စဉ်းစားကြစေလိုပါတယ် ( ၂၆ ) ( ကို သန်းထွဋ်ဦး ရေ )

Foreign ResidentJune 7, 20123min33155

စဉ်းစားကြစေလိုပါတယ် ( ၂၆ )

( ကို သန်းထွဋ်ဦး ရေ )

 

အင်း ဒီ Post ကတော့ ၊

အခု နာမည်ကြီးနေတဲ့ ” အေးဝတီကြီး ” ရဲ့

” ဘယ်တော့အရေးယူမှာလဲ ( ကလေးများမကြည့်ရ ) “

ဆိုတဲ့ Post မှာ ၊

 

အဘ က တောင်းပန်စကား ဆိုခဲ့တာကို ၊

ကို သန်းထွဋ်ဦး ( မွတ်ဆလင် ဘာသာဝင် MG ရွာသူား တစ်ဦး ) က

ဝမ်းသာ ကျေးဇူးတင် စကား ပြန်ဆိုခဲ့ပါတယ် ။

 

အဲဒီ ကိုသန်းထွဋ်ဦး ကိုလည်း ၊ အဘ အနေ နှင့်

MG ထဲမှာ ခင်မင်ရင်းစွဲကလည်း ရှိနေတော့ ၊

လူမျိုး ဘာသာ မခွဲခြားဘဲ ၊ ” လူ ” ဆိုတဲ့ စိတ် တစ်ခုနှင့်ပဲ ၊

ပွင့်ပွင့်လင်းလင်း အကြောင်းပြန်စာ ရေးခဲ့တယ် ။

 

အဲဒီ အကြောင်းပြန်စာ ကလည်း ၊

ပက်ပက် စက်စက် ရှည်သွားတော့ကာ ၊

Post အနေနှင့်ပဲ တင်လိုက် ရပါတော့တယ် ။

 

Post ရဲ့ အစ အနေနှင့် ၊

ကို သန်းထွဋ်ဦး ရဲ့ ပြန်စာ / Comment လေးကို ဖေါ်ပြပါရစေ ။

 

Quote.

သားဦး၊မြေးဦး ( ကို သန်းထွဋ်ဦး ) says:

အဘဖောရေ  နောက်ဆုံးအချက်လေးအတွက်

အင်မတန်မှ ဝမ်းသာကျေးဇူးတင်မိပါတယ်။

 

“” ရ ။ နောက်ဆုံး ပြောလိုတာကတော့ ၊

အဘ ရဲ့ ဒီ Comment ကို မအေးဝတီကြီး နှင့်

တခြား မွတ်ဆလင် ညီနောင်များလည်း ဖတ်လို့ရမယ် ထင်မိတယ် ။

 

အခု တောင်ဂုတ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုများအတွက် ၊

ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တွေက ( အထင် ) ၊

အပြစ်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို သတ်မိကြတဲ့အတွက် ၊

 

အဘ လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ( တာဝန် ရှိတယ်လို့ ယူဆမိလို့ )

အနူးအညွတ် ( အနူးအညွတ် ) တောင်းပန်ပါတယ်ကွယ် ။

 

ဟိုအရင် မအေးဝတီကြီးရဲ့ Post မှာကတည်းက တောင်းပန် မလို့ပါ ။

ဆဲဆိုသံတွေ မိုးမွန်နေပြီး ၊ သူကြီးက Comment ပိတ်လိုက်လို့ပါ ။

နောက်တော့ ၊ ဆန္ဒပြတဲ့ Post ထဲမှာတော့ တောင်းပန် ထားပါတယ်ကွယ် ။

 

ကျေနပ်ပါလို့ မပြောရက်ပေမယ့် ၊

စိတ်ကိုရှည်ရှည်ထားပြီး အစိုးရရဲ့ ဖြေရှင်းမှုကို ၊

စောင့်ကြည့်ပေးပါအုန်းကွယ် ။

 

ပူလောင်မှုတွေ လျော့ပါးနိုင်ပါစေကွယ် ။ “”

 

ပို ့စ်ပိုင်ရှင် မြင်နိုင်ပါစေဗျား။ ခံစားရသမျှ ထပ်တူထပ်မျှပါဘဲ။

Un Quote.

 

 

ကိုသန်းထွဋ်ဦး ရေ ။

 

ယုံကြည်ခင်မင်ရတဲ့ လူရင်းချင်း မို့လို့ပြောတယ်မှတ်ပါဗျာ ။

ဖြစ်ပြီးတာတွေလည်း ပြီးကုန်ပြီ ပေါ့ဗျာ ။

၂ ဖက်စလုံး ဝမ်းနည်း စိတ်မကောင်းစရာတွေပဲပေါ့ ။

အဆိုးဆုံးကတော့ ၊ သမိုင်းတွေလည်း ရိုင်းကုန်ပြီပေါ့ဗျာ ။

 

ခင်ဗျားတို့ဘက်ကလည်း လိုတယ် ( ညံ့တယ် ) လို့ကို စွပ်စွဲချင်တယ် ဗျာ ။

ဘာလိုသလဲဆိုတာ ။ အောက်က အဖြစ်အပျက်လေးကို ဖတ်ကြည့် ။

 

” ဒီနေ့ NLD အဖွဲ့ချုပ်ရုံးကို

မွတ်စလင် ဘာသာရေး ခေါင်းဆောင်ဆိုသူ သုံးဦးရောက်လာတယ်…

ရောက်လာပြီး ဘာတွေပြောလဲဆိုတော့

သူတို့လူမျိုးတွေ ရက်ရက်စက်စက် သတ်ခံရတဲ့ အကြောင်း….

အဲဒီပုံတွေကို ခင်ဗျားတို့လဲ အင်တာနက်မှာ တွေ့ရမှာပါဆိုတဲ့ အကြောင်း…

မိသားစ ုရှိမယ်ဆိုရင် ဒါကို ကိုယ်ချင်းစာတတ်မှာပါတဲ့…

အခု NLD ရုံးကို လာတယ်ဆိုတာက

အန်တီစုကိုတွေ့ပြီး ဒီအဖြစ်ပျက်တွေ ပြောပြချင်လို့ သူတို့လာခဲ့ရတာပါတဲ့….

 

အဲဒီတော့ သူတို့ကို မေးကြည့်တယ်….

ရခိုင်မလေးကို မုဒိန်းကျင့်သတ်ခံရတဲ့ ကိစ္စအပြီးမှာ

ဘာသာရေးခေါင်းဆောင်တွေအနေနဲ့

ဘာဖြစ်လို့ ရခိုင် အဖွဲ့အစည်းတွေနဲ့

သက်ဆိုင်ရာမိသားစုကို ဝမ်းနည်းကြောင်း

ကိုယ်စားပြုတောင်းပန်ကြောင်း

ဘာဖြစ်လို့ ထုတ်မပြောခဲ့ကြတာလဲ…. လို့မေးလိုက်တော့

“” ကျွန်တော်တို့ အဲလို တောင်းပန်ရမှန်းမသိလို့ပါတဲ့ “”

( သေရောဗျာ ၊ သေရော ၊ ခုတော့ )

 

 

မွတ်စလင် ဘာသာရေး ခေါင်းဆောင် တွေကို စာနာ နှစ်သိမ့်မှု ပေးနေတဲ့ အမေစု ။

Photo Credit to  “ အဂ္ဂမဟာ ဒီမိုဖက်တီး “

 

အဲဒါတွေကြောင့်

သိပ်မကြာမှီလေးတင်ကမှ အဘ အနေနှင့် ၊

စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) Post နှင့်

စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ ) Post တွေမှာ ၊

တောင်းပန် ကြတဲ့ ယဉ်ကျေးတဲ့ အလေ့အထ လေးကို

ကျင့်သုံးကြဖို့ စတင် ထောက်ပြ အသိပေးခဲ့ပါသေးတယ် ။

 

( အမှန်ကိုဆိုရရင် ဒီ ယဉ်ကျေးတဲ့ အစဉ်အလာလေးကို ၊

အချိန်မှီလေး ထောက်ပြခဲ့တယ် လို့ပြောမယ်ဆို ပြောလို့ ရပါတယ် )

 

ဒါပေမယ့် ဒီ တောင်ကုတ် အဖြစ်အပျက် မတိုင်ခင် အထိ ၊

ဒီလို ယဉ်ကျေးမှု အစဉ်အလာကို MG မှာ စွဲကိုင်ကြတာ သိပ် မတွေ့ခဲ့ရဘူး ။

 

ကျောက်နီမေါ် လူသတ် မုဒိန်းမှု ဖြစ်တော့တောင် ၊

( မှန်တာပြောမယ်နော် ၊ စိတ်မဆိုး ပါနှင့် )

ကိုသန်းထွဋ်ဦး များ ဝင်တောင်းပန်မလားလို့ ၊

အဘ အများကြီး ( အများကြီး ) မျှော်လင့်ပြီး

စောင့်ကြည့်နေခဲ့ပါသေးတယ်ဗျာ ။

 

အခြေအနေ အရပ်ရပ်ကြောင့် ၊

ထုတ်ဖေါ်ပြောဖို့ ခက်ခဲနေတာလဲ ဖြစ်နိုင်ပါတယ် ။

ကိုယ့်ရဲ့ Identity ကို ဖွင့်ချထားတာရဲ့ ဆိုးကျိုး တစ်ခုပေါ့လေ ။

 

ဒါပေမယ့်လေ ။

ဒီလို ထင်ရှားတဲ့ ဝမ်းနည်းဘွယ် အဖြစ်အပျက်မျိုးတွေမှာ ၊

အဆင့် – ၁ ။ ဝမ်းနည်း စာနာကြောင်း ပြခြင်း ။

အဆင့် – ၂ ။ လူမျိုး ဘာသာ ကိုယ်စားပြု တောင်းပန်ခြင်း ။

အဆင့် – ၃ ။ ပြစ်မှု ကျုးလွန်သော အဖွဲ့အစည်းကို ရှုံ့ချခြင်း ။

အဆင့် – ၄ ။ ပြစ်မှု ကျုးလွန်သူကို ဥပဒေဘောင်တွင်း ရောက်အောင် ပို့ဆောင်ခြင်း ။

 

စသဖြင့် အဆင့် လေးခု ရှိတဲ့အထဲမှာမှ ၊

အဆင့် – ၁ ။ ဝမ်းနည်း စာနာကြောင်း ပြခြင်း ။ နှင့်

အဆင့် – ၂ ။ လူမျိုး ဘာသာ ကိုယ်စားပြု တောင်းပန်ခြင်း ။ တို့ကိုတော့ ၊

လုပ်နိုင်လောက်မယ် ၊ လုပ်သာလောက်မယ်လို့ မျှော်လင့်ရတာပဲ ။

 

ဒါပေမယ့် ဝမ်းသာစရာ တစ်ခုက ၊

ဒီ  တောင်ကုတ် အဖြစ်အပျက် အပြီးမှာတော့ ၊

MG ရွာထဲမှာ ၊

ကိုယ့်ရဲ့ လူမျိုး ဘာသာကို ကိုယ်စားပြုပြီး တောင်းပန်နေတဲ့

ယဉ်ကျေးတဲ့ အလေ့အထလေး ကို စတွေ့နေရပါပြီ ။

( ဒါတွေဟာ အဘ Post ကြောင့်လို့တော့ မပြောရဲပါဘူးကွယ် )

( တစ်ယောက်ပဲ ရှိပါစေ ၊ အဘ တမင်ကို အဆဲခံပြီး ရေးရကျိုး နပ်ပါပြီကွယ် )

 

ရွာသူားတို့ကို တစ်ခု တိုက်တွန်းလိုတာကတော့ ၊

အခုနေ အချိန်အခာ မှာ ၊ အဘ ရေးခဲ့တဲ့ ၊

စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) Post နှင့်

https://myanmargazette.net/113840/creative-writing/my-thinking-different

စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ ) Post နှစ်ခုကို ။

https://myanmargazette.net/114777/creative-writing/my-thinking-different

ငါ့လူမျိုး ငါ့ဘာသာ ဆိုတဲ့ လူမျိုးစွဲ ၊ ဝါဒစွဲတွေ ခဏဖျောက်ပြီး ၊

နောက်တစ်ကြိမ်လောက် အေးအေးဆေးဆေး ထပ်ဖတ်ကြည့် စေလိုပါတယ် ။

ယခင် မြင်ဘူးတဲ့ အမြင် နှင့် နဲနဲကွာသွားတာကို တွေ့ရပါလိမ့်မယ် ။

 

အဲဒါကိုမှ မကျေနပ်သေးရင် ၊

အဘ ရဲ့ ဘာသာရေး နဲနဲ နွယ်တဲ့ Post ဖြစ်တဲ့ ၊

စဉ်းစားကြစေလိုပါတယ် ( ၂ဝ ) ( ဘာကြောင့် မုန်းနေကြသလဲ )

https://myanmargazette.net/119084/creative-writing/my-thinking-different

ကိုပါ ဆက်ဖတ်ကြစေလိုပါတယ် ။

 

လူမျိုးရေး မြို့မေတ္တာလောက် နှင့် မကျေနပ် နိုင်လို့ ( မတိုး လို့ ) ။

ဘာသာရေး မြို့မေတ္တာ ကိုပါ ထပ်ခံယူချင်နေတဲ့ ။ ဟဲဟဲ ။

 

အဘ Foreign Resident ။

 

55 comments

  • ကြောင်ကြီး

    June 7, 2012 at 9:52 am

    မေတ္တာရှင်ဘိုးတော်ဖော စဂါးနားထောင်ပီး တောင်းဗံဂျင်း အမှုကို ကြောင်ကြီးဗွေဇော်ဦး အစပြုမယ်…။ သဂျီးဇုတ် ကျုပ်ပြောမှားဆိုမှား ရှိဃဲ့ရင် တောင်းဗံဒယ်။ ကျေနပ်စမ်း….။ ဒါဆိုရဗလား..။ ရွာသားအပေါင်းလည်း ကြောင်ကြီးလို ကိုယ့်အပေါ်မကောင်းကြံသူကိုတောင် ဗလာချီ တောင်းဘံဒဲ့အကျင့် မွေးဂျဗာ..။ သဂျီး ခင်ဗျားကို ကျုပ်တောင်းဗံပီးဘီ.. သမီးတော်ဂလေးကို ကြောင်ကြီးအား ပျံတောင်းဗံခိုင်းဗာ။ ကုသိုလ် အပုံဂျီးရမယ်..။

    • Foreign Resident

      June 7, 2012 at 10:22 am

      ” သဂျီးဇုတ် ကျုပ်ပြောမှားဆိုမှား ရှိဃဲ့ရင် တောင်းဗံဒယ်။ ကျေနပ်စမ်း….။ ဒါဆိုရဗလား..။ ”

      ရပြီ ။ ရပြီ ။
      အပြောအဆိုတွေ အရမ်းယဉ်ကျေးလွန်းပြီး ၊
      လိုတာထက်တောင် အရမ်း ပိုသွားပြီ ။
      😛

      • moon shade

        June 7, 2012 at 9:17 pm

        တောင်းပန်ရမယ်…….အမြဲပြော…….အဲဒါအဘဖော။

        ဆရာကြီးအထာနဲ့……အမြဲပြော………အဲဒါအဘဖော။

        အချက်အလက်………မမှန်ပဲ………အရမ်းလျှောက်ပြော။

        အဲဒါ…………အဘဖော။
        မင်္ဂလာပါ အဘဖော အားလုံးရှောင်စေသောဝ်။

    • tunlinaung

      June 7, 2012 at 9:29 pm

      FRကြီးကိုဒီတစ်ခါတော့ထောက်ခံတာဗျာ။ မိန်းကလေးမုဒိန်းကျင့်ခံရကတည်းက ဝမ်းနည်းကြောင်း၊ စာနာ
      ကြောင်း၊ ဒီလိုအပြုအမှုမျိုးကို ပြင်းထန်စွာကန်.ကွက်ကြောင်း မီဒီယာမှတဆင့် အစ္စလာမ်ဘာသာဝင် မွတ်ဆလင် အဖွဲ.အစည်းတွေက ထုတ်ပြန်ကြေငြာသင့်တာပါ။ မည်သို.သောတောင်းပန်မှု ၊ ဝမ်းနည်းကြောင်း
      ထုတ်ပြန်မှုမရှိခဲ့လို. ရခိုင်လူမျိုးများရဲ.ဒေါသပိုကြီးစေခဲ့တာလို.ယူဆရင်ရနိုင်ပါတယ်။ ယခုမိမိတို.ထိမှ ဆိုးရွား
      တဲ့ ရလဒ်တွေထွက်လာမှ ဝမ်းနည်းတက်၊ စာနာတက် ၊ အကြမ်းဖက်မှုကိုမုန်းတီးသော စိတ်တွေဝင်လာသလို
      ဖြစ်နေရပါတယ်။ ဘာပဲဖြစ်ဖြစ် အကြမ်းဖက်သူတွေကိုလည်းဥပဒေအရ အရေးယူသင့်ပါတယ်။ ပညာတက်ပြီး ဉာဏ်ရှိသော လူများ မြန်မာနိုင်ငံမှာပေါများစေချင်ပါတယ်။

  • ဦးဦးပါလေရာ

    June 7, 2012 at 10:03 am

    အဲဒါ သူ့အကွက်ဆိုက်သွားတာပဲ…. 😀 😀 😀

    အခုမှတော့ ခြေကန်ငြင်းလို့ မရတော့ပါဘူး…..
    အနည်းဆုံး ဒီကိစ္စမှာပေါ့… 😀

    ဒါပေသိ
    တောင်းပန်တယ်ဆိုရာမှာ
    လိုအပ်လို့ တောင်းပန်ရတာမျိုးလဲ ရှိပါတယ်..။
    မလိုအပ်လဲ တောင်းပန်သင့်လို့တောင်းပန်ရတာမျိုးလဲ ရှိပါတယ်..။
    ဒီကိစ္စမှာတော့ အမှန်တကယ်လိုလဲလိုအပ်၊ အမှန်တကယ်လဲ တောင်းပန်သင့်ပါတယ်……

  • Thel Nu Aye

    June 7, 2012 at 10:20 am

    သူတို့ကျတော့တောင်းပန်ရမှန်းမသိဘူး။ ဒီကိုကျတော့တောင်းပန်ခိုင်းတယ်။ အော် တညှိးကြီးပါလား။ မသိတော့လဲခွင့်လွှတ်ရတာပေါ့အဘရယ်။ သိတဲ့သူတွေပဲတောင်းပန်လိုက်ကြတာပေါ့။ အဘတင်ထားမှန်းမသိလို့ ပုံကိုကျွန်မပိုစ့်မှာတင်လိုက်မိတယ်။ ခွင့်လွှတ်ပါအဘဖောရေ။

    • Foreign Resident

      June 7, 2012 at 11:05 am

      ” သိတဲ့သူတွေပဲတောင်းပန်လိုက်ကြတာပေါ့ ”

      မှန်ပါတယ် ၊ မ Thel Nu Aye ရေ ။

      သိ တဲ့သူတွေ ။
      ပညာတတ် တဲ့သူတွေ ။
      ယဉ်ကျေး တဲ့သူတွေ ။
      မြင့်မြတ် တဲ့သူတွေ ။
      အင်အားပိုကြီး တဲ့သူတွေ ။

      အဲဒီလိုလူတွေက လက်ကို အရင်စကမ်းပေးရပါတယ်ကွယ် ။
      နဲနဲလေး ချုပ်တည်းပြီး လက်စကမ်းပေးရပါတယ်ကွယ် ။

      လောကကြီးမှာ အသိပညာ ၊ ယဉ်ကျေးမှု ၊
      မြင့်မြတ်မှု ၊ အင်အား ၊ တန်းတူဆိုတာ ရှားပါတယ် ။
      နိမ့် တဲ့သူ ၊ မြင့်တဲ့သူ ၊ ဖြစ်နေတာများပါတယ် ။

      ကိုယ့်ရဲ့ သဘောထားကြီးမှု ၊ ယဉ်ကျေးမှု ၊ မြင့်မြတ်မှု ကိုပြချင်ရင်တော့ ၊
      အင်အားပိုကြီး တဲ့သူက လက်ကို အရင်စကမ်းပေးရပါတယ်ကွယ် ။

      ဥပမာ ။ ။ ဗမာ နှင့် တိုင်းရင်းသား ဆိုရင် ၊ ဗမာက အရင် စ တောင်းပန်ရမယ် ။
      ဘာဖြစ်လို့လဲဆိုတော့ ဗမာက အင်အားပိုကြီးလို့ ။

      • Thel Nu Aye

        June 7, 2012 at 12:05 pm

        ဟုတ်ပါတယ် အဘဖောရေ။ အပြည့်အဝထောက်ခံပါတယ်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေဆီမှာ လာနေတဲ့သူတွေကို နိုင်ငံကြီးသားပီသကြောင်းပြလိုက်ကြရအောင်ပေါ့။ လက်ကမ်းကြိုတာတော့ ဝန်မလေးပေမဲ့ အဲလက်ကိုဆွဲပြီးကိုယ့်ကို လွှင့်ပစ်လိုက်မှာတော့စိုးမိသား။ သို့သော်လဲပေါ့လေ ကိုယ်ပဲအရင်လက်ကမ်းလိုက်တာကောင်းပါတယ်။ ကိုယ့်သမိုင်းကိုယ်ပဲ လှလှလေးရေးကြတာပေါ့။

  • pazflor

    June 7, 2012 at 10:25 am

    ဟုတ်ပါတယ် အဘဖော ရေ၊ အခုတလော ဖြစ်ပျက်ခဲ့တဲ့ ကိစ္စလေးတွေ ကြုံခဲ့ရပြီးမှ အဘဖောရေးခဲ့တာလေးတွေကို ပိုနားလည်လာမိပါတယ်။
    ခေတ်အဆက်ဆက် တိုင်းရင်းသားတွေအပေါ်ကျူးလွန်ခဲ့တာတွေကိုကော၊
    အခု တလော ဥပဒေမဲ့ စီရင်ခံလိုက်ရတဲ့ အစ္စလမ်ဘာသာဝင်တွေ ကိုကော တောင်းပန်ပါတယ်ခင်ဗျာ။
    အာလုံးမေတ္တာတရားများဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပါစေလို ့လည်းမျှော်လင့်လျှက်…

    • Foreign Resident

      June 7, 2012 at 10:49 am

      ” တစ်ယောက်ပဲ ရှိပါစေ ၊ အဘ တမင်ကို အဆဲခံပြီး ရေးရကျိုး နပ်ပါပြီကွယ် ”

      ကျေးဇူးတင်ပါတယ် ။ ကို pazflor ရေ ။

  • စိန်ဗိုက်ကလေး

    June 7, 2012 at 10:32 am

    “” ကျွန်တော်တို့ အဲလို တောင်းပန်ရမှန်းမသိလို့ပါတဲ့ “”
    ဪ..ဪ…အဟက်ဟက်..ဘွတ်..ဘက်..ဖြစ်ရလေ သောက်ကျိုးနဲ ့..

  • စိန်ဗိုက်ကလေး

    June 7, 2012 at 10:35 am

    အသဲပေါက်လို ့ ပြောချင်တာလေးတွေ ရှိတယ်ဗျား..
    ဒါပေသိ..လူကောင်းသူကောင်း အဆင့်ရှိသော မိတ်ဆွေများမျက်နှာထောက်ပြီး မပြောပါရစေနဲ ့တော့
    ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးကြပါစေလို ့ပဲ….
    ဟင်း..ဟင်း..ဟင်း..

    • Foreign Resident

      June 7, 2012 at 11:14 am

      ကို ဗိုက် ရယ် ။
      အဘ ဒီအသက် အရွယ် အထိရောက်လာပြီး ၊
      အဘ မှာကော တသက်လုံး မတွေ့မထိ ခဲ့ပဲ ၊
      ဘာ ခံစားချက်မှ မရှိခဲ့ ဘူးလို့များ ထင်နေလားဟင် ။

      ” ဒါပေသိ..လူကောင်းသူကောင်း အဆင့်ရှိသော
      မိတ်ဆွေများမျက်နှာထောက်ပြီး မပြောပါရစေနဲ ့တော့ ”

      ကျေးဇူးတင်ပါတယ် ကို ဗိုက် ။

  • kai

    June 7, 2012 at 11:16 am

    ကျန်ပါသေးတယ်..အဘဖောရေ့..
    တောင်းပန်သူကတောင်းပန်လာရင်.. ကြေအေးခွင့်ရှိသူတွေက.. ကြေအေးရပါတယ်..
    တောင်းပန်/ကြေအေးယဉ်ကျေးမှုဆိုပါစို့….

    တောင်းပန်ရက်သားနဲ့..မကြေအေးတာလည်းရှိနိုင်ပါတယ်..
    တောင်းပန်သူက.. လူသားတာဝန်ကြေပါတယ်..။
    ခွင့်မလွတ်သူဟာ.. သမိုင်းကျန်ရစ်မှာဖြစ်ပါတယ်..။
    =
    Apologies Accepted – the worlds answer to sorryeverybody.com
    http://www.apologiesaccepted.com/
    Apologies Accepted is the worlds respons to http://www.sorryeverybody.com. Take a look at the photos and opinions that touched the world.
    =
    Why Obama’s apologies make sense – CNN.com
    http://www.cnn.com/2012/03/20/opinion/granderson-obama…/index.html
    Mar 20, 2012 – Republicans accuse the president of apologizing for the U.S., but LZ … LZ Granderson says he’s glad for apologies by President Obama, such …
    =
    Obama Accepts Wilson’s Apology – NYTimes.com
    thecaucus.blogs.nytimes.com/2009/…/obama-accepts-wilsons-apolog…
    Sep 10, 2009 – President Obama has accepted Representative Joe

  • Azzurri

    June 7, 2012 at 11:37 am

    သင့်ခ်စ်ဂစ်ဗင်းဒေး လုပ်ကြရအောင်ဗျာ ..
    တောင်းပန်ပါတယ် ကျေအေးပါတယ်နော်…
    အားလုံးရဲ့ကိုယ်စား
    မြန်မာပြည်သား လူမျိုးနွယ်ဖွား
    တစ်ဆယ် လာထား..
    :mrgreen:

  • kai

    June 7, 2012 at 12:08 pm

    ဆိုတော့..
    ရခိုင်အရေးအခင်းကို.. ဖြေရှင်းနည်းစဉ်းစားကြည့်ပါတယ်..

    ၁) မုဒိန်းကျင့်အသတ်ခံရတဲ့.. ရခိုင်မလေးရဲ့. ကျန်ရစ်သူမိသားစုတွေကို.. မြန်မာမွတ်စလင်ခေါင်းဆောင်တွေ.. ရိုဟင်ဂျာခေါင်းဆောင်တွေက.. တောင်းပန်ရပါမယ်..။ နစ်နာကြေးကြေနပ်သည်အထိပေးရပါမယ်.
    ရခိုင်မလေးရဲ့ကျန်ရစ်သူဆွေမျိုးမိဘများကလည်း.. ကြေအေးကြောင်းကြေညာရပါမယ်..
    တရားခံအဖြစ်သံသယရှိသူတွေကိုလည်း တရားဥပဒေကြောင်းအရရင်ဆိုင်ခိုင်းရပါမယ်..။
    ရှေ့နေငှားခွင့်နဲ့.. ချေပခွင့်ပေးရပါမယ်..
    အပြစ်ထင်ရှားရင်.. တရားရေးအရဆုံးဖြတ်တဲ့အတိုင်း.. မြန်မာတိုင်း(မြန်မာတိုင်း) လိုက်နာလက်ခံရပါမယ်..

    ၂) တောင်ကုတ်က.. ဒေသခံဘုန်းတော်ကြီးများအပါအဝင် ရပ်မိရပ်ဖတွေကလည်း.. လူအုပ်စုနဲ့ လူသတ်ခဲ့တာအတွက်.. အသတ်ခံရသူများရဲ့ ကျန်ရစ်သူမိဘဆွေမျိုးများကို ကိုယ်စားပြုတောင်းပန်ရပါမယ်.။ သေဆုံးသွားသူတွေကို ထိုက်သင့်တဲ့လျှော်ကြေးပေးရပါမယ်။
    မြန်မာမွတ်ဆလင်များကလည်း.. ကြေအေးခွင့်လွတ်ရပါမယ်..။
    လူအုပ်စုတခုလုံး လူ ၃ရာ-၄ရာလောက်လို့သတင်းထဲဖတ်ရတာမို့.. တရားခံအစစ်ရှာဖို့ခက်ပါတယ်..။ ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရပါမယ်။ လူအုပ်စုကိုစည်းရုံးခေါ်လာသူ၊ ပြင်ဆင်ပေးသူ၊ ကားပေါ်အရင်ဆုံးတက်သူ စသဖြင့် တရားခံတွေရှာပြီး တရားဥပဒေကြောင်းအရရင်ဆိုင်ခိုင်းရပါမယ်..။
    ရှေ့နေငှားခွင့်နဲ့.. ချေပခွင့်ပေးရပါမယ်..
    အပြစ်ထင်ရှားရင်.. တရားရေးအရဆုံးဖြတ်တဲ့အတိုင်း.. မြန်မာတိုင်း(မြန်မာတိုင်း) လိုက်နာလက်ခံရပါမယ်..

    ဒီလိုလုပ်ရင်.. အမှုတွေအများကြီးနောက်ကြောင်းပြန်ကြပါလိမ့်မယ်..။ဖေါ်ကြပါလိမ့်မယ်..။
    တခုချင်းအလိုက်.. တရားဥပဒေစိုးမိုးရေးလုပ်ပြီး.. ရှင်းသွားရမှာပါပဲ..။
    ဖြစ်နိုင်ရင်..ရခိုင်ပြည်အတွက်.. လဝက.. ရဲနဲ့..စစ်တပ်အင်အား ၂ဆတိုးလိုက်ပြီး.. ဖြေရှင်းစေချင်တာပါ..။
    ရခိုင်ပြည်နယ်ဟာ တိုင်းပြည်ဝင်ငွေ ဘီလီယန်ချီရှာပေးနေတဲ့ ပြည်နယ်ဖြစ်တာမို့.. ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို နိုင်ငံအဆင့် ငွေကြေးများများသုံးစွဲလုပ်သင့်ပါတယ်..။
    လူဝင်မှုကြီးကြပ်ရေးကို.. အထူးအဆင့်ထားပြီး ပြည်နယ်အဆင့်ဥပဒေလုပ်ထုံးသစ်တွေနဲ့ ကိုင်တွယ်သင့်တယ်..။

    • htoosan

      June 7, 2012 at 12:36 pm

      ဒီနေ့ သတင်းစာထဲမှာ ကော်မရှင်ဖွဲ့ကြောင်းပါလာပါသည်။
      ဲပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်ခိုင်းထားပါသည်။
      ဇွန်လ (၃၀) ရက်နေ့နောက်ဆုံးထား ၍ နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြအစီရင်ခံရမည်လို့ ပါရှိပါသည်။

    • etone

      June 7, 2012 at 8:24 pm

      တခြားအချက်တွေလက်ခံနိုင်ပေမယ့် ….. သဂျီးကလေ .. မဆီမဆိုင် ဘယ်နှယ့် လူတွေလုပ်တဲ့ကိစ္စမှာ ဘုန်းကြီးတွေကိုပဲ ဆွဲထည့်နေတာတုန်း ။လူတွေတောင်းပန်တယ်ဆိုလျှင်တောင် လက်ခံလို့ရသေးတယ် ..ဒေသခံဘုန်းကြီးတွေက ဘာအတွက်နဲ့တောင်းပန်ရမှာလဲဟင် …. ။ နည်းနည်းတော့ များသွားပြီထင်တယ် …. ။

      • kai

        June 8, 2012 at 3:25 am

        ဘုန်းကြီးတွေကို.. ဂေါတမဘုရားက ..လူတွေကြားထဲ.. ဘာအတွက်ထားခဲ့တာလို့.. ထင်နေတာလည်းဟင်င်င်.. ????

        မြန်မာမွတ်စလင်တွေဖက်က… မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအအဖွဲ့ဝင်များတို့.. အစ္စလာမ်သာသနာရေးကောင်စီတို့..ထွက်နေပြီ..
        မဟနဘာလုပ်နေသလည်း.. ??

        • အရီး Khin Latt

          June 8, 2012 at 4:16 am

          သူကြီး
          ္စဒီကိစ္စက သာသနာရေးနွယ် ပေမဲ့ ဝန်ကြီးဌာန က ကောင်းကောင်းကိုင်တွယ် ဖြေရှင်း ပေးရမှာပါ။
          အခုမှာ မဆိုင်တဲ့ ဘုန်းကြီး တွေ ဝင်ပါစရာမလိုဘူး ထင်ပါတယ်။
          ဒါ့အပြင် ဗလီတွေကို ဖျက်ဖို့ စည်းရုံးပေးတယ် ဆိုတဲ့ ဘုန်းကြီးတွေ ရှိရင်လဲ ရှုံ့ချပါတယ်။
          သူတို့ ဝင်ပါစရာမလိုပါဘူး။
          ပြသနာက လောကီ ကိစ္စ တွေ နဲ့ နှော နေနိုင်တဲ့ ခရစ်ယာန်သင်းအုပ်၊ မူဆလင် ဗလီဆရာ တို့ နဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီး ဆိုတာ လိုင်းတူလို့ ပြောမရပါဘူး။
          ဒီတော့ ဗုဒ္ဓဘာသာ ဘုန်းကြီး ဆိုတာ ကတော့ သူတို့ အလုပ် သူတို့ လုပ်နေတာဘဲ ကောင်းပါတယ်။
          ဗုဒ္ဓဘာသာ ဘက်က ဝင်ပါချင်ရင် အသင်းအဖွဲ့ က လူကြီး တွေ ဝင်ရောက်ဆွေးနွေးပါဝင်သင့်ပါတယ်။
          သဘောထား အမှန်နဲ့ ပါလဲ ပါဝင်ရပါမယ်။

        • ရှမ်းပြည်သား (တောင်ပိုင်း)

          June 8, 2012 at 12:44 pm

          အိုဘယ့်…….ယောက်ခမတော်သကြီးမင်း…..
          ဒီကိစ္စကြီးကဘာသာသာဿနာနဲ့ပတ်သက်ပြီးအငြင်းပွားမှုဟုတ်သေးဘူးရယ်ဗျ…..
          လူမျိုးရေးလူမျိုးရေး…….
          ခရစ်ယာန်တွေနဲ့အစ္စလာမ်တွေနှစ်ပေါင်းများစွာဖိုက်တင်ပလေးခဲ့တဲ့….
          အရင့်အရင်ကဘာသာရေးစစ်ပွဲမျိုးဆိုရင်တော့တစ်မျိုးပေါ့……
          ခုဟာကလူမျိုးရေးခင်ဗျ….ဟစ်တလာကဂျူးတွေကိုမျိုးပြုတ်အောင်သတ်တဲ့
          လူမျိုးရေးပါခင်ဗျ…
          ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသာဿနာပိုင်ဆရာတော်များပါတောင်းပန်သင့်တယ်
          ဆိုတဲ့သူကြီးရဲ့အဆိုကိုလုံးဝ…အော့ဘ်ဂျက်ရှင်း(ကန့်ကွက်ပါတယ်)
          သာဿနာပိုင်ဆရာတော်တွေသာဝိုင်းပြီးတောင်းပန်သင့်တယ်ဆိုရင်…
          သူကြီးမင်းတရားဟာလူမျိုးရေးအဓိကရုဏ်းကနေဘာသာရေးအဓိကရုဏ်းဖြစ်အောင်
          လမ်းကြောင်းပေးသလိုဖြစ်နေပါတော့မယ်……
          ဘာသာရေးအနေနဲ့ကောလူမျိုးရေးအနေနဲ့ပါတောင်းပန်သင့်တယ်ဆိုရင်တောင်…
          သာဿနာရေးဝန်ကြီးနဲ့ကျန်ဆိုင်ရာပြည်ထဲရေးဝန်ကြီးတို့လောက်နဲ့သာလျှင်
          သက်ဆိုင်ကြောင်းပါသူကြီးမင့်ဖလားရဲ့…..
          ဒါတောင်သာဿနာရေးဝန်ကြီးပါတယ်ဆိုတာ…နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့်
          မွတ်ဆလင်ကုလားများလို့သုံနှုန်းမိလိုက်တဲ့အသုံးအနှုန်းကြောင့်ရယ်….
          တောင်ကုတ်ကရခိုင်တိုင်းရင်းသားများဝိုင်းသတ်လိုက်ကြတဲ့သူတွေဟာ
          ဘာသာရေးဆရာများဖြစ်လို့ရယ်အတွက်ဖြစ်ပါတယ်……..
          ရခိုင်များကလဲဘာသာရေးဆရာတွေဆိုပြီးရွေးသတ်တာမဟုတ်ပါဘူး….
          မွတ်ဆလင်လူမျိုးများကိုသာသတ်တဲ့ရည်ရွယ်ချက်ရှိနေတဲ့အတွက်…
          ရည်ရွယ်ရင်းကလူမျိုးရေးသာဖြစ်ပါတယ်…ဘာသာရေးပါဝင်ပါတ်သက်ခြင်းမရှိပါဘူး….
          ဒီ့အတွက်တောင်းပန်ချင်းတောင်းပန်သာဿနာရေးဝန်ကြီးမျှနှင့်သာကျေနပ်မှုရသည်
          အထိတောင်းပန်ပေးသင့်ပါတယ်….သာဿနာပိုင်ဆရာတော်များကိုဆွဲထည့်ဖို့
          အခြေအနေထိစဉ်းစားသင့်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး…..
          သူကြီးလုပ်မှဘုန်းကြီးအမှုရွာမပတ်ပဲ…..ရွာကြောင့်ဘုန်းကြီးဈာန်လျှောရမယ့်
          အဖြစ်ဖြစ်နေပါပြီ……

    • Yel Kaung

      June 8, 2012 at 10:55 pm

      ကိုခိုင်ရေ
      ထက်ထက်ကဗုဒ္ဓဘဘာသာ.ရခိုင်လူမျိုးဘဲဗျာ.စားစရာမရှိနေစရာမရှိလို့ရွာကက
      လဲကျွေးမွေးထားရသေးတယ်၊ကြီးလာတော့သူတို့မျိုးတူဇတ်တူချင်းဖြစ်တဲကိစ္စမှာ
      ဘာကြောင့် ဘာသာရေး၊လူမျိုးရေတွေခုတုံးလုပ်ရတာလဲ၊ဘာကြောင့် ဒီဖက်ကအချောင်
      တောင်ပန်ရမှာလဲ၊ကိုခိုင်ဆီကိုထက်ထက်အကြောင်းတင်ထားတာကိုဖျက်လိုက်တော့
      ရွာသားတွေကအဖြစ်မှန်မဖတ်ရဘဲပြဿနာတွေပိုကြီးကုန်တာ. . .

  • than shwe

    June 7, 2012 at 12:16 pm

    အဲဒီ မုဒိန်းသမား ထက်ထက် ရဲ.ဇစ်မြစ်ဟာ ဗုဒ်ဓဘာသာသွေးအပြည်.ပါတဲ. ရခိုင်လူမျိုး ဆိုတာကိုကော သိကြပျရဲ.လားဗျာ …..

    • char too lan

      June 7, 2012 at 3:56 pm

      မသိဘူးဗျ … ဘယ်နားမှာများဖော်ပြထားပါလဲ ခည !!

  • pooch

    June 7, 2012 at 12:28 pm

    ဟုတ်ကဲ့ပါ အဘဖော။ ကောင်းမွန်တဲ့အလေ့အထလေးတွေကို ပြုစုပျိုးထောင်ရမှာပေါ့။
    လက်ခံပါတယ်။ အားလုံးကိုယ်စား အားလုံးကို တောင်းပန်ပါတယ်။
    တရားဥပဒေစိုးမိုး ရေးဆိုတာ ကို တနိုင်ငံလုံး အမြန်ဆုံးအသက်ဝင်နိုင်ပါစေလို့လဲ ဆန္ဒပြုပါတယ်။
    (သူကြီးကြောက်လို့ ဆုတော့ မတောင်းရဲပါ)

    စကားမစပ် အဘဖောတိုက်ခဲ့ဖူးတဲ့ ဆေးခါးကြီးက သောက်ခါစမှာ မွှန်ထူသွားပေမဲ့ အကျိုးတွေ အကြောင်းတွေ ဆက်စပ်လာတဲ့အခါမှာတော့ သိသလိုလို မသိသလိုလို တော့ ရှိလာပါတယ်။ အလကားနေ အဆဲခံပြီး ဆေးခါးဖော်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

    • Foreign Resident

      June 8, 2012 at 6:09 am

      ” အဘဖောတိုက်ခဲ့ဖူးတဲ့ ဆေးခါးကြီးက သောက်ခါစမှာ မွှန်ထူသွားပေမဲ့
      အကျိုးတွေ အကြောင်းတွေ ဆက်စပ်လာတဲ့အခါမှာတော့
      သိသလိုလို မသိသလိုလို တော့ ရှိလာပါတယ်။
      ( အလကားနေ အဆဲခံပြီး ) ဆေးခါးဖော်တဲ့အတွက် ကျေးဇူးတင်ပါတယ် ”

      ” ( အလကားနေ အဆဲခံပြီး ) ဆေးခါးဖော်တဲ့ ”
      အဘ စေတနာကို နားလည် အသိအမှတ်ပြုတဲ့ အတွက် ၊
      ကျေးဇူး တင်ပါတယ် သမီးရေ ။

  • သားဦး၊မြေးဦး

    June 7, 2012 at 12:44 pm

    ကျောက်နီမေါ် လူသတ် မုဒိန်းမှု ဖြစ်တော့တောင် ၊
    ( မှန်တာပြောမယ်နော် ၊ စိတ်မဆိုး ပါနှင့် )
    ကိုသန်းထွဋ်ဦး များ ဝင်တောင်းပန်မလားလို့ ၊
    အဘ အများကြီး ( အများကြီး ) မျှော်လင့်ပြီး
    စောင့်ကြည့်နေခဲ့ပါသေးတယ်ဗျာ ။
     
    အခြေအနေ အရပ်ရပ်ကြောင့် ၊
    ထုတ်ဖေါ်ပြောဖို့ ခက်ခဲနေတာလဲ ဖြစ်နိုင်ပါတယ် ။
    ကိုယ့်ရဲ့ Identity ကို ဖွင့်ချထားတာရဲ့ ဆိုးကျိုး တစ်ခုပေါ့လေ ။
     
    ———————–
    အဘဖောရေ တိုက်တိုက်ဆိုင်ဆိုင် အဲ့ရက်ပိုင်းမှာ adu lar/Tun Tun
    ပို ့စ်ကြောင့် စိတ်ညစ်နေရလို ့ပါ။တကယ်ကို အမှးကိုထောက်ပြဆုံးမပေး
    လို ့ကျေးဇူးအထူးပါဗျာ

  • သားဦး၊မြေးဦး

    June 7, 2012 at 1:12 pm

    (၁)ရခိုင်မလေးကို မုဒိန်းကျင့်သတ်ခံရတဲ့ ကိစ္စအပြီးမှာ
    ဘာသာရေးခေါင်းဆောင်တွေအနေနဲ့
    ဘာဖြစ်လို့ ရခိုင် အဖွဲ့အစည်းတွေနဲ့
    သက်ဆိုင်ရာမိသားစုကို ဝမ်းနည်းကြောင်း
    ကိုယ်စားပြုတောင်းပန်ကြောင်း
    ဘာဖြစ်လို့ ထုတ်မပြောခဲ့ကြတာလဲ…. လို့မေးလိုက်တော့
    “” ကျွန်တော်တို့ အဲလို တောင်းပန်ရမှန်းမသိလို့ပါတဲ့ “”
    (၂)ကျနော်ကိုပါ ဆုံးမ လမ်းညွှန်ပေးလို ့

    ဒီ(၂)ချက်နဲ ့တင်အဘဖောကို ကျေးဇူးတင်မဆုံးပါဘူး။

    • Foreign Resident

      June 8, 2012 at 7:23 am

      ကိုသန်းထွဋ်ဦး ။

      အဘ ( ရင်းနှီး ယုံကြည်မိလို့ )
      အများကြီး မျှော်လင့်မိတယ်လို့ပြောမိတာပါ ။
      ဆရာကြီးလုပ်တယ်လို့ အထင် မလွဲရင်ပဲ ၊
      ကျေနပ်လှပါပြီဗျာ ။

      Comment တွေအတွက် ကျေးဇူးပါဗျာ ။

  • chityimhtoo

    June 7, 2012 at 4:18 pm

    ရိုဟင်ဂျာတွေနေတဲ့နားသွားကြည့်တောင်းပန်လို့တောင် ဆုံးမှာမဟုတ်ဘူး..တောင်းပန်တဲ့လူတောင်မေးခိုင်
    သွားမယ်…

    • Foreign Resident

      June 8, 2012 at 8:24 am

      ကို ချစ်ရင်ထူး ပြောတာ ၊
      မှန်ချင်ရင်လည်း ၊ မှန်နိုင်ပါတယ် ။

      ဒါပေမယ့် ၊ တစ်ခါဖတ်ဘူးတဲ့ သတင်းဆောင်းပါး တစ်ခုမှာ ၊
      မြန်မာနိုင်ငံထဲကို လက်ရှိကို ရောက်ရှိနေပြီးတဲ့ ၊
      ရိုဟင်ဂျာ အရေအတွက်ဟာ ၊ တစ်သန်းနား နီးနေပြီလို့ ဆိုထားတယ် ။

      ကဲ ၊ အဲဒီ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ။
      အဘ ရခိုင်ပြည်နယ်ကို အခေါက်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဘူးတယ် ။
      မြန်မာ လူမျိုးတွေ အားကိုးခဲ့တဲ့ ၊ ရခိုင် တံတိုင်းကြီး ကျိုးပျက်သွားတာကြာပေါ့ ။
      ရခိုင်တွေ အကုန် ရန်ကုန်ဘက် ရောက်ကုန်ပြီ ။ ဆုတ်ခွာ လာရပြီ ။
      အခုလက်ရှိ ရခိုင်ပြည်နယ် မှာ ရခိုင် နှင့် ကုလား ဆတူလောက်ဖြစ်နေပြီ ။

      ကိုင်း ၊ ဘာလုပ်ချင်ကြသေးလဲ ။
      ဒီ လူတစ်သန်းလောက်ကို ပျောက်အောင် စစ်တိုက်ကြ သတ်ကြမလား ။
      ဒါမှမဟုတ် ၊ အတူ လက်တွဲနေဖို့ ကြိုးစား မလား ။ ဖျောင်းဖျ မလား ။

      OK လူမျိုး ဘာသာ ကို အရမ်းချစ်လို့
      စစ်တိုက်တဲ့လမ်းကိုမှ ရွေးချင်ကြရင်လည်း ရွေးကြ ။
      အဘ မကန့်ကွက်ဘူး ။ လုပ်ကြပါ ။
      အဘ အသက်အရွယ်ကြီးနှင့် လူအားနှင့် မပါနိုင်တောင်မှ ၊
      ( မအောင်မြင်နိုင်မှန်း သိသိကြီးနှင့်ကို ) ငွေအား ထည့်ပေးလိုက်ဦးမယ် ။

      သေချာ စဉ်းစားကြပါ ။ အဘ ခေါင်းစဉ် ကိုယ်နှိုက်က ” စဉ်းစားကြစေလိုပါတယ် ” ပါ ။
      ပြီးရင်တော့ ၊ လမ်းတစ်ခု ကိုပြတ်ပြတ်သားသား ရွေး ပြီးလျှောက်ရမှာပဲ ။
      Real Politic ပါ ။

      • Azzurri

        June 8, 2012 at 9:04 am

        ဝန်ဂျီးက ဘာ တွေ ပေးလဲ ဦးမလဲမသိ .. ဆိုတုန်းကတော့
        အဘအသက်အရွယ်ဂျီး နဲ့ ဆိုပီး ထည့်မပြောဝူး ….

        စေတန်တို့ ချက်ချက် တို့ တုန်းကလည်း ….
        အဘအသက်အရွယ်ဂျီး နဲ့ ဆိုပီး ထည့်မပြောဝူး ….

        ချမယ် ဆိုရင် ဆိုတော့မှ အဘ အသက်အရွယ်ဂျီးနဲ့တဲ့… အာဟိ..

        • Foreign Resident

          June 8, 2012 at 9:23 am

          မေါင်ဂီ ၊ မေါင်ဂီ ။
          မြင်တတ်ပါပေ့ကွယ် ။ တော်ပါပေ့ကွယ် ။
          ဂလိုတော်လို့ ၊ ဂလောက် နာမည်ကြီး နေတာကိုး ။
          😛

  • ဘမျိုး ဘိုးတူ

    June 7, 2012 at 4:28 pm

    သများလဲ တောင်းပန်ပါတယ်
    အားလုံးကိုတောင်းပန်ပါတယ်
    ခွင့်လွှတ် ကြပါလို့နော်

  • Gipsy

    June 7, 2012 at 5:00 pm

    ဘာသာရေး မြို့မေတ္တာ ကိုပါ ရနိင်ပါစေ အဘဖေါ ခင်ဗျာ ……

  • MaMa

    June 7, 2012 at 5:44 pm

    ကိုယ်မှားရင် မသိချင်ဟန်ဆောင်နေတတ်တဲ့ အကျင့်
    မှားမှန်းသိပေမယ့် တောင်းပန်ဖို့ ဝန်လေးတတ်တဲ့ အကျင့်တွေကို
    MG မှာ နေရင်း……
    ကြိုးစားရင်း……
    လေ့ကျင့်ရင်း….
    အားလုံး အားလုံးကို ကောင်းသောအလေ့အကျင့်ရအောင် အမုန်းခံ ပြောနေတဲ့ FR ကို ကျေးဇူးတင်ပါတယ်။ 🙂

  • ရွာစားကျော်

    June 7, 2012 at 8:03 pm

    ရခိုင်က အဖြစ်အပျက်တွေကတော့ အံ့ဩထိတ်လန့် ဖြစ်ရပါတယ်ဗျာ..
    အမျိုးထိလို့ နာကျင်မဆုံး ဖြစ်နေတုန်းမှာ အမျိုးတွေလုပ်ရပ်ကြောင့်လည်း ထိတ်လန့်တုန်လှုပ်မိတယ်..
    ကြားတဲ့က အသတ်ခံလိုက်ရတဲ့ ဘာသာခြား၊ လူမျိုးခြားများအတွက် အမျိုးတွေကိုယ်စား တောင်းပန်နိုင်ပါတယ်.. ဝန်မလေးပါဘူးခင်ဗျာ..
    တဖက်ကလည်း မိမိတို့ မှားခဲ့တာတွေ (အရင့်အရင်ကလည်း ရခိုင်ဒေသက အမျိုးတွေ စော်ကားသတ်ဖြတ် ခံရတဲ့ အဖြစ်တွေရှိခဲ့ကြောင်း အင်တာနက်မှာသိရ) အတွက် တခုခုတော့ action လေး လုပ်ကြစေလိုပါတယ်

  • padonmar

    June 7, 2012 at 8:44 pm

    ကျမတို့တိုင်းပြည်မှာ ကျေးဇူးတင်စကားနဲ့ တောင်းပန်စကားကို ပြောဖို့ရာ အလေ့အကျင့်မရှိကြသေးပါဘူး။
    မွတ်ဆလင် ခေါင်းဆောင်တွေခမျာမှာလည်း တောင်းပန်လိုက်လေမှ မသိသေးတဲ့သူတွေကို သိအောင်ကြော်ငြာပေးလိုက်သလို ဖြစ်သွားမလားလို့ ရှေးတုံးက အရိုးစွဲလာတဲ့ အမြင်တွေနဲ့ နှောင့်နှေးခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။
    ဘာဘဲပြောပြော အဘဖေါပြောသလိုဘဲ
    (သိ တဲ့သူတွေ ။
    ပညာတတ် တဲ့သူတွေ ။
    ယဉ်ကျေး တဲ့သူတွေ ။
    မြင့်မြတ် တဲ့သူတွေ ။
    အင်အားပိုကြီး တဲ့သူတွေ ။
    အဲဒီလိုလူတွေက လက်ကို အရင်စကမ်းပေးရပါတယ်ကွယ် ။)
    ဒို့ရွာသူားတွေ စိတ်ဓာတ်မြင့်မြတ်မှုလေး မွေးမြူပြီး လက်ကမ်းပေးရအောင်ပါ။
    Came On.Shake Hand.
    ကျမကတော့ ဒီနေရာကနေ ရွာသူဗုဒ္ဓဘာသာဝင်တွေကိုယ်စား တောင်းပန်ပါတယ်။
    ဒေါသမီးတွေ ငြိမ်းသတ်ကြပါစို။့

  • သားဦး၊မြေးဦး

    June 7, 2012 at 10:46 pm

    ဟုတ်ပါတယ် ဒေါက်တာရေ. ကျနော့်အနေနဲ ့လဲ အားလုံးသောအပြစ်သားတွေ
    ကိုယ်စား တောင်းပန်ပါတယ်။နိုင်ငံတကယ်တိုးတက်ဖို ့နေရာမှာ ခုလိုညီညွတ်တဲ့
    အားတွေကို ပြောင်းကျင့်သုံးနိုင်ဖို ့မျှော်လင့်မိတာ ခုမှမဟုတ်ပါဘူး။အရင်ထဲက
    ကို ရင်ထဲမှာရော ၊သံတွဲနဲ ့ဆက်စပ်ပြီးရေးတဲ့ပို ့စ်တွေမှာ ပါနေခဲ့ဖူးပါတယ်။

  • padonmar

    June 7, 2012 at 10:50 pm

    နောက်နောင်ကိုလည်း ဘယ်ကိစ္စမဆို စိတ်သဘောထားကြီးသူတွေအနေနဲ့ ကိုယ့်ရဲ့အမှား ကိုယ့်ဖက်ကအမှားကို မြန်မြန်ဆန်ဆန်လေး တောင်းပန်လိုက်ကြစေချင်ပါတယ်။

  • htoosan

    June 7, 2012 at 10:57 pm

    ဒေါ်အောင်ဆန်းစုကြည်တောင်းပန်တာများတွေ့မိကြပါသလားခင်ဗျာ။ ကျွန်တော်မတွေ့မိလို့ပါ ။
    ဒီလိုတော့ ပြောထားတာ တွေ့မိပါတယ်။

    အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အားကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တာကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာကိုလုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။”

    နောက်ကျွန်တော် တကယ်မသိလို့ပါ ။ ဘဖောပြောတဲ့ ..

    အဲဒီတော့ သူတို့ကို မေးကြည့်တယ်…
    ရခိုင်မလေးကို မုဒိန်းကျင့်သတ်ခံရတဲ့ ကိစ္စအပြီးမှာ
    ဘာသာရေးခေါင်းဆောင်တွေအနေနဲ့
    ဘာဖြစ်လို့ ရခိုင် အဖွဲ့အစည်းတွေနဲ့
    သက်ဆိုင်ရာမိသားစုကို ဝမ်းနည်းကြောင်း
    ကိုယ်စားပြုတောင်းပန်ကြောင်း
    ဘာဖြစ်လို့ ထုတ်မပြောခဲ့ကြတာလဲ…. လို့မေးလိုက်တော့
    “” ကျွန်တော်တို့ အဲလို တောင်းပန်ရမှန်းမသိလို့ပါတဲ့ “”

    ဆိုတာ ဘဖော မေးခဲ့တာလား (သို့)ဘယ်သူများမေးခဲ့တာပါလဲ ။
    ကျွန်တော်က သစ်ထူးလွင်နဲ့ ဒီရွာရယ် ၊ eleven / 7days /voice weekly facebook လောက်သာဖတ်နိုင်တဲ့ အတွက် မတွေ့မိလို့ ပါ ။

    • Foreign Resident

      June 8, 2012 at 5:26 am

      ကို htoosan ရေ ။

      ” ဒေါ်အောင်ဆန်းစုကြည်တောင်းပန်တာများတွေ့မိကြပါသလားခင်ဗျာ ”

      အမေစု တောင်းပန်တာတော့ အဘ လဲ မတွေ့ရသေးပါဘူး ။
      အမေစု ၊ ဒီကုလား – ရခိုင် ကိစ္စ မှာကော ၊
      အထူးသဖြင့် ရိုဟင်ဂျာ ကိစ္စ မှာကော ၊
      လုံးဝ သူကစပြီး အသံ မထွက်သေးဘူး ။

      အခုထက်ထိ ဘယ်ဖက်က ရပ်တည်ပါတယ် ၊
      ဘယ်ဖက်က မှန် / မှားပါတယ် ၊ လုံးဝ မပြောသေးဘူး ။
      သူ့ Ground ကို သေချာအောင် တည်ဆောက်နေတုန်း မို့လား ၊
      နိုင်ငံတကာက အကူအညီတွေ လျော့သွား ၊
      နိုင်ငံတကာ Image ဆိုးသွားမှာ စိုးလို့လား မသိဘူး ။
      ဒါမှမဟုတ် ဦးသိန်းစိန် နှင့်များ ဟိုးအရင်ကတည်းက ၊
      နားလည်မှု တစ်ခုခု ယူထားလား မသိဘူး ။

      အဘ တို့မှာ ၈၈ တွေ ( ကိုမြအေး ) ပြောစကားတွေထဲကပဲ ၊
      သူတို့ သဘောထားကို ရိပ်ဖမ်း သံဖမ်း မှန်းနေရတယ် ။
      အဘ လည်း ရန်ကုန်ပြန်ရောက်မှပဲ ၊
      NLD ထဲက သူငယ်ချင်းတွေကို မေးကြည့်ရဦးမယ် ။

      အဘ တို့ကတော့ ၊ တစ်ဦးချင်း သဘောဆောင်ပြီး ။
      နိုင်ငံတကာ ယဉ်ကျေးမှု စံ / အမြင် တစ်ခုတည်းကို ၊
      ကိုင်စွဲပြီးပြောလို့ရပေမယ့် ။
      အမေစု နေရာမှာဆိုရင်တော့လည်း ၊
      လူများစုရဲ့ စိတ်ခံစားမှုရေချိန်တွေ ၊
      နိုင်ငံ ရဲ့ နိုင်ငံရေး အခြေအနေတွေ ၊
      စသဖြင့် ထည့်တွက်ရမယ် ထင်ပါတယ် ။

      ” ဘဖော မေးခဲ့တာလား (သို့) ဘယ်သူများ မေးခဲ့တာပါလဲ ”

      အဘ မေးခဲ့တာတော့ မဟုတ်ရပါကွယ် ။
      ယုံကြည်လောက်သူတစ်ဦးရဲ့
      Face Book Status Message ပါကွယ် ။
      ဘယ်သူဆိုတာကိုတော့ ရေးလို့မသင့်လို့ မရေးတော့ပါဘူး ။
      အမှန်တော့ အဘ က Ideology ကိုပဲ
      ဦးစားပေး High Light လုပ်ချင်တာပါကွယ် ။
      ဒါပေမယ့် ၊ အဖြစ်အပျက်ကလည်း တကယ်ဖြစ်ပျက်ခဲ့ပုံရပါတယ် ။
      ဘာဖြစ်လို့လဲ ဆိုတော့ ၊ တိုက်တိုက် ဆိုင်ဆိုင် လေ ။
      အခုကိုပဲ မြန်မာ မွတ်ဆလင်များဘက်က ၊
      ကျောက်နီမော်လူသတ်မှုကျူးလွန်ခဲ့သူ တွေကို
      ရှုံချကြောင်း ကြေငြာလိုက်ပါပြီ ။

      ကျောက်နီမော်လူသတ်မှုကျူးလွန်ခဲ့သူများအား
      အစ္စလာမ်ဘာသာရေးကောင်စီက ရှုံ့ချ။
      —http://www.thithtoolwin.com/2012/06/blog-post_6418.html—

      မြန်မာ မွတ်ဆလင်များဘက်ကတော့
      နိုင်ငံရေးအမြင် ၊ လူမှုရေးအမြင် တွေအရ ၊
      သူတို့လုပ်သင့် လုပ်ထိုက်တာတွေကို ၊
      ( သိသိချင်း ကိုပဲ လို့ ပြောရမှာပဲ )
      လက်ဦးမှုယူပြီး စ လုပ်နေပါပြီ ။
      အပေါ်မှာ သူကြီး မန့်ခဲ့သလိုပဲ ။

      ” မြန်မာမွတ်စလင်တွေဖက်က…
      မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအအဖွဲ့ဝင်များတို့..
      အစ္စလာမ်သာသနာရေးကောင်စီတို့..ထွက်နေပြီ..
      မဟန ဘာလုပ်နေသလည်း.. ?? ”

      ကိုယ့်ဖက်ကလူတွေကတော့ ၊
      ဘာတွေ မာနခံနေလည်း မသိဘူး ။
      ခေါင်းဆောင်တွေ နှေးတာလား ၊
      PR တွေ တုံးတာလားတော့ ၊ မသိဘူး ။

      အဲလို မလိမ္မာ မပါးနပ် လို့လဲ ၊
      ရိုဟင်ဂျာ အရေးမှာ ၊ နိုင်ငံတကာ ရဲ့ အမြင်မှာ ၊
      ကိုယ်တွေဖက်က အနှုတ်ပြနေတာ ။

      နိုင်ငံတကာ နှင့်လည်း ၊
      ကင်းအောင်နေနိုင်တာလည်း မဟုတ်ပဲနှင့် ။
      အခု ရခိုင် က စိန့်မာတင်ကျွန်း နှင့် ၊
      မြန်မာ့ ရေပိုင်နက် ကိစ္စ မှာလည်း ၊
      နိုင်ငံတကာ ခုံရုံး ကိုပဲတက်ရပြီး ၊
      နောက်ဆုံးပေးလိုက် ရတာပဲ မဟုတ်လား ။

      နိုင်ငံတကာ Image ကောင်း ရအောင် ၊
      မယူတတ်သေးဘူး ။ မတည်ဆောက်တတ်သေးဘူး ။
      အဲလိုပဲ ၊ မြင်မိတယ် ။

    • Foreign Resident

      June 8, 2012 at 7:37 am

      ” ရခိုင် ပြည်နယ် က အကြမ်းဖက် သတ်ဖြတ်မှု တွေ ကို စုံစမ်း စစ်ဆေး ဖို ့
      မြန်မာ အစိုးရ က ဖွဲ ့ စည်း လိုက်တဲ့ ၁၆ ဦးပါ အဖွဲ ့ ခေါင်းဆောင်
      ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ဇံမြင့် ဟာ
      “ရခိုင် လူမျိုး” တစ်ဦး ဖြစ်သည် ဟု FNG မှ သိရသည် ”

      အဲဒါတွေပေါ့ ၊ ညံ့တယ်လို့ပြောတာ ။
      တရားမျှတ ပါ့မယ်လို့ ( အနဲဆုံး ) ထင်ရအောင် ၊
      အဖွဲ့ခေါင်းဆောင်ကို ကြား လူမျိုး ၊ ဘာသာ တစ်ဦးဦး ခန့်ပါလားကွယ် ။
      ဥပမာ ။ ။ မွန် ၊ ခရစ်ယာန် ။

  • ကိုရင်စည်သူ

    June 7, 2012 at 11:44 pm

    အဘရေ… ဆေးဆိုတာ ခါးမှ ဝေဒနာမြန်မြန်ပျောက်တာမျိုးပါ။
    အဘဆေးက ခါးပေမယ့် တော်တော် အကျိုးသက်ရောက်တဲ့
    ဆေးစာပါပဲဗျာ။
    ကုလားတွေကော ရခိုင်တွေကော ဘဲရီးဆောရီး လိုက်ကြပါ။
    ကိုရင်လည်း အမြန်ကျေးအေးကြဖို့ ဘဲရီးဆောရီး ပါတယ်… 🙄
    အားလုံး ဘဲရီးမဆောရီးကျရင်တော့
    ဒိုင်စားတော့မယ် ပွဲကြီးလို့ မြင်မိပါတယ်… အဘရေ…

  • မိုးတိမ်

    June 8, 2012 at 1:00 am

    အမျိုးထိရင်တော့ မချိအောင်နာ ဆိုတဲ့ စကားလုံးက အခုကိစ္စမှာတကယ်မှန်နေပါလား
    မြန်မာတွေဟာ ဘာပဲဖြစ်ဖြစ် ခံနှိုင်ရည်ရှိခဲ့ပါတယ်။
    ဒိုင်စားတော့မခံနှိုင်ပါ…
    ဟိုဘက်ကမန့်ထားတဲ့ ကွန်မန့်ပါ ကော်ပီပေ့လုပ်ထားတာ(တစ်ဆယ်ရအောင်ပေါ့လေ)

    ခံစားချက်နဲ့တော့ မပြောလိုပါ…
    reality အရှိကိုအရှိတိုင်းလက်ခံရရင် ကျွန်တော်တို့က စတော့မကျူးလွန်တာတော့ အမှန်ပါ။
    ရခိုင်က ရခိုင်သားတွေကလဲ ပြန်လည်တောင်းပန်ပေးလိုက်ပါ။
    ဘာကြောင့်လဲဆိုတော့ သူတို့က သစ်ထူးလွင်မှာတောင်းပန်ကြောင်းစရေးပြီး ဖြန့်နေပါပြီ။
    ကိုယ့်ဘက်ကမတောင်းပန်ရင်ကိုယ်သာရိုင်းပေမပေါ့။
    ဒီတော့ အားလုံးအေးအေးဆေးဆေး ကြေအေးကြစို့ရဲ့။
    အရင့်အရင်က ဟာတွေမပြောကြကြေး နှစ်ဘက်လုံးမှားခဲ့ပြီကိုး။
    သို့ပေသိ သမိုင်းမှာတော့အမည်းစက် မစွန်းအောင်လုပ်ဆောင်ကြရပါမယ်။
    ကိုယ့် သမိုင်းကို သေသေချာချာသိပြီး လက်ခံပါစေလို့ ဆုတောင်းရင်းးးးးးးးးးးးးးးး

  • အရီး Khin Latt

    June 8, 2012 at 2:51 am

    သာဓု ခေါ်ထိုက်တဲ့ Post လေးပါ ကိုအဘဖော ရှင့်။
    သာဓု၊ သာဓု၊ သာဓုပါ။ (စေတန် မဟုတ် 😉 )

    အသက်ကြီးသူတို့ ထုံးစံအတိုင်း နဲနဲ ထပ်ပွါး လိုက်ပါရစေဦးရှင်။

    ကျွန်မတို့ဟာ အမှားကင်းကင်း နဲ့ နေနိုင်သူရယ်လို့ မရှိပါဘူး။
    ကိုယ့်အတွက် နဲ့ သူတစ်ပါးမှာ ထိခိုက် နစ်နာ ခဲ့ရရင် တောင်းပန် ရမှာ လူ့ကျင့်ဝတ်ပါဘဲ။
    တောင်းပန် တယ် ဆိုတာ လူလူချင်း ဆက်ဆံပေါင်းသင်းရေးမှာ အလွန်ကြီးမား တဲ့ ပါဝါ မဟုတ်လား။
    တကယ်တော့ တောင်းပန် လိုက်တယ် ဆိုတာ ပြီးပြီးရော ကိစ္စငြိမ်း ပြောလိုက်တာတော့ မဖြစ်သင့်ပါဘူး။
    အဲဒီနောက်မှာ ကိုယ်တောင်းပန်လိုက်ရတဲ့ အကြောင်းကို အသေအချာ သိမြင် တတ်ရ ပါမယ်။
    အဲဒီ နောက်မှာ ဖြစ်ခဲ့တဲ့ အကြောင်း ကို အမှန်ရပ်တန့်သွားစေဖို့၊ နောက် ပြန်ကွေ့ မသွား ဖို့/ ထပ်ပြန်မဖြစ်ဖို့ ဆိုတဲ့ “တာဝန်ယူခြင်း” ဆိုတာပါ ပါလာသင့်ပါတယ်။
    တကယ်တော့ တောင်းပန်တယ် ဆိုတာ နောက်ဒါမျိုး မဖြစ်အောင် လုပ်ပါ့မယ်လို့ တာဝန်ခံ လိုက်ခြင်းပါဘဲ။

    အရေးကြီးဆုံးကတော့ တစ်ချို့ တောင်းပန်ခြင်း ဆိုတာ ယာယီ ငြိမ်းချမ်းရေး ရဖို့ အတွက် ပြောလိုက်တာဘဲ ဖြစ်ပြီး နောက်ပိုင်းမှာ အခွင့်သာရင် နောက်ကျောကို ဒါးနဲ့ ထိုး ဖို့ အကြံ မပါဝင်သင့်ပါဘူး။

    ကျွန်မတို့ အားလုံး တောင်းပန်လို့ တကယ်ဘဲ နောက်ဆက်တွဲ ပြသနာတွေ မဖြစ်တော့ ဘဲ ကျေအေး ကြမယ် ဆို ကျွန်မ လဲ တစ်တပ်တစ်အား ပါဝင် အားဖြည့်ပါမယ်။
    ဒီလို ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေ အတွက် တကယ်ဘဲ ဝမ်းနည်းပါတယ်။
    နောက်နောင် ဒါမျိုး မဖြစ်အောင် ကျွန်မတို့အားလုံး တတ်နိုင်သ၍ ပူးပေါင်း ဆောင်ရွက်ကြ ပါစို့လား။

    အဓိကကတော့ အမှုမှန် နဲ့ ပြစ်မှုကျူးလွန်သူများ ကို ထိုက်သင့်တဲ့ပြစ်ဒါဏ် ချမှတ်ပေးဖို့ပါဘဲ။
    တကယ်တော့ သူများ အသက်ကို မတရား ယူ ရင် ကိုယ့်အသက်ကို ပြန်ပေးသင့်တယ် ဆိုတာလဲ မမေ့ကြပါနဲ့။

    • Foreign Resident

      June 8, 2012 at 5:33 am

      အရီးလတ် ။
      တွေ့လား ။ ပြောရင်လည်း အဘ ပြောတယ် ဖြစ်ဦးမယ် ။
      မောင်စေတန်လေးကို ပါးစပ်ကမချ တဖွဖွ နှင့် ။ ဟင်းနော် ။
      😛

  • ဦးဦးပါလေရာ

    June 8, 2012 at 7:49 am

    (မြန်မာ အစိုးရ က ဖွဲ ့ စည်း လိုက်တဲ့ ၁၆ ဦးပါ အဖွဲ ့ ခေါင်းဆောင်
    ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ဇံမြင့် ဟာ
    “ရခိုင် လူမျိုး” တစ်ဦး ဖြစ်သည် ဟု FNG မှ သိရသည်)

    ကိုဖေါရင်းရေ-
    ဒါကတော့ တမင် ရခိုင်လူမျိုးကိုထည့်တာလို့ပဲ ထင်ပါတယ်။
    ဘာကြောင့်လဲဆိုတော့ စုံစမ်းစစ်ဆေးမှု့တွေအပြီးမှာ ရလာဒ်က ဘယ်လိုဆိုတာ မှန်းလို့ရနေလို့ပါပဲ။
    တကယ် အရေးယူရမယ့်လူ အများစုဟာ ဘယ်သူတွေဆိုတာ မှန်းလို့ ရနေလို့ပါပဲ။
    ကျုပ်ဖြစ်စေချင်တာက အဲဒီအဖွဲ့ထဲမှာ အစ္စလာမ်ဘာသာဝင် တယောက်လောက်လဲ ပါစေချင်ပါတယ်။
    (ပါနေတယ်လို့လဲ ထင်ပါတယ်)

  • Foreign Resident

    June 8, 2012 at 10:41 am

    အဟင့် ။
    ဟိုဖက်မှာတော့ ဂီဂီ က အလုပ် စပ် / ကြော်ငြာ နေတယ် ။
    အဘ ကတော့ ဒီဖက်မှာ လူပဲ စပ် / ကြော်ငြာ ရတော့မယ် ။

    ယောက်ျား များ မလိုချင်ကြဘူးလားဟင် ။
    အမေရိကန် နိုင်ငံသား ( Citizen ) ။
    ရခိုင် လူမျိုး ။
    အမေရိကန် MBA ရထားပြီးသား ။
    အသက် ၄၅ နှစ် / လူပျိုကြီး ။
    စိတ်ထား ကောင်းမွန်ပါတယ် ။
    အခု ရန်ကုန် ရောက်နေတယ် ။
    ရန်ကုန် မှာ ပညာရေး နှင့် ပါတ်သက်တဲ့
    အလုပ်လုပ်ဖို့ စီစဉ်နေတယ် ။

    အဘကို အတင်း ကပ်ပြီး ပူဆာနေလို့ ။
    အသက် ၃ဝ လောက် ၊ ရုပ်ရည် ခပ်သင့်သင့် ၊
    အပျို တစ်ယောက် လောက် လိုချင်တယ်တဲ့ ။
    ချမ်းသာစရာမလိုဘူး ၊ ပညာ သင့်တင့်အောင်တတ်ပြီး ၊
    စိတ်ထား ကောင်း ၊ စာရိတ္တကောင်းရင် တော်ပြီ ။
    ရာသက်ပန် လက်တွဲဖို့ စိတ်ကူးရမယ်တဲ့ ။

    အဟင့် ။
    သူ တကျီကျီ လုပ်နေတာနှင့် ၊
    အဘ ရန်ကုန်ပြန်ရောက်ဖို့တောင် ကြောက်နေရပါပြီ ။
    ” ရှာပေးပါ့မယ်ကွာ ” လို့လဲ ပြောထားမိတာကိုး ။

    ကြံရာလည်း မရတော့ပါဘူး ။
    အမေရိကန် နိုင်ငံသား မက်မဲ့ ၊
    မင်းသမီး ၊ မေါ်ဒါယ်တွေများ ရှိမလားမသိ ။
    အိမ်ထောင်ရေး အဆင်မပြေရင်လဲ ၊
    နောက် ကိုယ်ပဲ အဆဲခံရမှာ ။

    အဘ ဘဝလည်း အစစ အရာရာ အဆင်ပြေနေပါတယ် ဆိုမှ ။
    ဒုက္ခက ရောက်လာသေးတယ် ။

    • htoosan

      June 8, 2012 at 11:19 am

      အခုမှ စဉ်းစား ကြစေလိုပါတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိုကိုက်တယ် … 😀 😀
      သူကြီးလည်း လူပျိုကြီး အပျိုကြီး များအတွက် Ice Breaker အစီအစဉ်လေးတွေလုပ်သင့်တယ်ထင်တယ် ….. 😀

  • Foreign Resident

    June 8, 2012 at 4:47 pm

    သမီးလေး E Tone က ၊
    အဘ ကို တိုင်တည်ပြီး Comment ပေးလာတယ် ။
    ဒီအခြေအနေမှာ အဘ ရဲ့ သဘောထားကို
    ပြတ်ပြတ်သားသား ပြောကြားလိုပါတယ် ။

    Quote.
    etone says:
    ကိုင်း အဘဖောရေ .. ဒီလို လုပ်ရပ်တွေအတွက် ….
    သူတို့ တောင်းပန်လျှင်တောင် … ရခိုင်တွေ ကြေအေးနိုင်ပါမလားဟင် …. ။
    သူတို့မှာတော့ တောင်းပန်ဖို့ စိတ်ကူးမရှိတဲ့ အပြင် … ရမ်းကားဖို့ ထကြွနေကြပြီ ….. ။
    စစ်တပ်ဝင်မထိန်းလျှင် … အခြေနေတွေ ပိုပြီးတင်းမာတော့မယ် …. ။
    ရင်မောလိုက်တာနော် 🙁
    Un Quote.

    သမီး E Tone ။
    အဘတို့ကတော့ လူကြီးပီပီ ၊
    ငြိမ်းငြိမ်းချမ်းချမ်း တားကြည့်တာပဲ ။
    အေး ၊ ဒါပေမယ့် ၊ တားမရလို့ဖြစ်လာရင်တော့ ၊
    အေး ၊ စိတ်ချ သမီး ( ရှင်းရှင်းပဲပြောရတော့မယ့် အခြေအနေ ဆိုတော့ )
    ဗုဒ္ဓဘာသာ ၊ ဗမာ ၊ ရခိုင်တွေဖက်က တသားထဲ ရပ်ပေးမှာပဲ ။

    အဘ ရင်ထဲမှာလည်း ၊
    အခု တင်းကြပ် ဆို့နင့်နေတာပဲ ။
    ဘာစကားမှ ၊ မလိုတာ မပြောချင်ဘူး ။
    အခု မီးရှို့ အဖျက်ခံရတဲ့ ရခိုင်တွေ အိမ်တွေကို ၊
    ပြန်ဆောက်ပေးဖို့ လူသာစုလိုက် ။

    အဘ အခု ငွေ ငါးသိန်း ချက်ချင်း ထည့်မယ် ။
    MG က ခေါင်းဆောင်ရဲမယ့် လူသာရွေးလိုက် ။
    ဒါက ပြောနေတာထက် လက်တွေ့ကျတယ် ။

  • ဦးဦးပါလေရာ

    June 8, 2012 at 11:16 pm

    ကျုပ်သဘောထားလေးလဲ…..

    တောင်းပန်ရမယ့်အချိန်မှာ တောင်းပန်စရာကို တောင်းပန်ပါမယ်။ အဲဒီအတွက် ဘယ်တော့မှ မှားတယ်လဲမထင်ဘူး။ နောင်တလဲမရဘူး…။

    သို့သော်….

    ကိုယ့်မိသားစုကို ကာကွယ်စရာရှိတဲ့အချိန်မှာ တင်းတင်းရင်းရင်းကာကွယ်ပါမယ်..။

    အဲဒါ တမျိုးစီ တကန့်စီ ဖြစ်ပါတယ်။

  • char too lan

    June 9, 2012 at 10:25 am

    အောင်မလေး………. မလေးစားဘဲနဲ့ကို မနေနိုင်တော့ဘူးဗျာ…
    တစ်ညလုံးစိတ်တိုဒေါသထွက်ထားသမျှ ဒီပိုစ့်ပြန်ဖတ်ပီးမှပဲ စိတ်ငြိမ်တော့တယ်

  • MaMa

    June 9, 2012 at 2:06 pm

    Eleven မှာ တွေ့တာလေး ကုဒ်ပေးလိုက်ပါတယ်။
    မောင်တောတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များ ဖျက်ဆီးခံရမှုထဲတွင် Eleven Media Group ၏ မောင်တောသတင်းထောက် ကိုဝင်းမောင်၏ နေအိမ်လည်း ဖျက်ဆီးခံခဲ့ရသည်။ ထို့အတွက် Eleven Media Group မှ ထောက်ပံ့ငွေ သိန်း ၂ဝ ပေးအပ်မည်ဖြစ်ပြီး အဆိုပါဒေသတွင် ပျက်စီးဆုံးရှုံးခဲ့သော ဒေသခံ ရခိုင်တိုင်ရင်းသားများကို ကူညီရန်အတွက်လည်း အလှူငွေ ကျပ်သိန်း ၂ဝ ကို သက်ဆိုင်ရာသို့ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါသည်။ ယင်းဒေသအတွက် လှူဒါန်းလိုသူများ အနေဖြင့်လည်း သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

    • Foreign Resident

      June 9, 2012 at 2:38 pm

      မမ ရဲ့

      အခုလေးတင် အဘ ကိုရွှေတိုက်စိုး ကို request လုပ်ခဲ့သေးတယ် ။
      ဖျက်ခံရတဲ့ ရွာတွေ အိမ်တွေ မနဲဘူး ။
      ရခိုင် ညီနောင်တွေ ပြန်ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြရအောင်ဗျာ ။

      ကို Shwe Tike Soe ရေ ။

      ကို Shwe Tike Soe လဲ အလှူငွေ လှူဘို့ စိတ်ကူးရှိရင် ၊
      ကျေးဇူးပြုပြီး ကို Shwe Tike Soe ကပဲ ၊
      နဲနဲ ဦးစီးပြီး အလှူငွေကောက် လိုက်ပါလား ။
      အဘ ဒီလ ၂ဝ ရက်လောက် ရန်ကုန် ပြန်ရောက်မယ် ။
      အဲတော့ အဘ အလှူငွေ ငါးသိန်းထည့်မယ်လေ ။
      အခုချက်ချင်း လိုချင်ရင်လည်း ရပါတယ် ။
      ကို Shwe Tike Soe ဆီမှာ အဘ လိပ်စာကဒ် ရှိတာပဲ ။
      အဘ အိမ်ကို အဘ ဖုန်းဆက်ပေး လိုက်မယ် ။ သွားယူလို့ရတယ် ။

      အခုလေးတင်ပဲ may flowers ဆိုတဲ့ သမီးလေးတောင် ၊
      လုပ်ဖြစ်ရင် သူ ငါးသောင်းထည့်မယ် လို့ပြောနေတယ် ။
      ကောက်လို့ရရင် ” ရခိုင် ဒုက္ခသည် ကူညီရေး ” ဆိုပြီး ၊
      MG နာမည် နှင့် သွားလှူကြမယ်လေ ။
      သူကြီး ကတော့ သဘောတူပါ့မလား မသိဘူး ။

      အဘတို့လည်း တိုင်းရင်းသားတွေကို ၊
      ပါးစပ် နှင့်ပဲ ချစ်ပြနေကြတာ ၊
      ဒီလို မိုးထဲလေထဲမှာမှ လက်မပါရင် ။
      ဘယ်တော့ ပါမှာလဲ ။
      နဲတာ များတာ အကြောင်း မဟုတ်ပါဘူး ။
      စိတ်ထားလေး ပြချင်တာပါ ။

      ရန်ကုန်မှာ အလှူခံမယ့် အဖွဲ့တွေတော့ ရှိမှာပါ ။
      ( ဥပမာ ။ ။ ဦးကျော်သူ )

      အဲဒီအတွက်တော့ စိတ်မပူနှင့် ၊
      အနဲဆုံး ၊ အဘ သူငယ်ချင်း တစ်ယောက်က ရခိုင် ခေါင်းဆောင် ၊
      ဒီနေ့စကားပြောတော့တောင် သူကပြောတယ် ၊
      RNDP ကပြောတယ် ရိုဟင်ဂျာ ၅၀၀ဝ လက်နက်ကိုင်ထားပြီတဲ့ ၊
      ဒါကြောင့် သူတို့ ရခိုင်တွေဖက်ကနေလဲ ၊
      ရခိုင် ကာကွယ်ရေး ပြည်သူ့စစ် ဖွဲ့ပြီး ၊ လက်နက်ကိုင်ခွင့်ပေးဖို့ ၊
      အစိုးရကို တောင်းဆိုမယ် လို့ ပြောနေတယ် ။
      နို့မို့ရင် ရခိုင်တွေ ၊ ရခိုင်ပြည်ထဲမှာ မနေရဲတော့ဘူးတဲ့ ။

Leave a Reply