မြန်မာငွေ ကို တန်ဖိုးချ၊ ငွေကြေးဖောင်းပွ အောင်လုပ်တာ ဘာကြောင့်လဲ။ဘာအတွက်လဲ။

the bestJune 7, 20121min18538

နိုင်ငံတော်ကနေ မြန်မာငွေ ဖောင်းပွအောင်နည်းမျိုးစုံသုံးပြီး

စနစ်တကျ လုပ်နေတာ စဉ်ဆက်မပြတ်ပဲ။

မော်တော်ယာဉ်တင်သွင်းတာနဲ ့ပတ်သက်ပြီး ဒေါ်လာဈေးတက်အောင် လုပ်လိုက်တယ်။

တဖြည်းဖြည်းချင်း အရှိန်ယူတက်နေတာ အရှိန်ကောင်းစပြုနေတုန်း

“တစ်သောင်းတန်ဂီယာ” ထိုးလိုက်ပြီ။

မနေ ့တနေ ့ကပဲ ဟိုအရေးဒီအရေးတွေကြောင့် နိုင်ငံတော်ကြီး လှုပ်လှုပ်ရွရွ ဒေါသမီးတွေ

တစ်နိုင်ငံလုံး မကူးဆက်အောင်ထိန်းထားကာ ရှိသေးတယ် “တစ်သောင်းတန် လေ” ကပင့်လိုက်ပြီ။

ထုံးစံအတိုင်း ကုန်ဈေးနှုန်းက စတက်တော့တာပဲ။ တာဆူနေပြီ။

ရွှေဈေးစတက်ပြီ။ မနက်ဖန်ကစပြီး ကုန်ဈေးနှုန်းက လိုက်လာတော့မယ်။

“ဟိုအရေးဒီအရေးတွေ” ကနေ “ဒီအရေးဟိုအရေးတွေ” ထပ်ဖြစ်လာအောင် လုပ်ချလိုက်ပြီ။

ဆင်းရဲသားတွေအတွက် “ဆင်းရဲမွဲတေမှုလျှော့ချတယ်” ဆိုတာ စတင်အရှိန်မြှင့်လိုက်တာလား။

ဒါမှမဟုတ် “ဆင်းရဲမွဲသေ” အောင်အရှိန်မြှင့် လုပ်လိုက်ပြီလား။

38 comments

  • သားဦး၊မြေးဦး

    June 7, 2012 at 10:54 pm

    အကြောင်းအရာတွေ တလှေကြီး ဆက်တိုက်ကိုလာနေပါရောလားဗျာ။
    နည်းနည်းတော့ အောက်ခြေလူတန်းစားတွေကို ငှဲ ့သင့်နေပီ။

  • padonmar

    June 8, 2012 at 12:05 am

    The Best ရေ
    ဆရာလုပ်တယ်တော့မထင်ပါနဲ့။ကျမ ဖတ်မှတ်မိသလောက် ရှင်းပြပါရစေ။

    ြမြန်မာကျပ်ငွေ တန်ဖိုးကျတယ်ဆိုရင် ကြားရတာကိုက နားဝင်ဆိုးပါတယ်။
    ဒါပေမယ့် အကျိုးအပြစ်တွေကိုသေချာချာတွက်ကြည့်ကြပါစို့။
    ကျပ်ငွေ ပွသွားရင် ရွှေဈေးတက်မယ်။အင်ပို့ပစ္စည်းတွေ ဈေးနည်းနည်းတက်မယ်ဆိုတာမှန်ပါတယ်။
    ဒါပေမယ့် ဝယ်လိုအားကျ(လက်ထဲငွေမရှိကြတဲ့)အခါ အပိုအမို မဝယ်ကြတော့တဲ့အတွက် ရောင်းချင်တဲ့သူတွေက တာရှည်ထိန်းမထားဘဲ အလိုက်သင့် လိုက်ရောင်းတတ်ကြပါတယ်။
    ဒါကြောင့် ကျပ်ငွေပွလို့ ကုန်ဈေးနှုန်းတက်ရင် အပြေးအလွှားလိုက်မဝယ်ဘဲ ခဏစောင့်ကြည့်ကြပါ။
    တစ်ပတ်လောက်ကြာရင် သူ့ဖာသာမျှခြေကို ပြန်ရောက်သွားပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။

    ကျပ်ငွေပွသွားရင် အိတ်စပို့ပစ္စည်းတွေ (ချက်ချင်းတော့ မတက်ပါ၊အချိန်ယူရပါတယ်) တဖြည်းဖြည်းတက်လာပါမယ်။
    စပါး၊ပဲ၊ပြောင်းနှမ်း စတဲ့ စိုက်ပျိုးသီးနှံတွေ ၊ ရေထွက်ကုန်တွေ တန်ဖိုးပိုရလာပါမယ်။
    လယ်သမား တွေ ရေလုပ်သားတွေဆီကို စီးဆင်းသွားပါလိမ့်မယ်။
    CMP လုပ်ငန်းခေါ်တဲ့ လက်ခစားလုပ်ငန်းတွေ အသက်ရှူချောင်သွားပါလိမ့်မယ်။
    ပထမကတော့ အလုပ်ရှင်တွေရတာပါ။ ပြီးရင် အထည်ကြေးနဲ့ တွက်ပြီးရတဲ့ အလုပ်သမလေးတွေဆီကို စီးဆင်းသွားပါလိမ့်မယ်။
    နိုင်ငံခြားထွက်အလုပ်လုပ်ပြီး အိမ်ကို ငွေလွှဲပေးနေတဲ့သူတွေရဲ့ ချွေးနည်းစာလေးတွေ တန်ဖိုးတက်လာပါမယ်။
    NGO တွေမှာလုပ်နေတဲ့ ဝန်ထမ်းတွေ ဝင်ငွေတိုးလာပါမယ်။

    ကဲ ၊ဘာကိုရွေးမလဲ။

    ကျပ်ငွေမာတိုင်းလည်း ကုန်ဈေးနှုန်းမကျပါဘူး။
    ဒါကိုကျပ် ငွေမာနေတဲ့ ၂၀၁ဝ ကနေ အခု ၂၀၁၂ ထိ စားဝတ်နေရေးစားရိတ်တွေ မကျတာက သက်သေခံပါလိမ့်မယ်။
    ကုန်ဈေးနှုန်းကျစေချင်ရင်နိုင်ငံ့ဝန်ထမ်းတွေပေါ်တည်ပါတယ်။
    Transaction Cost ခေါ်တဲ့ မကုန်သင့်ဘဲ ကုန်နေရတဲ့ အထွေထွေ လာဘ်ပေးရမှု ကြီးနဲ့ မလိုလားအပ်တဲ့ ချုပ်ကိုင်မှုတွေ(ခွင့်ပြုချက်လေးတစ်စောင်ရဖို့ စာအဆင့်ဆင့်တင်ရတာ၊ နေပြည်တော်ကို ခရီးစားရိတ် ငါးသောင်းလောက်အကုန်ခံသွားနေရတာမျိုးတွေ) ပပျောက်အောင်လုပ်ရပါမယ်။
    ပေးသင့်ပေးထိုက်တဲ့ အခွန်တွေ နိုင်ငံတော်ဘဏ္ဍာထဲမရောက်ဘဲ စားပွဲအောက်တွေမှာ စားပွဲပေါ်တွေမှာ စာအိတ်လေးတွေနဲ့ ပျောက်နေရတာတွေ လျော့သွားရင်
    ကုန်သည်ဆိုတာ သူ့ထက်ငါ များများ ရောင်းကောင်းချင်တဲ့သူတွေချည်းပါ။
    သူ့ဖာသာဈေးလျှော့ရောင်းလာပါလိမ့်မယ်။

    • the best

      June 8, 2012 at 2:02 am

      အထက်တန်းစားတွေအတွက် အချိန်တစ်ခုမှာ ဒူးနန် ့ပြီး မျှခြေရောက်သွားနိုင်ပေမဲ့၊
      အောက်ခြေဘဝသမားတွေအတွက် အဲဒီအချိန်တစ်ခုမှာပဲ မျှခြေရောက်ဖို ့ မချိ မဆန် ့ခံရမှာတော့ စိုးရိမ်မိပါတယ်။

      ငွေမာတဲ့အချိန် စားဝတ်နေမှုစားရိတ် အတိုင်းအတာ တစ်ခုအထိတော ့ကျခဲ့ပါတယ်။
      ဆက်ပြီးအဆင်ပြေတဲ့ အထိကျတဲ့ မျှခြေရောက်အောင်လုပ်ဖို ့ပဲလိုတယ်။

      ဈေးချလို ့ရပေမဲ့ ဝိသမလောဘသားတွေက မချရဲဘူး။
      မချရဲတာက တစ်ဖက်ကလည်း တစ်ဒေါ်လာ=၁၀၀ဝကျပ် အထိဆွဲတင်မယ်လို ့ ဗိန်းမောင်းတီးနေတယ်လေ။
      တစ်ဒေါ်လာ=၈၀ဝကျပ် က အတော်အခြေအနေကောင်းနေပါပြီ။
      အဲဒီလိုမျှခြေမျိုးကိုဘာကြောင့် ထိန်းမထားချင်တာလဲ။

      ၁၅ သိန်းတန် ဖုန်းတွေ ၂သိန်းဖြစ်လာပြီ။
      ၅၀၀ဝကျပ်ဖြစ်လာဖို ့မျှော်လင့်နေကြတဲ့ ပြည်သူတွေ ရှိနေတယ်။

      သိန်း၁၀၀ဝကျော် ကားတွေလည်း သူ ့အဆင့်နဲ ့သူ သင့်လျှော်တဲ့တန်ဖိုးရောက်လာရင်
      ကားဝယ်ဖို ့မျှော်လင့်နေကြတဲ့ ပြည်သူတွေ ရှိနေတယ်။

      ဒီလိုအခြေအနေမှာ ၁၀ဝကျပ်မှ ရောင်းတဲ့ ပဲပြုတ်တွေ ၅ဝကျပ်နဲ ့ဝယ်လို ့ရနေပြီ။
      ၁၀ဝကျပ်နဲ ့မိသားစု ၅ယောက်စားနိုင်ဖို ့မျှော်လင့်နေကြတဲ့
      ဘဝသမား အောက်ခြေအလွှာတွေ ရှိနေတယ် ဆိုတာလည်းမမေ့သင့်ဘူး။

      မနက်ဖန်..မနက်ဖန်တွေမှာ ဈေးကစားကြရင်း ဟားတိုက် ရီမောသံတွေနဲ ့
      ဘဝသမား အောက်ခြေအလွှာတွေ ရဲ့ ကြေကွဲ ငိုကြွေးသံတွေ ဘယ်အသံပိုကျယ်လာမလဲ။

      “ကုန်ဈေးနှုန်းကျစေချင်ရင်နိုင်ငံ့ဝန်ထမ်းတွေပေါ်တည်ပါတယ်။” ဆိုတာကတော့ လုံးဝထောက်ခံပါတယ်။
      အလုပ်မလုပ်ရသေးဘူး ကန်တော့ရတဲ့တန်ဖိုးက နဲ သလား။
      လုပ်ငန်းရှင်တွေအလုပ်မလုပ်ရခင် သူတို ့ကအမြတ်ရနေပြီ။
      နိုင်ငံတော်စီမံကိန်းတွေမှာ သူတို ့လိုချင်တဲ့ တန်ဖိုးငွေ ထည့်ပေါင်းပြီးမှ လုပ်ငန်းလုပ်ရတာ။

      “မသမာတဲ့နည်းလမ်းနဲ ့လုပ်နေလို ့ကတော့မြန်မာ ငွေတန်ဖိုးအပြင် မြန်မာနိုင်ငံပါ ကျသွားပါလိမ့်မယ်။”

      • Foreign Resident

        June 8, 2012 at 10:00 am

        ” တစ်ဒေါ်လာ=၈၀ဝကျပ် က အတော်အခြေအနေကောင်းနေပါပြီ။
        အဲဒီလိုမျှခြေမျိုးကိုဘာကြောင့် ထိန်းမထားချင်တာလဲ ”

        တစ်ဒေါ်လာ = ၈၀ဝကျပ် မှာ တိုင်းပြည်ရဲ့
        စီးပွားရေး လုပ်ငန်း အားလုံး
        ပြိုလဲလုနီးပါး အထိနာနေပါပြီ ။
        Export လုပ်ဖို့ အခြေအနေ မကောင်းတော့ပါ ။
        ဒီအတိုင်းသာ ဆက်သွားရင် ရှိရှိသမျှ စက်ရုံ ၊
        အလုပ်ရုံ လုပ်ငန်း အားလုံး ပိတ်ရတော့မှာပါ ။

        ကို the best သတိမထားမိလို့ပါ ။
        အခုကို ပုဇွန်တွေကို ယိုးဒယားက သွင်းပြီး စားနေပါပြီ ။
        ကြက်သားကို စင်္ကာပူက သွင်းပြီး စားနေပါပြီ ။
        ဒေါ်လာဈေး ဒီအတိုင်းပဲ ဆက်ရှိနေရင် ၊
        ဆန် ကိုပါ နိုင်ငံခြားက သွင်းပြီးစားဖို့ပါ စဉ်းစားနေပါပြီ ။

        ဒီအတိုင်းသာ ဆက်သွားရင်
        ပုဇွန်ဖမ်းတဲ့ ရေလုပ်သားတွေ ၊ ကြက်မွေးမြူရေးသမားတွေ ၊
        နောက်ဆို လယ်သမားတွေပါ အလုပ်လက်မဲ့ဖြစ်တော့မှာပါ ။
        နောက်ဆို မြန်မာနိုင်ငံက လူပဲ Export လုပ်နိုင်တဲ့နိုင်ငံ ဖြစ်တော့မှာပါ ။

        • the best

          June 9, 2012 at 12:44 am

          ရှိရှိသမျှ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်း တွေ အားလုံးပိတ်ရတော့ မဲ့အဆင့်မရောက်နိုင်ပါဘူး။

          စက်ရုံ၊ အလုပ်ရုံ လုပ်ငန်း တွေ အခြေအနေမကောင်းတာကလည်း အရည်အသွေးအဆင့်မမီတဲ့ ထုတ်ကုန်တွေကြောင့်ပါ။အရည်အသွေးပြည့်မီနေလို ့ကတော့ အလု အယက် ဝယ်ကြမှာပါ။

          စက်ရုံ၊ အလုပ်ရုံ လုပ်ငန်း တွေ ဒီလိုဖြစ်ရတာက
          (၁)စက်အိုစက်ဟောင်းတွေ၊ ညံ့တဲ့စက်တွေ ဝယ်မိတာကြောင့် ထုတ်လုပ်မှုစွမ်းအားကျရတယ်။
          (၂) ထုတ်လုပ်မှုနည်းပညာ ဟောင်းတွေ ကြောင့် ထုတ်လုပ်မှုနည်းစနစ်အရ ရှားပါးဈေးကြီးတဲ့ ကုန်ကြမ်းတွေအသုံးပြုရတယ်။
          ရည်မှန်းချက်အပြည့်မထုတ်နိုင်တာတွေရယ်ကြောင့် ထုတ်လုပ်မှုစားရိတ်ပိုကုန်လို ့ ဈေးမယှဉ်နိုင်တာတွေဖြစ်ရတယ်။
          (ထုတ်လုပ်မှုစားရိတ်မှာ ပြောပြရင်မကုန်နိုင်တဲ့ ဟိုစားရိတ်၊ဒီစားရိတ်ထည့်မပြောသေးဘူး။)
          (၃) အရည်အသွေးမမီတဲ့ကုန်ကြမ်း သုံးနေတာတွေ လည်းပါတယ်။

          အဓိက က စက်မှုပိုင်းဆိုင်ရာမကျွမ်းကျင်တော့ အလိမ်ခံရတာပါပဲ။
          ဒီလိုခေတ်မမီတဲ့ နည်းပညာကြောင့် လျှပ်စစ်စွမ်းအင်တွေပိုသုံးရတယ်။
          သဘာဝပတ်ဝန်းကျင်ထိခိုက်ရတယ်။
          နိုင်ငံနဲ ့လူမျိုးအတွက် နစ်နာရတယ်။
          ဒီလိုအကျိုးမပေးတဲ့စက်ရုံ အလုပ်ရုံတွေပိတ်ပစ်ရတာဝမ်းနည်းစရာမဟုတ်ပါ။
          ဥပဒေအရ လုံးဝတောင် ပိတ်သင့်နေပါတယ်။

          စက်မှုဇုံကြီးကြပ်ရေးကော်မတီက ဒီအချက်တွေပြုပြင်ဖို ့စနစ်တကျ စီမံဆောင်ရွက်နေပါပြီ။
          ဒီလို အမြော်အမြင်ရှိရှိ ပညာရှင်တွေနဲ ့ပူးပေါင်း အရည်အသွေးပြည့်တဲ့ စက်ရုံတွေပေါ်ပေါက်ရေး၊
          လုပ်ငန်းရှင်တွေအလိမ်မခံရအောင် လုပ်ဆောင်နေတာကို ဝမ်းမြှောက်စွာကြိုဆိုလိုက်ပါ။

          ဒီအတိုင်း ခေါင်းမာမာဆက်သွားနေရင် ၂၀၁၅ ခုနှစ်မှာ တစ်ရုံမှ ကျန်မှာမဟုတ်ဘူး။

          သားငါးပုဇွန်ထုတ်လုပ်မှုမှာ စနစ်မမှန်တာကြောင့်ရယ်
          ကလိမ်ကကျစ် သမားတွေကြောင့် နာမည်ပျက်ရတာတွေပါ ပါတယ်။

          လယ်သမားတွေ လယ်မဲ့လို ့ အလုပ်လက်မဲ့ဖြစ်မှာတော့စိုးရိမ်တယ်။
          လယ်ရှိပြီး ခေါင်းပုံဖြတ် မရှိလို ့ကတော့ လယ်သမားတွေ တွက်ချေကိုက်ပါတယ်။

          မြန်မာနိုင်ငံသားတွေဟာ ဘာသာတရားလက်ကိုင်ထားကြတာမို ့
          ယဉ်ကျေးတဲ့ မြန်မာနိုင်ငံသားတွေတိုင်းဟာ
          လူပဲ Export လုပ်မဲ့ အတွေးရိုင်း မတွေးနိုင်ပါဘူး။

          မြန်မာနိုင်ငံသားတွေရဲ့ သိက္ခာ ကမာ္ဘအလယ်မှာ ရာဇဝင် မရိုင်းစေရပါဘူး။

        • kks240979

          June 9, 2012 at 8:49 am

          ၁ ဒေါ်လာ ၁၀၀ဝ ကျပ်နှင့်အထက်မှ အဆင်ပြေမယ်ဆိုတာ ဒေါ်လာတွေ သန်းနှင့်ချီပိုက်မိနေတဲ့ စစ်အာဏာရှင်ခေတ်လက်ကျန် ခေတ်ပျက်သူဌေးတွေရဲ့ ခြောက်လုံး လှန့်လုံးပဲ ဖြစ်ပါတယ်။ သူတို့အတွက် ၁ ကျပ်တက်တက်၊ ၂ ကျပ်တက်တက် အမြတ်ချည်းပါပဲ။ အဲဒီဈေးတွေ ဖြစ်အောင်လည်း သူတို့ပဲ ဖန်တီးခဲ့တာပါ။

          ၁ဒေါ်လာ ၈၀ဝ ဖြစ်သွားလို့ လုပ်ငန်းရပ်လိုက်ရပါတယ်ဆိုတဲ့သူ တစ်ယောက်မှ မရှိသေးပါဘူး။ ကျုပ်ကိုယ်တိုင်လည်း စီးပွားရေးလုပ်နေသူ တစ်ယောက်ပါ။ ၁ ဒေါ်လာ ၁၃၀ဝ လောက်ရှိတုန်းကလည်း အဆင်ပြေအောင် ရပ်တည်နေခဲ့ရသလို အခုအချိန်မှာလည်း လုပ်ငန်းတိုးတက်ရာတိုးတက်ကြောင်း ကြိုးစားနေရဆဲပါပဲ။ အခုအခြေအနေကသာ ရေရှည်မှာ နိုင်ငံအတွက် အကျိုးများစေနိုင်ပါလိမ့်မယ်။

          တကယ်လို့ Foreign Resident ပြောသလို လူကိုပဲ Export လုပ်ရတော့မယ်ဆိုရင် ပထမဆုံးပို့ပစရမှာက Foreign Resident တို့လိုသူတွေပါပဲ။

        • Foreign Resident

          June 9, 2012 at 9:20 am

          kks240979 says:
          ” တကယ်လို့ Foreign Resident ပြောသလို လူကိုပဲ Export လုပ်ရတော့မယ်ဆိုရင်
          ပထမဆုံးပို့ပစ်ရမှာက Foreign Resident တို့လိုသူတွေပါပဲ ”

          ဟင် ။ ဒါဆို ။
          သားသား ကို Export လုပ်ပစ်ကြတော့မယ်ပေါ့ ။
          နိုင်ဂျံဂါးမှာ မျက်စိသူငယ် နားသူငယ် နှင့် ။
          ဒုက္ခတော့ အကြီးအကျယ် ရောက်ပါပြီ ။
          ရက်စက်လိုက်ကြတာ ။ အဟင့် ။
          😛

      • MaMa

        June 8, 2012 at 10:17 pm

        တစ်ဒေါ်လာကို ၈၀ဝ ဖြစ်ချင်တယ်။
        တစ်ဒေါ်လာကို ၁၀၀ဝ ဖြစ်ချင်တယ်။
        ဖြစ်ချင်တာကို ဖြစ်အောင် လုပ်တာထက်
        ဖြစ်သင့်တာတွေ ဖြစ်နေတာက ပိုသဘာဝ ကျပါတယ်။
        တန်ဖိုးဆိုတာ ဈေးကွက်သဘာဝအတိုင်း တန်ရာတန်ဖိုးပဲ ဖြစ်ရမှာပါ။
        ကြိုက်ရာတန်ဖိုး ဖြစ်ချင်လို့ မရပါဘူး။

        • the best

          June 9, 2012 at 12:53 am

          ဒီလို“ ဈေးကွက်သဘာဝအတိုင်း တန်ရာတန်ဖိုးပဲ” ဖြစ်သင့်ပါတယ်။
          အတင်း လုပ်ယူနေတာကို လက်မခံတာပဲ။
          “ကြိုက်ရာတန်ဖိုး ဖြစ်ချင်လို့ မရပါဘူး။” ဆိုတာအမှန်ဆုံးပဲ။

  • မောင်ပေ

    June 8, 2012 at 12:22 am

    ကျုပ် ပြန်တော့ ဒီလိုလေးကြားခဲ့ရတယ်
    * တစ်ကယ်ဆိုရင်လေမင်းမရှိတော့ရင် ဘဝ လဲ မရှိ*

  • kai

    June 8, 2012 at 12:58 am

    ကျုပ်ကတော့.. မြန်မာပြည်ဟာ.. ရှေးစွန်းစွဲ(Far right) တွေရဲ့.. ကြိမ်စာမိနေတဲ့.. တိုင်းပြည်လို့ပြောခဲ့ဖူးတယ်..။
    Stiglitz က သယံဇာတကြိမ်စာတဲ့..
    ကြိမ်စာ၂ထပ်နဲ့.. ကြေစေ. .:)
    =
    Myanmar Needs Sovereign Wealth Fund to Avoid Resources Curse: Stiglitz
    Published: Tuesday, 5 Jun 2012 | 9:02 PM ET

    By: Sri Jegarajah

    Myanmar would benefit from securing the revenue accumulated through its oil and natural gas sales into a sovereign wealth fund, helping the fledgling democracy avoid the “resources curse” and distributing wealth more equitably, Former World Bank Chief Economist Joseph Stiglitz told CNBC.

    “Many countries with large natural resources have not done well. They’ve not done well in terms of growth, equity, poverty reduction and so much so that this is called the natural resource curse and we’ve studied the causes and what can be done about it,” the Nobel prize-winning economist said during an interview on the sidelines of the World Economic Forum on East Asia in Bangkok.

    “One of the imperatives is that the funds be used well for the benefit of all the citizens and that’s part of the inclusive growth agenda,” Stiglitz said.

    He added that, however, mismanagement of the fund could lead to depreciation of the currency. Currency depreciation “makes it difficult for farmers to sell their goods internationally, imports come in and destroy jobs in the country,” Stiglitz warned. “So managing the exchange rate is very important and the stabilization fund can be part of the mechanism for managing the exchange rate.”

    Myanmar’s oil and gas income is expected to rise significantly as the country’s neighbors – which include regional economic powerhouses China and India – spend millions on developing natural gas fields to extract the fuel vital for their own growth.

    In January, Myanmar’s energy ministry pegged natural gas reserves at 22.5 trillion cubic feet, almost double the 11.8 trillion estimated by oil major BP [BP 38.73 0.54 (+1.41%) ] last year.

    Revenue from natural gas exports from Myanmar’s M9 block has netted an estimated profit of $3.86 billion, while the Shwe Gas pipeline to southern China, which is due to be completed in 2013, would earn state firms $29 billion over a 30-year period, plus an annual transit fee of $150 million, Reuters reported.

    Stiglitz said given volatile oil and gas prices, a stabilization fund could also help Myanmar manage wild swings in energy prices.

    But details of how much revenue the country is making from oil and gas, its biggest source of income, is being hidden from the public and kept off the national budget, just as it was under the military junta that ceded power last year, Reuters reported on March 22, citing the Arakan Oil Watch group.

    “Military leaders have been exporting these resources for over a decade, leaving the people to suffer from chronic energy shortages and some of the lowest development indicators in the world,” the group said in a report titled Burma’s Resource Curse.

    Persistent power shortages in the country have triggered protests in several cities in Myanmar last month, a fact not lost on Nobel laureate Aung San Suu Kyi, who called for an energy policy when she addressed delegates at the World Economic Forum in the Thai capital last week, in her first trip outside the country in more than 24 years.
    http://www.cnbc.com/id/47698494

  • THE MOON

    June 8, 2012 at 1:04 am

    လူတွေရဲ့ပိုင်ဆိုင်မှ ုတွေထဲမှာငွေကြေးကအဓိကနေရာကပါနေတယ်။
    မိမိပိုင်ဆိုင်သောငွေစက္ကူတန်ဘိုးမဲ့(တန်ဘိုးလျော့)သွားမှာကိုလူတိုင်း
    မလိုလားကြပါဘူး။
    ယနေ့1ဒေါ်လာ=850ကျပ်ဖြစ်နေသည်ဆိုပါစို ့။
    850ကျပ်ရှိသောမြန်မာနိုင်ငံတွင်းနေထိုင်သူအနေနဲ ့1ဒေါ်လာပိုင်ဆိုင်ပါသည်။
    ယနေ့1ဒေါ်လာ=1000ကျပ်ဖြစ်နေသည်ဆိုလျှင်
    850ကျပ်ရှိသောမြန်မာနိုင်ငံတွင်းနေထိုင်သူအနေနဲ ့0.85ဒေါ်လာသာပိုင်ဆိုင်ပါတော့သည်။
    ပိုင်ဆိုင်မှ ု15%လျော့သွားပါလိမ့်မည်။
    တခုတော့ရှိတယ်မူလက1ဒေါ်လာရှိတဲ့သူကတော့150ကျပ်(15%)ပိုင်ဆိုင်မှ ုပိုလာမှာပါ။

    မြန်မာနီုင်ငံမှာရှိတဲ့လူဥိးရေသန်း60ရဲ့ပိုင်ဆိုင်မှ ုဟာ(ကျပ်)ငွေဖြစ်ပါတယ်။ဒေါ်လာမဟုတ်ပါဘူး။
    လူဥိးရေသန်း60ထဲကတချို ့သာ(ကျပ်)+(ဒေါ်လာ)ကိုပိုင်ဆိုင်ကြတာပါ။
    ယနေ ့နိုင်ငံတော်အစိုးရကဘာကြောင့်ပြည်သူတွေရဲ့ပိုင်ဆိုင်မှ ုကို15%လျှော့ကျအောင်ကြိ ုးစား
    နေတယ်ဆိုတာကိုစဉ်းစားလို ့မရပါ။တကယ်ဘဲမြန်မာနိုင်ငံမှာမြန်မာငွေတန်ဘိုးလျော ့မှနိုင်ငံတော်
    ကြီးတိုးတက်မှာလား။
    ပြည်သူတွေရဲ့ပိုင်ဆိုင်မှ ုကို15%လျှော့ကျသွားတာဟာဆင်းရဲမွဲတေမှ ုလျော့ကျတာလား။
    15%ပိုပြီးဆင်းရဲသွားတာလားဆိုတာတော့သေချာတွေကြည့်ဘို ့တော့လိုမယ်နော်။

    မြန်မာနိုင်ငံမှာဒေါ်လာပိုင်ဆိုင်ကြတာကလူနဲစုပါ။
    လူနဲစုရဲ့အကျိုးအတွက်တန်ဘိုးရှိတဲ့မြန်မာငွေ(ကျပ်)ကိုတန်ဘိုးလျော့အောင်မလုပ်စေချင်ပါ။

    • kai

      June 8, 2012 at 2:54 am

      အဲလောက်ကြီးလွယ်လွယ်တော့မတွေးးစေချင်ပါဘူး.. အင်မတန်ရှုပ်ထွေးတာပါ..

      သာမန်အားဖြင့်..တိုင်းပြည် ထုက်ကုန်သွင်းကုန်ကိစ္စမှာ.. မြန်မာငွေဈေးကျရင်.. ထုတ်ကုန်တက်ပါတယ်…။
      ထုတ်ကုန်တက်တော့.. တိုင်းပြည်ဝင်ငွေပိုပါတယ်..
      ဝင်ငွေပိုတော့..ချမ်းသာလာကြတယ်ဆိုပါတော့…

      ဈေးကွက်အတိုင်းမျောထားတာအမှန်ဆုံးဖြစ်ပြီး.. အခုကိစ္စကို..ကမ္ဘာ့စီးပွားရေးပညာရှင်ကြီးတွေ အကြံဉာဏ်နဲ့ လုပ်တာလို့.. ယူဆပါတယ်.
      ကောင်းသွားမှာပါ..။ :mrgreen:

    • siamonone

      June 8, 2012 at 4:37 pm

      အကိုက မြန်မာနိုင်ငံ ကလူတွေ ရဲ့ဈေးနှုန်း နဲ့ ဒေါ်လာနဲ့ တွက်လိုက်တော့ ဒီလိုဖြစ်သွားတယ်ထင်ပါတယ် ..
      ဥပမာ (1 US = 800 ) မှာ ထမင်းစားတယ် ဆိုပါစို့ .. တစ်ပွဲ ၈၀ဝ ကျပ် ပေးရတယ် . ဒါဆို တစ်ပွဲ ၁ ဒေါ်လာကျပါတယ် နော် ..
      တကယ်လို့ (1US = 1000) မှာ ထမင်းစားတယ် .. တစ်ပွဲ ၈၀ဝ ကျပ်ကတော့ တက်မှာ မဟုတ်ပါဘူး .. ဒါဆို တစ်ပွဲ .. ဘယ်လောက် နေမှာပါလဲ ? 1 ဒေါ်လာထက်တော့ လျော့ သွားမှာပေါ့ ..
      တကယ်တော့ ငွေကြေးတက်တာကျတာ . နည်းနည်းလေးပြောင်းရုံနဲ့တော့ နိုင်ငံ့ အတွင်းက စီးပွားရေးကို မထိခိုက်ပါဘူး .. သူတို့က ဒေါ်လာနဲ့ ငွေချေနေတာမှ မဟုတ်တာ ..
      တကယ်ထိခိုက်တာက .. ဒေါ်လာနဲ့ချိတ်ဆက်ထားရတဲ့ သူတွေနဲ့ တိုက်ရိုက်ထိခိုက်နေတာပါ .. ပြီးတော့ နိုင်ငံတော် ဘဏ္ဍာငွေ .. ဒါတွေထိခိုက်နေတာ .ပါ ဒါကြောင့် .. မြန်မာငွေတန်ဖိုးချချင်နေတယ်လို့ ထင်ပါတယ် .. ( ကျွန်တော်လည်း ယောင်ဝါးဝါး ပဲရှိသေးတာပါ ငွေကြေးအတွက်အချက်မှာ .. မှားရင်လည်း ထောက်ပြနော် .. ဟီး )

  • Wai Phyoe

    June 8, 2012 at 9:05 am

    ဘယ်သူမှဖောင်းပွအောင်လုပ်မနေပါဘူး
    တစ်သောင်းတန်ထွက်တာနဲ့ပဲ ကုန်ဈေးနှန်းတက်တယ်ပြောရအောင်ဘာအထောက်ထားနဲ့ပြောတာပါလဲ
    ရွှေဈေးလဲမတက်ပါဘူးလောလောဆယ။် အထောက်ထားနဲ့ထောက်ပြတဲ့စာက professional ကြမယ်လို့ထင်ပါတယ်။ ခုဖြစ်နေတဲ့ လှုပ်၂ရွ၂တွေကိုလေပင့်တိုက်နေတာကလဲ အထောက်ထားမရှိပဲနဲ့ ဇွတ်လက်ညိူးထိုးနေတဲ့ Media နဲ့ post တွေကြောင့်လိုပဲယူဆပါတယ်

  • kuroko

    June 8, 2012 at 9:14 am

    သူကြီးပြောတာဟုတ်ပါတယ်…စက်မှုဝန်ကြီး ဦးစိုးသိန်းကလည်း ”ကျွန်တော်မြန်မာငွေမာနေတာ သိပ်မကြိုက်ဘူး..ကြိုးစားနေပါတယ်။ အစီအစဉ်လေးတစ်ခုရှိပါတယ်။အဆင်ပြေရင် ပြေသလို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲသွားအောင် လုပ်ဖို့ အစီအမံရှိကြောင်း ဖြည့်စွက်ပြောကြားလိုပါတယ်”ဟု ချက်ထရီယမ်ဟိုတယ်တွင်ပြုလုပ်သော မြန်မာ့CMP (လက်ခစား)လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း မနေ့က(၇-ရက်)ထုတ် 7Day News မှာ ဖတ်လိုက်ရပါတယ်…အဲဒီမှာထဲက အရိပ်အမြွက်ပြောသွားတယ်လို့ထင်ပါတယ်…တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို အနည်းဆုံး တစ်ထောင်အထက်ထားချင်တဲ့ ရည်ရွယ်ချက်လို့ ထင်ပါတယ်…သို့မှသာ ထုတ်ကုန်တန်ဖိုးတက်လာစေချင်တဲ့ ဆန္ဒလို့ထင်ပါတယ်…

    • the best

      June 9, 2012 at 11:05 am

      ထုတ်ကုန်တန်ဖိုးတက်လာစေချင်ရင် အရည်အသွေးပြည့်မီတဲ့ ထုတ်ကုန်ရအောင် နည်းပညာကောင်းတွေရအောင်ရှာရမယ်။ ခေတ်မီတဲ့စက်တွေသုံးရမယ်။
      ခေတ်မီတဲ့ ထုတ်လုပ်မှုနည်းစနစ် ကောင်းကောင်းနဲ ့ထုတ်ပြီး မှန်မှန်ကန်ကန် ရောင်းရင်
      ထုတ်ကုန်တန်ဖိုးတက်လာမှာပါ။ နိုင်ငံလည်းသိက္ခာရှိမယ်။
      မြန်မာ့ထုတ်ကုန်ကို ယုံယုံကြည်ကြည်အားပေးလာမယ်။
      များများရောင်းရရင် အမြတ်မျုားများရမယ်။
      ဒါမှ မှန်ကန်တဲ့စိမ်ခေါ်မှုပါ။ပွင့်လင်းတဲ့စိမ်ခေါ်မှုပါ။

      kuroko ပြောပြသလို
      စက်မှုဝန်ကြီး ဦးစိုးသိန်းကလည်း ”ကျွန်တော်မြန်မာငွေမာနေတာ သိပ်မကြိုက်ဘူး..ကြိုးစားနေပါတယ်။ အစီအစဉ်လေးတစ်ခုရှိပါတယ်။အဆင်ပြေရင် ပြေသလို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲသွားအောင် လုပ်ဖို့ အစီအမံရှိကြောင်း ဖြည့်စွက်ပြောကြားလိုပါတယ်” ဆိုတဲ့စကားရပ်ရဲ့နောက်ကွယ်မှာ
      မရိုးသားမှုတွေ၊ကိုယ်ကျိုးရှာမှုတွေ၊ မိမိစုဆောင်းထားတဲ့ နိုင်ငံခြားငွေကြေးတွေကို
      မသမာတဲ့နည်းလမ်းနဲ ့တိုးပွါးအောင်အုပ်စုဖွဲ ့ကြံစည်နိုင်တဲ့သဘော ဖြစ်လာနိုင်တယ် ဆိုတဲ့သံသယခံစားမိနိုင်ပါတယ်။
      လူကြားကောင်းအောင် ထုတ်ကုန်တန်ဖိုးတက်လာရင် ဘာဖြစ်တယ်ညာဖြစ်တယ် ဗန်းပြပြီး
      မသမာတဲ့နည်းလမ်းနဲ ့အုပ်စုဖွဲ ့ကိုယ်ကျိုးရှာဖို ့ကြံစည်နေမယ်လို ့လည်းယူဆနိုင်ပါတယ်။
      ဒါကြောင့် “ကျွန်တော်မြန်မာငွေမာနေတာ သိပ်မကြိုက်ဘူး..ကြိုးစားနေပါတယ်။ ”လို ့ ့ပြောတာလည်းဒီသဘောသက်ရောက်နိုင်ပါတယ်။
      တစ်နိုင်ငံလုံးသာတူညီမျှ ခံစားကြရမဲ့ အစီအမံဆိုကောင်းမှာပဲ။

      “အဆင်ပြေရင် ပြေသလို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲသွားအောင် လုပ်ဖို့ အစီအမံရှိကြောင်း”
      လို ့ဆိုပြီး စီမံနေတာလည်းများနေပါပြီ။
      အခုထိအဆင်မပြေသေးဘူးလား။
      ဒါမှမဟုတ် ဒီလောက်နဲ ့မတင်းတိမ်နိုင်သေးဘူး။
      ကျွန်တော်တို ့အဖွဲ ့ အဆင်မပြေကြသေးဘူးလို ့ထင်နေသေးလို ့၊
      ကျွန်တော်တို ့အဖွဲ ့ ဒီထက်မကအဆင်ပြေအောင်စီမံနေကြတာလား။

      စက်မှုဇုန် အဆင့်မြင့် သိက္ခာရှိအောင် စီမံနေတာကိုတော့ အထူးကြိုဆိုပါတယ်။

  • Wai Phyoe

    June 8, 2012 at 9:23 am

    မှန်တယ်ဗျာ တစ်သောင်းတန်ထုတ်လိုက်တဲ့နောက်မှာ နိင်ငံကောင်းဖို အစီစဉ်တွေအများကြီးပါ
    ဒေါ်လာစားတွေအတွက်လဲမျှော်လင့်ချက်ရောင်ခြည်လေးတွေသန်းလာသလို ကုန်တင်သွင်းမှူလုပ်ငန်း
    မှာလဲ အများကြီးအထောက်ကူဖြစ်ပါတယ်။ Bank တွေကလဲ International နဲ့ချိန်ပြီး လုပ်ရမယ့်အချိန်ဆိုတော့ Direct Currency Change မှာကလဲ 5000 တန်လောက်နဲ့ အဆင်မပြေတော့ပါဘူး
    ရပ်ကွက်ထဲမှာဈေးဝယ်ဖို့ခက်တယ်ဘာတယ်နဲ့အာချောင်နေရမယ့်အချိန်မပာုတ်ပါဘူး ၁၀၀၀ဝ ထုတ်လို့ ကျန်တဲ့ပိုက်ဆံတွေလျှော့ထုတ်မှာမှမပာုတ်တာ လက်တဆစ်အတွေးလောက်နဲ့ အာရိုက်နေရင်တော့ ဈေးသည်ပဲလုပ်တော့ပေါ့ဗျာ

  • Wai Phyoe

    June 8, 2012 at 9:25 am

    ွှThe Best ပြောတဲ့ထဲမှာ “ဆင်းရဲမွဲသေ” အောင်အရှိန်မြှင့် လုပ်လိုက်ပြီလား။ဆိုတဲ့ပာာလေးကိုမေးခွန်းထုတ်ပါရစေ တစ်သောင်းတန်ထုတ်လို့ဘာတွေမွဲပြီးဘာတွေသေမှာလဲခင်ဗျာ အကျိုးအကြောင်းလေးနဲ့ ရှင်းပြစေလိုပါတယ်
    ဘာကြောင့်ပါလဲ တစ်သောင်းတန်ထုတ်တော့ အဲ့လိုအကျိုးဆက်ဖြစ်စေမယ့်အကြောင်းရင်းကဘာပါလဲခင်ဗျာ

    • the best

      June 8, 2012 at 12:27 pm

      ဈေးသည်အတွေးနဲ ့ပဲ စိုးရိမ်နေရတာပါ။
      ဂျပန်မှာ ဈေးသည်၊ဈေးဝယ်တိုင်းက ၁ ယန်း ကအစ ယူတယ်၊ အမ်းတယ်။
      မြန်မာမှာ ၁ကျပ်ဆိုတာ ငွေလို ့တောင် သတ်မှတ်သေးလား။
      ဈေးသည်လုပ်ရတဲ့ ဒုက္ခကို ခံစားပေးပါအုံး။

      ကုန်ဈေးနှုန်းတွေ မကျတောင် ထပ်မတက်စေချင်ဘူး။
      ဈေးသည်မှာ ဈေးလာဝယ်တဲ့ သူတွေ ငြီးသံတွေ ကျယ်ကျယ်လောင်လောင် မကြားရရင်
      တစ်သိန်းတန်ထုတ်လည်း ဈေးသည် မစိုးရိမ်ပါဘူး။
      ဈေးသည်တို ့ဘဝ ငွေကြေးဖောင်းပွလို ့ တစ်နေ ့လုပ် တစ်နေ ့မစားနိုင်မှာပဲ စိုးရိမ်နေရတာပါ။

      ဈေးသည်တို ့မှာ“ ဒေါ်လာ ” ငွေနဲ ့ ပဲပြုတ်ရောင်းနေရတာမှမဟုတ်တာ။
      “ဒေါ်လာ” နဲ ့ပဲပြုတ်ရောင်းတဲ့စနစ်ဆိုရင် ဈေးသည်လည်း တစ်ဒေါ်လာ=၁၀၀ဝကျပ် ဆို နဲသေးတယ်ပြောမှာပဲ။
      “ဒေါ်လာ” ကိုမြန်မာငွေနဲ ့လဲ မီတာခတွေ၊ စည်ပင်ခတွေဆောင်မယ်။အမြတ်ခွန်ဆောင်မယ်။
      နဂါးနီတန်ခိုး မလိုတော့ဘူး။ပဲပြုတ်တန်ခိုးနဲ ့အကျိုးထူးတွေရတော့မှာ။

      အခုတော့ “မြန်မာကျပ်” ငွေနဲ ့ဈေးသည်ဆီဈေးလာဝယ်တဲ့ ဈေးဝယ်တွေဈေးတင်ရောင်းရတဲ့အခါ၊
      မသက်သာလို ့ပဲပြုတ်လျှော့ပေးရတဲ့အခါ ဈေးသည်အရမ်းကိုယ်ချင်းစာမိတယ်။
      အရမ်းစိတ်မကေင်းဖြစ်မိပါတယ်။
      အော် “ဒေါ်လာ”စားတွေအတွက် ဈေးသည်တို ့ဘဝတွေ အသက်တွေ စတေးပေးရမှာပါလား။
      အေးလေ..ဒါမှ“ဆင်းရဲမွဲတေမှု”လျှော့ချစရာတောင်မလိုတော့ပဲ၊လုံးဝ ပပျောက်သွားမှာပေါ့။
      သူတည်းတစ်ယောက်ကောင်းဖို ့ရာ ပဲပြုတ်သည်တွေပျက်ရသည်သာ ဓမ္မတာပေါ့လေ။

      ဈေးဝယ်တွေကိုသနားတယ်။ဈေးသည်လည်းဒါရောင်းကုန်ရင် ဈေးဝယ်ရအုံးမယ်။
      ဈေးသည်ကို ဘယ်သူ သနားအုံးမလဲ။

      ဒါကြောင့်စိုးရိမ်ပြီး “လက်တစ်ဆစ်”လောက်ပဲတွေးပြီး ရေးမိတာပါ။
      “လက်တံတောင်”လောက်ထိတွေးပြီးရေးရရင်တော့ …အို..ဈေးသည်ဘဝမတွေးရဲ၊မတွေးဝံ့ပါဘူး။

      လက်တွေ ့ မနေ ့က ကျေငြာချက်ကြောင့် ဈေးသည်ဈေးဝယ်တွေဘာဖြစ်နေကြပြီလဲ။သိကြရဲ့လား။
      အခြေအနေကောင်းရင်“လက်တစ်လံ”လောက်တွေးပြီးချင် ရေးချင်တယ်ဗျာ။

  • Foreign Resident

    June 8, 2012 at 9:41 am

    အဘ လိုရင်းပြောရရင်တော့ ။
    တစ် ဒေါ်လာ ကို မြန်မာငွေ တစ်ထောင် အထက် မရောက်မချင်း ၊
    မြန်မာနိုင်ငံ စီးပွားရေး မအောင်မြင်နိုင်ဘူးလို့ ထင်နေတယ် ။

    ဒေါ်လာ ကို တစ်ထောင် အထက် ကို ဆွဲတင်သင့်တာ ကြာနေပြီ ။

    ဒါတွေဟာလည်း IMF တို့ World Bank တို့ရဲ့ အကြံပေးမှုပါ ။

    ဒါကြောင် တစ်သောင်းတန် ထုတ်တာကို ထောက်ခံပါတယ် ။
    မြန်မာငွေ ဖေါင်းပွအောင် လုပ်ရမယ့် အချိန် ရောက်နေပါပြီ ။

    • Azzurri

      June 8, 2012 at 10:06 am

      ထောက်ပြသွားတာများ …
      စကားလုံး အကြီးကြီးတွေ မသုံးဘဲကို …
      လိုရင်း ကွက်တိဗျား …
      အဲ့ဒါကြောင့် အဘဖော အဘဖော လို့ နာမည်ကြီးနေတာကိုး
      😛

    • Victory

      June 8, 2012 at 4:12 pm

      “မြန်မာငွေ ဖေါင်းပွအောင် လုပ်ရမယ့် အချိန် ရောက်နေပါပြီ ။”?????????????
      ————————————–
      ဒီစကားမျိုးဟာလက်လွတ်စပယ်ပြောလို့မရပါဘူးဗျာ။မြန်မာပြည်ဟာငွေဖောင်းပွမှုမြင့်ပြီးသားနိုင်ငံတနိုင်ငံပါ။
      လက်ဘက်ရည်ဆိုင်မှာပြောတဲ့စကားမျိုးနဲ့ကိုယ်တိုင်ကောင်းကောင်းနားမလည်တဲ့သဘောတရားတခုကို
      အရမ်းမပြောသင့်ဘူးလို့ဆိုပါရစေ။စဉ်းစားစေလိုပါတယ်။

  • kyarphyu

    June 8, 2012 at 10:57 am

    ၁၀၀၀ဝ တန် ပိုက်ဆံနဲ လိုင်းကား စီးရရင်တော့…မချောင်ဘူး….

  • htoosan

    June 8, 2012 at 11:05 am

    ဘဖောနဲ့ ဂီဂီတို့ ကို ဒေါ်လာစားတွေဆိုတော့ သူတို့ကတော့ ပြောမှာပေါ့လို့ ပြောကြတော့မယ်ထင်တယ် .. 😀 😀
    ဒေါ်လာစားမဟုတ်တဲ့ ကျွန်တော်လည်း မြန်မာငွေ ကျသင့်တယ်ဆိုသည်ကိုထောက်ခံပါသည်။
    ဂျပန်လို စီးပွားရေး အင်အားကြီးနိုင်ငံတောင် သူတို့ ငွေ အရမ်းမာ လာမှာ ကြောက်ကြပါသည်။

  • မှော်ဆရာ

    June 8, 2012 at 12:16 pm

    တခြားတော့ မသိဘူးဗျာ …
    ဒေါ်လာဈေးတက်တော့ အိတ်စပို့ သမားတွေတော့ ကောင်းပါရဲ့
    သူများဆီက အင်ပို့လုပ်ရတဲ့ ကွန်ပျူတာ ပစ္စည်းတွေတော့ ဈေးတက်တော့မှာပေါ့နော် … ဟင့် ဟင့်
    သားသားတော့ တေပါပီ …

    • MaMa

      June 8, 2012 at 10:33 pm

      မှော်ဆရာလို့လည်း နာမည်ခံထားသေးရဲ့။
      ရှေ့ရေးကို မျှော်တွေးပြီး တဟင့် ဟင့် နဲ့ ငိုသံပါလေး ပြောနေတာ သနားစရာ။ 😛
      ကဲ- ဒီလို စဉ်းစားကြည့်လိုက်ပါဦး။
      ဒေါ်လာဈေးတက်တော့ တောင်သူတွေ ငွေရွှင်မယ်။
      အဲဒီတော့ တောင်သူတွေ အိမ်တိုင်း အင်တာနက်ချိတ်ဆက်နိုင်မယ်၊
      ကွန်ပြူတာ ဝယ်ကြမယ်ဆိုရင်……………..
      ကွန်ပူတာလည်း အရင်ကထက် ၂ဆ ၃ဆ တိုးပြီး ရောင်းကောင်းးးးးးးးးးး
      ကွန်ပူတာသင်တန်းသူားတွေလည်း အရင်ကထက် ၂ဆ ၃ဆ တိုးလာာာာာာာာာာ
      အင်တာနက် အီးမေးလ်တွေလည်း ကိုယ်စားလှယ်ယူပြီး တပ်ဆင်ပေးးးးးးးးးးးးး
      ဟေးဟေး
      ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေး ဟေးဟေးးးးးးးးးး
      (မှော်ဆရာ၏ မပြီးဆုံးနိုင်သော ရယ်သံများ)

  • ဦးဦးပါလေရာ

    June 8, 2012 at 12:39 pm

    တကယ့်အမှားက တဒေါ်လာကို တထောင်အောက်ရောက်တာကို ပြာပြာသလဲအရေးမယူပဲ ငြိမ်ကြည့်နေတာကြောင့်ပါ။
    အခုမှတော့ အတင်းပြန်ဆွဲချမှ ဖြစ်မယ်ဆိုရင်လဲ ဆွဲချကြပေါ့…

    အဲဒီဆေးကြီး တော်တော်ခါးမှာတော့ သေချာတယ်..။

  • may flowers

    June 8, 2012 at 12:59 pm

    ၁ ဒေါ်လာ = ၁၀၀ဝ ကျပ်

    ကြိုက်တယ်…ဆက်လုပ်။

  • ပေစိ

    June 8, 2012 at 4:02 pm

    ကောင်းတယ်ဗျာ မန့်တွေဖတ်ရတာ အရသာရှိတယ် ဘာပဲပြောပြော ဖြဲမပြောသလို ၁ဝ တော့ယူသွားဦးမယ် နော်

  • ထာဝရ

    June 8, 2012 at 8:24 pm

    တသောင်းတန်ထုတ်တာ ဟိုအကြောင်း ဒီအကြောင်းကြောင်.
    မဟုတ်ဘူး အသုံးစရိတ်မရှိလို.ထပ်ထုတ်တာ ( ကျွန်တော.အထင်ပါ )
    နိင်ငံတကာမှာရော ဒီလိုဘဲ ထုတ်ချင်သလိုထုတ်ပြီးမှလူထုကိုအသိပေးတာလား
    လွတ်တော်အမတ်တွေတောင် ဘာမှဝင်ပြောပိုင်ခွင်.မရှိရှာဘူး(သိတောင်သိမယ်မထင်ဘူး)
    မြန်မာနိင်ငံမှာဗဟိုဘဏ်ဟာ အစိုးရလက်အောက်မှာလားသီးခြားရပ်တည်နေတာလား
    ထူးဆန်းတာတခုကတော. ရိုးမဘဏ်ဟာ အခြေခံဘဏ်အလုပ်ဖြစ်တဲ. saving A/c
    တောင်ဖွင်.လို.မရ လက်ရှိအကောင်.တွေမှာလဲသုံးလို.မရဘဲ ငွေလွဲလုပ်ငန်း တခုထဲနဲရပ်တည်နေတာကို ဘဏ်လို.အမည်ထပ်ခွင်.ပြုထားတဲ. မြန်မာနိင်ငံရဲ. ဘဏ်စနစ်ကတော.အံရောဘဲ

  • padonmar

    June 8, 2012 at 8:36 pm

    FR (or) ဂီဂီ
    သဂျီးမင်းမိန့်တော်မူတဲ့ သယံဇာတကျိန်စာအကြောင်း နည်းနည်းလောက် ထပ်ဆင့်ရှင်းပေးပါလား။
    သဂျီးကိုတော့ သပိတ်မှောက်ထားလို့ မမေးချင်ပေါင်။(ရန်ကုန်ကိုတိတ်တိတ်လေးလာသွားလို့)

    • Foreign Resident

      June 9, 2012 at 10:04 am

      မ padonmar
      ဘာသာပြန်ပေးရမှာလား ။
      Post တစ်ခု ဖြစ်သွားမယ် ထင်တယ် ။
      ကြာမယ်နော် ။ နဲနဲ စောင့် ။

      ဟင့် ။ သူလဲ ဘိုလို လဲတတ် ၊
      အိမ်သာနက် လဲ ရှိရဲ့သား နှင့် ၊
      သများ တို့ကို မျက်မှန် ပါဝါ တက်အောင် လုပ်နေပြန်ဘီ ။

      စကား မစပ် ။
      ပညာရှင် တစ်ယောက်က ရေးထားတာကတော့ ၊
      မြန်မာပြည်ဟာ သယံဇာတကျိန်စာ တစ်ခုတည်း မကဘူးတဲ့ ၊
      ကြိမ်စာ စုစုပေါင်း ၅ မျိုး မိနေတယ် ပြောတာပဲ ။

      • MaMa

        June 9, 2012 at 10:26 am

        သဂျီးရဲ့စာတွေကို အတုံးလိုက် မစားပဲ စဉ်းစားကြည့်ချင်လို့ပါ။
        ကျိန်စာ ၅ မျိုးတောင် ဆိုပါလားးးးးးးးးးးးးးး :rolleyes:

    • Victory

      June 9, 2012 at 10:34 am

      ကျိန်စာ က ဆရာစတစ်ဂလစ်ရဲ့ စကားပါ။
      မူရင်းစကားလုံးက “ထောင်ချောက်”၅ ခု ဆိုပြီး နာမည်ကြီးခဲ့တာပါ။
      အောက်ကစာအုပ်မှာရေးထားတာပါ။
      The Bottom Billion: Why the Poorest Countries are Failing and What Can Be Done About It is a 2007 book by Paul Collier, Professor of Economics at Oxford University,

  • htoosan

    June 9, 2012 at 8:28 am

    အန်တီပဒုမ္မာ .. ကွန်ဂရက်ကျူလေးရှင်း …
    ရွာသူားတွေသိကြရဲ့လား …. တစ်သောင်းတန်မှာ ဒို့ အန်တီပဒုမ္မာကို ဂုဏ်ပြုထားတယ် .. 😀

  • padonmar

    June 10, 2012 at 12:48 am

    ကထူးဆန်းရေ
    ဂုဏ်ပြုတယ်ဆိုတော့ ကျေးကျေး။
    အင်း………ဒို့ရွာသားတွေကို အမှတ်တရ တစ်ယောက်တစ်ရွက်စီဝေပေးရရင် ကောင်းမလား…………..
    စဉ်းစားနေပါတယ်………….
    ဒါထက် အပေါ်မှာ ကြာဖြူဆိုတာတွေ့ရတော့ သူနဲ့ဆိုရင် ပိုဆိုင်မယ်ထင်တယ်။
    (ပို့စ်ပိုင်ရှင်ရေ ခွေးလွှတ်ပါနော်)

    အဘဖေါရယ်
    ကျမက အင်ဂုလိလို သိပ် မတတ်လို့ပါ။
    နောက်ပြီး အဘက အချက်အလက် အထောက်အထားစုံစုံလင်လင်နဲ့ ငြင်းတတ်(မှားလို့)ရှင်းတတ်တယ်လေ။
    ဒီအချက်ဟာ ကျမတို့တိုင်းပြည် စီးပွားရေးနလံထူဖို့မှာ အရေးပါတာမို့
    ပို့စ်တစ်ပုဒ်ဖြစ်အောင်ကို ရှည်ရှည်လေးရေးပေးပါလို့ မြှောက်ပြီးခိုင်းပါရစေ။

  • padonmar

    June 10, 2012 at 1:04 am

    The Best ရေ
    (ပဲပြုတ်သည်က ဒေါ်လာဈေးတက်လို့ ပဲပြုတ်လျှော့ထည့်ပေးရတော့မယ့်အတွက်)တော့ စားသုံးသူဖက်ကစိတ်မကောင်းပါဘူး။

    (သူတည်းတစ်ယောက်ကောင်းဖို ့ရာ ပဲပြုတ်သည်တွေပျက်ရသည်သာ ဓမ္မတာပေါ့လေ။)
    ပဲပြုတ်သည်ကတော့ ပြုတ်သွားမှာမဟုတ်ပါဘူး။သူလည်းဈေးသည်လေ။
    ဈေးသည်ဆိုတာ ကိုယ့်အတွက်တော့ကျန်အောင်တွက်ကြပါတယ်။

    ၁၀ဝကျပ်မှ ရောင်းတဲ့ ပဲပြုတ်တွေ ၅ဝကျပ်နဲ ့ဝယ်လို ့ရနေပြီ။အဲဒီအခါမှာလည်း ပဲပြုတ်ဖြစ်ရမယ့် စားတော်ပဲစိုက်တောင်သူတွေ ရှုံးလို့ မျက်ရည်သုတ်နေရတာ တွေးမိပါရဲ့လား။

    ငွေဈေးမာနေတော့ ငရုတ်ကြက်သွန် သကြားတွေ နောက်ဆုံး ကြက်သားပါ နိုင်ငံခြားက ပြန်သွင်းလို့ တောင်သူတွေ ကြက်မွေးသူတွေ ငိုနေရတာ ကြားဖူးပါသလား။

    ဒီတိုင်းပြည်(Burma လည်း မသုံးဘူး၊ Myanmarလည်းမသုံးဘူး This Country) ဟာ စိုက်ပျိုးရေးအခြေခံဆိုတော့ တောင်သူလယ်သမား ဝင်ငွေတိုးဖို့ကို လက်လုပ်လက်စားတွေ အရေးထက်ဦးစားပေးစဉ်းစားမှ တန်ကာကျပါတယ်။

    Domono Effect ဆိုတာ ကြားဖူးတယ်မလား။
    ရှေ့ဆုံးက လယ်သမားလဲရင်း တစ်ချပ်ပြီးတစ်ချပ်လဲတာ တစ်ထုပ်လုံးကုန်နေပါပြီ။
    ငွေရှင်ကြီးတွေ အကျိုးအတွက်ပြောနေတာမဟုတ်ပါ။

Leave a Reply