“သူတို့ဆီကိုအသွား..အပိုင်း(၁)..(ဂုတ်တွင်းအလွန်)”(ကိုပေါက်လမ်းသလားနေသည်)

1 ပြင်ဦးလွင် အတက်လမ်းကနေ အဆင်းလမ်းဘက်ကိုလှမ်းအကြည့်

2 ကျနော်က အတက် သူတို့က ပန်းရောင်းဘို့ မန်းလေးဘက်ကို အဆင်း3 အဆင်းလမ်းစောက်နက်တဲ့နေရာတစ်ခု

3 အဆင်းလမ်းကစောက်နက်တဲ့နေရာတစ်ခု
4 လမ်းဘေးက ဈေးသည်ကို လာရောင်းတဲ့လမ်းပေါ်ကဈေးသည်5 လယ်ယာလုပ်ငန်းခွင်တစ်ခု လူ့အင်အားသုံးပြိးလုပ်ရတာပါဘဲ6 ဂုတ်တွင်းအဝင်နားက ဆိုင်ကလေး...ဂျမ်းတုံးတွေရောင်းတာ

5 ရှမ်းပြည်နယ်ထဲက လုပ်ငန်းခွင်ကလေးတစ်ခု
6 ဂုတ်တွင်းအဝင်က ဂျမ်းတုံးရောင်းတဲ့ဆိုင်ကလေး

7 ကောက်ကွေ့သော ဂုတ်တွင်း အဝင်စလမ်းကလေး (ကားရပ်မပေးတော့ စိတ်တိုင်းကျမရိုက်ခဲ့ရပါ)8 ကားပေါ်ကဖြစ်သလိုရိုက်ရင်း စိတ်ထဲမှာကျေနပ်မိတဲ့ပုံကလေး

8 မထင်မှတ်ဘဲရလိုက်တဲ့ ကျနော်စိတ်တိုင်းကျတဲ့ပုံကလေး
9 အားရပါးရ ရေဆင်းပြွန်ကြီး နှစ်ခု

10 အပေါ်လမ်းကနေ လှမ်းမြင်ရတဲ့ တံတား

11 ဂုတ်တွင်းကို ကောင်းအောင်ပြင်ဆင်နေကြတဲ့ လမ်းလုပ်သားလေးတွေပါ

12 တစ်ထစ်ပြီးတစ်ထစ် တက်လာတဲ့လမ်းကလေး

13 စိမ်းစိုတဲ့သစ်ပင်တွေနဲ့ရှိတဲ့ တောင်တန်းကြီး

14 နောင်ချိုအထွက်ဘက် လယ်ယာလုပ်ငန်းခွင်

15 လမ်းမှာခဏနားတဲ့ ကောက်ကွေ့လှပတဲ့လမ်းကလေး16 ရှမ်းပြည်ရှမ်းရွာ အငွေ့အသက်လေးတွေမြင်နေရတဲ့ မြေနီလမ်းနဲ့တောင်တန်း လှပ ပါပေ၏။

16 ရှမ်းပြည်အငွှေ့အသက်ပါတဲ့မြင်ကွင်းလေးပါ
17 ဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်တစ်နေရာ

18 ဒါကလဲပိုက်လိုင်းတွေချထားတာပါ သူကတော့ ရေအတွက်လို့သိရပါတယ် သေတော့မသေချာ

19 စိမ်းမြ ဝါလွင် နီမောင်း မြောက်ပိုင်းရှမ်းပြည်က အလှ

20 ကျနော်နှစ်သက်တဲ့ရှမ်းပြည်နယ်က မြင်ကွင်းတစ်ခုပါ။

21 ကျနော်တို့ စီးခဲ့တဲ့ အငှားကား (စူပါရုပ်ဖ်လို့ပြောပါတယ်)

“သူတို့ဆီကိုအသွား..အပိုင်း(၁)..(ဂုတ်တွင်းအလွန်)”(ကိုပေါက်လမ်းသလားနေသည်)

ကျနော်ဒီ2012 ခုနှစ်မှာတော့ ခရီးသွားခွင့်အများကြီးကြုံတော့ ကံကောင်းတယ်လို့ စိတ်ထဲမှာခံယူပါတယ်။

မြောက်ပိုင်းရှမ်းပြည် ကမူဆယ်နဲ့ကပ်နေတဲ့ ကျယ်ဂေါင် ဆိုတဲ့နေရာလေးကို အလုပ်ကိစ္စနဲ့သွားရမယ့်

အကြောင်းပေါ်လာပါတယ်။

အဲဒီနေရာလေးကို 2010 မေလက တစ်ခေါက်ရောက်ခဲ့ဘူးပါတယ်။

မှတ်မှတ်ရရ မန်းလေးဂေဇက် အဖွဲ့ဝင်ဖြစ်ခါစလေးမှာပါ။

အဲဒီတစ်ခေါက်ကတော့ ကင်မရာလဲမရှိသေးတော့ ဓါတ်ပုံတွေမရိုက်ဖြစ်ခဲ့ပါဘူး။

ဒီတစ်ခေါက်မှာတော့ လက်ထဲမှာ ဓါတ်ပုံတွေရိုက်ဘို့အားခဲ့ထားပါတယ်။

ဒါနဲ့ဘဲ 31-5-2012 နေ့မှာ ကားလက်မှတ်သွားဝယ်ပါတယ်။

စူပါကပ်စတန်နောက်ခန်း 25000ကျပ် ဗင်20000ကျပ် မတ်တူး30000ကျပ်လို့ဆိုပါတယ်

ဗင်ကတော့ နောက်ခန်းသုံးယောက်ထိုင်ရမှာဆိုတော့ ကျနော်လိုလူဝကြီးအတွက် အဆင်မပြေပါဘူး။

ဒါနဲ့ဘဲ စူပါရုဖ်ကို ဘဲစီးဘို့ဆုံးဖြတ်လိုက်ပါတယ်။

ဒီလိုကားလေးတွေက အိမ်တိုင်ယာရောက်လာကြိုပေးပါတယ်။

ပထမတစ်ခေါက်သွားတုံးက ခြောက်နာရိခွဲလာကြိုမယ်ဆိုလို့ ကိုယ့်မှာတာ့ ကမန်းကတန်းလုပ်လိုက်ရတာ။

တစ်ယောက်ဝင်ခေါ်တစ်ယောက်ဝင်ခေါ်နဲ့ရှစ်နာရီကျော်မှ မြို့ပြင်ထွက်မယ့်လမ်းမကိုရောက်ပါတယ်။

ကိုယ့်မှာသာ ဘာမှမစားရဘဲ လိုက်လာခဲ့ရတာ။

ဒီတစ်ခါတော့ 32လမ်းက ဂိတ်ကိုဘဲလာစီးမယ်မှာထားလိုက်ပါတယ်။

ခြောက်နာရီဂိတ်အရောက်ပါတဲ့။

မတိုင်ခင်တစ်ရက်မှာတော့ ဂိတ်က ငါးနာရီခွဲလာပေးပါလို့လှမ်းဖုန်းဆက်လာပါတယ်။

ကားပိုင်ရှင်က သူကိုယ်တိုင်မောင်းပြီးလိုက်ပို့မှာမို့

စောစောထွက်ချင်လို့ပါ ဆိုပြီးပြောလာလို့ ရတယ်ဘဲလုပ်လိုက်ပါတယ်။

ကျနော်က လဲမူဆယ်ကို စောစော ရောက်ချင်ပါတယ်။.

ပထမတစ်ခါအရောက် ညနေခြောက်နာရီကျော်မှ ရောက်တော့ ကျယ်ဂေါင်ထဲကို ဝင်ခွင့်လက်မှတ်လုပ်တဲ့

အခါ နောက်ကျသွားတော့ လက်ဖက်ရည်ဆိုင်က ပွဲစားကတစ်ဆင့်လုပ်ခိုင်းရပါတော့တယ်။

တစ်ယောက်တစ်ထောင် ဘဲကျသင့်တဲ့နေရာမှာ ရှစ်ထောင်ပေးလိုက်ရပါတယ်။

ပွဲစားက ဝိုက်သွားတယ်ထင်တာပါဘဲ။

ကိုယ်ကလဲ မဝင်မဖြစ်တော့ တောင်းသလောက်ပေးလိုက်ရတာပါဘဲ။

သွားတဲ့နေ့(2-6-2012)နေ့မှာတော့ မနက်ငါးနာရီလောက်အိမ်ကထွက် မုန့်ဝင်စား

ပြီးမှ ကားဂိတ်ကိုအရောက်သွားပါတယ်။

ဂိတ်ရောက်တော့ ကျနော်တို့ကို  အသင့်စောင့်နေပါတယ်။

ကျနော်ရောက်တာနဲ့ကားထွက် 81လမ်းက စိုစိုပြေပြေ တည်းခိုခန်းမှာ တစ်ယောက်ဝင်ခေါ်။

ဒါနဲ့ဘဲကားလေးက ပြင်ဦးလွင်သွားတဲ့လမ်းမပေါ်မှာ တရိပ်ရိပ်ပြေးနေပါတယ်။

ကားက မှန်တင်လို့မရတဲ့အလုံပိတ်ကားဆိုတော့ ဓါတ်ပုံရိုက်ဘို့ခက်သွားပါတယ်။

ပြင်ဦးလွင်အသွားလမ်းမှာရိုက်ခဲ့ပေမယ့် စိတ်တိုင်းကျတဲ့ပုံမရပါဘူး။

မန်းလေးလားရှိုးလမ်းအတိုင်းလာရင်း ဈေးလေးနားအရောက် ကားကိုရပ်လို့

ခေါက်ဆွဲဝင်စားကြပါတယ်။

စားသောက်ပြီးကားလေးက ထွက်လာပါတယ်။

ရေချမ်းအိုးမှာရှိတဲ့ စံပြကားရပ်နားစခန်းနားက လမ်းပေါ်တင်ကားရပ်ပြီး အထက်တက်မယ့်သူရှိလားမေးတော့

မရှိဘူးလို့ပြန်ဖြေပါတယ်။

အဲဒါနဲ့ဘဲ ယာဉ်ပိုင်ရှင်ရယ် ရှေ့ခန်းထိုင်တဲ့တစ်ယောက်ရယ် ကျနော်တို့လင်မယားရယ် လေးယောက်ပဲ

ပါလာတာပါ။

ကားပိုင်ရှင်ကတော့ရှမ်းလူမျိုးဖြစ်ပါတယ်။

ကျနော်ဘက်လှည့်ပြီး ဆရာကြီးလွတ်လွတ်လပ်လပ်သာလိုက် လူထပ်မတင်တော့ဘူးပြောပါတယ်။

အတော်လေးကံကောင်းတဲ့ခရီးလို့ပြောနိုင်ပါတယ်.။

ကျယ်ကျယ်ဝန်းဝန်းလွတ်လွတ်လပ်လပ်သွားရတာကိုး။

ဒီအထွက်လမ်းကတော့ အေပရယ်လ 20ရက်လောက်က ဆိုင်ကယ်နဲ့လာပြီးဓါတ်ပုံရိုက်ထားခဲ့တော့

ဓါတ်ပုံရိုက်ချင်စိတ်သိပ်မပြင်းပြပါဘူး။

အဲဒါနဲ့ဘဲ ကားလေးက

ဝက်ဝံ၊ဘန့်ဘွေး၊အုမ္မသီး၊အုမ္မခါး၊

လောက်ပန်း နောင်ချိုကို အစဉ်အတိုင်းလေးဖြတ်လာခဲ့ပါတယ်။

ကျနော်ကလည်းမြင်သလောက်ရသလောက်ဓါတ်ပုံရိုက်ခဲ့ပါတယ်။

ကားပေါ်က ရိုက်ရတာရယ် မှန်တစ်ထပ်ခံနေတာရယ်ကြောင့် သေသပ်လှပတဲ့

ပုံ စံချိန်စံညွှန်းမှီတဲ့ပုံမဟုတ်ပေမယ့် မှတ်တမ်းတစ်ခုအနေနဲရခဲ့ပါတယ်။

နောင်ချိုအလွန်မှာတော့ အင်မတန်လှပတဲ့ ဂုတ်တွင်းရှိပါတယ်။

ဂုတ်တွင်းကတော့ ဟိုဘက်တောင်နဲ့ဒီဘက်တောင်ကို ကူးရတဲ့လမ်းပါ။

ဒီလမ်းရဲ့အရှေ့ဘက်မှာတော့ နာမယ်ကျော်ဂုတ်ထိပ်တံတား။

လှမ်းပြီးဓါတ်ပုံရိုက်ခဲ့ပေမယ့် နေရောင်ကို လှန်ရိုက်ရတော့ ပုံမဲမဲ့တွေဘဲရတော့ မတင်ဖြစ်ပါဘူး။.

ဂုတ်တွင်းလမ်းက ဒီဘက်တောင်အမြင့်ကနေတောင်ခြေကိုဆင်း။

ဒီဘက်တောင်ခြေကမှ ဟိုဘက်တောင်ထိပ်ကိုပြန်တက်ရတဲ့လမ်းလေးပါ။

အဲတော့ လမ်းလေးက ကွေ့လိုက်ကောက်လိုက်။

အပေါ်ရောက်ရင်အောက်ကလမ်းကို ပြန်မြင်ရနဲ့အတော်လှပါတယ်။

အမှန်တိုင်းပြောရရင် ကားရပ်ပြီးဓါတ်ပုံရိုက်ချင်တာ အရမ်းအရမ်းကိုပါဘဲ။

ဒါပေမယ့် အငှားကားဆိုတော့ ဘယ်ရပ်ခိုင်းလို့ရပါမလဲနော်။

ဂုတ်တွင်းကအလွန်မှာတော့ မြင်ကွင်းကပြောင်းလဲလို့သွားပါတယ်။

လမ်းဘေးဝဲယာမှာ စိမ်းစိုတဲ့စိုက်ခင်းတွေ။

နီမောင်းညိုလွင်တဲ့ ထွန်ယက်စ ယာခင်းတွေ ။

အလုပ်လုပ်နေကြတဲ့ တောင်သူတွေ ကိုတွေ့ရပါတယ်။

နောက်ပိုက်လုံးတွေချထားတာ၊မြေတူးစက်တွေ ဝန်ချီစက်တွေ ကိုမြင်ရလို့

မေးကြည့်တဲ့အခါ ဓါတ်ငွေ့စီမံကိန်းလုပ်ငန်းခွင်လို့ပြောပါတယ်။

ရှေခန်းက နှစ်ယောက်ကလဲရှမ်းစကားတွေနဲ့စကားဖောင်ဖွဲ့။

ရှမ်းရိုးရာသီချင်းတွေလဲဖွင့်ထား။

မဒမ်ပေါက်ကလဲ ဟိုငေးဒီငေး။

ကျနော်ကလဲဟိုရိုက်ဒီရိုက်နဲ့ပေါ့။

ကားဆရာက “ခဏနေရင်ကျောက်မဲရောက်မယ် ခဏနားမလား”လို့မေးတော့

“မနားတော့ဘူး”လို့ဖြေလိုက်တဲ့အခါ

“ဒါဆို အပေ့ါသွားဘို့ ကားခဏရပ်မယ်နော်”

ဆိုပြီးလူရှင်းတဲ့နေရာလေးမှာ ကားခဏရပ်လိုက်ပါတယ်။.

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လမ်းသလားနေသည်…………………………

(မြန်မာပြည်မှအလှတရားများ)

(7-6-2012)

19 comments

  • ကျနော်အခုရောက်နေတဲ့ကျယ်ဂေါင်မှာ မန်းလေးဂေဇက်ဝင်လို့ မရသလောက်ပါဘဲ။
    2ရက်နေ့ 6ရက်နေ့ထိ တစ်နေကုန်ဖွင့်ထားတာတောင် တက်မလာပါဘူး။.
    6-6-12 မှာရဲစည်နဲ့တွေ့တော့ မင်မိုရီစတစ်လေးတစ်ခုနဲ့အတူ ကျော်လို့ခွလို့ရတာလေး
    (ကျနော်ပေးတဲ့ဥပမာလေးအတိုင်းဆိုရင် ခွေးတိုးပေါက်က ဝင်နည်းလေး)
    ပေးသွားတော့ (7-6-2012)နေ့မှာဝင်လို့ရ ပိုစ်တင်လို့ရသွားပါပြိ။
    အဲတော့ ဒီပိုစ်လေးတင်ခွင့်ရတဲ့အတွက်
    လူနတ်သတ္တဝါ နာနာဘာဝ အပါအဝင် သက်ရှိသက်မဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။

    • Thel Nu Aye

      June 7, 2012 at 3:06 pm

      အော်ပြန်ရောက်ပြီမှတ်လို့။ မရောက်သေးပဲကိုး။ ရွှေသမင်ဖမ်းတုန်းပေါ့။

  • Thel Nu Aye

    June 7, 2012 at 3:00 pm

    ရှု့ခင်းလေးတွေ ကြည့်လိုက်ရတော့မှပဲ စိတ်ပေါ့သွားတော့တယ်လေးပေါက်ရေ။ စိမ်းစိမ်းစိုစိုကိုလဲခံစားသွား ပါတယ်။ အကွေ့ကောက်တွေကိုလဲ လိုက်ကွေ့သွားပါတယ်။ အခုတော့အဲဂုတ်တွင်းက ဟိုဘက်ဒီဘက်တံတား ထိုးမယ်ပြောတယ်။ အဲဒါဆိုရင်တော့ အပေါ်ကနေပဲဒီရှု့ခင်းတွေကြည့်ရတော့မယ်ထင်တယ်နော်။ ဒီပုံတွေ ကနောင်တချိန် အမှတ်တယဖြစ်လာနိုင်တယ်။ သိမ်းထားရမယ်လေးပေါက်ရေ။ တံတားထိုးပြီးရင် ဒီလိုပုံတွေ ရဖို့မလွယ်ဘူး။ ရွှေသမင်ကောရခဲ့လားလေးပေါက်ရေ။ ဒါတွေပဲ ရွှေသမင်တွေလား။

  • kotun winlatt

    June 7, 2012 at 3:03 pm

    လေးပေါက်တင်တဲ့ ပုံလေးတွေကို မြင်တွေ့ခွင့်ပေးတဲ့အတွက်….

  • အမှန်တိုင်းပြောရရင်တော့ ဒီပုံလေးတွေကို သိပ်စိတ်တိုင်းမကျပါဘူး
    ကားပေါ်ကနေရိုက်ရတာ။
    ဒါပေမယ့် မှတ်တမ်းတစ်ခုအနေနဲ့တင်လိုက်တာပါ။
    အများကြီးလက်ဆော့ထားပါတယ်။

  • ညလေး

    June 7, 2012 at 3:57 pm

    လေးပေါက်ကို..စားပွဲထိုးပတ်လည်ရိုက်သွားပြီ…….
    တစ်ခါသုံးလက်မှတ်က တန်းစီပြီးလုပ်ရင် 1000 ကျပ်
    အနောက်ပေါက်ကနေလုပ်ရင်2000ကျပ်………
    ဆိုင်ကယ်စောင့်သမားတွေလုပ်ခိုင်းရင် 3000ကျပ်……
    ကြုံတုန်းလေးဖေါက်သည်ချတာနော်…….
    ပုံလေးတွေက်ိုအားပေးသွားပါတယ်
    ရှမ်းမြောက်ကလဲ ကြိုဆိုပါတယ် လေးလေးပေါက်ရယ်…..

  • အဲဒီတုန်းက ပထမဆုံးအကြိမ်ရောက်တာလေ။
    တောသားမြို့ရောက်လေ။
    အခုတစ်ခါတော့ ဘယ်ရမလဲ တစ်ထောင်ထက် တစ်ပြားမှ အပိုမပေးဘူး။
    မန်းလေးဂေဇက်က ရွာသား အဲလောက်တော့ မအတော့ဘူး။
    အခုတော့ကျယ်ခေါင်ထဲမှာပါကွဲ့ ။

  • ညလေး

    June 7, 2012 at 4:30 pm

    ဟုတ်……ဒါမှမန်းဂေဇက်ရွှာသားပေါ့……

  • ပေစိ

    June 7, 2012 at 5:41 pm

    အားပေးသွားပါတယ် လေးပေါက်ဆိုကတည်းက ပုံကောင်းလေးတွေကြည့်ရမယ်ဆိုတာ သဘောပေါက်ပြီး သားပါ

  • မောင်ပေ

    June 7, 2012 at 7:12 pm

    ဒီပို ့စ် ကို ဝင်ဖတ် ၊ ဝင်ကြည့် ၊ ဝင်မန် ့တဲ့ အတွက်
    လူနတ်သတ္တဝါ နာနာဘာဝ အပါအဝင် သက်ရှိသက်မဲ့အားလုံး မောင်ပေ့ ကို ချမ်းသာအောင် မစကြဘာ

    • မှော်ဆရာ

      June 7, 2012 at 7:59 pm

      ဦးပေါက်နဲ့ တွဲ မရိုက်ဘူးသေးဘူးဗျာ
      တစ်ခါလောက်တော့ ရိုက်ချင်တယ် ..
      ကျွန်တော်တို့မြို့ကို လာပါဦးဗျ..
      ရောက်တဲ့သူတွေ ရောက်ပြီးသွားပြီ ..။.

  • pooch

    June 7, 2012 at 9:51 pm

    လောက်ပေး အဲ့ဒီမှာ ရာသီဥတုကောင်းတယ်မလား။ ဒီမှာပြန်ပူနေပြန်ပြီ။ မိုးကလည်း မရွာနိုင်သေးဘူး။
    ကားပေါ်က စိတ်တိုင်းမကျပဲ ရိုက်ထားလို့သာပဲ။ အနော် ဆင်းရိုက်ရင် ဒီလိုပုံတောင် ထွက်မှာမဟုတ်ဖူး။

  • padonmar

    June 7, 2012 at 10:13 pm

    2starကိုပေါက် 2star မယ်ပု 2star မောင်ပေ
    နှုတ်ဆက်လိုက်ပါတယ်။ နိုင်ငံခြားရောက်ကိုပေါက်။
    မြေနီလေးတွေ မြင်ရတဲ့ ၁၉ ကြိုက်ပါတယ်။

  • တညင်သား

    June 7, 2012 at 11:10 pm

    ” အဲဒီတုန်းက ပထမဆုံးအကြိမ်ရောက်တာလေ။
    တောသားမြို့ရောက်လေ။
    အခုတစ်ခါတော့ ဘယ်ရမလဲ တစ်ထောင်ထက် တစ်ပြားမှ အပိုမပေးဘူး။
    မန်းလေးဂေဇက်က ရွာသား အဲလောက်တော့ မအတော့ဘူး။
    အခုတော့ကျယ်ခေါင်ထဲမှာပါကွဲ့ ။ ”

    ကျွန်တော်ပထမ အကြိမ်တုန်းက ရွှေလီ အထိ သွားတာဆိုတော့ တရက်ဗီဇာ လုပ်ရတယ် …
    ဒုတိယ အကြိမ်မှာတော့ ကျယ်ခေါင်တင် ခြံစီရိုး ကျော်ဝင်လိုက်ရုံပါတယ် ..ရွာသားပီသတယ်နော်..
    လေးပေါက် တို့ အမျိုးတွေ့နဲ့ သွားမတွေ့ဘူးလား…:(

  • Crystalline

    June 8, 2012 at 8:32 am

    လေးပေါက်ရှင့်….အဲဒီဖက်ကလမ်းတွေအခုတော်တော်လေးကျယ်ပြီး လမ်းလည်းကောင်းတော့သွားရတာ စိတ်ချမ်းသာဖို့ကောင်းတယ်…နာမည်ကြီးဂုတ်တွင်းတံတားကတော့ သက်တမ်းလွန်နေပေမယ့် ရထားတွေ သွားလာနေကြတုန်းပဲနော်။ လေးပေါက်အဲဒီရထားလမ်းကသွားရင်တော့ ပုံကောင်းလေးတွေတော်တော်ရမယ်နော်…သမိးလည်းအတွေ့အကြုံလိုချင်ပေမယ့်စိတ်ကတော့မရဲဘူး။
    ကျယ်ဂေါင်ကို တစ်ခေါက်ရောက်ဖူးတယ်…..ကွတ်ခိုင်တို့လွယ်ဆန်ဆစ်တို့က ရှူ့ခင်းတွေက လူကိုဘာကိုလွမ်းစေသလဲမသိဘူး….လေးပေါက်တို့မောင်နှံ ဘေးကင်းစွာနဲ့ အောင်မြင်ပျော်ရွှင်သောခရီးဖြစ်ပါစေနော်…

  • Ma Ei

    June 8, 2012 at 9:04 am

    ကျမတို့ 2000 ခုနှစ် OD Tour နဲ့ ရွှေလီ သွားတုံးက
    ကားသမားက အဲ့လမ်းမမောင်းဖူးသူမို့ တောင်အတက် အဆင်းအကွေ့တွေမှာ
    တောင်ကမ္ဘားယံနဲ့ ကားကြီးနဲ့ တဂျစ်ဂျစ်ခြစ်နေတာ ကြောက်စရာဘဲ…
    အပြန်တော့ သူတို့ကားမစီးတော့ဘဲ ကိုယ့်ဘာသာ ကားငှားဆင်းလာပြီး
    မန္တလေးရောက်မှ သူတို့ကားပြန်စီးခဲ့ရတယ်…အမှတ်တရတွေလေ…
    ကိုပေါက်တို့ ဇနီးမောင်နှံစိတ်အေးချမ်းမြေ့ပျော်ရွှင်သော ခရီးဖြစ်ပါစေ…
    ဓါတ်ပုံ များများရိုက်ခဲ့နော်…

  • Thit Sar Lin

    June 8, 2012 at 9:36 am

    လေးပေါက် ဂျမ်းတုံးအကြီးတခုအသေးတခုလောက်မှာလို့ရမလား….
    လူလဲအရှိန်မလွန်အောင် ထိန်းရအောင်လို့ပါ…ဟီးဟီး နောက်ထှာနော်..

  • Davit

    June 8, 2012 at 9:39 am

    ပုံလေးတွေကြည့်ရတာ အရမ်းစိတ်ချမ်းသာဖို့ကောင်းထှာဗျာ …………… မိုက်တယ် ကိုပေါက်ရေ ………… သိုင့် သိုင့် …………

  • ဒီတစ်ခေါက်ကတော့ ပုံကောင်းလေးတွရလိုက်ပါတယ်။
    နောက် ပုံများများတင်ခြင်တော့ ခရီးအသွားပုံတွေကို အပိုင်းခွဲပြီးတင်မယ်ဆိုတော့ အပိုင်းလည်းများပြီးပျင်းနေအောင်ကြည့်ရမှာပါ။

Leave a Reply