ကမ္ဘာ့ဖလားကလည်း အရှိန်က ကောင်းလာပြီ
မကန်ခင်က အထင်တွေကြီးထားတဲ့ အသင်းကြီးတွေကလည်းတလွဲတွေဖြစ်
ရလဒ်တွေကတော့တစ်မျိုးပြီးတစ်မျိုးပေါ့
အဲ့ဒီ့ရလဒ်တွေကို ခန့် မှန်းရတဲ့ပြိုင်ပွဲကို myanmarevents ဆိုဒ်မှာ
သွားပြိုင်လို့ ရပါပြီ။ ပြိုင်ပွဲစတာတော့ကြာပေါ့ ကမ္ဘာ့ဖလားစကတည်းက
ဆိုပါတော့။ သူပာာက ကန်တဲ့အသင်းတွေရဲ့ ၇လဒ်တွေကို ကိုယ်က
ခန့် မှန်းရတယ် မှန်ရင်အမှတ်ရမယ်။ ဒီလိုနဲ့ ခန့် မှန်းလာရင်းပွဲတွေပြီးသွားတဲ့ အခါ
အမှတ်အများဆုံးသူတွေကို ဆုပေးမယ်လေ။ ပြိုင်ပွဲပုံစံကတော့ ရှင်းရှင်းလေးပါ
ခက်တာကပြိုင်ပွဲကစနေပြီလေ အုပ်စုပွဲတွေတောင် ပြီးတော့မယ် ကန်နေတာ
ကိုယ်ကအခုမှသွားခန့် မှန်းတော့ ဘယ်လိုလုပ်အမှတ်ကရတော့မှာလဲ။
ကျွှန်တော်လဲစောစောသိရင် စောစောပြောပြပါတယ်။ ကိုယ်ကိုတိုင်ကလည်း
ပိာုတစ်နေ့ ကမှတွေ့ တောလေ။ ဒီတော့ဘယ်လိုလုပ်မလဲ ကဲ။
ဒါပေမယ့်စိတ်မပူပါနဲ့ (ပဲာ ပဲာ)
အခုမှ မိုင်နာဘဲရှိသေးတယ်။ မေဂျာက အုပ်စုပွဲတွေပြီးမှ စပြိုင်ရမှာလေ
တိတိကျကျဆိုရင်တော့ ၂၆.၆.၂၀၁၀ ကနေပြီးတော့ ၁၁.၇.၂၀၁၀ ဗိုလ်လုပွဲပြီးသွားတဲ့ အထိပေါ့။
သူ့ တို့ ပြိုင်ပွဲမှာက ကစားပွဲ(က) နဲ့ (ခ)ဆိုပြီးရှိတယ် ကစားပွဲ(က)ကတော့ အုပ်စုပွဲစဉ်တွေအတွက်
စုစုပေါင်း (၄၈)ပွဲခန့် မှန်းရမယ်။ ဒါပေမဲ့သူပာာ ကမမှီတော့ပါဘူး ပွဲကစပြီးတစ်ဝက်လောက်ရှိပြီလေ
ဝင်ပြိုင်လို့ မရတော့ဘူးရယ်လို့ တော့ မပာုတ်ဖူးနော် ပြိုင်လို့ ရသေးတယ် ပွဲတိုင်းမှန်အောင်ခန့် မှန်းနိုင်ရင်တော့
ဆုရမှာပေါ့။ကျွှန်တော်အဓိကပြောချင်တာကတော့ ကစားပွဲ(ခ) ပါ။ သူက အုပ်စုပွဲစဉ်တွေအပြီး ရှုံးထွက်ကနေ ဗိုလ်လုပွဲ
အထိခန့် မှန်းရမယ်။ နောက်ဆုံးပွဲပြီးသွားရင်တော့ အမှတ် အများဆုံးလူတွေကိုဆုပေးမှာပါ
ဆုတွေကတော့ ပထမဆု – ၃၀၀,၀၀၀
ဒုတိယဆု – ၁၅၀,၀၀၀
တတိယဆု – ၁၀၀,၀၀၀ ပါ။
ပ၊ဒု၊တပြီး နောက်အမှတ်အများဆုံးလူ ၇ ယောက်ကိုလည်းဆုလက်ဆောင်တွေပေးသွားမှာပါ။
ကဲ ပြိုင်ပွဲဝင်ရန်လိုအပ်တဲ့အချက်အလက်တွေနဲ့ အမှတ်ရေတွက်ပုံတွေကိုအောက်မှာရေးပေးထားပါတယ်။

* ပြိုင်ပွဲဝင်သူတွေ သိသင့်တဲ့အချက်တွေကတော့….

၁။ ပထမဦးစွာ ပါဝင်ယှဉ်ပြိုင်လိုသူများသည် အီးမေးအကောင့်တစ်ခုရှိရပါမည်။

၂။ www.myanmarevents.com တွင် member အဖြစ် register ပြုလုပ်ရန်လိုပါသည်။

၃။ Registration ပြုလုပ်ပြီးလျင် မိမိထည့်ထားသည့် အီးမေးကိုပြန်လည်စစ်ဆေးပြီ member activate ပြုလုပ်ရန်လိုပါသည်။

၎။ ပြီးလျင် member login ပြုလုပ်ပြီး football link ကို click နှိပ်ပြီး စတင်ကစားနိုင်ပါသည်။

၅။ နောက်ဆက်လက်ကစားသောပွဲများအတွက် login ပြုလုပ်ပြီးဆက်လက်ကစားနိုင်ပါသည်။

၆။ အီးမေးကြည့်တတ်သည့်သူတိုင်း ကစားနိုင်သည့် လွယ်ကူသော ခန့် မှန်းပြိုင်ပွဲဖြစ်ပါသည်။

၇။ ပါဝင်ယှဉ်ပြိုင်ရန် အခက်အခဲရှိပါက သင်သုံးစွဲနေသော အင်တာနက်ဆိုင်တွင် account ဖွင့်ရန်အတွက်အလွယ်တကူ အကူအညီတောင်းခံနိုင်ပါသည်။

၈။ ပြိုင်ပွဲတွင် ပြိုင်ပွဲ (က) နှင့် (ခ) နှစ်ပွဲ ခွဲထားပါသည်။ ပြိုင်ပွဲ (က)သည် ဆုကြေး နည်း သော် လည်း ယှဉ်ပြိုင်သူတိုင်း ပမာဏ လက်ရည်စမ်းနိုင်ခွင့်ရှိသော play ground ဖြစ်ပါသည်။

၉။ ပြိုင်ပွဲ (က) တွင် တပွဲလျင် အမှတ်ပြည့် (၁၅) မှတ်သတ်မှတ်ထားပြီး ၄၈ပွဲ ပါဝင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါသည်။

၁၀။ ပြိုင်ပွဲ (ခ) တပွဲလျင် ပွဲစဉ်အလိုက် (၂၈၊ ၆၃၊ ၈၄၊ ၁၀၅)သီးသီး သတ်မှတ်ထားပြီး ၁၆ပွဲ ပါဝင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါသည်။

၁၁။ ပွဲစဉ်တစ်လျောက်လုံး မိမိအမှတ်များသာမက ပြိုင်ဖက်များ၏အမှတ်များကိုလည်း မြင်နေရပါမည်။ ထို့ အပြင် မိမိ၏ရောက်ရှိနေသော အဆင့်ကိုလည်းတွေ့ နေပါမည်။

၁၂။ ကစားနည်း ပြိုင်ပွဲ(က)အတွက် မိမိခန့်မှန်းလိုသောပွဲတွင် အသင်းနှစ်သင်းအတွက် ပထမပိုင်းခန့် မှန်းချက် နှင့် ဒုတိယပိုင်းခန့် မှန်းချက်
အပြင် toto ကိုပါထည့်သွင်းကစားရမည်။ ဥပမာ။

Halftime Fulltime First team will
(1)-(1) (1)-(3) Win Draw Lose

နိုင်မယ်ဆို win သရေဆို draw ရှုံးမယ်ဆို lose ပေါ့ ကိုယ်ကြိုက်တာတစ်ခုရွှေးရမှပါ၊

ပြိုင်ပွဲ(ခ)အတွက်
Halftime Fulltime Extra-Half Extra-Fulltime Penalty

Prediction 1-1 1-2 1-3 2-4 6-7
Results 1-1 3-3 4-3 4-4 7-8

၁၃။ ပြိုင်ပွဲအစတွင် မည်သည့်သတ်မှတ်ချက်မှ မတောင်းခံထားသော်လည်း ဆုရရှိသည့် သူများသည် မိမိ၏အီးမေးမှနေပြီး ဆုလက်ခံပွဲအတွက်လိုအပ်သည့်အချက်အလက်
များကို football@myanmarevents.com သို့ ပို့ ဆောင်ပေးရမည်ဖြစ်ပါသည်။ ဆုပေးမည့်အဖွဲ့ မှ လိုအပ်သောအချက်အလက်များကို အီးမေးပို့ဆောင်ပြီး
တောင်းခံသွားမည်ဖြစ်ပါသည်။ ဥပမာ၊ ဆုလက်ခံတက်ရောက်ယူမည့်သူ၏အမည်, နေရပ်လိပ်စာအပြည့်အစုံ, ဖုန်းနံပါတ် စသည်ဖြင့်။

• ကမ္ဘာအရပ်ရပ်နှင့် မြန်မာပြည်အနှံ့မှ ဘောလုံးဝါသနာရှင် မြန်မာများနှင့် ရင်ဆိုင်ယှဉ်ပြိုင်နိုင်ခြင်း။
• တစ်ပွဲပြီးတိုင်း မိမိရမှတ်ကိုချက်ခြင်း သိရှိနိုင်ခြင်း
• အင်တာနက်၊ ၀က်ဆိုက်ပေါ်မှ လွယ်လင့်တကူခန်.မှန်းနိုင်ခြင်း။
• ပြိုင်ပွဲမစမှီ အချိန်အပိုင်းအထိ ခန့်မှန်းချက်များကိုပြောင်းလဲနိုင်ခြင်း။
• မိမိမည်သည့်အဆင့်တွင်ရောက်နေကြောင်း ပွဲစဉ်အလိုက်သိရှိနိုင်ခြင်း။

အထက်ပါအချက်အလက်တွေကတော့ ၀င်ပြိုင်နေတဲ့သူတွေအတွက်ပါ။

ကဲဒီလောက်ဆိုရင်တော့ သိသင့်တာတွေရော ပြိုင်ပွဲအကြောင်းရော တော်တော်လေးသိသွားပြီ
လို့ ထင်ပါတယ်။

ဒီထက်ပိုပြီးအသေးစိတ်အချက်အလက်တွေသိချင်တယ်
ဒါမှမပာုတ် ကိုယ်တိုင်ဝင်ပြိုင်ချင်တယ်ဆိုရင်တော့ http://myanmarevents.com/worldcupfaq ကိုသာ
သွားကြပါ။နိုင်မယ်ရှုံးမယ်မပာုတ်ပါဘူး ယှဉ်ပြိုင်ခြင်းသာ အဓိကပါ။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ email အကောင့်လေးတစ်ခုရှိယုံနဲ့ ဝင်ပြိုင်လို့ ရတဲ့ ဒီပြိုင်ပွဲကို
ဝင်ပြိုင်ကြပါလို့ …………..။

စာကြွင်း။ ။ သိပြီးသူများ အတွက်မရည်ရွယ်ပါ။
မသိသေးသူများအတွက်သာ။

About Kyaw Kyaw

Kyaw Kyaw has written 2 post in this Website..