ခွဲခြားဆက်ဆံခြင်း…

သုရွင္June 8, 20121min851

 

                                                                                 လူသားတစ်ဦး၏ ယေဘုယျ အမြင်

ဟိုးတုန်းကတည်းက လူတွေအချင်းကို ခွဲခြားဆက်ဆံ မှုတွေ သမိုင်းနဲ့ချီပြီးရှိခဲ့ပါတယ်။

အခုလည်းရှိဆဲဖြစ်ပါတယ်။နောင်လည်းရှိနေဦးမှာပါ။

ဥပမာဘဲကြည့်….အသားအရောင်၊ယောက်ျားနဲ့မိန်းမ၊သူဌေးနဲ့ဆင်းရဲသား၊

လူမျိုးနဲ့ဘာသာ၊ပညာတတ်နဲ့ပညာမဲ့၊တောသားနဲ့မြို့သား။..စသဖြင့်..စသဖြင့်

ကိုယ်သိတဲ့အသိဉာဏ်…ကိုယ်တတ်တဲ့ပညာ…ကိုယ်ပိုင်ဆိုင်တဲ့ စည်းစိမ်…

ကိုယ်မွေးဖွားလာတဲ့ပတ်ဝန်းကျင်…ကိုယ်ကိုးကွယ်တဲ့ဘာသာ….ကို်ယ်ရထားတဲ့လိင်..ပေါ့ဗျာ..

တူရာတူရာစုပြီးနေကြရင်း…၊အနည်းနဲ့အများတော့ ခွဲခြားတတ်ကြတာချည်းဘဲကိုး။

ဒီတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း…ဒီထက်မပိုတောင် ဒီထက်မလျော့တဲ့ လူမျိုးရေးခွဲခြားမှုတွေကို

ရှိနေခဲ့ဖူးတယ်။ရှိနေသေးတယ်။နောက်..နောင်…မရှိကြရလေအောင်…………..

ကျွန်တော်တို့ဘာလုပ်ကြမလဲ…(တမျိုးမတွေးနဲ့ခင်ဗျ..ကျွန်တော်က အကောင်းပြောနေတာ..ဟာသမလုပ်နဲ့)

စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ…အသားအရောင်..လူမျိုးရေးဘာသာရေး…လူတန်းစားအနိမ့်အမြင့်…

စသည်ခွဲခြားစရာမှန်သမျှကို တပြေးညီဖြစ်အောင်…အားလုံးတန်းတူအခွင့်အရေးရအောင်…ဖန်တီးခွင့်ပေးထားတဲ့

စနစ်တစ်ခုလို့ကျွန်တော်တော့မြင်ပါတယ်။

မတရားတာမှန်ရင် ဘယ်သူဖြစ်ဖြစ်..အပြစ်ပေးတာခံရမယ်။

ကိုယ့်မှာ..ကိုယ့်ကိုးကွယ်ယုံကြည်ခွင့်..အပြည့်ပေးထားခံရမယ်။

အမေရိကန်နိုင်ငံကိုဘဲကြည့်ပါ။လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အသားအရောင်ပေါင်းစုံ

စုပေါင်းနေထိုင်တဲ့နိုင်ငံကြီးကိုး။ဒါတောင်..အဲဒီမှာ…နေထိုင်ကြတဲ့ မွတ်စလင်ဘာသာဝင်တွေ

နဲ့ ခရစ်ယာန်တွေက တည့်တာမဟုတ်ဘူး။ဘာကြောင့်လဲ။မွတ်စလင်တွေက သူတို့ကို

အုပ်ချုပ်သူတွေက ခွဲခြားဆက်ဆံ ထားတယ်လို့ မြင်ကြတယ်။ CIA နဲ့ FBI ကအမြဲတမ်းစောင့်

ကြည့်တာကိုခံရတယ်။ဘာကြောင့်လဲ….။ကမ ္ဘာပေါ်တွင် အကြမ်းဖက်အများစု သည် ထိုသို့ခွဲခြားဆက်ဆံ

ခြင်းခံရသည် ဟုဆိုသော မွတ်စလင်များပင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ထိုအချက်ကို ဘယ်သူမှ မငြင်းနိုင်ပါ။

အလယ်အလတ် သဘောထားပျော့ပြောင်းမှု ရှိသော မွတ်စလင်များသည်…ထိုသို့အစွန်းရောက်များကြောင့်..

နေရာတိုင်းတွင်မျက်နှာငယ်ကြရသည်။ခွဲခြားဆက်ဆံ ခံရသည်။ ခွဲခြားဆက်ဆံခံရသော မွတ်စလင်များသည်..အသည်းနာပြီး

အကြမ်းဖက်ဖြစ်ကုန်ကြသည်။ ထိုကဲ့သို့ မုန့်လုံးကို စက္ကူကပ်နေခြင်းြဖစ်ပေသည်။

မွတ်စလင်တို့၏ ကိုရ်ရမ်ကျမ်းတွင် အစ္စလန် ဘာသာသည်သာ ကမ ္ဘာကို ငြိ်မ်းချမ်းအောင် လုပ်နိုင်သည်။

အာလာ အရှင်မြတ်သည် ငြိမ်းချမ်းမှု၏ သင်္ကေတ ဖြစ်သည် ဟုဖော်ပြ ထားသည့်အလျှောက် မွတ်စလင် ဘာသာကို

ပြန့်ပွားရန် ကြိုးစားကြသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်သည်။သို့သော်…

လူတိုင်းတွင်ကို်ယ့်ခံယူချက်..ကိုယ့်အမြင်…ကိုယ့်ယုံကြည်ရာ ဟူ၍ ရှိသည့်အလျှောက်…ကွဲပြားနေဦးမည်သာဖြစ်သည်။

မိမိ၏ အယူဝါဒ သည်သာ အမှန်ဆုံးဖြစ်သည်။ တစ်ခြားဘာသာဝင်များသည် မှားသည်။ ထို့ကြောင့် ငါတို့ ဘာသာဝင်များ

များပြားလာပြီး ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာ ရေးကို တည်ဆောက်မည်ဟု ယုံကြည်ကြိုးစားနေပါက…ဖြစ်နိုုင်ဖွယ်ရာမရှိချေ။မတူကွဲပြားမှုကို လက်ခံပြီး…တစ်ဦးကိုတစ်ဦး နှိပ်စက်ညင်းပန်းခြင်း..ကင်းရှင်းပါစေ။

 

 

 

 

One comment

  • Ko SetPe

    June 11, 2012 at 9:26 pm

    အစ္စလာမ်ဘာသာကို သေချာစွာ နားလည်လိုလျင် အင်တာနက်ထဲမှ ကုရ်အာန်ကျမ်း မြန်မာပြန်တွေကို ရှာဒေါင်းပြီး
    အရင်ဆုံး ဖတ်ကြည့်စေချင်ပါသည်။ ငြိမ်းချမ်းရေးစကားသံများနှင့်အတူ သွေးညှီနံ့များကိုပါ အတူရောယှက် ခံစား
    နိုင်ကြောင်း သတင်းပါးလိုပါတယ် …

Leave a Reply