စာတတ်ပြီးမှ ” သူငယ်တန်း ” တက်ပါ

ဒီခေါင်းစဉ်လေးကတော. သွားလေသူ ဆရာကြီးစိန်ခင်မောင်ရီရဲ. ရုပ်ရှင်ဝေဖန်ရေး ဆောင်ပါးခေါင်းစဉ်ကို ကြိုက်လွန်းလို.

အတုယူ မှီငြမ်းလိုက်တာပါ ….။ ဆရာကြီးရဲ. သက်ဆိုင်သူများကိုလည်း ဒီနေရာကဘဲ ခွင်.တောင်းပါရစေ …….

ပြောချင်နေတာတော.ကြာလှပေါ.ဗျာ ….ခုမှသာအခွင်.ကြုံလို.ပါ ။ ကျောင်းဖွင်.ချိန်ဆိုတော.လည်း ကျောင်းအကြောင်း ၊ ပညာရေး

အကြောင်းလေးပေါ.  …။

ပြဿနာကတော. ကျူရှင်တို. ၊ အလှုူခံတို.မဟုတ်ပါဘူး ….ဒါတွေက ပြောပေါင်းများလှပါပြီ ။ အခုကိစ္စက သင်ကြားရေးပိုင်းပါ …။

ဆာမိ ရဲ.ကလေးတွေက မူလတန်းနဲ. အလယ်တန်းဆိုတော. ကိုယ်တွေ.စစ်စစ်ကိုဘဲ ပြောပါရစေတော. …..။ ဒီလိုပုံစံတွေက

ရန်ကုန်မှာမှ မဟုတ်ပါဘူး …နယ်မှာလဲ ကူးစက်ကုန်ပါပြီ ။

ဒီလိုဗျ ….. ဆာမိ ရဲ.သား အငယ်က ဒီနှစ် Grade (1) ( သူငယ်တန်း ) စတက်ပါတယ် …..သူငယ်တန်း ဆိုတဲ.သဘောက

ဘာမှမတတ်သေး တဲ.သူတွေပေါ.နော် ….ဒီတော. မြန်မာစာ ဆရာမက (၀)လုံးလေးတွေစရေးခိုင်းပါတယ် …… မြန်မာစာပြီးတော.

အင်္ဂလိပ်ဆရာမရောက်လာပြီးတော. ABCD …ရေးခိုင်းပါတယ် ….ဟုတ်ပါပြီ ဒါအခြေခံဘဲဆိုတော. ဒီလိုဘဲရေးရမှာပေါ. …..။

အဲ …..ခုမှ ပြဿနာစတော.မှာ ။  တတိယအချိန်လဲရောက်ရော ….စာရိတ္တနဲ. ဘဝတွက်တာ သင်တဲ. ဆရာမရောက်လာပြီးတော.

နှစ်မျက်နှာလောက်ရှိတဲ. ပေါ်လစီသင်ခန်းစာတွေကို White Board မှာ ရေးပေးတယ်လေ …..ဒါကိုကျောင်းသားတွေက လိုက်ကူး

ရသဗျ ။ ကဲ  စဉ်းစားသာကြည်.တော.  ….ဘာမှမတတ်လို. (၀)လုံးရေးနေတုန်းရှိသေးတယ် ၊ နာရီပိုင်း အတွင်းစာနှစ်မျက်နှာစာလောက်

ကူးရတယ်ဆိုတော. ။။ ဒါတင် ဘာဟုတ်သေးလဲ ….သချင်္ာဆရာမကလည်း အားကျမခံ နှစ်ရက်အတွင်းမှာ အပေါင်းအနှုတ်တွေစသင်

ပါလေရော …….။

ဆာမိတို. ကလေးတွေက မူကြိုရော အိမ်မှာပါသင်ထားလို.သာ …..မဟုတ်ရင် အတော်လေးကို အခက်တွေ.မှာ ….

ကလေးလဲ စာဘယ်လိုမှ မလိုက်နိုင်တော. ကျောင်းလဲပျော်မှာမဟုတ်ပါဘူး ။ ခုတော.  …..သူငယ်တန်း သင်ခန်းစာအားလုံးတတ်ပြီးမှ

ကျောင်းထားခဲ.တာဆိုတော. ဒီလိုကို.ရို.ကားရား သင်ကြားရေးစနစ်ကို အမြီးဆွဲပြီးတော.လိုက်နိုင်ခဲ.တာပါ  ။ အပြင်မှာသေသေ ချာချာ

မသင်ခဲ.ရတဲ.ကလေးတွေလဲ ရှိပါတယ် ……။သူတို.တွေကတော. မှုန်ဝါးဝါးနဲ. “မအောင်မရှိ ၊ ငါ.တပည်.” ခေတ်မှာ ချာလည်လည်နဲ.

အချိန်တန်တော.လည်း အတန်းတက်သွားတာပေါ. ….။

ဒီလိုဇောက်တိဇောက်ထိုး သင်ကြားရေးတင်မဟုတ်သေးဘူးဗျို. ….စိမံခန်.ခွဲရေးပိုင်းကလည်း အတော်လေးကို ကြောင်သဗျ ။

ဘာတဲ.  ….သမိုင်းနဲ. ကျောင်းပြီးတဲ.သူကို သချင်္ာ ဘာသာသင်ခိုင်းသတဲ. ပြီးတော. သချင်္ာနဲ.ကျောင်းပြီးသူကျတော. “ပထဝီ”  တဲ. ။

အာဒကေလေ…. သိတယ်မဟုတ်လား  ။ ပေးကမ်းခြင်းသည် အောင်စေရာ တဲ.  …..အဟုတ်ကိုဖြစ်နေတော.တာဘဲ ….

သက်ဆိုင်ရာကျောင်းအုပ်ကြီးကို ဘာဘာညာညာ အဝင်အထွက်မလုပ်လို.ကတော. အဲဒီဆရာမကို ကျောင်းဝင်းထိတ်မှာ ကင်းစောင်.

ခိုင်းထားလိမ်.မယ်ဗျို. ……..အဝင်အထွက်ညက်တဲ.သူမှာကျတော. အထက်ကပြောခဲ.သလို မြန်မာစာနဲ.ကျောင်းပြီးလဲ  ဈေးကွက်

ကောင်းတဲ. အင်္ဂလိပ်တို. သချင်္ာတို. သင်ရတာပေါ.ဗျာ …..

ဒီလိုလုပ်နေတဲ.ကျောင်းတွေဟာ တကယ်တော. Top (10) စာရင်းဝင်တဲ. နာမည်ကျော် ကျောင်းတွေပါ ။ ခုတော. ကာလကြာလာတာ

နဲ.အမျှ  တချို.သောနယ်ကျောင်းတွေပါ ဒီလိုအကျင်.ဆိုးတွေ ကူးစက်ကုန်ပါပြီ ။ အင်း ……ဘာလိုလိုနဲ. လာမည်.ကျောင်းပိတ်ရက်မှာ

ကလေးကိုခေါ်ပြီး အတန်းပိုင်ဆရာမဆီကိုသွားလို.” ဩကာသ” လုပ်ရပေဦးမယ် …….ဒီညနေ ကျောင်းကပြန်လာတော. သားတော်မောင်

ရဲ. လွယ်အိပ်ထဲမှာ ဗစ်ဇစ်တင်း ကတ်လေး တွေ.တယ်လေ ………

” ဖိတ်စာနဲ.အတူ ကြွပါ “တဲ. …………………………..။

24 comments

  • အရီး Khin Latt

    June 8, 2012 at 3:45 am

    အနောက်တိုင်း နိုင်ငံတွေ မှာတော့ သူငယ်တန်းဆိုတာ အရေး၊ အဖတ်၊ အတွက် ထက် တကဲ့ အခြေခံ ကို စဉ်းစားနိုင်ဖို့ စတာ။
    အရောင်လေးတွေ သိဖို့၊ နံပါတ်လေးတွေကို ရေတွက်တတ်ဖို့၊ စာလုံးလေးတွေ သိဖို့ ကို ပုံကားချပ် လေးတွေ၊ ကစားနည်း လေးတွေ နဲ့ ကလေးတွေ စိတ်ဝင်စားအောင် တဖြေးဖြေးချင်း သင်တာ။
    သင်ရိုးညွန်းတန်း ဆိုတာကလဲ အတိအကျ ပြဌာန်းပြီးသား။
    ဘယ်လို သင်ရမယ် ဆိုတဲ့ နည်းလမ်းတွေလဲ သင်တန်းပေးပြီးသား။

    ဥပမာ-
    Area of Learning – Mathematical Development
    No. Numbers As Labels, And For Counting
    1 – To show an interest in numbers and counting.
    2 – To use some number names/language spontaneously.
    3 – To join in with number rhymes/songs.
    4 – To be curious about numbers, and offer comments/questions.
    5- To use number names accurately in play.
    6 – Willingly attempts to count with some numbers in the correct order.
    7 – Recognises groups with 1, 2 or 3 objects.
    8- To show increased confidence with numbers, by requesting number activities.
    9- To count upto 3 or 4 objects using 1-1 correspondence.
    10- To recognise some numerals of personal significance.
    11- To begin to represent numbers, using fingers, marks on paper, or pictures.
    12- To recognise numerals 1-5, then 1-9.
    13- To count up to 6 objects from a larger group.
    14- To count actions or objects that cannot be moved.
    15- To select the correct numeral to represent 1-5, then 1-9 objects.
    16- To show increased confidence with numbers: by spotting errors.
    17- To count an irregular arrangement of up to 10 objects.
    18- To say the number after any number up to 9.
    19- To begin to count beyond 10.
    20- To say and use the number names in order, in famailar contexts.

    Teach the children the basic shapes:
    circle, square, triangle, rectangle, heart and star with these shape wizards.
    You can make a “touch” sheet with hands or drums, a shapes bingo sheet, match-up activities and even dice with shapes on them!
    Every time you use a wizard, it will put the shapes randomly on the worksheet, so you can use them again and again.

    မြန်မာပြည် ရဲ့ ပညာရေး ကတော့ အခြေခံ က စပြီးကို မြေလှန်ရမှာ။
    သင်ဖို့နည်းလမ်း တွေ က ပြလိုက်ရင် အလွယ်လေးပါ။
    ဘယ်သူမဆို သင်လို့ ရပါတယ်။
    သင်တဲ့ ဆရာတွေ က ကလေးတွေ တကယ်တတ်အောင် စိတ်စေတနာ ထားဖို့ပါဘဲ။
    တကယ်တော့ လစာ နဲတာနဲတာလဲ တပိုင်းပေါ့။
    ကိုယ်ကတော့ ကိုယ့်ယူထားတဲ့ တာဝန်ကျေရမှာမဟုတ်လား။
    မဟုတ်ရင် တစ်ခြား ငွေပိုရတာ ပြောင်းပြီးလုပ်စားပေါ့။

    အလုပ်တွေထဲမှာ ဆရာဝန် အလုပ်ရယ်၊ ကျောင်းဆရာ အလုပ် ရယ်က
    ဝါသနာ နဲ့ စေတနာမပါရင် လုံးဝ မလုပ်သင့်ဘူး။

    • ချစ်စ/ဆရာ

      June 9, 2012 at 12:23 am

      ပြောလို့ပြောတယ်မည်ပေမယ့် ပြောလို့ပြောတာမဟုတ်ရပါဘူး
      အန်တီအရီးလတ်ခင်ဗျား
      ဉာဏ်ပညာနှင့် ပြည့်စုံလှပါတယ်
      ယနေ့ခေတ်ကြီးထဲမှာ ကျား/မ တန်းတူအခွင့်ရေးတွေရှိကြတဲ့အတွက်
      အိမ်ထောင်ဖက်ကို ဖနောက်နှင့်ပြန်ပေါက်လို့ ရနိုင်တဲ့
      အရည်သွေးနဲ့ပြည့်စုံလှပါတယ်ခင်ဗျား
      ပြန်ပေါက်ပါခင်ဗျ
      လေးစားလျှက်
      ချစ်စရာကောင်းသော ချစ်စရာ အချစ်တို့၏ဆရာ ချစ်ဆရာ
      ချစ်စ/ဆရာ

  • MaMa

    June 8, 2012 at 7:12 am

    ကြုံခဲ့ဖူးတာလေး ပြောရဦးမယ်။
    ကျမတို့ခေတ်ကတည်းက ဒါမျိုးတွေ ရှိတယ်ဆိုရင် ဘယ်လိုများ ပြောမလဲ။
    ကျမ ၅ တန်း စတက်တော့ အိမ်က အမက ကြိုသင်ပေးထားလို့ ABCD တတ်တယ်။
    ကျောင်းစတက်တော့ ဆရာမက ABCD ဆို ခိုင်းတော့ အေးအေးဆေးဆေးပေ့ါ။
    နောက်တော့ Saturday Sunday ဆို ခိုင်းတယ်။
    အဲဒီမှာ နည်းနည်းတော့ ပြဿနာ တက်လာပြီ။
    ဒါပေမယ့် ကိုယ်စွမ်းကိုယ်စနဲ့ လူအများထဲမှာ ပါးစပ်လှုပ်ပြီး ရောချလိုက်တာပေ့ါ။
    နောက်ထပ်သင်ခန်းစာတွေ တက်တဲ့အခါကျတော့ ဆရာမက ခိုင်းတာကို ကိုယ်က လုပ်ပြရတယ်။
    ကံများကောင်းချင်တော့ ကိုယ့်ရှေ့က တစ်ယောက်ကို ပြူတင်းပေါက်ကို လက်ညှိုးထိုးပြတယ်။
    အဲဒီကျောင်းသူက ပြူတင်းပေါက်ကို သွားဖွင့်တယ်။
    ကိုယ်ကတော့ ဆရာမ ပြောတာတော့ နားမလည်လိုက်ဘူး။
    ကိုယ့်အလှည့် ရောက်လာပါလေရော။
    ဆရာမက ပြူတင်းပေါက်ကို လက်ညှိုးထိုးပြီး ထပ်ပြောတယ်။
    ဘာပြောသလဲဆိုတာတော့ နားမလည်ဘူး။
    ဒါပေမယ့် ဖွင့်ထားတဲ့ ပြူတင်းပေါက်ဆိုတော့ ပိတ်ပေးလိုက်တယ်။
    မှန်သွားပါတယ်ရှင့်။ 😆
    သင်ကြားရေး အောင်မြင်တယ်ပဲ ဆိုပါတော့။

  • pan pan

    June 8, 2012 at 8:26 am

    ပန်ပန်မှတ်မိသေးတယ်
    သူငယ်တန်းတက်မယ်လုပ်တော့
    အသက်က ၂လလောက်လိုနေလို့ အပ်မဖြစ်နေတာ
    ကျောင်းအုပ်ဆြာမကြီးက ပန်ပန့်ကိုစာမလိုက်နိုင်မှာစိုးတယ်တဲ့
    ဒါနဲ့ ကျောင်းမအပ်ရခင် စာဆိုခိုင်းတယ်
    ၁၂၃၄ရော၊ အေဘီစီဒီရော၊ ကကြီးခခွေးရော၊
    ပြီးတော့ ဆင် ဆိုရင် elephant၊ ကြောင် cat ဆိုပြီးအသံထွက်ရွတ်ပြရသေးတယ်(စာလုံးမှ မပေါင်းတတ်သေးတာ)
    သူ့စိတ်တိုင်းကျဖြစ်မှ အိုကေတယ် သူငယ်တန်းအပ်ဖို့လက္ခံတယ်တဲ့
    ဟွင့် 🙁

    • Shwe Tike Soe

      June 8, 2012 at 8:59 am

      အေးလေ ညည်းအလုံးအထည်က လဲ မယုံချင်စရာကိုးအေ့ ခိခိခိ 😛

      • Thel Nu Aye

        June 8, 2012 at 11:03 am

        အောင်မယ်လေး ပြောတဲ့သူကတော့ အကြီးကြီးကိုအေ့။ သူကများသူများကိုပြောရသေး။ ခွီခွီခွီ

      • pan pan

        June 8, 2012 at 1:42 pm

        ဟုတ်ပ
        သူ့ကျတော့ အကြီးကြီးဆိုတော့ :mrgreen:

  • Shwe Tike Soe

    June 8, 2012 at 9:03 am

    ကျွန်တော်တို.များ ကံကောင်းချက် ဆရာ၊ဆရာမကောင်းတွေနဲ.တွေ.ခဲ့ပဗျာ……. ကျူရှင်ဆိုတာ စာလုံးတောင် မပေါင်းတတ်ဘူး ဟေဟေ့…. သူငယ်တန်းကနေ ကိုးတန်းအထိ ဘာကျူရှင်မှ မယူပဲ အတန်းတက်လာတာ…….
    ဘာလို.လဲသိလား………… တားတား အဒေါ်က ချာမ လေ………. ဟီးဟီးဟီး 😀

    • laypai

      June 8, 2012 at 10:40 am

      She Tike Soe ထက် ကျနော်က ပို လို့ တောင် ကျူရှင် ကို ဘယ်လို တက်ရတယ် ဆို တာ မသိခဲ့ ပါဘူး။ ဆယ် တန်း အထိ ဘာကျူ ရှင်မှ မတက်ခဲ့ ဘူး။
      ကျနော့် သား ကတော့ ခု သူငယ်တန်း တက်နေပြီ၊ ကျူ ရှင် က တစ်လ သောင်း တဲ့ ဗျာ။ မတက်ရ အခက် တက်ရ ခက် ဖြစ် နေတယ်။ ကျောင်းအချိန် ပို က တစ်လ ငါးထောင် တဲ့။
      အချိန်ပိုက ကျောင်းချိန် ပြီးတာ နဲ့ ဆက် တက်ရတာ။ ကျူရှင် ကတော့ ကျောင်း ချိန်ပြီး ၂ နာရီ ခွဲ နား ပြီး မှ တက်ရ မှာ။
      ငါးထောင် ကို ရွေးတော့ လဲ ခလေး က ဆက်တိုက် ကျောင်းပဲ တက်နေ ရမယ်။ ကျူ ရှင် တက်ပြန် တော့ တစ်လ တစ်သောင်း။
      အချိန်ပို ရော ကျူရှင် ရော တက်တဲ့ ခလေး က ပို မျက်နှာ ရတယ်။
      သူငယ်တန်း ခလေး တယောက်ရဲ့ ကျောင်း စရိတ် က သာမာန် အလုပ် သမား တယောက်ရဲ့ လစာ လောက် ဖြစ်နေ ပြီ။ ( ဆန္ဒပြ အလုပ်သမားများ တောင်ဆို သော လစာ အား မှီ ငြမ်းပါသည်။ )
      ကိုယ့်ကို သင်ကြားပေးခဲ့ တဲ့ ဆရာ ဆရာမ တွေ ကို ခု ကိုယ့်သား ကျောင်းတက် မှ ပိုလို့ပိုလို့ ကျေးဇူးတရားကို အောက်မေ့ နေရ တယ်။

  • Rose Minn

    June 8, 2012 at 10:18 am

    အခုခေတ်မှာက သူငယ်တန်းကို စာသိပ်မသင်တော့ ဘူး။ မူကြိုမှာ ကတည်းက ကလေးတွေက good morning, let’s go တို့ပြောနေတဲ့။ private ကျောင်းတွေရှိနေတော့လေ။ ဒါကြောင့်များ သူငယ်တန်း မှာ စာလုံးပေါင်း မသင်လေသလား မသိတော့ပါဘူးကွယ်။

    အောင်မယ် သူများသွားပြောနေတယ် အခုထိ ကလေး ရုပ်မပျောက်သေးပဲနဲ့။ တိုက်တိုက်တို့ ပြောပုံ အရဆို။ မအောင်မရှိ ငါ့တူလေးပေါ့နော်။ ဟွင့်။ စိုးဒယ် 🙂

  • Thel Nu Aye

    June 8, 2012 at 10:25 am

    နိုင်ငံခြားမှာနေပြီး သူငယ်တန်းကိုမြန်မာပြည်မှာ ပြန်လာထားတဲ့ အသိကတော့ သူ့ကလေးကို ကျောင်း ထားပြီး နှစ်လမှာပြန်ထုပ်ပြီး ပြန်ခေါ်သွားရတယ်။ ကလေးကဘာမှဟိုမှာသင်မလာတော့ ဘာမှမရဘူးလေ။ အဲဒါကို ဆရာမက သင်မပေးပဲ ဒီလောက်ကလေးတောင်မရဘူးလား သူများတွေတောင်ရတယ် ဆိုပြီးနေ့ တိုင်းဆူလို့ ကလေးကနေ့တိုင်းကျောင်းသွားခါနီးတိုင်းမျက်ရည်မျက်ခွက်ပဲ။ နောက်ဆုံး လက်မြှောက် ပြီးပြန်ပြေးရတော့တာပဲ။
    အခုခေတ်ဆရာမတွေဆိုတာကိုဘာလဲဆိုတာပြန်စမ်းစစ်ရရင် ကလေးတွေအိမ်မှာ ကျူရှင်သင် လာတာကို အဲဒီကျူရှင် ဆရာမ ဘယ်လောက်အသင်အပြကောင်းလဲဆိုတာ ကျောင်းက ဆရာမတွေက စာပြန်စစ်တာနဲ့ တူနေတယ်လို့ခံစားရပါတယ်။ ကျောင်းကဆရာမဆိုတာ စာသင်တာထက် စာစစ်တာမှာပဲတာဝန်ရှိတယ်လို့ ခံယူထားပုံရတယ်။ ဘယ်ကျောင်းဆရာမမှ ကျောင်းမှာစာမသင်ဘူး။ စာပဲစစ်တယ်။ ကျူရှင်မှာပဲစာသင် တယ်။ အော်ခေတ်များပြောပါတယ်။

  • Moe Z

    June 8, 2012 at 10:57 am

    ကိုဆာမိရေ ..
    သူငယ်တန်းဆိုရင် အသက် ၅ နှစ်ပေါ့နော်
    တကယ်တော့ သူငယ်တန်းဆိုတာ နိုင်ငံတကာပညာရေးနဲ့ဆိုရင် မူကြိုပါ
    G 1 ဆိုရင်တော့ အသက် ၆ နှစ်ပြည့်ပြီးမှလို့ တစ်ချို့က သတ်မှတ်ပါတယ်
    အဲဒီ ၅ နှစ်မတိုင်ခင်မှာ ကလေးတစ်ယောက်က သိသင့်တဲ့အခြေခံတွေ သိထားရမှာပါ
    (ဥပမာ- size, shape and color)
    ၃ နှစ်ခွဲဆိုရင် ကလေးရဲ့လက်ချောင်းတွေသန်မာမှုရှိပြီမို့ စာစရေးလို့ရပါပြီ ..
    မျဉ်းဖြောင့်လေးတွေဆက်တာ၊ ဝလုံးဝိုင်းတာလေးတွေ လုပ်လို့ရပါပြီ၊
    ဒါကြောင့် ၅ နှစ်ပြည့်ရင်တော့ စာကောင်းကောင်းရေးသင့်ပါပြီလို့
    ဒီလိုပြောလို့ အခုပို့စ်ထဲက သင်ကြားရေးပုံစံကိုထောက်ခံတယ်လို့မထင်စေချင်ပါ၊
    ကလေးတွေနဲ့ ကိုက်ညီမှုရှိမရှိ၊ တိုးတက်မှုသိမသိနဲ့ စာအုပ်ထဲစာပါရင်ပြီးရောဆိုတာမျိုးကို ရှူံ့ချပါတယ်
    ပြီးတော့ မူကြိုအတွက်မားကတ်တင်းဆင်းတာလို့လည်း မယူဆပါနဲ့
    မိုးစက်မူကြိုဖွင့်မထားပါဘူး :mrgreen:
    ကိုယ်တိုင်လည်း မူကြိုမတက်ခဲ့ပဲ သူငယ်တန်းစတက်ခဲ့တာပါ
    အရင်ခေတ်နဲ့နှိုင်းပြောလို့တော့ မရတော့ဘူးပေါ့နော်
    တိုးတက်ပြောင်းလဲမှုတွေကို အမှီလိုက်နေရတာဆိုတော့ အချိန်ရှိခိုက်လုံ့လစိုက်စေချင်ပါတယ် ..

  • Shwe Ei

    June 8, 2012 at 10:58 am

    အဲဒါ ဗမာဟေ့ …………:P ပြေးဘီ ဒက်ဂလောက် ဒက်ဂလောက်

  • PaLote Tote

    June 8, 2012 at 12:02 pm

    ကျုပ်သူငယ်တန်းတုန်းကတော့ ဆရာမက ဝလုံးလေး တွေစရေးခိုင်းတယ် ။ ဆရာမက ကျောက်သင်ပုန်း တစ်ဖက်မှာ သံချွန်နဲ့ လေးကြောင်းမျဉ်းဆွဲပေးထားတယ်။မနက်တိုင်း ကျောက်သင်ပုန်းအပြည့် ဝလုံးလေး တွေရေးပြီးဆရာမကို ပြရတယ် ။ ဆရာမက အမှတ်ခြစ်ပေးရင် သဘောတွေကျလို့ ။ စရေးခါစကတော့ ဝလုံးတွေက လူစုံ လုံးထားတဲ့ မုန့်လုံးရေပေါ်လေးတွေလို ကြီး လိုက် သေးလိုက် ပိန်လိုက် ရှည်လိုက်နဲ့ စတိုင်မျိုးစုံပဲ ။တဖြည်းဖြည်း ဝလုံးလေးတွေ ဝိုင်းလာ မှ ကကြီး ခခွေး စရေးခိုင်းတယ် ။ နေ့တို်င်း ဝလုံးတွေရေး ကလေး ကဗျာတွေဆိုနဲ့ ပျော်စရာကြီးပေါ့ ။

  • မောင်ပေ

    June 8, 2012 at 12:36 pm

    ဒီလိုခေတ် ဒီလိုစနစ်တွေကြားမှာ
    သားသမီးယူဖို ့ဘယ်သို ့ဘယ်ပုံ စိတ်ကူးရမြီနည်း
    ဆလံမာလေးကွန်းပါ ကိုဆာမိရဲ ့

  • သားဦး၊မြေးဦး

    June 8, 2012 at 1:08 pm

    ဒီလိုဇောက်တိဇောက်ထိုး သင်ကြားရေးတင်မဟုတ်သေးဘူးဗျို. ….စိမံခန်.ခွဲရေးပိုင်းကလည်း အတော်လေးကို ကြောင်သဗျ ။
    ဘာတဲ.  ….သမိုင်းနဲ. ကျောင်းပြီးတဲ.သူကို သချင်္ာ ဘာသာသင်ခိုင်းသတဲ. ပြီးတော. သချင်္ာနဲ.ကျောင်းပြီးသူကျတော. “ပထဝီ”  တဲ. ။
    အာဒကေလေ…. သိတယ်မဟုတ်လား  ။ ပေးကမ်းခြင်းသည် အောင်စေရာ တဲ.  …..အဟုတ်ကိုဖြစ်နေတော.တာဘဲ ….
    သက်ဆိုင်ရာကျောင်းအုပ်ကြီးကို ဘာဘာညာညာ အဝင်အထွက်မလုပ်လို.ကတော. အဲဒီဆရာမကို ကျောင်းဝင်းထိတ်မှာ ကင်းစောင်.
    ခိုင်းထားလိမ်.မယ်ဗျို. ……..အဝင်အထွက်ညက်တဲ.သူမှာကျတော. အထက်ကပြောခဲ.သလို မြန်မာစာနဲ.ကျောင်းပြီးလဲ  ဈေးကွက်
    ကောင်းတဲ. အင်္ဂလိပ်တို. သချင်္ာတို. သင်ရတာပေါ.ဗျာ …..
    ——––—————————————
    ကိုဆာမိရေ ဆရာတွေဖြစ်လာမယ့် သူတွေစာခိုးချကြတဲ့ ကိစ္စနဲ ့ပတ်သက်ပြီး ကျနော်ပို ့စ်တစ်ခုရေးတင်ပေးဖူးပါတယ်။
    သူတို ့လိုစာခိုးချပြီး ဆရာလုပ်နေကြသူတွေ၊ဆရာလုပ်ဖို ့ပြင်နေသူတွေ(အားလုံးကို မဆိုလိုပါ) ကလေးတွေ အနာဂတ်မတွေး
    ရဲပါဘူး။

  • kyeemite

    June 8, 2012 at 1:27 pm

    ဘယ်လိုမန့်ရမှန်းတောင် မသိတော့ပါဘူး ကိုဆာမိရေ..
    ၃နှစ်ခွဲ ၄နှစ်သား လောက်ကတည်းက မူကြိုထားကြတာ
    ခေတ်စားနေတဲ့အချိန်ကိုးဗျ…
    ကျုပ်တို့ငယ်ငယ်ကတော့ သူငယ်တန်းစတက်မှ
    ဝလုံးစရေး ၊ကကြီးခခွေး၊၁၂၃၄၊စသဖြင့်သင်ရတာကိုး(ကျောက်သင်ပုန်း၊ကျောက်တံနဲ့)
    ကျုပ်မှတ်မိသလောက်တော့ ကြိုတတ်ထားတဲ့လူ
    မရှိသလောက်ရှားပါတယ်…

  • စိန်ဗိုက်ဗိုက်

    June 8, 2012 at 2:31 pm

    အူးလေးရာဇာသံချောင်း ကိုဆာမိတို ့လို ပိုက်ဆံရှိ ဘောစိ အနာတပိန် သထေးတွေကနေ စပြီး ထွင်ပေးလိုက်ကြသလားလို ့ဗျာ

  • manawphyulay

    June 8, 2012 at 3:15 pm

    ခေတ်စနစ်တွေ ပြောင်းလဲလာတော့လည်း ပြောရခက်သားရှင်။ ကိုယ်တွေတုန်းကတော့ အသက်မပြည့်ရင်လည်း မရ၊ မူကြိုကျတော့လည်း ကလေးက ငယ်သေးတယ်ဆိုပြီး မိဘတွေက မထားချတော့ အသက်ကျော်မှ ကျောင်းတက်ရတဲ့သူတွေနဲ့ ခုကျတော့ ကလေးတွေကို ဉာဏ်ပြေးနေလားတော့မပြောတတ်ဘူး။ ကျောင်းစအပ်တာနဲ့ တစ်တန်းတောင် တင်ပေးရတော့မလိုပါပဲလေ။

  • ကျနော်တို့ငယ်ငယ်ကတော့ ဘာမှကိုမလိုခဲ့တာပါ။
    အကိုအမတွေရှိနေတဲ့ကျောင်းဆိုရင် အတော်များများကင်းလွတ်ခွင့်ရပါတယ်။
    ဘယ်လက်က ခေါင်းပေါ်ကျော်ပြီး နားရွက်ထိလို့ရပြီဆိုရင် သူငယ်တန်းတက်လို့ရပြီ။
    ကျောင်းစတက်တက်ခြင်း ဘာမှရေးစရာမလို ဆရာမရှေ့ကဆိုတာ လက်အော်ရုံဘဲ။
    ခုခေတ်ကလေးတွေပိုတော်လာလို့ သူငယ်တန်းမှာ စာစရေးခိုင်းတာဖြစ်လောက်တယ်.

  • မွန်မွန်

    June 8, 2012 at 5:35 pm

    ကလေးတွေကို စာရိတ္တတို့ ပြည်သူ့နီတိတို့ သင်တယ်ဆိုတာ ကောင်းပါတယ်။ နုနယ်တဲ့ အသိဉာဏ်ထဲကို မှန်ကန်တဲ့အသိတွေ ထည့်ပေးတာ။ ဒါပေမယ့် အဲဒီစာတွေကို ရေးဖြေရမယ်ဆိုတာကတော့ ဘယ်သူ့ရဲ့ ညွှန်ကြားချက်ပါလိမ့်…။

    မှတ်မှတ်ရရ ဟာသတစ်ခုကတော့ ကျောင်းက ကျောင်းသားဟောင်းကန်တော့ပွဲကို တစ်နှစ်သားသွားတာ ရှေ့က ဆရာကြီးတွေက ဩဝါဒပေးတဲ့အချိန်မှာ ကျောင်းသားဟောင်း မွန်မွန်တို့ ဆရာမတွေက အနောက်မှာ စကားများလိုက်တာ ဆူညံနေတာပဲ… ကလေးတွေကတောင် အားနာလို့လှည့်ကြည့်ရတဲ့အထိ…

  • ahnyartamar

    June 8, 2012 at 6:46 pm

    ကိုဆာမိရေ…သေချာနေသေးတာကတော့ ကလေးတွေ ပညာသင်စရိတ်အတွက် အခုအသစ်ထွက်တဲ့ တစ်သောင်းတန်များများသာရှာထားဗျို့။

  • ဦးဦးပါလေရာ

    June 8, 2012 at 11:50 pm

    ကိုဆာမိရဲ့ကလေးကို စိန့်ဩဂတ်စတင်းမှာထားတယ်ထင်တယ်။

    အဲလို တိုင်းပြည်ဖျက် ကလချာ အေးဓမြ ကျောင်းဆရာမ အစုတ်အပြတ်တွေကြောင့်
    ကလေးတွေခမျာ ဉာဏ်ရည်နိမ့်ပါးကုန်တယ်။
    အတွေးအခေါ် နိမ့်ပါးကုန်တယ်။
    စာအလွတ်ကျက်တာနဲ့ ပြန်ရေးတာကလွဲလို့
    လောကထဲကဟာတွေကို ဘာမှလဲမသိတော့ဘူး
    စိတ်လဲမဝင်စားတော့ဘူး….။

    ကျုပ်အသိတယောက်ရဲ့သမီးဆို
    နှစ်တိုင်းဆုရတဲ့ လူအညံ့စား လေးဖြစ်သွားတယ်…။
    ပိုဆိုးတာက သူညံ့မှန်း သူ့တသက်တောင် သိတော့မယ်မထင်ဘူး…..။

  • snow white

    July 4, 2012 at 5:46 pm

    ခေတ်စနစ်ပြောင်းလဲတယ်လို့ဘဲမှတ်လိုက်ပါတော့။

Leave a Reply