မိဘမေတ္တာ

ယိုစီးချွေးထွက်

သားအတွက်မို့ 

ဘယ်လောက်ကြမ်းကြမ်း

မည်သို့ ပမ်းလဲ

မနွမ်းပေဘူး

သားဦးရယ်လို့ 

ချိုချိုသာသာ

သာသောလမင်း

သင်းသောပန်းနှယ်

ခွန်းနှုတ်ဆို၏ ။

မိဘမေတ္တာ

စေတနာကား

ပမာသမုဒ်

ဆောင်ကာထုတ်၍

ပေထက်အက္ခရာ

ခြယ်သပါလဲ

ဂုဏ်ရည်များက

ဆုံးအံ့မထင်

ကျေးဇူးရှင်သို့

ပမာယူကာ

ဆိုကြပါလည်း

မိဘ ဟူသည်

နှိုင်းတုမမီ

ဂိုဏ်းဝင်အနန္တ

ကြီးမြတ်လှသည့်

မိဘဂုဏ်အင်

မွေးသည့်မိခင်

ကျွေးဖခင်ကို

ဒီနေရာမှ

ရိုသေလေးမြတ်

ကန်တော့ပန်း

ဆက်လိုက်ပါ၏

အနန္တဂိုဏ်းဝင်

ဖေဖေ မေမေ

ချစ်တဲ့သား

အရင့်ရောင်……………….

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..