တံခါးစောင့် ဖတ်စာ

black chawJune 8, 20121min50367

အီဂျစ်သမ္မတဟောင်း မူဘာရတ် ကို ထောင်ဒဏ်တစ်သက် အပြစ်ပေးလိုက်ပြီ။
အီဂျစ်ပြည်သူတို့ အောင်ပွဲခံကြသည် ဆိုပါလား။
မြန်မာပြည်သူတွေလည်း အီဂျစ်ပြည်သူတွေကိုကြည့်ပြီး အားကျနေကြပါ၏။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိပြီ။
အောင်မြင်သောခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း သတင်းများက ဆိုပါ၏။
ကမ္ဘာ့ခေါင်းဆောင်များအကြား အမေစု၏ ပါဝါကို ထင်ထင်ရှားရှားမြင်ကြရပါသည်။
မကြာမီ နောက်ထပ်ပြည်ပခရီးစဉ် ရှိနေပါသေး၏။
ထိုခရီးစဉ်အတွင်း မြန်မာနိုင်ငံသားတစ်ယောက်အနေနှင့် ပထမဆုံးရရှိသော နိုဘယ်လ်ဆုကို လက်ခံရယူပါလိမ့်မည်။
သမ္မတကြီး ဦးသိန်းစိန် ၏ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်ပါသည်။
မည်သည့်အတွက်ကြောင့်ဆိုတာတော့ သေသေချာချာ မသိကြရပါ။
ထိုင်းဝန်ကြီးချုပ် ရင်လတ်ကတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် စိုးရိမ်မိကြောင်းပြောရှာပါ၏။
လွှတ်တော်ထဲမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအား တစ်ချိန်ချိန်တွင် လျှော့ချနိုင်ခြေရှိကြောင်း မြန်မာကာကွယ်ရေး ဝန်ကြီးကပြောပါ၏။
ပြည်သူရွေးချယ်သော ဒီမိုကရေစီအစိုးရစစ်စစ် ပေါ်ပေါက်လာတော့မည်ပေါ့။
တောင်ကုတ် တွင် ဖြစ်ပျက်ခဲ့သည်များအတွက် စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးတော့မည် ဆိုပါသည်။
တရားဥပဒေချိုးဖေါက်သူမည်သူ့ကိုမဆို မှန်မှန်ကန်ကန် အရေးယူနိုင်ဖို့ အရေးကြီးပါ၏။
တရားဥပဒေ ကြီး အင်အားကောင်းကောင်း ဖြင့်စိုးမိုးနိုင်ပါစေပေါ့။
မြန်မာငွေ ကျပ်တစ်သောင်းတန် ထုတ်ဝေတော့မည် ဆိုပါလား။
အခြေခံလူတန်းစားများ ခင်ဗျာ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မဝေခွဲတတ်ကြပါ။
ငါးထောင်တန်တောင် မကိုင်ဘူးသေးသူများ တစ်သောင်းတန်ထွက်လာတော့ မုဒိတာပွားကြသည်ဆိုပါ၏။
မန္တလေးဂဇက်မှ စာရေးဆရာ ဓါတ်ပုံဆရာ ကိုပေါက်(မန္တလေး) ၏ အင်တာဗျူး ဒီတစ်ပတ် မော်ဒန်ဂျာနယ်တွင် ပါလာပါသည်။
ကိုပေါက် (မန္တလေး) ကလောင်နာမည်ဖြင့် ယခင်ကတည်းက ဂျာနယ်များတွင် စာပေများရေးသားနေခဲ့သည် ဆိုပါလား။
မန်းဂဇက်မှ ရွာသူရွာသားများ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါ၏။
ဆရာထက်ဝေး၏ စာတွေလည်း မန္တလေးအလင်း ဂျာနယ်တွင် ပါခဲ့ကြောင်း သိရပါသည်။
မော်ဒန်ကဗျာဆရာ ကမ်းကြီး၏ ကဗျာတွေလည်း အိုင်ဒီယာ မဂ္ဂဇင်းတွင် မကြာမကြာ ဖတ်နေရပါ၏။
နောက်လာမည့် ဆရာတွေလည်း တန်းစီနေ ဆိုပါလား။
လက်ခုတ်တီးပြီး အားပေးဖို့ စောင့်နေကြပါစို့။
မန်းဂဇက် ၏ ပထမဆုံး ဓါတ်ပုံပြပွဲကြီး အောင်မြင်စွာပြီးဆုံးသွားပါပြီ။
ဆုရသူများအတွက် ဝမ်းသာဂုဏ်ယူမိပါ၏။
ရှားရှားပါးပါး မဲတစ်မဲ ပဲ ရသော ဓါတ်ပုံဆြာတွေလည်းရှိခဲ့ပါသည်။
အားမလျှော့ကြဖို့ အားပေးလိုက်ပါသည်။
ဒီတစ်ခါမရလည်း နောက်တစ်ခါပေါ့။
ပဋိဇီဝဆေးမတိုးသည့် ကာလသားရောဂါ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေသည်ဟု ဆိုပါသည်။
မိန်းမလိုက်စားသူများ သတိပြုနိုင်ကြပါစေပေါ့။
အလွယ်တကူကုသနိုင်ပါသည် ဆိုပြီး သောင်းကျန်းနေသူတွေ အတွက် စိုးရိမ်မိပါ၏။
ဒီနေ့ည ယူရို ၂၀၁၂ ဘောလုံး ပြိုင်ပွဲကြီး စပါပြီ။
လောင်းတဲ့အသင်း နိုင်သောသူတွေ ဖြစ်ကြပါစေပေါ့။
ဘယ်အသင်းချန်ပီယံဖြစ်မည် မပြောနိုင်သေးပါ။
ဒီတစ်ပတ် တံခါးစောင့်ဖတ်စာ ဒီမျှနှင့် နားပါမည်။
နောက်တစ်ပတ် ဆက်ချင်လည်း ဆက်ပါမည်ပေါ့။
သည်းခံဖတ်ပေးသူအားလုံးအား ကံစမ်းမဲ ဖေါက်ပေးသွားမည်ဖြစ်ပါကြောင်း….။

67 comments

  • Moe Z

    June 8, 2012 at 1:43 pm

    ကံစမ်းမဲ ဟုတ်စ .. ဘာပေးမှာလဲ ဘဘ ဘလက်
    ဟီး .. အမှတ်မရှိသေးဘူး :mrgreen:

  • etone

    June 8, 2012 at 1:51 pm

    ဒီတစ်ခါဖတ်ရတဲ့ .. တံခါးစောင့်ဖတ်စာလေးလည်း တမျိုးကောင်းတာပါပဲ … ကိုချောကလက်ကြီးရေ … ။
    နောက်လည်း … ဖတ်စာတွေရော ၊ သင်ခန်းစာတွေပါများများ ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော် … 🙂

    ဒါနဲ့ ..ကံစမ်းမဲပေါက်လျှင် ဟာဝိုင်ယီလိုက်ပို့ပေးမှာလားဟင် … ခွိခွိ … :mrgreen:

  • Azzurri

    June 8, 2012 at 1:54 pm

    ပေါ်တူဂီ ပဲ ကောင်းပါတယ်ဗျာ
    သူပဲ ဖလားရမှာ
    ဘာလို ့ ကောင်းတာလဲ သိလား. မသိ မှတ်ထား
    နာမည်မှာ ဂီ ပါလို ့

    အာ. ဟိ ဒက်ဂလောက်

    • amatmin

      June 8, 2012 at 2:38 pm

      သေချာဖတ်ရှုအားပေးသွားပါ၏.။
      တမျိုးဆန်းတဲ့ အရေးအသားလို့ ထင်ပါကြောင်း.။
      နောက်တပတ်မှာ လာမဲ့နောက်တမျိုးကိုလည်း မျှော်နေပါမည်.။
      ဓါတ်ပုံပြပွဲ ဆုရသူများကို ဂုဏ်ပြုကြောင်းဝင်ပြောချင်ပါသည်..။
      ဖတ်စာဆိုတော့ စာဖတ်သလိုပဲ ဖတ်လိုက်တယ်ပေါ့.. နော် 🙂
      ကံစမ်းမဲကြားတော့ နွယ်နွယ်ထွန်းလေးကို ပြေးမြင်လိုက်မိတယ် ကျောင်းဒကာရယ် 😛

      • amatmin

        June 8, 2012 at 2:42 pm

        နေရာမှားပီး ကိုဂီနောက်က မန့်မိလိုက်သဗျာ..
        မှားတာရှိ/သိရင် ချက်ချင်းတောင်းပန်တာ ရွာ့ဂုဏ်ဆိုတော့ကာ..
        ဆောရီးပါ ကိုဘလက် နဲ့ ကိုဂီရေ.. 🙂
        စကားမစပ်.. ကျနော်ကတော့ လန်လေးလန်.ဝင်ပြိုင်တဲ့ ယူရိုပွဲမှာ.
        ဟော့လန် နေတာလေးကိုပဲ ကြိုက်သဗျ.. 😆

      • Moe Z

        June 8, 2012 at 2:49 pm

        Hooray!!!! … မီထူး 😀

        • Khaing Khaing

          June 8, 2012 at 2:56 pm

          ကိုအံစာတုံးပြောသလို ကော်မန့်ပေးတဲ့အခါဆိုတာလေးကို ကော်မန့်မပေးခင်လေးမှာ မြင်ယောင် စဉ်းစားပီး ကော်မန့်ပေးစေချင်ပါတယ် ….. မဆဲကြပါနဲ့ဗျာ မနောက်ကြပါနဲ့ဗျာ …….. ခစ်ခစ်

        • Azzurri

          June 8, 2012 at 2:59 pm

          ဘယ်နေရာက ဟော့ပီးလန်နေပါလိမ့်အေ…
          နောက်တန်း မကောင်းတဲ့အသင်း ဆိုလို့ကတော့
          မက်ဆီ ၆ယောက်ပါလည်း အားမပေးဝူးဗျို့ ….
          သည်နှစ် ဖလားက ဥရောပတောင်ပိုင်း ကိုသွားရင်သွား
          မသွားရင် ဥရောပဗဟိုမှာ ရပ်လိမ့်မယ်..

          ပုံ
          သမိန်ဂီ့

    • ကြောင်ဝတုတ်

      June 9, 2012 at 1:55 pm

      ဘာကွ….
      ပေါ်တူဂီဟုတ်လား….
      အမှတ်မရှိ….အီတလီကိုပဲအားပေးမည်…..

      အီတလီပိတ်သတ်
      ကြောင်ဝတုတ်

  • Khaing Khaing

    June 8, 2012 at 2:05 pm

    သည်းခံဖတ်သွားပါတယ် လေးဘလက် …… ကံစမ်းမဲ ဒကယ်ပေးရမယ်နော် ….. မပေးရင် နောက်တစ်ခါဆို သည်းခံမဖတ်တော့ဘူး …….. မသည်းခံဘဲဖတ်မယ် ……… အခုလိုပေ့ါပေါ့ပါးပါးလေးတွေကို ဖတ်ရတာ ကြိုက်နှစ်သက်မိပါတယ် ……… ကံစမ်းမွဲမပေးလည်းရပါဒယ် …….

  • သူရဇော်

    June 8, 2012 at 2:11 pm

    အိုးဟိုး ကျောင်းဒကာရေ စာအမယ်တွေက စုံလင်လှသဗျို့……. ဖတ်စာဆိုတဲ့ခေါင်းစဉ်နဲ့လိုက်ပါပေတယ် ကျောင်းဒကာ……. ဗျာကိုဆိုတဲ့ မူပိုင်အသံရှင်လေးကို မတွေ့ရတာ ကြာတော့လဲ လွမ်းသလိုလို ရှိမိသားဗျ……. ကိုဘလက်ကြီးနဲ့ စတွေ့တုန်းက မိတ်ဆက်တဲ့စကားလေးခုထိ မမေ့သေးဘဲ အမှတ်တရ ရှိနေတုန်းပါပဲဗျာ……. မိတ်ဆက်စကားလေးက ဒီလို “ကျွန်တော်က အသားမဲတယ်…. ရုပ်ချောတယ်လေ´´တဲ့ ဒီတော့ နာမည်ကို ဆက်စဉ်းစားကြည့်ပါတဲ့ဗျ…… ဟဲဟဲ
    ကဲ ကျောင်းဒကာရေ အားပေးသွားတယ်ဗျာ စားကောင်းစာပေများကို ဆက်လက်မျှော်လင့်နေပါတယ်လို့……
    ခင်မင်လေးစားစွာဖြင့်
    သူရဇော်

  • သူရဇော်

    June 8, 2012 at 2:16 pm

    မေ့သွားလို့ဗျ လက်မကြီးကြီးထောင်အားပေးသွားသဗျ

  • ဘဲဥ

    June 8, 2012 at 2:19 pm

    အူးအူး ဘလက် ကံချမ်းမဲဂ ဘာပေးမှာလဲဂျ တားတားအတွက် ကောင်မချောချောလေးဖောက်ပေး

  • စိန်ဗိုက်ဗိုက်

    June 8, 2012 at 2:25 pm

    ကျောင်းဒဂါ၏ တံခါးစောင့် ဖတ်စာ အားပေးဖတ်ရှုသူများကို အထူးကံစမ်းမဲအနေနဲ ့
    ဗိုက်ကလေးအား မဲဖောက်ပေးပါမည်
    မဲပေါက်သူများ အနေဖြင့် ဗိုက်ကလေးအား ဘီအီး အဝတိုက်ရမပါမည်
    အကြောင်းမှာ အံဖတ်ဆို ့ပြီး သေသွားပါက စံရတီမိုးမြင့်လေးအား ကျောင်းဒဂါနှင့် ဦးချိုကြီးတို ့မှ မဲခွဲ ဗလောင်တောင်တောင်ချကာ
    သိမ်းပိုက်ကြမည်ဟူ၍ အရက်သမား သမဂ္ဂ အဖွဲ ့ ဥက္ကထ အူးမင်းမတ်မှ တိုးတိတ်သတင်း ပေသွားပါသည်။
    ဘယ်သူမှ မသိကြစေလိုပါ။
    ရှူး…………..

    • Moe Z

      June 8, 2012 at 2:36 pm

      ဘာာာာာာ … တော်ပြီ မမန့်တော့ဘူး ပြန်ရုတ်သိမ်းတယ် ဒါဗြဲ ..

      • စိန်ဗိုက်ဗိုက်

        June 8, 2012 at 2:39 pm

        ကျနုပ် အိမ်နောက်ဖေးမင်းသား စိန်ဗိုက်ကလေးကို လန်ကြုတ်ချင်နေသော အုဘလက်နှင် အုချိုကြီးတို ့ရဲ့
        ကံစမ်းမွဲ အစီစဉ်အား စန္ဒာပြကြပါကုန်လော့

        • amatmin

          June 8, 2012 at 2:46 pm

          ဗိုက်ကလေး ကျုပ်က အပေါ်မှာ နွယ်နွယ်ထွန်းလို့ပြောထားသဟ..
          နင်က စံရတီမိုးမြင့်လေး ဆိုတော့ ခက်ကုန်ပီ..
          ကိုဘလက်နဲ့ ဦးနို ကို ပြန်မေးလိုက်အုန်း 🙂

        • စိန်ဗိုက်ဗိုက်

          June 8, 2012 at 2:52 pm

          ကဲ.ကဲ..
          အုဘလက်…အူးလေး ဘာရွေးမှာလဲ ပြော…
          ဟိုလိုလို ဒီလိုလို မလုပ်နဲ ့
          အူးလေးက ကျောင်းဒဂါမိုလို ့ ဦးစားပေးလိုူက်မယ်..အူးလေးမရွေးတဲ့ တစ်ယောက်ကို
          အူးချိုကြီးနဲ ့ ထပ်လုရဦးမယ်

    • Khaing Khaing

      June 8, 2012 at 2:52 pm

      ဟာ …….. ဘယ်သူပြောတာအမှန်လဲကွာ …… စိန်ဗိုက်ဗိုက်ကတစ်မျိုး အမတ်မင်းကတစ်မျိုး ….. လေးဘလက်ရေ လာအတည်ပြုပေးပါတော့ဗျို့ ……. ဒါတွေကို ကံစမ်းမွဲဖောက်ရင် လေးဘလက်ကို မမန့်တော့ဘူးရှင် …… အဟီးးးးးးးးးးး

  • pooch

    June 8, 2012 at 2:26 pm

    ကံစမ်းမဲကို တသောင်းတန်တွေ အုပ်လိုက်ပေးမယ်ဆိုတဲ့ သတင်းက ကောလဟာလလား တကယ်လား ကိုဘလက်.. 😀

  • blackchaw

    June 8, 2012 at 2:40 pm

    အီဂျစ်သမ္မတဟောင်း မူဘာရတ် ကို ထောင်ဒဏ်တစ်သက် အပြစ်ပေးလိုက်ပြီ။
    အီဂျစ်ပြည်သူတို့ အောင်ပွဲခံကြသည် ဆိုပါလား။
    မြန်မာပြည်သူတွေလည်း အီဂျစ်ပြည်သူတွေကိုကြည့်ပြီး အားကျနေကြပါ၏

    :mrgreen:

  • blackchaw

    June 8, 2012 at 2:55 pm

    တံခါးစောင့်ဖတ်စာ စက်ရပ်သတင်း

    မန်းဂဇက်တွင် အရင်က
    ကွန်းမန့်တစ်ခု ပေးသူ တစ်ဆယ် ပို့စ်ရေးသူ မရ ဖြစ်ခဲ့ရာမှ
    ဒီကနေ့ ပေးသူ ၆ ကျပ် ပို့စ်ရေးသူ ၂ ကျပ် ဖြစ်သွားကြောင်း
    တိကျသေချာသော သံတမန် သတင်းရပ်ကွက်မှ သိရပါသည်။

    • Khaing Khaing

      June 8, 2012 at 3:00 pm

      အာ …… လေးဘလက်တကယ်လား .. တော်ပီမမန့်တော့ဘူး သမီးတို့က ၁ဝ မှန်လို့မန့်နေဒါ ….. အခု ၆ ကျပ်ဆို မမန့်တော့ဘူးဗျာ ……..

    • Shwe Tike Soe

      June 8, 2012 at 4:12 pm

      အော်ဟုတ်လား …….. ကော့မန်.တစ်ခုကို ငွေတဆယ်ပေးတယ်ဆို တာ ကိုအံစာတုံး ပို.စ်မှာမှ စသိတာ..
      အခု ၆ကျပ်ဆိုတော့လဲ.. ၆ကျပ်ပေါ့ဗျာ…..
      ပေးယူမယ် မပေးမယူဘူးပေါ့… ပို.စ်တင်တာ ကော့မန်.ရေးတာကတော့ ဘာနဲ. တားတား မရပ်နိုင်တော့ဘူး…..

      မျိုးကြီး သီချင်းလို. …… ငါ့ါါါါါါါါါါါါါါါါါါါါါါကော့မန်. တွေ မရပ်နိုင်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရေးတော့မယ် မတွေးးးးးးတော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      ၆ကျပ်ငါ ဂရုမစိုက်ဘူး အိုးဟို ငါ့ ကော့မန်.တွေ မရပ်နိုင်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အူးဟူးဟူးးးးးးးးးးးးးး

  • blackchaw

    June 8, 2012 at 2:58 pm

    အင်း နွယ်နွယ်ထွန်းလည်း အသက်ကြီးသွားပြီ။
    စံရတီမိုးမြင့်လေးက ၁၈+ အပြင် ဆိုင်သူကိုယ်စီနဲ့မို့ မေ့လိုက်ပြီ။
    ဒံပေါက်ဆိုက်ကလေး ယွန်းဝတီလွင်မိုး လေးဆို မဆိုးဘူးနော့။
    အော် နွားအို မျက်နုကြိုက်…။
    :mrgreen:

    • Azzurri

      June 8, 2012 at 3:03 pm

      ဟာဗျာ ..ကျုပ်ကတော့ အဲ့ ..ဘဲ ကို အဖေမခေါ်နိုင်လို့
      ဒင်းကလေးကို ရင်နာနာနဲ့ စာရင်းဖျက်ထားပါဂျောင်း…
      :mrgreen:

      လာထား ၆ကျပ် ..အင့် ၂ကျပ်

    • Khaing Khaing

      June 8, 2012 at 3:04 pm

      လေးဘလက်ကြီး ယွန်းဝတီလွင်မိုးကို မျက်စောင်းမထိုးနဲ့ လွင်မိုးဝဋ်လည်ပီ သူ့တုန်းက သူများ သားပျိုသမီးပျိုတွေကို လိုက်ငမ်းထားတာ ခုတော့ ခုတော့ လေးဘလက်တို့နဲ့တွေ့ပီ ………

    • Foreign Resident

      June 9, 2012 at 6:27 am

      ကို ဘလက်ရယ် ။
      အဘကို Conservative အဖိုးအို ငတုံးကြီး လို့ပြောရင်လည်း ခံရမှာပဲ ။
      ” ဒံပေါက်ဆိုက်ကလေး ” ဆိုတာ ဘာကိုပြောတာလည်း ။
      မနူးမနပ်ကို ဆိုလိုတာလား ။

      • ဦးဦးပါလေရာ

        June 9, 2012 at 4:34 pm

        လေးဆယ်သားအရွယ်
        ကြက်ကြီးကောင်ဝင်စ
        နုနုလေး … ကိုပြောတာထင်ပါရဲ့
        မောင်စေတန် အဲလေ ယောင်လို့ ကိုဖေါရင်းရယ်…. 😀 😀

        • Foreign Resident

          June 9, 2012 at 5:22 pm

          ” မောင်စေတန် အဲလေ ယောင်လို့ ကိုဖေါရင်းရယ်…. 😀 😀 ”

          အော် ဦးဦးပါလေရာ ၊ ဦးဦးပါလေရာ ။
          အဘ ကိုများ မောင်စေတန် နှင့် နှိုင်းတယ်ပေါ့လေ ။
          အဘ ကို တယ်အထင်သေးတယ်ပေါ့လေ ။

          အဘ ငယ်ရွယ်စဉ် မိုက်မဲစဉ် က ကဲခဲ့တဲ့ ၊
          Video Clip လေး တစ်ခု ၊
          ဓါတ်ပုံလေး တစ်ပုံလောက် ၊ ထုတ်ပြလိုက်ရင်ကို ၊
          မောင်စေတန် ဆိုတာ ၊
          အဘ ရဲ့ မြေးတပည့်ထဲမှာမှ ၊
          အငယ်ဆုံး အဆင့်လောက်ပဲ ရှိတယ်ဆိုတာ ၊
          တစ်ခါထဲ ဝန်ခံ သွားစေရမယ် ။

          နောက်တစ်ခါ ရန်ကုန်မှာတွေ့မယ် ဆိုရင် ၊
          အဘ ကို မမေ့ခဲ့အောင် ကြိုသတိပေး ။
          တခုတော့ သတိပေးလိုက်မယ် ၊
          နှလုံး သွေးတိုး မောတတ်တဲ့ ရောဂါများရှိရင် ၊
          ဆေးကြိုသောက်ခဲ့ ။

          အဲတော့မှ ၊ တွေ့မယ် ။ ဒါပဲ ။ 😛

  • Azzurri

    June 8, 2012 at 3:13 pm

    ရော့ အေ ..ရော့ ရော့ …
    Oggi finalmente comincia l’Europeo, la snervante attesa in vista dell’inizio della competizione passerà.

    Ho un po’ di timore e di curiosità per la nostra partita, tutto giustificabile, è come se ci preparassimo, dopo 2 anni di lavoro, ad un esame….. e ogni esame che si rispetti racchiude in se difficoltà e avversità; conta aver studiato,ma l’aspetto più importante è tenere a bada l’emozione ed avere una tenuta fisica e mentale invidiabile.

    Ci tengo, ci spero, ci credo…. baratterei 2-3 anni di vita per ritornare là, dove tutti noi sogniamo… dove tutti noi vorremo arrivare….. rivedere un’Italia in festa, rivedere la gente orgogliosa della propria Nazionale, sarebbe il regalo più bello di questo fine stagione.

    Il vostro supporto e il vostro affetto sarà determinante e sarebbe il segnale più forte nei confronti di chi ci vuole dividere o vuole creare fratture fra noi e voi…. cominciate a ragionare con la vostra testa gente, non fatevi depistare da chi di mestiere fa il semina-zizzania!

    Noi daremo il massimo, su questo potete starne sicuri. Speriamo possa bastare, altrimenti si applaudirà il vincitore e chi si è dimostrato più bravo… perché lo sport è competizione ed in ogni competizione che si rispetti la battaglia per la vittoria è serrata e l’avversario di valore.

    Noi siamo pronti a combattere, con voi al nostro fianco…

    FORZA ITALIA… FORZA AZZURRI!!!

    Un grande abbraccio a tutti voi da Cracovia

    Gigi

    • Moe Z

      June 8, 2012 at 3:21 pm

      ဘာပဲ ဖြစ်ဖြစ် ဟော်လန်ပဲကွ Cheers!

      • Azzurri

        June 8, 2012 at 3:34 pm

        ခြေစမ်းပွဲတခုမှာ ချီယေလီနီ သမလိုက်လို့
        ဗန်ပါစီ ကွင်းဘေး ၆လ လောက်ထွက်သွားရဖူးတာ..
        မသိဘူးထင်တယ်…ဟင်းဟင်း …
        ဆုံဂျင်ဇမ်းဘာဘိကွယ်….

        စတော့ပါ ကောင်းကောင်း ဆွိပါ ကောင်းကောင်း
        ရှိတုန်းကတောင် ဖလား မရခဲ့သေးတာ …အဟတ်…
        😛

        • Khaing Khaing

          June 8, 2012 at 3:48 pm

          ဟဲ့ မိဂီဘာစာတွေတင်တာတုန်း …….. ကိုမိုးစက် နဲ့ ကိုဂီ ကွင်းကောင်းကောင်းလေးရှာပီး ကန်ကြပါလား ……. ဒီနေရာက စာဖတ်ခန်းနော် …..ဘောကွင်းမဟုတ်ဘူး …….. ဟီး -ကျပ် လေးဘလက် ရော -ကျပ်

        • ကိုရင်စည်သူ

          June 8, 2012 at 6:27 pm

          လာချမ်းဘာ… အင်ဂလန်ကွစ်…
          အီကြီးကော လန်ကြီးပါ…
          ဂျာကြီးကစ်နဲ့ နှာစီးသွားမယ်… အဟီးး 😀 😀
          လာထား… ၆ ကျပ်..
          ၆ ၁ဝ လီ ၆ဝ
          တစ်နေ့ ၆ဝ သဂျီးဘယ်ပြေးမလဲ… 😛 😛

      • Azzurri

        June 11, 2012 at 2:02 pm

        ဘယ့်နှယ့်ရှိစ
        အဟတ်အဟတ်
        ဟော့လန်ချို

        နောင်တ ရမယ်ဆို မှီသေးတယ်နော

        အိုဘယ့်
        ဖော်ဇာ အီတာလီယာ

        • Azzurri

          June 11, 2012 at 2:51 pm

          အဟတ်…
          ဒီကမာ္ဘမှာ …စပန်းနရတ်တွေက အသင်းလိုက် ကစားပုံ အကောင်းဆုံး ရှို…
          တွေ့ဒယ်ဟုတ်….

          ကွင်းလည်ဗိုလ်ချုပ် ဆိုတာ …
          ဖော်ဇာ ….ပီယာလို …
          😛

    • amatmin

      June 8, 2012 at 3:37 pm

      ဝုတ်တယ်ဗျာ…
      ဘာပဲဖြစ်ဖြစ် ဟော့လန်ပဲ..
      Fighting !! Orange Lions …. 😆

  • manawphyulay

    June 8, 2012 at 4:13 pm

    တံခါးစောင့်ကြီးက တစ်ခါရေးတစ်မျိုးပေါ့လေ။ ဘယ်ဟာပဲရေးရေး စောင့်ဖတ်နေတာပါပဲ မှတ်ချက် ကံစမ်းမဲ လိုချင်လို့မဟုတ်ဘူးနော်။ မဲနဲ့မဆွယ်လည်း ဖတ်ပါတယ် ဦးဦးဘလက်ရဲ့…

  • kai

    June 8, 2012 at 4:34 pm

    တခါးမှုးရေ..
    ၆/၂ အချိုးပြင်လိုက်ပါတယ်..
    ကွန်မန့်တွေအရမ်းတက်နေလို့ပါ..
    မင်န်ဘာသစ်တွေကို. ဝင်ဝင်ချင်း… ၅၀၀ဝပြောင်းပေးလိုက်ပါတယ်..။

    စာမူတောင်းထားတယ်နော…။ အီးမေးလ်ရေစစ်ရဲ့လား…
    စနေနေ့အမှီဖြစ်နိုင်မလား… ?

    • အရီး Khin Latt

      June 8, 2012 at 4:47 pm

      ဒီမှာ သူကြီး
      ဖားတာမဟုတ်။
      အပျော်သဘောနဲ့ အတို မှတ်ချက်တွေ ကတော့ ရှိပါစေ။
      ဒါပေမဲ့ အဲဒါတွေကို Point မပေးတဲ့ စနစ် လုပ်ဖို့ကောင်း တယ်။
      Admin ကနေ စစ်ထုတ်လို့ ပြန်ဖြုတ်လို့ မရဘူးလား။

      ကဘချော – ပြန်လာမယ်နော်။ 😉

      • kai

        June 9, 2012 at 12:25 am

        လုပ်ချင်တာလေး.. ၁-၂ခုရှိတယ်..။
        php နဲ့ ရေးတတ်တဲ့သူရှိရင်ကောင်းမှာ..

        • အရီး Khin Latt

          June 9, 2012 at 3:15 am

          သူကြီး
          ဘယ်လို မျိုးရေးချင်တာလဲ။
          ရှင်းရှင်းလား။ ရှုပ်ရှုပ်လား။
          php ရေးတာ လွန်ခဲ့တဲ့ ၄နှစ် ကျော်လောက်က။
          အခုပြတ်နေတာတော့ကြာပြီ။
          ဘေးက လူကြီး ကတော့ အခု “ဂျာဗား” နေတော့ သူများ ကူနိုင်မလား မသိ။ 😛

        • MaMa

          June 9, 2012 at 10:18 am

          သဂျီးရေ-
          ရွာ့သားမက်တွေ သဘောကောင်းတယ်။
          မျက်မြင်။ 🙂

        • မဟာရာဇာ အံစာတုံး

          June 9, 2012 at 4:53 pm

          Php ဆို
          ကျနော်တော့ နည်းနည်းပါးပါး
          ရေးတတ်သလားပဲ ..

          မှတ်ချက် ။ ။ ဖရီး ကူညီပေးမည် ဖြစ်ပါဂျောင်း ..
          သတိ ။ ။ ယုံ၍အပ်က အကုန်ပျက်သွားမည် ဖြစ်ပါဂျောင်း ..
          😀 😀

  • MaMa

    June 8, 2012 at 5:12 pm

    စာပေဈေးခင်းထဲမှာ အရောင်အသွေးစုံ၊ ဆိုဒ်စုံ ရမယ်လို့ တံခါးစောင့်ဖတ်စာကို ကြော်ငြာလို့ ရတယ်။
    ကြော်ငြာပေးတဲ့လူဆို ကံစမ်းမဲနှိုက်စရာမလိုပဲ ဖားပြုတ်တစ်စီး လက်ဆောင်ပေးမယ်ဆိုလား။ 😀

  • htet way

    June 8, 2012 at 7:05 pm

    ဆရာဘလက်ရေ ကျွန်တော် ပို့စ် ကွန်မန့်ပေး လို့ရပါပြီ ဗျာ
    ကျွန်တော်လည်း ကိုပေါက်အတွက်ဂုဏ်ယူပါသည်။
    ဂျာနယ် ဝယ်သိမ်းလိုက်ပါမည် ခင်ဗျား

  • ahnyartamar

    June 8, 2012 at 7:07 pm

    ဒီနေ့ည ယူရို ၂၀၁၂ ဘောလုံး ပြိုင်ပွဲကြီး စပါပြီ။
    လောင်းတဲ့အသင်း နိုင်သောသူတွေ ဖြစ်ကြပါစေပေါ့

    ကိုဘလက်ရေ…ပိုလန် နဲ့ ရှရှား နိုင်ရင်တော့ ကိုကြီးမိုက်ကိုခေါ်ပြီး ၃-ယောက်အတူ အရက်ဆိုင် ဒိုးမယ်ဗျို့။

    • အရီး Khin Latt

      June 9, 2012 at 3:10 am

      ဒိုးတော့ အညာတမာ ရေ။ ဒိုးတော့။ 🙂
      06/08
      Poland 1-1 Greece
      Russia 4-1 Czech Republic ‎-90’+2,

  • Thel Nu Aye

    June 8, 2012 at 8:28 pm

    မဖတ်ရတာကြာတဲ့ တံခါးစောင့်လက်ရာကို နှစ်ခြိုက်စွာဖတ်သွားပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ထိထိမိမိရှိလှပါ တယ်။ နောက်ထပ်စောင့်မျှော်လျှက်ပါ။ ကံစမ်းမဲကတော့ ဟာရီယာပါရင်စိတ်ဝင်စားပါကြောင်း။ သို့သော်လဲ ဘာပဲဖြစ်ဖြစ်ပေါက်လျှင်ကျေးဇူးတင်မှာဖြစ်ပါကြောင်း။

  • aye.kk

    June 8, 2012 at 9:01 pm

    တံခါးစောင့်စာဖတ်ပြီး..
    ကျေးဇူးတင်မိရပါတယ်..။
    ရေးတဲ့စာတွေဖတ်ပြီးနှစ်ခြိုက်မိပါတယ်..
    အားပေးတာအတွက်ကျေးဇူးတင်ပါတယ်…
    အားမလျှော့ပဲနောက်ထပ်လည်းတင်ပါမယ်..(ဓါတ်ပုံပြပွဲကိုပါ)။။

  • ကမ်းစမ်းမဲ လိုချင်လို့ မန့်တာဟုတ်ဝူးနော်ဗျ
    ယူရိုမှာတော့
    လန် တာပဲ ကြိုက်လို့
    နယ်သာလန် (ဟော်လန်)ပဲဗျ …. 😆

  • Crystalline

    June 8, 2012 at 11:16 pm

    ကံစမ်းမဲပေးတဲ့ကာလကျော်သွားပြီးလားမသိဘူးနော်….
    ဦးဦးဘလက်ရဲ့သတင်းခေါင်းစဉ်ပေါင်းချုပ်အတွက်ကျေးဇူး
    ဓါတ်ပုံပြိုင်ပွဲဝင်ရင်တော့ ဦးဦးဘလက်ရဲ့ပုံမှာ သဲလွန်စလေးတခုခုထားပေး …သူများဗုတ်လုုပ်ပေးမယ်
    ဘောလုံးကတော့ သူများကတော့ ရင်တထိတ်ထိတ်နဲ့ အားပေးချင်လို့ world cup တုန်းက တစ်ပွဲတစ်ဂိုးနှုန်းသွင်းတဲ့ စပိန်ပဲရွေးမယ်

  • အရီး Khin Latt

    June 9, 2012 at 3:22 am

    ကဘချော
    ယူရို မှာတော့ ပွဲစလို့ မကြာခင် ပြုတ်မှာဖြစ် တဲ့ အင်္ဂလန် ကိုဘဲ တာဝန်နဲ့ဝတ္တရား အရ အားပေးပါမယ်။
    သူ ပြုတ်သွားချိန်မှာ တော့ အီတလီ ပေါ့။
    ဒီတော့ အပေါ်က စပိန် အားပေးမဲ့ မကြည်စင်လေးနဲ့ အရီး တို့ တနင်္ဂနွေမှာ တွေ့ကြတာပေါ့။
    06/10
    Spain v. Italy ‎- (5:00 PM – UK time, 10:30 PM – Myanmar time) 🙂

    • Crystalline

      June 9, 2012 at 4:44 pm

      အဲလိုဆိုတော့….ဒီတိုင်းကပျင်းစရာကြီး Ygn….UK round ticket ကြေးလောက်ဆိုရင် မဆိုးဘူးနော်အရီး…သဘောတူရင်အကြောင်းပြန်ပေးပါရှင့်….နှံ့အောင်လည်ချင်လို့ပါရှင့်…သမီးသွားတုန်းက ၃ရက်…နေတာက OX…အလုပ်သဘောဖြစ်တော့ ရောက်ခဲ့ရတာက အဲဒီက ရှိတ်စပီးယားပြတိုက်…လေယာဉ်ကွင်းမဆင်းမှီလေးလိုက်ပြတဲ့ ဘဲချေးလေးတွေနဲ့လှနေတဲ့ သိမ်းမြစ်ကမ်း၊ ဘဲတွေကတော့နန်းတော်မိသားစုစားဖို့တဲ့ ဟုတ်လားအရီး? ဝင်ဆာနန်းတော်ရှေ့ဓါတ်ပုံ၃ပုံရိုက်၊ နောက် ကွန်းကော့လေယာဉ်တွေထားတဲ့နားက ကားဖြတ်ပြပြီး ဟီးသရိုးထဲပြန်ဝင်ခဲ့ရတယ်…အရမ်းထင်ရှားတဲ့နေရာလေးတွေရောက် ဖူးချင်ပါတယ်….ကိုယ့်ဖာသာသေချာနေလိုက်တာ……

      • အရီး Khin Latt

        June 10, 2012 at 4:14 am

        မကြည်စင်လေး – တနလာင်္နေ့ညကျ အဖြေပေးမယ်နော်။ 😉
        ဘဲတွေကတော့နန်းတော်မိသားစုစားဖို့ ဆိုတာ အရီးတော့ မကြားဖူးပါဘူးဟယ်။
        ဟုတ်မယ်တော့မထင်ပါဘူး။ ဟုတ်ရင်လဲဟုတ်မလားဘဲ။ 😀
        ဒါဆို လန်ဒန် ကို မရောက်ခဲ့လိုက်ဘူးပေါ့။
        နောက်တစ်ခေါက် ထပ်ရောက်ရင် အချိန်လေး နဲနဲပိုတောင်းပြီး သွားလိုက်။

        အခု ဂျာမဏီ နဲ့ ပေါ်တူဂီ ပွဲ ကို ကြည့်ရတာ ဟာသဘဲ။
        ဂျာမဏီ က ဂိုးသွင်းနိုင်ချိန် ပေါ်တူဂီက အရီးရဲ့ ရန်သူတော်ကြီး နံပါတ်(၇) ရော်နယ်ဒို (ဒင်းက ကပ်ပတိန်တောင် ဖြစ်လို့) တို့ ရှုံးပြီ ဆိုပြီး သဘောကျသွား။
        ဒါပေမဲ့ ပျော်ပျော်ကြီး ထခုန်လိုက်တဲ့ အတော်မျက်နှာထိုး မတည့်သော ဂျာမဏီ နည်းပြ ကို ကြည့်ပြီး စိတ်ပျက်သွား။
        အတော် အကုသိုလ်တက်တဲ့ ဘော်လုံးပွဲတွေ။ 😛

        • Crystalline

          June 11, 2012 at 4:21 pm

          ဟုတ်တယ်အရီး….လန်ဒန်ထဲတော့မလည်ခဲ့ရဘူး…
          ရော်နယ်ဒိုကိုမုန်းတာတော့တူသွားပြီး…အရမ်းမာန်တက်နေပုံပေါက်လို့…
          ဘောလုံးပွဲကြည့်ရတာ အကုသိုလ်ရော နှလုံးရောဂါပါရနိုင်တယ်… စိတ်ကိုလည်းလျော့လို့မရ..အခုတော့အိပ်ရေးပျက်မခံနိုင်လို့မကြည့်ဖြစ်တော့ပါဘူး အရီးရယ်… အုပ်စုပွဲလွန်မှပဲစကြည့်တော့မယ်…

      • အရီး Khin Latt

        June 11, 2012 at 1:21 am

        မကြည်စင်လေးရေ
        သရေပွဲ ပါကွယ်။
        ပွဲ တစ်ကွေ့မှာ ပြန်တွေ့နိုင်ပါသေးတယ်။ 🙂

        • Azzurri

          June 11, 2012 at 6:17 pm

          ခြေစွမ်းကတော့အပျံစားပဲဗျို့
          အရီးရဲ့ အင်္ဂလိကန်အသင်း
          အဲ့နှစ်သင်းနဲ့တွေ့ရင် နားကားနိုင်ရဲ့

          ဘောလုံးဆိုတာ ဒီလိုဆော့ရတာကွလို့ ကျကျနန ချပြနိုင်တဲ့ အသင်းဆိုလို့
          အဲ့၂သင်းရယ် ဂျာမေးနီးယန်းတွေရယ်ပဲ မြင်မိတာပဲဗျာ

          ဥရောပ ရပ်ဝန်းမှာ ပြောပါတယ်ဗျာ

          စကားမစပ်
          လိမ္မော်သီး နားကားသွားတာ အတော်ချိုသကိုးဗျာ. အဟိ
          ပြောပါတယ်. ဘောလုံးမှာ ခံစစ်က အခရာပါဆို

          ဂျေပီလေး သနားထှာ

          လောင်းမိရင် ရယ်မီမာတင်၁လုံးဆုံးမှာ ခစ်ခစ်

          အိုဘယ့် ကာတင်နာဆီယို

          ဖော်ဇာ ဂျီဂျီဘူဖွန်

  • မောင်ပေ

    June 9, 2012 at 9:27 am

    euro 2012 အဖွင့်မှာ အောက်အသင်းနှစ်သင်းနောက်ကို လိုက်တာ ၂၀% ပါသွားတယ်။
    ဘဘဘလက် နဲ့ ဘောလုံးဝါသနာရှင်များကို မဝံ့မရဲလေးပြောချင်တာကတော့ euro ကို ပွဲစဆုံး လိုက်မယ်ဆိုရင် အောက်ပါဘဲ လို့။
    ၄စားစွာဖြင့်

  • blackchaw

    June 9, 2012 at 4:45 pm

    အဟမ်းအဟမ်းအဟမ်း အော် ဒီချောင်းနှယ်
    စကားကြီးစကားကျယ် ပြောတော့မယ် ဆို ဖေါက်ဖေါက်လာပြီ။ :mrgreen:
    ဒံပေါက်ဆိုက် ဒံပေါက်ဆိုက်
    အဲဒီ ဒံပေါက်ဆိုက် ဆိုတာကို FR ကြီးသိအောင် ရှင်းရရင်
    မြန်မာကားတွေလို နောက်ကြောင်းပြန်ရမှာဗျ။
    ကျွန်တော်တို့ မိသားစုက အရင်တုန်းက ကြက်မွေးမြူရေးလုပ်ဖူးတယ်။
    အဲ… ကြက်ဝယ်တဲ့ ကုလားတွေလာဝယ်ရင် ဒံပေါက်ဆိုက်က ဈေးကောင်းပိုရတယ်ဗျာ။
    အဲဒီတော့ ဒံပေါက်ဆိုက်ဆိုတာ ကိုပါလေရာကြီးပြောသလိုပါပဲ။
    အဲ..အဲ.. ဒံပေါက်ထဲထည့်နှပ်လို့ကောင်းတဲ့ အရွယ်ပေါ့ဗျာ။
    သဘောပေါက် ဒီလောက်ဆို သဘောပေါက် ဟေးဟေး။
    :mrgreen:

  • မဟာရာဇာ အံစာတုံး

    June 9, 2012 at 5:32 pm

    ယူရို ၂၀၁၂ မှာ ဗိုလ်စွဲမှာကတော့ ..
    အင်္ဂလန် ပါတဲ့ဗျာ ….
    ဖွတ်ချပ်ဖွတ်ချပ်နဲ့ တက်သွားပြီး ဗိုလ်စွဲသွားမှာ ဖြစ်ကြောင်းပါလို့ ..
    ဟောတိုင်းမှန် ဗေဒဝေဒ ဆရာ ညှောင်နာနာ က ဟောလိုက်ကြောင်းပါလို့ …

    ပြီးတော့ … ခင်လို့ တစ်ခု တဒိ ပေးလိုက်ဦးမယ် ..
    ယွန်းဝဒီလေးကို လာမချိန်နဲ့ …
    ပွဲကြမ်းသွားမယ် ဘာမှတ်လဲ …
    ဗလတော့ မရှိဘူး .. ဇတော့ ရှိတယ် ..
    အရွယ်တူ တိုက်စားတောင် ပေးလိုက်ချင်ဒေးဒယ် … 😀

    ကန်တော့နော် … ဦးဘလက်ကြီး ..
    ပြောမှားဆိုမှားရှိက ခွင့်လွတ်ပါဂျာ ..

  • ကြောင်ကြီး

    June 10, 2012 at 11:54 am

    ဓာ့ပုံပြိုင်ပွဲမှာ တမဲဗဲရဒါ သဂျီးမဟုတ်လား… ဒါတောင် သူ့ကိုယ်သူပျံပေးလို့… 😆 သူ့ပုံမဲမရဒါလည်း မပေါနဲ့.. သဂျီးဂဒေါ်နဲ့ သမီးဒေါ်ဂလေးဂတောင် မဲမပေးဘူး…။ စိတ်လျော့ လိုက်ပါဒေါ့ သဂျီးရယ်..အများပြည်သူကို အမြင်အာရုံ ဒုက္ခမပေးဂျင်ဘာနဲ့.. 😀

  • ကြည်ဆောင်း

    June 11, 2012 at 3:38 pm

    တံခါးစောင့်ဖတ်စာ ဖတ်လိုက်ရတာနဲ့ MG မှာလဲ Celebrity မနည်းဘူးဆိုတာသိလိုက်ရပါတယ်။
    MG ရဲ့ Celebrity များရဲ့အကြောင်းလေးတွေဖတ်ချင်သေးလို့ ဆက်ရေးပေးကြပါအုန်းလို့ MG ရဲ့ ဝါရင့်စာရေးသူများကို တောင်းဆိုလိုက်ရပါတယ်။

    • Azzurri

      June 11, 2012 at 5:30 pm

      ဟုတ်ကဲ့ ရွာထဲမှာ ဖားသက်ပြင်း ဆိုတဲ့ ဆယ်လစ်ဗျစ်တီတယောက်ရှိဖူးတယ်ဗျ
      သူက ဂျု လောနဲ့ ရုပ်ချင်းဆင်တယ်ဆိုလားပဲ

      ရွာသး တီလုပ်မလေးဒွေအသည်းစွဲ ဆိုလား

      သိပါဝူးဗျာ

      ဒက်ဂလောက်

      • အရီး Khin Latt

        June 11, 2012 at 5:41 pm

        ဝုတ်တယ်၊ ဝုတ်တယ်။
        အရီးမြင်ဘူးတယ်။
        သူက တောင် ပိုပြီးချစ်ချာလေး။
        ဂျု လော ကထိုင်ငိုမှာဗြား။ 😀

Leave a Reply