နောက်ဆက်တွဲ ပင်းတယက အပြန်

6 ပုန်းတလုတ်ကန်နံဘေးက အလှတရားလေးတစ်ခု

 

7 ကန်ရေပြင်ကို ဖြတ်ကျော်ပြီး အဝေးကတောင်တန်းကို ငေးအကြည့်
8 စိန်ပန်းနီနီ စေတီတော်ကဝါဝါ ကောင်းကင်က ပြာပြာ

 

9 ပြာလွင်သောကောင်းကင်နောက်ခံနဲ့တိမ်ဖြူဖြူ တောင်ညို့ညို့ (အဝေးက မြင်ကွင်း)
10 ကျနော်အကြိုက် အထီးကျန်နေတဲ့သစ်ပင်လေးပါ
12 လွမ်းမောစရာ မြင်ကွင်းလေးပါ

 

13 လှပသော ရှမ်းပြည်တောင်ပိုင်းက မြင်ကွင်းလေး
14 နေ့ချင့်စဖွယ် အိမ်ကလေး

 

15 ဘယ်ကိုသွားဘို့စောင့်နေတာလဲ ကလေးတို့ရေ
16 တောင်ယာမီးရှို့ထားတဲ့မြင်ကွင်းလေးပါ အဝေးမှာ တောင်တန်းမိူင်းမိုင်း
17 မိုးရွာရင် အမြဲရေကျော်တယ်ဆိုတဲ့ နေရာလေးပါ(ကားဆရာကြီးပြောပြလို့သိတာပါ)
18 ဒိမြင်ကွင်းလေးတွေ့တော့ စိတ်တွေလွတ်လပ်ပေါ့ပါးသွားပါတယ်
119 အဝေးမှာ အိမ်စုစုလေး တစ်စု (အပေါ်မှာဓါတ်ကြိုးတော့ ပေါ်နေတယ်အလုပ်ရှုပ်လို့ မဖြတ်တော့ဘူး)
20 အောင်ပန်းရောက်ခါနီး မှာမြင်ရတဲ့ တဲကလေး
21 ကျနော်အနှစ်သက်ဆုံးသောပုံကလေးပါ

 

“နောက်ဆက်တွဲ ပင်းတယက အပြန်“

 

 

ကျနော်ပိုစ်တွေတင်တဲ့အခါ ကော်နက်ရှင်ကောင်းတုန်း အားနေတုန်းမှာ

ပိုစ်တွေကို ရက်စွဲ ကြိုပေးပြီးတင်လေ့ရှီပါတယ်။

ဒီတစ်ခါတော့ ကြိုတင်မိတာက တလွဲဖြစ်ကုန်ပါတယ်။

အရင်က ကျယ်ဂေါင်မှာ မန်းလေးဂေဇက်ဖွင့်ရတာအရမ်းလွယ်ပါတယ်။

ဒီတစ်ခေါက်တော့ မေးလ်ကလွဲရင်ဖွင့်မရ။

 

အဲတော့ တင်လက်စ ပင်းတယအပြန် ပိုစ်က တစ်ပိုင်းတစ်စတက်သွားပါတယ်။

အရင်က ကျနော်ပုံတင်ရင် တစ်ပုံဘဲတင်တတ်ပါတယ်။

ရွာထဲမှာ အသုံးမဝင်ဘဲ အမြဲတမ်းပြောနေတတ်တဲ့

“အမှတ်ယူတယ်”လို့ အသံတွေထွက်လာတဲ့အခါမှာ ဓါတ်ပုံပို့စ်တင်ရင်

အများကြီးတင်ပေးတဲ့အကျင့်လုပ်ထားပါတယ်။

 

ကြုံတုန်းလေးကိုယ့်အကြောင်းကိုယ်ပြန်ပွားချင်ပါသေးတယ်။

2010ခုနှစ်က စလို့ လမ်းသလားတဲ့အလုပ်

တွေက ကံကောင်းထောက်မစွာနဲ့ ကျနော်ဆီရောက်လာတော့ နေရာတော်တော်များများကိုရောက်ခဲ့ပါတယ်.

သွားသမျှခရီးကလည်း အလုပ်ကိစ္စနဲ့သွားရတာချည်းပါဘဲ။

အဲတော့ အလုပ်ကို အမြန်ပြီးအောင်လုပ်။

ကိုယ်လက်ဆော့ချင်တာလေးကိုမှတ်ထား။

အပြေးအလွှားသွားလက်ဆော့။

မန်းလေးမှာနေတဲ့အခါ အလုပ်က မနက်8နာရီဆိုရင်အလုပ်ဝင် ည7နာရိမှအလုပ်ပြီးတတ်ပါတယ်။

အဲတော့ အိပ်ချိန်တွေလျော့ပြီးကိုယ်ဝါသနာပါတာလုပ်ဘို့ကြိုးစားရပါတယ်။

ပုံမှန် ညကိုးနာရီနဲ့ 11နာရီခွဲကြားမှာ အင်တာနက်ဆိုင်သွားပြီး စာရေးပုံတင်လုပ်ပါတယ်။

(အိမ်မှာကွန်ပြူတာလဲမရှိ အင်တာနက်ကပိုဝေးပါတယ်။)

မနက် ငါးနာရီ အိပ်ယာက ထပါတယ်။

လမ်းလျှောက်ထွက်တယ်လို့အမည်ခံပြီးဓါတ်ပုံတွေရိုက်ပါတယ်။.

အလုပ်ကိစ္စနဲ့သွားရတဲ့အခါ လက်တစ်ဆုပ်စာတောင်မရှိတဲ့ ငမျောက်ငခြောက်ကင်မရပေါက်စနကို

သွားလေရာယူလို့လက်ဆော့ပါတယ်။

ကျနော့် ဓါတ်ပုံပညာနဲ့ပါတ်သက်တဲ့သီအိုရီတွေဘာတွေလဲမသင်ဘူးပါ။

ကျနော်ကိုင်တဲ့ကင်မရာကလဲ ခလုပ်နှိပ်ရိုက်တာကလွဲလို့ ဘာမှလုပ်မရတဲ့ အိမ်သုံးကင်မရပါ။

ဒီတော့ မှတ်တမ်းတင်တဲ့အဆင့်လောက်သာရှိတဲ့ပုံတွေကိုဘဲရလာပါတယ်။

ကြည့်သူတွေက နှစ်သက်တယ်ပြောတော့ ကြည်နူးပါတယ်။

ဝါသနာအရသာလုပ်နေတယ်ဆိုတော့ ဈေးကြီးကြီးကင်မရာအကောင်းလဲ ဝယ်သုံးဘို့စိတ်ကူးမရှိပါ.

(အိမ်ထောင်သည်လခစားဆိုတော့ မြန်မာပြည်ကြီးမှ ကြွေးမတင်ရင်ကံကောင်းပါဘဲ)

ဝါသနာပိုးအရသာ စာရေးပုံတင်လုပ်နိုင်တာပါ။

 

လှိုဏ်ဂူတော်က အပြန်မှာ ကားဆရာကြီးက ပင်းတယမြို့ဘက်က လှည့်ပြန်ပေးပါတယ်.

ရှေးရာဇဝင်လာ ဇာတ်လမ်းများမွေးဖွားပေးခဲ့တဲ့ ပုန်းတလုပ်ကန်ကိုရောက်ပါတယ်။

ကျယ်လဲအတော်လေးကျယ်ပါတယ်။

လေတိုက်နေတော့ လှိုင်းဘောင်ဘင်ခတ်။

စိမ်းလဲ့လဲ့ရေပြင်မှာ ရေလာချိုုးနေသူလဲရှိ။

အပန်းဖြေလာထိုင်သူလဲရှိ။

ကန်နံဘေးမှာဘုရားတစ်ဆူ။

နီစိုလွင်စိန်ပန်းပင်နဲ့ ပဏ္ဏာရလှပါတယ်။

အတော်လေးကြာတော့ပြန်လာကြပါတယ်။

ကိုယ်ဘာသာကိုယ်ဆိုင်ကယ်လေးနဲ့သွားရင ်အတော်လှတဲ့မြင်ကွင်းတွေရလာမှ

သေချာပါတယ်။

အခုတော့ ………………………………………

ရသလောက်နဲ့သာကျေနပ်ခဲ့ရပါတယ်။

 

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(7-6-2012)

18 comments

  • အမှန်ကတော့ သူတို့ဆီသွားတာကို ဆက်တင်မလို့ပါဘဲ။
    ဒါပေမယ့် တင်မယ်လို့ စဉ်ထားတဲ့ပင်းတယအပြန်ပုံကရှိနေတော့ ကြားဖြတ်အစီအစဉ်အနေနဲ့တင်လိုက်ပါတယ်။

  • Gipsy

    June 7, 2012 at 5:04 pm

    စိတ်မော စိတ်ရှုပ်စရာတွေကြားထဲက အမောပြေစရာ ရှုခင်းလေးပါ …
    ကျေးဇူးနော်… ကိုပေါက် ….။

  • ကိုရင်မောင်

    June 7, 2012 at 5:45 pm

    ပုံ၆ ပုံ၈ ပုံ၂၁.. ပုံတွေ အတော်လှတဲ့ပုံလေးတွေဘဲဆရာပေါက်ရေ..
    ခုလိုအချိန်မှာ ဂီရဲ့ပို့စ်လေးကြည့်ပြီးပြုံးရ ဆရာပေါက်ရဲ့ပုံလေးတွေကြည့်ပြီး
    စိတ်ကြည်နူးရပါတယ်…ကျေးဇူးပါ…….

  • မောင်ပေ

    June 7, 2012 at 7:05 pm

    နောက်ဆက်တွဲ
    ရောက်လျှက် အမြဲ
    ကောက်ချက် လွဲ
    မျောက်တက် ဖရဲ ။

  • may flowers

    June 7, 2012 at 9:09 pm

    လေးပေါက်ရေ ပုံ -၁၂ ရဲ့လွမ်းမောစရာမြင်ကွင်းလေးကိုကြည့်ပြီး ဘာကိုလွမ်းမှန်း မသိပဲ

    တကယ်လွမ်းရပါတယ်။

  • pooch

    June 7, 2012 at 10:25 pm

    ၆ ၊ ၈၊ ၁ဝ ၊ ၂၁ ကို ကြိုက်တယ်။ ၈ ကပြိုင်ပွဲဝင်လို့ ရမယ် ထင်တယ်။

  • pan pan

    June 8, 2012 at 7:39 am

    6.7.8.21ကိုအကြိုက်ဆုံးပဲလေးလေးပေါက်
    ရကတော့ ပန်ပန့်အကြိုက်တောင်တန်းတွေနဲ့ ရေပြင်ကျယ်ဆိုတော့… 🙂

  • Ma Ei

    June 8, 2012 at 8:45 am

    အရင်ရက်တွေက MG ဖွင့်ရတာ စိတ်မချမ်းမြေ့စရာတွေများတယ်…
    ခုမနက် စဖွင့်ဖွင့်ချင်း ကိုပေါက် Post ကဓါတ်ပုံလေးတွေမြင်ရမှဘဲ
    စိတ်ချမ်းသာသွားတော့တယ်…

  • 007James

    June 8, 2012 at 9:39 am

    8.6.2012 မော်ဒန်ဂျာနယ်မှာ ဦးပေါက် အကြောင်းရေးထားတာဖတ်ရတယ်။လေးစားပါတယ်။

  • mocho

    June 8, 2012 at 11:53 am

    လေးပေါက်ရေ
    ရွာသူားတွေ စိတ် ကြည်နူးစေတဲ့ ဓါတ်ပုံလေးတွေ ၊ ကျမတို့ လို အဝေးရောက်တွေ အတွက် အလွမ်းပြေ ကြည့် ဖို့ ပုံလေးတွေ တင် နိုင်အောင် ဆိုင် ကို သွား ၊ မကောင်းတဲ့ ကို နက်ရှင် ကို အံတု လို့ လေးပေါက် ရဲ့ ကြိုး စား၊ အားထုတ် မှု နဲ့ ဇွဲ လုံ့လ ကို ချီးကြုး လေးစားမိပါတယ်။

  • Davit

    June 8, 2012 at 1:26 pm

    ကိုပေါက်တော့ ဒုက္ခတွေပေးနေပြန်ပြီဗျာ …….. ပုံ ၆ ကိုမှသွားကြည့်မိလိုက်တော့ ………… လွန်ခဲ့သော 8 နှစ်ခန့်က ပုတ်တလုပ်ရေကန်ကြီးဘေး …. ည 7 နာရီလောက်မှာ အဲဒိဘုရားထောင့်က စိန်ပန်းပင်ကြီးအောက်မှာ ရုံးကနေအတူတူ Trip ထွက်လာတဲ့ ကောင်မလေးကို ရည်းစားစကား မက်တက်ကြီးပြောနေမိတာ သွားသတိရသဗျားးးးးးးးးး…. ပြောရင်းတောင်လွမ်းလာပြီး………… အဟင့်………..

  • ပင်ပန်းနွမ်းနယ်ချိန်မှာ ပုံလှလှလေးတွေရှာကြည့်ရင်း ကျနော်လဲ အပန်းဖြေခဲ့ဘူးပါတယ်။
    အခုတော့ ကံကောင်းထောက်မစွာနဲ့ပြန်လည် မျှဝေခွင့်ရလို့ ဝမ်းသာမိပါတယ်။

  • အရီး Khin Latt

    June 11, 2012 at 2:55 am

    ကိုပေါက်ကြီး
    ငယ်စဉ် အဖေ၊ အမေ ၂ယောက်စလုံးနဲ့ တွဲ မနေလိုက်ရတဲ့ ဘဝဇာတ်ကြောင်းလေးကို ဖတ်လိုက်ရတာ စိတ်မကောင်းဘူး။
    လေလှိုင်းထဲ က မိတ်ဆွေ တွေရဲ့ သံယောဇဉ် ကလဲ မသေးပါဘူးရှင်။
    ကိုပေါက် ရဲ့ စာအရေးအသား က တကဲ့ရှယ်ပါဘဲ။
    အခုလို ကျွန်မတို့ ရဲ့ မိတ်ဆွေကြီး ကို တစ်ကူးတစ်က အင်တာဗျူး ပေးတဲ့သူကိုလဲ ကျေးဇူးတင်ပါတယ်။
    ကိုပေါက်ရဲ့ အတွေးပါးပါး လေးတွေ က လူတွေ ရင်ထဲမှာ အများကြီး ပိုပြီး စွဲညိပါစေ၊
    ကိုပေါက်ကြီး ဒါထက်ပိုပြီး စာတွေ များများ ရေးပြီး အောင်မြင်မှုတွေ ပိုပြီး ရပါစေလို့ ဆုတောင်းပေးပါတယ်။

    စိန်ပန်းနီနီ အပင်ကြီးကို ကြည့်ပြီး ကျွန်မ ရဲ့ အထက်တန်းကျောင်းကို လွမ်းသွားပါတယ်။
    နံပါတ် (14) နေ့ချင့်စဖွယ် အိမ်ကလေး ကို အရမ်းသဘောကျတယ်။
    နံပါတ် (1) ကတော့ Post Card လှလှ လေးတစ်ခု ကို ကြည့်လိုက်ရသလိုဘဲ။ 🙂

  • snow white

    July 4, 2012 at 6:16 pm

    လေးပေါက်ကတော့ခရီး အရမ်းသွားတာဘဲနော် ပြန်လာတိုင်း လည်း ပုံလေးတွေမျှဝေပေးတယ်နော် မရောက်ဖူးပေမယ့် ပုံလေးတွေကြည့်ထားတော့ကိုယ်သွားတဲ့ အခါကျတော့ အဲ့နေရာလေးတွေ သိရတာပေါ့ မမှားတော့ဘူးပေါ့ကျေးဇူးတင်ပါတယ်။

  • ဟုတ်ပါတယ် မနှင်းဖြူလေးရေ
    မျှဝေပေးတော့ကြည့်သူစိတ်ချမ်းသာ
    သူစိတ်ချမ်းသာတာက ကျနော်ဆီပြန်လာတယ်လေ

  • ကြည်ဆောင်း

    July 5, 2012 at 11:42 am

    တောင်ကြီးသွားတုန်းက အဲဒီ့ ပုန်းတလုတ်ကန်ေ့ရှမှာ ဓာတ်ပုံ အမြန်ဆင်းရိုက်ခဲ့ဘူးတယ်။ အမှတ်တရအနေနဲ့ပေါ့…
    လေးပေါက် ဓာတ်ပုံလေးတွေ တွေ့တော့ ဘာလို့များ ကြာကြာမနေဖြစ်ခဲ့တာလဲ ဆိုပြီး နှောင်းနောင်တ
    တွေရမိပါရဲ့..

  • ကျနော်ကတော့ရောက်ခဲနိုင်တဲ့နေရာရောက်ရင် အခွင့်အရေးရသလောက်နေပါတယ်။
    နောက်တစ်ခေါက်ဆို တာ မရေရာဘူးလေဗျာ………………

Leave a Reply