တောင်ကုတ်အကြမ်းဖက်မှုကြိုးကိုင်သူဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်လော?

than shweJune 7, 20121min17613

တောင်ကုတ်မြို့မှာအစ္စလာမ်ဘာသာဝင်(၁၀)ဦးအသတ်ခံရမှုနှင့်

မြန်မာပြည်တွင်ရှေးယခင်ကဖြစ်ခဲ့သောဗလီများနှင့်အစ္စလာမ်ဘာသာဝင်

များပိုင်ဆိုင်သောအိမ်များကိုဖျက်ဆီးခဲ့ခြင်းနှင့်ပက်သက်ပြီးဝန်ကြီးချုပ်

ဟောင်းဦးခင်ညွန့်၏်ကြိုးကိုင်မှုဟုတ်မဟုတ်နှိုင်းယှဉ်ပြမည်။

 

သံသယရှိစရာအချက်(၃)ချက်

 

၁။ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်သည်ထောက်လှမ်းရေးပညာရပ်ကို်

အစ္စရေးနိုင်ငံသို့သွားရောက်ပြီးအစ္စလာမ်ဘာသာကိုမုန်းတီးသော

ဂျူးလူမျိုးများထံတွင်သင်ကြာဖူးသည်ဟုသိရှိရပါသည်။ထိုသို့သင်

ယူရာတွင်အစ္စလာမ်ဘာသာဝင်များကိုကမ္ဘာမြေမှဖျောက်ဖျက်ပစ်

ရမည်ဟုဂျူးလူမျိုးများထံသစ္စာခံယူထားရသည်ဟုသိရှိရခြင်း

၂။သူ၏သားဖြစ်သူတစ်ဦးမှာလည်းမလေးရှားနိုင်ငံသူအစ္စလာမ်

ဘာသာဝင်အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ဖက်ပြီ်းအစ္စလာမ်

ဘာသာသို့ကူးပြောင်းသွားသောကြောင့်အစ္စလာမ်ကိုမုန်းတီး

သည့်စိတ်ဓါတ်ကိန်းအောင်းနေကြောင်းလည်းသိရှိရခြင်း

၃။ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်သည်တောင်ကုတ်အကြမ်း

ဖက်မှုမဖြစ်ပွားမီရက်ပိုင်းအတွင်းရခိုင်ပြည်နယ်ဘက်သို့ခရီးသွား

ခဲ့သည်ဟုလည်းသိရှိရခြင်း

 

သုံးသပ်ချက်

 

ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်သည်ဝန်ကြီးချုပ်တာဝန်နှင့်

စစ်ထောက်လှမ်းရေးတာဝန်ကိုပါပူးတွဲကိုင်ထားပြီးနိုင်ငံရေးကိုဦးဆောင်

နေသောကာလအတွင်းအစ္စလာမ်ဘာသာဝင်များကိုမုန်းတီးစေနိုင်

သောစာအုပ်ဖြစ်သည့်(အမျိုးပျောက်မှာစိုးကြောက်စရာ)ဟူသော

စာအုပ်များကိုလည်းတွင်တွင်ကျယ်ကျယ်ဖြန့်ဝေခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းပြည်၊ပဲခူး၊မြင်းခြံ၊တောင်ငူ၊ကျောက်ဆည်၊

ချောက်………….အစရှိသောမြို့များတွင်သံဃာတော်အသွင်ဆောင်

ထားသူများမှဦးဆောင်ပြီးဗလီနှင့်အိမ်များကိုဖျက်ဆီးခြင်းများကိုပြု

လုပ်ခဲ့ပါသည်။ထိုသို့ပြုလုပ်ရာတွင်အချို့သံဃာတော်များတွင

အိုင်ကွန်စကားပြောစက်များကိုင်ဆောင်ထားသည်ကိုလည်းတွေ့ရှိ

ရပါသည်။(ထိုအချိန်ကာလမှာအိုင်ကွန်စကားပြောစက်များကို

စစ်ထောက်လှမ်းရေးမှအပအခြားအဖွဲ့အစည်းများကိုင်ဆောင်

ခွင့်မရှိသောအချိန်ဖြစ်ပါသည်။)

ထိုအချိန်တွင်စစ်ထောက်လှမ်းရေးမှာအလွန်တရာမှ

ထောက်လှမ်းမှုကောင်းပြီးထိုအရေးများကိုမဖော်ထုတ်နိုင်သည်

မှာဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်ကြိုးကိုင်ခဲ့သည်မှာပေါ်လွင်

ထင်ရှားနေပါသည်။ထိုသို့ဖျက်ဆီးနေစဉ်တွင်လက်နက်ကို်င်

အာဏာပိုင်များမှစောင့်ကြပ်ကြည့်ရှုနေသော်လည်းမည်သို့မှ

တားဆီးမှုမလုပ်ခဲ့သည်ကိုလည်းထင်ရှားစွာတွေ့ရှိခဲ့ရပါသည်။

(ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်အမိန့်အာဏာရှိစဉ်ကာလ)

ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်အကျယ်ချုပ်ခံရစဉ်ကာလ

ကဖြစ်ပွားခဲ့သောရွှေဝါရောင်တော်လှန်ရေးတွင်စစ်မှန်သော

သံဃာတော်များကိုလက်နက်ကိုင်အာဏာပိုင်များကရက်စက်စွာ

သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

၎င်းဖြစ်ရပ်နှစ်ခုကိုနှိုင်းယှဉ်ခြင်းအားဖြင့်ပထမဖြစ်ရပ်တွင်

အာဏာရှင်ဦးခင်ညွန့်၏ညွှန်ကြားမှုဖြစ်သည်ဟုတထစ်ချယုံကြည်

ရပါသည်။

ဦးခင်ညွန့်ရာထူးမှပြုတ်ပြီးအကျယ်ချုပ်ခံရသည့်ကာလနှစ်

များအတွင်းဘာသာရေးအဓိကရုဏ်းဖြစ်ရပ်များလုံးဝမဖြစ်ပွားခဲ့

ကြောင်းအားလုံးအသိပင်ဖြစ်ပါသည်။

ယခုဦးခင်ညွန့်အကျယ်ချုပ်မှလွတ်မြောက်ပြီးနှစ်ဝက်

အတွင်းဖြစ်ပွားခဲ့သော(ကံမမြို့ရှိဗလီနှင့်အိုးအိမ်စီးပွားရေးများ

အဖျက်ခံရခြင်း)၊ဖားကန့်ဆိုင်းတောင်ရွာရှိအစ္စလာမ်ဘာသာ

ရေးစာသင်ကျောင်းအဖျက်ခံရခြင်၊းယခု(တောင်ကုတ်မြို့တွင်

အပြစ်မဲ့အစ္စလာမ်ဘာသာဝင်(၁၀)ဦးအကြမ်းဖက်သတ်ဖြတ်

ခံရခြင်း)ကိစ္စများကိုကြည့်ခြင်းအားဖြင့်ဦးခင်ညွန့်အကျယ်ချုပ်

မှလွတ်မြောက်ပြီးမကြာမီအစ္စလာမ်ဘာသာရေးအဓိကရုဏ်း

များဖြစ်ပေါ်လာတော့မည်ဆိုသည်မှာမြေကြီးလက်ခတ်မလွဲပင်။

မှတ်ချက်။        ။ထိုဆူပူအကြမ်းဖက်မှုမှတဆင့်စစ်အစိုးရအာဏာ

ပြန်သိမ်းခဲ့သည်ရှိသော်ဦးခင်ညွန့်ဘယ်အခန်းကပါဝင်လာမည်နည်း။

 

13 comments

  • တွတ်ပိံ

    June 7, 2012 at 3:05 am

    အတွင်းရေးမှ ုး(၁) ဟောင်း ဥိံးခင်ညွန် ့က ဘယ် တုန်း က ဝန်ကြိံး ချ ုပ် ဖြစ်သွားပါ လိမ် ့တွတ် ပိံ ခောတ်နောက်ကျနေ ပါလား

    • တွတ်ပိံ

      June 7, 2012 at 3:54 am

      မှားသွားတဲ့ ကွန် မင့် ကို မဖျက်တတ်ဘူး လုပ် ကြ ပါ ဥိံး တခါ မှမရေး ဘူး ဘဲ ဝင်ရေး မိလို ့ပါ

  • htoosan

    June 7, 2012 at 7:15 am

    သူကြီးသာ ဖျက်လို့ရပါသည် ။

  • etone

    June 7, 2012 at 9:38 am

    မမှီတမှီ ဉာဏ်နဲ့ … ရိုးရိုးလေးပဲ တွေးကြည့်ပါမယ် … ။
    အရင်ခေတ် အခြေနေနဲ့ ရာထူး ၊ အာဏာကြီးစိုးချိန်မှာ ဒီလို သတင်းမျိုးထွက်လျှင် သာ သို့လော သို့လော တွေးကောင်းတွေးနိုင်ပေမယ့် … ယခုလို အကျဥ်းကျပြီး ပြန်လွတ်လာချိန်မျိုးမှာ … လုံးဝ ပတ်သတ်မှုရှိမယ် မထင်တော့ဘူး ။

    ထောက်လှမ်းရေးပညာကို ဘယ်မှာပဲ သင်ခဲ့သင်ခဲ့ အခု အဲ့ပညာနဲ့ သူတရားဝင်ပတ်သတ်တာမှ မဟုတ်တော့ပဲ …. အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သတ်လို့ …. သူ့မှာ ဘာအကြံစည်မှ ရှိဟန်မတူဘူး ။ သူ့သားက ဘယ်သူနဲ့ပဲ ယူယူ ၊ ဒီလောက်ထိ လူမျိုးစွဲ ပြသနာကြီးထွားအောင် လုပ်စရာအကြောင်းတော့မရှိဘူး …. ။ ရခိုင်ပြည်နယ်လို ဒေသမျိုးက အပမ်းဖြေစရာငပလီလည်း ရှိတာကြောင့် … သူအပမ်းဖြေသွားတာလည်း ဖြစ်ချင်ဖြစ်မယ် ။ ဒါမှ မဟုတ်သူ ့ရဲ့ ဆွေမျိုးတွေရှိလို ့ ၊ သာသနာပြုဖို့ စသဖြင့် အကြောင်းကြောင်းကြောင့် သွားတာလည်းဖြစ်မယ် … မြန်မာနိုင်ငံသားတစ်ယောက် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာတာကို … သိပ်ပြီး ဆန်းဆန်းပြားပြားမတွေးစေချင်ပါဘူး ။

    စာရေးသူကို ကျွန်မ တစ်ခု တောင်းဆိုလိုတာက …. ရခိုင်ပြည်မှာ ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သတ်လို့ သတင်း၊ ဓါတ်ပုံဖော်ပြချက်ကလွဲလျှင် ၊ စာရေးသူရဲ့ ထင်မြင်ချက် ဝေဖန်ချက်တွေမရေးသားဖို့ သဂျီးအတိလင်းကြော်ငြာထားပါတယ် ။ အခု ဒီပို့စ်က …. စာရေးသူရဲ့ ထင်မြင်ချက်ကိုသာ ရေးသားထားခြင်းမျိုးမို့ …. မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကောလဟာလတွေဖြစ်ပွားပြီး ဂေဇက်နာမည်ထိခိုက်မယ့် ကိစ္စမျိုးမဖြစ်စေဖို့ ၊ ထိန်းထိန်းသိမ်းသိမ်းရေးပါလို့ပဲ ……. တောင်းဆိုချင်ပါတယ် ။
    (လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် ။ )

  • Shwe Tike Soe

    June 7, 2012 at 9:57 am

    ထင်တာလျှောက်ပြော ပြသနာတစ်ခုခုဖြစ်ရင် ဟိုလူ.သံသယဖြစ် ဒီလူ ထင် နဲ. ကျုပ်တို.မြန်မာနိုင်ငံသားတွေ အလုပ်မရှိအားနေ ကြတယ်ထင်တယ်နော်… ကိုယ်အလုပ်ကိုလုပ်ကြရင် ဒါမျိုးတွေ ဒီလို အထင်မျိုးတွေ ဖြစ်မယ်မထင်ဘူး…
    အခုတော့ ဟိုလူက သွေးထို… သွေးကြွ၊ ဒီလူက မြှောက်ပေး ကွေးနေအောင်က… အဲဒါ အားနေကြလို.ဗျ…

  • MTY

    June 7, 2012 at 10:15 am

    @etone ရဲ့ Comment ကိုအပြည့်အဝထောက်ခံပါတယ်။
    နိုင်ငံရေးမရေးဘဲနေတာပါ။အခုကိစ္စကတစ်ဘက်သတ်စွတ်စွဲနေသလိုဘဲ။
    သူအခုလုပ်ရင်လဲသူ့အတွက်ဘာအကျီုးရှိမလဲ ရိုးရိုးလေးတွေးကြည့်တာ
    အာဏာပြန်ရမလား..ထင်သလောက်မလွယ်လှဘူးထင်ပါတယ်။
    ဒီလိုရေးလို့စစ်အုပ်စု၊စစ်ခွေးဘဲလို့တော့မစွတ်စွဲစေချင်ပါ။
    တိုင်ပြည်ကိုတိုးတက်စေချင်တယ်၊ချမ်းသာစေချင်တယ်၊အေးချမ်းစေချင်တယ်။
    ဒါကြောင့်မဖြစ်နိုင်တဲ့၊ဖွတဲ့သဘောနဲ့၊ဒီကြောင်းအရာသိကုန်လဲအကျီုးမရှိတဲ့
    ဟာတွေမရေးစေချင်ပါ။
    အေးချမ်မှ..တိုးတက်၊ချမ်းသာကြမှာမို့ပါ။

  • Khin Kha

    June 7, 2012 at 11:16 am

    ဒီကိစ္စက လတ်တလောစိတ်ဝင်စားနေတဲ့ကိစ္စနော်။
    သူတပါးကို စွတ်ဆွဲဖို့ဆိုတာ ထင်တာလေးနဲ့မလုပ်ပါနဲ့ သေချာအောင်အထောက်အထားတွေလိုပါတယ်။ တော်ကြာကောလဟလဖြစ်ပြီးရှုပ်ကုန်မယ်နော်။
    အခုဖြစ်တဲ့ကိစ္စမှာ တကယ်တမ်းဆိုင်သူတွေကိုဘဲ ထိရောက်တဲ့အပြစ်ရစေချင်တာပါ။
    ရမ်းမတုတ်ရဘူးကွယ်။

  • စိန်ဗိုက်ကလေး

    June 7, 2012 at 11:45 am

    မဟုတ်ဘူးဗျ
    စိန်ဗိုက်ကလေးဆရာ တွတ်ပီတဲ့
    အပေါ်ဆုံးမှာ..ရှိတယ်..
    ချုပ်စစ် ကြည့်

  • htoosan

    June 7, 2012 at 12:48 pm

    သေသေချာချာတော့ မသိပါဘူး ။ ကိုယ်ဘဲ အမှတ်မှားလို့လား ။ သိသူတွေ ပြောပြပေးနိုင်ရင်ကောင်းပါ့မယ်။
    ဦးခင်ညွန့်သား ကိုရဲနိုင်ဝင်းယူလိုက်တာက silk air က လေယာဉ်မယ် (လေယာဉ်မယ်ဆိုလို့ချောချောလှလှလို့ မထင်နဲ့နော်။) စကာင်္ပူ သူလို့ မှတ်သားဘူး ပါသည် ။ သဘောမတူရတဲ့ အကြောင်းရင်းက အဲ့ဒီ့ အခိ်ျန် မြန်မာမတွေ နိုင်ငံခြားသား မယူရ ။ တရားရုံးတွေမှာ လက်ထပ်ပေးခြင်းမပြုရ အမိန့်ထုတ်ချိန်မှာ သူ့ သားက ကောက်ယူလိုက်လို့ သဘောမတူတာပါ ။ နောက်တော့လည်း ပြန်ခေါ်ထားတာပါဘဲ ။ အရင် AROMA ကော်ဖီဆိုင်တွေက သူ့ချွေးမဖွင့်ခဲ့တဲ့ ဆိုင်တွေပါ။
    လွတ်လပ်ခွင့်လေးတွေက ဦးခင်ညွန့်ထွက်လာပြီး ခုနောက်ပိုင်းမှ ပိုရလာတာ ဆိုတာလေးလဲ မမေ့သင့်ပါဘူး ။

  • သားဦး၊မြေးဦး

    June 7, 2012 at 12:48 pm

    ဗိုလ်ချုပ်ဟောင်းခင်ညွန် ့ငပလီကိုလာတုန်းက ဘုန်းကြီးဝတ်ထွက်စပါ။
    ဟိုတယ်မှာ တည်းသွားတာပါ။အဲ့ဒီလူ ဟုတ်မဟုတ်ထားပါ ဒီမှာ နောက်
    တစ်ယောက်ပါ။
    http://freedomnewsgroup.com/2012/06/06/unrest-and-aung-thaung/

  • YE YINT THU

    June 7, 2012 at 12:50 pm

    တော်တော်လေး ဆင်ခြင်တုံ တရားမဲ့ စွာနဲ ့ရေးထားတာပါလား တွတ်ပီရေ။ etone နဲ ့ MTY တို ့ ပြောတာက အရှင်းဆုံးပါ။
    အခုလုပ်ခြင်းအားဖြင့် သူ ့အတွက်ဘာအကျိုးအမြတ်ရမှာလဲ ??? သူ ့ခေတ်မှ မဟုတ်တော့တာ။

  • myanmarcitizen

    June 7, 2012 at 2:33 pm

    တစ်ခုခု ဖြစ်ပြီးသွားရင် ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုးချင်တဲ့အကျင့်တွေကမကောင်းပါ ဘူး။သေချာ နေရင်တော့တစ်မျိုးပေါ့။ ပြသနာတွေကို ဘယ်လိုပြေလည်အောင်ဖြေရှင်းကြမလဲပဲ စဉ်းစားကြပါဗျာ။ မိမိထင်ရာရေးကြစတမ်းဆိုရင်တော့ မဆုံးတော့ဘူးပေါ့ဗျာ။ ဦးခင်ညွန့် သားယူလိုက်တာ စင်ကာပူ နိုင်ငံသူလို့စိတ်ထဲမှာထင်မိပါကြောင်း။

  • Gipsy

    June 7, 2012 at 4:44 pm

    ပစ္စည်းပျောက် အပါယ်ရောက် ဆိုတဲ့ စကားပုံလေးလို …
    ပြဿနာတက်တော့ ဟိုလူ့ကိုထင် ဒီလူကိုထင် ဖြစ်တတ်တာမျိုးပါ..
    ဒါပေမဲ့ သက်သေပြနိုင်တာ ဘာမှ မရှိပဲ ထင်ရာ အမည်တပ် မစွပ်စွဲသင့်ကြောင်းပါ…
    မဖြစ်သင့်တာတွေ ဆက်ပြီးဖြစ်သွားနိုင်ပါတယ်….။

Leave a Reply