် ပညာသင်ရွှေထီး၏ အမှတ်တရ ပုဂံ

ေရႊထီးJune 7, 20122min25525

ကျွန်တော့် ပုံလေးတွေကို အားပေး ချီးမြှင့် ဝေဖန် အကြံပေးကြတဲ့ ရွာသူရွာသားများနှင့် တကွ

ရွာထဲရှိ ဓါတ်ပုံပညာရှင်များကို ကျေးဇူးတင်ပါတယ်…ကျွန်တော့်နာမည် ရွှေထီးသည် အမည်အရင်း

မဟုတ်ပါ၊ ရွာထဲ ရှိအသင်းဝင်နာမည်ပေးထားခြင်းဖြစ်ပါတယ်၊ ဒီနာမည်လေးကိုသဘောကျရတာကထီးဆိုတာက အရိပ်ပေးတာပါ အေးမြပါတယ်၊ ဒါကြောင့်ပါ..တစ်ခြားရည်ရွယ်ချက်မရှိပါ..အပြင်လောကတွင် ရွှေထီး ဆိုသော နာမည်ဖြင့် ဆိုင်များ၊ လူများ နာမည်တူရှိနိုင်ပါသည်၊ အထူးသဖြင့် ဓါတ်ပုံဆိုင်များရှိနိုင်ပါသည်၊ ဓါတ်ပုံဆရာများရှိနိုင်ပါသည်…ထို့ကြောင့် နာမည်တူဆိုင်များ၊ လူုများ၏ ပုံကို ကူးယူဖော်ပြခြင်းမဟုတ်ပါ၊ ကိုယ်တိုင် အမှတ်တကယ်ရိုက်ကူးထားသောပုံများသာဖြစ်ပါသည်၊

 

 

 

 

 

 

 

ကျွန်တော့်၏ ပုံများကိုကောင်းသည် ဟုလည်းမဆိုပါ….ကူးယူလိုလျှင်လည်း ခွင့်တောင်းပါရန် နှင့် လိုအပ်ချက် အကြံပေးချက်များကို ကွန့်မန့်ပေးခဲ့နိုင်ပါကြောင်း၊ ထို့ကြောင့် ဓါတ်ပုံများတွင် နာမည်တပ်ထားကို နားလည်ပေးကြပါရန်နှင့် ရွှေထီးဆိုသော နာမည်သည် မန်းဂေဇတ် အတွင်း ရှိနာမည်သာ ဖြစ်ပါကြောင်း ။ ရွာထဲရှိဓါတ်ပုံဝါသနာရှင်များအတွက် ကြိုးစားပြီး ကောင်းသောပုံများသာ တင်ဆက်သွားမည် ဖြစ်ကြောင်း….ကျွန်တော်မောင်ရွှေထီးမှခင်မင်လေးစားစွာဖြင့်….

မှတ်ချက်။    ။ကောင်းသောပုံဆိုသည်မှာ ကျွန်တော့်၏ အမြင့်ဖြင့် ကောင်းခြင်းကိုဆိုလိုပါသည်။

 

25 comments

  • Azzurri

    June 7, 2012 at 11:42 am

    အားပေးသွားပါတယ်ဗျို့…
    ကျနော် မြန်မာဖြစ်ပြီး ပုဂံ ကို မရိုက်ဖူးသေးတာ ကိုယ့်ကိုကိုယ် စိတ်အပျက်ရဆုံး အချက်ပါပဲ…
    အဆင်ပြေတဲ့ တနေ့ အတူတူ သွားရိုက်ကြည့်ချင်သားဗျာ..

    ဇဂါးအတင်းစပ် …
    လိုက်ရွမ်း မသုံးဘူးဆိုတော့ ဖိုတိုရှော့ပ်နဲ့ တို့တာ လားဟင်င်င်
    ဗစ်ဂနက်တင်းတွေက မန်နျူရယ် ထည့်တာလား ဟင်င်င်
    (မေးစရာ ဆည်းပူးစရာတွေ တပုံတပင်နဲ့)

    ခင်တဲ့
    ဂီ

    • Mလုလင်

      June 7, 2012 at 11:51 am

      select လုပ် ထောင့်ကို ဝိုင်းအောင်လုပ် ပြီးရင် ထည့် အဲလိုလုပ်တာတော့ တွေ့ဖူးတယ်ဗျို ့ … နောက် RAW နဲ့ ရိုက်ထားရင် အဲ့ ဗစ်ဂနက်တင်း ထည့်လို့ရတယ်ဗျ …

      • Azzurri

        June 7, 2012 at 11:58 am

        နိုက်ကွန်းတွေမှာ Digital Photo Professional လိုမျိုး ..ပါဝါဖူးလ် App
        ဘာရှိ သလဲ သိချင်သားဗျ..Nik ကို နိုက်ကွန်း ပိုင်တယ်လည်း ကြားတယ်
        အဲ့ဒါလေးလည်း ဟုတ်မဟုတ် ..သိချင်ရဲ့..
        :mrgreen:

  • မောင်ပေ

    June 7, 2012 at 12:00 pm

    ကျုပ်အမြင်အရ ဆိုရင်တော့ ၊ ကြည့်ရတာလှပါအိ ၊ အကြံပေးရမြီ ဆိုလျှင် ၊ ၅ ပုံမြောက်ထဲမှာ ကားပေါ်မှ ဆင်းလာနေသူလေးများကို ထပ်မံရိုက်မြီ ဆိုလျှင် ၊ အသေးစိတ် အနီးကပ် ဆွဲရိုက် တင်ပြသင့်ကြောင်း ။
    ခင်မင်စွာဖြင့်
    မောင်ပေ

  • water-melon

    June 7, 2012 at 12:04 pm

    ကူးယူလိုလျှင်လည်း ခွင့်တောင်းပါရန် ဆိုတော့
    မကူးယူရင် ခွင့်တောင်းစရာမလိုတော့ဘူးပေါ့ 😆

    • ရွှေထီး

      June 7, 2012 at 12:19 pm

      အခုရှုပ်မှ နောင်ရှင်းဆိုသလို ထင်ယောင်ထင်မှားဖြစ်မှာဆိုးလို့ရယ်
      ကိုယ်ပိုင်ပုံ ဖြစ်ကြောင်းရယ် ကြိုတင်ကြေငြာထားတာပါ…နောက်ထပ်ပုံတွေ တင်ဆက်ပြသဦးမှာ မို့လို့ပါ…

      • water-melon

        June 7, 2012 at 12:25 pm

        အူးထီးကလည်းဂျာ
        ဓာတ်ပုံမှာ Shwe Htee လို့ အကြီးကြီးထိုးထားတာ
        ဘယ်သူမှ ခိုးဘူးနော်
        သိလား စိတ်ချစိတ်ချ
        ရွာထဲမှာ အစောင့်ရှိတယ် စိန်ဗိုက်ကလေးတဲ့ သူ့နာမည်က
        အံဇာတုံးဆိုတဲ့သူလည်းရှိတယ် သူက ကြပ်တော့မပြည့်ဘူး
        အဟီ

        • ရွှေထီး

          June 7, 2012 at 12:42 pm

          အော် ဂလိုလား မသိလို့ပါ…ရွာသားအသစ် အမိုက်မဲလေးကို ဗွေမယူပါနဲ့နော်…
          ခင်တဲ့ ရွှေထီး..

        • မဟာရာဇာ အံစာတုံး

          June 7, 2012 at 1:43 pm

          ဟဲ့ .. ဗြဲသီး ..
          နာဂ ကျပ်တော့ ပြည့်ဘူး ..
          ထောင်တော့ ပြည့်သဟဲ့ ..
          _____

          အုလေးဂျီး အုရွှေထီး ခညာ့ ..
          အနော်လည်း ပုဂံ ရောက်ခဲ့ဖူးပါတယ် ခညာ့ ..
          ဒါပေမယ့် အုလေးဂျီးကို ရိုက်တတ်ခဲ့ဘူး ခညာ့ …
          ကိုယ့်ပုံကိုဘဲ မင်းသားလုပ်ပြီး ရိုက်ခဲ့တာ ခညာ့ ..
          အုလေးဂျီးရဲ့ ပုံဒွေကို အားပေးသွားပါတယ် ..
          အနော်ကဒေါ့ ကောင်း၏၊ ဆိုး၏ ဝေဖန်တတ်ဘူး ခညာ့ ..
          အမြင်အရဆိုရင်တော့ အားလုံး ခိုက်တယ်လို့ ဆိုချင်ပါတယ် ခညာ့ .. ဒါ့ပုံထဲက ရွှေထီးဆိုတဲ့ နာမယ်ဂျီးက လွဲပြီးပေါ့ ခညာ့ …
          😀

  • ရွှေထီး

    June 7, 2012 at 12:11 pm

    ကိုဂီရေ Mလုလင်ပြောသလိုပါပဲ ၊ photo shop မှာ select လုပ် ထောင့်ကို ဝိုင်းလိုက်ပြီး ထည့်လိုက်ရင်ရသလို…လိုက်ရွန်း ထဲမှာလည်း select မလုပ်ပဲ ထည့်လို့ရတယ် ….ကိုယ်သန်ရာသန်ရာပေါ့ ကျွန်တော့ အထင် တော့ canon က nikon ထက် app ပိုများလိမ့်မယ်ထင်တယ်…ကင်မရာထဲမှာပါတာကိုပြောတာပါ…3 ပုံမြောက်ဆိုရင် ကင်မရာထဲမှာတင် အဖြူ၊အမဲ ပြောင်းလိုက်တယ်..အဲလို function မျိုး canon မှာလည်းပါမှာပါ…ကျွန်တော်တို့လို filter ဝယ်တပ် မရိုက်နိုင်တဲ့ သူတွေတော့ အဆင်ပြေတာပေါ့….Nikon Menul ကို ဖတ်ကြည့်လည်းရပါတယ်..
    သိသလောက်ပဲပြောနိုင်တာခွင့်လွှတ်ပါနော်…

    • Azzurri

      June 7, 2012 at 12:27 pm

      ရိုက်တဲ့ပညာ အပြင် တို့တဲ့ ပညာတွေလည်း ရှဲကြပါဦးဗျာ…
      သွားလေသူကြီး ပြောသလို စတေးလ် ဟန်းဂရိ .. စတေးလ် ဖူးလစ်ရှ် ပါ

      သဂျီးဆီက သူ ဖတ်ဖတ်နေတဲ့ အမေဒစ်ကင်န် အာ့ထစ် မဂ္ဂဇင်း တို့
      ပလက်တစ်ကယ် ဖိုတိုရှော့ပ် တို့.. မက်တီရီရယ်လ် ကွန်ပူတေးရှင်း တို့
      ဖိုတိုရှော့ပါ ပလပ်စ် မဂ္ဂဇင်း တို့ အစ်ရှူးအဟောင်းလေးဒွေ ရမယ်ဆို
      လိုဂျင်သား ရယ်….
      :mrgreen:

      လိုက်ရွမ်း စိတ်ဝင်စားရင်ဖြင့်
      http://lightroomkillertips.com/
      ဟောဒါလေး လက်တို့ခဲ့ချင်ပါရဲ့…

      တော်သေးဘီ
      တဆယ်ရဘီ
      ခင်တဲ့
      ဂီ

  • ကြောင်ဝတုတ်

    June 7, 2012 at 12:55 pm

    ရွာထဲကို ဒါ့ပုံဆရာအသစ်တွေလာလာပြီး ငါ့စိတ်ကိုဆွနေတယ်…
    ဟူး…..လျော့ထားဦးမှပါလေ…. မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ…
    ငါ့အလှည့်ကျမှ မီးမလာတဲ့လမိုက်ညမှာ ဖလက်ချ်ဂန်းကြီးကိုင်ပြီး နင်တို့ဆီလာခဲ့မယ်…

    စိတ်လျော့နေရသူ-
    ကြောင်ဝတုတ်

  • mayjuly

    June 7, 2012 at 1:34 pm

    ဦးရွှေထီး ရှင့်..
    နံပတ် (၆) ဘုရားပုံလေးကို ကူးယူခွင့်ပြုပါ ..
    ကျေးဇူးတင်ပါတယ်.. 😛

  • Khaing Khaing

    June 7, 2012 at 1:36 pm

    ပညာသင်တစ်ယောက်ရဲ့လက်ရာက တော်တော့်ကိုသေသေသပ်သပ်ရှိလှပါတယ်လို့ ခန့်မှန်းမိ ပါတယ် …….. တစ်ခြားလူတွေကူးယူမှာစိုးလို့နံမည်ထိုးတာကကောင်းပါတယ် ……… ကွန်ပျူတာ desktop တွေမှာတင်ချင်ရင်တော့ ကိုရွှေထီးနံမည်လေးတွေပါနေမှာပေ့ါနော် …….. ကျွန်မကတော့ ပုံတွေကို ဒေါင်းလုတ် လုပ်လေ့တော့မရှိပါဘူး ….. တစ်ချို့လုပ်တတ်ပြီး အလှသုံးချင်သူတွေအတွက်ပါ …… ကိုရွှေထီး ပုံလေးတွေကလှတော့ လိုချင်သူတွေရှိမှာပါ ……..

  • ရွှေထီး

    June 7, 2012 at 2:00 pm

    မခိုင်ခိုင်ရေ ကျေးဇူးပါ..ကိုယ်ကိုတိုင် အပင်ပန်းခံရိုက်ပြီး သူများနာမည်ကောင်းယူတာတော့ ဘယ်ကောင်းမလဲနှော့ …ဒါကြောင့်မို့ပါ ပုံလေးတွေလှတယ်ဆိုလို့ ကျေးဇူးပါ..

  • manawphyulay

    June 7, 2012 at 3:12 pm

    တကယ့် လက်ရာကောင်းတွေပဲ။ နောက်တစ်ချက်က ပုံတွေကို ရိုက်တဲ့အခါ အမြင်ရှုထောင့်အမျိုးမျိုးကလည်း ရိုက်တတ်ဖို့လိုတယ်နော်။ ခုဆို ပုံတွေအတွက် ဘယ်နေရာကနေ ဘယ်လိုကက်သတ်ရိုက်ရတာလည်းဆိုတာလည်း သိချင်မိသားရှင်။ ပုဂံကို နှစ်ခေါက် ရောက်ဖူးပေမယ့် သွားလာလည်ပတ်ရင်းနဲ့သာ အချိန်ကုန်နေမိတော့တာ။

  • အရင့်ရောင်

    June 7, 2012 at 3:35 pm

    အနုလက်ရာ အာနန္ဒာ ဆိုတဲ့ အတိုင်း
    အနုပညာလက်ရာတွေလည်း သေသပ်ကောင်းမွန်လှပါတယ်
    ပုဂံပြည်ရှိ အာနန္ဒာဘုရား၏ ထူးခြားမှုကိုဟြေပြရမယ်ဆိုလျှင်
    အာနန္ဒာဘုရားမှာ
    ဘုရားကို ဖူးမျှော်ကြည်ညိုရန် လမ်း (၃)လမ်းရှိပါတယ်
    ရှေးအဆိုအရ
    လမ်း(၃) လမ်းမှာ
    ပထမတစ်လမ်းက…ရဟန်း သံဃာ များနှင့် ရှင်ဘုရင် များဖူးမျှော်တဲ့ လမ်းဖြစ်ပါတယ်။
    အဲဒီလမ်းကနေပြီး ဘုရားရှင်ကို ဖူးမျှော်လျှင်
    ဘုရားရှင်ရဲ့ မျက်နှာတော်ဟာ တည်ကြည်မှု ရှိပြီးတော့
    တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်မင်းမြတ်ကို
    မျက်နှာတော်က ပြသတယ်လို့ သိရှဖူးပါရဲ့။
    ဒုတိယ လမ်းက မူးမတ်ဗိုလ်ပါ စစ်သည်တော် အခြံအရံတွေဖူးမျှော်ကြတဲ့
    လမ်းဖြစ်ပါတယ်။…….
    အဲဒီလမ်းမှ ဘုရားရှင်အား ဖူးမျှော်လျှင် ဘုရားရှင်ရဲ့ မျက်နှာတော်ဟာ
    နဲနဲ ပြုံးတော်မူတာကို ဖူးမျှော်ရတယ်လို့ ကြားဖူးပါရဲ့ဗျာ။
    တတိယ လမ်းကတော့…..
    တိုင်းသူပြည်သားများ ဖူးမျှော်တဲ့လမ်းဖြစ်ပါတယ်။
    တတိယ လမ်းမှာလဲ
    ဘုရားရှင်ကိုယ်တော်မြတ်ဟာ
    ဖူးမျှော်သူ ပြည်သူအပေါင်းကို အလွန်ဝမ်းပန်းတသာအပြုံးတော်ကို
    ပြုံးတော်မူနေတဲ့ ပုံသဏ္ဍာန်ကို ဖူးမျှော် ရတယ်လို့
    သိရပါတယ်။
    အဲဒါကြောင့် အနုလက်ရာ အာနန္ဒာ ဘုရားသမိုင်းလေးကိုတော့
    အရင့်ရောင် သိမှတ်မိသမျှလေး တင်ပြ ကြည်ညိုလိုက်ရပါသည်။
    ခင်တဲ့
    အရင့်ရောင်

    • ရွှေထီး

      June 7, 2012 at 4:05 pm

      အရင့်ရောင်ပြောမှပဲ အာနန္ဒာ ဘုရားပုံကိုလိုက်ရှာတာ ပုံကောင်းကိုမတွေ့တော့ဘူး..ကျေးဇူးအရင့်ရောင်ရေ…နောက်တစ်ခေါက်သွားမှပဲ သေသေချာချာရိုက်ခဲ့တော့မယ် …အခုရိုက်ခဲ့တဲ့ ပုံတွေက အချိန်မနည်းလုရိုက်ခဲ့ရတာပါ..
      နောက်တစ်ခေါက်သွားရင် စိတ်အေး၊လက်အေးနဲ့ အချိန်ယူပြီးရိုက်ပါဦးမယ်..

      • mayjuly

        June 7, 2012 at 4:13 pm

        အာ ခွင့်တောင်းထားတဲ့ပုံ မပေးဘူးလားဗျာ ..
        မပေးလဲ နေတော့ ..
        ယူတော့ဘူး …ဒါဗျဲ

        • ရွှေထီး

          June 7, 2012 at 5:19 pm

          ဟာ မဟုတ်ပါဘူးဗျာ ယူပါရပါတယ်….
          စိတ်မဆိုးပါနဲ့ ဘွာတေးဘွာတေး..

  • ညလေး

    June 7, 2012 at 4:35 pm

    ပုဂံပြည်ကြီးက……“ရွှေထီး” လက်ထဲရောက်မှ ပိုပြီးတော့မှ
    လှပသွားပါလားနော်……
    အားပေးသွားပါတယ်…

  • Shwe Ei

    June 7, 2012 at 4:47 pm

    နောက်တခါ ဒါ့ပုံတင်ရင် ဒစ်စခရစ်ပ်ရှင် လေးတွေထဲ့ပေးပါဗျာ။ ဒီကလူက ပုဂံကို ဘုရားဖူးထွက်တယ်ဆိုပြီး နံမယ်ကောင်းတပ်သွားပေမဲ့ ကိုယ်ဖူးခဲ့တဲ့စေတီဘွဲ့တော် ပြန်မေးရင် တော်တော်နဲ့ ဖြေနိုင်တာမဟုတ်ဖူး။ ဦးနှောက်က ခပ်ချာချာရယ်။ Anyway ဒါ့ပုံတွေအားလုံး ကောင်းမှကောင်းဗျာ။ 😀

  • Crystalline

    June 8, 2012 at 9:41 am

    ဒါမှရွှေထီးတဲ့ကွ…တစ်ထီးတည်းရှိ…အဲ…တစ်လက်ထဲ ရှိတာလားဟင်း….နှစ်လက်ရှိရင် တစ်လက်လောက်ပေးပါလား….
    ကိုရွှေထီးရေ…ပညာသင်ရွှေထီးဆိုပေမယ့်လည်း အတိုင်းအတာတစ်ခုအထိကျွမ်းကျင်တတ်မြောက်ပြီးဖြစ်တဲ့ ပညာသင်တစ်ယောက်မှန်ကို ပုံတွေကြည့်ပြီးမှန်းနိုင်ပါတယ်….အားပေးပါသည်…ဒီထက်ပိုကောင်းတဲ့ လက်ရာလေးတွေကိုလည်းမျှော်နေမယ်နော်

  • snow white

    July 4, 2012 at 7:20 pm

    စနိုးဓာတ်ပုံအကြောင်းနားမလည် မသိမတက်ပါဒါပေမယ့် ပုံလေးတွေကြည့်ရတာ ကြည်လင်တယ် ပုံက ရှင်းလင်းပြတ်သားတယ် ကြည့်ရတာ တကယ်ကိုပုံကောင်းတွေ ကိုကြည့်ခွင့်ရတာအနှစ်သာရ ရှိလှပါပေတယ်။။

Leave a Reply