တောင်ကုတ်ကိစ္စ ဖြစ်ရပ်မှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီးလုပ်ဆောင်မည်။

chityimhtooJune 8, 20121min21318

ဇွန်လ ရ ၊ ၂၀၁၂၊ YPI

ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့တွင် ဖြစ်ပျက်ခဲ့သည့် လူ ၁ဝ ဦးအသတ်ခံရမှုအတွက ပြည်ထောင်စုအစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းလိုက်ကြောင်းယနေ့ထုတ်သတင်းစာများတွင် ဖေါ်ပြချက် အရသိရသည်။

ယခုလ ၆ ရက်နေ့ညနေပိုင်းကတောင်ကုတ်မြို့သို့ ဖြတ်သန်းသည့် ရိုးမသစ္စာမှန်လုံယာဉ်ပေါ်မှ အစ္စလာမ် ဘာသာဝင် ၁ဝဦးကို တောင်ကုတ်မြို့ခံလူအုပ်စုကသတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ယခုလိုစုံစမ်းရေးအဖွဲ့ဖွဲ့စည်းကာ နိုင်ငံတော် သမ္မတထံဇွန်လ ၃ဝ ရက်နေ့ နောက်ဆုံးထား၍တိုက်ရိုက် တင်ပြရန် ယင်းကြေညာချက်တွင် ဖေါ်ပြထားသည်။

စုံစမ်းရေးအဖွဲ့တွင် ပြည်ထောင်စု ပြည်ထဲရေး ဒုဝန်ကြီးနှင့် ဒုရဲချုပ်တို့ကဦးဆောင်ကာကျန် ၁၄ဦးမှာ ရခိုင် ပြည်နယ် ၊ ခရိုင် ရဲဘက်ဆိုင်ရာ၊ ဥပဒေဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများပါဝင်သည်ကိုတွေ့ရသည်။

ယခုကဲ့သို့ စုံစမ်းရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ တောင်ကုတ်မြို့တွင် အသတ်ခံရသူများထဲမှ တဦးဖြစ်သူဦးမောင်နီ၏ သားဖြစ်သူက “ကျွန်တော့် အဖေဆုံးသွားတယ် ကြားချိန်မှာတော့ စိတ်ထဲမှာတော်တော်ခံစားရပါတယ်။ စုံစမ်းရေးအဖွဲ့ဖွဲ့တာတော့ ကျွန်တော်လည်းသတိမထားမိပါဘူး။ သေပြီးတဲ့ ကိစ္စအပေါ်မှာတော့ မိသားစုဝင်တယောက်အနေနဲ့ တခြားခံစားချက်တော့မရှိတော့ပါဘူး” ဟုသို့ပြောသည်။

တောင်ကုတ်မြို့တွင် အဖြစ်အပျက်မဖြစ်ပျက်မီနံနက်ပိုင်း ကကျောက်နီမော်ကျေးရွာအနီးဖြစ်ပျက်သည့် ရခိုင်အမျိုးသမီးတဦးအားသားမယားပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်ပြီး ု လှုံ့ဆော်သည့် စာရွက်စာတမ်းများ ဖြန့်ဝေမှုရှိခဲ့သည် တောင်ကုတ်မြို့ခံများကပြောသည်။

လက်ရှိအချိန်ထိတောင်ကုတ်မြို့တွင် အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးမှု သတင်း တစုံတရာ မကြားသိရပါ။ ။

(က) ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဥက္ကဌ
ဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာန
(ခ) ရဲမှူးချုပ်ဇော်ဝင်း ဒုတိယဥက္ကဌ

(ဂ) ဦးစံရွှေမောင် အဖွဲ့ဝင်
ပြည်နယ်ဥပဒေအရာရှိ(ရခိုင်ပြည်နယ်)
(ဃ) ရဲမှူးကြီးမျိုးဆွေဝင်း အဖွဲ့ဝင်

(င) ဦးကျော်စင် အဖွဲ့ဝင်
ညွှန်ကြားရေးမှူး၊ရခိုင်ပြည်နယ်ထောင်အုပ်စုမှူး

http://www.thithtoolwin.com/2012/06/blog-post_5059.html#comment-form

18 comments

  • chityimhtoo

    June 8, 2012 at 9:50 am

    တာဝန်ရှိသူများအနေနဲ့ ကုလားတွေငွေပုံပေးလို့ သူတို့လက်ကိုင်တုတ်မဖြစ်စေချင်ပါဘူး။ကိုယ့်လူမျိုး ရခိုင်
    တိုင်းရင်းသားတွေကိုလည်းဖိနှိပ်တာမဖြစ်စေချင်ပါဘူး။မျှမျှတတ ဘဲဖြစ်စေချင်ပါတယ်။

  • ဘဲဥ

    June 8, 2012 at 10:49 am

    စုံစမ်းရေး အဖွဲ့ ကိုယုံကြည်စွာအားကိုးချင်ပါတယ်
    မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ပါစေ

  • ကြာဖြူ

    June 8, 2012 at 11:05 am

    တရားဥပဒေ အတိုင်း မှန်မှန် ကန်ကန်ဘက်မ လာဘ်မစား ပဲ စုံစမ်း စစ်ဆေး ဖော်ထုတ် နိုင်ပါစေ လို့ မျော်လင့်ပါတယ်

  • ရခိုင့်သွီးချေ

    June 8, 2012 at 11:35 am

    အာဏာပိုင်တွေနဲ ့ပေါင်း လုပ်စားနေတာဘဲသူလဲ တောင်ကုတ်သား
    တွေပိုသိတယ်။

    • မှော်ဆရာ

      June 8, 2012 at 11:50 am

      ညည်းဟာက သီဟရာဇာ ပိုစ့်မှာလဲ ဒီစာသားပဲ ..
      ကော်ပီ ပေ့ များ လျှောက်လုပ်နေသလား ..
      စာလုံးပေါင်းမှားတာခြင်းတောင် တူနေတယ် …
      ထပ်တော့ ပြန်ရိုက်ပါဟယ် …

    • ရခိုင့်သွီးချေ

      June 8, 2012 at 1:25 pm

      ခရိုနီ ဆိုတာကိုသိပြီးသားဖြစ်မှာပါ။တောင်ကုတ်မြို့မှာ ဦးကျောက်တောင်က ခရိုနီဘဲ။
      သမ္မတအဆင့်၊ပြည်နယ် ဝန်ကြီးချုပ်၊စစ်တိုင်းမှူး၊ဗျူဟာမှူးဆိုတာ သူ ့လူတွေဘဲ။သူခိုင်း
      တာလုပ် သူကျွေးတာစားထားကြလေတော့။မပြောလဲ သိနိုင်လောက်ပါပီ။
      သံတွဲဒေသခံတွေက နစ်နာသူတွေကို ပြန်ကူညီဖို ့၊အားပေးနှစ်သိမ့်နေယုံဘဲ တတ်နိုင်
      တယ်။တောင်ကုတ်မှာ တရားခံတွေကို ပြေးနိုင်၊ပုန်းနိုင်အောင် အချိန်ဆွဲနေတယ်။
      အဲတော့. ဘယ်သူက လူလိမ်ဆိုတာ သိရော့ပေါ့။ခွဲခြား သိမြင်နိုင်ပါစေ။

      • myanmarcitizen

        June 8, 2012 at 2:38 pm

        ယူက ရခိုင့်သွီးချေ တော့မဖြစ်နိုင်ဘူး။(ရခိုင် မဖြစ်နိုင်ဘူးပြောတာ)။ ကော်ပီ ပေ့ … လွန်လွန်းတယ် အေ …

        • နာနာ(သံတွဲ)

          June 8, 2012 at 2:49 pm

          ကော်မရှင်က. သိမသိတော့မပြောတတ်ဘူး။တောင်ကုတ်မှာ
          လူစားထိုး အဖမ်းခံဖို ့အခြေမဲ ့အနေမဲ့တွေ တန်းစီနေကြပီ။

  • ba gyi

    June 8, 2012 at 12:49 pm

    ဟုတ်ပါ့ ကမှော် ရယ်–၊
    ဘယ်သူလည်းသာ ဗျောင် ပြောပြလိုက်ပြီး၊
    အဲသူ သည်ကိစ္စနဲ့ ဘယ်လိုပတ်သက်သလည်း —
    သ္မီး ချေရေ။

  • PaLote Tote

    June 8, 2012 at 12:52 pm

    သူ့ခံစားချက်ကတစ်ထပ်တည်းဖြစ်လို့နေမှာပေါ့ အေ ။

  • may flowers

    June 8, 2012 at 12:52 pm

    အော် ဆရာမှော်ရယ်…သူလည်း ၁ဝ လိုချင်ရှာလို့နေမှာပေါ့။ အင်း………..တစ်သိန်းပြည့်ဖို့နီးနေပြီ

    နောက် ကိုးသောင်းကိုးထောင်ဖိုးလောက်မန့်ပြီးရင် သဂျီးဆီက တစ်သိန်းထုပ်ရတော့မယ်။ လာထား…။

  • မောင်ပေ

    June 8, 2012 at 1:11 pm

    တရားဥပဒေအတိုင်း ထိရောက်စွာ
    တရားမျှတတဲ့
    ဘက်မလိုက်တဲ့
    အဖွဲ ့တစ်ခု ဖြစ်ပါစေ

    • smille boy000

      June 8, 2012 at 5:36 pm

      ကျွန်တော်လည်းအားလုံးကိုအမှန်အ တိုင်းပဲဖြစ်စေချင်တယ်ဗျာ အခုလိုမဆိုင်သူတွေကိုဒီလိုလုပ်တာတော့မကောင်းပါဘူး။ အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်းအမြန်ဆုံးနြ့အမှန်ကန်ဆုံးဖြ်အောင်ဆောင်ရွက်နိုင်ပါစေလို.ဆု
      တောင်းနေပါတယ် ။

  • chityimhtoo

    June 8, 2012 at 5:20 pm

    လောလောဆယ်ဘူးသီးတောင်မောင်တောကရွာ၂ရွာကိုကုလားတွေမီးရှို့နေတယ်။ပစ်တဲ့ ရဲ ၂ယောက်
    သွားတယ်လို့ကြားတယ်။ဘာလို့ဖတ်လို့မရတာလည်းမသိဘူး ..သူကြီးဒါမျိုးသတင်းကိုဘာလို့ဖျက်လိုက်တာလည်း။

  • aung thu

    June 9, 2012 at 3:11 pm

    မီးစကကူသွားနေပြီ၊အဲတာပတ်သက် အမြန်ဆုံး အမှန်မှန်ကန်ကန် ဖေရှင်းပေးဖို့။
    ရခိုင်ပြည်နယ်တခုလုံးနဲ့ပစ်သက်နာ မဟုတ်ဘူးလေး၊မြန်မာနိုင်ငံတခုလုံးနဲ့ကစ်စဖြစ်ပြီ။
    မြန်မာနိုင်ငံတိုုးတက်မူကိုတီခက်စေးသောကစ်စမျိုးဖြစ်သည်ကြောင့်အမြန်းဆုံးဖေးရှင်ပေးပါရန်……လေးစားစွာ……တောင်းဆိုပါတယ်……အေးချမ်းမူကိုလက်ကိုင်တာပါ…

  • Gipsy

    June 9, 2012 at 5:52 pm

    ဖမ်းမယ်ဆိုရင် မိမှာပါ … မဖမ်းရင်တော့မိမယ် မထင် ..မထင် ..
    ဒီလောက် လင်းလင်းထင်းထင်း အချိန်မှာ ဖြစ်တဲ့ကိစ္စကြီးမှာ ဓါတ်ပုံလေး တပုံမှ
    မမြင်မတွေ့ရတာတော့ ထူးဆန်းသား….။

  • သားဦး၊မြေးဦး

    June 9, 2012 at 5:59 pm

    ကိုဂျစ်ပစီရေ. တောင်ကုတ်မှာ အခင်းဖြစ်ပွားတဲ့ အချိန်ဟာ ညနေ(4:30-6:0)နာရီကြားမှာဖြစ်သွားတာနော်။
    ဒါပေမယ့် ခုထိ ဓါတ်ပုံတပုံမှ တက်မလာဘူးဆိုတာ စဉ်းစားစရာအမှန်ပါဘဲ။ဒီကိစ္စကို တမြို ့လုံးက ဖုံးဖိထားစေချင်
    တဲ့သဘောလားလို ့သံသယဝင်မိပါတယ်။
    ဘယ်တော့မှလဲ တော့မှလဲ တက်လာတော့မည်မထင်ပါ။အံ့ကြရပါ၏။

Leave a Reply