ကျောက်ဖြူ

nigimi77June 7, 20121min28417

ဒီနေ ့ ညနေက  ရခိုင်ပြည်နယ်  ရမ်းဗြဲကျွန်း ကျောက်ဖြူမြို   ့  သံပချောင်း အရပ်မှာ    ရခိုင် အမျိုးသား တစ်ဦးကို 

 

မွတ်ဆလင် ဘာသာဝင် တွေက သတ်လိုက်တယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ် ။

 

အကြောင်းရင်းမှန်ကို သေချာ မသိရပေမဲ့  ယခု  9:20 PM  အချိန်မှာ  ကျောက်ဖြူ သံပချောင်း အရပ် ဒေါ်လာ စားသောက်ဆိုင်

 

ရှေ  ့  သံပချောင်း ဗလီ အရှေ  ့ နဲ ့  မြို  ့လယ်ခေါင်  နာရီစင် အရှေ  ့မှာ  အတော်များပြားသော  လူအုပ်ကြီး  စုစည်းရောက်ရှိနေပါတယ် ။

 

ကျောက်ဖြူမြို  ့မှာ  သံပချောင်း အရပ်ဟာ  မွတ်ဆလင် ဘာသာဝင် အများစု နေထိုင်ပါတယ် ။

 

ကျောက်ဖြူမြို  ့ထဲကို သွားတဲ့ ကျွန်တော်တို ့ ရုံးကားဟာ လမ်းပိတ်ဆို ့မှုကြောင့် ပြန်လှည့်လာပါတယ် ။

 

စုစည်းနေတဲ့ လူတွေ အော်ဟစ်ဆူပူမှု မရှိပဲ ထူးထူးခြားခြား ငြိမ်သက်နေပါတယ် ။

 

မဖြစ်သင့်သည်များ မဖြစ်အောင် အချိန်မီ တားဆီးနိုင်ကြရန် ဆန္ဒပြုပါတယ်

17 comments

  • surmi

    June 7, 2012 at 10:47 pm

    ဒီသတင်းကို ကိုရင်နိဂိမိတင်ပေးတဲ.အတွက် ယုံကြည်ပါတယ် ။ ဦးဦးဖျားဖျားသိရတာ ကျေးဇူးပါ ။
    သက်ဆိုင်ရာများမှ ဖြေရှင်းဆောင်ရွက်မှုများ နှောင်.နှေးနေတယ်လို.ထင်မိပါတယ် ….
    ဒီထက်ပိုဆိုးမလာအောင် ဝိုင်းဝန်းထိမ်းသိမ်းပေးကြရင်ကောင်းမှာပါ …..
    ကိုရင်နိဂိမိလည်းကံဆိုးတယ်ထင်တယ် ….တကယ်.ပြဿနာကြားမှာ မှအလုပ်လုပ်နေရလို. ….

  • သားဦး၊မြေးဦး

    June 7, 2012 at 10:59 pm

    ခုချိန်ထိတော့ ကိုနီဂိမိရေ သံတွဲဖက်က မကြားရသေးဘူးနော်။
    ဆူဆူပူပူမဟုတ်ဘူးဆိုတော့. စိတ်အေးရသေးသဗျ။ဘာမှမဖြစ်
    စေလိုတော့ဘူး။ကျနော်တို ့ဆီဖက်မှာက တစ်လှေထဲစီးနေကြသူ
    ချင်းချင်းဗျာ လှေကိုမျက်နှာချင်းဆိုင်လှော်နေကြသလိုဖြစ်နေပီ။

  • မှော်ဆရာ

    June 7, 2012 at 11:07 pm

    မြန်မာနိုင်ငံအနှံ့မှာ အားကိုးရတဲ့ ဂေဇက်ရဲ့ CJ တွေပါ့လားဗျာ …
    ချီးကျူးလိုက်ပါ၏

  • ကိုရင်စည်သူ

    June 7, 2012 at 11:31 pm

    ဇာတ်လမ်းကတော့ စနေပြီထင်ပါရဲ့ တပ်မကြီးရယ်.. 🙄 🙄

  • ကိုရင်မောင်

    June 8, 2012 at 12:46 am

    ဘယ်ကမှ မကြားရသေးတဲ့သတင်းပါလား…
    သတင်းဦးအတွက်ကျေးဇူးတင်ပါတယ်..77 ရေ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 8, 2012 at 2:48 am

    ထုံးဇံအတိုင်း
    သူများ ( တဗည့်ဒွေ ) ရိုက်ထားဒဲ့ ဓာတ်ဘုံဒွေ တင်ဘေးအုးန်းလေ

  • အရီး Khin Latt

    June 8, 2012 at 5:15 am

    အားလုံး အေးအေးချမ်းချမ်း နဲ့ ပြသနာတွေကို ဖြေရှင်းသွားနိုင်ပါစေလို့ ဆုတောင်းဖို့ဘဲ ရှိပါတယ်။
    ပြသနာက ကိုယ်ကလဲ သူတို့နေရာမှာ နေရတာမဟုတ်တော့ အပြောကို လွယ်လွယ်ပြောလို့ ရနေတာလဲ နေမှာ။
    ဒါပေမဲ့ အာဃာတ တွေ နဲ့ မွန်းကြပ်နေမယ် ဆိုရင်တော့ အမှားတွေ မှားပြီးရင်းမှား ဖြစ်နေမှာ။
    အဲဒါကို အသိဝင်ကြဖို့လိုတယ်။
    ထိန်းနိုင်မဲ့သူတွေ ထိန်းပေးနိုင်ကြပါစေ။

    ဒါထက် – မင်းလဲ ကိုယ့်လုံခြုံရေးကို ဂရုစိုက်ဦး။
    မင်းအတွက်လဲ အန္တရာယ်ကင်းစေဖို့ ဆုတောင်းပေးပါတယ်။
    ဒီအချိန်မှာ ကင်မရာ ကိုတော့ ထုတ်မသုံးသင့်ပါ။ (ထင်တာဘဲ)

  • kai

    June 8, 2012 at 6:10 am

    ဒါမျိုး ယူအက်စ်မှာ မဖြစ်ဖူးခဲ့တာတော့မဟုတ်..။
    အဖြုအမဲ လူမျိုးအသားအရောင်ကိစ္စတွေ အကြီးးးးးးးးးးးးအကျယ်ဖြစ်ခဲ့တာပါ..

    ကေကေကေဆို.. တွဲလောင်းဆွဲသတ်တာတွေလည်းရှိတယ်..
    အိမ်တွေဗုံးခွဲတယ်.။
    FBI ဆိုတာ.. KKKတွေ.. အမတ်အိမ်ဗုံးခွဲတာကနေ..စဖြစ်တည်လာတာပဲ..

    ဆိုတော့..
    အဲဒီအနောက်ဖက်ကမ်းရိုးတန်းမှာ.. မြန်မာတွေ(မွတ်စလင်၊ ဗုဒ္ဓသား၊ ခရစ်ယန်..အကုန်ပါ) သေနတ်လက်နက်လွတ်လပ်စွာကိုင်ခွင့်.. ဥပဒေထုတ်ပေးရမယ်ထင်တယ်..
    သတ်ရဲရင်..သေရဲကြ… 🙂

  • nigimi77

    June 8, 2012 at 7:06 am

    မနေ ့ညက သိရတဲ့ အကြောင်းအရာဟာ ကောလ ဟာလ သာ ဖြစ်ပါကြောင်း ။

    ပြစ်မှု ကျူးလွန်သူ တရားခံများနှင့် ပါတ်သပ်ပြီး မည်ကဲ့သို ့ တရားစီရင်မည် ဆိုသည့်

    အကြောင်းအား ဟောပြောပွဲ ပြုလုပ်ရန် လူစုခြင်း ဟု သိရသော်လည်း

    ကျောက်ဖြူမြို ့၏ ပါတ်ဝန်းကျင် ဒေသ အတော်များများမှာ မနေ ့ညက ကဲ့သို ့

    သတင်းများထွက်ပေါ်နေကြောင်း သိရပါသည် ။

    ကောလ ဟာလ ဖြစ်ပါကြောင်း

    ကောလ ဟာလ ဖြစ်ပါကြောင်း

    ကောလ ဟာလ ဖြစ်ပါကြောင်း

    • မောင်ပေ

      June 8, 2012 at 9:09 am

      အဲဒါဆိုရင် စိုင်းစိုင်းခမ်းလှိုင် သီချင်း လို့ပြောဗျာ
      ကောလဟာလ ပြောကြသဘာဝ….

  • etone

    June 8, 2012 at 9:28 am

    အာ … ဒီကဏန်းကြီးကတော့ လုပ်ပြီ ….
    ပို့စ်စဖတ်တော့ ရင်တထိတ်ထိတ်နဲ့ ….. သူအလုပ်လုပ်တာ ကျောက်ဖြူမှာ .. သူပြောတာတော့ ဟုတ်လောက်မှာပါဆိုပြီး ယုံစားရင်းဖတ်လာတာ ……… အောက်ဆုံးကျမှ .. ကောလဟာလတဲ့ ……. တိန် 😡

  • ahnyartamar

    June 8, 2012 at 6:16 pm

    လာပြန်ပြီ…မပြီးနိုင်ကျတော့ဘူးလား…ဟေ့…

  • water-melon

    June 8, 2012 at 7:22 pm

    ကောလဟာလ ပြောကြတာက လောကသဘာဝ

  • nigimi77

    June 10, 2012 at 2:31 pm

    ရွာသူ ရွာသားများ ခင်ဗျား ။

    အခု ရုတ်တရက် ကျောက်ဖြူမြို ့ထဲကနေ သတင်းရလာပါတယ် ။

    ကျောက်ဖြူမြို ့ TTC နှင့် အရာရှိ ရပ်ကွက် ပါတ်ဝန်းကျင်မှာ

    ပြသာနာ စတင် တက်နေပြီလို ့ ဆိုပါတယ် ။

    ကျွန်တော့ အလုပ်မှ ကျောက်ဖြူသားများကိုတော့ ပြန်လွှတ်လိုက်ပါပြီ ။

    သူတို ့တွေလည်း မိသားစုကို စိတ်ပူလို ့ ချက်ချင်းပြန်ကုန်ကြပါပြီ ။

    အခြား ကုပ္မဏီ များမှာ ဝန်ထမ်းများကိုလည်း အလုပ်မှ ပြန်လွှတ်လိုက်ပါတယ် ။

    အခုထိ သေချာ သတင်းအတိအကျကို မသိရသေးပေမဲ့ စစ်တွေဖက်က သတင်းများလည်း

    ဆက်တိုက်တက်လာနေတာကြောင့် စိုးရိမ်ရပါတယ် ။

  • nigimi77

    June 10, 2012 at 3:08 pm

    အခုလောလောဆယ် ၅၄၂ ၊ ၅၄၃ တပ်ရင်းများ ကျောက်ဖြူမြို ့ထဲသို ့ထွက်ခွာရန်

    တပ်ရှေ ့တွင် လူစုနေပါတယ် ။

    • ကိုရင်စည်သူ

      June 10, 2012 at 3:21 pm

      သွားရင်လည်း မြန်မြန်သာသွားတော့ စစ်တွေမှာတော့
      ဘင်ဂါလီကုလားစုတ်တွေ ထပ်ပြီး အကြမ်းဖက်နေကြပြီ။
      ကျောက်ဖြူမှာ မျောက်လိုအူပြီး
      တောက်ဘင်ဂါလီတွေ ပြေးအောင်…
      ထိအောင် ပစ်ခဲ့ချမ်းပါ…
      ရော့… တပ်မကြီး ၇ရ အတွက် အမေရိကားလုပ်..
      စနိုက်ပါသေနတ်ထည့်ပေးလိုက်မယ်… ဟီးး.. 😀

  • nigimi77

    June 10, 2012 at 4:03 pm

    ကျောက်ဖြူမှာ Curfew ညမထွက်ရ အမိန် ့ထုတ်လိုက်ပါပြီ ။

    မြို ့ထဲမှာ ဆိုင်တွေလည်း အကုန်ပိတ်ထားပါတယ် ။

    ဒေသခံတွေလည်း ဒုတ် ၊ ဒါး လက်နက် အသင့် ကိုင်ဆောင်ထားပြီး

    ကိုယ့်ဒေသကို ကာကွယ်ဖို ့ပြင်ဆင် နေကြပါတယ် ။

    မသီတာထွေး ကို မုဒိမ်းကျင့်တဲ့ ၃ ယောက် အထဲက

    ထက်ထက် ဆိုတဲ့ တစ်ယောက်ကတော့ ကျောက်ဖြူထောင်ထဲမှာ

    မိမိကိုယ်ကို သတ်သေသွားပြီလို ့သိရပါတယ် ။

Leave a Reply