ရွှေထီး၏ ရုပ်သေးရုပ်လေးများ (ပုဂံ-အပိုင်း နှစ်)

ေရႊထီးJune 7, 20121min15210

 

 

 

 

 

 

ပုံလေးတွေကို ရှုစားပြီးရင် မှတ်ချက်လေးပေးခဲ့ပါနော်.. ကြိုးစားသူ အားတက်တာပေါ့…အဟီး….အပြင်မှာ ဓါတ်ပုံ ပြပွဲလုပ်ရင် စရိတ်လည်းကြီးသေးတယ် လာကြည့်မယ်သူရှိမရှိ မသေချာဘူး အခုဒီမှာက တစ်ခါတည်း လက်ရည်စမ်းလို့ရသလို ကိုယ့်အရည်အချင်းကို တိုးတက်စေတယ်…ဘာပဲပြောပြော ပျော်စရာကောင်းတယ်.. အခုလိုပုံတွေတင်ပြီး များလာရင် အကုန်လုံးပေါင်းပြီး ပြပွဲလုပ်ပစ်မယ်…..မန်းဂဇတ်မှာပြောတာပါ..ရွာသူ/ရွာသားတွေရဲ့ မှတ်ချက်လေးတွေနဲ့ တိုးတက်လာနိုင်မယ် လို့ ကျွန်တော်ထင်တယ်…

အားလုံးကို ခင်မင်လျှက် ရွှေထီး

10 comments

  • ရွှေထီး

    June 7, 2012 at 7:09 pm

    ပုံတွေ မကောင်းလို့လား ၊ဒါမှမဟုတ်ပုံသေးလို့လား??????
    တစ်ယောက်မှလည်းအားမပေးကြဘူး၊ အင်းးးးး

  • ရွှေထီး

    June 7, 2012 at 7:14 pm

    ကိုယ့်ဘာသာကိုယ်ပဲ ကွန်မန့်ပေးမှပဲရတော့မယ်ထင်တယ်…အဟီး
    ပုံလေးတွေကကောင်းပါတယ်… ရွှေထီး မင်းဆက်ကြိုးစားပေါ့…..

  • ရွှေထီး

    June 7, 2012 at 7:16 pm

    မှတ်ထား အဲဒါ ငါ ရွှေထီးကွ…..

  • မှော်ဆရာ

    June 7, 2012 at 7:38 pm

    အားမပေးတာ မဟုတ်ပါဘူး ရွှေထီးရယ် ..
    လူမျိုးရေး ကိစ္စတွေရော .. တခြား ဘာညာဘာညာတွေရော ရှုတ်နေကြလို့ပါ …
    အခုပုံတွေကို အရင် ပုတ်သင်ညို ပိုစ့်က ပုံတွေလောက် မကြိုက်ဘူးဗျ …
    ခံစားချက်မပါသလိုပဲ …
    ခံစားချက်ပါမှ .. ခံစားချက် တစ်ခုခု ပေးနှိုင်မှ အနုပညာ မည်ပါလိမ့်မယ်..။
    စကားလုံး ကြီးကြီးသုံးရင်တော့ ရသ ပါရမယ်ပေါ့ဗျာ …
    ဥပမာ ဘီလူးပုံပေါ့ဗျာ …
    ဓါတ်ပုံအရ ကောင်းပေမယ့် ခက်ထန်တဲ့ စရိုက်လေးတွေ မပါဘူးဖြစ်နေတယ်..။
    ဥပမာ အရောင်ရင့်တွေပဲ ရွေးသုံးတာမျိုး .. နူးညံ့တဲ့ အရုပ်တစ်ခုခုနဲ့ ယှဉ်ပြတာမျိုး ဆိုရင် ဘီလူးရဲ့ သဘာဝ ပိုပေါ်မလားလို့ …
    နောက်ထပ် ဥပမာ တစ်ခု ထပ်ပြရရင် ဘီလူးပုံထက်စာရင် သူငယ်တော်ပုံက ပိုကောင်းသွားတယ် ..။
    ဘာကြောင့်လဲဆိုတော့ နောက်က စေတီ အဟောင်းတစ်ဆူက ဝိုးတဝါး ပါနေသကိုး
    ဟိုးရှေးရှေးက မြန်မာ့ အနုပညာ လက်ရာ ဆိုတာမျိုးကို စေတီက အသံတိတ် ပြောသွားပါတယ် ..။
    အဲဒါမျိုးလေးတွေဆို ပိုကောင်းမှာပေါ့ဗျာ ..
    ဆွေးနွေးသွားတာပါနော …

  • ရွှေထီး

    June 7, 2012 at 8:55 pm

    အား ကိုမှော် ဓါတ်ပုံဆရာပီသပါပေတယ်..ကျေးဇူးပဲ ကျွန်တော်လည်းကိုမှော်တို့ဆီက သင်ယူဆဲပါ
    အော်ကိုမှော်လည်း nikon ကိုင်တာနော် ဘယ်လောက်လဲ…ကျွန်တော် d3000 ပါ…ပြောင်း အခုရိုက်တာတော့ kit lens တွေနဲ့တွယ်လာတာပါ..လိပ်ပြာပုံတွေတုန်းကတော့ ၁၈-၂၀ဝ နဲ့တွယ်တာပါ
    ကျွန်တော်ပုံတွေက သေးနေလို့၊ ဒါမှမဟုတ် မကြိုက်ကြလို့ထင်နေတာ ကိုမှော်ပြောမှ ပဲသိတော့တယ်..
    ရှဲ့..ရှဲ..ပါ ၊ နောက်ထပ်ပုံတွေကိုလည်းအားပေးပါဦးနော်…အခုလိုလည်းလိုအပ်ရင် အကြံပေးလို့ရပါတယ်…
    ခင်တဲ့ ရွှေထီး

  • pooch

    June 7, 2012 at 10:34 pm

    အဲ့ဒီ အရုပ်လေးတွေ မျက်စိနဲ့ ကိုယ်တိုင်မြင်တော့ သိပ်မထူးဆန်းသလိုပဲ။ ဒီလိုရိုက်ပြလိုက်တော့ အသက်ဝင်လာတယ်။

    ရွာဝင်စကထဲက နှုတ်မဆက်လိုက်ရလို့ ခု နှုတ်ဆက်လိုက်ပါတယ်။
    စတင်တဲ့ပိုစ့်တွေအကုန် ဖတ်ဖြစ်ပါတယ်။ စမြင်ကထဲက လက်ရာက အကောင်းစားမှန်း သိသာပါတယ်။ ဓာတ်ပုံဆရာတွေ ဆွေးနွေးနေတာ တွေ့လို့ ဝင်မရှုပ်တာပါ။

    တကယ့် ပရိုလက်ရာတွေပါ။ အားပေးပါတယ်။ မရိုက်တတ်ပေမဲ့ ဓာတ်ပုံဝါသနာ ပါပါတယ်။ အထူး သဖြင့် candid လို အတွေးပေးတဲ့ ပုံတွေပါ။

  • Mလုလင်

    June 8, 2012 at 12:02 am

    ကြိုက်ဘူးကွာ . ရိုးတယ်။ still subject ကို Light source ကောင်းကောင်းနဲ့ ရိုက်တယ်။ Fnumber ကြီးတယ်။ ခန့်မှန်း 4 ကနေ 7 ဝန်းကျင် (5.6 ပိုဖြစ်နိုင်) ထို့ကြောင့် foreground ပြတ်ထင်ပြီး background ဝါးတားတား ဖြစ်တယ်။ 18-200 ပြောင်းလဲ တပ်တယ် ဆိုတော့ ဒီလို ပုံမျိုး က မဆန်းဘူး … တင်ပြပုံ ကိုလဲ စိတ်မဝင်စားဘူး။ Photography ခေါင်းစဉ်အောက် မှာ ရှိမနေ ပဲ Copy/Paste အောက်မှာ ရှိနေတယ်။ နောက် ပိုစ့် မှာအဲဒါလေး ပြင်ရမယ်။ Tag ထည့်သင့်တယ်။ ဆိုတော့ .. အမှန်တော့ အဲလို ပြောရင် ဘယ်သူကြိုက်မလဲ နော့ …. ဒါပေမယ့် ကိုကြီး အံဇာတုံးက ပွင့်ပွင့်လင်းလင်း ပြောမှ ဆိုတော့ .. အဲဒါ သူ့ ကြောက်လို့ .. မကျေနပ် သူ့ သွားပြော …။

    • Mလုလင်

      June 8, 2012 at 12:03 am

      အဟီး .. တော်နေကြာ တကယ်ထင်နေဦးမယ်။ … (စတာ ပါဗျ နော့ …) လာထား ၁ဝ ..။

      • မှော်ဆရာ

        June 8, 2012 at 11:36 am

        ကြည့်စမ်း ပက်ပက်စက်စက်ကို ပြောထားလိုက်တာ …
        ဦးထင်အောင် ဆီက အကျင့်တွေ ရထားပြီ ထင်တယ် …
        အော် ကိုလုလင်များ လက်သွက် ခြေသွက် ပြောရဲ ဆိုရဲ တယ်ရှိပါလားနော် ..
        အားကျလိုက်တာ …
        ရွှေထီးရေ … လုလင်က ခင်လို့ စတာပါနော် …
        စေတနာနဲ့ တကယ်ပြောတာတွေလဲ ပါတာပေါ့ …
        စိတ်မဆိုးပါနဲ့နော …

  • ရွှေထီး

    June 8, 2012 at 8:07 am

    ကိုMလုလင်ရေ Photography ခေါင်းစဉ်အောက်မှာ မရှိတာတော့ မလုပ်တတ်လို့ပါ..ကျွန်တော်ပြင်လိုက်ပါမယ်
    ပုံတွေကတော့ ရိုးရိုးလေးပါ…ဆန်းများဆန်းမလားလို့ ….. ထပ်ကြိုးစားကြည့်တာပေါ့ …… နောက်ထပ်ပုံလေးတွေ အားပေးဦး …. ကိုမှော်လို ရသပိုင်းလေးတွေသိရင်လည်းပြောပါဦး…

Leave a Reply