စိတ်မာဆတ်

black chawJune 7, 20121min34127

အိမ်ထောင်မှု ဘုရားတည်
ဆေးမင်ရည် စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင်
နောင်ပြင်ရန်ခက်သည့်အမျိုး…
တဲ့။
တော်တော် ကျယ်ကျယ်ပျံ့ပျံ့ လေးလေးနက်နက် ကြီးကို စဉ်းစားလေ့လာတွက်ချက်ချိန်ဆ ပြီးမှ ဆုံးဖြတ်ရမယ့် ကိစ္စမျိုးကြီးတွေ ဖြစ်တယ် ဆိုတာ သတိပေးဆုံးမထားတဲ့ ဆုံးမစာကြီး ပါ ကျောင်းဒကာ…။
ဒါပေမယ့် ဒီဘက်ခေတ်မတော့ ဒီဆုံးမစာကြီးက နည်းနည်းခေတ်မမီတော့ဘူးလားလို့…။
ဘုရားတည်တာကတော့ သူကြီးတို့လို သူတော်ကောင်းကြီးတွေ အလုပ်ဆိုတော့ ကျွန်တော် နည်းနည်းမှ မကျွမ်းကျင်တဲ့ ဘာသာရပ် ဆိုတာ ရှက်ရှက်နဲ့ပဲ ဝန်ခံပါရစေ…။ ကဲ… သူကြီးရေ… ဘုရားတည်တဲ့ကိစ္စဟာ ချက်မပိုင်လျှင် ဘယ်လိုဘယ်ပုံ အခက်တွေ့တတ်တယ်ဆိုတာလေး ဝေမျှပေးပါဦး ဗျို့…။
ပြောသာပြောရတာ ဒီဘက်ခေတ်ကျတော့ ဘုရားလည်း ချက်မပိုင်ရင် ပြန်ပြင်တတ်ကြတယ်ဆိုလား … ။
ဆေးမင်ရည် စုတ်ထိုးတာကလည်း ပေါက်ဖေါ် တို့လို ကာလသားခေါင်းတွေရဲ့ အရေးကိစ္စပေမို့ ကျယ်ကျယ်ပျံ့ပျံ့ ကြီး မဆွေးနွေးလိုပါဘူး…။ ကဲ ပေါက်ဖေါ်ရေ… ဆေးမင်ရည် စုတ်ထိုးတာ ဘယ်လို ပြင်ရန်ခက်တယ် ဆိုတာလေး … ရှင်းပြပေးပါဦး… ။
အင်း … ဒါလည်း ပြောသာပြောနေတာပါဗျာ…။ ဆန္ဒရှိရင် လေဆာနဲ့ ဖျက်လို့ရသတဲ့ … ။
ဒါနဲ့ … မင်းက ဘယ်နေရာမှာ ကျွမ်းကျင်သလဲလို့ မေးလာခဲ့ရင်တော့ ဟေးဟေး…။
တစ်ခုပဲကျန်တော့တယ်လေဗျာ…။ အိမ်ထောင်မှု တဲ့…။
အဲဒီ အိမ်ထောင်မှု ဆိုတာကြီးကို နားလည်သလို နားမလည်သလိုနဲ့…။
ကျွမ်းကျင်သလို မကျွမ်းကျင်သလိုနဲ့…။
သိသလိုလို မသိသလိုလို နဲ့…။
ဟေးဟေး…။
ဆုံးမထားတာကတော့ နောင်ပြင်ရန်ခက်သည့်အမျိုး … တဲ့။
နားမလည် မကျွမ်းကျင်ရင်တော့ ခက်နေတာပေါ့ဗျာ။ အဲဒီဆုံးမစာ ရေးခဲ့လေသူကြီးက အိမ်ထောင်မှု ကိစ္စကြီးတွေကို နားမလည်ခဲ့ရှာသူမို့ အော်… သူ့အတွက် ခက်ရှာမှာပဲ ဆိုပြီး ကရုဏာတောင် သက်မိပါရဲ့…။
နောင်ပြင်ရန် ခက်သည့် အမျိုး ဆိုတာကတော့ ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်းဘောင် ခေတ်တွေလောက်ကတော့ မှန်ချင်မှန်မှာပေါ့။
အော် ဒီနေ့ခေတ်ကတော့ နည်းပညာဦးစားပေးခေတ်ကိုရောက်နေပြီဆိုတော့ အိမ်ထောင်ရေးလောက်ကတော့ လူငယ်တွေက အေးဆေး…။ ဟေးဟေး…။
ထမင်းစားရေသောက် … ။
ကျွန်ုပ်တို့၏ ပြည်တော်ချစ် အကယ်ဒမီမင်းသားကြီး (ငြိမ်း) ဆို နုစဉ်က အဲဒီ အိမ်ထောင်မှုကိစ္စဆိုတာကြီးကို စပယ်ရှယ်လိုက်ဇ် လုပ်ပြီးတော့ကို လေ့လာခဲ့ဆိုပဲ ကျောင်းဒကာရဲ့…။
နောက်ဆုံး အိမ်ထောင်မှု ဘာသာရပ်ကို အကျွမ်းကျင်ကြီး ကျွမ်းကျင်သွားတဲ့တစ်နေ့ကျတော့ အိမ်ထောင်မပြုပဲ အိမ်ထောင်ကျတဲ့နည်းကို တွေ့သွားတယ် ဆိုလား…။
အံမယ် ရှိသေးတယ် … ။ နမူနာ ကောင်းကောင်းလေးတွေ … ။
ဂျာပွန်မာစတာကြီးသေလို့ ဝင်စားတယ်ဆိုတဲ့ ကျွန်ုပ်တို့၏ အချစ်တော် ပြည်တော်ချစ် အကယ်ဒမီ မင်းသမီး (တာဝန်ထမ်းဆောင်ဆဲ) တစ်လက်ဆိုလည်း ဘီအက်စ်စီ (အိမ်ထောင်မှု) ဘွဲ့နဲ့ မာစတာတန်းတက်ရလောက်တဲ့အထိကို ထဲထဲဝင်ဝင် လေ့လာခဲ့ဆိုသကိုး ကျောင်းဒကာရဲ့…။ ဘာပဲ ဖြစ်ဖြစ် အသိအမှတ်ပြုသင့်သူကို အသိအမှတ်ပြုတာက မင်္ဂလာတစ်ပါးပေပဲ မဟုတ်ဘူးလားဗျ။
ဟို သရုပ်ဆောင်အဆိုတော် စနေနာမ်နဲ့ မင်းသမီး ဆိုရင် ပထမအိမ်ထောင်နဲ့ ကွဲ … ။
ကြားထဲမှာ တိုင်းသိပြည်သိ ရည်းဇားထား…။ (ရည်းဇားထားတာနော်… အိမ်ထောင်ကျတာမဟုတ်ဘူး… ရောကုန်မှာစိုးလို့)
နောက်ဆုံး မင်းရဲ့ရင်ခွင်ဆီ ဆိုတဲ့ သီချင်းကိုဆိုပြီး အခုအောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို နောက်ဆုံးတစ်ယောက်နဲ့ ထူထောင်ထားနိုင်ခဲ့တယ်ပေါ့ဗျာ။
ဘာလိုအရာပဲ ဖြစ်ဖြစ် သင်ယူကြရတာပါပဲ။
တချို့လည်း မွေးရာပါ ကျွမ်းကျင်ကြတာတွေလည်း တွေ့ခဲ့ဘူးပါတယ်။
ကိုပါလေရာကြီးဆို တစ်သက်လုံးမှာ တစ်ခါပဲ အိမ်ရာထူထောင်ခဲ့ပြီး အဲဒီတစ်ခုတည်းသောအိမ်ထောင်ကိုပဲ ကျွမ်းကျင်စွာ ပဲ့ကိုင်နိုင်ခဲ့ပါတယ် ကျောင်းဒကာ။ အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်စရာမလိုလောက်အောင် ကျွမ်းကျင်နေတာဗျ။ ဒီလိုလူမျိုးတွေကတော့ ရှားပါတယ်ဗျာ။
ဆိုတော့ကာ မင်းသားကြီး (ငြိမ်း) တို့ မင်းသမီး (တာဝန်ထမ်းဆောင်ဆဲ) တို့ စနေနာမ်နဲ့ သရုပ်ဆောင်အဆိုတော်မင်းသမီးတို့ အတွက်တော့ အိမ်ထောင်မှု ဆိုတာ ဘယ်နေရာမှာ ပြင်ရန်ခက်သလဲ ဆိုတဲ့ မေးခွန်း ပြန်မေးချင် မေးနိုင်တာပေါ့ဗျာ။
သူတို့ရဲ့ နောက်မှာ အိမ်ယာ ပြန်လည်ထူထောင်ကြတော့မယ့် အဆိုတော် ကောင်လေးတွေအကြောင်း နည်းနည်းလေး သတင်းပေးချင်ပါတယ်ဗျာ…။
အခု ကျွန်တော် စပြောချင်တာက အထည်ကြီးပျက် သီချင်းနဲ့ နာမည်ကြီးခဲ့ဘူးတဲ့ အဆိုတော် ဖြိုးကြီးအကြောင်းပါ။
ကဲ… အဆိုတော်ဖြိုးကြီး ရဲ့ နှလုံးသားခြေလှမ်းအသစ် အကြောင်း နည်းနည်းလောက် သတင်းပေးချင်ပါတယ် ကျောင်းဒကာ… ။
အဆိုတော် ဖြိုးကြီးရဲ့ ချစ်သူက နန်းအယ်လ်ကီ ပါတဲ့…။
ဖြိုးကြီး ရဲ့ ငယ်သူငယ်ချင်းလေးပါတဲ့…။
ငယ်ငယ်တုန်းကထက်ပိုချစ်ကြမယ်ပေါ့ ဗျာ…။
နန်းအယ်လ်ကီ လေးရဲ့ ဒိုင်ယာလော့ခ်လေး လည်း ဖတ်ကြည့်ကြပါဦး။

ညီမက အမှန်တိုင်းပြောရရင် ငယ်ငယ်တုန်းကလိုတော့ ရှိန်းတိန်းဖိန်းတိန်း ခံစားမှုမျိုးတော့ မရှိတော့ဘူး။ ရင်မခုန်ဘူးပေါ့။ သူ့ကို ပြန်တွေ့ရတဲ့အချိန်မှာ ငယ်ငယ်တုန်းက ခံစားရတဲ့ ဖီလင်မျိုးတော့ ရတယ်။ ငယ်ငယ်လေးကတည်းက သံယောဇဉ်ရှိတယ်။ ညီမက သူနဲ့ ငယ်ငယ်လေးကတည်းက ဖြိုးကြီးရဲ့ စိတ်ရင်းအမှန်ကိုသိတယ်။ စိတ်ကောင်းရှိတယ်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာမဟုတ်ဘူး။ သူ ဖြိုးကြီး မဖြစ်ခင်ကတည်းက ပူးပူးကပ်ကပ်နဲ့ တော်တော်ရင်းရင်းနှီးနှီး ရှိခဲ့ကြတာ။ သူရဲ့ First Producer က ညီမရဲ့ သူငယ်ချင်းလေ။ ဖြိုးကြီးကို စပြီး အဆိုတော်အဖြစ် မွေးထုတ်ပေးတာ သူငယ်ချင်းတွေနဲ့အတူတူပဲ။ သူ့အသံက နှာသံလေးပါတယ်။ အသံလည်းကောင်းတယ်။ အဲဒီအသံမျိုးက တော်တော်များများ ပေါ်လာစရာအကြောင်းမရှိဘူး။ အဲဒါလေးကို တော်တော် ကြိုက်ပါတယ်။ ဖြိုးကြီးကို တော်တော်နားလည်ပေးရတာပေါ့။ မိန်းကလေး ကိစ္စကိုပြောတာမဟုတ်ပါဘူး။ အခြေအနေအရပ်ရပ်ကိုပြောတာပါ။ အခုဆိုရင် နှစ်ယောက်ပေါင်းပြီး စဉ်းစားလုပ်ဆောင်တာလေးတွေရှိလာတယ်။ သူငယ်ချင်းလည်း ဖြစ်တော့ ပြောစရာမလိုဘူး။ တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်းလင်းပါပဲ။ ညီမတို့က တစ်နေ့ကျရင်တော့ မင်္ဂလာဆောင်မယ်။ ဘယ်နေ့ဆိုတာတော့ မသတ်မှတ်ထားရသေးဘူး။ နှစ်ယောက်လုံးက အေးအေးဆေးဆေးပဲ၊ အချိန်တန်လို့ Life တစ်ခုကိုရပြီ နှစ်ယောက်ပေါင်းပြီး ဘဝတစ်ခုကိုပေါင်းလို့ရပြီဆိုတဲ့ အချိန်ကျရင်တော့ မင်္ဂလာသတင်းကြားရပြီပေါ့။ ငယ်ငယ်ကတည်းက သံယောဇဉ်ဆိုတော့ နားလည်မှုတော့ပိုလာပါတယ်။ ညီမက ဩစတြေးလျမှာ ၁၃ နှစ် သွားနေပြီးတဲ့နောက် အခုရောက်တာ ငါးလပဲ ရှိသေးတာ။ ၅ လမှာ ချစ်သူအဖြစ်နဲ့ အခုမှပြန်တွဲတာပေါ့နော်။ ရှေ့လျှောက်ပိုနားလည်ဖို့ပဲ ရှိပါတယ်။ ဩစတြေးလျကိုတော့ ပြန်မသွားတော့ပါဘူး။ ညီမတို့ မိသားစုမှာလည်း အဖေနဲ့အမေက အသက်ကြီးပြီဆိုတော့ မိသားစုနဲ့နေဖို့ အခြေအနေကို အရမ်းပြန်လိုချင်နေခဲ့တာ၊ အခြေအနေအရ တစ်ယောက်တည်းနေခဲ့ရတာဆိုတော့ မိသားစုနဲ့ ပြန်နေရတဲ့ဖီလင်ကို ပြန်လိုချင်တာ။ သူလည်းပါတာပေါ့…။

ဟေးဟေး။ ကိုယ့် ငါးချဉ် ကိုယ်ချဉ်တာ မဟုတ်ပါဘူးတဲ့။ ဖြိုးကြီးက စိတ်ကောင်းရှိတယ်တဲ့။
အသံတောင်မှ နှာသံလေးပါသတဲ့။ အသံကောင်းသတဲ့။ ဒီလိုအသံမျိုးက တော်တော်များများ ပေါ်လာစရာ အကြောင်းမရှိဘူးတဲ့။
ဟုတ်ပါပြီဗျာ။ ချစ်လို့ ချဉ်တာ ချဉ်ချင်သလောက် ချဉ်စမ်းပါ။
ချဉ်ရာကနေ ချိုသွားလို့တော့ မရဘူးနော် နန်းအယ်လ်ကီရေ။
နန်းအယ်လ်ကီလေး အလှည့်ပြီးတော့ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဖြိုးကြီး အလှည့်ကျရောက်လာပြန်သပေါ့ ကျောင်းဒကာရယ်။ ဖြိုးကြီးပြောတဲ့ ဒိုင်ယာလော့ခ်လေးလည်း ဖတ်ကြည့်ဦးဗျ။

ငယ်ငယ်လေးကတည်းက ကျွန်တော်နဲ့ ကျောင်းနေဖက်ပါ။ First လောက်မကျတဲ့ Second ချစ်သူဟောင်းပါ။ သူနိုင်ငံခြားက ပြန်လာတော့ ပြန်တွေ့တာပါ။ အခုပြုမယ့် အိမ်ထောင်ရေးအပေါ် ခံစားမှုက အမှန်အတိုင်းပြောရရင် တော့ ငယ်ရွယ်တဲ့ အချိန်က ရင်ခုန်သံနဲ့ ရင့်ကျက်တဲ့ အခုအချိန် ခံစားမှုနဲ့ ပေါင်းလိုက်ရင်တော့ တည်ငြိမ်သွားပါပြီ

နန်းအယ်လ်ကီလေးက ဖြိုးကြီးရဲ့ ငယ်ချစ်ဟောင်းပေါ့ဗျာ။ အချစ်ဦးတော့ မဟုတ်ပါဘူးတဲ့။ ဒုတိယလောက် ကျတဲ့ ချစ်သူဟောင်းပါတဲ့။ ကောင်းတယ်ဗျာ..။ ငယ်ချစ်ဟောင်း နဲ့ နှစ်ပေါင်းများစွာပေါ့။
ခင်ဗျားတို့ ရဲ့ ပြန်လည်နိုးထလာတဲ့ ချစ်ခြင်းတွေ ဒီတစ်ခါ သက်ဆုံးတိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကဲ ကျွန်တော် မပြောဘူးလား။
အိမ်ထောင်မှု ဘုရားတည်
ဆေးမင်ရည်စုတ်ထိုး
ဤသုံးမျိုးချက်မပိုင်လည်း
ပြင်ဆင်ရန် မခက်တဲ့ အမျိုး
လို့ စာပြောင်းချိုးလိုက်ကြတာပေါ့ ကျောင်းဒကာရယ်…။
မပြီးသေးဘူး …။ ရှိသေးတယ် နောက်တစ်ယောက်။
R ဘွိုင်း….။
သူ့ကျတော့ တရားဝင် ကြေငြာသေးတာမဟုတ်ပေမယ့် တရားဝင်လောက်နီးပါးကြီးကို မီဒီယာတွေက ဟိုက်လိုက်လုပ်ဖေါ်ပြနေကြတာ တွေ့နေရပါတယ်။
8 Days မှာ ဖေါ်ပြထားတဲ့ R ဘွိုင်းရဲ့ ဒိုင်ယာလော့ခ်လေးက မိုက်တယ်…။ ဖတ်ကြည့်ဗျာ…။

အိမ်ထောင်ကွဲဖူးတဲ့ လူတစ်ယောက်မှာ အချစ်သစ်မတွေ့ရဘူးလို့ ဘယ်ဥပဒေမှာမှ ပြဌာန်းထားတာ မရှိဘူးလို့ ကျွန်တော် ထင်တယ်။ အပြင်လူတွေ ငါးယောက် ခြောက်ယောက်လောက် ယူရင် ပြသနာ မရှိပေမယ့် Celebrity တို့၊ နာမည်လမ်းကြောင်းတစ်ခုခုပေါ်မှာ ရောက်နေတဲ့သူတွေ နည်းနည်းလေး လွဲချော်သွားရင် ကျတော့ လူတွေက အပြစ်ပို ပြောချင်ကြတယ်။

ဒီဒိုင်ယာလော့ခ် ဖတ်ပြီး နိုဇိုးမိကြီးကတော့ လက်ခုတ်တွေ ထတီးနေတော့မှာ မြင်ယောက်မိပါတယ်ဗျာ။ သူကလည်း အိမ်ထောင်ကွဲထားဘူး ဆိုလား ပြောကြတာပဲ …။ ပြောကြတာပဲ…။
R ဘွိုင်းက ဒီတစ်ပတ်ဂျာနယ်တွေထဲမှာ စံရတီမိုးမြင့် လေး ၁၈ နှစ်ပြည့်မွေးနေ့ကိုတက်လာတဲ့ သတင်းနဲ့ ဟော့ ဖြစ်ခဲ့ပါတယ်။ ဂျာနယ်တွေကလည်း ဟိုက်လိုက်လုပ် ဖေါ်ပြခဲ့ကြပါတယ်။ အဲဒါ…။
ဟုတ်ပါပြီဗျာ။
အခု အိမ်ထောင်ကွဲခဲ့ကြဘူးတဲ့ ဖြိုးကြီးနဲ့ R ဘွိုင်းဆိုတဲ့ အဆိုတော် လူငယ်နှစ်ယောက်ရဲ့ တက်ကြွတဲ့ နှလုံးသားခြေလှမ်းအသစ်တွေရဲ့ သတင်းကို လူမျိုးရေး ပဌိပက္ခ သတင်းတွေနဲ့ ညောင်းညာနေတဲ့ ခင်ဗျားတို့ရဲ့ စိတ်တွေ အညောင်းအညာပြေစေဖို့ ကြိုးစားပြီး ကျွန်တော် တင်ပြလိုက်ပါတယ်ဗျာ။
စိတ်အညောင်းအညာပြေဖို့ စိတ်မာဆတ် အနေနဲ့ပေါ့ဗျာ။

27 comments

  • htet way

    June 7, 2012 at 4:15 pm

    ခင်ဗျားက စိတ်မာဆတ်ဆိုတော့ ကျွန်တော်ကစိတ်အဘေကာင်းတွေရေးနေပြီလားလို့
    တွေးမိသဗျာ။
    ကောင်းပါတယ် ဖတ်တယ်မှတ်တယ်ဗျာ
    ကျွန်တော် အကြံပေး ချင်တာက ဆရာ ဘလက်အနေနဲ့ နိုင်ဇော်တို့လိုရေးဗျာ တေးရေး ဆရာတွေရဲ့ အဆိုရှင်တွေရဲ့ ဘဝ အဲ့ ဒါ ခင်ဗျား ပိုင်တယ် ။
    နောက်တခုက ကျွန်တော် က ခင်ဗျားကို လေးစားတယ်ဗျာ အားထုတ်မှု ကို လေးစားတာပါ။
    ချိုပေါ့ကျလို ….။
    အခုဆောင်းပါး က
    အခု အိမ်ထောင်ကွဲခဲ့ကြဘူးတဲ့ ဖြိုးကြီးနဲ့ R ဘွိုင်းဆိုတဲ့ အဆိုတော် လူငယ်နှစ်ယောက်ရဲ့ တက်ကြွတဲ့ နှလုံးသားခြေလှမ်းအသစ်တွေရဲ့ သတင်းကို လူမျိုးရေး ပဌိပက္ခ သတင်းတွေနဲ့ ညောင်းညာနေတဲ့ ခင်ဗျားတို့ရဲ့ စိတ်တွေ အညောင်းအညာပြေစေဖို့ ကြိုးစားပြီး ကျွန်တော် တင်ပြလိုက်ပါတယ်ဗျာ။
    စိတ်အညောင်းအညာပြေဖို့ စိတ်မာဆတ် အနေနဲ့ပေါ့ဗျာ။
    ဒါလည်းမှန်တာပဲ လူတွေရဲ့ စိတ်ကို အညောင်းဖြေလိုက်တာ ။
    ကျေးဇူးပါ ဆရာ။

  • Shwe Tike Soe

    June 7, 2012 at 4:55 pm

    ဟုတ်ပ ဦးဘလက်ရယ် အညောင်းကိုပေသွားတာပဲ… နောက်ထပ် နှစ်ဆက်ရှင်ထပ်ယူမယ်နော်…
    ကျောင်းဒကာကြီး နှစ်ဆက်ရှင်ဆို တစ်ဆက်ရှင်ဖရီးနောာာာာာာာာာာာာ့ ဟဲဟဲဟဲ အချင်းချင်းတွေပဲနောာာာာာာာာ 😀

  • Khaing Khaing

    June 7, 2012 at 5:04 pm

    လေးဘလက်ရေ …….. ဖြိုးကြီးရဲ့ secondချစ်သူဟောင်းဆိုတော့ သူ့ရဲ့ first က ဒါဒါပဲဖြစ်လိမ့်မယ် ဒါဒါကို သူကအရင်ကတည်းက သိပ်စွဲလမ်းစွာချစ်ခဲ့တာလေ ……… ဖြိုးကြီးသာ အိမ်ထောင်သစ်ထူထောင်ရင် သားလေးက ဘယ်လိုဖြစ်မလဲ ဒါဒါကရော နောက်ထပ် အိမ်ထောင်သစ်ထူထောင်ဦးမှာလား အင်းဘာပဲ ဖြစ်ဖြစ် မြေဇာပင်ဖြစ်တဲ့ ရင်သွေးငယ်လေးတွေဘဝကိုပဲ သနားစာနာမိပါတယ် …….

  • Shwe Ei

    June 7, 2012 at 5:14 pm

    ဟို သင်္ဘောသီးရဲ့ ပို့စ်ဖတ်ပြီးခေါင်းရှုပ်သွားရာကနေ အခုတော့ ရှင်းသလိုလိုဖစ်သွားဘီ။ ဂလိုကျတော့လဲ ခဏခဏဖြစ်တဲ့ကိစ္စက ဟုတ်သလိုလိုပါဘဲလား 😛

  • ပေစိ

    June 7, 2012 at 5:19 pm

    ကျွတ်ကျွတ် အခုမှနည်းနည်းအညောင်းပြေသွားတယ်
    ငယ်ငယ်တုန်းက ရည်းစားမရှိတာ နာသကွာ

  • MaMa

    June 7, 2012 at 5:56 pm

    လိုက်မမှီဘူး ကိုချောရေ။
    မင်းသားကြီး (ငြိမ်း) ဆိုတာ ဘယ်သူ့ကို ပြောသလဲ မသိ။
    မင်းသမီး (တာဝန်ထမ်းဆောင်ဆဲ) ဆိုတာကိုလည်း နားမလည်။
    စနေနာမ်နဲ့ သရုပ်ဆောင်အဆိုတော်မင်းသမီးကတော့ ဝေလာ ဝေး။
    သိတာကတော့ Colorful စာသီချင်းတွေ ရေးတတ်တဲ့ စိတ်မာဆတ် ကိုချောကို
    (စာဖတ်သူကို အိပ်ချင်ငိုက်မြည်းစိတ်ပေါ်အောင် Mono Tone စာပဲ ရေးတတ်လို့) အားကျသွားပါကြောင်းးးးးးး 🙂

  • ဦးဦးပါလေရာ

    June 7, 2012 at 6:15 pm

    ဆိုင်သစ်ဖွင့်တယ်ဆိုတော့လဲ အားပေးရတာပေါ့ ကိုဘလက်ရေ …. 😀
    ဟိုဘက်ပိုစ့်က အဖေါ်ပါခေါ်လာခဲ့တယ်… 😀

    အိမ်ထောင်မှု့ဆိုတာများမှာတော့
    မြဲနိုင်လို့ပဲ မြဲမြဲ
    မမြဲနိုင်လို့ပဲ ကွဲကွဲ
    အထိအခိုက်နည်းဘို့တော့ လိုအပ်ပါသဗျာ…။
    ချည်စရာရှိတုန်းက ခိုင်အောင်ချည် သလို ..
    ဖြတ်စရာရှိလာတော့လဲ ပြတ်အောင်ဖြတ်တတ်ဘို့တော့ လိုမယ်ထင်ပါရဲ့…။

    အတိတ်ဆိုတာ ရှိခဲ့သူတွေအဖို့-
    အတိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို သပ်သပ်ရပ်ရပ် ချထားခဲ့ပြီး
    အနာဂတ်ဆီ ပေါ့ပေါ့ပါးပါးခရီးဆက်နိုင်ကြပါစေလို့သာ…………..

  • Azzurri

    June 7, 2012 at 6:32 pm

    ဘဘဘလက် တယောက် မာဆတ်ဖွင့် ပြန်သကိုး …
    ကောင်းပါ့ဗျာ …. ဒါနဲ့ ဇဂါးမစပ်
    ဟိုထဲ ခေါင်းနှစ်တယ်ဆိုတဲ ့ဟိုမြို့က ဟို အဆိုတော်လေး ပေါ့ဗျာ..

    ဘယ်တော့ ခုန်ချမယ် မသိ …
    စိုးရိမ်ဇမ်းဘာဘိဂျာ …။

    အိုဘယ့် … အဆိုတော် ဆြာဝန် မင်းတမီးလေးရယ်….

    (ပြန်လာခဲ့ပါ့မယ်ဗျ)

  • pan pan

    June 7, 2012 at 6:40 pm

    ဦးချောကတော့ အညောင်းပြေမာဆတ်လိုက်ပါရဲ့
    မင်းသားကြီးကဘယ်သူ၊ တာဝန်ထမ်းဆောင်နေဆဲ မင်းသ္မီးကဘယ်ဝါ၊ စနေနံမင်းသ္မီးက ဘယ်သင်းဆိုတာ
    စဉ်းစားရင်း ဇတ်ကြောပြန်တတ်သွားဘီ…. 🙁

  • ahnyartamar

    June 7, 2012 at 6:58 pm

    မင်းသားကြီး (ငြိမ်း) @ ေ-ျာ် -ိန်း။
    မင်းသမီး (တာဝန်ထမ်းဆောင်ဆဲ) @ -ီုး ြ- -် -ူ -ာ။
    စနေနာမ်နဲ့ သရုပ်ဆောင်အဆိုတော်မင်းသမီး @ -ွန်း -ိ ြ-ာ -ိုလ်
    ကိုဘလက်ရေ…
    စိတ်ညီးငွေ့စရာတွေပြည့်နေတဲ့ ဒီရက်တွေမှာ ဒီပို့စ်လေးက တကယ်စိတ် အညောင်းပြေတယ်ဗျို့။

    • MaMa

      June 7, 2012 at 7:30 pm

      ခေတ်ကိုအမှီ လိုက်နိုင်ပေတာပဲ။
      လေးစားပါတယ်။ 😀

    • Crystalline

      June 8, 2012 at 11:39 am

      ဂျာပွန်မာစတာကြီးသေလို့ ဝင်စားတယ်ဆိုတော့ -က်-က် -ိုး-ီးထင်ပါတယ်..

  • မောင်ပေ

    June 7, 2012 at 7:07 pm

    စိတ်မာဆက်
    သိပ်ကြာမလပ်
    လိပ်ပြာတက်
    ထိပ်ဝါဇရက်
    နှိပ်ကွာမနက်။

  • နေဝန်းနီ

    June 7, 2012 at 7:12 pm

    သူများ ကိစ္စတွေ စိတ်မဝင်စားနိုင်ပေါင်ဗျာ…။ ကိုယ့်ဖာသာ ကိုယ် မစွန်တာ ဘာကြောင့်လဲ စဉ်းစားရင်း အိပ်ပျော်ပျော်သွားလို့……..

  • blackchaw

    June 7, 2012 at 8:05 pm

    ဟေးဟေး။
    အကောင်လိုက်ကြီးပြမှ အရိပ်မြင်မယ်ဆိုတော့လည်း ပြရတာပေါ့ မမရေ။
    မင်းသားကြီး (ငြိမ်း) ဆိုတာ တောထွက်သွားတဲ့ သူကြီးကိုပြောတာဗျ။
    တရားဟောခွင့်တောင် ပိတ်ထားဆိုလား။

    ဂျာပွန်မာစတာကြီးသေလို့ ဝင်စားတယ်ဆိုတဲ့ ကျွန်ုပ်တို့၏ အချစ်တော် ပြည်တော်ချစ် အကယ်ဒမီ မင်းသမီး (တာဝန်ထမ်းဆောင်ဆဲ)

    ရှေ့မှာ ဂျာပွန်မာစတာကြီးသေလို့ ဝန်စားတယ်ဆိုတဲ့ နာမဝိသေသနပုဒ်လေးပါတယ်လေဗျာ။
    ပါးရိုက်သန်တဲ့ မင်းသမီးပေါ့ဗျာ။ ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။
    သရုပ်ဆောင်အဆိုတော် မင်းသမီးကတော့ စနေနာမ်နဲ့ စတယ်ဆိုကတည်းက
    ဝမ်းလေဒီရှိုးတွေဘာတွေ အမြဲတမ်းလုပ်တယ်လေဗျာ။
    အင်း တော်ပြီဗျာ။ ရေးရတာ ရှက်လာပြီ။
    😀

    • အရီး Khin Latt

      June 8, 2012 at 4:58 am

      ကိုဘချော ရဲ့ ပဟေဠိ မှာ မှန်းတဲ့ မင်းသမီး နှစ်ယောက်လုံး က မှန်သဗျို့။
      ဟိုမင်းသားကြီး ကို တော့ ပြောမှသိတယ်။
      အများပြောသလို ချိုပေါ့ကျ ကို လွမ်းသကွဲ့။ 🙂

  • pooch

    June 7, 2012 at 9:39 pm

    ကိုဘလက်လည်း သူများကို အားကျလို့ အငယ်လေးတို့ လှည်းတန်းကကောင်မလေးတို့နဲ့ ဇာတ်လမ်းပြန်ဆက်ချင်တယ်လို့ ဆိုလိုချင်တာလား ။ ခြေရှုပ်မိလို့ ပြသာနာတွေ ပတ်ရှင်းနေရတဲ့ ကိုနိုဇိုမိကြီးကို ကြည့်ပြီး သံဝေဂလေးတော့ ရအောင်ယူပါနော်။

    အသစ်တွေ ဘယ်လိုကောင်းကောင်းအဟောင်းကတော့ တလည်လည်ဆိုတဲ့စကားလည်း ရှိရဲ့ နဲ့ မမိုက်ချင်ပါနဲ့ ကိုဘလက်ရယ်။ :mrgreen:

    နောက်တာနော်.. ဟီး 😀

  • padonmar

    June 7, 2012 at 9:57 pm

    ကျမတို့ရွာသူားတွေ ဒီဘက်မှာ ဗဟုသုတနည်းပါတယ်ရှင့်။လူရိုးလေးတွေပါ။
    မမက မသိဘူး။
    အညာတမာက မှားဖြေတယ်။
    ကျမသာဖြေရင်လည်းမှားမှာပဲ။
    ဒီတပတ်ပဟေဠိ အဖြေမညှိတတ်ပါရှင့်။
    ချိုပေါ့ကျသောက်ချင်ပါပြီ။

  • သားဦး၊မြေးဦး

    June 7, 2012 at 10:33 pm

    ကိုဘလက်ချောကြီး စိတ်မာဆတ်ဆိုလို ့တမျိုးတွေးမိတာလေး ပျောက်ပါလေရော၊
    အင်း ငယ်ချစ်ကလေး ပြန်သတိရသွားသလိုလိုရှိသား။သို ့သော်သူကား အခြားတစ်
    ယောက် ရင်ခွင်မှာပါလား။

  • အရီး Khin Latt

    June 8, 2012 at 4:52 am

    ဘုရားလည်း မတည်ဘူး၍ ဘုရားတည်လိုသူများကို အကြံမပြုနိုင်ပါ။
    ဆေးမှင်လည်း မထိုးဘူး၍ ဆေးမှင်ထိုးလိုသူများကို အကြံမပြုနိုင်ပါ။

    သို့သော် (အိမ်)ထောင်ထဲ မှာ ရောက်နေ ၍ ထောင်ကျလို သူများ အတွက်တော့ အကြံ သေးသေးတစ်ချို့ ပြုလိုပါသည်။
    ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမိ မည်စိုး ၍ လိုရင်း သာ ဆိုပါမည်။

    ထောင်ထဲ မဝင်ခင် အရေးကြီးဆုံးက
    လူတစ်ယောက် ၏ နဂိုမူလ အကျင့်သည် ကိုယ့်လက်ထဲမှာ ပြောင်းလဲ သွားမည် ဟု တွက်မထားရန်။
    ကိုယ်မတည်နိုင်သော၊ မလုပ်နိုင်သော ဂတိများ မပေးရန်။
    ထောင်ထဲ မှာ အတူနေရမဲ့ သူ နှင့် တစ်သက်လုံး ပြောစရာ စကားများ ရှိနိုင်/ မနိုင် စဉ်းစားရန်။
    ပို အရေးကြီးဆုံးကတော့ ထောင်ထဲဝင်ပြီ ဆိုတာနှင့် ကိုယ့် (အိမ်)ထောင်ဖက်ကို သူငယ်ချင်းကောင်း ပုံစံအဖြစ် သို့ ဦးတည်ပြောင်းလိုက် ရန်။
    စသည်တို့ ဖြစ်ပေသည်။

    နားမလည် ကြ လျှင်လဲ မလည်ဘူးဟု သာ မှတ်ပါလော့။ 😉

    ကျွန်မလဲ ကိုဘချော ခေါင်းစဉ် အတိုင်း ဖတ်သူများ စိတ်အညောင်းပြေစေရန် စိတ်ကူးပေါက်ရာ ရေးချင်ရာရေးလိုက်ခြင်း ဖြစ်ပါသည်။

    အညောင်းမပြေဘဲ ဇက်ကြီးစောင်း သွားခဲ့ရင်ဖြင့် ခွင့်လွှတ်ကြပါရန်။ 😀

  • blackchaw

    June 8, 2012 at 9:16 am

    ကွန်းမန့်လေးတွေ ဝင်ချီးမြှင့်ပေးကြတဲ့
    ဆရာထက်၊
    ရွှေတိုက်၊
    ုခိုင်ခိုင်၊
    ရွှေအိ၊
    ပေစိ၊
    မမ၊
    ကိုပါလေရာ၊
    ဂီဂီ၊
    ပန်ပန်၊
    ကိုအညာတမာ၊
    မောင်ပေ၊
    ကိုနေကြီး၊
    အရီးလတ်၊
    မယ်ပုချ်၊
    မပဒုမ္မာ၊
    မောင်သန်းထွဋ်ဦး တို့အားလုံး စိတ်အညောင်းပြေကြပါစေဗျာ။
    ဓါတ်ပြားဟောင်းကြီး ဖွင့်ခွင့်ပြုပါဦး။
    ဒီပို့စ်က ကျွန်တော် ပြန်ကြိုးစားနေတဲ့ ချိုပေါ့ကျ ထဲက
    အင်မတန်သေးငယ်တဲ့ အပိုင်းအစတစ်ခုပါ။
    ဖြစ်ချင်တော့ ကျွန်တော့် လက်ပ်တော့ က အခုထိကို
    ကျန်းမာရေးမကောင်းသေးပါဘူး။
    ဒီညမှာတော့ ရွှေတိုက်စိုးက သူပြင်ပေးပါမယ်တဲ့။
    အဲဒါနဲ့ ဒီရက်ထဲမှာ လူဟောင်းတွေအနေနဲ့ ပို့စ်ကလည်းအရမ်းတင်ချင်နေတော့
    ဖြတ်တောက်ပြီး ပို့စ်တစ်ခုအဖြစ်တင်လိုက်တာပါဗျာ။
    ဘာပဲဖြစ်ဖြစ် ကျေးဇူးပါဗျို့။
    :mrgreen:

    • Foreign Resident

      June 8, 2012 at 12:44 pm

      ” ဒီရက်ထဲမှာ လူဟောင်းတွေအနေနဲ့
      ပို့စ်ကလည်းအရမ်းတင်ချင်နေတော့ ”

      ကိုဘလက်ရေ ။
      MG ကိုအမြင်ပြန်လှသွားအောင် ၊
      လူဟောင်းတွေက Post ကောင်းကောင်းလေးတွေ ၊
      ဝိုင်းတင်ကြပါအုန်းလို့ အဘလဲ တိုက်တွန်းမိခဲ့ပါတယ် ။

      အခုတော့ ၊ Post တွေ တက်လာချက်က ၊
      ဖတ်လို့ကို မနိုင်အောင်ပါပဲ ။
      😛

  • ba gyi

    June 8, 2012 at 10:11 am

    အိမ်း —- ဒကာတော် မဲချောကြီးကြောင့်—
    အညောင်းပြေ ရုံ မက ၊အဟောင်းတွေပြန်ကြွ သမို့၊
    မရှိ ဟာ မရှိ
    အရှိ ဟာ အရှိ လို့ မနဲဂျီး ပြန်တွေး —
    မဲချောကြီးရေ ပရုပ်ဆီ တစ်ဗူး လည်း မြန်မြန်ပေး။

  • ပေါက်စိန်ဗိုက်

    June 8, 2012 at 12:46 pm

    ဒို ့ကျောင်းဒဂါဂျီးက ဝင်္ကဝုတ္တိအလင်္ကာတွေ သိပ်သုံးသကိုးဗျာ..
    ထောင်သွားပါတယ်နော..
    ကျောင်းဒဂါ တောင်းဆိုထားတဲ့ ဘုရားတည်တဲ့ကိစ္စဟာ ချက်မပိုင်လျှင် ဘယ်လိုဘယ်ပုံ အခက်တွေ့တတ်တယ်ဆိုတာလေး ဝေမျှပေးပါဦး မှာ ရှင်းပြပေးထားတာ မတွေ ့သေးလို ့
    ရှေးမီလူကြီးများ ရှင်းပေးကြဘာဦးဗျာ..

  • ahnyartamar

    June 8, 2012 at 1:00 pm

    မင်းသမီး (တာဝန်ထမ်းဆောင်ဆဲ) @ -ီုး ြ- -် -ူ -ာ ဆိုတာကို ကိုဘလက်ကြီးနဲ့ အစ်မကြီး (ပဒုမ္မာ) ကပြောတယ် ဟုတ်ဘူးတဲ့။ အခုတော့သိသွားပြီကိုဘလက် အရိပ်ပြလို့။

    ပါးရိုက်သန်တဲ့ မင်းသမီးပေါ့ဗျာ

    ဒါပေမယ့် မပြောတော့ပါဘူး။

  • သူရဇော်

    June 8, 2012 at 2:05 pm

    ဟားဟား မိုက်သဗျို့ ခုရက်ပိုင်း ရုံးပြောင်းရွှေ့ကိစ္စကြောင့် ညောင်းညာကိုက်ခဲနေတာ စိတ်မာဆက်လေးနဲ့ တွေ့မှ ပြန်လန်းသွားသဗျာ……. ဒီတော့ကာ ကျောင်းဒကာရေ နှစ်ဆက်ရှင်ဆို မစုံသေးသမို့ ၁ ဆက်ရှင်လောက်ဆက်ယူမဗျာ…….. လေးဘလက်ကြီးကျန်းမာချမ်းသာ ဘေးကင်းကွာ၍ ဉာဏ်ရည်စူးရောက်၊ ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်စေဆိုတဲ့ စကားလေး လက်ဆောင်ပါးလိုက်ပါရစေဗျာ……..
    ခင်မင်လေးစားစွာဖြင့်—–
    သူရဇော်…..

  • kyeemite

    June 9, 2012 at 9:27 am

    ရဲဘော်ဘလက်ရေ..မတွေ့ကြတာတောင်ကြာပြီနော်..
    အိမ်ထောင်ရေးအကြောင်းခင်ဗျား ရေးပြတော့လည်း
    ကျုပ်တို့လိုလူပျိုလေးတွေ ဗရုပ်သုတ်ခ..အဲလေယောင်လို့
    ဗဟုသုတရတာပေါ့ဗျာ…နောင်ပြင်ရန်ခက်သည့်အမျိုး…ဆိုလို့
    စဉ်းစားချင့်ချိန်နေတာနဲ့ အိမ်ထောင်ပြုဘို့နောက်ကျနေခဲ့တာဗျ..
    ခုတော့..ရဲဘော်ဘလက်က..
    ဤသုံးမျိုးချက်မပိုင်လည်း
    ပြင်ဆင်ရန် မခက်တဲ့ အမျိုး …လို့ဆိုလာတော့
    ချစ်သူလေးကို အမြန်ဆုံးလက်ထပ်လိုက်တော့မယ်ဗျို့…

Leave a Reply