွက် ကျေးဇူးနော်။ 🙂

    မောင်အံရေ – ဘုရင်ဆိုရင် ဟင်နရီ (၈) သာ ဖြစ်လိုက်။
    တရားဝင် မိဖုရား ၆ယောက် ရှိတယ်။ (တစ်ပြိုင်ထဲတော့ မဟုတ်ပါဘူး)
    မှတ်ချက်လေးအတွက် သင်းခရု။ 🙂

    ကိုယ်တော်ဇောက် ရှင့်
    ကြွရောက်အားပေးချီးမြှင့်တာ ကျေးဇူးပါ။
    သူတို့ နိုင်ငံမှာ ဗြဟ္မစိုရ်တရားဆိုတာ နားလည်မှာ မဟုတ်ပါဘူး ဖျာ့။
    ဒါပေသည့် သူတို့ ကျင့်ကြံ နေတာ အဲဒီလိုပါဘဲ ဖျာ့။
    ကိုယ်တော့် Post တွေ ဝင်ဖတ်ပါတယ်။
    မှတ်ချက်ပေးမလို့ အတွေး ဖြစ်လိုက်၊ နောက် ပျက်သွားလိုက် နဲ့ ဖြစ်/ပျက် ရှု နေရပါတယ် ဖျာ့။
    မောင်ပေ နဲ့ မောင်ဗိုက် ကိုသာ မလွတ်တမ်း ဟောပါ ဖျာ့။ 😛

    ကိုအညာတမာ ရှင့်
    လာသူတိုင်း ကို အိုင်ဖုန်း လက်ဆောင်ပေးတာတဲ့။
    အားပေးတာ ကျေးဂျူး ကမ္ဘာပါရှင်။ 🙂

  • ကြောင်ကြီး

    June 7, 2012 at 8:50 am

    မြန်မာဘုရင်တွေ သက္ကရာဇ်ဖြိုတဲ့အခါ စည်းကမ်းဖောက်သတဲ့.. အရီးလတ်တို့ ဘုရင်မဂျီးလည်း ဘာထူးလဲ.. ဝီကီပီဒီးယားမှာ ဟောဒီလိုဆိုတယ်.. A Diamond Jubilee is a celebration held to mark a 75th anniversary, but only the 60th anniversary in the case of a monarch (e.g. length of time a monarch has reigned).[1] Traditionally, the diamond jubilee or anniversary of a person was also on the 75th anniversary. This changed with the diamond jubilee of the English Queen Victoria’s reign. There was considerable national unrest when Queen Victoria largely withdrew from public life after her husband’s death in 1861. It was decided to bring the diamond jubilee forward to the 60th anniversary on 22 June, 1897. The Diamond Jubilee of Queen Elizabeth II, celebrated on 2 June, 2012, was only the second in the country’s history.[2]
    ကျောင်းတက်တုန်းက ဆရာပြောတာ အမှတ်ရတယ်။ အင်္ဂလန်မှာ စဉ်းမျဉ်းခံဘုရင်စနစ်ကို ဖျက်သိမ်းသင့်မသင့် ဆွေးနွေးငြင်းခုံဂျဒယ်။ လက်ခံသူများက အစဉ်အလာဖြစ်တယ်။ ကန့်ကွက်သူများက တိုင်းပြည်အတွက် အလကား အသုံးမကျဘူးဆိုတယ်။ ဒါနဲ့နောက်ဆုံးမှာ ဆက်လက်ထားဖို့ သဘောတူလိုက်ကျတယ်..အကြောင်းပြချက်က ကမာ္ဘလှည့်ခရီးသွားလုပ်ငန်းအတွက် အရေးကြီးတဲ့ အထောက်အကူဖြစ်တယ်။ အကောင်းဆုံး တိုးရစ်ဆိုက်ထဲမှာပါတယ်၊ တိုင်းပြည်အတွက် နှစ်စဉ်စတာလင်ပေါင်ဘီလျံနဲ့ချီ ရှာပေးတယ်။ အဲဒါကို ကန့်ကွက်သူများ ပြန်လည်ချေပနိုင်ခဲ့ပုံမရဘူး။ ဦးဖောတို့ ဩစတေးလျမှာလည်း ၂၀၀ဝခုနှစ် မတိုင်ခင်တုန်းက အင်္ဂလန်ဘုရင်မကို အရိုအသေပေးရတဲ့ စည်းမျဉ်းခံအစဉ်အလာစနစ် ဖျက်သိမ်းဖို့ ကြိုးပမ်းကြပေမဲ့ မဲကပ်ရှုံးသွားတယ်။ အဲဒီနောက်တော့ ဘာမှထပ်ပြောသံ မကြားတော့ဘူး။။။

  • ahnyartamar

    June 7, 2012 at 9:45 am

    အရီးလတ်ရေ…မြန်မာပီသရခဲ့တဲ့ နှစ်တွေက ၄ဝ ကျော်လာပြီဆိုတော့ လူစုစုမြင်တိုင်း တအိမ်တစ်ယောက် ခေါ်ထားတာကို မမေ့နိုင်သေးလို့ပါ။ အခုတော့ ကျတော်တို့ဆီမှာ အဲဒီလို တအိမ်တစ်ယောက် မလာမနေရ မခေါ်တော့ဘူးထင်တာပဲ။ မဆလတို့၊ နအဖတို့၊ နဝတတို့ ခေတ်ကတော့ တကယ်ရှိခဲ့တာပါဗျို့။

  • Khaing Khaing

    June 7, 2012 at 11:05 am

    အရီးလတ်ရေ ………. ဘုရင်မကြီးမွေးနေ့ကို တိုင်းသူပြည်သားများက ချစ်ခင်လေးစားစွာ သောင်းသောင်းဖျဖျ အားပေးခဲ့ကြပုံပါပဲ …….. မြန်မာနိုင်ငံမှာတော့ အမေစုမွေးနေ့လုပ်ခဲ့ရင်သာ ဒီလိုသောင်းသောင်းဖျဖျအားပေးတာကို မြင်တွေ့ရမယ်ထင်ပါရဲ့ ….. တခြားလူတွေကတော့ လူထုကြားထဲ ကိုမတိုးရဲသလို လုပ်လို့လည်း မည်သူကမျှ ချစ်ခင်လေးစားမှာမဟုတ်လောက်ဘူး ………. ဘုရင်မကြီးရဲ့ မျက်နှာလေးကပြုံးရွှင်ပြီး အပြစ်ကင်းလှပါတယ် သူ့နံမည်နဲ့ထုတ်ထားတဲ့ ရေမွှေးတွေကိုတောင် အားလုံးက အမြတ်တနိုးတန်ဖိုးထား သုံးစွဲကြရပါတယ် …… မြန်မာနိုင်ငံက ချစ်စရာလေးတွေကတော့ နံမည်တူရင် တောင် အားလုံးကရွံကြောက်ကြီးပါ …. ရွာထဲမှာပဲကြည့် မိုက်ကယ်ဂျော်နီအောင်ပုဆို သူ့ရဲ့Avata ပုံကြောင့် တော်တော်လေးကို အမြင်ကပ်စရာပါ ….. သူ့အပြောအဆိုနဲ့သူ့ Avata ပုံအလွန်ပဲလိုက်ဖက်လှတယ်လို့ ယူဆမိပါတယ် …….. အဟဲ ကိုအောင်ပု စိတ်ဇိုးနဲ့နော် ဥပမာလေးပေးချင်လို့ပါ ……

    အရီးရေ ကျေးဇူးပါနော် ဒီပို့စ်လေးအတွက်ပေ့ါ …….. သမီးကိုယ်တိုင်ကလည်း ဘုရင်မကြီးနံမည်နဲ့ရေမွေး တစ်မျိုးကို အရမ်းကြိုက်နှစ်သက်နေပါတယ် ……….

    ခင်မင်လေးစားစွာဖြင့်
    Khaing Khaing

    • kai

      June 7, 2012 at 3:24 pm

      Elizabeth Arden ကိုပြောတာဆိုရင်တော့.. ဘုရင်မနဲ့မဆိုင်ပါဘူး..
      အဲ.. နာမယ်ကတော့ တူတယ်ပေါ့…။

      In 1909 Arden formed a partnership with Elizabeth Hubbard, another culturist. When the partnership dissolved, she coined the business name “Elizabeth Arden” from her former partner and from Tennyson’s poem “Enoch Arden”.

  • kyi saung

    June 7, 2012 at 2:48 pm

    အရီးလတ်ရှင့်
    နိုင်ငံခြားများသွားကိုသွားရမယ်ဆိုရင် ကနေဒါ ပြီးရင်အသွားချင်ဆုံးက အင်္ဂလန်ပါဘဲ ၊
    သူများတွေကအေးစက်စက်နဲ့ မကြိုက်ဘူးပြောကြပေမဲ့ ကြည်ဆောင်းကတော့အင်္ဂလန်ကို နှစ်သက်မိတယ်၊
    ဖလန်းဖလန်းထနေတဲ့ အမေရိကား နဲ့တော့ တခြားစီဘဲနော် ။ အင်္ဂလန်ရောက်နေတဲ့ အရီးလတ်ကို အားကျမိတယ်။ကြိုက်နှစ်သက်မိတဲ့ နိုင်ငံ အကြောင်းရေးပေးတဲ့ အရီးလတ်ကိုကျေးကျေးပါ။

  • ba gyi

    June 7, 2012 at 3:14 pm

    အရီး နော် အရီး—
    သဗျားထက် သာအောင်သူရို့က၊ ကြိုဆိုကြလို့ အဲဒါလေး လှမ်း ပြောမိ၊ဝေဘန်မိပါဒယ် —၊ သူက အလုံးဂျီး နဲ့ ပြန် ပစ်ဒယ်လား။ မေတ္တာ ဆိုဒါ လူရွင်တော်၊ ကုသိုလ်ဆိုတာ သင်္ကြန်မင်းသား၊ သာဓုဆိုတာ ဒါရိုက်တာ
    ဒါကလေးများ သများကသိပြီးသား။ အိုင်ကျူ ၊ နောလစ်ချ် ပေါပါ့ သချင့် ။

  • blackchaw

    June 8, 2012 at 4:06 pm

    အစ်မရေ။
    သိနေခဲ့ပေမယ့်
    ကျွန်တော် အံ့ဩမိပါတယ်။
    ဒီလောက် ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံကြီးတစ်ခုမှာ
    ဘုရင်စံနစ် ရှိနေသေးတာကိုပါ။
    စိန်ရတုတောင် တိုင်ခဲ့ပြီတဲ့…။
    အိုး… ။

    • kai

      June 8, 2012 at 4:30 pm

      အဲဒီဘုရင်စနစ်က.. ဂျပန်နဲ့တူတူပဲ..
      ဘာမှအာဏာမရှိတဲ့.. တိုးရစ်အဝင်ရအောင်နဲ့.. ဖက်ရှင်ပစ္စည်းတွေရောင်းကောင်းအောင် လုပ်ထားတဲ့ဘုရင်စနစ်လေ..
      ဂျပန်နဲ့လည်း တူတူပဲ…

      ထိုးင်းမှာလည်း.. ရှိတယ်..
      မြန်မာပြည်မှာတောင်.. အဲဒါမျိုး ပြန်လုပ်ချင်သေး..
      သီပေါမင်းအမျိုးတွေ..ရှိသေးလားဟေ့… 🙂

    • Victory

      June 8, 2012 at 5:06 pm

      ဒီမိုကရေစီနိုင်ငံတွေမှာတော့
      စည်းမျဉ်းခံဘုရင်စနစ်လို့ခေါ်ကြပါတယ်။
      ဂုဏ်ထူးဆောင်ဘုရင်တွေပါ။မျိုးရိုးအရဘုရင်အနွယ်ဝင်တွေပေမဲ့ခေတ်စနစ်ကအများပြည်သူ
      ရွေးကောက်တင်မြောက်(မဲ)ပေးစနစ်အရသာနိုင်ငံရေးမှာလုပ်ဆောင်နိုင်လေတော့ဘုရင်ဆိုပြီးအုပ်ချုပ်မှု
      အာဏာမပိုင်တော့သောဒီမိုကရေစီရဲ့သရုပ်မှန်တခုပါဘဲ။

      ဒီမိုကရေစီမကျင့်သုံးသောနိုင်ငံများမှာတော့အာဏာရှိတယ်ဗျ။
      လက်ရှိဂျော်ဒန်ဘုရင်(အမှတ်စဉ် ၁၆) အဘူလာ၂ ဟာ အရင်ဂျော်ဒန်ဘုရင်ကြီးဟူစိန်(သိကြမှာပါ)ရဲ့သားပါဘဲ။
      သူကတော့နိုင်ငံရေးမှာထိပ်ဆုံးအာဏာရှိသူလို့ဆိုပါတယ်။
      စာရင်းအရဒီလိုရှိပါတယ်။

      1. Bhumibol Adulyadej – King of Thailand
      2. Sheikh Khalifa bin Zayed Al Nahyan– President of UAE and hereditary ruler of Abu Dhabi]
      3. Abdullah Bin Abdul Aziz Al Saud – King of Saudi Arabia
      4. Haji Hassanal Bolkiah – Sultan of Brunei
      5. Sheikh Hamad Bin Khalifa Al Thani – Emir of Qatar
      6. Mohammed VI – King of Morroco
      7. Qaboos Bin Said – Sultan of Oman
      8. Elizabeth II – Queen of U.K.
      9. Sheikh Sabah Al-Sabah – Emir of Kuwait
      10. Albert II – King of Belgium
      11. Sheikh Hamad bin Isa al Khalifa – King of Bahrain
      12. Beatrix Wilhelmina Armgard – Queen of Netherlands
      13. Yang di-Pertuan Agong Mizan Zainal Abidin – Sultan of Terengganu, Malaysia
      14. Margaret II – Queen of Denmark
      15. Akihito – the Emperor of Japan
      16. Abdullah II – King of Jordan
      17. Harald V – King of Norway
      18 Juan Carlos I – King of Spain
      19. Carl XVI Gustaf – King of Sweden
      20. Norodom Sihamoni – King of Combodia
      21. Jigme Khesar Namgyel Wangchuk – The Dragon king of Bhutan
      22. George Tupou V – The king of Tonga
      23. Letsie III – The king of Lesotho

      • Victory

        June 8, 2012 at 5:11 pm

        ဪ တခုပြောဘို့ကျန်ခဲ့လို့ဗျ။
        ဒီမိုကရေစီနိုင်ငံကဘုရင်တွေကပြည့်သူ့အခွန်စားသူတွေဗျ။
        နိုင်ငံတော်ကပြည့်သူ့အခွန်ကောက်ပြီးသူတို့ကိုထောက်ပံ့ထားတာဗျ။
        သူတို့အသုံးစရိတ်ကလဲ ဘယ်သေးမှာလဲဗျာ။
        ဒါ့ကြောင့်တချို့ကလဲ(သူတို့နိုင်ငံသားတွေကိုယ်တိုင်နော်)
        ……….အပိုပါဘဲ။
        အဲဒီဘုရင်တွေကြောင့်ဒို့အခွန်တွေပိုပေးနေရတာလို့မြင်သူတွေလဲရှိပါကြောင်း။

  • ဘယ်လိုဘဲ ထားထားပါသူကြီးရေ
    ချစ်အောင်နေတတ်ရင် ချစ်မှာအမှန်ပါဘဲ။

    ဘုရင်ကိုလည်းစည်းနဲ့ကမ်းနဲ့ထားတယ်။
    ဘုရင်ကလဲ စည်းနဲ့ကမ်းနဲ့နေတယ်။
    သူနဲ့ဆိုင်တာ ဝင်မပါဘူး။
    အဲလိုနေကြလို့လဲ အခုထိ အကြည်ညိုမပျက် လေးစားမပျက် ရှိနေကြတာပါ။

    ကိုလတ်
    လူဆိုး …………………..
    ဒီပွဲလာကြည့်လို့ရအောင် လေယာဉ်လက်မှတ်လေးပို့ပေးလိုက်ရင် ဘာဖစ်သွားမှာမို့မပို့တာလဲ
    ကိုလတ်…………………
    ပြော မှန်မှန် ပြော

Leave a Reply