လူမျိုး ထက်စာရင် စိတ်ဓါတ်သာ ပဓာန ကျပါတယ်။

မိုခ်ိဳJune 7, 20121min18419

ကျမတို့ ငယ်ဘဝ တလျောက် အဖေတာဝန် ကျရာ ရခိုင် ပြည်အနှံ့ မှာ ကြီးပြင်းခဲ့ ရတဲ့ တာပါ ။စစ်တွေမှာ တာဝန်ကျတုန်းက အဖေက အခွင့်ရေး မတောင်းတတ်တဲ့ သူဆိုတော့ ဝန်ထမ်း အိမ်ယာတောင် မရပဲ ရပ်ကွက် ထဲမှာ ပဲ အိမ်ငှားနေခဲ့ ရတယ်။ ဒါကြောင့် ရခိုင်ပြည်ရောက် တခြားဝန်ထမ်းတွေ ထက် စာရင် ရခိုင် လူမျိုးတွေရဲ့ ဓလေ့ စရိုက် စိတ်နေ စိတ်ထားတွေ ကို ထဲထဲ ဝင်ဝင် ရင်းနှီး ခွင့် ရခဲ့ ပြီး သူတို့ နဲ့ တသားတည်း နေထိုင် ခဲ့ ဖူး တယ် ဆိုတော့ ရခိုင် နဲ့ အစ္စလာမ် ဘာသာဝင် တွေ ကြားက မပြေလည် တဲ့ ဆက်ဆံရေးကို အဲဒီ ချိန်တည်းက သိခွင့်ရခဲ့ပါတယ်။
အခုမှသာ အင်တာနက် ပေါ်လာလို့ ဒီလိုကစ္စတွေ က ကမ္ဘာ သိအောင် အကျယ်အကျယ် မငြိမ်းဖွယ် ထိ ဖြစ် ခဲ့ ရပေမယ့် အရင်ထဲက ဒီလို ရိုက်ကြ နှက်ကြ၊ သတ်ကြ ဖြတ်ကြ တာတွေ က ရခိုင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ ကြား မကြာ ခဏ ဖြစ်လေ့ ရှိပါတယ်။ ပြီးတော့ ဆေးရုံ ဆေးခန်း ရောက်လာ ကြတာမို့ အဖေ ပြောပြော ပြ လို့ သိခဲ့ ရတာပါ။ ပြောရရင် အဲဒီတုန်းက(၁၉၈၅-၈၈) အစ္စလာမ် ဘာသာဝင်နဲ့ ရခိုင် လူမျိုးတွေ ဦးသူ ချ ကြတဲ့ အဖြစ်တွေက မကြာ ခဏ ကြားနေကြ လိုတောင် ဖြစ် နေခဲ့တယ်။
အစ္စလာမ် ဘာသာဝင် တွေ နေတဲ့ ရပ်ကွက် နဲ့ ရခိုင် ရပ်ကွက် ကို ကိုယ့် နားလည် မှုနဲ့ ကိုယ် နယ်နမိတ် ခွဲ ထား ပြီးတော့ နယ် ကျော် လေ့ မရှိ ကြပါဘူး။ အထူးသဖြင့် ည ဘက် တွေ ဆို ပိုဆိုးပါတယ်။ အဖေ့ ကိုတော့ ဗမာလည်း ဖြစ်ပြန်၊ ဆရာဝန်လည်း ဖြစ်တော့ နှစ်ဘက် စလုံးက လေးစားကြတယ်။ အဖေ့ တွက် ဆို အသက် ပါပေးမယ် ဆိုတဲ့ ရခိုင် တွေ ရှိ သလို ၊ အဖေကို ညီရင်း အကိုလို ချစ်လို့ ဖြစ်ချင် တာ အကုန်လုပ်ပေး မယ် လို့ ဆိုတဲ့ အစ္စလာမ် ဘာသာဝင် တွေ လည်း ရှိခဲ့ ပါတယ်။ အဲဒီ ထဲမှာ မှ စစ်တွေ ဈေးထဲ ဆေးဆိုင် ဖွင့် ထားတဲ့ အစ္စလာမ် ဘာသာဝင် တယောက် က အဖေ့ ကို အတော် ချစ်ခင်ပါတယ်။
တရက်မှာတော့ ညဘက်ကြီး လူနာ တယောက် အရေးပေါ် အခြေအနေနဲ့ ကျမတို့ အိမ်ကို ရောက်လာ ပါတယ်။ သူ့ အတွက် ဆေး တမျိုး အချိန်မီ ပေးဖို့ လိုပါတယ်။ အဲဒီ ဆေး က အိမ် မှာ အဆင်သင့် ရှိမနေ ပါဘူး။ ဆေးရုံ လွှတ်လိုက် လည်း အဲဒီ ဆေးပဲ ပေးရမှာ ဖြစ်ပြီး ဆေးရုံ မှာ လည်း အဆင်သင့် မရှိ ပဲ အပြင် မှာ ပဲ ရှာဝယ်မှ ရမှာကို အဖေကသိတော့ လူနာကို ဆေး အချိန်မီပေးနိုင် ဖို့ ပဲ အရေးကြီးတဲ့အတွက် သူ့ မိတ် ဆွေ ဆေးဆိုင် ပိုင်ရှင် ဆီ သွားယူဖို့ ပဲ စဉ်းစားရတော့တယ်။ အဲဒီကျတော့ လူနာရှင် ကော၊ လိုက်ပို့တဲ့ သူတွေ ကော အဲဒီ ရပ်ကွက် ထဲ သွားဖို့ ငြင်းကြတယ်။ ရပ်ကွက်ထဲ က လူကြီးတွေ ကလည်း ဘယ်သူ့ ကိုမှ မသွားစေချင်ဘူး။
အဲဒီတော့ အဖေက သူကတော့ လူနာ နားက ခွာ လို့ မရတဲ့ အတွက် အမေ့ကို သွားယူခိုင်းပါတယ်။ (တော်တော် ဟုတ်တဲ့ အဖေ၊ ယောက်ျားကြီးတွေတောင် မသွားရဲတဲ့ နေရာကိုညကြီး မိုးချုပ်၊ မိန်းမကို လွှတ်တယ်) ၉ နှစ်သမီး ကျမ က အမေနဲ့ အဖော် လိုက် သွားပေး ရလို့ မှတ်မိနေတာပါ။ကျမတို့ အတွက်တော့ အဲဒီ အိမ်က မကြာခဏ ရောက်ဖူးနေကြပါ။ ကျမတို့ သားအမိ ကို ရပ်ကွက်ထဲက လူကြီးတွေက ရခိုင် ရပ်ကွက် ပိုင်နက် အဆုံးထိ လိုက်ပို့ ပေးပါတယ်။
သူတို့ ရပ်ကွက်ထဲ ဝင်တော့ အစ္စလာမ် ဘာသာဝင် ၄၊၅ ယောက် ထွက်လာပြီး မေးပါတယ်။ အကျိုးကြောင်း ပြော လိုက်တော့ သူတို့ ချက်ချင်း သိသွားပြီး ဆရာမ ကို ကျတော် တို့ လိုက် ပို့ ပေးပါမယ်၊ ဟိုအကိုတွေ ဒီနားမှာ ပဲ စောင့် ပါ လို့ ပြေပြေလည်လည် ပဲ ပြောပြီး ကျမ တို့ ကို ဆေးဆိုင် ပိုင်ရှင်ရဲ့အိမ် ကို ခေါ်သွားပေးပါတယ်။ အဲ ဒီလူက ဗလီ လူကြီးလည်း ဖြစ်သလို သူတို့ ရပ်ကွက်ထဲမှာလည်း ဩဇာ ညောင်းတဲ့ သူပါ။ သူ့ ဆီမှာလည်း ဆေး က ပြတ် နေတဲ့ အတွက် သူ့မိတ်ဆွေ အခြား ဆေးဆိုင် ပိုင်ရှင်ဆီကို လူလွှတ် ယူခိုင်း ၊ကျမတို့ သားအမိကို လည်း သူ့ အိမ် မှာ ပဲ စောင့်စေပြီး မိသားစု ဝင်တွေပါ ထလာပြီး အစားအသောက်တွေနဲ့ ဧည့်ခံကြပါတယ်။ ရပ်ကွက် ထိပ်မှာ စောင့် နေတဲ့ သူတွေ ကိုလည်း လူလွှတ်ပြီး အကျိုးကြောင်း ပြောစေပါတယ်။ ဆေးရလာတော့ သူကိုယ်တိုင် သူတို့ ရပ်ကွက် ထိပ်ထိ ပြန်လိုက်ပို့ ပြီး စောင့်နေတဲ့ ကျမတို့ ရပ်ကွက် က လူတွေ ကို ဆရာမကို သေချာ ခေါ်သွားပေးပါ လို့ မှာတာကို ကျမမှတ်မိ နေပါသေးတယ်။
ငယ်တုန်းကတော့ အမေနဲ့ အဖော် လိုက် ပေးရ တယ် ၊မုန့် စားရတယ် ဆိုတာက လွဲလို့ ကျမ အတွက် ထူးပြီး ဘာမှ မစဉ်းစားမိပေမယ့် အခုသိတတ်တဲ့ အချိန် ကျတော့ အဲဒီ အဖြစ်အပျက် က နည်းနည်း စွန့်စားခန်း ဆန်တယ်လို့ ခံစားမိတယ်။ ရခိုင် လူမျိုး တယောက် ရဲ့ အသက် ကယ် ဖို့ အတွက် ဆေးကို မရ ရအောင် ရှာပေးတဲ့ အဖေ့ မိတ်ဆွေ ဆေးဆိုင် ပိုင် ရှင် အစ္စလာမ် ဘာသာဝင် ကိုလည်း လေးစားမိတယ်။
လေးစားစရာကောင်းတဲ့ အစ္စလာမ် ဘာသာဝင် ရှိသလို ရွံ မုန်းစရာကောင်းတဲ့ သူတွေ လည်း ရှိပါတယ်။ ကျမတို့ အဲဒီရပ်ကွက် ထဲ ရောက်ကာစ တလလောက်မှာ အိမ် အဖောက် ခံရပါတယ်။ ငွေကြေးနဲ့ ရွှေတို ရွှေစ အနည်း ငယ် ကတော့ မထင်မှတ်တဲ့ နေရာ မှာ ထား လို့ ပါ မသွားပေမယ့် တမိသားစုလုံးရဲ့ အဝတ်စားတွေ အကုန်ပါသွားပါတယ်။ ကူညီပါရစေ တွေ ဆီမှာ အမှု ဖွင့် ထားပေမယ့် ထုံးစံအတိုင်း တရားခံ ရှာမရပါဘူး။
တရက်တော့ ဆေးရုံ မှာ အဖေ round လှည့် တဲ့ အချိန် အစ္စလာမ် ဘာသာဝင် လူနာ တယောက် ကို သတင်းလာမေးတဲ့ သူတို့ လူမျိုးတယောက်က အဖေ့ ကိုမြင်တော့ ငါတို့အဲဒီ ဆရာဝန် အိမ်ကို ဝင်ခိုး တာ အဖိုးတန်တာ ဘာမှလည်း မရ ခဲ့ဘူး၊ အိပ်မွေ့ ချ ပြီး ဝင် တာ မို့လို့ ကလေးတွေ တောင် တယောက်မှ မနိုးဘူး၊ နိုးလည်း ငါက အကုန်သတ်ပစ်မှာ ၊ လို့ ဆိုပါတယ်။ အဲဒီတော့ လူနာ က မင်းမသတ်မိတာ တော် သေးတာပေါ့ ၊ အဲဒီ ဆရာဝန် က အရမ်းသဘော ကောင်းတယ်၊ ဆေးကုတာလည်း အရမ်းတော်တယ်၊ နောက် ကို ဒုက္ခ မပေးပါနဲ့ လို့ပြန် ပြောပါသတဲ့။ သူတို့ က သူတို့ ဘာသာ စကားနဲ့ ပြော နေတာကို နားလည် တဲ့ ဘေး ကုတင်က လူနာစောင့် က အဖေ့ နောက် ကို လိုက်ပြီး ပြောပြတာပါ။
ကျမတို့ အိမ် အဖောက်ခံရတဲ့ အဖြစ်က တမြို့လုံး စိတ်ဝင်စားကြပြီး၊ အခု တရားခံကို တွေ့နေပြီ ဆိုတော့ ရဲကို အကြောင်း ကြားဖို့ လုပ်ဖေါ်ကိုင်ဘက်တွေက အဖေ့ကို ဝိုင်းပြောကြပေမဲ့ အေးအေးနေ တတ်တဲ့ အဖေကတော့ ထုံးစံ အတိုင်း ကိုယ့် မိသားစု ကို အန္တရာယ် မပြုတာပဲ ကျေးဇူးတင်လှပါပြီ ကွာလို့ ပြန်ပြောလိုက်ပါတယ်တဲ့။
ကျမ ပြောချင်တာက လူမျိုး ၊ဘာသာ က အဓိက မကျပဲ လူ တယောက်ချင်း ရဲ့ စိတ်ဓါတ်ကသာ အဓိက ကျ တယ် လို့ ယူဆပါတယ်။ ကုလား၊ ရခိုင် ၊ ဗမာ ၊တရုတ် ဘယ်လူမျိုးမှာ မဆို ရိုင်းစိုင်း ကြမ်းတမ်းတဲ့ သူ ရှိ သလို ယဉ်ကျေး သိမ်မွေ့ တဲ့ သူ တွေလည်း ရှိပါတယ်။ နဲတာနဲ့ များတာပဲ ကွာပါမယ်။ သူ့အခွင့်ရေး ကိုယ့် အခွင့် ရေး အပြန်အလှန် လေးစားပြီး မြန်မာ နိုင်ငံ သား ဆိုတဲ့ ခေါင်းစဉ် အောက်မှာ တစိတ်တဝမ်းတည်း ရှိ နေကြရင် ပိုမကောင်းဘူးလား။ လူမျိုးရေးဟာ အင်မတန် သိမ်မွေ့ ပြီး ထိခိုက် လွယ်တဲ့ ကိစ္စ တခုပါ။ လူ လူ ချင်း လူသားတဦးချင်း အနေနဲ့ ပဲ ရှုမြင် သင့် ပါတယ်။
ကျမ ပြောတဲ့ ထဲမှာ ရခိုင် ဘက်ကို ခိုးဝင်လာမဲ့ ရိုဟင်ဂျာတွေ မပါသလို၊ မြန်မာပြည် အထက်ပိုင်း ကို ခြေကုတ်ယူလာ မဲ့ ပေါက်ဖော်ကြီးတွေ လည်း မပါပါဘူး။ အဲဒီ အတွက်ကတော့ နိုင်ငံတော် မှာ အဓိက တာဝန်ရှိ သလို ပြည်သူတွေမှာ လည်း ကိုယ့်တာကို လုံ အောင် ထိန်းဖို့ တာဝန်ရှိပါတယ်။ သူတို့ ရဲ့ အဓိက ပစ်မှတ်က ဆင်းရဲတဲ့ မိန်းမပျိုလေးတွေကို ငွေနဲ့ ပေါက် ပြီး စည်းရုံး ကြပါလိမ့်မယ်။ ကိုယ့်ဘက်က ခံစစ်ကို သေချာ ပြင်ဆင် ထားဖို့ လိုပါတယ်။
ဘာသာ သာသနာ နဲ့ ပတ်သက် ရင်လည်း ဘာသာတိုင်းက ကိုယ့် ဘာသာ ပြန့် ပွားအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင် နေကြတာပါပဲ။ ကာကွယ် ဖို့ က ကိုယ့် တာဝန်ပါ။ အဲဒါကို နောက် တပိုစ့် အနေနဲ့ ထပ်ရေးပါအုံးမယ်။

19 comments

  • pazflor

    June 7, 2012 at 3:01 pm

    အလွန်တန်ဖိုးရှိလှတဲ့ ဆောင်းပါးလေးပါဘဲ မmocho ရေ။ အခုလိုအချိန်မျိုးမှာ မျှဝေပေးတာကျေးဇူးပါဘဲဗျာ။

  • Thel Nu Aye

    June 7, 2012 at 3:16 pm

    တန်ဖိုးရှိတဲ့ပိုစ့်ကလေးပါ။ မမိုချိုပြောတာမှန်ပါတယ်။ လူမျိုး၊ ဘာသာ ဆိုတာတွေထက်စာရင် ခံယူချက်နဲ့ စိတ်ဓါတ်ကသာအဓိကပါ။ ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲဖြစ်ပါစေ ခံယူချက်မှားနေရင် သူ့လုပ်ရပ်တွေက မှားနေမှာပါပဲ။ ဒါက လူမျိုးတမျိုးလုံး၊ ဘာသာတခုလုံးကိုတော့ ကိုယ်စားမပြုနိုင်ပါဘူး။ တဦးချင်းတယောက် ချင်းခွဲခြားမြင်နိုင်ရင် ပြသနာတွေဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ အခုဟာကလဲ ဖြစ်ရပ်တခုကို ပြသနာကို ကြီးအောင် လုပ်ချင်ကြတဲ့ တောကြောင်လိုလူတစုကြောင့်လဲ အခုတလောမလိုလားအပ်တဲ့ဖြစ်ရပ်တွေဖြစ် လာတာ လို့မြင်မိပါတယ်။

  • mayjuly

    June 7, 2012 at 3:23 pm

    ” လူမျိုး ၊ဘာသာ က အဓိက မကျပဲ လူ တယောက်ချင်း ရဲ့ စိတ်ဓါတ်ကသာ အဓိက ကျ တယ် ”
    မှန်တာပေါ့ မမိုချို ..
    တမြေတည်းနေ တရေ တည်းသောက်ကြတဲ့ သူအချင်းချင်း …
    ဘယ်လူမျိုးဘယ်ဘာသာမဆို သွေးမကွဲပဲ စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ဖို့ မျှော်လင့်မိပါတယ်…

  • Shwe Tike Soe

    June 7, 2012 at 3:30 pm

    မမိုချိုရေ.. အစ်မပြောသလိုပဲ.. လူတချို.ရဲ.အပြုအမူကြောင့် ဘာသာရေးကို မကောင်းဘူးလို.ပြောလို.မရပါဘူး..
    တော်သေးတာပေါ့နော်… သခိုးခိုးတုန်းက အစ်မတို.မိသားစု မနိုးလို.နော်… နို.မို.ဆို မတွေးရဲစရာပဲ..
    ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာနိုင်ငံသား ဘယ်လူမျိုး ဘယ်ဘာသာမဆို သင့်သင့်မြတ်မြတ်ရှိစေချင်တာပါပဲဗျာ……..

  • မိုးတိမ်

    June 7, 2012 at 3:36 pm

    ””ကျမ ပြောတဲ့ ထဲမှာ ရခိုင် ဘက်ကို ခိုးဝင်လာမဲ့ ရိုဟင်ဂျာတွေ မပါသလို၊ မြန်မာပြည် အထက်ပိုင်း ကို ခြေကုတ်ယူလာ မဲ့ ပေါက်ဖော်ကြီးတွေ လည်း မပါပါဘူး။ အဲဒီ အတွက်ကတော့ နိုင်ငံတော် မှာ အဓိက တာဝန်ရှိ သလို ပြည်သူတွေမှာ လည်း ကိုယ့်တာကို လုံ အောင် ထိန်းဖို့ တာဝန်ရှိပါတယ်။ သူတို့ ရဲ့ အဓိက ပစ်မှတ်က ဆင်းရဲတဲ့ မိန်းမပျိုလေးတွေကို ငွေနဲ့ ပေါက် ပြီး စည်းရုံး ကြပါလိမ့်မယ်။ ကိုယ့်ဘက်က ခံစစ်ကို သေချာ ပြင်ဆင် ထားဖို့ လိုပါတယ်။
    ဘာသာ သာသနာ နဲ့ ပတ်သက် ရင်လည်း ဘာသာတိုင်းက ကိုယ့် ဘာသာ ပြန့် ပွားအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင် နေကြတာပါပဲ။ ကာကွယ် ဖို့ က ကိုယ့် တာဝန်ပါ။ ””

    အလွန်တရာ တန်ဖိုးရှိတဲ့ အတွေးအခေါ်ပါ။
    မှန်ပါတယ်ဗျာ။ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့သူတွေလဲရှိတာ သဘာဝပါပဲ။
    ဘာတွေပဲဖြစ်ဖြစ် မကောင်းရင်တော့ ရဲရဲရင့်ရင့်တုံ့ပြန်ဖို့လဲ အားမွေးထားဖို့လိုအပ်ပါကြောင်းးးးးးးးး

  • လူ ဟား

    June 7, 2012 at 3:38 pm

    လုံးဝ လုံးဝ လက်မထောင်ပါ၏။ တနိုင်ငံလုံးမဟုတ်တောင်မှ ၈၀% လောက်ဒီစိတ်မျိုးလေးမွေးနိုင်ရင် တို့တိုင်းပြည်ဟာ နေလို့အကောင်းဆုံး။

  • လူမျိုး ထက်စာရင် စိတ်ဓါတ်သာ ပဓာန ကျပါတယ်။

    သိပ်ကောင်းတဲ့ခေါင်းစဉ်နဲ့ သိပ် လိုအပ်နေတဲ့ အကြောင်းအရာလေးပါ။
    ကောင်းသူ ဆိုးသူ ဆိုတာ လူမျိုးဘာသာတရားနဲ့မသက်ဆိုင်ဘဲ လူတစ်ယောက်ခြင်းနဲ့သက်ဆိုင်တယ်လို့
    ကျနော်ကတော့ ယုံကြည်ပါတယ်။.

  • mocho

    June 7, 2012 at 4:38 pm

    ကျမရဲ့ မြန်မာလက်ကွက် ကော၊ အင်တာနက်ကော ရတဲ့ စက်ကလေး က ပျက်သွားလို့ ခုတလော ပိုစ့် တွေမှာ ကွန်မန့် မပေးဖြစ်ခဲ့ ပါဘူး။ ခုတော့ ပို်စ့် အနေနဲ့ ပဲ ရေးလိုက် ပါတော့ တယ်။ ကျမတို့ ငယ်စဉ် တည်းက ရှိခဲ့ တဲ့ အဲဒီ အဖြစ် ပျက်တွေကို ရပ်တန့် စေချင်လှပါပြီ။

  • သားဦး၊မြေးဦး

    June 7, 2012 at 5:35 pm

    စိတ်ဓါတ်သာ ပဓာနပါဘဲဗျာ။မမမိုချိုပို ့စ်ထဲက စာသားလေးပါ——
    “ကျမ ပြောချင်တာက လူမျိုး ၊ဘာသာ က အဓိက မကျပဲ လူ တယောက်ချင်း ရဲ့ စိတ်ဓါတ်ကသာ အဓိက ကျ တယ် လို့ ယူဆပါတယ်။ ကုလား၊ ရခိုင် ၊ ဗမာ ၊တရုတ် ဘယ်လူမျိုးမှာ မဆို ရိုင်းစိုင်း ကြမ်းတမ်းတဲ့ သူ ရှိ သလို ယဉ်ကျေး သိမ်မွေ့ တဲ့ သူ တွေလည်း ရှိပါတယ်။ နဲတာနဲ့ များတာပဲ ကွာပါမယ်။ သူ့အခွင့်ရေး ကိုယ့် အခွင့် ရေး အပြန်အလှန် လေးစားပြီး မြန်မာ နိုင်ငံ သား ဆိုတဲ့ ခေါင်းစဉ် အောက်မှာ တစိတ်တဝမ်းတည်း ရှိ နေကြရင် ပိုမကောင်းဘူးလား။ လူမျိုးရေးဟာ အင်မတန် သိမ်မွေ့ ပြီး ထိခိုက် လွယ်တဲ့ ကိစ္စ တခုပါ။ လူ လူ ချင်း လူသားတဦးချင်း အနေနဲ့ ပဲ ရှုမြင် သင့် ပါတယ်။””

  • SkyHeart WinKo

    June 7, 2012 at 5:37 pm

    ကြေးမုံ(၇.၆.၂၀၁၂)စာမျက်နှာ၁၀(မေတ္တာခြုံမှ လုံမည်သာ)
    ဒို့ဗမာတွေ ကားပျက်လို့ ဝိုင်းတွန်းပေးမဲ့ စိတ်ဓါတ်လေးရှိခဲ့လျှင်တောင်မှ ကျေနပ်မိပါတယ်။
    ကိုခင်မောင်ဌေး (ပညာရေး) ရယ်………
    အဲဒီလို ရန်ပွဲကိုဝင်တားခဲ့တဲ့ ကျွန်တော်က မင်္ဂလါတောင်ညွန့်မှာ ယခုထိ အမူ့ပတ်ပြီး တာမွေလူမိုက်ကြီး ဖြစ်သွားခဲ့ပါတယ်။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) ဝင်းကိုလှိုင်

  • ahnyartamar

    June 7, 2012 at 7:38 pm

    လူမျိုး ၊ဘာသာ က အဓိက မကျပဲ လူ တယောက်ချင်း ရဲ့ စိတ်ဓါတ်ကသာ အဓိက ကျ တယ် လို့ ယူဆပါတယ်။ ကုလား၊ ရခိုင် ၊ ဗမာ ၊တရုတ် ဘယ်လူမျိုးမှာ မဆို ရိုင်းစိုင်း ကြမ်းတမ်းတဲ့ သူ ရှိ သလို ယဉ်ကျေး သိမ်မွေ့ တဲ့ သူ တွေလည်း ရှိပါတယ်။ နဲတာနဲ့ များတာပဲ ကွာပါမယ်။ သူ့အခွင့်ရေး ကိုယ့် အခွင့် ရေး အပြန်အလှန် လေးစားပြီး မြန်မာ နိုင်ငံ သား ဆိုတဲ့ ခေါင်းစဉ် အောက်မှာ တစိတ်တဝမ်းတည်း ရှိ နေကြရင် ပိုမကောင်းဘူးလား။ လူမျိုးရေးဟာ အင်မတန် သိမ်မွေ့ ပြီး ထိခိုက် လွယ်တဲ့ ကိစ္စ တခုပါ။ လူ လူ ချင်း လူသားတဦးချင်း အနေနဲ့ ပဲ ရှုမြင် သင့် ပါတယ်။

    ကျတော်တို့တိုင်းပြည်မှာ ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု စုံလင် စွာနဲ့ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာပါ။ ဘာဖြစ်လို့ ကုလား၊ ရခိုင် ၊ ဗမာ ၊တရုတ်…….ခွဲနေတော့မှာလဲ တဦးနဲ့တဦး အပြန်အလှန် လေးစားမူနဲ့ နေထိုင်ရင် ဘယ်လောက်သာယာလိုက်မလဲဗျာ။

  • padonmar

    June 7, 2012 at 9:24 pm

    ဒီအချိန်အတွက် အချိန်ကိုက်လည်းဖြစ် အချိန်တိုင်းတွက်လည်းအလွန်ကောင်းတဲ့ စာပါ မိုချို။
    ကျမတို့မှာလည်း အလွန်ကောင်းတဲ့ မွတ်ဆလင် သူငယ်ချင်းမိတ်ဆွေတွေရှိပါတယ်။
    အလွန်ကောင်းတဲ့ ရခိုင်မိတ်ဆွေတွေလည်းရှိပါတယ်။

  • ko win

    June 7, 2012 at 9:31 pm

    မှန်ပါတယ်ခင်ဗျာ။ မမိုချိုရဲ့ ဆောင်းပါးကို အပြည့်အဝထောက်ခံပါတယ်။ လူတစ်ယောက်ရဲ့ပုံရိပ်ဟာ ဘာသာ၊ လူမျိုးဆိုတဲ့ အချက်အလက်နဲ့ မပတ်သတ်လှပါဘူး။ အဓိက က ပုဂ္ဂိုလ်နဲ့ပဲ ဆိုင်တာပါ။ ဘာလူမျိုးဖြစ်ဖြစ် ဘယ်ဘာသာဖြစ်ဖြစ် ဆိုးတဲ့သူဟာ ဆိုးတာပါပဲ။ ပတ်ဝန်းကျင်(ကောင်း/ဆိုး)၊ ပညာ(ကြောင်း၊ကျိုးဆီလျော်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း)၊စာနာနားလည်နိုင်မှု၊ မေတ္တာတရား….စတဲ့အရာတွေအပေါ်မှာလည်း မူတည်တယ်လို့ ကျွန်တော် တော့ထင်မိပါတယ်။

  • thihayarzar

    June 7, 2012 at 9:57 pm

    အော် ခက်တော့မယ် သူပြောတာတော့မှန်ပါတယ် ထောက်ခံပါတယ် ဒါပေမယ့် ကျွန်တော်တို့လို လူတွေ ရှိမှ သာသနာ ၂၅၀ဝ ထပ်တည်တော့မဗျာ ….. ရခိုင်လူမျူးိတွေ ဘာသာသာသနာ စိတ်ရှိလို့ သာ မဟုတ်ရင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ကတော့ ကုလားပြည်ဖြစ်တော့မှာပါ ….. သူတို့ကို မြှောက်ပေးတာ မဟုတ်သလို နှိမ့်ချတာလည်း မဟုတ်ပါဘူး … သူတို့တော်ကြပါတယ် …. အမျိးဘာသာ သာသနာ စိတ်ဓာက်ရှိကြတာကိုက လေးစားစရာပါ .. ချီးကျူးပါတယ်ဗျာ … ခင်ဗျားတို့လည်း သူတို့နေရာက နေပြီး ခံစားကြည့်ပါ … သူတို့စိတ်တွေကလည်း ခံရပါများတော့ မခံနိုင်တော့ဘူးဗျာ ..

    • သားဦး၊မြေးဦး

      June 7, 2012 at 10:25 pm

      ကိုသီဟရာဇာ စကားဆိုတာလေး မျှမျှတတပြောဖို ့မတတ်ဘူးထင်ပါတယ်။
      လူတွေအားလုံးမှာ အမှားကင်းတဲ့လူရှိပေါ့မလား။ဘယ်သူမဆို ကိုယ်စီအမှား
      တွေနဲ ့ချည်းပါဘဲ။တဖက်သတ် မစွပ်စွဲပါနဲ ့။မီးလောင်ရာ ထပ်လေပင့်မနေနဲ ့။

  • pooch

    June 7, 2012 at 10:03 pm

    ဟုတ်ပါတယ် အမရယ် စိတ်ဓာတ်သာ ပဓာန ပါ။ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါတယ်။

  • Crystalline

    June 8, 2012 at 9:11 am

    အပြည့်အဝထောက်ခံပါတယ် အစ်မ…..လူတစ်ဦးချင်းစီရဲ့ပင်ကို အသိစိတ်ဓါတ်သာအဓိကပါ။

  • mocho

    June 8, 2012 at 9:52 am

    ကျမတို့မိသားစုက တခြား ဝန်ထမ်းတွေ ထက်စာရင် ရခိုင် တိုင်းရင်းသားတွေ နဲ့ တသားတည်း နေခဲ့ ဖူးတယ်လို့ ကျမ ရေးခဲ့ပါတယ်။ ရခိုင် တွေရဲ့ ခံစားချက်ကို နားလည် ပေးနိုင်ပါတယ်။ ဒါကြောင့် လည်း ရခိုင်တိုင်းရင်း သားတွေနဲ့နိုင်ငံထဲမှာ နဂိုရှိ ပြီးသား မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေ ကြား သံသယတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ အမုန်းမီးပွား ရန် ကြွေးတွေ ကို ငြိမ်းအေးစေချင်ပါပြီ။ ကိုယ့် ရဲ့မြတ် ဗုဒ္ဓသာသနာ ကို ကာကွယ် ဖို့ ကလည်း ရခိုင် အပါဝင် ဗုဒ္ဓဘာသာဝင် အားလုံးမှာ တာဝန်ရှိပါတယ်။ သူတို့ က သူတို့ အလုပ်သူတို့ အလုပ် သူတို့ လုပ်ကြမှာ ဖြစ်သလို ကိုယ်တွေကလည်း ကိုယ့် အလုပ်ကိုယ် လုပ်ကြရပါမယ်။ သူတို့ ဘာသာကို နည်းအမျိုးမျိုး နဲ့ ပြန့် ပွားအောင် ဆောင်ရွက် နေချိန်မှာ ကိုယ့် ဘက် ကလည်း သက်လုံ ကောင်းအောင် လုပ် နိုင် ဖို့ ပဲလိုပါတယ်။ အဲလိုမှ မဟုတ်ပဲ ရန်မီးတွေ ပဲ ဆက်နေ ကြရင်
    မြတ်ဗုဒ္ဓ အလိုကျ ငြိမ်းချမ်းတဲ့ ဘဝတွေကို ဘယ် တော့ များမှ ရတော့ မှာလဲ။

  • မောင်ပေ

    June 8, 2012 at 12:28 pm

    အိပ်မွေ ့ချတယ် ဆိုတာကို ဖတ်ရလို ့၊ အဲဒီကိတ်စ ကို စိတ်ဝင်စားမိတယ် ။
    အနောက်တိုင်းနည်းကို သုံးခဲ့တာလား ၊ အရှေ ့တိုင်းနည်း ကို သုံးခဲ့တာလားဆိုတာကိုပါ ။

Leave a Reply