အ လွမ်း တံ ခါး ဖွင့် မိ ခြင်း

aye.kkJune 7, 20121min15612

ကြီး မား လှ တဲ့ အ မေ့ ကျေး ဇူး တွေ က မြင့် မိုရ် မျှ မ က…..
အ မေ ့ကို လွမ်း တဲ့ အ ခါ ၊ အ လွမ်း တံ ခါး ဖွင့် မိ ခြင်း ပါ ပဲ….
အ မေ , ….အ မေ ,…
ကျ မ မှတ် မိ တတ် ခါ စ အ ရွယ် လေး ထဲ က ၊ ထ မင်း ခွံ ့ကျွေး ခဲ့ ပါ တဲ့ အ မေ……၊ ရေ ချိုး ပေး ခဲ့ ပါ တဲ့ အ မေ… ၊ ခြေ သည်း လက် သည်း လေး များ နာ ကျင် မှု မ ရှိ ရ လေ အောင် ၊ ဂ ရု တ စိုက် ညှပ် ပေး ခဲ့ ပါ တဲ့ အ မေ…။
ငါး နှစ် သ္မီး အ ရွယ် လေး ထဲ က စ လို ့၊ ဝါ တွင်း ဥ ပုသ် ရက် တွေ တိုင်း ၊ ကျ မ နေ ထိုင် ကြီး ပြင်း လာ ခဲ့ တဲ့ ဇာ တိ ချက် ကျွေ မွေး ရပ် မြေ လေး က ၊ မြို ့ ပေါ် ရပ် ကွက် က ဘုန်း ကြီး ကျောင်း တွေ တ ကျောင်း မှ မ ကျန် ရ လေ အောင် လက် ဆွဲ ခေါ် တတ် ပါ တဲ့ အ မေ..။
ကျိုက် ပေါ လော မှဲ ့ရှင် တော် ဘု ရား မှာ ၊ ဥ ပုသ် နေ ့ မှာ ပြု လုပ် တဲ့ ၊ တ ရား ပွဲ တွေ ရှိ တဲ့ အ ခါ တိုင်း ငါး ပါး သီ လ ခံ ယူ စေ လို ့၊ တ ရား နာ တတ် ခိုင်း ပါ တဲ့ အ မေ..၊ ဒါ တင် ပဲ မဟုတ် သေး ..၊ ည နေ ခင်း တ ရား ပွဲ ပြီး ဆုံး တဲ့ အ ခါ တိုင်း ၊ ဘု ရား တန် ဆောင်း နံ ရံ ဆေး ရေး ပန်း ချီ ကား ချပ် ရုပ် ပုံ ကြီး တွေ လက် ညိုး ထိုး ပြီး ၊ ရေး ထိုး ထား တဲ့ စာ တွေ ဖတ် ခိုင်း တတ် ပါ တယ် ၊ မ ဖတ် တတ် ခင် တုံး အ ရွယ် က လေး က ၊ အ မေ က ဖတ် ပြ လို ့ ၊ အ ပြစ် ပြု မိ လို ့င ရဲ ကျ ခံ ရ တဲ့ အ ကြောင်း များ ကို ၊ နား ရည် ဝ အောင် အ မြဲ ပြော ပြ တတ် ပါ တဲ့ အ မေ…။
အ မေ့ ကျေး ဇူး ကြောင့် သာ ……
အ ပြစ် ပြု မိ ရ မှာ ကြောက် လို ့၊ ပု ရွက် ဆိတ် ခါ ချဉ် နီ ကောင် အ ကိုက် ခံ ရ ရင် တောင် ၊ မ သတ် ရဲ ခဲ့ ပါ ဘူး ။ ယ နေ ့ တိုင် ထိ လည်း ၊ နာ နာ ကျင် ကျင် ဘယ် သူ ့ အ ပေါ် ကို မျှ ၊ ကျ မ ကိုယ် ထိ လက် ရောက် မ ကျူး လွန် ရဲ ခဲ့ ပါ ဘူး…။
ဆယ် ကျော် သက် အ ရွယ် ရောက် လာ ပြန် တော့ လည်း ၊ ဝါ တွင်း ကာ လ တွေ အ တွင်း အ ဖိတ် နေ ့ တွေ မှာ ဥ ပတ် သ ကာ တန်း ရှည် လှည့် လာ ရင် ၊ အာ ရုံ ဆွမ်း ၊ နေ ့ ဆွမ်း တွေ အ တွက် ၊ အ ချို ပွဲ တွေ မ ပြတ် တမ်း လောင်း လှူ ခိုင်း ပါ တယ် ။ လှူ တဲ့ အ ခါ လည်း ၊ ကိုယ် စီး ထား တဲ့ ဖိ နပ် လေး ကို ချွတ် ပြီး ၊ ဥ ပတ် သ ကာ ဆွမ်း ပု ဂံ ခွက် လေး ထဲ မ ဖိတ် မ စင် ရ လေ အောင် ၊ လောင်း ထည့် ပုံ က လေး အ စ ၊ သင် ပြ ခဲ့ ပေး တဲ့ အ မေ..။

ကိုယ် ရဲ ့ကု သိုလ် လုပ် အား ဒါ န ပေး ရ စေ လို ခဲ့ ပါ တဲ့ အ မေ..၊ လှူ ဖွယ် ပစ္စည်း အ ချို ပွဲ တွေ ၊ ရက် သတ္တ တ ပါတ် အ တွင်း အ ထား ခံ နိုင် စေ တဲ့ ၊ က တွတ် ယို ၊ နာ နတ် ယို ၊ ဇောင်း ယား ယို ၊ ပိန္နဲ ယို ၊ ဒူး ရင်း ယို ၊ အ စ ရှိ တဲ့ ယို မျိုး စုံ ၊ မ ရိုး နိုင် အောင် အ မျိုး ပြား များ စွာ လောင်း လှူ ဖို ့ အ တွက် ၊ အ မေ နဲ ့ အ တူ စ နစ် တ ကျ ၊ ယို ထိုး တတ် အောင် ကိုယ် တိုင် ကိုယ် ကျ သင် ပြ ပေး ခဲ့ တဲ့ အ မေ..။
မိုး ဦး ကာ လ ၊ ကျ မ တို ့ မြို ့ ရဲ ့မြို ့နယ် ထဲ က ဒေ သ ထွက် ၊ က တွတ် သီး တွေ ကို ၊ အ ချိန် (၅) ပိဿာ ၊ (၁၀) ပိ ဿာ မှာ ယူ ကာ ဝယ် လို ့၊ ယို ထိုး ပြီး မြို ့ ပေါ် ဘုန်း ကြီး ကျောင်း တွေ ၊ တ ကျောင်း မှ မ ကျန် ရ လေ အောင် ၊ ဝါ တွင်း (၃) လ မ ပြတ် ရ အောင် ကိုယ် တိုင် ကိုယ် ကျ သွား ရောက် ပြီး ၊ ကျ မ တို ့ညီ အစ် မ ကို လက် ဆွဲ ခေါ် လို ့အ မြဲ လှူ တတ် ပါ တဲ့ အ မေ..။
ဇောင်း ယား ပင် အ ချို မျိုး ၊ အချဉ် မျိုး ၊ နှစ် မျိုး အ ပြား အိမ် ခြံ နောက် ဖေး ဝန်း ထဲ မှာ ၊ အ ဖေ က စိုက် ထား ပေး လို ့၊ မျိုး ကောင်း ပြီး ပင် လုံး ခဲ ညွတ် အောင် သီး ပါ တယ် ၊ ဝင်း ဖန် ့ ဖန် ့အ ရောင် တွေ ့ရင် အ မေ က ခူး ၊ ကျ မ တို ့ က ကောက် ယူ ပြီး သ တ္တု ဇောက် ဇ လုံ ကြီး တွေ ထဲ ထည့် ၊ အ သီး တွေ ရေ စင် အောင် ဆေး ကြ ရ တာ..။
ကျ မ တို ့ အ မေ နဲ ့အ တူ ၊ ဒါး ပါး လေး တွေ ကိုယ် စီ ကိုင် ပြီး ၊ ရေ ဆေး ပြီး သန် ့ စင် ထား တဲ့ ဇောင်း ယား အ သီး တွေ ကို ၊ ဖင် ထိတ် က လေး လှီး ထုတ် ၊ အူ တိုင် အ စေ့ ဖယ် ရှား ပြီး ၊ သူ ့ အ မြှောင်း လိုက် လေး အ တိုင်း လိုက် လှီး ပေး ရ ၊ လှီး ပြီး သား တွေ ကို အ ခြား သတ္တု ဇောက် ဇ လုံ ကြီး ထဲ ထည့် ပေး ရ တာ ..။
အ ရည် ရွှမ်း တဲ့ ဇောင်း ယား သီး ၊ လှီး ထား ပြီး သား တွေ ကို အ မေ က ထုံး ရေ ကြည် လေး အ နည်း ငယ် ထည့် ပြီး ၊ နှစ် နာ ရီ သုံး နာ ရီ မျှ လောက် ကြာ အောင် ခ ဏ ထား ၊ ပြီး ရင် သ ကြား ရည် စစ် ပြီး သား ကို ညောင် စီး ကျ လာ တဲ့ အ ထိ (ဝါ) စေး ပြစ် ပြီး ကပ် လာ တဲ့ အ ထိ ထိုး ပြီး မှ သာ ၊ အ အေး ခံ ထား တာ..။
ထိုး ပြီး သား ဇောင်း ယား ယို ကို ဖန် ဘူး ကြီး တွေ နဲ ့ထည့် ပြီး ၊ ဝါ တွင်း ဥ ပုသ် , အ ဖိတ် ကု သို လ် ရ အောင် ၊ သား သ္မီး တွေ ပါ ကု သိုလ် မျှ ဝေ ပါ ဝင် ခံ စား ရ လေ အောင် သင် ပေး ရှာ တဲ ့အ မေ..။
က တွတ် သီး မှည့် ပေါ် ချိန် ၊ အိမ် ခြံ နောက် ဖေး မှာ အ ဖေ စိုက် ထား တဲ့ ပိန္နဲ (အိမ်ပျော့၊ အိမ်မာ) ၊ ဒူးရင်း သီး ပေါ် ချိန် များ….
လှူ ဖို ့ အ တွက် ဆို ရင်..
မ မော နိုင် , မ ပမ်း နိုင် သား သ္မီး တွေ ကို ၊ ကိုယ် တိုင် ကိုယ် ကျ ပြု လုပ် တတ် အောင် သင် ကြား ပြ သ ပေး ပါ တဲ့ အ မေ…၊ ကု သို လ် ရ ယူ တတ် အောင် လမ်း ညွန် ပြ သ ပေး တတ် တဲ့ အ မေ..။
လွမ်း တယ် , အ မေ …..
အ မေ ့ ကို လွမ်း တိုင်း ..
အ လွမ်း တံ ခါး ဖွင့် မိ ခြင်း ပါ အ မေ…
မ ကုန် ခမ်း နိုင် တဲ့ အ မေ ့ရဲ ့ ကြီး မား လှ တဲ့ မ ဟာ မေ တ္တာ မြင့် မိုရ် တောင် ကို …
အ ရမ်း လွမ်း တယ် အ မေ ရယ်..။

အ မေ့ ကို………လွမ်း ရ တိုင်း။
အ လွမ်း တံ ခါး ဖွင့် ထား မိ ပါ တယ် အ မေ ။။။

12 comments

  • pooch

    June 7, 2012 at 10:53 pm

    အန်တီအေးရဲ့ မေမေက တကယ့်ကို အိမ်ရှင်မကောင်းပီသပြီး သားသမီးတွေကိုလည်း ဂရုစိုက်တတ်လိုက်တာ။
    အခုရော အန်တီအေးအိမ်မှာ စားပင်တွေ စိုက်ထားသေးလား။ အဲ့ဒီဖက်က ရာသီဥတုကောင်းတော့ အပင်တွေဖြစ်မယ် ထင်တယ်နော်။

  • ကိုရင်စည်သူ

    June 7, 2012 at 11:29 pm

    မြင့်မိုရ်တောင်ဦး မကကျူးသာ ကျေးဇူးအရှင်
    မွေးသမိခင်ရဲ့ မေတ္တာတွေကို ခံစားနားလည်
    မိသွားပါတယ်… အန်တီ…
    အန်တီလည်း အဲ့လို မေတ္တာတရားကြီးမားတဲ့
    အမေနဲ့ တွေ့ရတာ အရမ်းကံကောင်းခဲ့ပါတယ်ခင်ဗျာ… 🙂 🙂

  • မိုးတိမ်

    June 8, 2012 at 1:22 am

    အမေ ကိုယ့် ဘာသာ၊သာသနာ တည်တံ့အောင် ညအိပ်ရာဝင်တိုင်း
    ပုံပြင်တွေ(ဇာတ်ကြီး ၁ဝ ဘွဲ့)ပြောပြတတ်တဲ့အမေ၊ငယ်ငယ်ထဲက ငါးပါးသီလထဲက
    တစ်ခုခုကျူးလွန်မိရင် ညရောက်ရင် (ဥပမာ ခဲတံလေးယူလာမိရင် နားရွက်ကိုသေခါနီးမှာ
    ကိုက်ဖြတ်တဲ့ အကြောင်းပြောပြတဲ့ အမေ)။ညအိပ်တိုင်း စောင်ထထခြုံပေးဖို့အတွက် မအိပ်တဲ့အမေ။
    လိုအပ်လာရင် သားအတွက်ဆို အာဇာနည်ရဲဘော်တွေထက် သတ္တိမခေတဲ့အမေ။

  • အရီး Khin Latt

    June 8, 2012 at 5:07 am

    အစ်မအေး နဲ့ အတူ အမေ့ကို ဝင်လွမ်းသွားပါတယ်။
    အစ်မအေး ကိုယ်တိုင်လဲ အစ်မအမေလို မိခင်ကောင်း ဖြစ်မယ်ဆိုတာကို ယုံကြည်ပါတယ်။ 🙂

  • aye.kk

    June 8, 2012 at 8:12 am

    pooch,….ရေ
    လက်ရှိနေထိုင်တဲ့နေရာမှာတော့..
    ကိုယ်တိုင်စိုက်ပျိုးထားတာရှိပါတယ်..
    ဒညင်း၊ဒန် ့ဒလွန်၊ကြက်မောက်၊ထောပတ်၊ကင်မွန်းချဉ်ပင်တွေပါ..
    ရောက်ထဲကစိုက်ပျိုးထားတာပါ..
    ဒီမှာကရေမြေကောင်းတော့ဖြစ်ထွန်းပါတယ်..။
    ————————————————————————–
    ကိုရင်စည်သူ….
    အမေ့မေတ္တာတရားတွေပြောပြလို ့
    ကုန်နိုင်မယ်မထင်ပါ…
    ဝတ်ဆင်တဲ့အင်္ကျီကအစ..
    အမေကသူကိုယ်တိုင်ကိုယ်ကျပန်းထိုးပေးတာ..
    ဂါဝန်စကဒ်တွေကိုယ်တိုင်ချုပ်ပေးခဲ့တာ..
    ညအိပ်ရာဝင်ရင်မိဘတွေကိုခြေဆုပ်လက်နယ်ပြုစေပြီးမှ…
    ကန်တော့ပြီးမှအိပ်ခိုင်းတာ…
    နွေ,မိုး,ဆောင်းရာသီအလိုက်စားသောက်စရာဖွယ်ဖွယ်ရာရာတွေ..
    ရာသီစာအလိုက်လုပ်ကျွေးတတ်တာ…
    အလွမ်းတံခါးဖွင့်မိတဲ့အချိန်..
    အမေ့ရဲ ့မေတ္တာမိုးကောင်းကင်ပြင်ကျယ်ကြီးကိုတွေ ့ခွင့်ရလိုက်သလိုခံစားရပါတယ်..။
    အမေ့မေတ္တာကိုပေါ့နော်….
    မြေပြင်ကနေကြည့်မိတဲ့မိုးကောင်းကင်အလျှားအနားတဆုံးအထိလို….
    အလွမ်းတွေဆိုတာက…
    အနားသပ်ဘောင်ကွတ်ခတ်ခံထားရသလိုပါဘဲ..။။
    ———————————————————————————-
    ကိုပေ..
    ကျေးဇူးပါ..။
    ———————————————————————————–
    မိုးတိမ်ရေ…
    ကွန်မင့်အတွက်..
    ကျေးဇူးတင်မိပါတယ်ကွယ်..။
    မိဘနဲ ့အချိန်ဆိုတာ..
    လောကမှာအစားထိုးမရတဲ့အရာများသာဖြစ်ပါတယ်ကွယ်..။။
    ————————————————————————————
    မလတ်ရေ…
    ကျေးဇူးပါနော်…
    ခံစားပေးတာဝမ်းသာမိရပါတယ်…။
    သားတွေကိုလိမ္မာယဉ်ကျေးအောင်ဆုံးမသွန်သင်ယင်း..
    ပညာတတ်ဘွဲ ့ရအောင်ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါတယ်…။။

  • shwe kyi

    June 8, 2012 at 11:46 am

    အစ်မအေး ကံကောင်းလိုက်တာ။
    ရွှေကြည်လည်း အမေ့ကိုအရမ်း ချစ်တယ်။ လေးစားတယ်။
    အဖေ့ကိုလည်းချစ်ပါတယ်။ ဒါပေမယ့် အမေ့ကိုပိုချစ်တယ်။

  • Khaing Khaing

    June 8, 2012 at 1:16 pm

    အန်တီအေးပြောတဲ့ မိခင်ကောင်းဖြစ်အောင် အခိုင်လည်းကြိုးစားပါဦးမယ် ……..

  • blackchaw

    June 8, 2012 at 2:51 pm

    အစ်မအေးရေ။
    အစ်မရဲ့ အမေလွမ်းချင်းကို
    စာနာနားလည်စွာနဲ့ ဖတ်သွားပါတယ်ဗျာ။
    ကျွန်တော်လည်း အမေ ချစ်တဲ့ သားတစ်ယောက်ပါ။
    ရှိနေသေးတဲ့အတွက် လွမ်းစရာမလိုသေးပေမယ့်
    အချိန်ပိုပေးပြီး ဂရုစိုက်ဖို့ သတိပေးသလိုဖြစ်တဲ့အတွက်
    ကျေးဇူးပါ အစ်မရေ။

  • aye.kk

    June 9, 2012 at 6:33 am

    shwe kyi,….
    မိခင်,ဖခင်…
    အမိ,အဘ..
    မိနှင့်ဘဆိုသလို…
    ကိုးလလွယ်ဆယ်လဖွား…
    နာနာကျင်ကျင်ဝေဒနာကိုခံစားရင်း…
    လူ ့လောကကိုရောက်အောင်မွေးဖွားပေးခဲ့သူကအမေပါ….
    မိဘ,…ဆိုတဲ့လောကနီတိကျမ်းလာအတိုင်းသုံးနှုံးထားတဲ့စကားအရ..
    အမိကသာ,အရင်ဆုံးထိတ်ဆုံးကစလာထားပြီးသားပါ…..။
    အမေ့ကိုပိုချစ်ပြီးလေးစားးတာသိရလို ့ထပ်တူထပ်မျှဝမ်းသာမိရပါတယ်ကွယ်…။။
    —————————————————————————————–
    khing khing,……
    ပုခက်လွှဲသောမိခင်လက်ဆိုသလို…..။
    မိခင်ကောင်းဖြစ်အောင်ကြိုးစားမယ်ဆိုတာသိရလို ့ဝမ်းသာမိရပါတယ်ကွယ်..။။
    ——————————————————————————————
    ကိုဘလက်,…..
    စာနာနားလည်ခံစားပေးတာသိရလို ့…
    ဝမ်းသာမိပါတယ်..။
    မသေခင်ချစ်,သေလျှင်ပစ်..
    အနှစ်မပါဒို ့ခန္ဓာတဲ့…
    အမေအမြဲပြောဘူးနေကျစကားလေးသတိရမိပြန်ပါတယ်..
    ရှိနေတုံးအချိန်မှာ၊အချိန်ပိုပေးပြီးဂရုစိုက်ပေးတာဟာ..
    တန်ဘိုးအရှိဆုံးနဲ ့အကောင်းဆုံးပါဘဲဆိုတာလေးပြောပြလိုက်ပါရစေနော်…
    ခင်ရတဲ့…
    အစ်မအေး။။

  • naychi

    June 11, 2012 at 10:42 am

    ဘဝခြားသွားပြီဖြစ်တဲ့ အမေ့ကိုသတိရရင်း
    အန်တီအေးနဲ့ထပ်တူခံစားသွားပါတယ်

  • aye.kk

    June 11, 2012 at 1:04 pm

    နေခြည်ရေ,…
    ကြားသိရတာ….
    ရင်ထဲမှာမကောင်းဘူးကွယ်..။။

Leave a Reply