မြန်မာ့အလင်း ဟာသ

Phaung PhaungJune 7, 20121min11712

အီးမေးလ်ထဲကိုဝင်ထားတာလေး ပြန်ပြီးမျှဝေတာပါ။

(၃၁-၅-၂၀၁၂) မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့ အာဘော်ပါ။

မိုဘိုင်းဖုန်း မသုံးတတ်သူတွေအတွက် ပညာပေး ရေးသားတိုက်တွန်းထားတာပါ။

(၁) နိုင်ငံတော်ရဲ့ စေတနာကြောင့် ငွေ(၂)သိန်းသာရှိခဲ့ရင် မည်သူမဆို ဖုန်းဝယ်နိုင်ပါပြီ။

(နိုင်ငံတော်ရဲ့ စေတနာကြောင့် SIM Card တစ်ခုကို ဒေါ်လာ (၂၅၀) လောက်နဲ့ ရနိုင်ပါပြီလို့ ဆိုလိုချင်ပုံ ရပါတယ်)

(၂) လူအများစု ဖုန်းကိုင်နိုင်သော ခေတ်ကို ရောက်ပါပြီ

(မြန်မာနိုင်ငံဟာ ITU ရဲ့ ၂၀၁၁ စာရင်းတွေ အရ လူဦးရေ ၅၄ သန်းကျော်မှာ Penetration rate ၃% လောက်ပဲ ရှိပါတယ်)

(၃) မိုဘိုင်းဖုန်း သုံးတဲ့လူတွေ ဖုန်းနံပါတ်မှတ်ဖို့ စာအုပ်နဲ့ ဘောပင် အမြဲဆောင်ထားဖို့ လိုပါတယ်။

(မိုဘိုင်းဖုန်း မသုံးဘူးတာလား …. ဖုန်းပျောက်မှာ စိုးရိမ်တာလား … မသိပါ)

(၄) မိုဘိုင်းဖုန်းရှိတဲ့သူတွေ လူအများနဲ့ များများ ဆက်ဆံပေးပါ။

(လူအများနဲ့ နေရာမရွေး ဆက်သွယ်ဖို့ မိုဘိုင်းဖုန်း လိုအပ်တာလား … မိုဘိုင်းဖုန်းရှိလို့ လူအများနဲ့ များများ ဆက်ဆံဖို့ လိုရတာလား ကွဲပြားပုံ မရပါ)

ကျွန်တော်တို့ နိုင်ငံကို ဘယ်လိုလူမျိုးတွေနဲ့ တည်ဆောက်ကြမှာလဲ …

ဘယ်လိုလူတွေကို Capacity Building အရင် လုပ်ကြမလဲ …

ဒီလို အယ်ဒီတာတွေနဲ့ နိုင်ငံပိုင် သတင်းစာကြီး ရပ်တည်နေရတာလား …. စဉ်းစားစရာပါ။

***********************
သတင်းပုံတင်တာ မတင်တတ်လို့ မတင်တော့ဘူး။ ရှာပဲဖတ်ကြည့်လိုက်တော့နော်။

12 comments

  • water-melon

    June 7, 2012 at 12:10 pm

    ခြောက်မျက်နှာမလာတုန်း မန့်သွားအုန်းမှ
    အိမ်က ရတနာပုံသတင်းစာယူတော့ ရှာဖတ်ကြည့်အုန်းမယ်

  • ကွန့်မန့်များ တိုတိုမရေးရဲပါ

    June 7, 2012 at 12:13 pm

    ဟဲ့ အပေါ်က ဝါးတားမဲလုံးမ
    ဘာလို့ ကွန့်မန့်တိုတိုလေးရေးတာလဲ
    တော်ကြာ ညည်းကို ၁ဝ အလကားယူနေတယ် ထင်နေမယ်
    နောက်ဆိုအရှည်ကြီးရေးဟဲ့

    • Thel Nu Aye

      June 7, 2012 at 12:32 pm

      ဖြဲမ ခြောက်မျက်နှာကိုကြောက်ချင်ယောင်ဆောင်ပြီး ၂ဝ ယူသွားပါတယ်တော့။

      • မဟာရာဇာ အံစာတုံး

        June 7, 2012 at 1:31 pm

        သူဒို့ဒွေ ဂလိုလုပ်နေဂျဒါ ..
        နာ မသိဘူးများ မှတ်နေလား ..
        ဟိုဗြဲသီး ..
        နာမည် ပြောင်းပြီးတောင် နာ့ဂို ဆော်သွားဒေးဒယ် ..
        တွေ့မယ် … တွေ့မယ် ….
        😀

  • Thel Nu Aye

    June 7, 2012 at 12:30 pm

    နိုင်ငံတော်ရဲ့စေတနာတွေပေါ့နော်။ မိုဘိုင်းဖုန်းမသုံးတတ်မှာစိုးလို့။ ဖုန်းကဒ်က ကြာကြာသုံးမိ ရင်ပျက်တတ် လို့ ဖုန်းနံပါတ်တွေပါသွားရင် အဆက်အသွယ်တွေပြတ်သွားမှာစိုးလို့။ အပေါင်းအသင်းမရှိရင် ဖုန်းဝယ်ထား တာ အလကားဖြစ်မှာစိုးတဲ့စေတနာတွေပေါ့နော်။ မြင်နေရပါ၏။ စေဒနာဒွေ စေဒနာဒွေ။ ဟာသရသမြောက် ပါ၏။ ပိုစ့်တင်သူရဲ့မှတ်ချက် ကပိုထိရောက်ပါတယ်။ ဖတ်ရင်းနဲ့ပြုံးပြီးလက်မတချောင်းဖြင့်အားပေးသွား ပါတယ်။ ရှည်ရှည်မန့်တယ်နော်။

  • ဦးဦးပါလေရာ

    June 7, 2012 at 1:57 pm

    (နိုင်ငံတော်ရဲ့ စေတနာကြောင့် ငွေ(၂)သိန်းသာရှိခဲ့ရင် မည်သူမဆို ဖုန်းဝယ်နိုင်ပါပြီ။)

    ဆိုတော့-
    အရင် ငါးသိန်းသွင်းရတုန်းက- အထူးဖုန်းဆိုပြီး ဒေါ်လာ ၁၅၀ဝ သွင်းရတုန်းက- ဆယ့်ငါးသိန်းသွင်းပြီးသားကို အပြင်မှာ နောက်ထပ် ဆယ်သိန်းအပိုပေးပြီးဝယ်ရတုန်းက- အဲဒီကတဖန် ငါးသိန်းဖုန်းတွေ ချပေးတုန်းက-

    နိုင်ငံတော်က စေတနာမပါဘူးလို့ ဝန်ခံတာလား……

    အင်း….
    တခုတော့ပြောချင်တယ်..
    စေတနာဆိုတဲ့စကားကို ပစ္စည်း/ငွေကြေး နဲ့ဆက်စပ်ပြီးပြောချင်ရင်…..
    အဲဒါ- ကိုယ့်အိတ်ကပ်ထဲက ထုတ်ပေးရ/စိုက်ပေးရ မှ ပြောထိုက်တယ်လို့ ထင်တာပဲ…..။

    • nozomi

      June 7, 2012 at 5:24 pm

      အရင် ငါးသိန်းသွင်းရတုန်းက- အထူးဖုန်းဆိုပြီး ဒေါ်လာ ၁၅၀ဝ သွင်းရတုန်းက- ဆယ့်ငါးသိန်းသွင်းပြီးသားကို အပြင်မှာ နောက်ထပ် ဆယ်သိန်းအပိုပေးပြီးဝယ်ရတုန်းက- အဲဒီကတဖန် ငါးသိန်းဖုန်းတွေ ချပေးတုန်းက-

      နိုင်ငံတော်က စေတနာမပါဘူးလို့ ဝန်ခံတာလား……

      အဲဒီတုန်းက စေတနာက ပိုတာပေါ့ ( သူတို့အတွက် ပိုကျန်တာကို)

  • SkyHeart WinKo

    June 7, 2012 at 2:54 pm

    ကိုယ့်ရဲ့လူတွေကို ပြုပြင်နေရင်းနဲ့ အမေမောနေမှာကို သားစိုးရိမ်မိပါတယ်၊ မလွယ်ပါဘူးအမေစုရယ်။
    ကြေးမုံ(၇.၆.၂၀၁၂)စာမျက်နှာ၁၀(မေတ္တာခြုံမှ လုံမည်သာ)
    ဒို့ဗမာတွေ ကားပျက်လို့ ဝိုင်းတွန်းပေးမဲ့ စိတ်ဓါတ်လေးရှိခဲ့လျှင်တောင်မှ ကျေနပ်မိပါတယ်။
    ကိုခင်မောင်ဌေး (ပညာရေး) ရယ်………
    အဲဒီလို ရန်ပွဲကိုဝင်တားခဲ့တဲ့ ကျွန်တော်က မင်္ဂလါတောင်ညွန့်မှာ ယခုထိ အမူ့ပတ်ပြီး တာမွေလူမိုက်ကြီး ဖြစ်သွားခဲ့ပါတယ်။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) ဝင်းကိုလှိုင်

  • Gipsy

    June 7, 2012 at 4:36 pm

    ကျုပ်ကိုလဲ မှတ်ထားပါ လူမိုက်ကြီးခင်ဗျ … တာမွေရောက်ရင် ဖုံးဆက်မဗျနော်…
    အကူအညီပေးမယ် မလား ….

  • ပေစိ

    June 7, 2012 at 5:14 pm

    ၅၀၀ဝိ/- တန် ဆင်းကဒ် ကိုမျှော်နေပါသည် ဘယ်တော့လာမည်တော့ မသိ ဆင် ဟိုဟာကိုဟိုကောင်မျှော် သလိုပ —– ဒါဆိုတိုလားဟင် ဖြဲမ

  • sealion

    June 7, 2012 at 6:13 pm

    ှကျွန်တော်လည် း အဲ ဆောင်းပါဖတ်ပြီး အူကြောင်ကြောင်တာဖြစ်သွားတယ်ဗျာ

  • ahnyartamar

    June 7, 2012 at 8:27 pm

    နိုင်ငံတော်ရဲ့ စေတနာကြောင့် ငွေ(၂)သိန်းသာရှိခဲ့ရင် မည်သူမဆို ဖုန်းဝယ်နိုင်ပါပြီ။

    စေတနာကလည်း ငွေ(၂)သိန်း ကြီးများတောင်…မှတ်သားလောက်ပါပေတယ်…

Leave a Reply