လူမျိုးရေး ပြဿနာတွေ မြန်မာပြည်မှာ ဘယ်အချိန်က စတင်ပြီး ဖြစ်ပွားခဲ့ပါသလဲ။
မင်းတုန်းမင်းလက်ထက်မှာ ဖြစ်ပြီလား။ ဦးပိန်တံတား ဆောက်တဲ့ မြို့စာရေးမောင်ပိန် က ဘာလူမျိုးလဲ သိသူများ ဖြေပေးစေချင်ပါတယ်။ သူ့ဆရာကတော့ လူမျိုးခြားမှန်းသိပါတယ်။ ကုန်းဘောင်ရှာပုံတော်ထဲမှာတော့ တင်တင်စီးစီးနာမည်ပဲတွေ့တယ်။ ဘိုင်ဆပ်တဲ့။ တစ်ယောက်စ နှစ်ယောက်စတော့ ရှိနေပါပြီလို့ပြောရပေမယ့် လူမျိုးရေး အဓိကရုဏ်းတွေ ဘာတွေဖြစ်လောက်အောင် အရေအတွက်မများသေးဘူးထင်ပါတယ်။
နောက် ရခိုင်ပြည်နယ်ဘက်မှာလည်း အဲဒီအချိန်အထိ ပန်းဝါ တို့ စစ်တကောင်း တို့ဆိုတာ မြန်မာဘုရင့် အာဏာစက်အောက်က နယ်မြေတွေပါ။ စစ်သူကြီး မဟာဗန္ဓုလ သွားတိုက်ရတဲ့ “ပန်းဝါ” တိုက်ပွဲ ဆိုတာ အဲဒီ အခု“ကော့က်ဘဇား” ပေါ့။ သိန်းဖေမြင့် ရဲ့ စစ်အတွင်း ခရီးသည် စာအုပ်မှာလည်း သူတို့ ရခိုင်ကိုကျော်ပြီး အိန္ဒိယ(အခု ဘင်္ဂလားဒေ့ရှ်) ထဲ ဝင်သွားတော့ မြန်မာတိုင်းရင်းသားအနွယ် “မရမာကြီး” လူမျိုးတွေ အများအပြားနေထိုင်ကြောင်းလည်း ရေးထားတာ ဖတ်ဖူးပါတယ်။

အင်္ဂလိပ်ခေတ်မှာ အိန္ဒိယ ဘက်ကနေပြီး လယ်ကူလီ လုပ်ဖို့ ကနေ လိုအပ်တဲ့ လုပ်သားအင်အား သုံးဖို့အတွက် မူဆလင်ကော ဟိန္ဒူကော ဘာကော ညာကော ခေါ်သွင်းလာခဲ့ပြီးနောက်မှာ မြန်မာပြည် ကို လူမျိုးရေး ပြဿနာတွေ ဖြစ်စေခဲ့တော့တာပါပဲ။ အိန္ဒိယ ဘက်ကတင်မဟုတ်ပဲ တရုပ်တွေကိုလည်း သွင်းခဲ့တာပါပဲ။ အခုတော့ မြန်မာပြည်မှာ ထစ်ကနဲ ဆိုရင် လူမျိုးရေး အဓိကရုဏ်းဖြစ်နိုင်ချေတွေက များနေပြီ။

အခြား အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့တဲ့ ဒီအနီးနားက မလေးရှားမှာလိုပဲ လူမျိုးရေး ပြဿနာတွေ မြန်မာပြည်မှာလည်း ဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာပြည်က မလေးရှားလို မူဆလင်ဘာသာဝင်တွေမဟုတ်တာရယ်။ မလေးတွေက တရုပ်တွေကို စကာင်္ပူကို အပိုင်ပေးလိုက်ရသလို အပိုင်စီးခံလိုက်ရသလိုဖြစ်တာလည်း ငြိမ်ခံနေပေမယ့် မြန်မာတွေကတော့ ငြိမ်ခံနေမှာ မဟုတ်ပါဘူး။

ပြောရမယ်ဆိုရင် ဒီကိစ္စတွေ အားလုံးရဲ့အစဟာ အင်္ဂလိပ်တွေကျုးကျော်မှုပါ။ ဘာသာခြား လူမျိုးခြားတွေကို အခြားသူရဲ့နယ်မြေထဲ သွင်းခေါ်လာတဲ့အတွက်ဖြစ်ကြရတာပါ။ လူမျိုးရေးအရ မြန်မာနိုင်ငံက မူရင်းနေ တိုင်းရင်းသားတွေ နဲ့ အဆင်မပြေဖြစ်နိုင်တဲ့ မူဆလင်ဘာသာဝင် ပါကစ္စတန်၊အိန္ဒိယ၊ဘင်္ဂလား (အဲဒီတုန်းကတော့ အိန္ဒိယ တစ်ခုတည်းပေါ့) က သူတွေကို ခေါ်သွင်းလာလို့ပါပဲ။ အခုပြဿနာတွေ တက်နေပြီ ကဲ… ဘာလုပ်ပေးနိုင်မလဲ။ အင်္ဂလန်မှာ ခိုလှုံခွင့်ပေးနိုင်မလား။ ခိုလှုံခွင့်ပေးလို့ကတော့ အလုံးအရင်းနဲ့ သွားကြမှာပဲ။ အင်္ဂလန်မှာ မပေးတောင် ဖောက်ကလန်မှာ ခိုလှုံခွင့်ပေးလိုက်ကြပါ။ ဒါမှမဟုတ် ကနေဒါဆိုလည်း သွားကြမှာပါ။ အော်ဇီပေါ့ သွားနေကြပါစေ။ သူတို့ကျုးကျော်မှုအတွက် သူတို့ဘာများပြန်ပေးဆပ်နိုင်ပါမလဲ အခုနေမှာ။ နယ်နမိတ်ပြဿနာတွေမှာလည်း သူတို့လုပ်သွားပြီး အခုတော့ ငြိမ်နေတာမျိုးတွေ။ အံတီစု အင်္ဂလန်သွားရင် ဒီအကြောင်းလေးဆွေးနွေးပေးမလားမသိဘူး။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism