မြန်မာနိုင်ငံ မှာ အစ္စလာမ် ဘာသာရေး အဖွဲ့ အစည်းကြီးတွေ ရှိပါတယ် မြန်မာ မွတ်စလင် လူငယ်များ ဘာသာရေး အဖွဲ့၊ အစ္စလာမ် သာသနာရေးရာကောင်စီ ၊ မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့
မော်လ၀ီများ အဖွဲ့ နဲ့ အိုလမာ အစ္စလာမ် သာသနာပညာရှင်များ အဖွဲ့ ဆိုပြီးရှိပါတယ်။
အစ္စလာမ် ဘာသာရေး အဖွဲ့တွေ ဘာတွေ လုပ်သလဲ ဘာသာရေးဖွံ့ ဖြိုး မှု လိမ်မာယဉ်ကျေး မှု နဲ့ မွတ်စလင် ကိစ္စတွေ လုပ်ကြပါတယ်။မြန်မာ မွတ်စလင်လို့ နာမည် တပ်ထားတဲ့ အဖွဲ့ က ၀တ်စား ဆင်ယဉ်မှုကို ကြည့်တာနဲ့ မြန်မာပြည်ကို ချစ်သူ ဆိုတာ ထင်ရှားပါတယ် ။ေ၇ှ့ ယခင်ကလည်း လွတ်လပ်ရေး တိုက်ပွဲ တွေ ၀င်ခဲ့ပါတယ် ။သူတို့က တိုက်ပုံ ကို ၀တ်တယ်။ မြန်မာစာပေကို ချစ်တယ် ။တချို့အဖွဲ့ ဆိုရင် အငြိမ်းစား သံ အမတ်ကြီး တွေပါတယ်။လွတ်လပ်ရေး မော်ကွန်းဝင်တွေပါတယ် (ဥပမာ ဆရာချယ်၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်)
မြန်မာ မွတ်စလင်တွေ ဟာ ဘာသာလူမျိုး မခွဲခြားကြဘူး။ မြန်မာ တွေ သာရေး နာရေး တွေမှာလည်း ပါဝင်ကြတယ်။ အယူ မသီးကြဘူး။အစ္စလာမ် သာသနာရေးရာ ကောင်စီ အဖွဲ့တွေဆိုရင် မြန်မာစာပေ မြင့်တင်ရေး
လို ကိစ္စတွေ လုပ်ကြတာတွေ့ရတယ်။မြန်မာ မွတ်စလင် လူငယ်များ ဘာသာရေး အဖွဲ့ ဆိုရင် သွေး လှူကြတာ နှစ်စဉ် ပဲ ။တိုင်း အဆင့် မြို့နယ် အဆင့် ဗဟို အဆင့်သွေးလှူကြတယ်။
ကျွန်တော် ဆိုလို ချင်တာက မွတ်စလင်တွေ အစိုးရ အသိအမှတ်ပြု ဘာသာရေး အဖွဲ့ ကြီးတွေရဲ့ လမ်းညွှန်မှု ကို နာခံ နှစ်သက်စေချင်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံ လုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ ကြီး
အမှတ် ၂၁၄ ဗိုလ်ဆွန်ပက်လမ်း ပန်းပဲတန်းမြို့နယ် ရန်ကုန် ဖုန်း ၃၈၈၁၄၆ ၂၅၃၆၈၃၂၄၁၇၁၇…..
အစ္စလာမ် ဘာသာဝင်များသို့ မေတ္တာ ရပ်ခံပန်ကြားလွှာ
(၅.၆.၂၀၁၂ )ရက်နေ့ထုတ် ဝေသည့် သတင်းစာတွင်ဖေါ်ပြ ချက်များနှင့်ပတ်သက်၍ နိုင်ငံသားပြည်သူများကြားတွင် သဘောထားကွဲ လွဲ လျှက်ရှိပါသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များ အပေါ် နိုင်ငံ လုံး ဆိုင်ရာ ဘာသာရေး အဖွဲ့ စည်းကြီးအနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိ
အဖွဲ့ အစည်းကြီးများထံသို့ တင်ပြပြီး တရားဥပဒေဘောင် အတွင်းမှ အေးချမ်းစွာ ဖြေရှင်း ဆောင်ရွက်လျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ အစ္စလာမ် ဘာသာဝင်များအနေဖြင့် အစ္စလာမ်တရားတော်နှင့် အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြပါရန် ၊ လူစု လူဝေးဖြင့်
ဆန္ဒဖေါ်ထုတ်ခြင်းများ ရှောင်ကြည်ကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။
( popularnews စာ ၁၆ June 7)
အခုလိုပေါ် ပြူလာ နယူးဂျာနယ်မှာ စာမျက်နှာ ၁၆မှာပါတာတွေ့ရပါတယ်။ မြန်မာ မွတ်စလင် များ အနေနဲ့ ဘာသာေ၇း အဖွဲ့ အစည်း များရဲ့ မေတ္တာရပ်ခံ ထုတ်ပြန် ချက်ကို လေးစားလိုက်နာသင့်ပါတယ်။
ဘာသာရေး အဖွဲ့ အစည်းတွေက ပဲ ဦးဆောင်ပြီး သက်ဆိုင်ရာနဲ့ ညှိ နှိုင်းဆောင်ရွက်တာ အကောင်းဆုံးလို့ ဆိုချင်ပါတယ်။
တိုင်း အဆင့် မြို့နယ် အဆင့်တွေမှာ မြန်မာမွတ်စလင် ဘာသာရေး အဖွဲ့တွေ ရှိနေပါတယ်။ အစ္စလာမ် ဘာသာဝင်များကလည်း ကုရ်အန်ကျမ်းလာ မိမိတို့ အနက်မှ ခေါင်းဆောင်များရဲ့ စကားကို နားထောင်ရမယ် ဆိုတဲ့
အတိုင်း လိုက်နာသင့်တယ်လို့ အကြံပြု ချင်ပါတယ်။
မြို့နယ်တွေမှာလည်း တရားဝင် ဖွဲ့ စည်း ထားတယ်လို့ သိရပါတယ် ။မြို့နယ်တွေကလည်း အစိုးရ အသိအမှတ်ပြု ကိုယ့် ဘာသာရေး အဖွဲ့ ကြီးတွေ မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ အစ္စလာမ် သာသနာရေးရာကောင်စီ ၊ မြန်မာမွတ်စလင် လူငယ်များ( ဘာသာရေး ) အဖွဲ့ နဲ့ အိုလမာ အဖွဲ့ ဆိုတာရှိပါတယ် ။သူတို့တွေရဲ့ စကားကို နားထောင်သင့်ပါတယ်လို့ အကြံ ပြုပါတယ်။
(ကျွန်တော်က မေတ္တာရပ်ခံ အကြံ ပြုတာပါ ခင်ဗျား)

About mg wine

has written 26 post in this Website..