ဂေဇတ်ရွာမှ ရှေ့ နေများ ထံမှ အကြံဉာဏ်များတောင်းခံခြင်း

Passing ByJune 7, 20121min722

၁။ ရဲစခန်း သည် တရားခံဟုသာ ယူဆနိုင်ဖွယ်ရှိ သော အရပ်သားတစ်ယာက် ကို ရိုက်နှက်စစ်ဆေးခွင့်ရှိပါသလား .. ? ထိုသို့ရိုက်နှက်စစ်ဆေးလျှင် တိုင်ကြားခွင့်ရှိပါသလား.. ? ဘယ်လို ဥပဒေပုဒ်မများ နှင့် တိုင်ကြားနိုင်ပါသလဲ ?

၂။ သူခိုးတစ်ဦး သည် ဘက်ထရီ အိုးတစ်လုံးခိုးလာသည်၊ ထို ဘက်ထရီအိုးကို လူတစ်ဦးအားရောင်းချသည်။ ထိုသူက ဝယ်လိုက်သည်။ သူခိုးကို ရဲမိသွားသည်။ သူခိုးက ဘက်ထရီအိုး ဝယ်သူကို လက်ညှိုးထိုး သည် ထိုအခါ ထို ဘက်ထရီအိုးဝယ်သူ အမှု ရင်ဆိုင်ရသည်။ ထိုသို့ မဖြစ်အောင်ဘယ်လိုများ ပြုလုပ်သင့်သနည်း?

၃။ ကြားဖူးသည် . သူခိုးကိုရဲကမိသည်။ ရဲကမေးသည် ပစ္စည်းတွေကို ဘယ်သူတွေဆီရောင်းသလဲ ? သူခိုးက မဖြေတတ်။ သို့နှင့် ရဲက ပြောသည် အဆင်ပြေရာ လက်ညှိုးထိုးလိုက်ပါ မင်း အတွက် ဒဏ်လျှော့ပေါ့ပေးမယ် .. တဲ့ .. ။ လက်ညှိုးထိုးခံရသောသူ ကအလိုအလျောက် အမှုပတ်သည် ။ ဘယ်လိုဖြေရှင်းသင့်ပါသလဲ ?

(သူကြီး .. စာကြောင်တွေက တအားတိုနေပါတယ် ..သို့သော် ခွင့်ပြုနော် .. ပွိုင့်လည်းမပေးပါနဲ့ တင်ခွင့်သာပေးပါနော် .. သူကြီးကို အထူးကျေးဇူးတင်ပါသည် )

2 comments

  • ahnyartamar

    June 7, 2012 at 7:42 pm

    ရှေ့နေတယောက်ယောက်ကိုမေးရင် ပိုကောင်းမယ်။ ရွာထဲမှာ ရှေ့နေမရှိဘူး၊ တရား သဂျီး ပဲရှိတယ်။

  • siamonone

    June 8, 2012 at 4:49 pm

    ဟုတ်လား . ကျေးဇူးပါဗျာ .. ! ! !

Leave a Reply