ကျွန်မ က ရွှေမင်းသား၊ သူ က စင်းဒရဲလား – Who ?

ဒီခေါင်းစဉ် အတိုင်း ရွာထဲ က တစ်ယောက်ကို ရင်ခုန်အောင် လုပ်ပါ့မယ်။
အပျော်သဘော ပေါ့။ 😉

ကျွန်မ ရွာထဲ မှာ စာတစ်ပုဒ် ကို ၂၀၁၁ စက်တင်ဘာလ ထဲ မှာ စပြီး တင်ခဲ့ပါတယ်။

ကျွန်မ ရဲ့  မှာ စစချင်းမှတ်ချက် (၃) ခု ရခဲ့ပါတယ်။
ကျွန်မ ကို မှတ်ချက် ပေးသူတွေ က
မမ က  ဒုတိယပေးသူ
မောင်မှော် က တတိယ ပေးသူ
အစ်မ အေး က နဲနဲ လေးကြာတော့ (၄) ယောက် မှတ်ချက်ပေးသူ ဖြစ်ခဲ့ပါတယ်။

သူတို့ အားလုံး နဲ့ ကျွန်မ ရင်းနှီးချစ်ခင်ခဲ့တယ်။
မမ နဲ့ ကတော့ လူချင်းတောင် တွေ့ဖို့အထိ ကြိုးစားခဲ့တယ်။

ဇာတ်နာ အောင် ပြောရရင်တော့ ကျွန်မ ရဲ့ Post  လေးမှာ ပထမ ဆုံး မှတ်ချက် ပေးခဲ့ သူ ကို ကျွန်မ ရှာနေခဲ့မိတယ်။
ကျွန်မ ၂၀၁၂ နှစ်စ ကစပြီး အမာခံရွာသူ စစ်စစ် ဖြစ်ခဲ့ပြီ။
ဒါပေမဲ့ သူ့ ကို ရှာမတွေ့နိုင်ခဲ့ဘူး။ 🙁

သူ့မှတ်ချက် လေးက ကျွန်မ Post ကို ပိုပြီး ရုပ်လုံးကြွ စေခဲ့တယ်။
ကျွန်မ ကို ပထဆုံးလက်ကမ်းပေးခဲ့တဲ့ ကျွန်မ ရဲ့ ရွာ့မောင်ကြီး ကို သိချင်ခဲ့တယ်။
ဒါပေမဲ့ ကျွန်မ သူဘယ်သူ ဆိုတာ မသိခဲ့တာ လွန်ခဲ့တဲ့ အပါတ် လောက် က အထိပါဘဲ။
သူ ဟာ ကျွန်မ နဲ့တစ်ချိန်လုံး ကို ကောင်းကောင်း နေရင်းနှီး ခဲ့သူဘဲ။

အခု တော့ စင်းဒရဲလားပုံပြင် ထဲ ကကို ကျွန်မ ရှာနေတဲ့ ရွှေဖိနပ် ပိုင်ရှင် ဘယ်သူ ဆိုတာသိပြီ။
သူ ဘယ်သူလဲ သိချင်ကြလား?

Hint နဲနဲ ပေးမယ် –  😉
သူက “မီး ချစ်သူ” – တိုက်ရိုက်မဟုတ်
သူက တိရိစ္ဆာန် အသွင် ဆောင်ထားသေး။ (ကြောင် အဖွဲ့ ဝင်များ လုံးဝ မဟုတ်)
ကာလသားများ နဲ့လဲ အဖွဲ့ကျပါ့။

သိပြီလား။
အရင် သိတဲ့သူကို ကြုံတဲ့ တစ်နေ့ မှာ အမှတ်တရလက်ဆောင် ပေးမည်။

အားလုံး မွန်းကျပ် မှု တွေ ကနေ  အနဲငယ် ပြေပျောက်စေရန် အတွက်  🙂

cinderella & missing shoe

Image From – http://www.thebrunetteshake.com/

37 comments

  • Moe Z

    June 8, 2012 at 5:05 pm

    အရီးရေ ဖြတ်လမ်းလိုက်ပြီး ပို့စ်အဟောင်းကိုပြန်ရှာတာ ကွန်မကောင်းလို့လားမသိ မရဘူး 😆
    ကားစောင့်နေပြီမို့ ပြန်ရတော့မယ် 🙁

    • ကိုရင်စည်သူ

      June 8, 2012 at 7:42 pm

      ဖြေးဖြေးမန့်ပါ… ကိုရင့် ကားက ဆီစားသက်သာပါတယ် မိုးလေးရဲ့…။ 😳 😳
      (ဆိုက်ကားပါခင်ည…)

      • အရီး Khin Latt

        June 8, 2012 at 7:52 pm

        မောင်စည် ရယ် သဘောင်္သီး လုပ်နေပြီး စွတ်ရွပ် ကြွားပစ် လိုက်စမ်းပါဟယ်။
        Harrier လေး၊ ဘာလေး ပေါ့။ 😀
        အခုတော့ ဆိုက်ကားတဲ့။
        မပြောချင်ဘူး။ 😉

        • ကိုရင်စည်သူ

          June 8, 2012 at 8:13 pm

          အဟီး… အရီးလတ်ကလည်း …
          တားတားကို ဟာရီယာနဲ့ လာပြီး စ နေတယ်လည်း သူထင်မှာစိုးဒယ်..
          မောင်ဂျစ်နဲ့ လာတော့လည်း ရှောင်ပစ်သွားမှာ စိုးဒယ်.. 😳
          စိုးဒယ်.. စိုးမိတယ်… စိုးထိတ်မိခဲ့တယ်… 😛 😛
          ဆိုက်ကားကို ခေါင်းခန်းက တင်ပြီး
          လေညင်းထွက်ခံဒါပဲ ကောင်းပါတယ်အေ… 😀 😀 😀

  • amatmin

    June 8, 2012 at 5:32 pm

    အရီးလတ်ရေ..
    လိုက်ရှာလို့ မလွယ်လို့.
    စဉ်းစားရသလောက်လေး ဝင်မန့်လိုက်အုန်းမယ်..
    မီးချစ်သူ…လိင်တူကာကွယ်သူကြီး
    တိရိစ္ဆာန် အသွင် ဆောင်..ကိုကြက်ဖင် ထင်ပ
    ကာလသားများ နဲ့လဲ အဖွဲ့ကျ..ထန်းရည်ကြိုက်သူကြီး
    ဆိုတော့ ကနေ့ပို့စ်တခုမှာ တောက်တဲ့ အကိုက်ခံလိုက်ရသူလို့ မှန်းလိုက်ပါ၏..။
    နာမည်ကိုတော့ နောက်တခေါက်ပြန်လာပီး ထုတ်ပြောမယ်.
    နို့မို့ ၆ ကျပ်နဲ့ မန့်ရတာ မတန်ဘူးရယ် 🙂

  • မှော်ဆရာ

    June 8, 2012 at 5:52 pm

    အရီးပြောလို့သာ ကျွန်တော်မန့်ခဲ့မှန်း သိတော့တယ်
    ကျွန်တော် မေ့နေပြီ အရီးရေ …
    မဟုတ်တရုတ်တွေများ မန့်ခဲ့လား မသိပါဘူးဗျာ … 🙂

  • အလင်းဆက်

    June 8, 2012 at 5:59 pm

    သားသားတော့မဟုတ်ဘူးဂျ ။
    ဘယ်ဒူလဲ..တော့ တိချင်ရိုက်တာ.ဂျာ…

    အရီးရေ..တားတားလည်းရင်ခုန်သွားပြီ။
    ဘယ်သူလဲ.ဆိုတာ.ပြောပြ ဦးနော် ။

  • MaMa

    June 8, 2012 at 6:01 pm

    အရင်သိသူတော့ မဖြစ်နိုင်ဘူး။
    (မီးချစ်သူဆိုတာကို စဉ်းစားလို့မရ။
    ရွာထဲမှာ လူနဲ့ တိရိစာ္တန်သာတူညီမျှအခွင့်အရေးတွေနဲ့ နေနေကြတာဆိုတော့ ဘာတိရိစာ္တနာမည်လည်း စဉ်းစားလို့မရ။)
    သူများသိလို့ ထုတ်ပြောပြီးမှ သံယောင်လိုက်ရင်ကော အမှတ်တရ လက်ဆောင် မပေးချင်ဘူးလား ဟင်င်င်င်င်……
    မလတ်တင်တဲ့ ပုံထဲက အမတ်ကြီးလိုမျိုး ရွာထဲက အမတ်ဆိုရင်တော့ သိတယ်။ 😉

  • Azzurri

    June 8, 2012 at 6:23 pm

    သိဘူး
    ဇဂါးမစပ် တာ့တာ ဗျာ
    ခရီးထွက်ဦးမယ်

    ခရီးပီးတဲ့အချိန်ဟာ
    ကျုပ်တို့အားလုံး ပေးရမယ့်အကြွေးကို ဆပ်တဲ့အချိန်လောက်ပေါ့
    အဟတ်

    လေပါတယ်အေ

    တာ့တာ

    • အရီး Khin Latt

      June 8, 2012 at 9:03 pm

      စစ်ကူသွား မလို့လား?
      အောင်မြင်ပါစေတော်။
      ပန်းသပြေ နဲ့ ကြိုနေပါ့မယ်။ 😀

      • MaMa

        June 8, 2012 at 9:21 pm

        အထင်ကြီးရန်ကော 😀

  • အရီး Khin Latt

    June 8, 2012 at 6:34 pm

    တနလာင်္နာမ် ဖြင့်စသော်လည်း ကြက်ဖမဟုတ်၊
    ပေါ်တော့မှာဘဲ။ 😛
    ကဘချော ကို အားကျ လို့သာ လိုက်ပြီး လုပ်ပါတယ်။ သိပ်ပြီး လုံမယ် မထင်၊ မရ ရင် ထပ် Hint ပေးပါ့မယ် 😉

    • မှော်ဆရာ

      June 8, 2012 at 7:34 pm

      ငှက်ကြီးများလား အရီးရယ် ..

      • အရီး Khin Latt

        June 8, 2012 at 7:36 pm

        ငှက်ကြီး က တနလာင်္နာမ် အစ မဟုတ်။
        နီးလာပြီ။ 🙂

  • ahnyartamar

    June 8, 2012 at 7:28 pm

    ဪ…”မီး ချစ်သူ” ဆိုတော့ ‘ပိုးဖလံ’ ဒါမှမဟုတ် ‘ဦးရဲ့မီး’ ဒါမှမဟုတ် ‘မီးရဲ့ဦး’ လို့ထင်တာပဲ။

    • အရီး Khin Latt

      June 8, 2012 at 7:48 pm

      မီး က သူ့ကို ကြိုက်တာတဲ့။ 😀

  • မှော်ဆရာ

    June 8, 2012 at 8:01 pm

    ကျွန်တော်သိပြီ အရီး ..
    မြန်ပြည်သားရယ် ။။။
    ဟီ ဟိ

    • မှော်ဆရာ

      June 8, 2012 at 8:02 pm

      မီးချစ်တာ တစ်ခုပဲ တူတယ် ..
      တနင်္လာ နံလဲ မဟုတ်ပဲနဲ့ ..

    • အရီး Khin Latt

      June 8, 2012 at 8:03 pm

      အဲဒါ အရီး သိချင်ခဲ့တဲ့ မေးခွန်း ဘဲ။
      မြန်ပြည်သား က ဘယ်သူလဲ ဆိုတာ လိုတာလေ မောင်မှော်။ 🙂

      • မှော်ဆရာ

        June 8, 2012 at 8:11 pm

        ဦးကြီးမိုက်ရယ် …

        • မှော်ဆရာ

          June 8, 2012 at 8:12 pm

          ဟုတ်တယ်နော် … အရီး

        • အရီး Khin Latt

          June 8, 2012 at 8:14 pm

          ဟား။ ဟား။
          မောင်မှော် တော့ နောက် တစ်ဆု ရ ပြန်ပြီ။
          Congratulations!
          ဟုတ်ပတော်။
          အဲဒါ “ကိုကြီးမိုက်” ပါဘဲ။ 🙂

        • စိန်ဗိုက်ဗိုက်

          June 9, 2012 at 12:43 pm

          တော်လိုက်တဲ့ကမှော်ရီး
          နင့်ဆီ သင်ဒန်း လာတက်ဦးမယ်..
          နော်..အာစိ..အာဟိ..

  • အရီး Khin Latt

    June 8, 2012 at 8:18 pm

    ကျွန်မ ရဲ့ ပထမဆုံး Post
    http://myanmargazette.net/70468/arts-humanities

    ဒါ ကျွန်မ ပထမဆုံး ရခဲ့တဲ့ ကိုကြီးမိုက် ရဲ့ မှတ်ချက် 🙂
    {{{
    တစ်စစီဖတ်ဖူးပေမဲ့ အခုလို စုစည်းကောက်နှုတ်တင်ပြပုံလေးတော်တော် ကောင်းတယ်ဗျာ…
    ဆက်လုပ်ပါလို့ အားပေးပါတယ်…
    ဒီနေရာမှာ ကျွန်တော်ဖတ်ဘူးတာလေး လဲမျှဝေချင်ပါတယ်..ဒီခေတ်ခေါင်းဆောင်တွေနဲ့ ချိန်ထိုးနိုင်အောင်ပါ..
    တို့ဗိုလ်ချုပ်ရဲ့ ထမင်းဝိုင်းလေး
    • May 4, 2011 ရက် ၊ 5:29pm တွင် မျိုးချစ်သူ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
    မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့ ကားပေါ်မှဆင်းကာ ထီးအစုတ်ကလေးတစ်ခုကို ရဲဘော်လေး ကိုထွေးက ဗိုလ်ချုပ်အားမိုးပေး၍ ဝန်ကြီးများရုံးထဲသို့ဝင်လာခဲ့ပါသည်။
    ရုံးသို့ရောက်သည်နှင့်တစ်ပြိုင်နက် စားပွဲပေါ်တွင်ပုံနေသောအလုပ်ပုံကြီးနှင့် အရေးကြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည်ဖြစ်၍ နေ့လည်စာကိုပင် မွန်းလွဲနှစ်နာရီထိ စားဖို့ပင် သတိမရနိုင်ပဲ ဖြစ်နေပါသည်။ မနက်ပိုင်းကလဲ စားနေကျပဲပြုတ်နဲ့နံပြားလေးကိုစားပြီး ရုံးတက်ခဲ့ရပါသည်။
    “ဗိုလ်ချုပ်နေ့လည်ထမင်းစားဖို့တော်တော်လေးအချိန်လွန်နေပါပြီစားပြီးမှပဲဆက်လက်လုပ်ဆောင်ပါလားဗိုလ်ချုပ်ရယ်” ဟု မောင်နေဝင်းက စိုးရိမ်တကြီးပြောနေရှာသည်။ ထိုကဲ့သို့ သတိပေးလိုက်မှပင် ထမင်းစားဖို့သတိရပြီး
    “ဟေ ဟုတ်လား ဒါဆိုလဲ အိမ်ပြန်စားတာပေါ့”
    “အပြင်မှာ မိုးတွေအရမ်းရွာနေပါတယ် ဗိုလ်ချုပ် ကျွန်တော်ဆိုင်တစ်ဆိုင်ကို တယ်လီဖုန်းဆက်ပြီး မှာပေးပါ့မယ် ဧည့်ခန်းထဲမှာပဲ သုံးဆောင်လိုက်ပါလား”
    “ဆိုင်ကို မှာစားရင် ငါပိုက်ဆံကုန်မှာပေါ့ ဒီလအတွက် ငါပြတ်တော့မယ်၊ မဖြစ်ပါဘူး အကြည် လက်ရာလေးပဲ အိမ်ပြန်လွေးလိုက်ပါတော့မယ်ကွာ” ဟုပြောပြောဆိုဆိုနဲ့ ထထွက်လာခဲ့ပါသည်။
    ဒီလိုနဲ့ပဲ မိုးရွာကြီးထဲ မောမောပန်းပန်းနဲ့အိမ်ပြန်လာခဲ့ပါသည်။ အိမ်ပြန်ရောက်တော့ သားသမီးသုံးယောက်ရဲမျက်နှာလေးတွေမြင်တော့လဲ နွမ်းခဲ့သမျှ လန်းလာပါတော့သည်။
    “အကြည်ရေ ထမင်းစားဖို့ ပြင်ပါဦးကွာ ”
    “အဆင်သင့်ပါပဲရှင်၊ကိုအောင်သန်းလဲ ရောက်နေတယ် ”
    ကိုအောင်သန်းအနေနှင့် ဗိုလ်ချုပ်ထမင်းစားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေတော့ ဗိုလ်ချုပ်စားမည့်ထမင်းဝိုင်းကို ကြည့်လိုက်မိပါသည်။
    ဗိုလ်ချုပ်အနေနှင့် ဤထမင်းဝိုင်းပြင်ဆင်ထားပုံမှာ မထူးဆန်းလှပါ။ သို့သော်လဲ ကိုအောင်သန်းအတွက်မူ တော်တော်လေးကို မှင်သက်အံ့ဩမိသွားပြီး ရင်ထဲမှာ စို့ခနဲဖြစ်သွားကာ ဗိုလ်ချုပ်အားတော်တော်လေး သနားသွားမိကာ ပိုပြီးတော့လဲ လေးစားသွားပါတော့သည်။
    ဗိုလ်ချုပ်စားမယ့်ထမင်းဝိုင်းမှာ ထမင်းတစ်ပန်းကန်နှင့် ဟင်းတစ်ခွက်သာပါ ပါသည်။ထိုဟင်းမှာလဲ ဖွယ်ဖွယ်ရာရာမဟုတ် လက်တစ်ဆစ်မရှိတရှိ ဝက်အူချောင်းကြော်ကလေးငါးဖတ်သာဖြစ်ပါသည်။
    အချိန်ရှိသရွေ့ နိုင်ငံတာဝန်ထမ်းဆောင်နေရသည်မို့ မိသားစုနှင့်အတူနေရသည်ဆိုသည်မှာ တော်တော်လေးကို ရှားပါသည်။
    ဤကဲ့သို့ထမင်းစားချိန်တွင်သာဖခင်အနားကပ်ရရှာသော သားနှစ်ယောက်နှင့်သမီးလေးခမျာ တီတီတာတာနှင့်ထမင်းဝိုင်းနားတွင်ရှိနေပါသည်။
    ဒီလိုနဲ့ စ စားတော့မည် ဟန်ပြင်လိုက်သည်တွင် သမီးလေး အောင်ဆန်းဆုကြည်က “သမီးကိုတစ်ခုလောက်”ဒီင်္လိုနဲ့တစ်ဖက်ရော့သွားပြန်ပါကော
    ကဲသမီးလေးကိုကျွေးလိုက်တော့ အောင်ဆန်းလင်းကလဲ “သားကိုလဲ ကျွေးပါဦး” ကဲ ဝက်အူချောင်းလေး သုံးဖတ်သာကျန်ပါတော့သည်။
    “သားကိုကော မကျွေးတော့ဘူးလားဖေဖေ” ကဲ ဒီလိုဆိုတော့ နှစ်ဖတ်ပဲကျန်တော့တာပေါ့။
    ဒီဝက်အူချောင်းလေးနှစ်ချောင်းထဲကျန်တော့တာတောင် “အစ်ကိုကျွန်တော်နဲ့အတူလက်ဆုံ နွဲသွားပါဦးလား” တဲ့ဗျာ။
    ကဲဒါကတော့ ဗိုလ်ချုပ်ရဲ့ထမင်းတစ်နပ်ပါပဲ။
    ကိုအောင်သန်းခမျာသူ့အိမ်ပြန်ရောက်တော့သူ့ဇနီးသည်ကို “တို့တွေပိုက်ဆံပိုရင် ငါ့ညီအောင်ဆန်းတို့အိမ်ကိုမျှပေးလိုက်ပါဦးကွာ ငါ့ညီကဒီနိုင်ငံမှာဘုရင်ခံပြီးရင် သူကအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါကွာ သူ့ထမင်းဝိုင်းကိုကြည့်ပြီး ငါစိတ်တွေမကောင်းလွန်း လို့ပါ”ဟုဆို၍
    ဗိုလ်ချုပ်ထမင်းဝိုင်းကလေးကို ပြန်မြင်ယောင်ကာပြောပြနေရင်း မျက်ရည်ပင်ဝဲမိပါသည်။
    ဗိုလ်ချုပ်ပြောဖူးတဲ့စကားလေးတစ်ခွန်းကိုပြန်မျှဝေပေးလိုက်ပါဦးမယ်
    “နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊ချမ်းသာသထက်ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ”

    ဆက်လက်ကြိုးစားပါဦးမည်။
    }}}

  • မှော်ဆရာ

    June 8, 2012 at 8:20 pm

    အရီးက ပထမဆုံး ပိုစ့်တင်တဲ့ ခုနှစ်နဲ့ လကို ဟင့် ပေးလိုက်တာကိုး …
    နာမည်အရတော့ ဘယ်လိုမှ ရှာမရဘူး …
    ဒီတော့ ခုနှစ်နဲ့ လကို အခြေခံပြီး ကျွန်တော် ပြက္ခဒိန်လှန်ပြီး အရီးပိုစ့်ကို ပြန်ရှာလိုက်တာပေါ့ .. ဟီ ဟိ
    http://myanmargazette.net/70468/arts-humanities

  • padonmar

    June 8, 2012 at 8:42 pm

    မှန်တာပြောရရင် မလတ်စပြီးရွာထဲဝင်ချိန်က စာမေးပွဲနီးလို့ ရွာကိုအဆက်ဖြတ်ထားချိန်ဆိုတော့ မသိလိုက်ဘူး။
    ဒီဇင်ဘာ စာမေးပွဲပြီးမှ မမက ခင်လတ်ဆိုတာ ကောင်းတယ်ဖတ်ကြည့်လို့ ညွှန်းတော့ မလတ်ရဲ့ BC comment တွေဘဲ ဖတ်မိတော့တယ်။

    စာအမောတွေကြားက ပြုံးခွင့်ရလိုက်လို့ ကျေးကျေးပါ မလတ်နဲ့ မှော် ဖေဖေကြီး

    • အရီး Khin Latt

      June 8, 2012 at 8:56 pm

      အစ်မပပဒုမ္မာ ကို “တကယ်မချစ်လို့စွန့်ရစ်လေရော့သလား” အတွဲကြီး နဲ့ တလေးတစား သိနေတာ။
      ဝင်သာ မမန့်တာ။ စိတ်ထဲမှာ ခင် နေတာ။
      နှစ်ဆန်း တော့ မှ အစ်မ က တရားစာလေး နဲ့ ပြန်ဝင်လာတာ။
      ရှေးရေစက် ဆိုတာ အတော်ဆန်းသား ကလား။
      ကိုပေါက် ပြောသလို လေထဲ က သံယောဇဉ် တွေပေါ့။ 🙂

  • Thel Nu Aye

    June 8, 2012 at 8:46 pm

    အောင်မယ်လေးမြန်ချက်တော်။ သများတို့ကအခုမှအရီးပိုစ့်ကို အစကပြန်ရှာနေတုန်း။ အရီးလတ် ကြိုးစားရှာ တဲ့ သူတွေကောနှစ်သိမ့်ဆုမရဘူးလား။

    • အရီး Khin Latt

      June 8, 2012 at 8:56 pm

      ရမယ်၊ ရမယ်။ သဲနု ရေ။
      စာရင်းတို့ ထားတယ်။ 🙂

  • ကိုလတ်ရေ
    ကျနော်လဲ အားမှဝင်ဖတ် မန်းချင်မှမန်းဆိုတဲ့ အကျင့်ကိုဖျောက်ရတော့မယ်ထင်တာဘဲ။
    တစ်ခါမန်း ခြောက်ကျပ်ဆိုလဲခြောက်ကျပ်နည်းဘူးနော်။
    (ကိုခိုင်တော့ စိတ်တွေညစ်နေလောက်ပြီ)

    • Thel Nu Aye

      June 8, 2012 at 9:57 pm

      ဟယ် ၁ဝ က နေ ခြောက်ကျပ်ဖြစ်သွားပြန်ပလား။

      • မောင်ပေ

        June 9, 2012 at 12:36 pm

        ဒီရက်ပိုင်းအတွင်း
        သဂျီး စိတ်ညစ်ရုံမက မျက်ခုံးနှစ်ဘက် လုံး အသကုန် လှုပ်နေလောက်ဘီ
        ကဲပါလေ
        ၆ ကျပ် ဆိုတော့လဲ ၆ ကျပ်ပေါ့
        ရသလောက် ဘဲ
        လာထား အာဘွား ၆ ကျပ်
        ——–
        အန်တီလတ်ရေ
        စာကိုဖတ်ပြီး ပြီးရော ဖတ်ခဲ့မိတဲ့အတွက် ဘာမှ မမှတ်မိတော့ပါဘူးခင်ဗျ ။
        ကိုယ်ရေးတဲ့စာတောင် ကိုယ်ပြန်မှတ်မိပါ့မလား မသိဘူး ။
        အဲ့လိုတော်တာ

        • မဟာရာဇာ အံစာတုံး

          June 9, 2012 at 6:08 pm

          သဂျီးက ကျုပ်ပို့စ်မှာတင် လန့်သွားဒါဖြစ်မှာ ..
          လာထား တစ်ဆယ် ဆိုတာဒွေချည်းပဲ ..
          ခုဒေါ့ ၆ ကျပ် …
          ကျုပ်က အဲ့ပိုက်ပိုက်လောက်ကို မမက် .. (လဂါး ပြောဒါ) 😀
          ___________

          အရီးလတ်ရေ …
          ကျနော် နောက်ကျသွားဒယ်ဂျာ …
          အစောကတည်းက ဒီပို့စ်ကို ဖတ်မိရမှာ ..
          ခုဒေါ့ .. ခုဒေါ့ .. လွဲရပြန်ပြီပေါ့လို့ … ဟီးးးရွှတ် …
          😀 😀

  • surmi

    June 9, 2012 at 1:03 am

    အရီးလတ် ဝင်လာတဲ.အချိန်မှာ ကျွန်တော်ကရွာပြင်ခဏရောက်နေခဲ.တယ် ။
    ပြန်ဝင်လာတော.မှ တအံ.တဩတွေ.ရတာ ….။

  • kyeemite

    June 9, 2012 at 9:25 am

    ကိုခင်လတ်က ကျုပ်မရှိတုံး ကျုပ်အကြောင်းတွေဖွနေတာပေါ့လေ..
    ကျုပ်မှာတော့ ခုတလော အလုပ်ထဲ အထက်လူဂျီးနဲ့ အဆင်မပြေ
    အလုပ်ကစွတ်များ…ဆိုတော့ ဂေဇက်တောင် ကောင်းကောင်းမဖတ်ဖြစ်ဘူး
    ခုတလော ဂေဇက်မှာလည်း လူမျိုးရေး ဘာသာရေး..လှုံ့ဆော်ပို့စ်တွေများနေလို့
    စိတ်ပျက်နေတာလည်းပါတယ်…ဘာပြောပြောပါ..ကျုပ်လိုလူမိုက်တစ်ယောက်ကို
    အသိအမှတ်ပြုလို့ ဝမ်းသာရပါဂျောင်း…နောက်မှထပ်လာပါအုံးမည်..
    ခေါ်နေလို့..လစ်ပီဗျို့….
    ခင်တဲ့..
    ကြိုက်မီး။

  • kyeemite

    June 9, 2012 at 10:00 am

    ကျုပ်အမည် ကွက်တိဖေါ်ပေးနိုင်တဲ့
    ပရို ဓါတ်ပုံဆရာ ကမှော် ကိုလည်းချီးကျူးတယ်ဗျို့..
    ကိုခင်လတ်ပို့စ် မှာမန့်ခဲ့တုံးက ကျုပ်ဂေဇက်စဝင်ခဲ့တဲ့နာမည်
    myanpyitharဖြစ်နေတာကိုး….နောက်တော်တော်ကြာတော့
    မြန်မာပြည်သားဆိုတာတစ်ယောက်ပေါ်လာပြန်တယ်…
    ဒီတော့ ရှုပ်ကုန်မှာစိုးတာနဲ့ နာမည်ပြောင်းလိုက်တာပါ။
    ကျုပ်ကလည်း ဗိုလ်ချုပ် ခရေဇီ ဆိုပါတော့..
    ဒါကြောင့် ဗိုလ်ချုပ်အကြောင်းများဆိုရင် သိပီးသားတွေဖြစ်ပေမဲ့
    ဖတ်ရင်အမြဲ ခံစားရတုံးဘဲ…ဒီစကားလေးတော့ ဆိုင်းဘုတ်ကြီးကြီးရေးပီး
    မြို့တိုင်း ရွာတိုင်း ထောင်ထားချင်တာ..

    “နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊ချမ်းသာသထက်ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ”

    • amatmin

      June 9, 2012 at 9:37 pm

      ဦးမိုက်ရေ..
      ညွှန်းထားတဲ့ ဗိုလ်ချုပ်စကားလေးကို ကြိုက်သဗျ..

      ———————-
      အရီးရေ..
      အဖြေမှားသွားလို့
      မှားသွားကြောင်းလေ
      ပြန်လာပြောပါတယ် နော့ 🙂
      အဟိ..၆ကျပ် ပလိစ် သဂျီးမင်း 😆

Leave a Reply